သတင်းနှ့င့်ရသစုံလင်

လပ်ကီးမြို့တော်တွင် မြန်မာသတင်း၊နိုင်ငံတကာသတင်း၊ထူးဆန်းထွေလာ၊အားကစားသတင်း၊ကျန်းမာရေးကဏ္ဍ၊ဟာသလေးများ၊ကာတွန်းနှင့်ရုပ်ပြဟာသ၊ တရားတော်များ၊ဘာသာရေးကဏ္ဍ၊ချက်နည်းပြုတ်နည်း၊အလှအပနှင့်ဖက်ရှင်၊သရဲတစ္စေနာနာဘာဝ၊သိုင်းဝတ္ထုနှင့်စာအုပ်စာပေ၊gtalk custom message၊ ဗေဒင်ကဏ္ဍ၊ဗဟုသုတနှင့်အထွေထွေ..စသည်တို့ကို တစ်စုတစ်စည်းထဲ ဖတ်ရှုနိုင်ပါတယ်....

နည်းပညာများ

ကွန်ပျူတာနည်းပညာများ ANDROID ဖုန်း နည်းပညာများ APPLE (IOS) မိုးဘိုင်းဖုန်းနည်းပညာများ ကို နည်းပညာများနေရာမှာ ဖတ်ရှုနိုင်ပါတယ်

ဒေါင်းလုပ်သီချင်း

သီချင်းဒေါင်းချင်သူမျာအတွက် အသစ်ထွက်တဲ့သီချင်းတွေရော သီချင်းဟောင်လေးတွေပါ " MP3 ဒေါင်းလုပ်" နေရာမှာ ၀င်ဒေါင်းနိုင်ပါတယ် သီချင်းများကို album လိုက်စုစည်းပြီး တင်ပေးထားပါတယ်

ဂီတစက်ခန်း

ဂီတစက်ခန်း စိတ်ညစ်နေသူ...စိတ်ရှုပ်နေသူများ... စိတ်ထွက်ပေါက်ရှာချင်တယ်ဆိုရင် ဂီတစက်ခန်းထဲဝင်ပြီး ၀င်ကလိလိုက်ပါ... ဂီတစက်ခန်းမှာ ဂီတာ၊ဒရမ်၊စန္ဒယား၊တယော၊ဒီဂျေ အပြင်... ရောသမမွှေနိုင်တဲ့ တီးလုံးသံစဉ်လေးများကို အသုံးပြုနိုင်ပါတယ်...

အွန်လိုင်းဂိမ်း

အွန်လိုင်းဂိမ်းများကို အဆင်ပြေပြေနဲ့ အလွယ်တကူကစားချင်တယ်ဆိုရင် ဓါတ်ပုံပြင်ရန်အောက်က..အွန်လိုင်းဂိမ်းနေရာမှာ ၀င်ရောက်ကစားနိုင်ပါတယ်

www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Showing posts with label ကဗျာများ. Show all posts
Showing posts with label ကဗျာများ. Show all posts

Wednesday, May 22, 2013

ချစ်မှု ပုဒ်မ

အချစ်ကို ခါးပိုက်နှိုက်လို့
 ပုဒ်မတစ်ခုခု တပ်ပြီး စီရင်ချက်ချမယ်ဆိုရင်
ချစ်ခြင်းရဲ့ အပြစ်ဒဏ်တွက်
 တစ်သက်တစ်ကျွန်းထိ ခံပစ်လိုက်မယ်။
 နောင်တတော့ မရဘူး
အရောင်ကျအောင်တော့
 နှလုံးသားကို ခဏခဏ ဆေးလူးနေရတယ်
 နင်တွေးဖူးမှာလည်း မဟုတ်လောက်ပါဘူး
 ငါ့တွက်တော့ နင်သာတစ်ဦးတည်းဖြစ်ပေမယ့်
နင့်တွက်ကျ ငါ့ကို နေရာတောင်မရှိဘူးမလား
 မသိဘူးတော့ မထင်နဲ့နော်
 အ လို့မဟုတ်ဘူး ဘ၀ကို
  နင်ချနင်းဘို့ ခင်းထားတာပါ။
နင်ပျော်မယ်ဆို.........
 နှလုံးသားကို ထွေခင်း
ငါ့အချစ်တွေကိုလည်း ချနင်း
ရည်မှန်းချက်တွေလည်း တစ်စချင်း
 ခြွေ
ပစ်
လိုက်
 နိုင်
ပါတယ်။။။။။။။။။

 နေတိမ်တိုက်(စစ်မင်းနေ)

မင်းမသိခဲ

   မင်းကိုချစ်နေတာမင်းမသိ
                မင်းကိုကြည်နေတာမင်းမသိ
                မင်းနဲငါကြားမှာ အပြန်အလှန်ဆက်သွယ်နေတာတောင်
                မင်းမသိ
                မင်းတစ်ကယ်ဘဲမသိတာလား
                မသိချင်ရောင်ဆောင်နေတာလား
                ချစ်သူရယ် .......

ချစ်သူ

    ချစ်သူ
                       ချစ်သူကို
                       ချစ်မိသူမို့
                       ချစ်နေတယ်လို့ပြောချင်သော်လည်း
                       ချစ်ရသူအဖို့
                       ချစ်ခွင့်မရှိ
                        ချစ်ကံခေတော့
                        ချစ်ရသူအသည်း
                        ချစ်ခြင်းတွေနဲ့ပြည့်နေလည်း
                        ချစ်သူ့အနား
                        ချစ်နေသူမှာ
                        ချစ်နေလျှက်နဲ့မရောက်နိုင်တော့
                        ချစ်စိတ်လေးပဲထားခဲ့မယ်
                        ချစ်ရသူလေးပျော်စေကွယ်......

' မ '


ဘယ်သူ့အတွက် ပွင့်ခဲ့တဲ့ ပန်းလေးလည်းကွယ်...
`မ´ရယ် မောင်ပြောတာ မလုံလောက်သေးလို့လား
`မ´အတွေးမှာ မယုံလောက်သေးလို့လား...
ပန်းလိုလှတဲ့ `မ´ကို မောင့်ရာသီအမှီ ပွင့်စေချင်ကြောင်း
ဆုတောင်းမိတာ အပြစ်ဆိုရင်
ချစ်မိတဲ့ မောင့်အပြစ်က တစ်ဝက်
သိပ်လှတဲ့ `မ´အပြစ်က တစ်ဝက်ပေါ့...
`မ´နှုတ်ခမ်းလေးတွေ အရောင်ဆိုးတိုင်း၊
`မ´ဆံနွယ်တွေ လေပြည်မှာ လွင့်မျောတိုင်း၊
`မ´ရင်မှာ မောင့်အကြောင်းတွေ တွေး၊
`မ´တစ်ယောက်ကြည်းနူးပြုံးလေးတွေ ပြုံးနေစေချင်တယ်...
`မ´တစ်ယောက် ကိုယ့်လမ်းကို လျှောက်ဖို့ လမ်းကူဖောက်ပေးရုံ သက်သက်ပါ၊
`မ´က ခရီးသည်ဆိုရင် လမ်းပြကြယ်လေး ဖြစ်ချင်လို့ပါ၊
`မ´အမောပြေရာ ချွေးသုတ်တဘက်လေးပဲ ဖြစ်ဖြစ်၊
  အိုအေစစ်လေးပဲ ဖြစ်ဖြစ်၊
`မ´ဘ၀ရဲ့ နေရာတိုင်းမှာ အဖြည့်ခံတစ်ယောက်ပဲ ဖြစ်ဖြစ်၊
`မ´အနားမှာ ထာဝရနေထိုင်ခွင့်ပြုပါတော့ `မ´ရယ်...

သူ မသိတော့တဲ့ ဒီနေ့

သူ မသိပေမယ့်
ထိတွေ့ခဲ့တဲ့ ငါ့လက်တွေ
အလွမ်းတွေ ရေးတစ်လှည့်
တမ်းတတွေးတွေ တီးခတ်တစ်လှည့်ပေါ့…။ ။
သူ မသိပေမယ့်
အိပ်မက်တွေ ယောင်ခဲ့တဲ့ည
မနေ့က အနမ်းတစ်ချို့နဲ့
ငါ့ညတွေ မျက်ရည်များကြား တစ်ရေးနိုးပေါ့…။ ။
သူ မသိပေမယ့်
ခုလို မိုးသည်းတဲ့နေ့
ပြေးဆော့ခဲ့ ကန်ဘောင်ပေါ်က လမ်းတွေထဲ
ငါ့ခြေထောက်တွေ ခုတော့ ရပ်တန့်လို့ နေခဲ့ပေါ့…။ ။
ဒီလိုနဲ့…
သူ မသိပေမယ့်
ငါ့ မျှော်လင့်ချက်မဲ့ခြင်းနဲ့
အဝေးက ငါ့ဆိတ်သုဉ်းခြင်းတွေမှာ
ရေပြင်ပေါ် မိုးသည်းသလို
နေရာလပ် မရှိအောင် ကြေကွဲခဲ့ပေါ့လေ…။ ။


by mysuboo

တော်ပါသေးရဲ့

ဝမ်းနည်းလို့မှ
တိမ်တွေကို မော့ကြည့်မိပါတယ်…
မင်းတို့နှစ်ယောက်နဲ့မှ ပြန်လာဆုံရတယ်လို့…။ ။

စိတ်ညစ်လို့မှ
သူများတွေလို အရက်သောက်မယ်ကျန်တုန်းရှိသေးတယ်…
ငါ့ချစ်သူရဲ့ချစ်သူက ငါ့ကို
ရင်လာဖွင့်တာနဲ့ ကြုံရပြန်ရော…။ ။
ရင်ဘတ်တွေ အောင့်လွန်းလို့ ဆေးခန်းလေးသွားမိပါတယ်…
အသည်းကွဲလို့ ရောက်လာတဲ့ လူနာက
ငါ့ချစ်သူရဲ့ ချစ်သူဖြစ်နေပြန်ရော...။ ။
စိတ်ပင်ပန်းလွန်းလို့
ကန်တော်ကြီးက ခုန်တန်းလေးမှာ သွားထိုင်မိပါတယ်…
ရေထဲခုန်ချဖို့ ကြံတဲ့သူက
ဟိုက်………… ငါ့ချစ်သူရဲ့ ချစ်သူပါလား…။ ။
တော်ပါသေးရဲ့…
ငါ့အလှည့်တုန်းက
ရက်စက်တာတွေကို
ကောင်မလေးနားမလည်သေးလို့…။ ။


by mypoembag

ဖျော့တော့တော့ နှုတ်ခမ်းပါးလေးကို ကြောက်တယ်

အရင်တုန်းကတော့
ရဲရဲဆိုးပြီး
ရင့်ရင့်ပဲ ဖြတ်ခဲ့ကြတယ်။ ။
ခုကျတော့
ဖျော့တော့တော့နှုတ်ခမ်းနီတွေနဲ့
ကောင်လေးတွေခမျာ
နှုတ်ခမ်းပါးလေးတွေကြား
တောင်ယံနားကပ်မယ့်
လှိုင်းတွေအလား။ ။
ရောက်ခါနီးမှ
ပြန်ကျရတဲ့ ဒီရေတွေလို။ ။
ခေတ်တွေပြောင်းပြောင်းလာတော့
ဖြတ်နည်းတွေလည်း
ပြောင်းလာတယ်ထင်တယ်
နှုတ်ခမ်းပါးလေး စုတ်သတ်လိုက်ရင်
တစ်ယောက်ပျက်တယ်ဆိုပဲ။
ကြောက်တယ်ဗျာ
နှုတ်ခမ်းပါးနဲ့ ကောင်မလေးတွေကို။ ။


by mypoembag

ဆည်းဆာ

ချစ်သူ
မျှော်လင့်ချက်လေးနဲ့
အဆုံးသတ်ရမယ့် အဖြစ်မျိုးတွေ
မင်း မပေးပါနဲ့လား။ ။
ချစ်သူ
ခံစားချက်မဲ့
စကားလုံး အမျိုးမျိုးနဲ့
မင်း မနှိပ်စက်ပါနဲ့လား။ ။
ချစ်သူ
အဓိပ္ပာယ်မဲ့
မျက်ဝန်းမျိုးတွေနဲ့
မင်း မကြည့်ပါနဲ့လား။ ။
ချစ်သူ
ချိုသာတဲ့
အပြုံးချိုချိုတစ်ခုနဲ့
မင်း မရက်စက်ပါနဲ့လား။ ။
ချစ်သူ
မင်းဆီမှာ မျှော်လင့်ချက် အမျိုးမျိုးနဲ့

ငါ့ည ဒိုင်ယာရီ

ငါ မင်းနဲ့ တွေ့ပြီးနောက်တစ်ရက်ည…။ ။

ဘယ်သူမှ မသိလိုက်ပဲ
ငါ အိပ်မောကျသွားတယ်…။ ။
အိပ်မက်မှာ
မင်းလာခေါ်တဲ့ ငါ့အခန်းဟာ
အရောင်မှိန်ဖျော့ဖျော့နဲ့ပေါ့…။ ။
မင်းရဲ့လက်တွေကလည်း
အေးစက်လို့…။ ။
မျက်ဝန်းတွေကလည်း
မည်းနက်လို့…။ ။
ငါ့ရင်တွေ ၀ုန်းဒိုင်းကြဲနေတယ်…။ ။
မင်းဆုတ်ကိုင်ထားတဲ့ ငါ့လက်တွေမှာ
ရမ္မက်တွေပါသွားလား…ငါမသိ…။ ။
တုန်ရီတဲ့ နှုတ်ခမ်းတွေက
ဘယ်ကမ္ဘာကို ခေါ်သွားလဲ…။ ။
ငါဟာ မိုက်ခနဲ… သတိဆိုတာနဲ့
အဆက်ပြတ်သွားတယ်…။ ။
ငါပြန်သိလာတော့
ဟိုး………..အဝေးကြီးမှာ
အပြာရောင်အလင်းတန်းတွေ
ငါမြင်နေရတယ်…။ ။
ငါ့ဘေးမှာလည်း နင်…။ ။
ဟာ….ဘာတွေလည်း…။ ။
ငါလန့်နိုးလာတော့
ငါ့ဘေးမှာ ကြေမွနေတဲ့
အိပ်ရာခင်းလေး ပဲရှိတော့တယ်…။ ။
မိန်းကလေးရယ်
တစ်ခါလေးတွေ့ဖူးတာနဲ့တောင်
ငါ့အိပ်မက်ကို နင်ပိုင်စိုးသွားတယ်နော်…။ ။
အကြိမ်းများစွာသာဆို
ငါ့ရဲ့ တစ်ဘ၀လုံးကိုများ
အပိုင်ယူသွားလေမလား… နော်…။ ။


by mysuboo

အဝေး

မင်းသွားမဲ့လမ်းကို
ငါမတားရက်ပါဘူး…

မင်းရဲ့ လမ်းမှာ ငါဆိုတာ
အတားအဆီးတစ်ခု ဆိုခဲ့ရင်
ရှောင်ခွါလို့ အဝေးကိုပြေးပါ့မယ်…

မင်းနဲ့ ဝေးပေမယ့်
မင်းချန်ထားခဲ့တဲ့
နေရာလေးတွေမှာ
ဖြစ်သလိုပဲ
ပျော်အောင်နေတတ်ဖို့
ငါကြိုးစားနေပါတယ်…
ငါဟာ မင်းအတွက်
အချစ်ကလွဲပြီး ဘာတစ်ခုမှ
မပေးနိုင်ခဲ့တာကတော့
ငါ့ရဲ့ အကြီးမားဆုံး အားနည်းခြင်းပဲဆိုတာ…
သိလိုက်ရတဲ့ အချိန်ကျတော့
မင်းက ငါ့ရဲ့ ဝေးဆုံးကို
ထွက်သွားခဲ့ပြီလေ…
ဒါပေမယ့်… ရယ်…
မင်းရင်ခွင်ရဲ့ အနီးဆုံးနေရာမှာ
ငါ့နှလုံးသား၊
ငါ့အချစ်၊
ငါ့ဘ၀..အားလုံးကို
မင်းနဲ့ မဝေးခင်တုန်းကရင်း
မြုပ်နှံခဲ့ပြီးလို့ ….ခုဆို…
ငါ အားလုံးကို ကျေနပ်နေပါပြီလေ….

by mysuboo

မြို့ပြစတိုင်လ်လား...?

မလိမ့်တစ်ပါတ် စီးဆင်းတဲ့
ဒီမိုးတွေ...
မမှုပါဘူး ကိုတို့နှစ်ယောက်နားမှာ
ထီးတစ်ချောင်း ရှိတယ်လေ...။ ။

မောနေလား ဟင်...
ကားတွေ တိုးစီး
ဘ၀ခရီးလို့ ထင်တဲ့
ကိုတို့ ချိန်းခဲ့ရက်မှာ
မင်းဆီက အမှတ် ရဖို့
ကို ရေသန့်ဘူး ဆောင်ခဲ့တယ် သိလား...။ ။

ဒါနဲ့လေ...
နေကလည်း ပူလိုက် ကျဲလိုက်
ချွေးစို့နေတဲ့ မင်းမျက်နှာလေး
ချွေးသိပ်စေဖို့
ကိုယ့်ကျောပိုးအိတ်ထဲမှာ
ပ၀ါဖြူလေး ပါသေးတယ်...။ ။

ထီးတစ်ချောင်းနဲ့ လမ်းလျှောက်
ချစ်သူ့လမ်းထိပ်မှာ
ရေသန့်ဘူး တစ်ဖက်
ကျောပိုးအိတ် တစ်ဖက်နဲ့
စာသင်နေတယ် မေမေရဲ့...။ ။

ပ၀ါဖြူလေးတွေကတော့
မေမေပေးတဲ့ မုန့်ဖိုးတွေ
ဖြစ်သွားခဲ့ရတာ
မေမေ့ ချွေးမလောင်း ကြောင့်ပါနော်...။

by myanmarbloggersociety

မင်းရဲ့ညို့အား

ငေးကြည့်ရုံနဲ့
ငါ့ရင်ကိုလာစူးတဲ့
မင်းရဲ့ဆူး…
နုတ်ယူဖို့ခက်တဲ့
အိပ်မက်တွေမှာ
မင်းအကြည့်က
ရှည်လျားလွန်းတယ်…။

အဓိပ္ပါယ်မဲ့ မိုးတိမ်တွေကို
ငေးမိရင်တောင်
ငါ့ကောင်းကင်ဟာ မင်းဖြစ်ဖြစ်သွားတယ်…။

ရှူရှိုက်ဖို့တောင်မ၀တဲ့
လေညှင်းလေးမှာ
မင်းရနံ့လေးတွေ
လွင့်နေတဲ့အခါ
မိန်းမောသွားမိတယ်…။

သတိလက်လွတ်နဲ့ပဲ
မင်းမျက်ဝန်းကို ငါနမ်းမိတယ်…။

မင်းကျေနပ်မယ်ဆို
ငါ မုသားကင်းစွာ ပြောချင်လေရဲ့
မင်းမျက်ဝန်းကို ငါချစ်တယ်…။


by mypoembag

ချစ်သူ့ ပါးလေး နှစ်ဘက်ပေါ်မှာ

မပွင့်တပွင့် နှုတ်ခမ်းလေးက
မောင်လို့ တစ်ခွန်း ခေါ်လိုက်တိုင်း မှာ
သံယောဇဉ် ဝက်အူက
ရင်ကို တစ်ရစ်တင်းတယ်။
ချစ်သူ့ နှုတ်ခမ်းဖျားမှာ
မုန်တိုင်းတစ်ခု ဖွဖွကလေး တိုက်ရင်တောင်
ငါကနှလုံးသားတစ်ခုလုံး ဒေါင်ချာစိုင်းတဲ့ကောင်ပါ။

ပတ္တမြားသွေးနဲ့ 
ချစ်စရာနှုတ်ခမ်းလေးမှာ
စကားလုံးလေးတွေက တတွတ်တွတ်နဲ့ ပွင့်တယ်။
မာယာ သကြားတွေ ထည့်မထားတဲ့
စကားလုံး ရိုးရိုးလေးတွေက
ဘာကြောင့် ဒီလောက်ချိုနေရတာလဲ။

အနမ်းလှေမဲ့ ကမ်းခြေနှစ်ဘက်

ခြောက်ကပ်ပြီး ပတ်ကြားအက်နေတဲ့
ငါ့နှလုံးသာ ဥယျာဉ်ထဲမှာ
ကန္တာရတို့ အဆုပ်လိုက် ပွင့်နေတယ်။

ညပေါင်း တစ်သောင်းကျော်စောင့်တာတောင်
ငါမျှော်နေတဲ့ လမင်းက
အခုထိ မသာသေးဘူး။

ငါဟာ
အချစ်ရဲ့ ပွင့်ချပ်တွေကို
ငါ့ဘဝလှေငယ်မှာ ရွက်တပ်ဖို့ 
မဝံ့မရဲ
စောင့်နေရတဲ့ သူပါ။

အတောင်ကျိုးတဲ့နေ့

လိပ်စာမပါပဲ    ၀င်ရောက်လာတဲ့

မင်းရဲ့    ရက်စက်ခြင်းတွေက

လမ်းဘေးက  တဲအိုပျက်ကြီးတစ်လုံးလို

ကဗျာဆန်ပေမယ့်   ကာရန်မညီပါဘူး


ဖြစ်နိုင်ရင်

နပိုလီယံကို    အပြစ်ပြောချင်တယ်

အချစ်အောက်ဒူးထောက်ခဲ့လို့

ဟစ်တလာကို  အားကျတယ်

ရက်စက်ခြင်းတွေပိုင်ဆိုင်ချင်လို့

နယူတန်ကို   ဂျစ်ကန်ကန်လုပ်ချင်တယ်

သူ့အယူအဆတွေ  မမှန်ချင်တော့လို့


အချစ်ကိုလေလံ  တင်ရောင်းချတဲ့နေ့က

အတောင်ကျိုးတဲ့  ငှက်ကလေးတွေတောင်

ကောင်းကင်မှာ  ထပျံလို့


မိုးလေ၀သဌာနက  ကြော်ငြာတယ်

အဲဒီနေ့က  အပူချိန်ဟာ   100  ဒီဂရီ  စင်တီဂရိတ်တဲ့


အဲဒီနေ့ကို  ငါမှတ်မိတယ်

မင်းပါးပြင်ပေါ်မှာ   မျက်ရည်စတွေသန်းနေလို့ 



                                   ချစ်ဆွေဦး

                                                    ရေးသားသည်။

လမိုက်ညဂစ်တာ

ကျွန်တော်ဟာ  .................

မမြင်ဖူး  မူးမြစ်ထင်ဆိုသလို

အမဲသား  စားမိသူတစ်ယောက်ပါ၊


စောင့်နော်တဲ့

တကယ်တော့  ဒီစကားဟာ

အသဲနှလုံးကို   ထိပ်တုံးခတ်သွားတဲ့  သော့တစ်ချောင်းပါ


ရူးသွပ်တဲ့ငါကတော့ 

အသွားထက်တဲ့  ဓားစက်ပေါ်မှာ

ကခုန်ခဲ့တယ်


မင်းမလာတဲ့ နေ့ရက်

ပဉ္စလက်ရဲ့  ပျားရည်စက်တောင်  ခါးသက်စေခဲ့တယ်

မရေရာတဲ့ကဇာတ်မှာ

တစ်ယောက်တည်း  အတွေးစာမူကိုစု

လေဟာနယ်ကို  စာတမ်းတင်

ရေပြင်ကို  မော်ကွန်းရေး

သစ်ခြောက်ပေထက်မှာ   အက္ခရာချ

ခ.ယပင့်  ချ. က  မတက်ခဲ့ပါဘူး


ပူစပ်တဲ့ငါ့နှလုံးသား

ခြောက်သွေ့တဲ့  အာခေါင်ကို

ရေသန့်နဲ့နှစ်သိမ့်

အား  ..............မပျောက်ပါလား 

အချစ်ရယ်

မင်းထားခဲ့တဲ့  အထီးကျန်ည

အသက်မဲ့တဲ့  လွမ်းချင်းတယောနဲ့

ကျားသေကို  ချော့သိပ်

သမင်သေကို  လှုပ်နိုး

အရုပ်ဆိုးတဲ့ သင်္ချိုင်းတစ်ညမှာ

ငါ့နှလုံးသားတွေ

စကားမပြောတော့ပါဘူး။

            
                               ချစ်ဆွေဦး

                                             ရေးသားသည်။

လွမ်းတယ်..

နင်လည်းငါ့ ကိုချစ်တယ်
ငါလည်းနင့် ကိုချစ်တယ်
ဘာလို့  ငါတို့  ရန်ဖြစ်နေကျတာလဲ...................

နင်လည်းငါ့ ကို နားလည်ပေးတယ်
ငါလည်းနင့် ကို နားလည်ပေးတယ်
ဘာလို့  ငါတို့  ခွင့် မလွှတ်နိုင်ရတာလဲ......................

နင်လည်းငါ့ ကိုဂရုစိုက်တယ်
ငါလည်းနင့် ကိုဂရုစိုက်တယ်
ဘာလို့  ငါတို့  ဥပေက္ခာပြုနေမှာလဲ....................

နင်လည်း ငါ့ ကို ကြင်နာတယ်
ငါလည်းနင့် ကို ကြင်နာတယ်
ဘာလို့ ငါတို့  စိတ်ဆိုးနေကျမှာလဲ.................

ဆုံစည်းခွင့် မရှိသေးတဲ့  အခိုက်အတန့်  လေးမှာ
စိတ်ကူးနဲ့  စိုက်ပျိုးထားတဲ့  ငါတို့ နွေးထွေးမှု့ လေးကို
မာနလေးတွေနဲ့  မချိုးဖျက်ကျေးလေ............

လူခြင်းမတွေ့ နိုင်သေးတဲ့  အချိန်မျိုးမှာ
စကားလုံးကသာ နှစ်လုံးတည်း
မျက်ရည်တွေက ချောင်းစီးသွားနိုင်တယ်...............
နင့် ကို "လွမ်းတယ်...................."ဟာ..............

အချစ်ဟူသည်

ရင်နာစရာတွေပေးပြီး

မကြင်နာတော့ရင်လည်း

ကျေနပ်ပါတယ်

အနာဂတ်ဆိုတာ

ဘယ်သူမှမပိုင်လို့

ထာဝရဆိုတာမရှိပေမဲ့

ဒဏ်ရာတွေပေးပြီး

အကြင်နာတွေရုပ်သိမ်းခဲ့သူကို

ယနေ့ထက်တိုင် ချစ်နေဆဲပါ

ချစ်လျက်နဲ့မချည်နှောင်တတ်ခဲ့လူအတွက်

အလွမ်းဆိုတာဆုလာဒ်တစ်ခုပေါ့

မမေ့နိုင်ခဲ့တော့လည်း

အလွမ်းတွေ၊ နာကျင်မှုတွေကို

ထွေးပွေ.ရင်း

နှလုံးသားကိုအမိန့်ပေးနေရတယ်

အချစ်ဆိုတာ

ပေးဆပ်ခြင်းသက်သက်ပဲလို့...............................




ခရေ

နင့်ကြောင့်

ပိတောက်ကိုနှစ်သက်တဲ့ငါ

နွေကိုမုန်းတတ်ခဲ့ပြီ

စံပယ်ကိုချစ်တဲ့ငါ

မိုးကိုမုန်းတတ်ခဲ့ပြီ

သဇင်ကိုကြိုက်တဲ့ငါ

ဆောင်းကိုမုန်းတတ်ခဲ့ပြီ

အဲ့ဒါတွေကိုမုန်းသလို

နင့်ကိုသာငါမုန်းတတ်ခဲ့ရင်

ခုလောက်ဆိုရင်ငါ

တည်ငြိမ်နေတဲ့နှလုံးသားပိုင်ရှင်တစ်ယောက်

ဖြစ်နေလောက်ရောပေါ့

ခုတော့..............................................





တောင်းဆု

နှလုံးသားရဲ့ စာကဗျာလေးထဲ ငြိရင်ကွယ် ခွဲမသွားပဲ အထပ်ထပ်တွေးဆဲချစ်ကြင်မယ် ကိုယ်တော့လေ.......... မင်းသောက်တဲ့ J-Cupလေးပဲ ဖြစ်ချင်တယ်...(ps.အစုပ်ခံရလို့(စတာနော်)) အတွေးများထဲ နင်ပြုစားခဲ့ရင်လေ ဝေးမသွားအောင် တောင်းဆုပြုမယ်မေ ကိုယ်တော့လေ........ မင်းပေးသနားတဲ့ အဖြေလေးရပါစေ......... နွေးထွေးဘို့ ဒီရင်ထဲမေတ္တာတွေ ပေးကမ်းဘို့ နင်တစ်ယောက်တည်း ရှိတာလေ ကိုယ်တော့လေ...... ပေးခွင့်တော့ ဒီတစ်သက်ရပါစေ........ နေတိမ်တိုက်(စစ်မင်းနေ) စံတော်ချိန်(12:10:55)

 

လပ်ကီးမြို့တော်