သတင်းနှ့င့်ရသစုံလင်
လပ်ကီးမြို့တော်တွင် မြန်မာသတင်း၊နိုင်ငံတကာသတင်း၊ထူးဆန်းထွေလာ၊အားကစားသတင်း၊ကျန်းမာရေးကဏ္ဍ၊ဟာသလေးများ၊ကာတွန်းနှင့်ရုပ်ပြဟာသ၊ တရားတော်များ၊ဘာသာရေးကဏ္ဍ၊ချက်နည်းပြုတ်နည်း၊အလှအပနှင့်ဖက်ရှင်၊သရဲတစ္စေနာနာဘာဝ၊သိုင်းဝတ္ထုနှင့်စာအုပ်စာပေ၊gtalk custom message၊ ဗေဒင်ကဏ္ဍ၊ဗဟုသုတနှင့်အထွေထွေ..စသည်တို့ကို တစ်စုတစ်စည်းထဲ ဖတ်ရှုနိုင်ပါတယ်....
နည်းပညာများ
ကွန်ပျူတာနည်းပညာများ ANDROID ဖုန်း နည်းပညာများ APPLE (IOS) မိုးဘိုင်းဖုန်းနည်းပညာများ ကို နည်းပညာများနေရာမှာ ဖတ်ရှုနိုင်ပါတယ်
ဒေါင်းလုပ်သီချင်း
သီချင်းဒေါင်းချင်သူမျာအတွက် အသစ်ထွက်တဲ့သီချင်းတွေရော သီချင်းဟောင်လေးတွေပါ " MP3 ဒေါင်းလုပ်" နေရာမှာ ၀င်ဒေါင်းနိုင်ပါတယ် သီချင်းများကို album လိုက်စုစည်းပြီး တင်ပေးထားပါတယ်
ဂီတစက်ခန်း
ဂီတစက်ခန်း စိတ်ညစ်နေသူ...စိတ်ရှုပ်နေသူများ... စိတ်ထွက်ပေါက်ရှာချင်တယ်ဆိုရင် ဂီတစက်ခန်းထဲဝင်ပြီး ၀င်ကလိလိုက်ပါ... ဂီတစက်ခန်းမှာ ဂီတာ၊ဒရမ်၊စန္ဒယား၊တယော၊ဒီဂျေ အပြင်... ရောသမမွှေနိုင်တဲ့ တီးလုံးသံစဉ်လေးများကို အသုံးပြုနိုင်ပါတယ်...
အွန်လိုင်းဂိမ်း
အွန်လိုင်းဂိမ်းများကို အဆင်ပြေပြေနဲ့ အလွယ်တကူကစားချင်တယ်ဆိုရင် ဓါတ်ပုံပြင်ရန်အောက်က..အွန်လိုင်းဂိမ်းနေရာမှာ ၀င်ရောက်ကစားနိုင်ပါတယ်
www.luckymyotaw.com သို့
Saturday, May 18, 2013
အလွယ်ဆုံး ဗေဒင်မေးနည်း
လျှပ်တစ်ပြက်ဗေဒင်
မေးနိုင်သော မေးခွန်းကဏ္ဍများ (သက်ဆိုင်ရာ မေးခွန်းကဏ္ဍပေါ်တွင် Click နှိပ်လိုက်ပါ) .
= စီးပွားရေး (၁)
= စီးပွားရေး (၂)
= စီးပွားရေး (၃)
= အလုပ် ၊ ရာထူး
= ငွေရေး၊ ကြေးရေး (၁)
= ငွေရေး၊ ကြေးရေး (၂)
= အချစ်ရေး
= အိမ်ထောင်ရေး (၁)
= အိမ်ထောင်ရေး (၂)
= ပညာရေး
= အိုးအိမ်၊ တိုက်ခန်း
= ယာဉ်၊ ကား
= သားရေး၊ သမီးရေး
= ကျန်းမာရေး
= အကြံအစည်
= သာသနာပြု
= ကံ ကောင်း/မကောင်း
= နိမိတ် ၊ အိပ်မက် ၊ ခရီး
= ငွေပျောက် / ပစ္စည်းပျောက်
= နိုင်ငံခြား ခရီး
= အမှု အခင်း
= ထီ / အလောင်းအစား
= မိတ်ဆွေ / တပည့်တပန်း . . စတဲ့ ကဏ္ဍများထဲက မိမိနှစ်သက်ရာကို ရွေးချယ် မေးမြန်း နိုင်ပါတယ်။ ပထမဆုံး ပေါ်လာတဲ့ မေးခွန်းရဲ့ ဘေးမှာ Drop Down Item လေး ရှိပါတယ်။ အဲဒါလေးကို နှိပ်လိုက်ရင် မေးလို့ရနိုင်တဲ့ မေးခွန်းတွေ ပေါ်လာပါလိမ့်မယ်။ ဒီပရိုဂရမ်လေးထဲက အဟောတွေကို လွန်ခဲ့တဲ့ (၁၀)နှစ်လောက်တည်းက ရေးသား ထားတာဖြစ်ပြီး ၊ အခုလို အွန်လိုင်း ပရိုဂရမ်လေးဖြစ်လာအောင် ပရိုဂရမ်မာ “ကိုမောင်မောင်မြင့်” (နက္ခတ်ဗေဒင်) က ကူညီရေးဆွဲ ပေးပါတယ်။ ကိုမောင်မောင်မြင့်ကို ဒီနေရာ ကနေ ကျေးဇူးအထူးတင်ကြောင်း ပြောလိုပါတယ်။ ကိုမောင်မောင်မြင့် ရဲ့ ဆိုဒ်ကို ဒီနေရာကို Click လုပ်ပြီး သွားကြည့်နိုင်ပါတယ်။ သူ့ ၀က်ဆိုဒ်မှာ နက္ခတ်ဗေဒင်စနစ် နဲ့ ဗေဒင်လည်း ဟောပေး နေပါတယ်။ . မှတ်ချက်။ ။ မိမိတို့ သိလိုသော မေးခွန်း မပါသေးလျှင် ထိုမေးခွန်းကို အောက်ဖက် Comment ထဲတွင် ဖော်ပြပေးလျှင် – ထိုမေးခွန်း နှင့် အဖြေများကို ထပ်မံ ဖြည့်စွက်ပေးပါမည်။
မွေးနေ့ဗေဒင် တွက်ကြမယ်
အိပ်မက်ဗေဒင်
အိမ်ထောင်ဖက်နဲ့ ပေါင်းဖက်ရ ဗေဒင်...
1. က
2. ခ
3. ဂ
4. ဃ
5. င
6. စ
7. ဆ
8. ဇ
9. စ်
10.ည
11.ဋ
12.ဌ
13.ဍ
14.ဎ
15.ဏ
16.တ
17.ထ
18.ဒ
19.ဓ
20.န
21.ပ
22.ဖ
23.ဗ
24.ဘ
25.မ
26.ယ
27.ရ
28.လ
29.၀
30.သ
31.ဟ
32.ဠ
33.အ
ကကြီး ကနေ အ/ဥ အထိ နံပါတ်အလိုက်ရေးထားပေးပါတယ်။
အဆင့် 1 - မိမိနာမည်ကိုပေါင်းပါ။(နာမည်အေ ရှ့က မ၊မောင်၊နန်း၊ခွန်၊စိုင်း၊ စတာတွေထည့်တွက်စရာမလိုပါ။)
(ဥပမာ - မဖြူဖြူသော် ဆိုပါက မ ကိုထည့်တွက်စရာမလိုဘဲ ဖ + ဖ + သ = ရလဒ် ကိုသာ ယူရမှာဖြစ်ပါတယ်။)
အဆင့် 2 - မိမိချစ်သူ နာမည်ကိုပေါင်းပါ။
အဆင့် 3 - မိမိနာမည်ပေါင်းရလဒ်နှင့် မိမိချစ်သူနာမည်ပေါင်းရလဒ် နှစ်ခုကိုပေါင်းပါ။
အဆင့် 4 - နှစ်ခုပေါင်းရလဒ်ကို (၉) ဖြင့် စားပါ။ နောက်ဆုံးအကြွင်းကိုကြည့်ပါ။
အကြွင်း 1 ကြွင်းလျှင် ။ အသက်မကချစ်ကြမည်။ ။
2 ။ ။ ရင်နာစရာကြုံရမည်။ ။
3 ။ ။ ဘ၀ဖူးစာဖက်များဖြစ်သည်။ ။
4 ။ ။ နှစ်ဦးနှစ်ဖက် ပြေလည်မည်။ ။
5 ။ ။ အစကချစ်လည်း .. နောင်မုန်းမည်။ ။
6 ။ ။ တစ်ဦးက တစ်ဖတ်သက်သာချစ်ရရှာသည်။ ။
7 ။ ။ ချစ်သော်လည်း မညားကြချေ။ ။
8 ။ ။ မိဘများက သဘောမတူကြချေ။ ။
0 ။ ။ ဘယ်လိုမှ အပ်စပ်လို့မရနိုင်ပါဘူး တဲ့ ။
၁၂လရာသီဖွားများအတွက် အဆောင်ကျောက်ဖက်ရှင်
အခုရေးမဲ့အကြောင်းအရာက ၁၂လရာသီဖွားများအတွက် အဆောင်ကျောက်တွေ အကြောင်းပါ။ ကျောက်တွေတိုင်းမှာ ကိုယ်ပိုင် အစွမ်းသတ္တိများ ရှိကြပြီး ၀တ်ဆင်သူကို အကျိုးပေးတတ်ကြောင်း သိရပါတယ်.. ၁၂လရာသီဖွား အားလုံး အတွက်ဆိုတော့ ရတနာ ၁၂မျိုး ရှိနေတာမို့ ကျောက်မျက်ရတနာ တစ်ခုစီအကြောင်း အသေးစိတ်ရေးရင် ရှည်လျားထွေပြားမှာ စိုးတာကြောင့် တစ်မျိုးစီအကြောင်းကို ရှာဖွေစုဆောင်း ဖတ်ရှုထားသမျှ အကျဉ်းချုပ် ရေးသား ဖော်ပြလိုက်ပါတယ်။
ဇန်န၀ါရီလဖွားများအတွက် ဂေါ်မုတ်
ပထမဆုံး ဇန်န၀ါရီလဖွားတွေ ဆောင်သင့်တဲ့ကျောက်က အနီရောင် ဂေါ်မုတ် ခေါ် ဂေါ်မိတ်ကျောက် အမျိုးအစား ဖြစ်ပါတယ်.. ဂေါ်မုတ်ကျောက်ဟာ ဇန်န၀ါရီလဖွားများအတွက် အဆောင်ကျောက်ဖြစ်သလို ၂နှစ်ပြည့် နှစ်ပတ်လည် အထိမ်းအမှတ်ကျောက်လဲ ဖြစ်ပါတယ်.. မာခြင်းအဆင့် ၆ မှ ၇.၅ အထိရှိပြီး အလင်းပြန်မှု အားကောင်းတဲ့ ကျောက်တစ်မျိုးဖြစ်ပါတယ်.. အပြာရောင်ရှိတဲ့ ဂေါ်မုတ်ကျောက်ကိုတော့ အလွန်ရှားပါးစွာ တွေ့ရတတ်ပါတယ်.. အနီရောင် ဂေါ်မုတ်ကျောက်ဟာ ပတ္တမြားနဲ့ ဆင်ဆင်တူတဲ့ အတွက် ကျွမ်းကျင်သူများပင် ပတ္တမြားနဲ့ မှားယွင်းတတ်ကြသော်လည်း တကယ်တမ်းမှာ ပတ္တမြားနဲ့မတူတဲ့ ကွဲပြားချက်များစွာ ရှိပါတယ်… ဂေါ်မုတ်ကျောက်ကို အနီရောင်၊ ခရမ်းရောင်၊ အညိုရောင်၊ အစိမ်းရောင်၊ အပြာရောင်၊ လိမ္မော်ရောင်၊ အ၀ါရောင်၊ အရောင်မဲ့၊ အနက်ရောင်စတဲ့ အရောင်များအထိ တွေ့ရတတ်ပြီး စကော့တလန်၊ ဆွဇ်ဇာလန်၊ တန်ဇန်နီးယား၊ အယ်လ်ဂျီးယား၊ သြစတြေးလျား၊ ဘရာဇီလ်း၊ တောင်အာဖရိက၊ မြန်မာ၊ အမေရိက( အရီဇိုးနားပြည်နယ်) တို့မှာ ရှာဖွေတွေ့ရှိရပါတယ်။
ဂေါ်မုတ်ကျောက်ရဲ့ အစွမ်းသတ္တိများမှာ
၁. စိတ်ကိုအေးချမ်းစေခြင်း
၂.ဖန်တီးနိုင်စွမ်းအားကို မြင့်မားစေခြင်း
၃. ဂုဏ်ကျက်သရေကို တိုးပွားစေခြင်း
၎.၀တ်ဆင်ထားသူအား အန္တရာယ်တစ်ခုခုကျရောက်ခါနီးတွင် သတိပေးတတ်ခြင်း ( ဥပမာ- ကျောက်အရောင် ရုတ်တရက် ပြောင်းလဲသွားခြင်း)
၅.ဘေးအန္တရာယ်တို့မှ ကာကွယ်ပေးနိုင်ခြင်း
၆. တရားမျှတမှုရှိခြင်း၊ ကိုယ်ချင်းစာစိတ်ရှိခြင်း၊ ရိုးသားခြင်းတို့ကို တွန်းအားပေးခြင်း
၇. အခြားသူများထံမှ ကိုယ်ချင်းစာနာစိတ်တို့ကို အလွယ်တကူရရှိစေနိုင်ခြင်း
၈.ဆင်းရဲဒုက္ခ အခက်အခဲများကို ကြံ့ကြံ့ခံနိုင်ရန် ခွန်အားပေးခြင်း
၉.မကောင်းသော အောက်လမ်းနည်းများဖြင့် ပြုစားခြင်းမှ ကာကွယ်ပေးခြင်း စသည့် အစွမ်းသတ္တိတို့ရှိကြောင်း သိရပါတယ်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ဖေဖော်ဝါရီလဖွားများအတွက် နီလာခရမ်း (ခ) ခရမ်းစွဲ
ဖေဖော်ဝါရီလဖွားများအတွက် အဆောင်ကျောက်မှာ နီလာခရမ်းခေါ် ခရမ်းစွဲဖြစ်ပါတယ်.. ၆နှစ်ပြည့် နှစ်ပတ်လည် အထိမ်းအမှတ်ကျောက်လဲ ဖြစ်ပါတယ်.. မာခြင်းအဆင့် ၇ ရှိပြီး အလွန်လှပသော ခရမ်းရောင်ကြောင့် သလင်းအုပ်စုဝင်ကျောက်တွေထဲမှာ ရေပန်းစား နံမည်ကျော်ပါတယ်.. ခရမ်းစွဲမှာ ခရမ်းဖျော့ရောင်၊ ခရမ်းပြာရောင်၊ ခရမ်းရင့်ရောင်၊ အနက်ရောင် အထိ အရောင်မျိုးစုံ ရှိတတ်ပါတယ်.. အကောင်းဆုံး ခရမ်းစွဲကျောက်မှာ အနာအဆာကင်းသော ခရမ်းရောင်ရင့်ရင့် ဖြစ်ပါတယ်.. ယနေ့ခေတ်မှာတော့ ဈေးကွက်ထဲမှာ တွေ့ရတဲ့ ခရမ်းစွဲကျောက်တွေဟာ အရောင်ရင့်အောင် ၅၅၀ မှ ၅၆၀ ဒီဂရီစင်တီဂရိတ်ထိ အပူပေးမီးဖုတ်ထားတဲ့ ကျောက်များ ဖြစ်နေတတ်ပါတယ်.. ခရမ်းစွဲကျောက်သည်ု နေရောင်ပြင်းပြင်းနှင့် အချိန်ကြာကြာ ထိတွေ့ခြင်းခံရပါက အရောင်ဖျော့သွားတတ်ပါတယ်..
ခရမ်းစွဲကျောက်ရဲ့ ဂုဏ်သတ္တိတွေမှာ
၁. စိတ်လှုပ်ရှားခြင်း၊ ဒေါသဖြစ်ခြင်းတို့ကို ထိန်းချုပ်နိုင်စွမ်းရှိခြင်း
၂. အမူးသမားများရန်မှ ကာကွယ်ပေးနိုင်ခြင်း၊ အထူးသဖြင့် ထိုကျောက်ကို ၀တ်ဆင်ထားပြီး ၀ိုင်သောက်သုံးပါက အလွန်အကျွံမူးခြင်း၊ အဆိပ်အတောက်ဖြစ်ခြင်းတို့မှ ကာကွယ်ပေးနိုင်သည်ဟု လက်ခံယုံကြည်ကြခြင်း
၃. မြင့်မြတ်ကောင်းမွန်သော ကိုယ်ကျင့်တရားတည်ဆောက်နိုင်ရန် တွန်းအားပေးခြင်း
၎.ချစ်ခြင်းမေတ္တာကို ယူဆောင်ပေးနိုင်စွမ်းရှိခြင်း
၅. ၀တ်ဆင်သူ၏ ဘ၀ထဲသို့ ချမ်းမြေ့ခြင်း၊ တည်ကြည်ခြင်းတို့ကို ပေးနိုင်စွမ်းရှိခြင်း
၆. အခက်အခဲ ပြဿနာများကို ရင်ဆိုင်ဖြေရှင်းနိုင်ရန် ခွန်အားများ တိုးပွားစေခြင်း
၇. အလိမ်အညာခံရခြင်းမှ ကာကွယ်ပေးနိုင်ခြင်း
၈. ခရမ်းစွဲအား ၀တ်ဆင်ထားပါက အသားအရေကို ချောမွတ်လှပလာအောင်လည်း စွမ်းဆောင်ပေးနိုင်စွမ်း ရှိသည်ဟု ယုံကြည်ကြခြင်း စသည်တို့ ဖြစ်ကြပါတယ်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
မတ်လဖွားများအတွက် မြပြာ (ခ) စိမ်းပြာမြ
မတ်လဖွားများအတွက် အဆောင်ကျောက်မှာ ပင်လယ်ပြင်ရဲ့ စိမ်းပြာရောင် ရှိသော Aquamarines ခေါ် မြပြာ ဖြစ်ပါတယ်.. မြပြာရဲ့ မာခြင်းအဆင့်မှာ ၇.၅ မှ ၈ အတွင်း ရှိတတ်ပြီး အစိမ်းရောင် မြ နှင့် အမျိုးအစားတူသဖြင့် ညီအစ်မကျောက် ဟူ၍လည်း ခေါ်ဆိုကြပါတယ်.. မြပြာဟာ အများအားဖြင့် အပြာဖျော့ဖျော့အရောင် ရှိသော်လည်း အရောင်ရင့်ပါက ပိုပြီး တန်ဖိုးကြီးမားပါတယ်.. ခေတ်မှီနည်းစနစ်များနဲ့ အပူပေးပါက အရာင်ရင့်သော မြပြာအဖြစ်သို့ ပြောင်းလဲအောင် ပြုလုပ်နိုင်ကြောင်း သိရပါတယ်.. မြပြာကို ဥရောပနိုင်ငံများက အမြတ်တနိုး တန်ဖိုးထားကာ ၀တ်ဆင် သုံးစွဲတတ်ကြပါတယ်.. မြပြာသည် ဥဿဖရားအပြာရောင်နှင့် ဆင်ဆင် တူသည့်အတွက် ၀ယ်ယူသည့်အခါတွင် အထူးသတိထားကာ ၀ယ်ယူသင့်သည်ဟု မှတ်သားရပါတယ်.. ကမ္ဘာတွင် သုံးစွဲနေသော တန်ဖိုးကြီး မြပြာကို ဘရာဇီးလ် နိုင်ငံတွင် အများအားဖြင့် တူးဖော်ရရှိပြီး ကင်ညာ၊ နိုင်ဂျီးရီးယား၊ တန်ဇန်နီးယား၊ ဇမ်ဘီယာ၊ အာဖရိကနိုင်ငံများနဲ့ အာဖဂန်နစ္စတန်၊ အိန္ဒိယ၊ ရုရှနိုင်ငံရှိ ယူရယ်လ် တောင်တန်းတစ်လျှောက်၊ သီရိလင်္ကာနှင့် ပါကစ္စတန်နိုင်ငံတို့တွင် တူးဖော်ရရှိကြောင်း သိရပါတယ်..
မြပြာတွင်ရှိတဲ့ ဂုဏ်သတ္တိများမှာ
၁. ချစ်ခြင်းမေတ္တာနှင့် ညီညွှတ်မျှတခြင်း တို့ကို ၀တ်ဆင်သူအား ယူဆောင်ပေးနိုင်စွမ်းရှိခြင်း
၂.ပင်လယ်နှင့် ဆက်စပ်သော လုပ်ငန်းဆောင်တာ လုပ်ဆောင်သူများအတွက် ပျော်ရွှင်ခြင်းကို ပေးနိုင်စွမ်းရှိခြင်း
၃. ပင်လယ်ပြင်တွင် သွားလာလှုပ်ရှားနေရသော သင်္ဘောသားများ အဆောင်ကျောက်အဖြစ် အသုံးပြုပါက မကောင်းသော ဘေးအန္တရာယ်များမှ ကာကွယ်ပေးနိုင်ခြင်း၊ မုန်တိုင်းများဒဏ်မှ ကျော်လွှားနိုင်ခြင်းနဲ့ စိတ်ချ လုံခြုံချောမွေ့သော ခရီးစဉ် ဖြစ်စေနိုင်ခြင်း
၎. ခိုက်ရန်ဖြစ်ပွားခြင်းကို ပြေငြိမ်းစေနိုင်ပြီး ဒေါသမီးကိုလည်း လျော့နည်းစေနိုင်ခြင်း
၅. ရေကို သန့်စင်စေနိုင်စွမ်းရှိပြီး ရောဂါဘယများကို ကုစားပေးနိုင်သော အစွမ်းသတ္တိရှိခြင်း
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ဧပြီလဖွားများအတွက် စိန်
ဧပြီလမွေးသောသူများအတွက် အဆောင်ကျောက်မျက်ရတနာမှာ စိန်ဖြစ်ပါတယ်.. စိန်ကို ဂရိဘာသာအရ မဖြိုခွဲနိုင်သော လို့ အဓိပ္ပါယ်ရပါတယ်.. မာခြင်းအဆင့် ၁၀ရှိပြီး ကျောက်မျက်ရတနာ အားလုံးထဲမှာ မာခြင်းအဆင့် အမြင့်မားဆုံးကျောက် ဖြစ်ရုံတင်မက တောက်ပမှု အားအကောင်းဆုံး ကျောက်မျက် ရတနာလည်း ဖြစ်ပါတယ်.. စိန်ဟာ အနှစ်၆၀ပြည့် နှစ်ပတ်လည်နေ့ရဲ့ သင်္ကေတ ဖြစ်ပြီး ကမ္ဘာပေါ်တွင် လူကြိုက်အများဆုံး တန်းဝင်ရတနာတစ်ပါးလဲ ဖြစ်ပါတယ်.. ရှေးယခင်ခေတ်ကတည်းက နှစ်သက်စွာ ၀တ်ဆင်သုံးစွဲကြတဲ့ အထောက်အထားများကို တွေ့ရှိရပြီး ခရစ်တော် မပေါ်မီကတည်းက စိန်ကို ၀တ်ဆင် သုံးစွဲခဲ့ကြပါတယ်.. .. စိန်ကို ကမ္ဘာမြေကြီးရဲ့ အနက်မိုင် ၉၀ကျော်လောက်တွင်သာ ဖြစ်ပေါ်နိုင်ပြီး မီးတောင်များ ပေါက်ကွဲခြင်းကြောင့် ပေါ်ထွက်လာသော ချော်ရည်များကြောင့် လည်းကောင်း၊ ကမ္ဘာ့အောက်ခြေရှိ ရေပူများ ပန်းထွက်ခြင်းကြောင့်လည်းကောင်း လူတို့လက်လှမ်းမှီရာ ကမ္ဘာ့မျက်နှာပြင်ပေါ်သို့ ပျံ့နှံ့ ရောက်ရှိလာနိုင်တယ်လို့ ဆိုပါတယ်… စိန်ရဲ့ သက်တမ်းဟာ အများအားဖြင့် နှစ်သန်းပေါင်းတစ်ထောင်ခန့် ရှိနိုင်တာကြောင့် သက်တမ်းအရင့်ဆုံး ကျောက်မျက်ရတနာလို့ ပြောလို့ရပါတယ်.. ၀တ်ဆင်သုံးစွဲသည့် သက်တမ်း မည်မျှကြာမြင့်သည်ဖြစ်စေ အခြား ကျောက်မျက်တို့လို အနားစများ ပဲ့ထွက်ခြင်းဖြစ်နိုင်ဖို့ ခဲယဉ်းကြောင်း သိရှိရပြီး အလွန်မာကြောသောကြောင့် စက်မှုလုပ်ငန်းများတွင် များစွာ အသုံးဝင်ပါတယ်.. စိန်ကို အဖြူရောင်၊ အနီရောင်၊ ပန်းရောင်၊ မီးခိုးရောင်၊ အ၀ါရောင်၊ အညိုရောင်၊ အစိမ်းရောင်၊ လိမ္မော်ရောင်၊ ခရမ်းရောင် နှင့် အနက်ရောင်အထိ တွေ့ရှိရတတ်ပါတယ်.. အရောင်မဲ့သောစိန်ကိုတော့ အဖိုးတန်ဆုံးအဖြစ် သတ်မှတ်ကြပါတယ်…
စိန်သည် ၀တ်ဆင်သူအား
၁.ပျော်ရွှင်ချမ်းမြေ့စေခြင်း၊ ဂုဏ်ကျက်သရေနှင့်ပြည့်စုံစေခြင်း၊ ကိုယ်ရောစိတ်ပါ ကြည်လင် ကျန်းမာစေခြင်း၊ အစားအသောက် သီးနှံပေါများစေခြင်း၊
၂.တီထွင်နိုင်စွမ်းအားကို မြင့်မားစေခြင်း၊ မိမိပတ်ဝန်းကျင်အသိုင်းအ၀ိုင်းတွင် ကောင်းမွန်တိုးတက်သော စိတ်ခံစားမှုများကို ဖြစ်ပေါ်စေနိုင်ခြင်း ၊ အကြေက်အရွံ့များကို ဖယ်ရှားပေးနိုင်စွမ်းရှိခြင်း
၃.ဆုံးဖြတ်ချက်များကို တိကျမှန်ကန်စေရန် တွန်းအားပေးစေနိုင်ခြင်း ၊ ဥပဒေနှင့်ဆိုင်သော အခက်အခဲများကို ပြေလည်စေခြင်း
၎.မကောင်းဆိုးဝါးအန္တရာယ်မှ ကာကွယ်ပေးခြင်း၊ အောင်မြင်ခြင်း၊ မိမိအပေါ် သစ္စာရှိသော အပေါင်းအသင်းမိတ်ဆွေသစ်များ တိုးပွားစေခြင်း၊ လူချစ်လူခင်ပေါများစေခြင်း စသည့် အစွမ်းသတ္တိများကို ပေးနိုင်စွမ်း ရှိပါတယ်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
မေလဖွားများအတွက် မြ
မေလဖွားများအတွက် အဆောင်ကျောက်မျက်ရတနာမှာ မာခြင်းအဆင့် ၇.၅ မှ ၈ ရှိသော မြ ဖြစ်ပါတယ်.. ၅၅ကြိမ်မြောက် နှစ်ပတ်လည် အထိမ်းအမှတ် ကျောက်မျက်ရတနာလည်း ဖြစ်ပါတယ်.. မြသည် ချစ်စဖွယ်ကောင်းသော အစိမ်းရောင်နှင့် အလင်းဖောက်နိုင်သော ကြည်လင်မှုမျိုး ရှိသည့် ကျောက်ဖြစ်ပြီး ၄င်းသည် အပူဒဏ်ကို ခံနိုင်ရည်ရှိကာ အလွယ်တကူ အရောင်မပြောင်းနိုင်သော အစွမ်းသတ္တိ ရှိပါတယ်။ မြသည် အနာအဆာများ ပါဝင်မှုနှုန်းများသောကြောင့် အက်ကြောင်းများ၊ အမြုပ်များ ပါရှိပြီး ကျိုးပဲ့လွယ်သော ကျောက်လည်းဖြစ်ပါတယ်..။ လုံးဝအပြစ်အနာကင်းသော မြကို တွေ့ဖို့ ခဲယဉ်းသည်ဟုလည်း ဆိုကြပါတယ်... မြကို အများအားဖြင့် ပုံစံတစ်မျိုးတည်းသာ သွေးကြသောကြောင့် ၄င်းသွေးနည်းကို မြကွက်ဟူ၍ပင် ခေါ်ဆိုကြပါတယ်...။
မြကျောက်သည် ၀တ်ဆင်သူအား
၁. ကံကောင်းစေခြင်း၊ အောင်မြင်စေခြင်း၊ အေးချမ်းစေခြင်း
၂. ဆက်ဆံရေးတိုးတက်ကောင်းမွန်စေခြင်း၊ စကားအရာတွင် အောင်မြင်စေခြင်း
၃.စွမ်းအားကို တိုးမြင့်စေခြင်း
၎.အမြင်အာရုံကို ကောင်းမွန်စေခြင်း
၅.အထူးသဖြင့် အမျိုးသမီး ၀တ်ဆင်သူများအား မကောင်းသော အကြံအစည်များ မ၀င်ရောက်စေခြင်း၊ အန္တရာယ် တစ်ခုခု ကြုံတွေ့ခါနီးတွင် သတိပေးတတ်ခြင်း (ကျောက်အရောင်ပြောင်းသွားခြင်း၊ ဖျော့သွားခြင်း) စသည့် အစွမ်းသတ္တိများကို ပေးနိုင်စွမ်း ရှိပါတယ်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ဇွန်လရာသီဖွားများအတွက် ပုလဲ
ဇွန်လရာသီဖွားများအတွက် အဆောင်ကျောက်မှာ မာခြင်းအဆင့် ၃.၅ သာရှိသော တွင်းထွက်ကျောက် မဟုတ်ဘဲ ပင်လယ်သမုဒ္ဒရာရှိ မုတ်ကောင်များမှ ရရှိသော ပုလဲ ရတနာဖြစ်ပါတယ်.. နူးညံ့သိမ်မွေ့ခြင်း သဘောတရားရှိပြီး ကျက်သရေ မင်္ဂလာနဲ့ ပြည့်စုံကာ ၀တ်ဆင်ထားသူကိုလည်း တင့်တယ်လှပစေတာမို့ အမျိုးသမီးများနဲ့ ပိုပြီးလိုက်ဖက်တာကို တွေ့ရပါတယ်.. ရတနာတို့ရဲ့ ဘုရင်မ လို့လည်း တင်စားခေါ်ဝေါ်ကြပါတယ်.. ပုလဲကို ပုံသဏ္ဍာန် အမျိုးမျိုး တွေ့ရှိရတတ်ပြီး လုံးဝန်းချောမွတ်ကာ အပြစ်အနာကင်းသော ပုလဲကို တန်ဖိုးကြီးပုလဲအဖြစ် သတ်မှတ်ကြပါတယ်.. ပုလဲကို အဖြူ၊ မီးခိုး၊ ပန်းရောင်၊ အပြာနုရောင်၊ အစိမ်းဖျော့ရောင်၊ ခရမ်းဖျော့ရောင်နှင့် ရှားရှားပါးပါး အနက်ရောင်အထိ တွေ့ရတတ်သော်လည်း အလွန်ရှားပါးပါတယ်… သဘာဝပုလဲနှင့် မွေးပုလဲဟူ၍ ၂မျိုး၂စား ရှိပြီး လူတို့ရဲ့ ပယောဂမပါဘဲ သဘာဝအတိုင်း မုတ်ကောင်၏ ကိုယ်တွင်းတွင်တွေ့ရသော ပုလဲကို သဘာဝပုလဲဟု ခေါ်ပြီး လူတို့ကမွေးမြူ၍ မုတ်ကောင်၏ ကိုယ်တွင်းသို့ ၀တ်ဆံထည့်သွင်းပြီး ပုလဲရအောင် မွေးမြူခြင်းဖြင့် ရရှိလာသော ပုလဲကို မွေးပုလဲဟု ခေါ်ပါတယ်.. ပုလဲကို လေအလုံပိတ် ဗူးများ၊ ပလပ်စတစ်အိတ်များဖြင့် အလုံပိတ်၍ သိမ်းဆည်းထားခြင်း မလုပ်သင့်ဟု ဆိုပါတယ်.. သဘာဝ ပါတ်ဝန်းကျင်ရဲ့ စိုစွတ်ခြင်း လေ၀င်လေထွက်ကောင်းမွန်ုခြင်းတို့သည် ပုလဲအတွက် မရှိမဖြစ်လိုအပ်သည်ဟု သိရပါတယ်… သို့မှသာ ပုလဲအရောင်များ မှိန်ဖျော့မသွားဘဲ လင်းလက်တောက်ပနေမှာ ဖြစ်ပါတယ်..
ပုလဲသည် ၀တ်ဆင်သူအား အောက်ပါအကျိုးကျေးဇူးကို ပေးနိုင်စွမ်းရှိကြောင်း သိရပါတယ်…
၁. ကံကောင်းစေခြင်း၊ အေးချမ်းတည်ကြည်စေခြင်း၊
၂. အမျိုးသမီးများအတွက် သားသမီးရတနာ ပွားစီးစေခြင်း
၃. အမျိုးသမီးများ၏ ဂုဏ်ကျက်သရေ မညှိုးနွမ်းအောင် ကာကွယ်စောင့်ရှောက်ပေးခြင်း
၎. ကောင်းချီးသြဘာ ကျက်သရေ မင်္ဂလာနှင့်ပြည့်စုံစေခြင်း တို့ ဖြစ်ပါတယ်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ဇူလိုင်လဖွားများအတွက် ပတ္တမြား
ဇူလိုင်လဖွားများအတွက် အဆောင်ကျောက်မှာ ရဲရဲနီစွေးသော ပတ္တမြားသွေး ဖြစ်ပါတယ်.. မာခြင်းအဆင့် ၉ရှိပြီး စိန်ပြီးပါက ဒုတိယအမာဆုံး ဖြစ်သော်လည်း စိန်ထက် လေးလံသော ကျောက်မျက်ရတနာ ဖြစ်ပါတယ်.. ပတ္တမြားတွင် လိမ္မော်နီရောင်၊ ခရမ်းရောင်၊ ပန်းရောင် ၊ အနီရောင်စသည့် ရောင်ခြယ်လေးများ ပါဝင်နေသော်လည်း အနီရောင်စစ်စစ် ရဲရဲနီနေသော ပတ္တမြားကသာ အရည်အသွေးအကောင်းဆုံး နှင့် တန်ဖိုးအကြီးဆုံး အဖြစ်သတ်မှတ်ကြပါတယ်.. အကောင်းဆုံး အရည်အသွေးရှိ ပတ္တမြားတစ်လုံးကို တွေ့ရှိရန်မှာ စိန်ကောင်းတစ်လုံးကို တွေ့ရှိဖို့ထက် ပိုပြီး ခက်ခဲကြောင်း သိရှိရပါတယ်… အနီရောင် ပတ္တမြားသည် အမျိုးသားများအတွက် စိတ်အားထက်သန်ပြင်းပြမှုကို ဖော်ဆောင်တာကြောင့် အမျိုးသားများနဲ့ ပိုပြီးလိုက်ဖက်တယ်လို့ ဆိုပါတယ်.. ပတ္တမြားကို ၁၀၀၀ ဒီဂရီစင်တီဂရိတ်အထိ အပူပေးလိုက်တဲ့အခါ အနီရောင်မှ ပန်းရောင်သို့ပြောင်းလဲသွားပြီး အေးသွားလျှင်မူလ အနီရောင်သို့ ပြန်လည်ရောက်ရှိသွားကြောင်း သိရပါတယ်.. ပတ္တမြားဟာ ၏အနှစ်၄၀ပြည့် ကိုယ်စားပြု အထိမ်းအမှတ် ရတနာတစ်ပါးလည်း ဖြစ်ပြီး. ၄င်းကို ၀တ်ဆင်ထားသူ၏ စိတ်ကူးအိပ်မက်များ အမှန်တကယ်ဖြစ်မြောက်လာဖို့ တွန်းအားပေးနိုင်စွမ်းရှိတယ်လို့ အချို့က ယုံကြည်လက်ခံကြကြောင်း သိရပါတယ်.. အန္တရာယ်တစ်ခုခုနှင့် ကြုံတွေ့ခါနီးတွင် ပတ္တမြားအရောင်မှာ ပိုပြီး ရင့်လာကြောင်း အန္တရာယ်တို့မှ လွန်မြောက်သွားသောအခါ မူလအရောင်သို့ ပြန်ပြောင်းသွားတတ်ကြောင်း မှတ်သားရပါတယ်။
ပတ္တမြားသည် ၀တ်ဆင်သူအား
၁. ပျော်ရွှင်ချမ်းမြေ့ခြင်းကို ယူဆောင်ပေးနိုင်ခြင်း
၂. အမျိုးသားများ ကာယသုခရရှိစေ၍ ကျန်းမာသန်စွမ်းစေခြင်း
၃. ခွန်အားပြည့်ဝကာ ဆွဲဆောင်မှုကောင်းစေခြင်း
၎. မိတ်ဆွေတိုးပွားစေခြင်း
၅.ပစ္စည်းဥစ္စာ များကို စောင့်ရှောက်ပေးခြင်း
၆.မကောင်းသော ဘေး၊ မကောင်းသော လွှမ်းမိုးခံရခြင်းတို့မှ ကာကွယ်စောင့်ရှောက်ပေးခြင်း
၇. ဆိုးဝါးသော ရာသီဥတုဘေးဒဏ်ကျရောက်စေခြင်းမှ ကာကွယ်နိုင်ခြင်း စသည့် အစွမ်းသတ္တိများ ရှိသည်ဟု သိရပါသည်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
သြဂုတ်လဖွားများအတွက် ပြောင်ခေါင်းစိမ်း
သြဂုတ်လဖွားများအတွက် အဆောင်ကျောက်မှာ မားခြင်းအဆင့် ၆.၅ မှ ၇ အတွင်းရှိသော ပြောင်ခေါင်းစိမ်း လို့ခေါ်တဲ့ တောက်ပသော သံလွင်သီးစိမ်းရောင်ရှိ တွင်းထွက်ကျောက်တစ်မျိုး ဖြစ်ပါတယ်.. ပြောင်ခေါင်းစိမ်းကို ဘီစီ ၁၅၀၀ အီဂျစ်ခေတ်ကတည်းက သုံးစွဲခဲ့ကြောင်း သိရပါတယ်… ပြောင်ခေါင်းစိမ်းအရောင်မှာ သံပုရာစိမ်း၊ စိမ်းဝါရောင်၊ စိမ်ရွှေဝါရောင်၊ အညိုနုရောင်နဲက သံလွင်စိမ်းရောင်ထိ အရောင်ကွဲ အမျိုးစုံစွာ တွေ့ရသော်လည်း အမေရိက အရီဇိုးနား ပြည်နယ်တွက် သံပုရာစိမ်းမှာ အကောင်းဆုံး အမျိုးအစားအဖြစ် သတ်မှတ်ခြင်းခံရပါတယ်. ပြောင်ခေါင်းစိမ်းကို တောက်ပပြောင်လက်စေရန်အတွက် ဗနီကာအရည်မှာ အသင့်တော်ဆုံး ဖြစ်ကြောင်းသိရပါတယ်.. တရုတ်နိုင်ငံထွက် ပြောင်ခေါင်းစိမ်းမှာ အရောင်ဖျော့ပြီး ၂ ကာရက်အောက် အရွယ်အစားများသာ ထွက်ရှိပါတယ်.. တန်ဖိုးကြီးမားပြီး လှပကောင်းမွန်သော ပြောင်းခေါင်းစိမ်းမှာ မြန်မာနိုင်ငံ မိုးကုတ်မြို့တွင် ထွက်ရှိပါတယ်.. ပြောင်ခေါင်းစိမ်း ရှာဖွေသူများဟာ ညအခါ လရောင်အောက်တွင် ရှာဖွေပါက တွေ့ရှိဖို့ ပိုလွယ်ကူကြောင်း ဗဟုသုတအနေနဲ့ မှတ်သားရပါတယ်.. ညအခါ ပြောင်းခေါင်းစိမ်းရှိရာနေရာကို တွေ့ရှိပါက အမှတ်အသားပြုလုပ်ထားကြပြီး နောက်တစ်နေ့ မိုးလင်းမှ လာရောက်တူးဖော်ကြကြောင်း သိရပါတယ်။
ပြောင်ခေါင်းစိမ်းတွင်
၁. မကောင်းဆိုးဝါး အန္တရာယ်များ ကျရောက်ခြင်းမှ ကာကွယ်ခြင်း
၂. စိတ်ဖိစီးမှုများကို ပြေလျော့စေနိုင်ပြီး၊ သက်သောင့်သက်သာဖြစ်စေနိုင်ခြင်း ၊ ပန်းနာရင်ကြပ်ရောဂါကို ကုစားသက်သာစေနိုင်ခြင်း
၃.ငြိမ်းချမ်းခြင်းကို ယူဆောင်ပေးနိုင်စွမ်းရှိပြီး မကောင်းသော အိမ်မက်များကို မမက်အောင် ကာကွယ်ပေးနိုင်ခြင်း
၎. ထိတ်လန့်ကြောက်ရွံ့ခြင်း၊ ဒေါသကြီးခြင်း၊ စိတ်သောကရောက်ခြင်း၊ ခြောက်ခြားခြင်း တို့မှ သက်သာ လျော့နည်းစေနိုင်ခြင်း
၅.ခနာကိုယ်အား ခွန်အားပြည့်ဝစေပြီး စိတ်ကို သန့်ရှင်းကြည်လင်စေနိုင်ခြင်း
၆.ပြောင်ခေါင်းစိမ်းဖြင့် ပြုလုပ်သော ခွက်ကို အသုံးပြု၍ ဆေးဝါးများကို သောက်သုံးပါက ဆေးဝါးအစွမ်း ပို၍ ထက်မြက်စေခြင်း စသည့် ဂုဏ်သတ္တိများ ရှိကြောင်း သိရပါတယ်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
စက်တင်ဘာဖွားများအတွက် နီလာ
စက်တင်ဘာလတွင် မွေးဖွားသူများအတွက် အဆောင်ကျောက်မှာ မာခြင်းအဆင့်၉ရှိပြီး ပတ္တမြားနှင့် အုပ်စုတစ်ခုတည်း ဖြစ်သောကြောင့် ကျောက်ညီအစ်မလို့ တင်စားခေါ်ဝေါ်ကြတဲ့ အပြာရောင် နီလာ ရတနာဖြစ်ပါတယ်.. နီလာထဲတွင် အ၀ါရောင်၊ ခရမ်းရောင်၊ ပန်းရောင်၊ အစိမ်းရောင် ၊ လိမ္မော်ရောင်စသော ရောင်စဉ်များ ပါဝင်တတ်ပါတယ်.. အရည်အသွေးအကောင်းဆုံး နီလာမှာ ကောင်းကင်ပြာရောင် ဖြစ်ပါတယ်.. ကမ္ဘာပေါ်ရှိဈေးကွက်တွင် တွေ့ရသော ၉၀ရာခိုင်နှုန်းသော နီလာများမှာ မီးဖုတ်ပြုပြင်ထားသော နီလာများ ဖြစ်နေပါတယ်.. နီလာကို မြန်မာနိုင်ငံ၊ သီရိလင်္ကာ၊ ထိုင်း၊ ကမ္မောဒီယား၊ ဗီယက်နမ်နဲ့ အိန္ဒိယနိုင်ငံတို့ တူးဖော်ရရှိနိုင်ပါတယ်.. နီလာဖြင့်ပြုလုပ်ထားသော အိုး၊ခွက် တစ်ခုခုတွင် အဆိပ်ရှိသော မြွေကို ထည့်လိုက်ပါက မြွေမှာ မကြာခင်တွင် သေဆုံးသွားကြောင်း သိမှတ်ရပါတယ်..
နီလာကို ၀တ်ဆင်သူများအတွက် အကျိုးသက်ရောက်ပုံမှာ
၁. ပျော်ရွှင်ခြင်း၊ ငြိမ်းချမ်းခြင်းတို့ကို ယူဆောင်ပေးနိုင်ခြင်း
၂. မကောင်းသောဘေးရန်မှ ကာကွယ်ပေးခြင်း
၃. ကျန်းမာရေးကောင်းစေခြင်း၊ ကျေနပ်ရောင့်ရဲစေခြင်း
၎.အဖျားရောဂါ၊ အရေပြားနှင့်ပတ်သက်သော ရောဂါ၊ မျက်စိနှင့်ပတ်သက်သော ရောဂါများကို သက်သာစေနိုင်ခြင်း
၅. နီလာ ၀တ်ဆင်ထားသူသည် မနှစ်မြို့ဖွယ် ကိစ္စတစ်ခုခု ပြုလုပ်ပါက ၀တ်ဆင်ထားသော နီလာမှာ အရောင် ဖျော့သွားတတ်ခြင်း
၆. ဆဌမအာရုံကို လှုံ့ဆော်ပေးနိုင်ခြင်း စသည်တို့ဖြစ်ပါတယ်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
အောက်တိုဘာဖွားများအတွက် ကြောင်မျက်ရွဲ
အောက်တိုဘာလမွေးဖွားသူများ ဆောင်ရမဲ့ အဆောင်ကျောက်မှာ မာခြင်းအဆင့် ၅.၅မှ ၆.၅ အထိရှိသော အိုပယ်ကျောက်ခေါ် ကြောင်မျက်ရွဲ ဖြစ်ပါတယ်.. မင်္ဂလာနှစ်ပတ်လည် ၁၄နှစ်မြောက် အထိမ်းအမှတ်ကျောက်လဲ ဖြစ်ပါတယ်.. ကြောင်မျက်ရွဲတွင် ရေပါဝင်မှုနှုန်း မြင့်မားသောကြောင့် အလွန်ပျော့ပြောင်းပြီး ကျိုးပဲ့လွယ်ကြောင်း သိရပါတယ်.. ကြောင်မျက်ရွဲကို ၄င်းထံတွင်ပါဝင်သော ရောင်စဉ်များ ယှက်ဖြာနေမှု အနည်းအများကိုလိုက်ပြီး အဆင့်အတန်း ခွဲခြားကြပါတယ်.. အကောင်းဆုံး ကြောင်မျက်ရွဲတွင် အပြာရောင်၊ အ၀ါရောင်၊ အစိမ်းရောင်၊ အနီရောင်၊ လိမ္မော်ရောင်၊ အပြာနုရောင်၊ ခရမ်းရောင် စသဖြင့် အရောင်မျိုးစုံ ပေါင်းစပ်ထားသောကြောင့် သက်တန့်ရောင်ကဲ့သို့ အရောင်စုံလင်ကာ လှပစွဲမက်ဖွယ်ကောင်း လှပါတယ်.. သို့သော် ကြောင်မျက်ရွဲအားလုံးတွင် ၄င်းအရောင်များ အားလုံး တွေ့ရမည်မဟုတ်ဘဲ အများအားဖြင့် ပြိုးပြိုးပြက်ပြက်တောက်ပသော အပြာရောင်ထဲတွင်မှ အချို့တွင် အစိမ်းရောင်များ၊ အချို့မှာ အ၀ါရောင်နှင့် အစိမ်းရောင်စဉ်များ၊ အချို့တွင်တော့ လိမ္မော်ရောင်၊ အနီရောင် စသည့်ရောင်ပြေးများ ပေါင်းစပ်ပါဝင်နေလေ့ရှိသည်။ ကြောင်မျက်ရွဲကို နို့နှစ်ရောင်၊ အဖြူရောင်၊ မီးခိုးရောင်၊ အညိုရောင်မှ စ၍ အနက်ရောင်ထိ ရှိတတ်သော်လည်း အနက်မှာ ရှားပါးပြီး တန်ဖိုးအမြင့်ဆုံးဟု သတ်မှတ်ကြပါတယ်… သြစတြေးလျသည် ကမ္ဘာပေါ်တွင် အိုပယ်(ကြောင်မျက်ရွဲ) အများဆုံး ထွက်သောနိုင်ငံဖြစ်သည်။
ကြောင်မျက်ရွဲနှင့်ပတ်သက်၍
၁.၀တ်ဆင်သူအား ပျော်ရွှင်စေနိုင်ခြင်း၊ ၄င်းကိုဝတ်ဆင်ထားသူသည် စိတ်ပျော်ရွှင် ကြည်လင်နေပါက ကြောင်မျက်ရွဲမှာ အရောင်ပိုမိုတောက်ပ လင်းလက်နေပြီး ၄င်းဝတ်ဆင်ထားသူသည် စိတ် လေးလံထိုင်းမှိုင်းနေပြီး မပျော်မရွှင် စိတ်ညစ်နေသည်ဆိုပါက ၄င်းကျောက်အရောင်ပါ မှေးမှိန်ဖျော့တော့သွားစေနိုင်ခြင်း
၂.မျက်စိနှင့်ပတ်သက်သောရောဂါများ မဖြစ်ပွားအောင် ကာကွယ်ပေးနိုင်ခြင်းနှင့် မျက်စိရောဂါများကို ပျောက်ကင်းသက်သာစေနိုင်ခြင်း
၃. သိဒ္ဓိများနှင့် ပြည့်စုံစေခြင်း၊ စဉ်းစားဆင်ခြင်ဥာဏ်နှင့် မှတ်ဥာဏ်ကောင်းစေခြင်း၊ အမြော်အမြင် ကြီးမားလာစေခြင်း စသည့် အစွမ်းသတ္တိများ ရှိကြောင်း သိရပါတယ်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
နိုဝင်ဘာလဖွားများအတွက် ဥဿဖရား
နိုဝင်ဘာလတွင် မွေးဖွားသူများအတွက် အဆောင်ကျောက်မှာ မာခြင်းအဆင့် ၈တွင်ရှိသော ဥဿဖရား ကျောက် ဖြစ်ပါတယ်… ဥဿဖရား၏အရောင်မှာ မီးတောက်မီးလျှံ၏ အရောင်နှင့်တူသောကြောင့် ၀ါရွှေတောက်ပကာ လင်းလက်လှပသောအရောင်အဆင်း ရှိပါတယ်.. ၄င်းကျောက်တွင် လိမ္မော်ဝါရောင်၊ ပယင်းရောင်၊ ရွှေဝါရောင်၊ ညိုဝါရောင် စသည့်ရောင်စဉ်များ ယှက်ဖြာပါဝင်နေလေ့ ရှိပါတယ်.. ဥဿဖရားကို အညိုရောင်၊ ပန်းရောင်၊ မက်မွန်သီးရောင်၊ ခရမ်းရောင် နှင့် အပြာရောင် တို့ဖြင့်လည်း တွေ့ရှိရသော်လည်း ရွှေဝါရောင်၊ ပန်းရောင်နှင့် မက်မွန်သီးရောင် တို့မှာလည်း ဈေးနှုန်းမြင့်မားတတ်ပါတယ်.. ယခင်ခေတ်အခါက အပြာရောင် ဥဿဖရားမှာ ရှားပါးသော ကျောက်တစ်မျိုး ဖြစ်ခဲ့သော်လည်း ယခုခေတ်အခါတွင် တန်ဖိုးအနည်းဆုံးနဲ့ ပေါပေါများများ တွေ့ရလေ့ရှိသောကျောက် ဖြစ်သွားခဲ့ရပြီး တရုတ်နိုင်ငံတွင် အများဆုံး တူးဖော်ရရှိပါတယ်.. တကယ်တမ်းမှာ အဖြူရောင် သို့မဟုတ် အရောင်မဲ့ အဖြစ် မြေကြီးအောက်မှ တူးဖော်ရရှိသော်လည်း ဓာတုဗေဒနည်းပညာဖြင့် ပြုပြင်ဖန်တီးကာ အလွန်လှပစွဲမက်ဖွယ် အပြာရောင် ဖြစ်လာပြီး ဈေးကွက်တွင် ရောင်းချကြပါတယ်.. နည်းပညာမြင့်မားပြီး သေသပ်လှပအောင် ပြုလုပ်ထားသော ကျောက်မျက်ရတနာ အတုတို့မှာ တခါတရံ ကျောက်မျက် ကျွမ်းကျင်ပညာရှင်များပင် အတုအစစ် ခွဲခြားဖို့ ခက်ခဲလှပါတယ်… မြန်မာနိုင်ငံတွင်လည်း မိုးကုတ်တွင် ဥဿဖရားကို တူးဖော်ရရှိနိုင်ပါတယ်… အရည်အသွေး ကောင်းမွန်လှသော ဥဿဖရားသည် အလွန်တောက်ပသော အရောင်အဆင်းရှိပြီး ထိတွေ့လိုက်သည့်အခါတွင် အေးမြနေသော ခံစားမှုမျိုးကို ပေးနိုင်စွမ်းရှိကြောင်း သိရပါတယ်။
ဥဿဖရားတွင်
၁. ပျော်ရွှင်ခြင်း၊ စိတ်ရှည်သီးခံခြင်း၊ ကျန်းမာခြင်း တို့ကို ဆောင်ယူပေးနိုင်စွမ်းရှိခြင်း
၂. မကောင်းသော ရောဂါ၊ အန္တရာယ်တို့မျ ကာကွယ်ပေးနိုင်စွမ်းရှိခြင်း
၃. စိတ်ကစဉ့်ကလျားဖြစ်ခြင်း၊ စိတ်မငြိမ်သက်ခြင်းတို့ကို ကုစားပေးနိုင်စွမ်းရှိခြင်း
၎.ပိုမိုလက်တွေ့ကျသော ဆုံးဖြတ်ချက်များ၊ စဉ်းစားဆင်ခြင်ဥာဏ်များကို ပေးနိုင်စွမ်းရှိခြင်း
၅.နားလည်နိုင်စွမ်း မြင့်မားခြင်းနှင့် ခွန်အားကို သိမ်းဆည်းပေးနိုင်စွမ်းရှိခြင်း စသည့် ဂုဏ်သတ္တိများ ရှိပါတယ်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~
ဒီဇင်ဘာဖွားများအတွက် မိုးပြာရောင် တာကွိုက်စ်ကျောက်
ဒီဇင်ဘာလဖွားများအတွက် အဆောင်ကျောက်မှာ အပြာရောင် တာကွိုက်စ်ခေါ် မိုးပြာရောင်ကျောက် ဖြစ်ပါတယ်.. မာခြင်းအဆင့် ၅ သာရှိပြီး တာကွိုက်စ်ဆိုသော စကားလုံးမှာ ပြင်သစ်ဘာသာအရ တူရကီကျောက် လို့ အဓိပ္ပါယ်ရပြီး တူရကီဈေးကွက်မှာ ဗင်းနစ် ကုန်သည်တို့က စတင်ပြီး ဥရောပသို့ ယူဆောင် ရောင်းချခဲ့တာကြောင့် ဖြစ်ကြောင်း သိရပါတယ်.. အကောင်းဆုံး တာကွိုက်စ်ကို အီရန်နိုင်ငံတွင် တူးဖော်ရရှိနိုင်ပါတယ်.. တာကွိုက်စ်ကို ကျောက်ဆောင်များ၏ အက်ကွဲကြောင်းများ အတွင်းတွင် တွေ့ရှိရပြီး ပုံသဏ္ဍာန်အမျိုးမျိုးဖြင့် ဖြစ်ပေါ်နေတတ်ပါတယ်.. ထူးခြားသည်မှာ တာကွိုက်ကျောက်သည် အဖိုးတန်သော အလင်းပိတ် ကျောက်တစ်မျိုးဖြစ်ပြီး အရောင်မှာ အစိမ်းဖျော့မှ အစိမ်းရင့်ရင့်၊ အပြာဖျော့မှ အပြာရင့်ရင့်အထိ ပေါင်းစပ်ထားတတ်ပါတယ်.. အများအားဖြင့် တာကွိုက်စ်ကျောက်မှာ အစိမ်းရောင် ရှိတတ်သော်လည်း အပြာရောင် တာကွိုက်စ်မှာ တန်ဖိုးမြင့်မားပါတယ်.. တာကွိုက်စ်သည် ကျွတ်ဆတ်သောကြောင့် ကျိုးပဲ့ ပျက်စီးလွယ်သည့်သဘော ရှိပြီး အပူဒဏ်၊ ဆီ၊ နေရောင်၊ အစိုဓတ်၊ ချွေး၊ ရေမွှေး၊ ဓာတုပစ္စည်းများနှင့် အလွန်အမင်း ပူပြင်းခြောက်သွေ့ခြင်းတို့ကြောင့် အရောင်အဆင်း ပြောင်းလဲ ပျက်စီးသွားနိုင်ပါတယ်။
တာကွိုက်စ်ကျောက်သည်
၁. ငြိမ်းချမ်းခြင်း၊ ကံကောင်းခြင်း၊ လုံးခြုံစိတ်ချခြင်း၊ ပျော်ရွှင်ချမ်းမြေ့ခြင်းတို့ကို ယူဆောင်ပေးနိုင်စွမ်းရှိခြင်း
၂. ဥပစ္ဆေဒကကံ ကျရောက်ခြင်းမှ ကာကွယ်ခြင်း၊ မကောင်းသော ဘေးဒဏ် တို့မှ ကာကွယ်ပေးခြင်း
၃. အန္တရာယ်တစ်စုံတစ်ခု ကျရောက်ခါနီးပါက အရောင်ပြောင်းသွားခြင်း
၎. စိတ်ဝိဥာဏ်ကို သန့်ရှင်း ကြည်လင်စေခြင်း၊ ယုံကြည်မှုတိုးပွားစေခြင်း၊ ပညာဥာဏ်ကြီးမားခြင်း၊ နားလည်စာနာစိတ်၊ ကရုဏာစိတ် တိုးပွားခြင်း
၅. အဆောင်လက်ဖွဲ့၊ ပီယဆေးများအဖြစ် အသုံးပြုနိုင်ခြင်း
၆.စီးပွားရေး လုပ်ငန်းဆောင်တာများ ကောင်းမွန်တိုးတက်စေခြင်း စသည့် အစွမ်းသတ္တိများ ရှိကြောင်း ယုံကြည်လက်ခံကြပါတယ်။
~~~~~~~~~~~~~~~~~~~~~~~~~ ပြီး ~~~~~~~~~~~~~~~~~~~
ဖတ်မိတာလေးကို ဗဟုသုတအဖြစ် ဘာသာပြန်ကာ ပြန်လည် မျှဝေခြင်း ဖြစ်ပါတယ်.. မိမိမွေးဖွားရာ လရာသီနှင့် ကိုက်ညီသော အဆောင် ကျောက်မျက် ရတနာများကို လိုက်ဖက်စွာ ၀တ်ဆင်ရင်း ဖက်ရှင်ကျနိုင်ကြပါစေလို့ ......
လေးစားချစ်ခင်စွာ
ချော(အစိမ်းရောင်လွင်ပြင်)
------------------------------------------------------------------------------------------- copy write by planet ............... enjoy all
ပိုက်သာဂိုးရပ်စ်၏ နာမည် ဂဏန်းဟော ကိန်း
1=A,J,S
2=B,K,T
3=C,L,U
4=D,M,V
5=E,N,W
6=F,O,X
7=G,P,Y
8=H,Q,Z
9=I,R
ဥပမာ- "Dဖြိုး"ရဲ့ နာမည် ဂဏန်းကို ရှာမယ်ဆိုပါတော့။
D PHYOE
4 78765
4 33
4 + 6=10=1
“Dဖြိုး” ရဲ့နာမည်ဟာ ပိုက်သာ ဂိုးရပ်စ်ဂဏန်းတန်ဖိုးအရ (၁) ဂဏန်း ဖြစ်တယ်။
နာမည်ဂဏန်း(၁) စိတ်ကူးယဉ်မှုတွေ သိပ်များနေချိန် အပြောအဆို မှားယွင်းမှုတွေ ဖြစ်တတ် တာ ဂရုစိုက်။ လုပ်ငန်းတူပြိုင်ဘက်တွေ များနေမယ်။ မထင်မှတ်ထားတဲ့ ငွေတွေ ရတတ်တယ်။ ပြောင်းရွှေ့မှုမတင်မကျ ဖြစ်နေမယ်။ ကျန်းမာရေးအတွက် အင်္ဂါ နေ့နှင့် တနင်္ဂနွေနေ့မျိုးတွင် ဆံပင်ညှပ် ခြင်း၊ လက်သည်းညှပ်ခြင်းပြုလုပ်။ ထို ညှပ်စ၊ ဖြတ်စများကို အိမ်၏အနောက် အရပ်တွင် စွန့်ပစ်။ အချစ်ရေးကောင်း တယ်။
ယတြာ- ရဟန်းသံဃာများကို ဒံပေါက်ကပ်လှူ။
လာဘ်ရွှင်ဂဏန်း- ၄၊ ဝ၊ ၂။
နာမည်ဂဏန်း(၂)
လိုလျှင်ကြံဆနည်းလမ်းရတတ်ချိန်။ လုပ်ငန်းတူပြိုင်ဘက်တွေကြောင့် စိတ် ညစ်စရာကြုံမယ်။ လုပ်ငန်းသစ်ပြောင်းလဲ လိုတဲ့ဆန္ဒဖြစ်ပေါ်နေမယ်။ ဥပဒေနဲ့ မလွတ် ကင်းတဲ့ကိစ္စကို ရှောင်သင့်တယ်။ ကျန်းမာရေးညံ့နေတယ်။ အစားအစာများ ကို ရှောင်။ အစားမကြူးပါနှင့်။ တူနှစ် ကိုယ် နီးဖို့တော့ စောင့်ရဦးမယ်။ ယတြာ- လူကြီးမိဘများကို ကူညီ။ လာဘ်ရွှင်ဂဏန်း- ၃၊ ၁၊ ၂။
နာမည်ဂဏန်း(၃)
ဆင်ဖြူတော်မှီပြီး ကြံစုပ်ရချိန်။ ထူးခြားတဲ့ ကံဇာတာကြုံမယ်။ လူအများ ရဲ့ အာရုံစူးစိုက်မှုရရှိမယ်။ သိပ်ကံကောင်း လို့ မနာလိုသူတွေကြုံမယ်။ ဘာသာရေး ယုံကြည်ကိုးကွယ်မှု ပိုလုပ်။ ကျန်းမာရေး သင့်တယ်။ ကျန်းမာရေးကောင်းသည် ထက် ကောင်းစေဖို့ စောစောအိပ်။ စိတ် ရှည်ရှည်နေထိုင်စားသောက်သည့် အမူ အကျင့်ကို ပြုလုပ်။ နွားနို့သောက်သုံးပေး သင့်တယ်။ ဂဂျီဂဂျောင်ကျတဲ့ ချစ်သူနဲ့ ဆုံမယ်။
ယတြာ- သီလရှင်တစ်ပါးကို ဖိနပ် လှူ။
လာဘ်ရွှင်ဂဏန်း- ၂၊ ၁၊ ၃။
နာမည်ဂဏန်း(၄)
ပွင့်ပွင့်လင်းလင်းပြောဆို လုပ်ကိုင် တတ်ချိန်။ အောင်မြင်မလိုနဲ့ အဖျားရှူး သွားတတ်တယ်။ စိတ်ရှည်ရှည်ထားပြီး လုပ်သင့်တယ်။ လုပ်ငန်းသစ်၊ စိတ်ကူး သစ်တွေရရှိမယ်။ ရပ်ဝေးသွားလာမှု အဆင်ပြေမယ်။ ဖျားနာမှုကြုံပါက ချက်ချင်းကုသမှုခံယူ။ ဝေဒနာသေးသည် ဆိုပြီး ပေါ့လျော့မှု မပြုပါနှင့်။ ဆေးမြီးတို နှင့် ကုသခြင်းကိုရှောင်။ တတ်သိနားလည် သူနှင့် ပြသ။ ချစ်သူရဲ့ မပြတ်သားမှုကို ခံရမယ်။
ယတြာ- ကလေး (၃)ဦးကို မုန့် ကျွေး။
လာဘ်ရွှင်ဂဏန်း- ၁၊ ၂၊ ၄။
နာမည်ဂဏန်း(၅)
ရင်းနှီးခင်မင်ထားသူတွေရဲ့ အထင် ကြီး လေးစားမှုခံရချိန်။ တန်ဖိုးကြီးပစ္စည်း တစ်ခုကောက်ရလိမ့်မယ်။ စီးပွားဥစ္စာတိုး တက်ဖို့ လူမျိုးခြားတစ်ဦးကူညီလိမ့်မယ်။ ရပ်ဝေးဒေသက လက်ဆောင်ရလိမ့်မယ်။ ကျန်းမာရေးပိုမိုကောင်းမွန်စေဖို့ အရည် ရွှမ်းတဲ့ အသီးအနှံများစား။ သက်သတ် လွတ် ၃ ရက် ဆက်စားကြည့်။ ဆီး၊ ဝမ်းမှန်အောင် ဂရုစိုက်။ ကျန်းမာရေးသင့် တယ်။ အချစ်သစ်နဲ့ ရုတ်တရက်ကြုံမယ်။
ယတြာ- ခွေးစာ၊ ကြောင်စာကျွေး။
လာဘ်ရွှင်ဂဏန်း- ဝ၊ ၃၊ ၅။
နာမည်ဂဏန်း(၆)
မိုးသောက်ပန်းလေးတွေ ဖူးပွင့်ဝေ ချိန်၊ ပြိုင်ဆိုင်မှုကြားက အောင်မြင်မယ်။ မထင်မှတ်တဲ့ပြောင်းလဲမှုကြုံမယ်။ လူမျိုး ခြား ဘာသာခြား သတိထားဆက်ဆံ။ ဆင်ခြေကန်ပြီး အငြင်းသန်မှုကိုရှောင်။ ခေါင်းကိုက်၊ ဇက်ထိုးအကြောတက် ဝေဒနာမျိုး ခံစားရနိုင်တယ်။ ကျန်းမာရေး ကိစ္စလျှော့မတွက်နှင့်။ သေချာစွာ ဆေးဝါး ကုသ။ ကျန်းမာရေးအတွက် အလုပ်ကို ခြေမနိုင်၊ လက်မနိုင်လုပ်ခြင်းကိုရှောင်။ အချစ်ရေးသင့်တယ်။
ယတြာ- ကျောင်းကန်၊ ဇရပ် သန့်ရှင်းရေးပြုလုပ်။
လာဘ်ရွှင်ဂဏန်း- ၉၊ ၄၊ ၆။
နာမည်ဂဏန်း(၇)
ချီတုံချတုံကိစ္စရပ်များ ကြုံတွေ့ရချိန်။လုပ်ငန်းနှစ်မျိုး၊ သုံးမျိုး တစ်ပြိုင်တည်း လုပ်ရမယ်။ ရည်မှန်းချက်တွေ နှောင့်နှေး ပြီးမှ အောင်မြင်မယ်။ ဟိုလုပ်ချင်၊ သည် လုပ်ချင် ဖြစ်နေမယ်။ ခေါင်းအေးအေးထား ပြီး ဆုံးဖြတ်ရမယ်။ ကျန်းမာရေးညံ့နေ တယ်။ (အ) အသံထွက်သော ဆေးခန်း (သို့မဟုတ်) သမားတော်နှင့် ပြသ။ လတ် ဆတ် ပူနွေးသော အစားအစာကို သင့်တင့် ရုံစား။ တစ်ကိုယ်ကောင်းဆန်တဲ့ ချစ်သူနဲ့ လွဲပြီး လှပထူးဆန်းတဲ့ ချစ်ကမ္ဘာနဲ့ ကြုံ မယ်။
ယတြာ- တရားစာအုပ် (၃) အုပ် ပေးလှူ။
လာဘ်ရွှင်ဂဏန်း- ၈၊ ၅၊ ၇။
နာမည်ဂဏန်း(၈)
ဘဝ၏ အဓိပ္ပာယ်ကို ဖွင့်ဆိုရချိန်။ ဘဝအတွက် အောင်မြင်ပျော်ရွှင်မှုရဲ့ လျှို့ဝှက်ချက်ကို ဖွေရှာတွေ့ရှိမယ်။ သင့် အောင်မြင်မှုကို လူတကာထင်ကြေးအမျိုး မျိုး ပေးနေမယ်။ ကြိုးစားအားထုတ်မှုရဲ့ ရုပ်လုံးပေါ်လာမယ်။ ကျန်းမာရေးအတွက် ဘာသာရေးပိုလုပ်။ ဘာသာတရားကြောင့် ရောဂါကြီးကြီးမားမားမဖြစ်နိုင်။ လတ်ဆတ် တဲ့ ဟင်းသီးဟင်းရွက်စား။ မိသားစု ကျန်းမာရေးဂရုစိုက်။ အချစ်အတွက် စိတ်ပူရတတ်တယ်။
ယတြာ- သီလရှင်များကို ဆန်လှူ။
လာဘ်ရွှင်ဂဏန်း- ၇၊ ၆၊ ၈။
နာမည်ဂဏန်း(၉)
မျှော်လင့်ချက်များ ပြည့်ဝအောင်မြင် ချိန်။ အမြင်ကျယ်တဲ့အတွေးသစ်တွေရ မယ်။ ထူးခြားဆန်းပြားတဲ့ ကံတရားနဲ့ကြုံ မယ်။ ဘာသာရေးအဓိဋ္ဌာန်တစ်ခုလုပ်။ စကားပြောဆိုရာမှာ တိုးတိုးနဲ့မှန်မှန်ပြော။ကျန်းမာရေးအတွက် လမ်းလျှောက်။ အရိုးပါစားနိုင်တဲ့ငါးကလေးများစား။ အငံ၊ အစပ်လျှော့စား။ လူကြီးမိဘ၊ အကြီးအကဲ ဆရာသမားတစ်ဦး၏ ကျန်းမာရေးကို ဂရုစိုက်သင့်တယ်။ အချစ်ရေးမှာ နောင်တ ရစရာတွေနဲ့ ကြုံတွေ့ရလိမ့်မယ်။
ယတြာ- ပန်းသီး (၃) လုံးကပ်လှူ။
လာဘ်ရွှင်ဂဏန်း- ၆၊ ၇၊ ၉။
ဂဏန်းဗေဒင်
ပိုက်သာဂိုးရပ်၏ဂဏန်းတန်ဖိုး
1 2 3 4 5 6 7 8 9 A B C D E F G H I J K L M N O P Q R S T U V W X Y Z
ဥပမာ 'ဟိန်းဝေယံ' ရဲ့နာမည်ဂဏန်းကို ရှာမယ်ဆိုပါတော့။
HEIN -WAI -YAN
8595 -519 -715
27 -15 -13
9 + 6+4
=19=10=1
'ဟိန်းဝေယံ' ရဲ့နာမည်ဟာ ပိုက်သာဂိုးရပ်စ်၈ဏန်းတန်ဖိုးအရ (၁)ဂဏန်း ဖြစ်တယ်။
နာမည်ဂဏန်း(၁)
လှေခွက်ချည်းကျန် အလံမလှဲကြိုးစားမှုကြုံချိန်။ ငွေကြေးကိစ္စယာယီကျဆင်း မယ်။ ရင်းနှီးမြှုပ်နှံမှုတွေ မလုပ်နဲ့။ အငြင်းသန်တဲ့ မိတ်ဆွေကြောင့် ဒေါသထွက်စရာ ကြုံမယ်။ ဆုံးဖြတ်ချက်မပြတ်သားမှုတွေပြင်၊ ကျန်းမာရေးသင့်၊ ခပ်စိမ်းစိမ်းနေတဲ့ ချစ်သူနဲ့ကြုံမယ်။ လတ်တလောကိစ္စကို တနင်္ဂနွေသားသမီးတွေက ကူညီမှုပေးလိမ့် မယ်။
ယတြာ - ဂုဏ်တော်ကွန်ချာရွတ်ဆိုပါ လာဘ်ရွှင်၈ဏန်း - ၂၊ ၃၊ ၈
နာမည်ဂဏန်း(၂)
ဂုဏ်သိက္ခာမြင့်မားမှုနဲ့ကြုံချိန်။ ပတ်ဝန်းကျင်ရဲ့လေးစားမှုခံရမယ်။ ရတနာစိန် ကျောက်တိုးပွားမှုကြုံမယ်။ လူမျိုးတူဘာသာခြားနဲ့ လုပ်ကိုင်ဆောင်ရွက်ရမယ်။ ခရီး သွားဖို့အထစ်အငေါ့မြင်တယ်။ ရောဂါဝေဒနာဟောင်းသတိပြု၊ အချစ်ရေးပြောင်းလဲ မှုထူးထူးခြားခြားကြုံမယ်။ လတ်တလောကိစ္စတွင် စကားကိုအပိုအလိုကင်းလိုတိုရှင်း ပြော ပါ။
ယတြာ - စေတနာရှိသူကို ဖိနပ်လှူပါ လာဘ်ရွှင်၈ဏန်း - ၃၊ ၆၊ ၉
နာမည်ဂဏန်း(၃)
ထွန်းတောက်မည့်ရောင်ခြည်တွေမြင်ချိန်။ ကြိုးစားတာထက်အောင်မြင်မှုရမယ်။ တီထွင်ဆန်းသစ်မှုနဲ့ အဆင်ပြေမယ်။ သူတစ်ပါးကိစ္စအကြောင်းမဲ့မစွပ်စွဲနဲ့ အင်္ဂါနံအကျိုး ပေးမယ်။ ခရီးသွားလာမှုအဆင်ပြေမယ်။ ကျန်းမာရေးဒုက္ခပေးမယ်။ ချစ်ကံကောင်း တယ်။လတ်တလောကိစ္စတွင် မျှော်လင့်ထားတာထက်ပိုအဆင်ပြေမယ်။
ယတြာ - မွေးနံထောင့်မှာယပ်ဖြူလှူပါ။ လာဘ်ရွှင်၈ဏန်း - ဝ၊ ၃၊ ၎
နာမည်ဂဏန်း(၄)
အောင်မြင်ခြင်းစင်ပေါ်တက်ခွင့်ရချိန်။ မိုးမမြင်၊ လေမမြင်ပျော်ရွှင်ရမယ်။ ရပ်ဝေး၊ နိုင်ငံခြားဆက်သွယ်ရေးကောင်းတယ်။ ပူပန်မှုကြောင့်ရောဂါရမယ်။ ချစ်ချင်သူထက် ချစ်သင့်သူကိုရွေးဖို့မြင်တယ်။ လတ်တလောကိစ္စမှာ တနင်္လာသားသမီးတွေကိုအားမကိုး နဲ့။ ကိုယ့်ဒူးကိုယ်ချွန်ကြိုးစားလုပ်။
ယတြာ - သက်ကြီးသူကိုဝတ်စုံလှူပါ။လာဘ်ရွှင်၈ဏန်း - ၃၊ ၅၊ ၆
နာမည်ဂဏန်း(၅)
စိတ်ကူးသစ်ကြောင့်ပျော်မြူးရချိန်။ မမျှော်လင့်တဲ့အဖြစ်မျိုးနဲ့ကြုံမယ်။ အနီးကပ် ဒုက္ခပေးသူသတိထား၊ စီးပွားဥစ္စာရုတ်တရက်တိုးတက်ပြောင်းလဲမှုကြုံမယ်။ ကျန်းမာ ရေးသင့်ပေမယ့် အစားမှားမယ်။ သံယောဇဉ်တွယ်ငြိသူကြောင့်ရင်ခုန်ရမယ်။ လတ်တ လောကိစ္စတွင်တိကျပြတ်သားတဲ့ ရည်ရွယ်ချက်ရှိသင့်ပါတယ်။
ယတြာ - အကြီးအကဲကိုဆေးနှင့်ကန်တော့ပါ။ လာဘ်ရွှင်၈ဏန်း - ဝ၊ ၃၊ ၆
နာမည်ဂဏန်း(၆)
နွေးထွေးသောအောင်မြင်မှုရချိန်။ မိတ်ဆွေသစ်တိုးမယ်။ ဝန်းကျင်သစ်နဲ့ အကျိုး ပေးမယ်။ စကားပြောဆိုမှုလျှော့ပြီးနားထောင်မှုပိုသင်ကတယ်။ ဘဝအောင်မြင်တိုးတက် ဖို့အခွင့်အရေးတွေကြုံမယ်။ တရှောင်ရှာင်ဖြစ်နေတဲ့ဝေဒနာဆေးကောင်းတွေ့မယ်။ အချစ် ရေးသင့်။ လတ်တလာကိစ္စဆောင်ရွက်ရာတွင် ဆန္ဒနဲ့ရည်ရွယ်ချက်ကို ရဲရဲတင်းတင်းလုပ်။
ယတြာ - သီဟိုဠ်ညွန့်ကပ်လှူပါ။ လာဘ်ရွှင်၈ဏန်း - ၃၊ ၆၊ ၇
နာမည်ဂဏန်း(၇)
အမြင်ကောင်းဖြင့် အကောင်းမြင်ချိန်။ မိသားစုကိုဦးဆောင်တာဝန်ယူရမယ်။ မသိအောင်လုပ်တဲ့ကိစ္စအောင်မြင်လို့စင်မြင့်ပေါ်တက်ခွင့်ရမယ်။ လူတိုင်းကိုယုံလွယ်နေ မယ်။ ချင့်ယုံ၊ ကျန်းမာရေးအတွက်သူတစ်ပါးကျွေးတာမစားနဲ့။ စတိုင်ကောင်းလို့ချစ် သူဝိုင်းနေမယ်။ လတ်တလောကိစ္စကြောင့် ပတ်ဝန်းကျင်မှာလူစွမ်းကောင်းဖြစ်နေမယ်။
ယတြာ - တံခွန်ကုက္ကားလှူပါ။လာဘ်ရွှင်၈ဏန်း - ၁၊ ၂၊ ၎
နာမည်ဂဏန်း(၈)
ပြောင်းလဲမှုကြောင့် အောင်မြင်ချိန်။ အကြံတူရန်သူနဲ့တွေ့မယ်။ မခံချင်စိတ်ကြောင့် စကားများရမယ်။ ချိုသာတဲ့စကား၊ သိမ်မွေ့တဲ့အမူအရာကြောင့်အဆင်ပြေမယ်။ လူကြီး မိဘကျန်းမာရေးဂရုစိုက်။ ချစ်သူက အရမ်းအထင်ကြီးအားကိုးနေမယ်။ လတ်တလော ကိစ္စဆောင်ရွက်ရာတွင် ရန်အတိုက်အခံတွေ့ကြုံပြီးမှ အကျိုးထူးမယ်။
ယတြာ- ယာဂုကပ်လှူပါ။ လာဘ်ရွှင်၈ဏန်း - ၂၊ ၃၊ ၅
နာမည်ဂဏန်း(၉)
အတွေးသစ်ကိုဆုပ်ကိုင်လှုပ်ရှားချိန်.။ ဘာသာရေးအသိအမြင်ထူးတွေရမယ်။ ပညာ မျက်စိဖွင့်ပြီး ဇွဲနဲ့ကြိုးစား။ တိုးပွားမှုရုတ်တရက်ကြုံမယ်။ မိတ်ဆွေဟောင်းနဲ့ပြန်ဆုံ မယ်။ ကျန်းမာရေးအတွက် အငန်လျှော့စား၊ အချစ်ကြောင့်မိသားစုနဲ့စိတ်ဝမ်းကွဲမယ်။ လတ်တလောကိစ္စကြောင့်သူတစ်ပါးထက်ခြေတစ်လှမ်းသာသွားလိမ့်မယ်။
ယတြာ - ဗယာကြော်ငါးခုလှူပါ။ လာဘ်ရွှင်၈ဏန်း - ၃၊ ၄၊ ၆ ဝ၉၅၀-၁၂၇၆၇
အချစ်ဗေဒင်
(1) ရတဲ့သူကတော့ သင်ဟာသူ့ကိုအသက်ပေးနိုင်လောက်အောင်ကိုချစ်ပေမယ့် သူ့အတွက်ကတော့ ရည်းစားဟောင်းကပစ်သွားလို့ အသဲကွဲပြီး ခဏတာလာနားတဲ့ bus ကားမှတ်တိုင်လို ဖြစ်နေတာပါ သင်နဲ့အတူနေတဲ့အချိန်မှာသူဟာပျော်ရွှင်နေရပေမယ့် အဲဒီပျော်ရွှင်ခြင်းက ဟိုမရောက်ဒီမရောက်နဲ့ဖြစ်နေတတ်တယ် ဘာဖြစ်လို့လဲဆိုတော့ ပွေရှုပ်တတ်တဲ့သူ့အကျင့်က သင့်ထက်သာမယ့်သူကို အမြဲတမ်းရှာဖွေနေလို့ပဲဖြစ်တယ် ဒါကြောင့် သူ့ရဲ့နောက်ဆုံးအချစ်ဖြစ်ဖို့အခွင့်အလမ်းဟာ မျောက်တစ်ကောင်သစ်ပင်ပေါ်ကပြုတ်ကျတာနဲ့အတူတူလိုဖြစ်နေတာပါ ... နောင် bus ကားအသစ်ဟာ သူ့ဆီဆိုက်ကပ်လာခဲ့ရင် သူတစ်ခါတည်းပြေးတက်သွားဖို့ဝန်လေးမှာမဟုတ်သလို သင့်ကိုဘယ်လိုဖြစ်ပြီးကျန်ခဲ့မှာလဲဆိုပြီး ခေါင်းပြန်စောင်းငဲ့ဖို့တောင်အချိန်ရှိမှာမဟုတ်ဘူး ...
(2) ရတဲ့သူကတော့ သင်နဲ့သူဟာချစ်တော့ချစ်ကြပါတယ် ဒါပေမယ့် မုန်းတီးမှုနဲ့ပေါက်ဖွားလာတဲ့ချစ်ခြင်းဖြစ်တယ် တူတူနေခဲ့ရင်လည်း လက်ဝှေ့ပွဲကိုကြည့်နေရသလို နေ့စဉ်ထသတ်မှာအမှန်ပါပဲ အကျင့်တွေကလည်း တစ်ယောက်နဲ့တစ်ယောက်မတူကြပါဘူး တစ်ယောက်ပြင်းလာရင် ကျန်တဲ့တစ်ယောက်ကလည်း အလျှော့ပေးမှာမဟုတ်ဘူး ဒါတောင်မှသင်တို့မှာ သုံးပွင့်ဆိုင်မရှိသေးဘူးနော်...တစ်နေ့ကျရင် သူက ခဏဝေးဝေးလောက်နေကြည့်ကြရအောင်လို့ပြောလာခဲ့ရင် သင်သူ့ကိုနားလည်ပေးလိုက်ပါ သူကသင့်ကိုမချစ်တာမဟုတ်ပါဘူး တစ်ယောက်ကိုတစ်ယောက်နားလည်နိုင်တဲ့အချိန်တစ်ခုလောက်တော့ ထားပေးလိုက်ကြပေါ့နော့....
(3) ရတဲ့သူက Yahoo! နောက်ဆုံးတော့လည်းသင်က အစစ်အမှန်ကိုတွေ့တာပဲလေ သင်တို့နှစ်ယောက်ရဲ့တွေ့ဆုံခြင်းဟာ ရေစက်လို့ခေါ်လို့ရတယ် ဘာပဲဖြစ်ဖြစ် တူညီနေတာပဲ အကျင့် အကြိုက် ညစ်ပတ်ခြင်း ပေါခြင်း အရူးထခြင်း တွေပေါ့ ဒါကြောင့်သူ့ကိုတွေ့တဲ့အချိန်ဆို ကိုယ့်ကိုယ်ကိုမှန်ကြည့်နေရသလိုပဲ သင်တို့အချစ်ဟာဘာအရသာမှမရှိပေမယ့် ခိုင်မြဲမှုရှိတာတော့အမှန်ပဲလေ ကြည့်လိုက်တာနဲ့နှလုံးသားထိမြင်ရတယ်ဆိုတာပေါ့ အဲ့ တစ်ခုတော့ရှိတယ် သင်သတိထားရမှာက ကိုယ့်စိတ်ကိုယ်ပဲ သင့်အတွက်သူဟာ ငြီးငွေ့စရာကောင်းနေတယ် ဒါကြောင့်သင်ဟာ ဒီထက်ပိုကောင်းတဲ့အချစ်တွေကိုရှာဖွေနေတယ် နောက်ဆုံးတော့လည်း ဘယ်လူမှ သင့်ရဲ့အခုအရသာမရှိတဲ့ပေါ့ရွှတ်ရွှတ်လူထက်ပိုပြီး ကောင်းမှာမဟုတ်ဘူးဆိုတာသင်သိလိမ့်မယ် ...မသိနိုင်ဘူးလေ အဲဒီအချိန်ရောက်ခဲ့ရင် ...နှောင်းချင်လည်းနှောင်းသွားမှာပေါ့
(4) ရတဲ့သူက သင်နဲ့သူ့ရဲ့အချစ်ဟာ စေးကပ်ကပ်ကြီးလိုဖြစ်နေတယ် ဘယ်လိုခွာခွာ ခွာလို့မရတဲ့ပုံစံ ဘ၀ကိုဘယ်လိုဖြတ်သန်းရမှန်းမသိတဲ့ပုံစံနဲ့တူနေတယ် သူလည်းသင့်အကျင့်တွေဟာသူနဲ့ပေါင်းစပ်လို့ရမလားဆိုတာကိုမသေချာသေးဘူးဖြစ်နေတယ် သင်ကလည်း အိနြေ္ဒရှင်ပီသစွာနဲ့ သူ့ကိုချစ်တယ်လို့ဖွင့်ပြောဖို့မရဲဘူးဖြစ်နေတယ် ဒါကြောင့်ဟိုဖက်ကိုလည်းမသွား ဒီဖက်ကိုလည်းမရောက်ဖြစ်နေတာပေါ့ အကောင်းဆုံးကတော့သင်တို့နှစ်ယောက် ခေါင်းချင်းဆိုင်ပြီး ပြသနာကိုတူတူဖြေရှင်းကြတာကအကောင်းဆုံးပဲလေ မဟုတ်ရင်တော့ သင်တို့ထဲက တစ်ယောက်မဟုတ်တစ်ယောက်ဟာအသစ်တွေ့ပြီး သင်တို့ရဲ့ဇါတ်လမ်းလေးက ဇါတ်သိမ်းသွားလိမ့်မယ်နော်...
(5) ရတဲ့သူက သင်နဲ့သူ့ရဲ့အချစ်က သွေးရဲရဲသံရဲရဲအချစ်ပေါ့ ဘာဂိုဏ်း ညာဂိုဏ်းတွေ မာဖီးယားဂိုဏ်းတွေလိုက်ရင်း အသက်လုပြီး ဖြစ်ပေါ်လာတဲ့အချစ်စစ် သင်တို့အချစ်လမ်းကြောင်းမှာဘယ်လောက်ပဲအန္တရာယ်ရှိပေမယ့် သင်တို့ဟာ တစ်ယောက်နဲ့တစ်ယောက်ကိုနားလည်ပြီး နှလုံးသားအစစ်အမှန်နဲ့ချစ်တာဖြစ်တယ် သင်တို့နှစ်ယောက်ဟာ ခုချိန်မှာချစ်သူအဆင့်တွေမဟုတ်တော့ပါဘူး နှစ်လွာပေါင်းမှတစ်ရွက်ဆိုပြီး ဖြစ်နေကြပါပြီ အသက်ပေးပြီးချစ်ကြတဲ့သူတွေအဆင့်ရောက်နေကြပါပြီ သင်ဟာသူ့ရဲ့နောက်ဆုံးအချစ်မဟုတ်ဘူးလို့ မယုံမသကာင်္မဖြစ်ပါနဲ့ ဘာလို့လဲဆိုတော့ သူဟာယုံကြည်နေပါပြီ သင်ဟာ ဘုရားကပေးလာတဲ့ ဖူးစာရှင်အစစ်လို့ ...
(6) ရတဲ့သူက ခုချိန်တွေမှာ ဘာစားစား သကြားထည့်ဖို့တောင်မလိုတော့ပါဘူး ဘာလို့လဲဆိုတော့ သင်တို့အချစ်ရဲ့ချိုမြိန်ခြင်းက သကြားရဲ့အချိုဓါတ်ကိုတောင်ဝါးမြိုသွားလို့ဖြစ်တယ် ဒါပေမယ့်လည်း ဒီပျော်ရွင်မှုဟာ မပြည့်စုံသေးဘူးလို့သင်ခံစားရမယ် ရေမြောင်းပုပ်မှာ လရိပ်ကို မြင်ရသလိုပေါ့... သင်ဟာ သင့်ချစ်သူနဲ့ ဒီလိုအမှတ်တရအချိန်လေးတွေကိုဘယ်လောက်ကြာကြာခံစားရဦးမှာလဲဆိုတာမသေချာသေးဘူး သို့ပေမယ့်လည်းသင်ဟာခုချိန်မှာအရမ်းပျော်နေတယ်လို့တော့ ပြောနိုင်တယ်လေ အကယ်လို့သူပြသနာတစ်ခုခုရှိပြီး သင့်ကိုမသိစေချင်ရင်လည်း သင်က ဘာမှမသိသလိုနေမှာအသေအချာပဲ ... သင်ဟာသူ့ရဲ့နောက်ဆုံးအချစ်ဖြစ်ပြီလားလို့မေးရရင်တော့ သင့်ရဲ့အစွမ်းအစပေါ်မှာမူတည်ပါတယ် ပြီးတော့ သူရဲ့ခိုင်မာမှုနဲ့လည်းဆိုင်တယ်လေ သူ့ရဲ့ပြသနာကိုဖြေရှင်းနိုင်ရဲ့လားဆိုတာ....
(7) ရတဲ့သူက ဒီတစ်ယောက်က သင့်ကိုအမြင်ရှင်းသွားအောင်လုပ်ပေးနိုင်စွမ်းရှိတယ် အနိမ့်စားလူတစ်ယောက်ကဘယ်လိုလဲဆိုတာပေါ့ ဘာဖြစ်လို့လဲဆိုတော့ အဲဒီသူနဲ့အတူပါလာတာက တစ်ကိုယ်ကောင်းဆန်စိတ် ကိုယ့်ကိုယ်ကိုအထင်ကြီးမှု အများကြီး အများကြီးပေါ့ သင့်ကိုတစ်ခုခုကူညီလိုက်ရင် ကျေးဇူးအတင်ခံချင်တာကအရင် ပေါ့ ကျေးဇူးမမေ့နဲ့ ကျေးဇူးမမေ့နဲ့ ဆိုတာသူ့ပါးစပ်ကပြောလာတဲ့စကားတွေပေါ့ ပွေလည်းပွေတယ် ကပ်စေးလည်းနှဲတယ် ဆိုးသောအရသာမျိုးစုံနဲ့ပြည့်နေတဲ့သူပေါ့ သင့်နဲ့ရည်းစားလာဖြစ်တာကလည်း အထွေအထူးမဟုတ်ပါဘူး Super Casanova ဆိုတဲ့ဂုဏ်ထူးကြီးကြောင့်ပဲဖြစ်တယ် သင်ဟာ ရုပ်မရှိရင် အဲဒီတစ်ယောက်ကသင့်ကိုမျက်စောင်းလေးတောင်ထိုးကြည့်မှာမဟုတ်ဘူး ပြီးတော့ သင်မသိသေးတဲ့ သူ့ရဲ့အတွဲပေါင်းများစွာကိုလည်း ဂိုဒေါင်ကြီးထဲထည့်ထားရတဲ့အထိ ဒါကြောင့် သူ့ရဲ့နောက်ဆုံးအချစ်ဖြစ်ခွင့်ကတော့ လုံးဝမမျှော်လင့်နေပါနဲ့တော့နော် ...
(8) ရတဲ့သူက သူ့ရဲ့နောက်ဆုံးအချစ်ဖြစ်ဖို့အခွင့်အရေးဟာ 50% - 50% ပါပဲ သင်တို့အချစ်ဟာကြာပြီး အားလုံးနေရာကျနေပြီလေ တစ်ယောက်အကြောင်းကိုတစ်ယောက်သိနေပြီလေ ဒါကြောင့်တူတူနေတဲ့အချိန်ဆို စိတ်ချမ်းသာရတယ် အဲဒီစိတ်ချမ်းသာတာက ချိုတာတွေ romantic တာတွေမရှိတဲ့ခံစားချက် သ၀န်တိုခြင်း လိုချင်တပ်မက်မှုတွေမရှိတဲ့အချစ်ဖြစ်နေပါတယ် ဒါကြောင့်သင်တို့အချစ်က သကြားပြတ်သွားတဲ့အချစ်နဲ့တူတယ်လေ သင်တို့နှစ်ယောက်ဟာ တစ်ယောက်ကိုတစ်ယောက်သိကြမှာပါ တစ်ယောက်အပေါ်တစ်ယောက်ဘယ်လောက် နားလည်နိုင်စွမ်းရှိတယ်ဆိုတာ သူ့အပြင် သင့်အပေါ်မှာနောက်ထပ်နားလည်နိုင်မယ့်သူလည်းရှာလို့တွေ့တော့မှာမဟုတ်တော့ဘူးလေ...
(9) ရတဲ့သူက ... အားရိုးရိုး သင်တို့အချစ်ကို နှိုင်းရရင်တော့ နံနက်နေထွက်ချိန်နဲ့ ညနေ နေ၀င်ချိန် ... ကောင်းကင်နဲ့မြေကြီး ... သူချမ်းသာနဲ့ သူဆင်းရဲ ...နတ်ပန်းနဲ့ ငရဲပန်း ... စတာတွေပေါ့ ဒါကြောင့်သင်တို့အချစ်ကို သင်တို့ကိုယ်တိုင်တောင်နားမလည်နိုင်ပဲဖြစ်နေရတယ် နောက်ထပ် ဘာထူးဆန်းစရာတွေ ထပ်လာဦးမလဲဆိုပြီးတော့ သင်တို့နှစ်ယောက်ရဲ့ အချစ်အကြောင်းဟာ ဟာသတစ်ပုဒ်လိုပဲဖြစ်နေတယ် သင်တို့နှစ်ဦးကလည်းသိနေတယ်လေ ကြာရှည်လက်တွဲလို့မရဘူးဆိုတာပေါ့ ခဏတစ်ဖြုတ်လေးလက်တွဲတာကလည်း ကိုယ့်ဘ၀မှာ ရယ်စရာအမှတ်တရအဖြစ်ထားခဲ့ချင်လို့ပဲဖြစ်တယ်... သင်တို့နှစ်ဦးဟာ အလွန်ခြားနားလွန်းလို့ တူတူသွားလို့မရဘူးဆိုပြီးတော့ပေါ့ သင်တို့နှစ်ဦးလမ်းခွဲသွားခဲ့ရင်လည်း သူငယ်ချင်းကောင်းတွေဆက်ဖြစ်ဦးမှာပါ...
နေ့အလိုက် အချစ်ဗေဒင်
ချစ်သူနဲ့ ညှိရနှိုင်းရ ခက်နေလား။ စိတ်ရှည်စမ်းပါ။ သူက ကိုယ့်ဘက်မှာ ရှိပြီးသားပါ။ သူလည်း နည်းနည် မူချင်တာပေါ့။ လွတ်လပ်စွာ မူခွင့်ပေးလိုက်နော်။ ကိုယ့်ဆန္ဒကို သူမုချ လိုက်လျောပါမယ်။ ကိုယ်က ထစ်ကနဲဆို စိတ်က ထွက်ပြီးသား။လုပ်ဆိုရင် ပြီးသွားမှ ကြိုက်တာ။ သူက ခပ်လေးလေး ရယ် အူကို ယားနေတာပဲ။ စိတ်ထိန်းနော်။လွှတ်မပေးလိုက်နဲ့။ သူက လူအေး လူနှေး ကိုယ်စိတ်တိုလည်း သူပြင်မှာ မဟုတ်ဘူး။သူ့လို အေးအေး လူလူ နေတတ်အောင် ကျင့်ပါ။ သူက စိတ်အေးလက်အေး နေတတ်သူ။ စဉ်းစားလွန်းသူ။ ကိုယ့်လို ရေဆို ခပ်ပြီးသားမှ ကြိုက်တဲ့ သူနဲ့က ရေရှည်မှာ ဘယ်နှယ့် လုပ်မလဲ။ သူ့အလိုအတိုင်း နေပြီး ကိုယ်ကြိုက်သလို နေမှ အဆင်ပြေမှာ။ ချစ်သူက တကယ် ချစ်ပါတယ်။ အေးတိအေးစက် နိုင်တာကို ပြင်ဖို့ မကြိုးစားနဲ့။ ကိုယ့်ကို ပိုပိုပြီး ချစ်ဖို့က ရွှေအိုရောင် အင်္ကျီလေး ၀တ်ပြီး ငါးမုန့် ကြော်စားရင်း ချစ်စကားလေးတွေ တ၀ကြီး ပြောပါ။ ကိုယ့်စကားကို နားထောင်ဖို့ အနောက်တောင် အရပ်ကို မျက်နှာမူလို့ ပီကေလေး ၀ါးပြီး ပြောပါ။ ကိုယ်မှ ကိုယ်ပဲ ဖြစ်နေပါလိမ့်မယ်။
ယတြာ။ ။ ချော့ကလက် တစ်တောင့်ကို နှစ်ယောက် အတူစားပါ။
တနင်္လာသားသမီး
ချစ်သူက အရမ်း ကြိုးကိုင်ချင်လို့ စိတ်ညစ်နေလား။ ဘာမဆို သူ့သြဇာ သက်ရောက်စေချင် နေတာပဲ။ ကိုယ့်ကို လွှမ်းမိုးဖို့ အမြဲ ကြိုးစားနေတယ်ဆိုတာ သိပြီးသားပါ။ ကိုယ်ကလည်း စကားနည်း ရန်စဲ အဖြစ်နေတာပါ။ သူပြောတာ အားလုံး နားထောင်ဖို့ ဆိုတာ ဖြစ်မှ မဖြစ်နိုင်တာ။ ကိုယ်ရူးချင် ယောင်ဆောင်တာ သူသိပါတယ်။ နဂါးမှန်း သိအောင် အမောက်လေးတော့ ထောင်ပြလိုက်ပါဦး။ နို့မို့ဆို သူက ကိုယ့်ကို အေးဆေးပါ ဆိုတဲ့ စာရင်းထဲ ထည့်ထားတာ။ သူက ကိုယ့်ကို ခေါက်ပြီး အိတ်ထဲ ထည့်ထားချင်တာ။ သူဘာပဲလုပ်လုပ် ထောက်ခံတာပဲ လိုချင်သူပါ။ သူက အတ္တသမား အစစ်နော်။ ကိုယ်နဲ့ ရေရှည်တော့ သိပ်မလွယ်တာ အမှန်ပါ။ ကိုယ်က ကိုယ့်အာရုံနဲ့ ကိုယ်နေရတာ ကြိုက်ပြီး သူက ရေရေလည်လည် လိုင်းပူး တတ်သူပါ။ သူလိုင်းပူးပေမယ့် ကိုယ်မပါဖို့ဘဲ လိုတာပါ။ ကဲ ချစ်သူနဲ့ ကျောချင်းကပ်ရာက ရင်ချင်းအပ်လို့ ချစ်ဖို့ လိုပြီနော်။ ဖါလူဒါလေး တစ်ခွက်ကို နှစ်ယောက်အတူ သောက်ရင်း စကားချိုချိုလေးတွေ ပြောပါ။ ကိုယ့်စကားနားထောင်ဖို့က အပွင့်နုပ်နုပ်လေးတွေပါတဲ့ အင်္ကျီလေး ၀တ်ပြီး မြောက်အရပ်ကို မျက်နှာမူပြီး စကားပြောပါ။ယတြာ။ ။ လက်စွပ်ဆင်တူလေး ၀တ်ပါ။
အင်္ဂါသားသမီး
ခရီးဝေး သွားနေတဲ့ ချစ်သူနဲ့ အဆက်အသွယ်ပြန်ရပါမယ်။ အဆက်အသွယ် မရလို့ စိတ်ညစ်နေ ရမှာပါ။ စိတ်ထဲမှာလည်း ဒွိဟဖြစ်ပြီး တွေးနေမိပါမယ်။ တောင်စဉ်ရေမရ လျှောက်စဉ်းစားတာ များလို့ အိပ်ရေးပျက်ပေါင်းလည်း များပါပြီ။ ဟိုလူက ဟိုဟာအကြံပေး၊ ဒီလူက ဒီဟာ အကြံပေးနဲ့ ဘာလုပ်ရမှန်းကို မသိတော့ပါဘူး။ ခုမှပဲ စိတ်ချမ်းသာရတာပါ။ ချစ်သူက သစ္စာရှိတာ ဟုတ်၊ မဟုတ်ကတော့ စောင့်ကြည့်ရပါဦးမယ်။ ယာယီစိတ်အေးတာလား။ အမြဲတမ်းအတွက် စဉ်းစားတာလား သိဖို့လိုပါပြီ။ ကိုယ်ကလည်း တစ်အုံနွေးနွေးနေရတာကို အူယားတာနဲ့တော့ ဟုတ်နေပါပြီ။ စိတ်တွေ သိပ်ပူမနေပါနဲ့။ အချိန်တန်ရင် အဖြေ ထွက်လာမှာပါပဲ။ ချစ်သူက နေစိမ့်တာပဲ ဖြစ်ပါတယ်။ ချစ်သူရဲ့ အချစ်တွေကို အဆုံးရှုံး မခံနိုင် ဘူးဆိုရင် အ၀ါနုရောင် စက္ကူလေးနဲ့ သူ့ကို စာရေးလိုက်ပါ။ ကော်ဖီလေး သောက်ရင်း ရေးဖို့ မမေ့ပါနဲ့။ ကိုယ့်စကား နားထောင်ဖို့က ရေမွှေးဘူးလေး လက်ဆောင်ပေးလိုက်နော်။
ယတြာ။ ။ မုန့်လင်မယား တစ်ခုကို တစ်ယောက် တစ်ခြမ်းစားပါ။
ဗုဒ္ဓဟူးသားသမီး
ချစ်သူကို စိတ်ပျက်ရမယ့် အချိန်ပါပဲ။ ရည်ရွယ်ချက်၊ ရည်မှန်းချက် ကင်းမဲ့ပြီး ပျော်သလို နေတတ်သူပါ။ ကတိတွေ လွယ်လွယ် ပေးတတ်သလို လွယ်လွယ်မေ့တတ်တော့ စိတ်ပျက် ရပါတယ်။ ကိုယ့်စိတ်က အမြဲတမ်း ကြိုးစားနေတာကိုပဲ လိုချင်တာပါ။ ဟိုယောင်ယောင်၊ ဒီယောင်ယောင် လုပ်တာကို သိပ်အူယားပါတယ်။ သူက အပြောတစ်မျိုး၊ အလုပ်တစ်မျိုးဆို တော့ ဘယ်လို နားလည်ရမှန်း မသိတော့ပါဘူး။ အခြေအနေလေး တိုးတက်လာမလားလို့ သူ့ကို ဆွဲဆောင်ကြည့်တာလည်း အလကားပါပဲ။ ကိုယ်ပြောရင်တော့ တစ်ခါမှ ခေါင်းမခါ ခဲ့ပါဘူး။ ဘယ်တော့မှလည်း လေးလေးစားစား မလုပ်ပါဘူး။ ရေရှည်ကို ဘယ်လို လက်တွဲ ရမှာပါလိမ့်။ မလွယ်တော့ မလွယ်ဘူးနော်။ ကိုယ်က ရည်မှန်းချက် ပန်းတိုင် ထားတတ်သူ။ သူက ပေါ့ပေါ့ နေတတ်သူ။ ခံစားချက်၊ ခံယူချက်ချင်း မတူပါဘူး။ ကဲ ချစ်သူလေးနဲ့ ကြည်နူးမှုတွေ ဝေဖြာနေဖို့ အနီရောင် အင်္ကျီလေးဝ တ်ပြီး ပဲပြုတ်၊ နံပြား အတူတူစားရမယ် နော်။ ကိုယ့်စကားကို နားထောင်ပြီးရင်း နားထောင်ဖို့က သနပ်ခါး ဘူးလေး လက်ဆောင် ပေးလိုက်ပါ။ ယတြာ။ ။ ချစ်တီးတိုရှည်တစ်ချပ်ကို နှစ်ယောက်အတူစားပါ။
ကြာသာပတေးသားသမီး
မျှော်လင့်ထားတဲ့ တစ်ယောက်က ချစ်ခွင့်ပန်လာလို့ အရမ်း ပျော်ရွှင် ကျေနပ်ရပါမယ်။ သူက ကိုယ့်ဘ၀အတွက် လမ်းပြကောင်းပါ။ ကိုယ့်ဘ၀ကို မြင့်သထက်မြင့်အောင် ဆွဲငင် ခေါ်ယူနိုင်စွမ်း ရှိသူဖြစ်လို့ မျှော်လင့်ခဲ့ရတာပါ။ ခုမှပဲ လောကကြီးရဲ့ ပန်းရောင်စုံလေးတွေ ပွင့်သွားတော့တယ်။ ချစ်သူရဲ့ ဖေးမမှုနဲ့ကိုယ့်အနာဂတ်ကို ပုံဆောင်ဖို့ တွေးပြီးပျော်နေမိမယ်။ အင်မတန် စည်းစနစ်ကျပြီး အရည်အချင်း ပြည်ဝတဲ့ ချစ်သူကို လေးစားနေမိတာ ကြာပါပြီ။ ရည်ရွယ်ချက်ကြီးကြီးနဲ့ ကြိုးစားတတ်သူဖြစ်လို့ သူပြောမယ့် အချိန်ကို စောင့်မျှော် နေခဲ့မိတာပါ။ ကိုယ် သူ့အပေါ် မေတ္တာရှိ တာလည်း သူသိပါတယ်။ ဘ၀ရဲ့ တန်ဖိုး အထားရဆုံး အရာလေးပါပဲ။ ကဲ ချစ်သူက ချစ်ပြီးရင်း ချစ်နေဖို့တော့ လိုတယ်နော်။ အဲဒီအတွက် အရှေ့အရပ်ကို မျက်နှာမူပြီး ချစ်သူနဲ့အတူ နို့အေးလေး အတူ သောက်ပေးပါ။ ခရမ်းနုရောင် အင်္ကျီလေးဝတ်လို့ နှင်းဆီပန်းလေးဆောင်ထားပြီး မြောက်ဘက် အရပ်က ဘုရားမှာ ချစ်စကားလေးတွေ တ၀ကြီး ပြောပေးရင် ချစ်သူက ကိုယ့်စကားကိုမှ နားထောင်ချင်ပါတယ်လို့ ဖြစ်သွားပါလိမ့်မယ်။ယတြာ။ ။ ချစ်သူရဲ့အင်္ကျီ ကြယ်သီးလေးကို ကူတပ်ပေးပါ။
သောကြာသားသမီး
ခဲလေသမျှ သဲရေကျရတဲ့ အဖြစ်ပါ။ ကိုယ်ကတော့ မျက်စိစုံမှိတ်လို့ ချစ်လိုက်ရတာ။ သူက လူရွေးပွဲ ကျင်းပနေတာပါ။ဟိုတစ်ယောက်ကိုလည်း လက်မလွှတ်၊ ဒီတစ်ယောက်ကိုလည်း စဉ်းစား၊ ကိုယ့်ကိုလည်း မျှောထားနဲ့ တစ်ခုမှကို လက်မလွတ်ပါဘူး။ ကိုယ်ကတော့ အဟုတ်ကြီး မှတ်လို့ မျှော်လင့် စောင့်စားနေတာ။ သူများ သတင်းပေးတုန်းက ထင်မထားမိခဲ့ဘူး။ ကိုယ်တိုင်တွေ့မှပဲ ယုံလိုက်ရတော့တယ်။ သူ့လို လူအတွက် လုံးဝ မခံစားပါနဲ့။ ကိုယ်က မေတ္တာစစ်နဲ့ ချစ်တတ်သူပါ။ သူ့ကိုလည်း ကိုယ့်လိုပဲ ယူဆခဲ့မိတာပါ။ ခုတော့ သူက သူငယ်ချင်းလိုလို၊ မိတ်ဆွေလိုလိုနဲ့ ကိုယ့်ကို ကပ်လိုက်ခွာလိုက် လုပ်နေပါမယ်။ မျှော်လင့်ချက်တွေ တစ်ပြုံကြီးပေးတုန်းကလည်း သူပါပဲ။ မသိသလို သိသလို လုပ်နေတာလည်း သူပါပဲ။ အခုတော့ သဲသဲကွဲကွဲ သိရပါပြီ။ အချစ် က မီးလိုပူတယ်လို့ ယူဆထားတဲ့သူပါ။ ခုချိန်မှာ သောကဖြာ နေရပေမယ့် ရေရှည်မှာတော့ စိတ်ချမ်းသာရပါမယ်။ ချစ်သူက ချစ်သထက်ချစ်နေစေဖို့ သာကူယိုကို နှစ်ယောက်အတူစားပေးပါ။ ကိုယ်ပြောတဲ့ စကားတွေကို တသဝေမတိမ်း နားထောင်ဖို့က တောင်အရပ်ကို မျက်နှာမူပြီး ဇီးယို စားပြီး စကားပြောပါ။ ယတြာ။ ။ နှစ်ခွက်ပေါင်းမှ တစ်ခွက်ဖြစ်တဲ့ေ<ကခွက်ကို တစ်ယောက် တစ်ခွက်စီ ခွဲသုံးပေးပါ။
စနေသားသမီး
ကိုယ်စဉ်းစားနေတဲ့ သူက လူလွတ် မဟုတ်မှန်းသိလို့ အံ့သြသွားလား။ ကိုယ့်ကိုယ်လည်း သူက စိတ်ဝင်စား နေတာပါ။ ကိုယ့်ဆီကို စင်ကူးဖို့ ကြိုးစားနေသူပါ။ ဒါပေမယ့် ကိုယ်က ဒါမျိုးကို လုံးဝ လက်မခံတတ်တဲ့ သူမှန်း သူမသိလို့ပါ။ ရိုးသားမှုကို အင်မတန် မြတ်နိုးတတ်တဲ့ ကိုယ့်အတွက် သူ့အကြောင်းကို သိတဲ့နေ့က စပြီး ရင်ထဲက ထုတ်ပစ်ဖို့ ကြိုးစားမိမှာပါပဲ။ ကိုယ့်ပတ်ဝန်းကျင်မှာ ကိုယ့်ကို နှစ်သက်တဲ့ တခြားသူတွေ ရှိနေပါသေးတယ်။ ကြိုက်ရာကို ရွေးယူလို့ ရပေမယ့် ကိုယ့်မူရင်း စိတ်က ကိုယ့်ရင်က လှုပ်ရှားသူကိုပဲ ခံစားမိပါမယ်။ ခုတော့ အချစ်က ယိုင်နဲ့နဲ့လေးပဲ ကျန်ပါတော့တယ်။ သူ့ကို မတွေ့မိအောင် ဂရုစိုက်ပြီး ရှောင်နေပေမယ့် စိတ်ကတော့ တားဆီး ပိတ်ပင်ဖို့ ခက်နေပါမယ်။ သူ့ကို ရင်ထဲက နှစ်သက်ခဲ့မိတဲ့ အတွက် ရှက်လည်းရှက်၊ ၀မ်းလည်း နည်းမိပါတယ်။ မုန်းဖို့ထက် မေ့ဖို့ကိုပဲ ကြိုးစားနေမိမှာပါ။ အနောက်တောင် အရပ်ကို မျက်နှာမူပြီး မု့န်ဟင်းခါး အ၀စားပေးပါ။ သူ့ကိုမေ့လို့ ရလာပါမယ်။ အဖြူရောင် အင်္ကျီဝတ်ပြီး ဗုဒ္ဓဟူးနံ၊ အင်္ဂါနံပါတဲ့ ဘုရားကို သွားပြီး အဓိဋ္ဌာန်တင်ပါ။
ယတြာ။ ။ ပါပလာ ၃ ချပ် ၀ယ်စားပါ။
သင့်မှာ ဘယ်လို အကျင့်စရိုက်တွေ ရှိသလဲ။ ဗေဒင်ဟော ကြည့်မယ်။
ဖူးငုံ ဆယ်ကျော်သက် စာဖတ်ပရိတ်သတ်များ အတွက် ကမ္ဘာ့နိုင်ငံ အသီးသီးမှ ဗေဒင်ဟောပြောမှု ပုံစံများကို တင်ဆက်ပေးနေရာ၊ ဒီလမှာတော့ မွေးနေ့အလိုက် တိရစ္ဆာန် အကောင်များနဲ့ တင်စားပြီး အမူအကျင့် ဘယ်လိုရှိတယ် ဆိုတာ တင်ပြပေးလိုက်ပါတယ်။
ဇန်န၀ါရီ
၀၁ – ၀၉ ခွေး
၁၀ – ၂၄ ကြွက်
၂၅ – ၃၁ ခြင်္သေ့
ဖေဖော်ဝါရီ
၀၁ – ၀၅ ကြောင်
၀၆ – ၁၄ ချိုးငှက်
၁၅ – ၂၁ လိပ်
၂၂ – ၂၈ ကျားသစ်နက်
မတ်ခ်ျ
၀၁ – ၁၂ မျောက်
၁၃ – ၁၅ ခြင်္သေ့
၁၆ – ၂၃ ကြွက်
၂၄ – ၃၁ ကြောင်
ဧပြီ
၀၁ – ၀၃ ခွေး
၀၄ – ၁၄ ကျားသစ်နက်
၁၅ – ၂၆ ကြွက်
၂၇ – ၃၀ လိပ်
မေ
၀၁ – ၁၃ မျောက်
၁၄ – ၂၁ ချိုးငှက်
၂၂ – ၃၁ ခြင်္သေ့
ဇွန်
၀၁ – ၀၃ ကြွက်
၀၄ – ၁၄ လိပ်
၁၅ – ၂၀ ခွေး
၂၁ – ၂၄ မျောက်
၂၅ – ၃၀ ကြောင်
ဇူလိုင်
၀၁ – ၀၉ ကြွက်
၁၀ – ၁၅ ခွေး
၁၆ – ၂၆ ချိုးငှက်
၂၇ – ၃၁ ကြောင်
သြဂုတ်
၀၁ – ၁၅ မျောက်
၁၆ – ၂၅ ကြွက်
၂၆ – ၃၁ လိပ်
စက်တင်ဘာ
၀၁ – ၁၄ ချိုးငှက်
၁၅ – ၂၇ ကြောင်
၂၈ – ၃၀ ခွေး
အောက်တိုဘာ
၀၁ – ၁၅ မျောက်
၁၆ – ၂၇ လိပ်
၂၈ – ၃၁ ကျားသစ်နက်
နိုဝင်ဘာ
၀၁ – ၁၆ ခြင်္သေ့
၁၇ – ၃၀ ကြောင်
ဒီဇင်ဘာ
၀၁ – ၁၆ ခွေး
၁၇ – ၂၅ မျောက်
၂၆ – ၃၁ ချိုးငှက်
၁။ အကယ်၍ သင့်မွေးရက်သည် ခွေး ဖြစ်ပါက အလွန် သစ္စာရှိပြီး သဘောကောင်းသူ ဖြစ်သည်။ သင်၏ သစ္စာရှိမှုကို လုံးဝ သံသယ ဖြစ်စရာ မလိုပေ။ အလုပ်နှင့် ပတ်သက်ပြီး ရိုးသား ဖြောင့်မတ်ကာ အလုပ်ကို လေးစားသူ ဖြစ်ပြီး ပင်ကို စိတ်ရင်းအားဖြင့်လည်း ရိုးသားသူတစ်ဦး ဖြစ်သည်။ အများတကာနှင့် ဆက်ဆံရာတွင် မိမိကိုယ်မိမိ ရိုကျိုး၊ နှိမ့်ချ ဆက်ဆံတတ်သူလည်း ဖြစ်သည်။ ထို့ကြောင့် မိတ်တွေအပေါင်းအသင်းများ အလယ်တွင် အားလုံး၏ ချစ်ခင်မှုကို ရယူနိုင်စွမ်း ရှိပြီး ၀တ်စားဆင်ယင်မှုနှင့် ပတ်သက်၍လည်း လိုက်ဖက်သည့် အ၀တ်အစားများကို ရွေးချယ်တတ်သည်။ အသစ်အဆန်းကို မက်မောတတ်သူ ဖြစ်သဖြင့် ခေတ်ပေါ် အ၀တ် အစား မ၀ယ်နိုင်သည့် အခါများတွင် စိတ်ဓါတ်ကျလေ့ ရှိသည်။ ဘ၀ကို သက်သက်သာသာ ကျော်ဖြတ်သူများ ဖြစ်ပြီး အပေါင်းအသင်းများ အလယ်တွင် ထင်ပေါ် ကျော်ကြားသူလည်း ဖြစ်သည်။ သိက္ခာရှိသော အပေါင်း အသင်းများနျင့်သာ ပေါင်းသင်းလေ့ ရှိသူလည်း ဖြစ်သည်။
၂။ အကယ်၍ သင့်မွေးနေ့သည် ကြွက်ဖြစ်ပါက သင်သည် အပေါင်းအသင်းများအား နောက်ပြောင်တတ်သူ ဖြစ်သည်။ ပျော်ရွှင်တတ်သော အငွေ့အသက်များ သင့်မျက်ဝန်းတွင် တွေ့မြင်နေရသည့်အတွက် လူတိုင်းကို ဆွဲဆောင်နိုင်စွမ်း ရှိသည်။ ထို့ကြောင့် လူအများက သင်နှင့် ပေါင်းသင်းရန် လိုလားကြပြီး လူစုံသည့် ပွဲလမ်း သဘင်များတွင်လည်း သင်ရှိနေစေရန် လိုလားကြသည်။ သို့သော် သင်သည် စိတ်ဆတ်သူ ဖြစ်သည်။ သင်နှင့် စကားပြောရန် အပေါင်းအသင်းများက စကားလုံးကို ရွေးချယ်ပြောမှသာ ဖြစ်သည်။ စကား အမှားမခံ။ တစ်စုံတယောက်က စကားမှား ပြောမိလျှင်လည်း ခွင့်လွှတ်နိုင်စွမ်း မရှိသူ ဖြစ်သည်။
၃။ အကယ်၍ သင့်မွေးနေ့သည် ခြင်္သေ့ ဖြစ်ပါက သင်သည် ခြင်္သေ့၏ သဘောထားနှင့် ဆန့်ကျင်စွာ ငြိမ်းချမ်းရေးကို လိုလား နှစ်သက်သူ ဖြစ်သည်။ ရန်ကို ရှောင်ရှားလေ့ ရှိပြီး တင်းမာမှု အခြေအနေ မျိုးကိုပါ လက်မခံတတ်သူ ဖြစ်သည်။ အိမ်တွင်းမှာထက် အပြင်မှာ ပျော်မွေ့သူ ဖြစ်ပြီး တစ်နေရာတည်းတွင် ကြာရှည် နေရန် မလိုလားသူလည်း ဖြစ်သည်။ မွေးရာပါ ခေါင်းဆောင် ဗီဇ ရှိသူ ဖြစ်သည်။ လုပ်ငန်းခွင်တွင် အပေါင်း အသင်းများအား အလုပ် တွင်ကျယ်စေရန် နည်းပရိယာယ် ကြွယ်ဝစွာဖြင့် စည်းရုံး သိမ်းသွင်းနိုင် သူလည်း ဖြစ်သည်။ သူတပါး၏ ချစ်ခင် မြတ်နိုးမှုကို လိုလားပြီး တစုံတစ်ယောက်က ကိုယ့်ကို ဂရုစိုက်ပြီ ဆိုလျှင် ကိုယ်က သူ ဂရုစိုက်တာထက် အဆပေါင်း များစွာ တုံ့ပြန်မှု ပေးသည်။ စိတ်သဘော ကောင်းလွန်းခြင်းကြောင့် အပေါင်း အသင်းများက မြှောက်ပင့် ခိုင်းစေတတ်သည်ကို အထူး သတိပြုပါ။
၎။ အကယ်၍ သင့်မွေးနေ့သည် ကြောင် ဖြစ်ပါက သင်သည် အလွန်အမင်း ချစ်ခင်ဖွယ် ကောင်းသူ ဖြစ်သည်။ တခါတရံတွင် လိုအပ်သည်ထက် ပိုပြီး ရှက်နေတတ်သည်။ ဖြတ်ထိုးဥာဏ် ရှိသည်။ တစ်ယောက်တည်း ငြိမ်ငြိမ် သက်သက် နေရသည်ကို ပိုပြီး လိုလားသည်။ အရာရာကို စေ့စေ့စပ်စပ် သိလိုစိတ် ပြင်းပြပြီး တစ်စုံတစ်ခုကို လေ့လာပြီ ဆိုလျှင် ရေဆုံးရေဖျား လိုက်တတ်သည်။ ပုံမှန်အနေအထားဖြင့် သင်သည် အေးဆေးတည်ငြိမ်သူ ဖြစ်သည်။ သို့သော် အခြေအနေအရ လိုအပ်လာပါက မီးတောင် တစ်ခု ပေါက်ကွဲသလို ပေါက်ကွဲနိုင်စွမ်း ရှိသူ လည်းဖြစ်သည်။ ခေတ်မီ အ၀တ်အစားများကို နှစ်သက်သည်။ ပတ်ဝန်းကျင်မှ မိတ်ဆွေများက သင့်အား ခေတ်မီသူ တစ်ဦး အဖြစ် သတ်မှတ်ထားကြသည်။ ပတ်ဝန်းကျင်နှင့် ရောထွေးနေတတ်သော်လည်း သူစိမ်းများ နှင့် စကားပြောဆိုရန် ၀န်လေးတတ်သည်။ အပေါင်းအသင်း ပေါင်းရာတွင် လူရွေး ပေါင်းတတ်သူ တစ်ဦးလည်း ဖြစ်သည်။
၅။ အကယ်၍ သင်၏ မွေးရက်သည် လိပ်ဖြစ်ပါက သင်သည် အရာရာကို အကောင်းမြင်တတ်သူ တစ်ဦး ဖြစ်ပြီး စိတ်နှလုံးကောင်း ရှိသူ ဖြစ်သည်။ သင်၏ ကြင်နာမှုများကို သင့်ပတ်ဝန်းကျင်က အမြဲတစေ ဂရုပြုမိကြပြီး ကိုယ်တိုင်က ငြိမ်းချမ်းရေးကို မြတ်နိုးသူဖြစ်သည်။ တစုံတစ်ယောက် မှားနေသည်ကို မြင်ဦးတော့ ပြုပြင်ပေးရန် ၀န်လေးသူ ဖြစ်သည်။ မည်သူနှင့်မျှ ထိပ်တိုက် ရင်ဆိုင်မှု မပြုလို။ ထို့ကြောင့် ပတ်ဝန်းကျင်မှ မိတ်ဆွေများက သင့်အား ချစ်ခင်ကြသည်။ လူတစ်ဦးတစ်ယောက် အကြောင်းကိုမှ နောက်ကွယ်မှာ အတင်းမပြောတတ်။ မည်သူ့ ပေါ်မဆို ချစ်ခင်မှုတွေ ပေးအပ်သော်လည်း ကိုယ့်အပေါ်မှာ မည်သူကမျှ တုံ့ပြန်မှု မရှိ။ အရာရာမှာ ရက်ရောသူ တစ်ဦး ဖြစ်သည်။
၆။ အကယ်၍ သင့်မွေးနေ့သည် ချိုးငှက် ဖြစ်ပါက သင်သည် ပျော်ရွှင်စွာ နေထိုင်လေ့ ရှိပြီး ဘ၀မှာ ကံကောင်းသူ တစ်ဦးလည်း ဖြစ်သည်။ ပတ်ဝန်းကျင် အခြေအနေက မည်သို့ပင် ဖြစ်စေကာမူ ပျော်ရွှင်နေလေ့ ရှိပြီး ပတ်ဝန်းကျင်၏ ဂယက်ရိုက်မှုနှင့် ကင်းကွာနေတတ်သည်။ ရောက်လေရာတိုင်းမှာ ကိုယ့် ပျော်ရွှင်မှုတွေကို မျှဝေတတ်သူ ဖြစ်သည်။ အပေါင်းအသင်းများ ကြားတွင် ကိုယ်က ခေါင်းဆောင် ဖြစ်သည်။ မိတ်ဆွေများ အရေး ကြုံတိုင်း နှစ်သိမ့် အားပေးတတ် သူလည်း ဖြစ်သည်။ အပေါ်စီး ဆက်ဆံမှုကို မလိုလား။ ဤသို့ ဆက်ဆံတတ်သူ များနှင့် ဝေးအောင် နေတတ်သည်။ လုပ်ငန်းခွင်တွင် စံနစ်တကျ လုပ်ကိုင် ဆောင်ရွက်တတ်သည်။ အထူး သတိပြုရန်မှာ သင်သည် ချစ်လွယ်တတ်သူ တစ်ဦး ဖြစ်သည်။
၇။ အကယ်၍ သင်သည် ကျားသစ်နက် တစ်ဦး ဖြစ်ပါက လျှို့ဝှက်တတ်သူ တစ်ဦး ဖြစ်သည်။ ပတ်ဝန်းကျင် ဖိအားတွေ မည်မျှပင် များပြားစေကာမူ အလွယ်တကူ ဖြေရှင်းနိုင်စွမ်း ရှိသည်။ တခါတရံတွင် အပေါင်းအသင်း များနှင့် အတင်းပြောရ သည်ကို ၀ါသနာ ပါသည်။ ဆန္ဒရှိသည့်အတိုင်း ဖြစ်အောင် ကြိုးစားတတ်သော်လည်း သင့် ဆန္ဒမှာ ရံဖန်ရံခါတွင် လက်တွေ့ ဖြစ်နိုင်စွမ်း မရှိ။ ယင်းကဲ့သို့သော အခြေအနေတွင် မိတ်ဆွေ အချို့နဲ့ ဆက်ဆံရေး ပျက်ပြားတတ်သည်။ အခက်အခဲ ကြုံတွေ့နေရသော မိတ်ဆွေများကို ကူညီတတ်သူ ဖြစ်သည်။
၈။ အကယ်၍ သင့်မွေးနေ့သည် မျောက် ဖြစ်ပါက စိတ်မရှည်၊ တက်ကြွမှု လွန်ကဲသူ ဖြစ်သည်။ အရာရာကို အမြန်ဆုံး ပြီးမြောက်လိုသူ ဖြစ်သည်။ ရိုးသားသော နှလုံးသားပိုင်ရှင် ဖြစ်ပြီး အများ၏ အာရုံ စိုက်မှုကို ခံယူလိုသူ လည်း ဖြစ်သည်။ မိမိ လုံခြုံမှုကို အထူး ဂရုစိုက်တတ်သူ တစ်ဦးဖြစ်ပြီး ကိုယ့်ဂုဏ်သတင်းနှင့် ပတ်သက်၍ အငြိ အစွန်း ရှိလာပြီ ဆိုလျှင် လူတိုင်းကို လိုက်ပြီး ဖြေရှင်းတတ်သူ ဖြစ်သည်။ ထို့ကြောင့် မည်သည့်အ လုပ်ကိုမဆို စမလုပ်ခင် ကတည်းက သတိကြီးစွာ ထားတတ်သူများ ဖြစ်သည်။ ဆဌမ အာရုံ၏ နှိုးဆော်မှုကြောင့် အန္တရာယ် ကျရောက်ခြင်းမှ ကင်းဝေးတတ်သည်။ ငွေကြေးကို တန်ဖိုးထားတတ်သူ များလည်း ဖြစ်တတ်သည်။
by mandalaygazette
ရသေ့ဗေဒင်








