သတင်းနှ့င့်ရသစုံလင်

လပ်ကီးမြို့တော်တွင် မြန်မာသတင်း၊နိုင်ငံတကာသတင်း၊ထူးဆန်းထွေလာ၊အားကစားသတင်း၊ကျန်းမာရေးကဏ္ဍ၊ဟာသလေးများ၊ကာတွန်းနှင့်ရုပ်ပြဟာသ၊ တရားတော်များ၊ဘာသာရေးကဏ္ဍ၊ချက်နည်းပြုတ်နည်း၊အလှအပနှင့်ဖက်ရှင်၊သရဲတစ္စေနာနာဘာဝ၊သိုင်းဝတ္ထုနှင့်စာအုပ်စာပေ၊gtalk custom message၊ ဗေဒင်ကဏ္ဍ၊ဗဟုသုတနှင့်အထွေထွေ..စသည်တို့ကို တစ်စုတစ်စည်းထဲ ဖတ်ရှုနိုင်ပါတယ်....

နည်းပညာများ

ကွန်ပျူတာနည်းပညာများ ANDROID ဖုန်း နည်းပညာများ APPLE (IOS) မိုးဘိုင်းဖုန်းနည်းပညာများ ကို နည်းပညာများနေရာမှာ ဖတ်ရှုနိုင်ပါတယ်

ဒေါင်းလုပ်သီချင်း

သီချင်းဒေါင်းချင်သူမျာအတွက် အသစ်ထွက်တဲ့သီချင်းတွေရော သီချင်းဟောင်လေးတွေပါ " MP3 ဒေါင်းလုပ်" နေရာမှာ ၀င်ဒေါင်းနိုင်ပါတယ် သီချင်းများကို album လိုက်စုစည်းပြီး တင်ပေးထားပါတယ်

ဂီတစက်ခန်း

ဂီတစက်ခန်း စိတ်ညစ်နေသူ...စိတ်ရှုပ်နေသူများ... စိတ်ထွက်ပေါက်ရှာချင်တယ်ဆိုရင် ဂီတစက်ခန်းထဲဝင်ပြီး ၀င်ကလိလိုက်ပါ... ဂီတစက်ခန်းမှာ ဂီတာ၊ဒရမ်၊စန္ဒယား၊တယော၊ဒီဂျေ အပြင်... ရောသမမွှေနိုင်တဲ့ တီးလုံးသံစဉ်လေးများကို အသုံးပြုနိုင်ပါတယ်...

အွန်လိုင်းဂိမ်း

အွန်လိုင်းဂိမ်းများကို အဆင်ပြေပြေနဲ့ အလွယ်တကူကစားချင်တယ်ဆိုရင် ဓါတ်ပုံပြင်ရန်အောက်က..အွန်လိုင်းဂိမ်းနေရာမှာ ၀င်ရောက်ကစားနိုင်ပါတယ်

www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Showing posts with label ပုံပြင်များ. Show all posts
Showing posts with label ပုံပြင်များ. Show all posts

Tuesday, May 21, 2013

ကျွန်တော်ကြိုက်မိသော ပုံပြင်

ဒီပုံပြင်လေးကို ဘလော့တစ်ခုမှ တွေ့လို့ ခေါင်းစဉ်ကိုလည်း မသိပါဘူး အဲ့ဘလော့မှာလဲ ကျွန်တော်ကြိုက်သော ပုံပြင်လို့ ရေးထားလို့ အဲလိုပဲ ပြန်ရေးပြီး တင်ပေးလိုက်ပါတယ်...

ရှေးတုန်းက ရုရှားပြည်ရဲ့  ပင်လယ်ကမ်းစပ်အနီးက ကျွန်းကလေး တစ်ကျွန်းပေါ်မှာ တရားကျင့်ကြံ အားထုတ်နေတဲ့  ရသေ့ ကြီး သုံးပါးရှိသတဲ့ ။ တစ်ပါးက ကိုယ်လုံးကိုယ်ထည် သေးသေးလေး ရှိပြီး ခါးကိုင်းနေပါပြီ။ သူက ခရစ်ယာန် ဘုန်းကြီးတွေ ဝတ်တဲ့  အတွင်းခံ အကျီရှည် ဝတ်ထားပါတယ်။ သူ့ အသက်ဟာ အသက်တစ်ရာကျော်လောက် ရှိပြီး မုတ်ဆိတ်မွှေးရှည်ဟာလည်း အစိမ်းဖြူရောင် ဖြစ်နေပါပြီ။ သူဟာ အမြဲတမ်း ပြုံးရွှင်နေပြီး ကြည်လင်အေးမြတဲ့  မျက်နှာထားရှိပါတယ်။

ဒုတိယရသေ့ ကြီးတစ်ပါးက သက်ကြီးရွယ်အိုဖြစ်ပြီး ဗလဖွာ စုတ်ပြဲနေတဲ့  လယ်သမားအကျီကို ဝတ်ဆင်ထားပါတယ်။ သူက ကျန်းမာသန်စွမ်းပြီး မီးခိုးရောင်မုတ်ဆိတ်မွှေးရှည်ကြီး ရှိတဲ့  အပြင် သနားကြင်နာတတ်တဲ့  မျက်နှာထား ရှိပါတယ်။

ကျန် တတိယ ရသေ့ ကြီးကတော့ အရပ်ရှည်ပြီး သူ့  ဒူးဆစ်အထိ ရှည်လျားတဲ့  မုတ်ဆိတ်မွှေးကြီး ရှိပါတယ်။ သူ့ ကိုယ်မှာတော့ အရှက်လုံရုံသာ ဖုံးထားတဲ့  မျက်ဖျာစုတ်ကလေး ခါးမှာ ပတ်ထားတာပဲ ရှိပါတယ်။

သူတို့ ဟာ တစ်ပါးနဲ့ တစ်ပါး စကားမပြောကြပဲ တိတ်ဆိတ်စွာ နေထိုင်ကြပြီး ကိစ္စရှိလျှင် မျက်ရိပ်မျက်ခြေ ပြရုံနဲ့  ဘာလုပ်ချင်တယ် ၊ ဘာလုပ်ရမယ် ဆိုတာ အချင်းချင်း နားလည်နေကြတယ်။

တစ်နေ့ ကျတော့  ဘုရားဖူး ခရီးသည် တစ်စုပါတဲ့  သဘောင်္တစ်စီးဟာ အဲဒီကျွန်း အနီးက ကပ်ပြီး ခုတ်မောင်းသွားနေပါတယ်။ သဘောင်္ပေါ်မှာ ခရစ်ယာန်ဂိုဏ်းအုပ် ဘုန်းတော်ကြီး တစ်ပါးလည်း ပါလာပါတယ်။

သဘောင်္ပေါ်က ခရီးသည်တွေနဲ့  ဂိုဏ်းအုပ်ဘုန်းတော်ကြီး တို့  ဟာ သဘောင်္မှာ ပါလာတဲ့  တံငါသည်တစ်ဦးရဲ့  ပြောပြချက်အရ မလှမ်းမကမ်းမှာ ရှိနေတဲ့  ကျွန်းကလေးပေါ်က တရားကျင့်နေတဲ့ ရသေ့ ကြီး သုံးပါးအကြောင်းကို သိရှိလာကြရတယ်။

သိလည်းသိရော ဂိုဏ်းအုပ်ဘုန်းတော်ကြီးက ရသေ့ ကြီးတွေ နဲ့ တွေ့  ဘို့ သဘောင်္ကျောက်ဆူး ခဏချထားစေပြီး လှေတစ်စီးနဲ့  ကျွန်းဆီ ကူးသွားတယ်။

ကျွန်းပေါ်ရောက်ပြီး ရသေ့ ကြီးတွေနဲ့  တွေ့ တော့ ဘယ်လိုတရားမျိုး ကျင့်ကြံအားထုတ် ပါသလဲ ဆိုပြီး မေးမြန်း စုံစမ်းကြတယ်။ ရသေ့ ကြီတွေကလည်း သူတို့ တရားကျင့်ပုံနဲ့ ...

"သင့်ရဲ့  သုံးယောက် ၊ကျွန်ုပ်တို့  သုံးယောက် ၊ သနားကရုဏာ ထောက်မပါ "

လို့  ထပ်တလဲလဲ ရွတ်ဆိုကြကြောင်း ပြောပြပါတယ်။
ခရစ်ယာန်ဂိုဏ်းအုပ် ဘုန်းတော်ကြီးက ဒီလို ရှိခိုးတာ မမှန်ကန် ၊ မပြည့်စုံသေးဘူး၊ သူဟာ ဂိုဏ်းအုပ်ဘုန်းတော်ကြီး ဖြစ်လို့  မှန်မှန်ကန်ကန် ဘုရားရှိခိုး ဝတ်ပြုတတ်အောင် သင်ကြားပေးဘို့  တာဝန်ရှိတယ် ။ သူသင်ကြားပေးမှာကလည်း သူ့ သဘော အလျောက် ထင်ရာမြင်ရာတွေ မဟုတ်။ ဓမ္မကျမ်းစာအရ အမှန်အကန် သင်ကြားပေးမည် ဆိုပြီး ...

"ကောင်းကင်ဘုံတွင်ရှိသော အဖ ဘုရားသခင် ၊ ကျွန်တော်မျိုးတို့ ကို ကယ်မ ချီးမြှင့်တော်မူပါ"

လို့  ရှိခိုးရကြောင်း သင်ကြားပေးပါတယ်။
ရသေ့ကြီးသုံးပါးကလည်း အဲဒီ ဘုရားရှိခိုးကို တစ်နေ့ လုံး ထပ်တလဲလဲ ရွတ်နေကြတယ်။ ညနေစောင်းရောက်နေချိန်မှာ ဘုန်းတော်ကြီးကလည်း ခရီးဆက်သွားဘို့  ရှိသေးတော့  သဘောင်္ပေါ် ပြန်တက်လာခဲ့တယ်။ ရသေ့ ကြီးတွေကလည်း ကျွန်းကလေးပေါ်က လက်တပြပြနဲ့  ကျန်ခဲ့တော့ တာ ပဲတဲ့ ။

ညလသာသာမှာ ဂိုဏ်းအုပ်ဘုန်းတော်ကြီးပါတဲ့  သဘောင်္ဟာလည်း သူ့ ခရီးစဉ်အတိုင်း တရွေ့ ရွေ့  ခုတ်မောင်းနေတယ်။ တဖြည်းဖြည်း ညဥ့် နက်လာတဲ့ အခါ ခရီးသည်တွေလည်း အိပ်ရာထဲ ရောက်ကုန်ကြတယ်။

 ဘုန်းတော်ကြီးကတော့ မအိပ်ချင်သေးလို့  သဘောင်္ပဲ့  ချောင်မှာ ကုလားထိုင် တစ်လုံးနဲ့  ထိုင်ပြီး တဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ် ကျန်ခဲ့  ရတဲ့  ရသေ့ကြီး သုံးပါးနေတဲ့  ကျွန်းကလေးကို ငေးမျှော်နေမိပါတယ်။

သူ့ စိတ်ထဲမှာ ဘုရားရှိခိုး သင်ပေးတဲ့ အတွက် ရသေ့ ကြီးတွေက သူ့ ကို သိပ်ကျေးဇူးတင် နေကြမှာလို့  တွေးပြီး ပီိတိဖြစ်နေရှာတယ်။ သူကလည်း ဘုရားတရား ရိုသေလေးစားသူတွေ ကို နည်းမှန်လမ်းမှန် ပြသသင်ကြား ပေးနိုင်အောင် စီမံစေလွှတ်ပေးတဲ့  ဘုရားသခင်ကို ကျေးဇုးတော် တင်ရှိ နေသတဲ့ ။

ဒါနဲ့  ညဉ့် အတော်နက်လာချိန်မှာ ပဲ့ပိုင်းမှာ ထိုင်နေတဲ့  ဘုန်းတော်ကြီးဟာ ပင်လယ်ထဲက သဘောင်္ဆီကို ရွေ့ လျားလာနေတဲ့  ထိန်လင်းနေတဲ့  အလင်းရောင်သုံးခုကို လှမ်းတွေ့ မြင် လိုက်တယ်။ ဒါဟာ နောက်ကလာတဲ့  လှေတွေလား၊ ပင်လယ်ဖျံကြီးတွေများလား လို့  ထင်နေတယ်။ ဒါနဲ့  ဂိုဏ်းအုပ်ဘုန်းတော်ကြီးဟာ သဘောင်္တက်မကိုင်ဆီ ထသွားပြီး သူမြင်ရတဲ့  ထူးဆန်းတောက်ပတဲ့  သဏ္ဍာန်တွေဆီကို ညွှန်ပြရင်း ... အဲဒီ ဖြူဖြူဝင်းဝင်းတွေဟာ ဘာတွေလဲ .... လို့ မေးပါတယ်။

တက်မကိုင်က အလင်းရောင်တွေဖြာပြီး သဘောင်္ဆီကို လျှင်မြန်စွာ ရွေ့ လျားလာနေတဲ့  သဏ္ဍာန်တွေကို ကြည့်ပြီး ဘုရားတလိုက်ရှာတယ်။
... ဘုရားသခင် ကယ်မပါ။ ရသေ့ကြီးသုံးပါးဟာ ရေပေါ်မှာ လမ်းလျှောက်ပြီး လိုက်လာနေကြ ပါကလား လို့  အော်ဟစ်လိုက်ပါတယ်။

ခရီးသည်တွေကလည်း တက်မကိုင်ရဲ့  အော်ပြောသံကြောင့် အိပ်ရာက ထလာကြပြီး သဘောင်္ပဲ့ ပိုင်းမှာ စုပြုံရောက်ရှိလာကြကာ ရေပေါ်မှာ လမ်းလျှောက်လာကြတဲ့ ရသေ့ကြီး သုံးပါးကို ဝိုင်းပြီး ကြည့်ရှုနေကြတယ်။ သဘောင်္ကျောက်ချနေတုန်းမှာပဲ ရသေ့ကြီး သုံးပါး ဟာ သဘောင်္ပေါ်ကို ရောက်လာပါတယ်။

 ရသေ့ကြီးသုံးပါးကို ဂိုဏ်းအုပ်ဆရာတော်ကြီးက ..
"အရှင်ဘုရားတို့  ဘာကိစ္စရှိလို့ လိုက်လာကြပါသလဲ "... လို့  ရသေ့ကြီးတွေကို မေးပါတယ်။

ရသေ့ကြီး သုံးပါးက ဂိုဏ်းအုပ်ဘုန်းတော်ကြီးကို အရိုအသေပေးပြီး ..... "ကျွန်တော်မျိုးကြီးများဟာ အရှင်ဂိုဏ်းအုပ်ကြီး သင်ပေးခဲ့တဲ့  ဘုရားရှိခိုးကို မနားတမ်း ရွတ်ဆိုနေကြပါတယ်။ မောပန်းတာနဲ့  ခဏနားနေမိပြီး ပြန်ရွတ်မယ်လုပ်တော့ မမှတ်မိဘဲ မေ့ ကုန်ကြပါပြီ။ ယခုတဖန် ထပ်ပြီး သင်ကြားပေးတော်မူပါဦး"လို့  .... တောင်းပန်ကြတယ်။

နည်းမှန်လမ်းမှန် ဘုရားမရှိခိုးတတ်သော်လည်း သူတို့ ဖာသာ ကျင့်ကြံ အားထုတ်မှုကြောင့်  ကိုယ်ရောင်ကိုယ်ဝါ ထိန်လင်းစွာဖြင့် ရေပြင်ပေါ်တွင် ခြေထောက် ရေမစွတ်ဘဲ လမ်းလျှောက်လိုက်လာသော ရသေ့ကြီးသုံးပါး၏ ဣဒ္ဓိ ဝိဓ ၊ သီလဝိသုဒ္ဓိ တန်ခိုးစွမ်းဂုဏ်အင် များကို စဉ်းစားမိသော ဂိုဏ်းအုပ်ဘုန်းတော်ကြီးက ....

" ကိုယ်တော်တို့  ရှိခိုး တဲ့နည်းနဲ့ ရှိခိုးမြဲ ရှိခိုးပါ ။ ကောင်းကင်ဘုံရှိ ဘုရားသခင်ထံ ရောက်ပါလိမ့်မည်။ ကိုယ်တော် တို့ ကို တပည့်တော်က သင်ကြားပေးဘို့ အကြောင်းမရှိတော့ပါ။ တပည့်တော်တို့  အတွက်လည်း ဆုတောင်းပေးကြပါ ဘုရား"လို့  ...... ပြောပြီး ရသေ့ကြီး သုံးပါးကို ဂါရဝ ပြုလိုက်ပါတယ်။

 ရသေ့ကြီး သုံးပါးကလည်း ဂိုဏ်းအုပ်ဘုန်းတော်ကြီးကို ဦးညွှတ်နှုတ်ဆက်ပြီး သူတို့ အားထုတ်တဲ့  ကျွန်းကလေးဆီသို့  ရေပြင်ကို ခြေတင်ကာ ပြန်လည် ကြွသွားပါလေရောတဲ့ ။

Saturday, May 18, 2013

ကိုယ့်အစွမ်းကို အယုံအကြည် မရှိသူဟာ ဘယ်တော့မှ စစ်သူကြီး မဖြစ်နိုင်ဘူး။

တစ်ခါက သားအဖနှစ်ဦးဟာ စစ်တိုက်ဖို့ ထွက်လာခဲ့တယ်။ ဖခင်က စစ်သူကြီးတစ်ဦးဖြစ်ပြီး သားကတပ်သားဖြစ်တယ်။ စစ်တိုက်ဖို့ ခရာသံပေးတဲ့အချိန်မှာ အဖေက သားကို မြှားတစ်စင်းပဲ ထည့်ထားတဲ့ မြှားအိတ်ကို ပေးပြီး “သား ဒီမြှားဟာ အဖေတို့ ဘိုးဘေးဘီဘင် အဆက်ဆက်က ကိုယ်နဲ့မခွာ လွယ်ပိုးလာခဲ့တဲ့ မြှားဖြစ်တယ်။ ဒီမြှားမှာ တန်ခိုးရှိတယ်။ ကိုယ့်ကိုယ်ဘေးမထိ ရန်မခအောင် ကာကွယ်ပေးနိုင်တယ်။ ဘယ်လို အကြောင်းမျိုးပဲဖြစ်ဖြစ် မြှားကို အိတ်ထဲကနေ လုံးဝမထုတ်ပါနဲ့” လို့ မှာလိုက်တယ်။

မြှားအိတ်က သားရေနဲ့လုပ်ထားတဲ့ လက်ရာသေသပ်တဲ့ အိတ်ဖြစ်တယ်။ မြှားထိပ်ကိုလည်း လှပတဲ့ ဒေါင်းမွေးနဲ့ လုပ်ထားတယ်။ သားက လှပတဲ့ မြှားအမြီးကို ကြည့်ပြီး မြှားတံ၊ မြှားထိပ်ရဲ့ သဏ္ဍာန်ကို မြင်ယောင်ကြည့်မိတယ်။ မြှားရဲ့အလျှင်နဲ့ ရန်သူကို တစ်ချက်တည်း ဖြိုခွင်နိုင်မယ်လို့လဲ ယုံကြည်မိတယ်။

သားဟာ မြှားအိတ်ကိုလွယ်ပြီး သူရဲကောင်းတို့ရဲ့ ရဲရင့်မှုအတိုင်း စစ်မြေပြင်ကို ထွက်ခဲ့တယ်။ ရန်သူနဲ့ အပြန်အလှန် တိုက်ခိုက်ကြရင်း စစ်သိမ်းဖို့ ခရာမှုတ်တော့ သားဟာ အနိုင်ရလိုစိတ်နဲ့ ဖခင်ရဲ့ တားမြစ်ချက်ကို ဂရုမစိုက်တော့ဘဲ ရန်သူကို တစ်ချက်တည်းနဲ့ ဖြိုခွင်းပစ်ဖို့ မြှားကို ဆွဲနှုတ်လိုက်တယ်။ မြှားကို နှုတ်လိုက်တာနဲ့ သူ ရုတ်တရက် အံ့သြမင်သက်သွားတယ်။

မြှားကျိုးတစ်ချောင်း! အိတ်ထဲ ထည့်ထားတာ မြှားကျိုးတစ်ချောင်း ဖြစ်နေပါလား...?
“ငါဟာ မြှားအကျိုးတစ်ချောင်းကို လွယ်ပြီး စစ်တိုက်နေပါလား” လို့တွေးပြီး သူချောက်ခြားသွားခဲ့တယ်။ ထုတ်တန်းကျိုးသွားတဲ့ အိမ်တစ်လုံးလို သူရဲ့ ထက်သန်တဲ့ စိတ်ဓာတ်က ၀ုန်းခနဲ့ လဲပြိုသွားခဲ့တယ်။ နောက်ဆုံးတော့ သားဟာ ရန်သူရဲ့ လက်ချက်နဲ့ သေဆုံးခဲ့ရတယ်။ ဖခင်က မြှားကျိုးကို ကောက်ယူပြီး “ကိုယ့်အစွမ်းကို အယုံအကြည် မရှိသူဟာ ဘယ်တော့မှ စစ်သူကြီးဖြစ်မှာ မဟုတ်ဘူး” လို့ စိတ်ထိခိုက်စွာ ပြောလိုက်တယ်။

အားနည်းချက်ကို ပြောင်းလဲပစ်လိုက်စမ်းပါ

တစ်ခါတုန်းက ရေထမ်းယောကျာ်းတစ်ယောက်မှာ ရေထမ်းပုံးနှစ်ပုံးရှိပါတယ်။

အဲဒီရေထမ်းပုံးနှစ်ပုံးကို ထမ်းပိုးမှာလျှိုပြီး ပခုံးနဲ့ထမ်းကာ

မြစ်ဆိပ်က အိမ်ကိုနေ့စဉ်ထမ်းရပါတယ်။

အဲဒီရေထမ်းပုံးနှစ်ပုံးထဲက တစ်ပုံးကလုံးဝအကောင်း။

အပေါက်မရှိတော့ ရေလဲမယိုဘူးပေါ့။

နောက်တစ်ပုံးကတော့ အောက်ဘက်ထောင့်မှာ အက်ကွဲရာတစ်ခုရှိနေတယ်။

မြစ်ဆိပ်ကရေအပြည့်နဲ့ထမ်းတက်လာရင် အိမ်လည်းရောက်ရော

သံပုံးအကွဲကရေတစ်ဝက်ဘဲကျန်တယ်။

အဲဒီလိုနဲ့ရေထမ်းလာခဲ့တာ နှစ်နှစ်ကျော်လာခဲ့ပြီ။

သံပုံးအကောင်းကတော့အပြစ်အနာကင်းကင်းနဲ့မို့

ရေအပြည့်သယ်နိုင်တာကြောင့် ဂုဏ်တွေတဝင့်ဝင့်နဲ့ပေါ့။

တစ်ဖက်ကဂုဏ်တွေဝင့်နေတော့ ကျန်တစ်ဖက်က သံပုံးအကွဲက အလိုလို အားငယ်နေရတာပေါ့။

ကိုယ့်မှာကလည်း အားနည်းချက်ကရှိနေတာမို့ ရှက်လည်းရှက်နေရပါတယ်။

ကာလကကြာလာတော့ ဘယ်လိုမှ မခံစားနိုင်တဲ့အဆုံးမှာ

သံပုံးအကွဲက “သခင်ကြီးကိုတောင်းပန်ချင်ပါတယ်။”

ရေထမ်းယောကျာ်းက“ဘာကိုတောင်းပန်မှာလဲ?”

“ကျနော်မှာရှိတဲ့ အက်ကြောင်းလေးကြောင့်

သခင့်မှာနှစ်နှစ်ကျော်ကျော်ရေတစ်ဝက်နဲ့စခမ်းသွားရတာကိုတောင်းပန်ချင်တာပါ။

တကယ်လို့သာကျနော်မှာသာ အပြစ်အနာအဆာမရှိရင်…ရေထမ်းပုံးအပြည့်အိမ်ပါခဲ့မယ်။

ဒီလိုသာဆိုရင် သခင်ကြီး အခေါက်ရေများများသယ်စရာမလိုဘူးပေါ့။

သခင်လဲပင်ပန်းမှာမဟုတ်ဘူး။”

သံပုံးလေးဟာ ပြောရင်းနဲ့အသံတိမ်ဝင်သွားပါတယ်။ ဆက်ပြောရင်…ငိုမိမှာအမှန်ပါပဲ။

“ကဲ…ပါလေ…ဝမ်းနည်းမနေပါနဲ့။ နောက်တစ်ခေါက်သယ်လိုက်ဦးမယ်၊

အိမ်အပြန်လမ်းမှာ ဘာတွေထူးခြားသလဲဆိုတာသတိထားကြည့်ထား၊ ကြားလား?”

ရေထမ်းယောကျာ်းဟာမြစ်ဆိပ်ကနေပြီးရေနှစ်ပုံးအပြည့်ထည့်ကာအိမ်ကိုထမ်းလာပါတယ်။

လမ်းတစ်ဖက်မှာ ရောင်စုံပန်းမျိုးစုံတွေဟာ ငွားငွားစွင့်စွင့် ပွင့်လို့နေပါတယ်။

ရောင်စုံပန်းတွေကိုကြည့်မိပြီးသံပုံးအကွဲဟာ စိတ်တွေလန်းဆန်းလာပါတယ်။

အိမ်ရောက်တော့ ရေတစ်ဝက်ပဲပါတာကို တွေ့ရပြန်တယ်။

ဒီတော့ စိတ်မကောင်းဖြစ်ပြီးငိုသံနဲ့တောင်းပန်မိပြန်တယ်။

ရေထမ်းယောကျာ်းက

“ကဲ…ငါပြောပြမယ်၊ လမ်းမှာရောင်စုံပန်းတွေတွေ့လား?

အဲဒီပန်းတွေက ဘယ်သူ့ဘက်မှာပေါက်နေလဲ?

မင်းရဲ့ဘက်ခြမ်းမှာပဲပေါက်နေ၊ ပွင့်နေတာမဟုတ်လား?

သံပုံးအကောင်းဘက်မှာ ဘာပန်းမှ မရှိဘူးလေ၊

မင်းရဲ့အားနည်းချက်ကိုသိလို့ ငါ ပန်းမျိုးစုံရဲ့မျိုးစေ့တွေကို မင်းဘက်ခြမ်းမှာ ကျဲခဲ့တယ်။

မင်းရဲ့အကွဲကနေ့စဉ်မပျက်ရေလောင်းပေးခဲ့တယ်လေ။

အဲဒီဝေဆာနေတဲ့ပန်းမျိုးစုံတွေကို

အိမ်ရှင်မကခူးပြီးဘုရားကိုပန်းပူဇော်ခဲ့တာတောင် နှစ်နှစ်ရှိခဲ့ပြီ။

မင်းကြောင့်ဘုရား ပန်းလှလှ ပူဇော်နိုင်ခဲ့သလို

ပိုတဲ့ပန်းတွေကို ဈေးမှာရောင်းခဲ့လို့ ဝင်ငွေတွေလည်းတိုးခဲ့တာ

မင်းကြောင့်ပဲ မဟုတ်လား?

အက်ကွဲနေတဲ့မင်းအားနည်းချက်ကိုအသုံးချနိုင်တဲ့အတွက်

အိမ့်ကျက်သရေတိုးခဲ့သလို အိမ်ရဲ့ဝင်ငွေတိုးခဲ့တာ ဘယ်သူ့ကြောင့်လဲ?

မင်းကြောင့်ပေါ့ကွယ်။ ဒါဟာဝမ်းနည်းစရာမဟုတ်ပါဘူး။

ဝမ်းသာလိုက်စမ်းပါ သံပုံးအကွဲလေးရယ်….!

တစ်မျိုးမကတဲ့ထွက်ပေါက်

တစ်မျိုးမကတဲ့ထွက်ပေါက်
တစ်နေတော့တောလမ်းမှာဇီးကွက်နဲ့ငုံး တွေ့ကြတယ်...
ငုံးက “ကိုဇီးကွက်…ဘယ်သွားမလို့လဲ?”

ဇီးကွက်က “လူတွေက ငါ့အသံကို မကြိုက်တဲ့အတွက် ဒီရွာကပြောင်းတော့မလို့လေ”

ငုံးက “နေဦးလေဗျာ…စဉ်းစားစမ်းပါဦး ။

ခင်ဗျားရဲ့အသံကို လူတွေကမကြိုက်ဘူးဆိုလို့ အခြားရွာကို ပြောင်းပြီတဲ့ဗျာ။

နောက်တစ်ရွာရောက်တော့ကော

လူတွေက ခင်ဗျားရဲ့အသံကို ကြိုက်မတဲ့လား?

သူတို့မကြိုက်ဘူးဆိုတိုင်းသာ ပြောင်းနေရင် ခင်ဗျားပြောင်းလို့ဆုံးတော့မှာမဟုတ်ဘူး။

အဲဒီတော့ ရွာပြောင်းမယ့်အစား ခင်ဗျားရဲ့အသံကို လူတွေနားခံသာအောင်

ပြုပြင်ပြောင်းလဲဖို့ကြိုးစားကြည့်ရင်ပိုမကောင်းဘူးလား?လို့

ငုံးလေးကအကြံပေးလိုက်ပါတယ်။

တစ်ခါတစ်ရံ ကျနော်တို့ဟာ အတွေးထဲမှာ ချောင်ပိတ်မိနေတတ်တယ်။

ကိုယ့်ပြဿနာကို ကိုယ်ဖြေရှင်းတဲ့နည်းလမ်းဟာ တစ်ခုထဲထင်နေတတ်တယ်။

ဒီတစ်ခုဟာလည်း အကောင်းဆုံးဖြေရှင်းနည်းလို့ထင်တတ်ပြန်တယ်။

တကယ်တော့ အကောင်းဆုံးဖြေရှင်းနည်းဆိုတာ တစ်မျိုးမကရှိနေတတ်ပါတယ်။

ဒီနည်းလမ်းအပြင်ဘာများရှိဦးမလဲဆိုပြီး စဉ်းစားတတ်ဖို့လိုပါတယ်။

ဒါမှမဟုတ်ရင်လည်း
( ငုံးလေးလို )ကိုယ့်ကိုအကြံကောင်းပေးနိုင်မယ့်မိတ်ဆွေကောင်းနဲ့တိုင်ပင်သင့်ပါတယ်။

လူကြီးမင်းဟာ ဘာဘဲဖြစ်ဖြစ် တစ်မျိုးမကတဲ့ ထွက်ပေါက် က ထွက်နိုင်ကြပါစေ။

ချောင်ပိတ်မိသူတွေထဲ မပါပါစေနဲ့။

သတိ၊ ပညာ ပြည့်စုံသူများ

တစ်ခါတုန်းက ဘုရင့်ဥယျာဉ်ကို စောင့်ရှောက်ရတဲ့ ဥယျာဉ်စောင့်ကြီးတစ်ယောက်မှာ

သမီးလေးတစ်ယောက်ရှိတယ်။ သူမရဲ့နာမည်ကတော့ မာလာဝတီလို့ခေါ်တယ်။

တစ်နေ့မှာတော့ သူတို့ဥယျာဉ်ဆီကို ပုဏ္ဏား ငါးယောက်ဟာ

ခရီးတစ်ထောက်နားရင်းရောက်လာကြပါတယ်။

သူတို့တွေဟာ အနယ်နယ်အရပ်ရပ်က အလှူခံပြီးပြန်လာတာဖြစ်တယ်။

ဥယျာဉ်မှာ ခဏနားပြီး ခရီးဆက်မယ်လုပ်တော့ ခေါင်းဆောင် ပုဏ္ဏားက

“ အမောင်ဥယျာဉ်စောင့်ဟာ ရိုးသားပုံရတယ်။ အလှူခံငွေတွေကိုအပ်ထားချင်တယ်။

တစ်နှစ်ပြည့်လို့ပြန်လာရင် ငါတို့ငါးယောက်စလုံးဆုံမှပြန်ပေးပါ”

လို့ပြောပြီး ငွေတွေကို အားလုံးသဘောတူ အပ်ထားခဲ့ကြတယ်။

ပြီးတော့ အားလုံးခရီးဆက်သွားကြတယ်။

သူတို့အတန်ငယ်ဝေးတဲ့နေရာရောက်တော့ ကောက်ကျစ်စဉ်းလဲတဲ့ ပုဏ္ဏားငယ်တစ်ယောက်က

သူရဲ့ခရုသင်းမေ့ကျန်နေခဲ့တယ်ဆိုပြီးဥယျာဉ်စောင့်ဆီကို ပြန်လာတယ်။

ဥယျာဉ်စောင့်ဆီရောက်တော့ ငွေတွေကို ပြန်ယူခိုင်းလိုက်လို့လာယူကြောင်းလိမ်ပြောတယ်။

ရိုးသားတဲ့ဥယျာဉ်စောင့်ကလည်း ယုံကြည်ပြီး အပ်နှံထားတဲ့ငွေတွေကို ပြန်ပေးလိုက်ပါတယ်။

ပုဏ္ဏားငယ်လည်း ငွေတွေကို ယူပြီးထွက်ပြေးသွားတာပေါ့။

တစ်နှစ်ပြည့်လို့ ပုဏ္ဏားတွေဟာ ဥယျာဉ်စောင့်ဆီပြန်လာပြီးငွေတွေကို တောင်းကြပါတယ်။

ဥယျာဉ်စောင့်ကလည်း အဲဒီနေ့ကတည်းက ပုဏ္ဏားငယ်တစ်ယောက်

ပြန်လာယူသွားကြောင်းရှင်းပြပါတယ်။

ပုဏ္ဏားတွေကစိတ်ဆိုးပြီး လူငါးယောက်စလုံးမျက်နှာစုံညီဖြစ်မှ

ပေးရမယ်ဆိုတာပြောထားရက်နဲ့အခုလိုပေးလိုက်တာဟာ မရိုးမသားလိမ်လည်တာပဲဆိုပြီး

အလျော်တောင်းတယ်။ဆင်းရဲတဲ့ဥယျာဉ်စောင့်ကမလျော်နိုင်ဘူးပေါ့။

ဒီတော့ ပုဏ္ဏားတွေက ဘုရင့်ကိုတိုင်ကြတာပေါ့။

ဘုရင်ကစစ်ဆေးပြီး ပေးလျော်စေ၊ မလျော်နိုင်က တစ်သက်လုံးကျွန်ခံစေလို့အမိန့်ချလိုက်တာပေါ့။

ဥယျာဉ်စောင့်ကကျွန်ဖြစ်သွားတော့ စိတ်ဆင်းရဲနေတာပေါ့။

ဒီတော့ ဉာဏ်ပညာရှိတဲ့သမီးလေးက အဖေကိုအားပေးစကားပြောပြီး

ဘုရင်ကြီးဆီကို ရဲရဲဝင့်ဝင့်သွားပြီး သံတော်ဦးတင်ပါတယ်။

“အရှင်မင်းကြီး… ပုဏ္ဏားတွေရဲ့ငွေတွေကို ကျွန်တော်မျိုးမ ပေးဆပ်ပါ့မယ် ဘုရား”

“အေး... ပေးဆပ်စေ”

“ဒါပေမယ့် ဖခင်ထံငွေတွေလာအပ်စဉ်တုန်းက သူတို့ငါးယောက်ဖြစ်ပါတယ် အရှင်မင်းကြီး”

“အိမ်း…မှန်ပေတယ်။”

“နောက်ပြီး အဲဒီငါးယောက်စလုံး စုံညီမှ ပြန်ပေးအပ်ရန်လည်း ကတိကဝတ်ပြုသွားပါတယ် အရှင်မင်းကြီး”

“ဒါလည်း မှန်ပေတယ်။”

“အဲဒါကြောင့် သူတို့ငါးယောက်စလုံးစုံမှ ပြန်ပေးပါ့မယ်အရှင်ဘုရား”လို့လျှောက်ထားတော့

ဘုရင်ကြီးဟာ သူမရဲ့လျှောက်ထားချက်ကို သဘောကျပြီး

“ငါးယောက်ဆုံမှ ပေးဆပ်စေ” လို့အမိန့်ချမှတ်လိုက်ပါတယ်။

လိမ်လည်သွားတဲ့ ပုဏ္ဏားငယ်ကို ရှာမတွေ့တာနဲ့ ပုဏ္ဏားတွေဟာ အမှုရှုံးသွားပါတော့တယ်။

ဒီတော့မှ ဥယျာဉ်စောင့်မိသားစုလည်း ကျွန်အဖြစ်ကလွတ်မြောက်သွားကြပြီး

ပျော်ရွှင်သွားကြသတဲ့ကွယ်။

[color=red]ပုံပြင်ကတော့ ဒါပါပဲ။

မာလာဝတီဟာ ငယ်ရွယ်ပေမယ့် ကျန်လူတွေ သတိမထားမိတဲ့

“ငါးယောက်စလုံးစုံညီမှ”ဆိုတဲ့ စကားကို သတိထားမိတယ်။

ပြီးတော့ ပြဿနာကိုဖြေရှင်းနိုင်တဲ့ ဉာဏ်ပညာလည်း ရှိသူဖြစ်တယ်။

ဒီတော့ ဖခင်ရဲ့ဒုက္ခကိုကယ်တင်နိုင်ခဲ့ပါတယ်။

သတိ၊ပညာနဲ့ပြည့်စုံသူဟာ မိမိကိုယ်ကိုယ်လည်း စောင့်ရှောက်နိုင်သလို

တစ်ပါးသူကိုလည်း ကယ်တင်နိုင်ကြောင်း ထင်ရှားစေတဲ့အကြောင်းအရာဖြစ်ပါတယ်။

မြန်မာလူငယ်တိုင်း သတိ၊ပညာနဲ့ပြည့်စုံသူများဖြစ်ကြပါစေ။

ငါ နိုင်မတဲ့လား

တစ်ခါတုန်းက ကြက်ဖနှစ်ကောင်ဟာ တစ်ကောင်နဲ့တစ်ကောင် အကြိတ်အနယ်ခွပ်ကြတယ်။

နောက်ဆုံးမှာတော့ တစ်ကောင်ကထွက်ပြေးသွားပါတယ်။

ပြိုင်ပွဲအပြီးမှာ တစ်ကောင်တည်းဗိုလ်စွဲကျန်ရစ်တဲ့ ကြက်ဖအနီးကို

ခြံထဲက ကြက်မတွေ ဝိုင်းရံလာပြီး ချီးမွမ်းစကားဆိုကြတာပေါ့။

အဲဒီအခါ ကြက်ဖက ဘဝင်တွေမြင့်ပြီးသွေးနထင်ရောက်သွားတယ်။

ဒါနဲ့ဘဲ အနီးအနားကြက်ခြံများကပါလှမ်းမြင်နိုင်တဲ့ စပါးကျီခေါင်မိုးပေါ်တက်ပြီး

တောင်ပံတစ်ဖျပ်ဖျပ်ခတ်ကာ ဟစ်ကြွေးတွန်ကျူးလိုက်ပါတယ်။
“ဟော ဒီမှာ ကြည့်ကြဟေ့!

ဒီခြံမှာ ငါဗိုလ်ကွ၊

တခြားကော ဘယ်ခြံက ဘယ်ကောင်လာယှဉ်ချင်သလဲ?

အတက်ချွန်တယ်ထင်တဲ့အကောင် ထွက်ခဲ့၊ ငါ့အကြောင်း……သိသွား………..”

ကြက်ဖခမျာ…ဆုံးအောင်မတွန်လိုက်ရပါ။

သားကောင်ရှာနေတဲ့သိမ်းငှက်တစ်ကောင်က သန်မာလှတဲ့လက်သည်းကြီးများနဲ့

ထိုးသုတ်၊ကုတ်ဆွဲကာ အသိုက်ကို ချီသွားပြီး သတ်ဖြတ်စားသောက်တာကို

ကြက်ဖကြီး ခံလိုက်ရပါတော့တယ်။

“ ငါနိုင်တယ်၊

ငါအောင်မြင်တယ်၊

ငါ ထိပ်ရောက်တယ်

ဆိုတာဟာ တဒင်္ဂကိစ္စမျှသာဖြစ်ပါတယ်။

ဘယ်လောက်ပဲ ကြာသလဲဆိုတော့ ငါ့ကိုနိုင်သူမပေါ်သေးတဲ့ကာလမျှသာကြာပါတယ်။

ငါက သူတို့တွေကို နိုင်တယ်ဆိုရင် ငါ့ကို နိုင်တဲ့သူကရှိနှင့်ပြီးသားပါ။

လတ်တလော မပေါ်သေးလို့ ငါ ဘဝင်မြင့်နေတာပါ။ ငါ ကြွားနေနိုင်တာပါ။

သမိုင်းကိုပြန်ကြည့်ရင် သိနိုင်ပါတယ်။

သမိုင်းကို သင်ခန်းစာမယူတတ်ရင် ငါ့ဇာတ်သိမ်းကောင်းမှာမဟုတ်ပါဘူး။

အခြားသူတွေက မနိုင်ဘူးဆိုအုန်းတော့ သေမင်းနဲ့ရင်ဆိုင်တွေ့ရင်…..

ငါ နိုင်မတဲ့လား? ”

ငှက်ပျောသီး၊လှေကား၊ရေခဲရေ၊မျောက်များနှင့်ကျနော်တို့

မိတ်ဆွေတို့ရေ … စမ်းသပ်ချက် တခုမှာ သိပ္ပံ ပညာရှင်များဟာ မျောက် ၅ ကောင်ကို လှောင်အိမ် တခုထဲမှာ အတူတူ စုထား လိုက်တယ်။
ပြီးတော့ လှောင်အိမ်ရဲ့ အလယ်တည့် တည့်မှာ လှေကားတစင်းထောင်ထားပြီး လှေကားထိပ် မှာတော့ ငှက်ပျောသီး တဖီးကို တင်ထားပေး သတဲ့ကွယ်။
တကယ်လို့ မျောက်တကောင်ကောင်ကနေ ငှက်ပျောသီးစားချင်လို့ လှေကားပေါ်ကို တက်ဘို့ ကြိုးစားတဲ့အခါတိုင်းမှာ သိပ္ပံပညာရှင်တွေဟာ ကျန်တဲ့မျောက်တွေကို (မျောက်တွေ ကြောက်တဲ့) ရေခဲတမျှ အေးစက်နေတဲ့ ရေအေးတွနဲ့ နေမထိ ထိုင်မသာဖြစ်အောင် ဆွတ်ဖြန်းပေးသတဲ့။
ဟော … မကြာပါဘူး။ မျောက်တွေဟာ သူတို့အထဲက တကောင်ကောင် လှေကားပေါ်တက်ဘို့ ကြိုးစားတာနဲ့ အဲဒီ အကောင်ကို ကျန်တဲ့ လေးကောင်က ၀ိုင်းပြီး ထုကြ နှက်ကြတော့တာဘဲတဲ့။ အဲဒီအခါမှာတော့ ရေအေးနဲ့ ပက်ဖြန်းတာကို ရပ်နားထားလိုက်တော့ သတဲ့ကွယ်။
အဲသည်နောက်ပိုင်းမှာ ငှက်ပျောသီးရဲ့ ဆွဲဆောင်ဖြားယောင်းမှု ဘယ်လိုပင် အားကောင်းလွန်း လှပေမယ့် ဘယ်မျောက်ကမှ မျောက်စွမ်းကောင်းလုပ်ပြီး လှေကားပေါ်ကို တက်ဘို့ ထပ်မကြိုးစားရဲတော့ဘူးတဲ့။
ဒီလိုအနေအထားမှာ သိပ္ပံပညာရှင်တွေဟာ မူလမျောက်ငါးကောင်ထဲက တကောင်ကို လှောင်အိမ် ထဲက ထုတ်။ သူ့နေရာမှာ မျောက်အသစ်တကောင်နဲ့ လဲလှယ်အစားထိုးလိုက်တယ်။ မျောက်အသစ်ဟာ လှောင်အိမ်ထဲကို ရောက်တာနဲ့ (မျောက်ပီပီ) လှေကားပေါ်ကို ပြေးတက်ပြီး ငှက်ပျောသီကို ယူဘို့ ကြိုးစားတော့တာပေါ့။ ကျန်တဲ့ လေးကောင်ကလည်း ထုံးစံအတိုင်း မဆိုင်းမတွ သူ့ကို ၀ိုင်း သြမဋ္ဋ ကြသတဲ့။ (ကွိကွိ … ကွကွ … ကွိကွ … ခွေးမသားမျောက် … ဆော်ပစ် … ကွစ်ကွစ်)
အဲသလို မကြာခဏ ထုနှက်ခံရပြီးတဲ့နောက်မှာ အသစ်ရောက်လာတဲ့ မျောက်ဟာ ဘာကြောင့် ဒီလို ထုနှက်ကြသလဲဆိုတဲ့ နောက်ကွယ်က အကြောင်းရင်းမှန်ကို စဉ်းစားလို့ မရပေမယ့်လည်း လှေကားပေါ်ကို မတက်ရဘူးဆိုတဲ့ အချက်ကိုတော့ ကောင်းကောင်းကြီး သဘောပေါက်လာတယ်။ လှေကားပေါ်တက်ဘို့ကိုလည်း ထပ်မံမကြိုးစားရဲတော့ဘူးတဲ့။
ဒုတိယ မျောက်အသစ်တကောင်ကို မျောက်အဟောင်းတကောင်ရဲ့ နေရာမှာ ထပ်မံ အစားထိုး ထည့်လိုက်တဲ့အခါမှာလည်း အလားတူ အဖြစ်မျိုး ထပ်ဖြစ်တယ်။ ဒီနေရာမှာ စိတ်ဝင်စား ဘို့ကောင်းတာက ဒုတိယ မျောက်သစ်ကို ၀ိုင်းဝန်းထုနှက်ကြတဲ့အခါ သူ့အရင်ရောက်တဲ့ မျောက်အသစ်ကပါ ဘုမသိ ဘမသိ ၀င်ပြီး ထုနှက်တာကို တွေ့ရသတဲ့။ (ကြည့်ရတာ လူတွေသာမက မျောက်တွေလည်း ဆွမ်းကြီးလောင်းရတာ ၀ါသနာပါပုံရတယ်ကွဲ့။)
ဒီလိုနဲ့ တတိယ မျောက်အသစ်တကောင်ကို မူလမျောက်အဟာင်းထဲက တကောင်နေရာမှာ အစားထိုးထည့်ကြည့်တယ်။ ထုနှက်တဲ့ကိစ္စ ဆက်ဖြစ်တယ်။ စတုထ္ထမျောက်အသစ်တကောင် ထပ်လဲထည့်တယ်။ ထုရိုက်တဲ့ကိစ္စ ဆက်ဖြစ်တယ်။ နောက်ဆုံးမှာ ပဉ္စမမြောက် မျောက်အသစ်ကို နောက်ဆုံးလက်ကျန် မျောက်အဟောင်းနေရာမှာ အပြီးသတ် လဲထည့်လိုက်တော့တယ်။
မိတ်ဆွေတို့ရေ … အခုဆိုရင် လှောင်အိမ်ထဲမှာ ရှိနေတဲ့ မျောက်ငါးကောင်လုံးဟာ နောက်မှ ရောက်လာကြတဲ့ မျောက်အသစ်တွေချည်းပေါ့ကွယ်။ သူတို့အားလုံးဟာ ရေခဲရေနဲ့ ပက်ဖြန်းတာကို တခါမှ မကြုံခဲ့ရဖူးဘူးကွဲ့။ ဒါပေမယ့် သူတို့ထဲက တကောင်ကောင် လှေကားပေါ်ကို တက်ဘို့ကြိုးစားရင်တော့ ကျန်တဲ့လေးကောင်က ၀ိုင်းဝန်းပြီး ထုကြနှက်ကြဆဲဘဲတဲ့။ ဒါပေမယ့် ဘာကြောင့် အဲသလို ထုနှက်ရသလဲဆိုတဲ့ အကြောင်းရင်းကိုတော့ မျောက်ငါးကောင်စလုံး လုံးဝ မသိကြရှာဘူးတဲ့ကွယ်။
ကဲ … ပုံပြင်လေးကတော့ ဒါပါဘဲကွယ်။
မိတ်ဆွေတို့ရေ … အဲဒီမျောက်ငါးကောင်ရဲ့ ထူးဆန်းတဲ့ အပြုအမူကို လူ့အဖွဲအစည်း အတွင်းမှာ ရော တွေ့ဘူး ကြုံဘူးပါသလား။
တဆက်တည်း မေးလိုက်ချင်သေးတာက ကိုယ်ကိုတိုင်ကော ဘယ်နှခါလောက် အဲလိုလုပ်မိပြီးပြီလဲ … ???
( … သူငယ်ချင်းတယောက် မေးလ်ကနေပို့ပေးလိုက်တာပါ။ တဦးတယောက်ရဲ့ မူပိုင်ဆိုရင် အသိပေးပါ။ ဖြည့်စွက် ဖော်ပြပေးပါမယ်။ … )

ဒဏ္ဍာရီထဲက ကရင့်ဖားစည်

ဖားစည်နှင့်ပတ်သက်သည့် ဒဏ္ဍာရီပုံပြင်တပုဒ် ရှိပါသည်။ ဖားစည်ကို ဖူးမော်တော(ဖူးဒိုင်)က မျောက်တို့ထံမှ ရရှိသည်ဟုဆိုပါသည်။ ထိုပုံပြင်ကို ပြောဆိုရာ၌ အနည်းငယ် ကွာခြားချက် ရှိကြသော်လည်း ဆိုလိုရင်းမှာ အတူတူပင်ဖြစ် ပါသည်။

ရှေးအခါက ဖူးမော်တော(ဖူးဒိုင်)အမည်ရှိအဘိုးအို တယောက်သည် သားသမီးများနှင့်အတူ တောင်ယာလုပ်ကိုင် စားသောက်ပါသည်။ ၎င်းတို့၏တောင်ယာနှင့် မနီးမဝေးတွင် ဖူးထော့နာသရဲနှင့် သားသမီးတစုတို့လည်း နေထိုင်ကြသည်။
ဖူးထော့နာသရဲနှင့်သားသမီးတို့သည် ဖားစည်သွန်းလုပ်ခြင်းကို တတ်ကျွမ်းသူများဖြစ်ကြသည်။ ထူးခြားချက်မှာ ၎င်းတို့သည် မျောက်ကဲ့သို့ အမြီးရှိကြသည်။
ဖူးထော့နာသရဲနှင့် သားသမီးများ(မျောက်များ)သည် ဖူးမော်တော၏စပါးများကို လာရောက်ခိုးစားလေ့ ရှိကြသည်။ စပါးများ အခိုးခံရ၍ ဖူးမော်တောမှာ စပါးခိုးသူကို ထောင်ဖမ်းရန် ကြံစည်ပါသည်။ ဖူးမော်တောသည် တောင်ပို့ထဲမှ ခူ (ပိုးတုံးလုံး) တကောင်ကို ယူ၍ နှစ်ပိုင်းဆွဲဖြတ်ပြီး သူ၏ နှာခေါင်းပေါက်ဝတွင် ထည့်ကာ စပါးကျီထဲတွင် လူသေယောင်ဆောင်ကာ အိပ်နေလိုက်သည်။
နေမြင့်ချိန်သို့ရောက်သော် မျောက်များသည် ကျီထဲရှိ စပါးများကို ခိုးယူရန် ရောက်လာကြသည်။ ကျီထဲသို့ဝင်သောအခါ ဖူးမော်တော ငြိမ်သက်စွာ အိပ်နေသည်ကို တွေ့ရသည်။ အချိန်အတန်ကြာ ချောင်းမြောင်းစောင့်ဆိုင်းနေသော်လည်း ဖူးမော်တော နိုးမလာသဖြင့် အနီးကပ်သွားကြည့်ကြသော် နှာခေါင်းထဲတွင် ခူကိုတွေ့ရ၍ ခူနှာခေါင်းထဲဝင်၍ သေရခြင်းဖြစ်သည်ဟု ယူဆကြသည်။
ထိုအခါ မျောက်အပေါင်းတို့သည် မိမိတို့၏ကျေးဇူးရှင် ဖြစ်သော ဖူးမော်တောသေဆုံးသည်ဖြစ်၍ ၀မ်းနည်းပက်လက်ဖြစ်ကာ ငိုကြွေးကြကုန်၏။
အို … ငါတို့ခြေနှစ်ချောင်း မျောက်အနွယ်ဝင်အပေါင်းတို့ … ငါတို့ကျေးဇူးရှင်ကြီး ခူကိုက်၍ သေဆုံးသွားပါပြီ။ သူ့ကိုငါတို့ တခမ်းတနား သင်္ဂြိုဟ်ကြပါစို့
ထို့နောက် ဖူးမော်တောအား ထမ်းစင်တခုဖြင့်တင်ကာ ၎င်းတို့ နေထိုင်ရာ တောင်ပေါ်သို့ ထမ်းယူသွားကြသည်။
ဖူးထော့နာသရဲက အသုဘအခမ်းအနားအတွက် ဖားစည်ကြီးများကို ထုတ်ယူခိုင်းပါသည်။ အရွယ်ချင်းတူညီသော ဖားစည် သုံးလုံးကို မှောက်လျက်စီထားကာ ပန်းမာလ်များဖြင့် ဆင်ယင်ထားလိုက်သည်။ ဖူးမော်တော၏ အလောင်းကို ခမ်းနားကြီးကျယ်စွာ ပြင်ဆင်ထားသော ဖားစည်သုံးလုံးပေါ်သို့ တရိုတသေ တင်ထားလိုက်ကြသည်။
ထို့နောက် နောက်ထပ်ငွေဖားစည် တလုံးကို ထုတ်ယူလာကာ ငွေဖားစည်ကိုတီးပြီး သြသံများဖြင့် ငိုပွဲ(ငိုချင်း)ဆင်ကြတော့သည်။
အသုဘအခမ်းအနားကို မျောက်တို့သည် သီချင်း၊ ကဗျာ၊ လင်္ကာများဖြင့် သြပွဲ ကျင်းပကာ စတင်ပါသည်။ မျောက်တကောင်က ငိုချင်းချပုံမှာ …
ဖူးမော်တောစပါးကို ငါတို့ သွားစားခဲ့ကြပါသည်။ ခုတော့ ငါတို့ကို ကျောခိုင်းလေပြီကော ဟူ၍ ဖြစ်သည်။
သြသံများသီဆိုကြသော အပျိုလူပျိုများထဲမှ နောင်းအွာမူး (မိဖြူ)အမည်ရှိ မျောက်မကြီးတကောင်သည် မိမိကိုယ်ကို ချီးမွမ်းခန်းထုတ်သော သြသံများသီဆိုနေသည်။ သူသာလျှင် အချောဆုံးအလှဆုံးဖြစ်ကြောင်း၊ သူ၏အမြီးမှာ သူများထက် ရှည်ကြောင်း ကြွားဝါ၍သီဆိုနေ၏။
ဖူးထော့နာသရဲက နောင်းအွာမူး၏ သြသံကို ကြားသည်နှင့် ချက်ချင်းပြေးတက်လာပြီး နောင်းအွာမူးနှင့်အပြိုင် သြသံသီဆိုလေတော့သည်။
ဖူးထော့နာသရဲ၏အမြီးမှာ ဆိတ်မြီးကဲ့သို့တမိုက်မျှသာရှိ ၏။ သို့သော်ဖူးထော့နာသရဲ သီဆိုလိုက်သောသြသံကား မိဖြူက သူ့အမြီး အရှည်ဆုံးပဲတဲ့၊ သူ့အမြီးက ငါ့အမြီးထက် ရှည်နိုင်ရိုးလား ဟူ၍ ဖြစ်သည်။ ထိုသြသံဆုံးသည်နှင့် ဖူးထော့နာသရဲသည် သူ့အမြီးတိုတိုလေးကို နှစ်တောင်၊ သုံးတောင် အရှည်ရှိသကဲ့သို့ လက်နှစ်ဖက်ဖြင့် ပွတ်သပ်ကိုင်တွယ်ပြလေ၏။
ထိုအချင်းအရာကို လူသေယောင်ဆောင်နေသော ဖူးမော်တောမှာ ခိုးကြည့်ရာမှ မြင်တွေ့နေရ၍ အလွန်ရယ်ချင်နေပါသည်။ နောင်းအွာမူးက သူ့အမြီး သူများထက်ရှည်ကြောင်း ကြွားဝါပုံ၊ ဖူးထော့နာသရဲကသူ့အမြီးတိုကလေးကို လက်နှစ်ဖက်ဖြင့် ပွတ်သပ်ကိုင်တွယ်ကာ ချီးမွမ်းခန်းထုတ်ပုံကိုတွေ့ရာ ဖူးမော်တောက မအောင့်အီးနိုင်တော့ဘဲ ကျယ်လောင်စွာ ရယ်လိုက်သည်။
ပြီးနောက် …
မင်းတို့ဘာတွေလုပ်နေတာတုံး ဟု ငေါ့၍ မေးလိုက်သည်။
လူသေရုတ်တရက်ထလာ၍ မျောက်များလန့်ဖျတ်သွားကာ အဝေးသို့ပြေးကုန်ကြ၏။ ဖူးထော့နာသရဲမှာ ဖူးမော်တော၏ ရှေ့မှောက်တွင်တရိုတသေတောင်းပန်နေရှာတော့၏။
ဖူးထော့နာသရဲနှင့် ဖူးမော်တောတို့ အပြန်အလှန် သီချင်း၊ ကဗျာ၊ လင်္ကာများဖြင့် စကားအမေးအဖြေပြုလုပ်ကြသည်။
ဖူးမော်တော ကျားသုံးဆယ်ခေါင်းဆောင်တကောင်၊ လူသုံးဆယ် ခေါင်းဆောင်တယောက်၊ ဤနေရာတွင်မည်သူသည်ခေါင်းဆောင်ဖြစ်ပါသနည်း။
ဖူးထော့နာ ကျားသုံးဆယ်လူသုံးဆယ် ခေါင်းဆောင် ဤနေရာတွင် ကျွန်ုပ်ပင်ဖြစ်ပါသည်။ အဆွေပြောစရာ ဆိုစရာရှိက အမိန့်ရှိပါ။
ဖူးမော်တော သင်တို့သည် ကျွန်ုပ်၏စပါးကို လာခိုးကြ၏။ ယာခင်းတို့ကိုလည်း လာရောက် ဖျက်ဆီးခဲ့ကြ၏။ ယခု သင်တို့သည် ကျွန်ုပ်အား လူသေလောင်းကဲ့သို့ ပြုမူနေကြသည်မှာ သင့်တော်ပါ၏လော။
ဖူးထော့နာ အဆွေတကြိမ်တခါ သည်းခံပါအုံး၊ သွေးမကောင်းလျှင် ဆံပင်ဖြူတတ်သည်။ သားသမီးမကောင်း မိဘခေါင်း၊ ကျေးကျွန်မကောင်း သခင်ခေါင်း၊ ဆိုရိုးစကား ရှိပါသည်။ အဆွေအား ကျွန်ုပ်ပြောစရာ အခြားဘာမျှ မရှိပါ။
ဖူးမော်တော ရှေးအစဉ်အဆက်ကရှိခဲ့သော ဓလေ့ထုံးစံအတိုင်း လူသေအလောင်းနားသို့ ထားပေးသောပစ္စည်း မှန်သမျှ လူသေနှင့်သာ သက်ဆိုင်ရမည်။ ယခုဖားစည် လေးလုံးနှင့်တကွ သက်ဆိုင်ရာ ပစ္စည်းမှန်သမျှ လူသေနှင့်သာ သက်ဆိုင် ရမည်။
ဖူးထော့နာ ကောင်းပြီအဆွေ၊ စကားမှာတခွန်း၊ ခြေရာမှာ တခုဟူသောစကားအရ ဖားစည်လေးလုံးနှင့်တကွ သက်ဆိုင်ရာ ပစ္စည်းအားလုံးတို့သည် အဆွေနှင့်သာ သက်ဆိုင်ပါသည်။ ကျေကျေနပ်နပ်သာယူစေဗျား။
ဖားစည်လေးလုံးနှင့်တကွသက်ဆိုင်ရာပစ္စည်း အားလုံးကို ဖူးမော်တောနေထိုင်ရာအိမ်သို့ ပို့ပေးကြသည်။ ထိုနေ့မှစ၍ ဖူးထော့နာသရဲသည် သားသမီးတို့၏ အကျင့်စာရိတ္တ ပျက်ပြားခဲ့ကြခြင်းအပေါ် အရှက်ရခဲ့သဖြင့် အခြားဒေသ တနေရာသို့ ပြောင်းရွှေ့နေထိုင်ကြလေတော့သည်။
ထိုမှစ၍ ကရင်လူမျိုးများထံသို့ ဖားစည်စတင် ရောက်ရှိလာသည်ဟု ပြောဆိုကြပါသည်။
မန်းလင်းမြတ်ကျော်
ကရင့်ရိုးရာသုတပဒေသာ

ကြောင် တစ်ကောင် နှင့် ဆာမူရိုင်း ပုံပြင်

တစ်ခါတုန်းက ဂျပန်မှာ တိုက်ရည် ခိုက်ရည် ပြည့်ဝတဲ့ ဆာမူရိုင်း ဓားသမား တစ်ယောက် ရှိတယ်။ နာမည်ကျော် ဓားသမား ဆိုပါတော့။ စစ်ပွဲ တွေမှာ တိုက်ခိုက် ပြီး အိမ်ပြန်ရောက် လာခဲ့တဲ့ တစ်ညတော့ မောလည်း မောပန်း လာတာနဲ့ စောစော အိပ်ရာဝင် ဖို့ ပြင်လိုက်တယ်။ အဲ့မှာ သူက ကြွက်တစ်ကောင် ကို တွေ့တော့တာပဲ။ ကြွက်က သူ့ကို ပမာမခန့် ပြန်မော့ ကြည့် နေသတဲ့။ ဆာမူရိုင်းက ဒေါသ ထွက်သွားတယ်။ သူ့ဓားကို ထုတ်ပြီး အဲ့ ကြွက် ကို လိုက်ခုတ်တယ်။ သူက တိုင်းပြည် တစ်ပြည်လုံး ရဲ့ နာမည်ကျော် ဓားသမား တစ်ယောက်ပါ။ ဓားရေး အင်မတန် ကျင်လည် တဲ့သူ တစ်ယောက်။ ဒါပေမယ့် ဒီကြွက်ကို ဓားနဲ့ လိုက်ခုတ် တာလေး မှာ တစ်ခုခု လွဲချော် နေတယ်။ ကြွက်ကို နည်းနည်းလေး တောင် မထိဘူး ဖြစ်နေတယ် ။ သူ အကြိမ်ပေါင်း များစွာ ခုတ်တယ်။ သူ့ဓားသာ ကျိုးသွားတယ်။ ကြွက်ကို မသတ်နိုင်ဘူး။ သူ စပြီး ကြောက်လာတယ်။ တုန်တုန်လှုပ်လှုပ် ဖြစ်သွားတယ်။ “ဒီကြွက်က သာမန် ရိုးရိုး ကြွက်တော့ မဖြစ်နိုင်ဘူး။ ပုံမှန် ကြွက်မျိုး မဟုတ်ဘူး။ အမှောင့် ပယောဂ ပါနေတဲ့ ကြွက်တစ်ကောင် ပဲ ဖြစ်မယ်” သူ အဲ့လို တွေးလိုက်တယ်။
သူ အဲ့ဒီအတွေး ဝင်တော့ ချွေးပါ ပြန်လာ တော့တယ်။ သူဟာ သူ့ဘဝ တစ်လျောက်လုံးမှာ စစ်ပွဲတွေ၊ တစ်ဦးချင်း တိုက်ပွဲ တွေ အလီလီ တိုက်ခဲ့ ပါတယ်။ တစ်ခါမှ ဒီလို ချွေးမပြန် ဖူးဘူး။ အခု ကြွက်တစ်ကောင် ကို မနိုင်လို့ သူ ချွေးပြန်ရပြီ။ နောက်ဖေးမှာ ချက်ပြုတ် နေတဲ့ ဇနီးသည် ဆီကို သူ ပြေးထွက် သွားတယ်။ ဘယ်လို လုပ်ရပါ့မလဲ မေးတယ်။ သူ့ ဇနီးသည်က “တော့်နှယ်။ ရူးနေလား။ ဒီလို ကြွက်တစ်ကောင် ကို များ ဓားနဲ့ လိုက်ခုတ် စရာ လိုသလား။ ကြွက်တစ်ကောင်ကို ဓားရှည်နဲ့ လိုက်ခုတ် နေရပါတယ် လို့ ကြားကော ကြားဖူးသလား။ ရှင်လုပ်ရမှာက ကြောင် တစ်ကောင် သွားယူပြီး ကြွက်လာတဲ့ အနား ချပေး ထားလိုက်ရုံပဲ”
သူက ချက်ချင်းပဲ ကြောင် တစ်ကောင် သွားယူလိုက် တယ်။ ရိုးရိုးကြောင် မဟုတ်ပါဘူး။ စစ်သည်တော်တွေ သုံးတဲ့ ကြောင်။ တိုက်ရည် ခိုက်ရည် ပြည့်ဝတဲ့ ကြောင်။ ဒီကြောင်ကို အများကြီး လေ့ကျင့် ပေးထား ကြတယ်။ ကြွက်တွေကို ဖမ်းဆီး တဲ့ နေရာမှာ နာမည်ကျော်ကြားတဲ့ ကြောင် တစ်ကောင်- ကြွက်ဖမ်းနည်း ပညာကုန် သင်ကြားပေးထားတဲ့ ကြောင် တစ်ကောင် ဖြစ်ပါတယ်။ ဒီ ကြောင် ရောက်လာတော့ ကြွက်ကို တွေ့တာနဲ့ လိုက်ဖမ်း တော့တာပဲ။ သူ ကျွမ်းကျင် သမျှ စွမ်းရည် အကုန် ထုတ်ပြီး ဖမ်းတော့တယ်။
သူ ဘယ်လိုပဲ ကြိုးစား ကြိုးစား၊ ကြွက်ကလည်း ထူးခြား နေပါတယ်။ သူ့မျက်စိ ရှေ့မှာတင် ခုန်ပျံ ကျော်လွှားပြီး လွတ်ထွက် သွားတာချည်းပဲ။ စစ်သည် ကြောင်က တွေးတယ်။ “ဒီလို ကြွက်မျိုး တစ်ခါမှ မတွေ့ဖူးသေးဘူး။ ငါ့လို ကြောင်ကို ပြန်တိုက်ခိုက် နိုင်တဲ့ ကြွက်မျိုး ဆိုတာ တူတူ တန်တန် ကြွက်တော့ မဖြစ်နိုင်ဘူး။” အဲ့အတွေးနဲ့ ကြောင်ပါ တုန်လှုပ်ပြီး ချွေးပြန် လာတယ်။ ဒီ အဖြစ်ကို တွေ့တော့ ဆာမူရိုင်းက – “ဒီကြွက်တော့ လွန်လွန်းပြီကွာ” ဆိုပြီး ဘုရင့် ကြောင်ကို သွားခေါ် လာပြန်တယ်။
ဘုရင့်ကြောင် ဆိုတာက ကြောင် တကာ့ ကြောင်ထဲမှာ ဘုရင်ပဲ။ တစ်တိုင်း တစ်ပြည်လုံးမှာ နာမည် အကြီးဆုံး ကြောင် ပေါ့။ ကြောင်တို့ တတ်အပ်တဲ့ ပညာ – ဘယ်ပညာကို မဆို တစ်ဖက်ကမ်း ခတ် တတ်ထားတဲ့ ကြောင်ပဲ။ ဒီဘုရင့် ကြောင်လဲ မရပါဘူး။ ဒီကြွက်ကို မနိုင်ဘူး။ ဘုရင့်ကြောင်ဟာ သူ ကိုယ်စွမ်း ဥာဏ်စွမ်း ရှိသမျှ အားကုန် ထုတ်ပြီး ဖမ်းရှာပါတယ်။ ဒါပေမယ့် ကြွက်က ထွက်လိုက် ဝင်လိုက်နဲ့ ပြောင်ပြနေ သလိုပဲ။ ကြာတော့ ဘုရင့်ကြောင်လည်း မောဟိုက် လာတယ်။ မနိုင်တော့ဘူး ဆိုတာ သိတဲ့နောက် ဘုရင့်ကြောင်က အကြံပေးတယ်။
“ကြောင်တစ်ကောင် တော့ ရှိတယ်။ နာမည် ကျော်ကြားတဲ့ ကြောင်တော့ မဟုတ်ဘူး။ ခင်ဗျား အခု နာမည်ကျော် ကြောင်တွေနဲ့ ဖမ်း ကြည့်ပြီးပြီ။ ကြိုးစား ကြည့်ပြီးပြီ။ သူတို့တွေလည်း အစွမ်းကုန်၊ နည်းကုန် အားထုတ်ခဲ့ပြီးပြီ။ ဒီကြွက်ကိုက စွမ်းအား ကြီးနေတယ်။ အဲ့တော့ ခင်ဗျား သာမာန် ကြောင် တစ်ကောင် နဲ့ပဲ စမ်းကြည့်ပါ။ သူက တကယ့် သာမန်ပဲ။ ဘာမှ မထူးခြားနေတဲ့ ကြောင်တစ်ကောင် ပဲ။ သူနဲ့ စမ်းကြည့်ပါ” လို့ ပြောလိုက်တယ်။
ဆာမူရိုင်းက – “ဘယ့်နှယ် သာမန် ကြောင်တစ်ကောင်က ဘယ်လို ဖမ်းမှာတဲ့တုန်း။ မင်းတို့တောင် မနိုင်တဲ့ဟာ”
အဲ့လို မေးတော့ ဘုရင့်ကြောင်က ပြန်ပြောတယ်။ “ခင်ဗျား စမ်းကြည့်ကြည့်ပါ။ ကျနော် အဲ့ကြောင်ကို သိတယ်။ သူက တကယ့် သာမန်ပဲ။ အခြား အရာတွေကို သူမသိဘူး။ ဘယ်နည်းတွေ၊ ဘယ်စနစ်တွေ သူမသိဘူး။ နေ့ရှိသရွေ့ သူ အိပ်ချင်ရင် အိပ်နေတတ်တယ်။ ဒါပေတဲ့ သူ့ကို သိတဲ့ ကြောင်တိုင်းက ပြောကြတယ်။ သူ့မှာ တစ်ခုခု ရှိနေတယ်တဲ့။ သူ့မှာ လေးနက်တဲ့ တစ်ခုခု ရှိနေတယ်။ ကျနော် ပြောနိုင်တာက အဲ့ကြောင်ဟာ ကြွက်အကြောင်း ကိုတောင် မသိလောက်ဘူး။ ကြွက် ဘယ်လို ဖမ်းရမလဲ – ဘယ်နည်းစနစ် သုံးရမလဲ- ဘယ်လို ပညာရပ်တွေ ရှိသလဲ – ကြွက်ဖမ်းနည်း ဒဿနက ဘာလဲ – အဲ့ဒါတွေ သူ တစ်ခုမှ သိမယ့်ပုံ မပေါ်ဘူး။ သူ ဘယ်သင်တန်းကျောင်း၊ ဘယ်ကောလိပ်၊ ဘယ် တက္ကသိုလ် မှလည်း မတက်ဖူးဘူး။ သူ့ဟာသူ ကြောင်သက်သက် ဖြစ်နေတဲ့ ကြောင်တစ်ကောင်ပဲ။ ဒါပေမယ့် ကြွက်တွေကတော့ သူကို ကြောက်ကြတယ် ပြောတယ်။ သူအိပ်နေပြီ ဆိုရင် ဘယ်ကြွက်မှ အိမ်ထဲ ဝင်မလာရဲဘူး။ သူ ရှိနေရုံလေး သက်သက်နဲ့တောင် လုံလောက်တယ်။ သူကတော့ ဆက်ပြီး အိပ်နေရင် အိပ်နေမယ်။ သူ ဘာကျွမ်းကျင်လဲ၊ သူ ဘာတတ်လဲ ဘယ်သူမှ မသိဘူး။ တစ်ချိန်တုန်းက ကျနော် သူ့ဆီ ရောက်သွား ဖူးတယ်။ အဲ့တော့ မေးခဲ့ဖူး ပါသေးတယ်။ “ခင်ဗျားရဲ့ ပညာက ဘာလဲ” လို့။ သူက ကျနော့ကို တစ်ချက် ကြည့်တယ်ဗျ။ ပြီးတော့ ဘာစကားမှ မပြောဘဲ မျက်လုံး ပြန်မှိတ် သွားတယ်။ ပြန် အိပ်ပျော် သွားတာပဲ။ ကျနော်လည်း သူ့ကို အတင်း ပြန်နှိုးပြီး မေးတယ်။ “ခင်ဗျား ပညာက ဘာလဲ”
သူက ပြန်ပြောတယ်။ “ကျုပ်လည်း မသိဘူး။ ကျုပ်သိတာ ကျုပ်က ကြောင်တစ်ကောင်ပဲ။ ဒီလောက် ဆို လုံလောက်ပါတယ်။ ကြောင်က ကြောင်ပဲ။ ကြောင်တွေ ဆိုတာ ကြွက်ဖမ်း တယ်။ အဲ့ဒါပဲ။ အဲ့ဒီမှာ အခြား ဘာပညာ လိုသေးသလဲ။ ခင်ဗျားမေးတဲ့ မေးခွန်း အဓိပ္ပာယ်ကော ရှိသေးရဲ့လား”တဲ့။”
ဆာမူရိုင်းလည်း သိချင်သွားတယ်။ အဲ့ကြောင်ကို သွားခေါ်လိုက်တယ်။ ကြောင်က တကယ့်ရိုးရိုးပဲ။ အခြားကြောင် တွေနဲ့ ပုံသဏ္ဍာန် ဟန်ပန် ဘာမှ မထူးခြား ဘူး။ မကွဲပြား နေဘူး။ သူ့မှာ ထူးခြားနေတာက အခြားကြောင်တွေ လိုပဲ ဆိုတာကလွဲရင် ကျန်တာ ဘာမှ မရှိတာဘဲ ဖြစ်ပါတယ်။ ကြောင်က ရောက်လာတော့ အိမ်ထဲကို ဝင်သွားတယ်။ ကြွက်ကို ဖမ်းပြီး ခေါ်ထုတ် လာခဲ့တယ်။ ဘာမှ ထူးခြား မနေဘူးပဲ။ အဲ့ဒီမှာ ဆာမူရိုင်းရော အခြား ကြောင်တွေ ရော အနားကို စုလာကြပြီး “ခင်ဗျား ပညာက ဘယ်လို ပညာပါလဲ” လို့ ဝိုင်း မေးကြတယ်။ သူက ပြန်ဖြေတယ်။ “ကျနော် ဘာပညာမှ မသိဘူး။ ကျနော်က ကြောင်တစ်ကောင် ပဲလေဗျာ။ အဲ့ဒါ မလုံလောက် ဘူးလား”
ကျနော် ပြောလိုတဲ့ သဘာဝ ဆိုတာ အဲ့ဒီလို အဓိပ္ပာယ် မျိုးပါ။ ခင်ဗျားက မိမိ သဘာဝ အတိုင်း ကို မိမိဘာသာ မိမိ သိမှတ် နေထိုင်လိုက်တဲ့ အခါ ဘာဝနာ ဖြစ်ထွန်း လာပါတယ်။ ဒါဟာ ဥာဏ်အလင်း မရခင် မှာလည်း ရှိနေမယ့် ပုံစံပါ။ ဘာဝနာ ဆိုတာ ခင်ဗျားရဲ့ သဘာဝကို သမားရိုးကျ ရိုးရိုးလေး ဖွင့်ဟ ထားခြင်းပဲ ဖြစ်ပါတယ်။ ဆိုလိုတာက ဘာဝနာဟာ လေ့လာ သင်ယူနေရတဲ့ အတတ်ပညာမျိုး၊ လေ့ကျက်ရတာမျိုး၊ ပြုပြင် ဖန်တီး ယူရတာမျိုး မဟုတ်ပါဘူး။ လုံးဝ မဟုတ်ဘူး။ သင်တန်းကျောင်း တက်ပြီး သင်ယူနေ စရာလည်း မလိုအပ်ဘူး။ ဒီလို သင်ယူ နေရင်လည်း ခင်ဗျား ပျက်ဆီး သွားမှာပဲ။ ခင်ဗျား နံဘေးမှာ ကြွက်တွေ အများကြီး ဝိုင်းရံနေမယ်။ ခင်ဗျားကလည်း အဲ့ဒီ ကြွက်တွေ ကို ကြောက်လန့် နေမယ်။ ကြောက်လန့် နေရုံတင် မကသေးဘူး – ဒီ ကြွက် တွေကို ဘယ်လို ဖယ်ရှားပစ်ရမလဲ- ဘယ်လို နှိမ်နင်း ပစ်ရ မလဲ လို့ ခင်ဗျား နည်းစနစ် တွေ အတတ်ပညာတွေ စပြီး သင်ယူမယ်။ နောက်ဆုံး – စက်ကိရိယာ လက်နက် တန်ဆာပလာ အစုံအလင်နဲ့ ပညာကုန် ခင်ဗျား တတ်မြောက် သွားနိုင်ပါတယ်။ ဒါပေမယ့် ခင်ဗျားဟာ နည်းလမ်းတွေကိုပဲ တတ်မြောက်နေတာ ဖြစ်သွား ပါလိမ့်မယ်။ အဲ့ဒါဟာ ခင်ဗျားရဲ့ တကယ့် ပြဿနာ ပဲ ဖြစ်ပါတယ် ။ အဲ့ဒီ ပြဿနာ အတားအဆီး ကြောင့် ခင်ဗျားဟာ ပညာတွေ နောက်ကို လိုက်ရင်း ခင်ဗျား သဘာဝကို ခင်ဗျား ပြန် မရောက်နိုင်ဘဲ — ဆိုလိုတာက ဘာဝနာ ဆိုတာ ဘာလဲလို့ မသိနိုင်တော့ဘဲ — တဝဲလည်လည် ကျန်ရစ် ခဲ့တော့တယ်။

အမေ(၃)ယောက်ရဲ့ ပုံပြင်

တစ်နေ့မှာ မိခင်(၃)ဦးဟာ စကားလက်ဆုံကျနေခဲ့တယ်။ အဲဒီထဲက မိခင်တစ်ဦးဟာ စိတ်ပျက်လက်ပျက်နဲ့ ပြောပါတယ်။

"မိသားစုတွေ ရှားရှားပါးပါးစုံတဲ့ နှစ်သစ်မှာလေ အဖေ့အလုပ်ကို အမွေဆက်ခံထားတာ မကြာသေးတဲ့သားက အသစ်စက်စက်ဇနီးနဲ့အတူ အိမ်ပြန်ရောက်လာခဲ့တယ်။ ကျွန်မတို့အားလုံး အိမ်မှာစားစရာတွေ၊ အသားကင်တွေ လုပ်စားကြတယ်။ သားက အသားကင်တွေကို တစ်ကင်ပြီးတစ်ကင် သူ့မိန်းမပန်းကန်ထဲ ပြည့်လုနီးပါး ထည့်ပေးနေခဲ့တယ်။ အမေလုပ်တဲ့ ကျွန်မပန်းကန်မှာတော့ အသားကင်တစ်ကင်မှ ရှိမနေခဲ့ဘူး။ ဒါကို သားမမြင်ခဲ့ဘူး။ ကျွန်မရင်ထဲ ဟာနေတာကို သူဘယ်တော့မှ မမြင်ခဲ့သလိုပေါ့။ လွန်ခဲ့တဲ့ လအနည်းငယ်က ပိုက်ဆံတွေတနင့်တပိုး အကုန်ခံပြီး သူ့ကို ကျွန်မတို့ မင်္ဂလာဆောင်ပေးခဲ့တယ်။ အိမ်အသစ်ဝယ်ပေးခဲ့တယ်။ သူတို့ရဲ့ စားဝတ်နေရေးတွေ ကျွန်မတို့ တာဝန်ယူခဲ့တယ်။ ဒါတောင်ကျွန်မအတွက် အသားကင်တစ်ကင် ထည့်ပေးဖော်မရခဲ့ဘူး။ ရင်နာလိုက်တာရှင်"

ပထမမိခင်ရဲ့အဖြစ်ကိုကြားတော့ ဒုတိယမိခင်ကလည်း ရင်ဖွင့်စကားဆိုပါတယ်။

"အိုး...ရှင်... ရှင်က သားရဲ့အသားကင်လေးပဲ မစားရတာပါ။ သိပ်အဖြစ် မဆိုးသေးပါဘူး။ ရှင့်ချွေးမကို ရှင်လုပ်မပေးရတာ ကံကောင်းပြီမှတ်ပါ။ ကျွန်မရဲ့ မကြာခင်ကမှ နိုင်ငံခြားကပြန်လာခဲ့တဲ့ သားကလေ ကျွန်မကျိုနိုင်ငံခြားကနေ သော့တွဲတစ်တွဲ လက်ဆောင်ဝယ်ပေးခဲ့သတဲ့။ သူ့နှမကိုလည်း သော့တွဲလက်ဆောင်တဲ့။ ဟော.. သူ့ချစ်သူအတွက်ကျတော့ လစာနှစ်လစာအကုန်ခံပြီး Cartier မိန်းမပတ်နာရီတစ်လုံး ဝယ်ပေးတယ်လေ။ သူက ကျွန်မကိုမေးသေးတယ်။ နာရီ အဖိုးနည်းသေးလားတဲ့? နည်းတယ်ထင်ရင် ကျွန်မကိုပေးပြီး နင့်ကောင်မလေးကို သော့တွဲပေးလိုက်ပါလားလို့ ကျွန်မရွဲ့ပြီး ပြောလိုက်တယ်။ တကယ်လို့ နင့်ကောင်မလေးက နင့်ကိုတကယ်ချစ်ရင် သော့တွဲပေးပေး ဘာပေးပေးယူမှာပေါ့လို့ဆိုပြီး နာရီကို ကျွန်မလုယူလိုက်တယ်လေ။ ဒါကို ကိုယ်တော်ချောက ကျွန်မကို စိတ်ဆိုးတယ်။ တွန်းတယ်လေ။ ကျွန်မအဖြစ်ကမှ ပိုရင်နာဖို့ ကောင်းတာပါရှင်...."

မိခင်နှစ်ဦးရဲ့ရင်ဖွင့်သံကိုကြားတော့ တတိယမိခင်က သက်ပြင်းရှည်တစ်ခုကို လေးလေးသွဲ့သွဲ့ချရင်း... "တခြားရှုထောင့်ကနေကြည့်ရင် ရှင်တို့နှစ်ယောက်ရဲ့အဖြစ်က ရင်နာစရာမကောင်းပါဘူးရှင်.. သားက ကိုယ့်မိန်းမအပေါ်၊ ကိုယ့်ချစ်သူအပေါ် ကောင်းတယ်ဆိုတာ သူတို့ချင်းအရမ်းချစ်ကြိုက်ကြလို့ပေါ့။ သားကို တကယ်ချစ်တဲ့လူရှိတဲ့အတွက် ရှင်တို့ဝမ်းသာသင့်တယ်။ အချစ်ပင်လယ်ထဲ မျောနေသူနှစ်ဦးဟာ ဘေးပတ်ဝန်းကျင်ကို သိပ်သတိမထားမိတတ်ကြဘူး။ လေထုနဲ့တူတဲ့ အမေကိုပိုလို့တောင် သတိမထားမိကြပါဘူး။ အမေဆိုတာ သားသမီးတွေရဲ့ လေထု၊ အောက်ဆီဂျင်ပြတ်တဲ့အချိန်မှပဲ လေထုရဲ့အရေးပါတာကို သူတို့သိကြတယ်လေ။ အမေတွေကလည်း အမေပါပဲ။ သားသမီးတွေကို ဘယ်တော့မှ အောက်ဆီဂျင် အပြတ်မခံခဲ့ကြပါဘူး"

"ကျွန်မမှာ အသက်(၃ဝ)အရွယ် သားတစ်ယောက်ရှိတယ်။ သားရဲ့ချစ်သူက ကွန်ပြူတာပါ။ သားဟာ နေ့တိုင်းအခန်းအောင်းပြီး ကွန်ပြူတာနဲ့ပဲ ရည်းစားဖြစ်တယ်။ အိမ်ထဲအိမ်ပြင် မထွက်ဘူး။ ကျွန်မကြည့်လို့မရတာနဲ့ နေ့တိုင်း သူ့အခန်းဝင်ရှင်းပေးရတယ်။ စားစရာတွေ ယူသွားပေးရတယ်။ ဒါတောင် သူက ကျွန်မကိုရှုပ်လို့ဆိုပြီး အခန်းပြင်ဖက် မောင်းမောင်းထုတ်တယ်။ တွန်းထုတ်တယ်လေ။ ကျွန်မအဖြစ်ကမှ တကယ့်ရင်နာစရာကောင်းပါတယ်။ ဒီသားကို ဘယ်အရွယ်အထိ ကျွန်မပြုစုစောင့်ရှောက်ရမလဲ မသိတော့ပါဘူး။ တကယ်လို့ သူ့မှာသာ တကယ့်ချစ်သူတစ်ယောက်ရှိရင် အဲဒီချစ်သူကို ကျွန်မ အသားကင်ကျွေးနိုင်ပါတယ်။ Cartierနာရီလေး လက်ဆောင်ပေးနိုင်ပါတယ်"လို့ ပြောပြီး ငိုချလိုက်ပါတော့တယ်။

တစ်ဖက်လပ်ပုံပြင်

တစ်ခါက ကုလားအုတ်အမေကြီးဟာ သူ့သားနဲ့ အတူ သဲကန္တာရထဲမှာ သောက်စရာရေနဲ့ စားစရာ မြက်ချိုလေးတွေ ရှာဖို့ထွက် လာ ခဲ့တယ်။ သားဖြစ်သူ ကုလားအုတ်လေးက အမေရှာဖွေ ကျွေးတာသာ အခုအချိန်အထိစားနေခဲ့သူ၊ တစ်ခါမှ အစာရှာမထွက်ဘူးသူ ဆိုတော့ ပထမဦးဆုံး အကြိမ် လမ်းမှာ အမေဖြစ်သူကို ခုလိုမေးလိုက်တယ်။
” မြက်ပင်လေးတွေနဲ့ သောက်စရာရေက ဘာတွေနဲ့ တူသလည်း အမေ။ ကျွန်တော်လည်း အမေနဲ့ အတူဝိုင်းရှာပေးပါ့မယ် “
ဒီတော့ ကုလားအုတ် အမေကြီးက ” ရေဆိုတာက ဟိုးက ကောင်းကင်ပြာကြီးနဲ့ တူတယ်။ ပြာလဲ့တဲ့အရောင်အသွေး ရှိတယ်။ ကြည်လင် သန့် စင် တယ်။ အဲ.. မြက်ပင်တွေကြတော့ စိမ်းစိုတယ်။ လတ်ဆတ်တယ်။ ချိုမြတဲ့ အရသာရှိတယ်ကွဲ့။
ဒီလိုနဲ့ သဲကန္တာရထဲမှာ စားစရာ ရေနဲ့မြက်ကို ရှာလာခဲ့တာ တစ်ရက်နဲ့ တစ်ညရှိလာပြီးတဲ့နောက် သားဖြစ်သူ ကုလားအုတ်လေးက ရုတ်တရက် သူတို့သွားနေတဲ့ သဲကန္တာရရဲ့ ဘယ်ဘက်စွန်းစွန်းကို ကြည့်လိုက်ပြီး အံ့သြ ၀မ်းသာစွာ အော်လိုက်တယ်။
” အမေ.. ကြည့်စမ်း.. ဟောဟိုမှာ ရေနဲ့ မြက်တွေ။ ရေကလည်း ကြည်လင်နေတာဘဲ။ မြက်ပင်လေးတွေကလည်း စိမ်းနေလိုက်တာ။ အမေ ကျွန်တော့်ကို ရှာကျွေးနေကြ အတိုင်းဘဲဗျ.. “
” အဓိပ္ပါယ်မရှိတာ မပြောနဲ့.. သား။ အမေတို့ရဲ့ မြင်နေရတာကာ တပြန့်တပြောရှိနေတဲ့ သဲကန္တာရကြီးဘဲ။ မင်း မျက်လုံးက မတွေ့ဘူးလား ” လို့ပြောလိုက်တယ်။
ဘာလို့ ကုလားအုတ်အမေကြီးက အဲ့ဒီလိုပြောသလဲဆိုတော့ သူ့ရဲ့ဘယ်ဘက် မျက်လုံးက မွေးထဲက ကွယ်နေရှာတာကိုး သူကိုယ်တိုင်မသိရှာဘူး။ ဒီတော့ သူရဲ့ ညာဘက် မှာသာရှိနေတဲ့ အဆုံးအစ မရှိတဲ့ ရွှေဝါရောင် သဲပြင်ကြီးကိုသာ သူကမြင်နိုင်ရှာတာပေါ့။
သားဖြစ်သူ ကုလားအုတ်လေးလည်း အမေ့စကား မလွန်ဆန်ချင်တော့ မချင့်မရဲနဲ့ သူ့အမေနောက် ဆက်လိုက်ခဲ့ရတယ်။ ဒီလိုနဲ့ နောက်ထပ် တစ်ညနဲ့ တစ်ရက် ဆက်ခရီးသွားပြီးတဲ့ အခါမှာတော့ သားဖြစ်သူ ကုလားအုတ်လေးဟာ ဒုတိယ အကြိမ်မြောက် အိုအေစစ် တစ်ခုကို ဘွားကနဲ ထပ်မံတွေ့လိုက်ရပြန်တယ်။ ဒီတစ်ခါလည်း သူဘယ်လို ကြိမ်တွယ်ပြော ပေမယ့် သူ့အမေကတော့ သူအိုအေစစ်တစ်ခု ထပ်တွေ့ တယ်ဆိုတာကို မယုံကြည်ပြန်ပါဘူး။ သူမရဲ့ တစ်ဘက်ထဲမြင် နေရတဲ့ ညာဘက်မျက်လုံးလေးကိုသာ မှိတ်တုတ်မှိတ်တုတ် လုပ်ပြီးတော့ ချက်ခြင်း ခွန်းတုန့်ပြန် လိုက်ပြန်တယ်။
” မဟုတ်ဘူးသား။ ဒါဟာ အိုအေစစ် မဟုတ်ဘူး။ ဒါဟာ သဲကန္တာရလို့ ခေါ်တယ်။ ငါက မင်းအမေပါ။ ငါပိုသိတာပေါ့။ ငါမမှားပါဘူး သားရဲ့ ” လို့ ပြော လိုက်တယ်။
သားဖြစ်သူ ကုလားအုတ်ငယ်လည်း ဒီတစ်ခါမှာတော့ နည်းနည်းတင်းလာပြီပေါ့။ သူက နှစ်ညနဲ့ နှစ်ရက်ဆိုတော့ ဗိုက်ကလည်း မတရားကို ဆာ လောင်နေပြီလေ။ ရေရော မြက်ရောတွေ့နေရပါလျှက်နဲ့ နှစ်ကြိမ်ရှိပြီ။ အခွင့်အရေးကို လက်လွှတ်ဆုံးရှူံးခံ လိုက်ရတာကို။ ဒါပေမယ့် အမေဆို တော့လည်း သူက ဘာမှအထွန့်မတက်ချင်ပေမယ့် နည်းနည်းတော့ စိတ်ထဲ ပေါက်ကွဲ ချင်လာမိတာပေါ့။

ဒီလိုနဲ့ ခရီးဆက်သွားရင်း ကုလားအုတ်ငယ်ဟာ တတိယအကြိမ်မြောက် သဲကန္တာရထဲမှာ အိုအေစစ်ငယ်တစ်ခုကို ထပ်မံ တွေ့ ရှိပြန်ပါတယ်။ ဒီတစ်ခါတော့ ကုလားအုတ်ငယ်ဟာ သူ့အမေကို ဘာဆိုဘာမှ အသိမပေးတော့ပါဘူး။ အသိပေး ပြန်ရင် အခွင့်အရေးကို ထပ်ပြီး လက်လွှတ်ရမှာ သူကောင်းကောင်း သိနေပြီလေ။ ဗိုက်ကလည်း ဆာလောင်မွတ်သိပ်၊ ရေကလည်းငတ်နဲ့ ဆိုတော့ အမေကိုအသိမပေးတော့ဘဲ အိုအေစစ် ရှိရာကိုသာ တစ်ဦးတည်း တစ်ဟုန်ထိုး သွားတော့တာပေါ့။
ဒါပေမယ့် ကုလားအုတ်အမေကြီးကတော့ သဲကန္တာရထဲမှာ ဆာလောင်မွတ်သိပ်စွာ၊ ရေငတ်စွာ၊ မောပမ်းစွာနဲ့ တရွေ့ရွေ့ ရှေ့ဆက်ရင်း ..။ သူ့ရဲ့ မြင်ရတဲ့ ညာဘက်မျက်လုံး တစ်လုံးလေးရဲ့ အကူအညီနဲ့ဘဲ အဆုံးအစ မရှိတဲ့ သဲကန္တာရထဲမှာ တစ်ဦးထဲ အိုအေစစ်ကို ရှာဖွေလို့ပေါ့။
လူငယ်တွေဟာ အရွယ်ရောက်လာတဲ့ အခါမှာ စွန့်စားချင်စိတ်၊ စူးစမ်းချင်စိတ်၊ အစွမ်းပြချင်စိတ်တွေ ကိုယ်စီ ရှိတတ်ပါတယ်။ သူတို့ တွေရဲ့ လုပ်ဆောင်မှုကိုလည်း လူကြီးတွေရဲ့ အသိအမှတ်ပြုမှုတာ ခံယူခွင့်ရချင်ကြပါတယ်။ လူငယ်တွေရဲ့ ကိုယ်စွမ်း ကိုယ်စ တွေကို လမ်းဖွင့်ပေး သင့် ပါတယ်။ လူငယ်တွေရဲ့ ရင်ဘတ်ထဲက အသံတွေကိုလည်း နားထောင်ပေးဘို့ အခွင့်အရေးပေး သင့်ပါတယ်။ သူတို့ ပြောတာတွေ ဟုတ်မဟုတ် ကို လည်း အရင် လက်ခံပေးပြီးမှ ဟုတ်မဟုတ် မှန်မမှန် လမ်းကြောင်းပေး သင့် ပါတယ်။ ဒါမှ မဟုတ်ဘဲ တစ်ဖက်လပ် အမြင်ဘဲရှိနေမယ်ဆိုရင်တော့ သစ်ကုလားအုတ်ငယ်လို လူငယ်တွေဘဲ ပတ်ဝန်းကျင်မှာ တိုး ပွားလာမှာပါ။ တကယ်တော့ လူကြီး တွေဆိုတာ တစ်ချိန်က လူငယ်တွေ ဖြစ်ခဲ့တာဘဲ မဟုတ်ပါလားဗျာ။

ပျော်.. ပျော်.. ပျော်နေကြတာ

တစ်ခါတုန်းက နတ်သားနှစ်ယောက်ရှိတယ်။ အရမ်းခင်တဲ့ နတ်သားသူငယ်ချင်းနှစ်ယောက်ပေါ့။ နာမည်က ကိုဒေ၀နဲ့ ကိုကာသ။ သူတို့က နတ်ပြည်မှာဘာလို့ နတ်သားအတူတူ လာဖြစ်ကြသလဲဆိုတော့ လူ့ဘ၀မှာတုန်းက သူတို့က  မိသားစုချင်းသိပ်ကိုရင်းနှီး၊ သိပ်ကိုခင်ကြတဲ့ သူငယ်ချင်းနှစ်ယောက်ပေါ့။ လူ့ပြည်တုန်းက ကောင်းမှုကုသိုလ်၊ ရပ်ရွာကောင်းကျိုးတွေ အတူတူ လုပ်လာခဲကြတယ်။ အဲ့ဒီလိုလုပ်ခဲ့ကြပေမယ့် သူတို့လုပ်ခဲ့တဲ့ ကောင်းမှုဆိုတာ မှန်သမျှမှာ သူတို့ရဲ့သမာအာဇီဝပိုက်ဆံ၊ လုပ်အားတစ်ခုမပါဘူး။ သူတစ်ပါးဆီက လောဘစိတ်နဲ့မတရား ခေါင်းပုံဖြတ်၊ အမြတ်ထုတ်၊ သူတစ်ပါးမျက်ရည်ပေါက် ကြီးငယ်ကျပြီးမှ ရတဲ့အကျိုးအမြတ်၊ ငွေတွေနဲ့ သူတို့လှူဒါန်းကုသိုလ်ပြုပါတယ်ဆိုပြီး နာမည်ခံပြီး ကျောင်း၊ ကန်၊ တံတားတွေ ဆောက်လုပ်လှူဒါန်းခဲ့ကြတာ။
ဒီလိုနဲ့သူတို့ အသက်တွေရလို့ ကွယ်လွန်ကြလေတော့ လူ့ဘ၀မှာ သူတို့နှစ်ယောက်လုပ်ခဲ့တဲ့ ကောင်းမှုကုသိုလ်တွေကြောင့် နတ်ပြည်မှာ နတ်သားဘ၀နဲ့  အတူတူ ပြန်ဆုံကြတယ်။ ဒီတော့ နတ်ပြည်မှာလည်း လူ့ပြည်မှာတုန်းကလိုပဲ မခွဲစတမ်း တစ်တွဲတွဲပေါ့။ နတ်ပြည်ရောက်တော့ နတ်တို့စည်းစိမ်နဲ့ နတ်သမီးလေးတွေ တစ်ဖက်လေး၊ ငါးရာနဲ့ ပျော်ပါး၊ စံစားနေခဲ့တာ ဘယ်လောက်တောင်ကြာသွားခဲ့သလည်း မသိလိုက်ဘူး။ တစ်နေ့တော့ နှစ်ယောက်သား စိတ်နှလုံး မချမ်းမြေ့ဘဲနဲ့ အတူဆုံမိကြတယ်။ နတ်တွေဆိုတာ မိမိ စုတိစိတ် ကျရမှာကို (၇) ရက်ကြိုပြီးတော့ သိကြတာမျိုးလေ။ စုတိစိတ်ကျပြီး နောင်ရောက်မယ့် ဘ၀ကိုလည်း ကြိုမြင်၊ ကြိုသိကြတယ်။ သူတို့ လူ့ဘ၀က လုပ်ခဲ့တဲ့ ကောင်းမှုတွေရဲ့အကျိုးကို နတ်ပြည်မှာ ခံစား၊ စံစားပြီးပြန်တော့ သူတစ်ပါး မျက်ရည်ပေါက်ကြီးငယ်ကျပြီးမှ ရယူခဲ့တဲ သူတို့ရဲ့ ကုသိုလ်တွေအတွက် သူတို့စုတေပြီးတဲ့အခါမှာ တိရစ္ဆာန်ဘ၀ကို တစ်ဖန်ပြန်လည်ရောက်ကြရဦးမှာကို နတ်တို့ရဲ့ တန်ခိုးဣဒ္ဓိပါဒ်နဲ့ သိနေတာကြောင့် သူတို့နတ်နှစ်ပါးလုံးရဲ့မျက်နှာ မကောင်းကြဘူး။ ဒါနဲ့ တစ်ယောက်ကို တစ်ယောက် အပြန်အလှန် မေးမိကြတယ်။
” ကိုဒေ၀.. မျက်နှာမကောင်းပါလား “
” ဟုတ်တယ် ကိုကာသရဲ့။ ခင်ဗျားက ကျုပ်သာမေးတယ်.. ခင်ဗျားလည်း မျက်နှာမကောင်းလှပါလား “
” ဟုတ်တယ် ကိုဒေ၀ရေ..။ ကျုပ်ကဒီဘ၀မှာ စုတေပြီးရင် ကျီးကန်းကြီး ဖြစ်မယ်တဲ့ဗျ..။ စိတ်ညစ်ချက်ကဗျာ.. “
ဒီတော့ ကိုကာသက…
” အမယ်လေး ကိုဒေ၀ရယ်.. ခင်ဗျားက ကျီးကန်းဘ၀ရောက်မှာကို စိတ်ညစ်နေတယ်ဆိုတော့..။ ကျုပ်အဖို့ ပြောစရာစကားတောင် မရှိတော့သလိုပါဘဲ “
” ဟုတ်လား… ဒါနဲ့ ခင်ဗျားကရော ဘာဖြစ်မှာမို့လို့လဲ..။ ပြောစမ်းပါဦးဗျ..”
” ဟုတ်တယ်ဗျာ..။ ကျုပ်က သေပြီးရင် ခင်ဗျားထက်ကို ဆိုးတယ်။ ကျုပ်က မစင်တွင်းထဲက လောက်ဖြစ်မှာတဲ့ဗျ “
ကိုကာသက မျက်နှာလေး ရှုံ့မဲ့လျှက်က..
” ခင်ဗျားသိသားနဲ့.. ကျုပ်ဘယ်လောက် အသန်အပြန့်ကြိုက်တယ်ဆိုတာ..။ ကျုပ်ဖြင့်တွေး..တွေးမိရင်း ဒီ.. မစင်ထဲက လောက်ကောင်ဖြစ်ရမယ့် ကျုပ်ရဲ့ဘ၀ကြီးကို  တွေးတွေးမိပြီး ရွံရှာအော့နှလုံးနာလိုက်တာဗျာ ..။ “
” အေးဗျာ.. ဒါဆို ကျုပ်ရဲ့ကျီးကန်းဘ၀ကမှ ခင်ဗျားထက် အပုံကြီးတော်သေးတယ်ဆိုရမယ်။ ကျုပ်တို့နှစ်ယောက် ဘ၀ခြားသွားပေမယ့် အခုလိုပဲ ခင်မင်ခွင့် ဆက်ပြီး ရနေချင်ပါသေးတယ်ဗျာ။ ကျီးကန်းဘ၀နဲ့ ခင်ဗျားကို ကူညီဖို့ အခွင့်အရေးများရရင် လက်မနှေးပဲ ကူညီပေးပါရစေ “
” ဟာ.. ဒါဆိုအတော်ပဲ။ ကျုပ်လည်း ခင်ဗျားဆီက အကူညီတောင်းဖို့ အားနာနေလို့။ ဒါဆို ခင်ဗျား.. ကျုပ်ကို တစ်ခု ကူညီဗျာ.. “
” စိတ်ချ။ ကျုပ်ကူညီမယ်။ ဘာကို ကူညီရမလဲသာပြောပါ ကိုကာသ”
” ကျုပ်တကယ်လို့ မစင်တွင်းထဲက လောက်တစ်ကောင်ဘ၀ ရောက်ခဲ့ရင် ကျုပ်ရှိရာ မစင်တွင်းကို အရောက်လာလှမ်းခေါ်ပြီး ကျုပ်ရောက်လာတာနဲ့ ခင်ဗျားရဲ့ ချွန်ထက်တဲ့ နှုတ်သီးကြီးနဲ့ ကျုပ်ကို ဘ၀ကူးသွားအောင် အမြန်သာ ပေါက်သတ်ပြီး ဘ၀တုံးပေးစမ်းပါဗျာ။ ဒီလောက် စက်ဆုတ်ဖွယ်ရာကောင်းတဲ့ မစင်တွင်းထဲမှာ လောက်တစ်ကောင်ဘ၀နဲ့ သက်ဆိုးမရှည်ချင်တော့ပါဘူး။ အမြန်ဆုံးသာ နောက်တစ်ဘ၀ ကူးပြောင်းလိုက်ချင်ပါရဲ့။ မဖြစ်မနေ ကူညီမယ်လို့ ဂတိပေးဗျာ။ “
ကိုဒေ၀လည်း ” ခင်ဗျားစိတ်တိုင်းကျ ဖြစ်ရပါစေ့မယ် ” လို့ ဂတိပေးလိုက်လေတယ်။
ဒီလိုနဲ့  သူတို့နတ်နှစ်ပါး စုတေပြီးတဲ့အခါမှာ ကြိုမြင်ထားတဲ့အတိုင်း ကိုဒေ၀က ကျီးကန်းဘ၀ကိုရောက်သွားပြီး ကိုကာသက မစင်တွင်းထဲက လောက်တစ်ကောင်ဖြစ်သွားလေတယ်။ ဒါနဲ့ ကျီးကန်းလည်း ဂတိအတိုင်း ငါ့သူငယ်ချင်း လောက်ရှိနေတဲ့ မစင်တွင်းဆီသွားဦးမှဆိုပြီး မစင်တွင်းနားက သရက်ကိုင်းပေါ်မှာ သွားနားပြီး တအအနဲ့ အသံပေးလေတယ်။ တစ်ခါအသံပေးလည်း ထွက်မလာ..။ နှစ်ခါအသံပေးလည်း ထွက်မလာနဲ့။ ဒါနဲ့ ခုနှစ်သံချီနဲ့ တအအကို ကုန်းအော်လေတော့မှ သူငယ်ချင်း လောက်ကောင်က  ကြားတော်မူပြီး သွားကြီးဖြီးကာ မစင်တွင်းထဲကနေ ခေါင်းလေးပြူပြီး တက်လာလေတော့တယ်။
” ဟာ.. ကိုဒေ၀ကြီးပါလားဗျ “
” ဟုတ်တယ်။ ခင်ဗျားကို ပေးခဲ့တဲ့ ဂတိအတိုင်း ခင်ဗျားကို ပေါက်သတ်ဖို့ လာခဲ့တာ “
ဒီတော့ လောက်ကောင်တစ်ဖြစ်လဲ ကိုကာသက မစင်တွင်းထဲကနေ စပ်ဖြည်းဖြည်းနဲ့ ပြောလိုက်ပုံက..
” ဟီး… ကျုပ်တော့ ဒီမစင်တွင်းထဲက ဘ၀တူ လောက်ကောင်တွေကြားမှာ ပျော်နေပြီဗျ.. သေချင်တော့ဘူး…ဟူး… “  တဲ့။
ဆန္ဒနဲ့ဘ၀ တစ်ထပ်ထဲကျကြပါစေ။

လက်သမားကြီး၏ တသက်စာ



တခါတုန်းကပေါ့ အလွန်တော်တဲ့ လက်သ္မားကြီးတယောက်ရှိသတဲ့ သူဟာ လက်သ္မားအလုပ်ကို သူ့အသက် ၁၃ နှစ်သားကတည်းက လုပ်ခဲ့တာဆိုတော့ သူ့လောက်တော်တဲ့လက်သ္မားဆြာ ဆိုတာမရှိဘူးလို့ ပြောလို့ရ အောင်လက်သ္မားပညာမှာတော်သတဲ့ သူရဲ့သူဌေးဆိုရင်လဲသူ့နဲ့ အတူတွဲလုပ်လာတာကြာပြီဖြစ်လို့ သံယော ဇာဉ်အတော်ဖြစ်နေပြီပေါ့။
ဒီလိုနဲ့လုပ်လာလိုက်တာ တရက်ကြတော့လက်သ္မားကြီးဟာ သူ့သူဌေးဆီမှာခွင့်တောင်းသတဲ့ သူဟာအသက် ကြီးပြီဖြစ်လို့ အလုပ်ကနေအနားယူတော့မှာ ဖြစ်တဲ့အတွက်သူကိုခွင့်ပြုပါပေါ့။ သူဌေးကလဲခွင့်ပေးပါတယ် ဒါပေမယ့် သူနေဖို့အိမ်တလုံးလောက် နောက်ဆုံးအနေနဲ့ ဆောက်ပေးပါလို့ ပြောသတဲ့ ဒါနဲ့လက်သ္မားကြီးလဲ စိတ်မပါတပါနဲ့ သူ့သူဌေးနေဖို့အိမ်ကို ဆောက်ပေးသတဲ့ စိတ်မပါတော့အိမ်ကသိတဲ့အတိုင်းပဲ တော်ရိလျှော်ရိ ပေါ့။
ဒီလိုနဲ့ သိပ်မကြာခင်မှာပဲ အိမ်ဟာပြီးသွားသတဲ့ ပြီးပြီးချင်းပဲသူဌေးကို အပ်လိုက်သတဲ့ ဒါနဲ့သူဌေးက "မင်း ဟာငါ့နဲ့လက်တွဲ လုပ်လာတာကြာပြီ ငါ့အပေါ်မှာလဲသစ္စာရှိတယ် အဲတာကြောင့်ဒီအိမ်ဟာ မင်းအတွက်ပဲ မင်းယူလိုက်" လို့ပြောပြီး အိမ်ကိုပေးလိုက်သတဲ့....
ပုံပြင်လေးကတော့ ဒါပါပဲ... စဉ်းစားမိတာတွေက တော့အမျှင်တန်းသွားတာပေါ့ အကယ်၍သာသူနေရမယ့် အိမ်လို့သေချာသိရင် သူသေချာလုပ်မှာပေါ့နော့်... ဒါကလူ့သဘာဝပဲလေ.. ကျနော်တို့ဘ၀မှာလဲ အဲသည့်လို အခြေအနေမျိုးတွေ ဘယ်နှစ်ကြိမ်လောက် တွေ့ကြုံရပြီးပြီလဲ တွေ့ကြုံတိုင်းရောဒီလိုပဲ ဖြတ်သန်းလာသလား မေးခွန်းတွေတသီကြီးပေါ့။
တကယ်တော့ ကျနော်တို့ဖြတ်သန်းလာရာ ဘ၀တလျှောက်မှာ အိမ်တွေဆောက်လာကြတာပါ ကိုယ်လုပ်ခဲ့ တဲအရာတွေဟာ ကိုယ်အတွက်ဆိုတာကို ကျနော်တို့မေ့နေကြတာပါ.. မမေ့သင့်ပါဘူး ...အရာရာတိုင်း အခြေအနေတိုင်းဟာ ကိုယ့်သမိုင်းကိုရေးနေတယ် ဆိုတာမမေ့ကြပါနဲ့လို့ ပြောရင်း ပုံပြင်လေးကို အဆုံး သတ်လိုက်ပါတယ်...

လူသားနဲ့ ပျားရည်

တခါက....လူတယောက်ဟာထင်းခွေဖို့အတွက် တောထဲကိုထွက်ခဲ့သတဲ့ ထ္မင်းထုတ်၊ ရေဘူး၊ ဓါးစသဖြင့် ပစ္စည်း ပစ္စယစုံလင်စွာနဲ့ပေါ့ ဒီလိုနဲ့တောထဲကိုရောက်တော့ ထင်းခုတ်ခြင်းအမှုကိုပြုပါတယ်။ ဒါပေမယ့်လတ် တလောစိုက်လို့ရတဲ့ ထင်ခြောက်ဆိုတာကလဲ မိုးတွင်းဆိုတော့ အတော့်ကိုရှား ပါးနေတဲ့အချိန်ပေါ့...

ဒီလိုနဲ့ သူလည်းထင်းခြောက်ကို ရှာရင်းနဲ့ တောတွင်းရဲ့အတော်နက်နက်ထဲကို ရောက်မှန်းမသိရောက်သွား ပါတယ်။

တနေရာကိုရောက်တော့ ဗြုန်းဆို...ကျားကြီးတကောင်နဲ့ ပက်ပင်းတိုးပါလေရော...ပထမတော့ကျားကြီးရော သည်လူပါ ကြောင်တက်တက်ဖြစ်ပြီး တယောက်ကိုတယောက်ကြည့်ရင်း မှင်သက်မိနေကြပါတယ်။ အရင်ဦး ဆုံးသတိဝင်လာတာကတော့ လူပါပဲ "အား" ကနဲအော်ပြီး တချိုးတည်း နောက်လှည့်ပြောပါတော့တယ်။
သူပါလာတဲ့ ပစ္စည်းပစ္စယတွေလည်း ဘယ်နေရာမှာ ကျကျန်ခဲ့မှန်းမသိအောင် စွတ်ပြေးတော့တာပေါ့။ ကျား ကလည်း အစာမစားရတာ ရက်သတ္တပါတ် ဘယ်လောက်ကြာပြီမှန်းမသိဘူး သည်လူပြေးတဲ့နောက်ကိုတ စိုက်မတ်မတ် လိုက်လာပါတယ်....

လူကရှေ့ကပြေး ကျားကနောက်ကလိုက်နဲ့ ခဏလည်းနေရော ရှေ့ကပြေးနေတဲ့လူဟာ တွင်းကြီးတတွင်းထဲ ကိုရုတ်တရက် ပြုတ်ကျသွားပါလေရော။ ကြောက်ကြောက်လန့်လန့်နဲ့ ဆွဲမိဆွဲရာကို ဆွဲလိုက်တာတွင်းနံရံမှာ ကပ်ပေါက်နေတဲ့ သစ်ပင်ရဲ့ အကိုင်းတခုကိုဆွဲမိပြီး တွဲလောင်းကြီးဖြစ် နေပါတယ်....

တွင်းရဲ့အောက်ခြေကို ငုံ့ကြည့်လိုက်တော့ အားပါးပါး လူ့ပေါင်လုံးလောက် လုံးပတ်လောက်ရှိမယ့် မြွေကြီးတ ကောင်အကျအနခွေနေတာကို တွေ့လိုက်ရပါတယ်။ ပြုတ်ကျလိုက်ရင်တော့ အတော့်ကိုမလွယ်တဲ့ အခြေအ နေပါ။ အပေါ်ကိုမော့ကြည့်လိုက်တော့လည်း သူ့နောက်က တစိုက်မတ်မတ်လိုက်လာတဲ့ ကျားကြီးဟာတွင်း ဘောင်မှာ ဇွဲနပဲနဲ့ ထိုင်စောင့်နေပါတယ်။

သည်လိုနဲ့ ဟိုကြည့်နဲ့ လျှောက်ကြည့်လိုက်တာ သူဆွဲခိုထားတဲ့သစ်ကိုင်းမှာ ပျားအုံတခုကိုတွေ့လိုက်ပါတယ်။ ပျားရည်တွေဟာလည်း ရွှန်းစိုဝင်းအိ ပြီးစားချင်စဘွယ် မွှေးကြိုင်နေပါတယ်။ မနက်ကတည်းက ဘာမှမစားရ သေးပဲကြောက်ကြောက်နဲ့ စွတ်ပြေးလာလိုက်တာ ပျားအုံကိုတွေ့တော့ ဘေအန္တရယ်တွေ့နေပေမယ့်မေ့သွား ပြီးအဲ့သည့် ပျားအုံက ပျားသလက်တွေကို လွတ်နေတဲ့ လက်တဖက်နဲ့ တဖဲ့ခြင်းယူစားနေပါတော့သတဲ့...

ပုံပြင်ကတော့ သည်နေရာမှာဆုံးသွားပါတယ်...မဆုံးသေတာကတော့ ကျနော့်ရဲ့ အတွေးတွေပါ
လူသားဆိုတဲ့သတ္တ၀ါဟာ အပေါ်မှာလည်းအန္တရယ် အောက်မှာလည်းသေမင်း သည်လိုအကျပ်အတည်းတွေ့ နေချိန်မျိုးမှာတောင် ပျားရည်နဲ့တူတဲ့ အမြိုက်အရသာကိုတွေရင် မနေနိုင်ပါဘူး ရအောင်ခံစားပါတယ်ပြော ချင်တာကတော့ လူသားဟာ လူပီသစွာပဲ အခက်အခဲတွေဘယ်လောက် တွေ့နေပါစေ။ အချစ်ဆိုတဲ့အမြိုက် ပျားရည်ကို ရှာဖွေပါတယ်။ မရှာဖွေရင်တောင်မှ မျှော်လင့်မိတတ်ကြပါတယ်။

ထောင်ချောက်ကို တိုးဝင်သူများ ပုံပြင်

တခါတုန်းက လူတယောက်ဟာ ငါးမြှားဖို့အတွင်ဆိုပြီး ချောင်းကမ်းနားကို ထွက်လာခဲ့သတဲ့။ ချောင်းကမ်းနား ကိုရောက်တော့ ငါမြှားတံကိုပြင်၊ ငါးစာတပ်ပြီး ထိုင်မြှားနေတော့သတဲ့...အဲသည့်အချိန်မှာပဲ ငါးတကောင်က လည်း အစာရှာဖို့ထွက်လာတယ်.. အဲသည့်ငါးကလေးဟာ အစာမစားရတာ ရက်ပေါင်းတော်တော်ကြာနေပြီ တဲ့ အဲတော့ အစာကိုအင်မတန်မှ လိုအပ်နေတာပေါ့။
ဒီလိုနဲ့ ငါးကလေးဟာ ငါးစာတပ်ထားတဲ့ ငါးမြှားချိတ်ကိုတွေ့သွားတယ်။ ဒါပေမယ့် ဒီအစာကိုသူဟတ်လိုက် ရင်သူ့အတွက်ရလာဒ် မကောင်းဘူးဆိုတာကို သူသိနေတယ်။ ဒါနဲ့ သူလည်းအခြားအစာများ ရလိုရငြားအ ခြားနေရာကို အစာရှာဖို့ထွက်လာခဲ့သတဲ့ နေသာစောင်းလာတယ် အစာက လုံးဝမတွေ့ဘူးဖြစ်နေတယ်...

နောက်ဆုံးတော့ ငါးကလေးဟာ ထောင်ချောက်မှန်းသိသိကြီးနဲ့ ငါးမြှားချိပ်မှာတပ်ထားတဲ့ ငါးစာကိုမနေနိုင် လွန်းလို့ ဟတ်လိုက်ရပါတော့တယ်...
ပုံပြင်လေးက သည်မှာပြီးသွားပါတယ်.. ငယ်ငယ်တုန်းကတော့ သိပ်နားမလည်ခဲ့ဘူး။ နောက်အဓိပ္ပါယ်ဖွင့်ဆို ချက်တွေကလည်း အမျိုးမျိုးပေါ့.. ဒါပေမယ့် သည်ပုံပြင်လေးဟာ တဖြည်းဖြည်းနဲ့ အဓိပ္ပါယ်တွေပြည့်ဝလာပါ တယ်...
ကျနော်တို့တွေရဲ့ နေစဉ်ဘ၀ဖြတ်သန်းမှုတွေမှာ အခက်အခဲတွေ အကြပ်အတည်းတွေ ပေါင်းစုံကိုတွေ့ကြုံ ဖြတ်သန်းရတယ်... ဒီလိုဖြတ်သန်းမှုတွေမှာ ထောင်ချောက်မှန်း သိသိကြီးနဲ့ တမင်တကာ ၀င်တိုးလိုက်ရတာ (ရင်နာနာနဲ့လည်း ပါကောင်းပါမယ်) တွေရှိလာပါတယ်။


 ဗမာပြည်ရဲ့ အိမ်နီးချင်းနိုင်ငံတွေက ဗမာပြည်သားတွေဆိုရင်လည်း ပုလိပ်ဖမ်းမယ် ရဲဖမ်းမယ်၊ အပျိုမလေး တွေဆိုရင်လည်း မတော်တရော်တွေ ဖြစ်သွားနိုင်တယ်ဆိုတာသိကြတယ် သူတို့အတွက်တိုင်းတပါးမှာ ဥပ ဒေဆိုတာမရှိဘူး၊ ဘာအကာအကွယ်မှ မရနိုင်ဘူးဆိုတာသိသိကြီးနဲ့ စွန့်စားပြီး အလုပ်လာလုပ်ကြတယ် ...ရပ်တည်ရေးအတွက် ထောင်ချောက်မှန်းသိသိနဲ့ တိုးဝင်ကြ သူတွေပေါ့..
အဲတချို့ကြတော့ သည်လိုမဟုတ်ကြဘူး ကိုယ့်ရပ်တည်ရေးအတွက် လည်းမဟုတ်၊ တချိန်တိုင်းပြည်လွတ် လပ်ရေး (ဒီမိုကရေစီ) ရရင် ငါဘာဖြစ်ရမယ်၊ ဥပမာ သမ္မတ၊ ၀န်ကြီးချုပ်၊ စသဖြင့် အာဏာအတွက်လည်း မဟုတ်...
ဗမာပြည် စစ်အုပ်စုက ဖမ်းမယ်ဆိုတာသိတယ် အဖမ်းခံရရင် ဘာတွေဖြစ်မယ်ဆိုတာလည်းသိတယ်။ ဒါပေ မယ့် ကျနော်တို့ရဲ့ အညတြ သူရဲကောင်းတွေ၊ အဓိပတိ သူရဲကောင်းတွေဟာ လွတ်လပ်ပြီး တရားမျှတမှုဆို တာကို လိုချင်တဲ့အတွက် ထောင်ချခံရမှာကိုလည်း မကြောက် (အခန့်မသင့်ရင် သေတောင်သွားနိုင်တယ်) နှိပ်စက်ခံရမှာကိုလည်း မကြောက် သူတို့ဆန္ဒတွေကို ထုတ်ဖေါ်ကြပါတယ်။
နောက် ငှက်ဖျားဒဏ်ကြောင့်၊ ရာသီဥတုဒဏ်ကြောင့်၊ အစားအသောက် ဆင်းရဲမှုကြောင့် ဆိုတာတွေကို ထည့် မတွက်ပဲ၊ ဗမာပြည်ကို စစ်အာဏာရှင် စနစ်အောက်က လွတ်မြောက်ဖို့အတွက် လက်နက်ကိုင်စွဲပြီး တိုက်ပွဲဝင်နေတဲ့ အညတြ၊ အဓိပတိ သူရဲကောင်းတွေအများကြီးပါ။ သူတို့ကတော့ ထောင်ချောက်မှာ အစာ မတတ်ထားဘဲ အဆိပ်သုတ်ထားပါစေ အဲသည့်ထောင်ချောက်ကို ၀င်တိုးမယ့်သူတွေပါ။
ထူးခြားတာကတော့ သည်လူတွေဟာ အဲသည့်ထောင်ချောက်ကို သူတို့ရဲ့အတ္တတွေစတေးပြီး ဖြိုဖျက်ပစ်မဲ့ သူတွေပါ။ ထောင်ချောက်ကို တိုးဝင်ကြသူတွေချင်းတူပေမယ့် တန်ဘိုးချင်းကတော့ ကွာပါတယ်။
ဒီစာကိုဖတ်နေတဲ့ သူငယ်ချင်း "မင်းကရော ထောင်ချောက်ထဲကို ဘယ်လိုနည်းနဲ့ တိုးဝင်မလဲ"

လှချင်လွန်းတဲ့မင်းသမီးလေး


 ရှေးရှေးတုန်းကဘုရင်ကြီးတစ်ပါးမှာရုပစန္ဒီဆိုတဲ့မင်းသမီးလေးတစ်ပါးရှိတယ်။
ရုပစန္ဒီလေးဟာဘုရင့်သမီးတော်လေးဖြစ်တဲ့အပြင်ရုပ်ရည်ကလည်းအင်မတန် ချောမော
လွန်းလို့နန်းတော်တစ်ခုလုံးမှာသူ့ကိုမချစ်ခင်တဲ့သူမရှိဘူးတဲ့။
အားလုံးကဖူးဖူးမှုတ်ထားတာပေါ့။အဲဒီလောက်ကံကောင်းပြီးချောမောနေပေမယ့်ရုပစန္ဒီ
ဟာလှသထက်ပိုပြီးလှချင်လို့အချိန်ရှိသရွေ့အလှပဲပြင်နေတယ်။စာပေပညာလည်းသိပ်
မသင်မိန်းကလေးတွေတပ်အပ်တဲ့ပညာရပ်တွေကိုလည်းမလေ့လာဘဲလှဖို့တစ်ခုတည်း
ပဲစဉ်းစားနေတယ်တဲ့။တစ်နေ့တော့သူရဲ့အထိန်းတော်က..”တောစပ်နားမှာနေတဲ့ပုဏ္ဏား
တစ်ယောက်ကချောမောလှပလာအောင် မန်းမှုတ်တတ်တယ်လို့ကြားသိခဲ့ ရပါတယ်
သခင်မလေး…”လို့လျှောက်တင်လိုက်တယ်။ရုပစန္ဒီလည်းချက်ချင်းပဲ…
”ဒီသတင်းဟာအမှန်ပဲလားဝမ်းသာလိုက်တာ..”လို့ပြောပြီးပိုလှလာဖို့အတွက်ဘယ်လို
လုပ်ရမလဲဆိုတာအကြံထုတ်တော့တယ်။အဲဒီနောက်တော့ရူပစန္ဒီလေးဟာခမည်းတော်
မင်းကြီးမသိအောင်နန်းတော်ထဲကနေ တိတ်တဆိတ်ထွက်လာခဲ့ပြီး တောစပ်နားက ပုဏ္ဏားကြီးရှိရာကိုအရောက်သွားတော့သတဲ့။
ကံကောင်းစွာပဲပုဏ္ဏားကြီးနဲ့တစ်ခါတည်းတွေ့လို့ ရူပစန္ဒီလေးက…”အို ပုဏ္ဏားကြီးကျွန်မ
ကိုလှပလာအောင်နည်းလမ်းကောင်းလေးများရှိရင်ပြောပြပေးပါဦး….လို့မေးလိုက်တယ်။
ဒီအခါပုဏ္ဏားကြီးက…သမီးတော်လေး..သင်ဟာလှပြီးသားပဲမလိုအပ်တော့ပါဘူး….လို့
ပြန်ပြောတယ်….”အိုဒီထက်ပိုပြီးလှချင်လို့ပါကူညီပါဦးပုဏ္ဏားကြီးရယ်…”လို့ရူပစန္ဒီက
အတင်းတောင်းဆိုတော့တယ်။ပုဏ္ဏားကြီးလည်း…”ကဲ ကဲပြောမရတော့လဲ ကူညီပေးရ
တာပေါ့…”လို့ပြောပြီးရူပစန္ဒီကိုထူးဆန်းတဲ့ပုလည်လည်ဆွဲလေးတစ်ကုံးထုတ်ပေးလိုက်
တယ်။”ဒီလည်ဆွဲဟာကျွန်ုပ်တတ်ကျွမ်းတဲ့ရူပမန္တာန်တော်နဲ့မန်းမှုတ်စီရင်ထားတဲ့လည်ဆွဲဖြစ်ပါတယ်။ ဒီလည်ဆွဲကို ဆင်မြန်းလိုက်တာနဲ့ သင်ဟာဗမ္ဗူတစ်ခွင်မှာ အချောဆုံး 
အလှဆုံးမိန်းကလေ်းဖြစ်သွားလိမ့်မယ်။ ဒါပေမယ့် ဒီလည်ဆွဲကိုပြန် ချွတ်မိလိုက်တာနဲ့ 
သင်ဟာအိုမင်းရင့်ရော်သွားပြီး အကျည်းတန် အရုပ်ဆိုးသွားရလိမ့် မယ်။ကဲသင်ဘယ်လို
သဘောရလဲ…”လို့ပုဏ္ဏားကြီးကရူပစန္ဒီမင်းသမီးလေးကိုပြောလိုက်တယ်။
ရူပစန္ဒီမင်းသမီးလေးဟာအလှဆုံးဖြစ်ဖို့ပဲအရေးကြီးနေလို့ကျန်တာကိုဘာမှတွေးမနေတော့
ဘဲ…”ကိစ္စမရှိပါဘူးအမြဲတမ်းလှနေအောင်အမြဲတမ်းဝတ်ထားလိုက်မှာပေါ့…”
လို့အလွယ်တကူပြောလိုက်တယ်။အဲဒီနောက်မှာတောမင်းသမီးလေးဟာပုဏ္ဏားကြီးဆီ
ကလည်ဆွဲကြိုးကိုယူပြီးဝတ်ဆင်လိုက်တော့တယ်။ရူပစန္ဒီလေးလည်းဝမ်းသာအားရနဲ့
နန်း တော်ကိုပြန်လာခဲ့တော့တယ်။ နန်းတော်ရောက်တဲ့အခါမှာရူပစန္ဒီလေးကိုခမည်း
တော်ဘုရင်ကြီးကတွေ့လိုက်တော့အရမ်းအံ့သြသွားတယ်။”သမီးတော်ရယ်ဒီလောက်
လှလွန်းတော့သမီးတော်အတွက်အန္တရာယ်များလွန်းပါတယ်
အစစမှာသတိထားနေပါကွယ်…”လို့ဘုရင်ကြီးဆုံးမလိုက်တယ်။ ဒါပေမယ့် ရူပစန္ဒီလေးဟာ မသိဟန်ပြုပြီးဘုရင်ကြီးရှေ့ကထွက်ခဲ့တယ်။ သူ့ရဲ့စိတ်ထဲမှာတော့ သူ့အလှအတွက် အရမ်းဝမ်းသာနေတာပေါ့။ ဒီလိုနဲ့ရူပစန္ဒီလေးဟာအတိုင်းတိုင်းအပြည်ပြည်ရဲ့ဘယ်မင်းသမီးကမှမယှဉ်နိုင်အောင် ချောမောလှလွန်းနေတော့တာပေါ့။ တစ်နေ့မှာတော့ရူပစန္ဒီလေးက…အင်းနန်းတော်ထဲ
ကရေကန်တော်မှာပဲ အမြဲချိုးနေရတာ ငါ့စိတ်ထဲမသန့်ရှင်းဘူး နန်းမြို့တောင်ဘက်က ကြည်လင်အေးမြပြီးတသွင်သွင်စီးဆင်း နေတဲ့ ကျောက်စက်ရေ စမ်းချောင်းလေးမှာသာ ရေသွားချိုးလိုက်ရရင် ငါ့ရဲ့အသားအရည် တွေဟာဒီထက်ပိုပြီး စိုပြေလှပလာမှာပဲ…လို့
စဉ်းစားမိတယ်။ ဒါကြောင့်မယ်တော်ဆီမှာသွားရောက်ပြိးခွင့်တောင်းကြည့်တယ်။
ဒါပေမယ့်မယ်တော်က… မြို့ပြင်မှာသားရဲတိရိစ္ဆာန်တွေကပေါများလှပါဘိနဲ့ မယ်တော်
ခွင့်မပြုနိုင်ဘူး သမီးတော်… လို့ပြန်ပြောလိုက်တယ်မယ်တော်မိဖုရားခွင့်မပြုတော့ရူပစန္ဒီလေးဟာ
သိပ်စိတ်ညစ်သွားတယ်။ ဘယ်အထိန်းတော်တွေကမှလည်း မိဖုရားကြီးရဲ့အမိန့်ကို လွန်ဆန်ပြီး 
မပို့ရဲကြရှာဘူးပေါ့။ဒီတော့ရူပစန္ဒီလေးလည်းသူ့ဆုံးဖြတ်ချက်အတိုင်းဘယ်သူမှ
မသိအောင်တိတ်တိတ်လေးထွက်လာခဲ့တယ်။စမ်းချောင်းလေးနားရောက်တော့သူ့
သဘောကျတသွင်သွင်စီးနေတဲ့စမ်းချောင်းရေထဲဆင်းပြီးရေချိုးတော့တာပေါ့။
ရူပစန္ဒီလေးဟာဒီလိုနဲ့စမ်းချောင်းထဲမှာရေချိုးနေရင်းကျောက်တုံးတစ်တုံးကိုချော်နင်း
မိပြိးရေထဲကိုလဲကျသွားတော့တယ်။စမ်းချောင်းလေးဟာသိပ်မနက်ပေမယ့်ရေစီးနေတော့ ရူပစန္ဒီလေးဟာ ရေစီးထဲမှာ မျောပါမလိုဖြစ်သွားတယ်။ 
အဲဒီအချိန်မှာ သူ့လည်ပင်းကပုလဲလည်ဆွဲလေးဟာရေထဲကို ပြုတ်ကျသွားသတဲ့။ 
ကံဆိုးချင်တော့အဲဒီအချိန်မှာသူ့အနားကိုကူးလာတဲ့ငါးကြီးတစ်ကောင်က မြင်ပြိး အစာမှတ်လို့
ထိုးဟပ်သွားတယ်။ ချက်ချင်းပဲရူပစန္ဒီလေးလည်း ချောမော
လှပနေရာကနေ အကျည်းတန်တဲ့ အဖွားအိုကြီးပုံဖြစ်သွားတော့တယ်။ ဒါကြောင့် ငါးကြီးရဲ့
နောက်ကိုချက်ချင်းရေကူးပြီး အမီလိုက်ပေမယ့် ငါးကြီးကိုမတွေ့ရတော့ဘူး။
ဒါပေမယ့်ဇွဲမလျော့ဘဲစမ်းချောင်းလေးစီးဆင်းရာလမ်းတစ်လျောက်လိုက်ရှာနေမိတယ်။
အဲဒီအချိန်မှာပုလဲလည်ဆွဲကိုထိုးဟပ်သွားတဲ့ငါးကြီးကိုတံငါသည်တစ်ဦးကဖမ်းမိသွား
တယ်။တံငါသည်လည်း အိမ်ရောက်လို့ ငါးရဲ့ဗိုက်ကိုခွဲမိတော့အထဲကနေပုလဲလည်ဆွဲက
ထွက်ကျလာတာပေါ့။ဒါနဲ့ တံငါသည်လည်း လည်ဆွဲကိုကိုင်ပြီး တအံ့တသြနဲ့ ငေးကြည့်နေတုန်း တံငါသည်
ရဲ့နောက်နားတစ်ပင်ပေါ်က ဗျိုင်းတစ်ကောင်ဆင်းလာပြီး ပုလဲကုံးကိုသုတ်ချီပျံပြေးသွား
တယ်။အဲဒီအချိန်မှာစမ်းချောင်းတစ်လျောက်လိုက်ရှာနေတဲ့ရူပစန္ဒီတဖြစ်လဲအကျည်းတန်
အဖွားအိုဟာတံငါသည်ရှိရာကို ရောက်လာသတဲ့။ အမောင်လုလင်ကျွန်ုပ်ရဲ့ပုလဲလည်ဆွဲ
ငါးကြီးစားမျိုသွားလို့တွေးမိပါသလား..လို့တံငါသည် ကိုမေးမြန်းလိုက်တယ်။ တံငါသည်လည်း..အခုလေးတင်ပဲအဲဒီလည်ဆွဲကို ဗျိုင်းတစ်ကောင် သုတ်ချီပြီးအနောက်
ဘက်အရပ်ကို ပျံပြေးသွားပါတယ်… လို့အမှန်အတိုင်းပြောပြလိုက်တယ်။ ဒါနဲ့အမေအို
လည်းအချိန်မဆိုင်းတော့ဘဲ အနောက်ဘက်အရပ်ကိုချက်ချင်း လိုက်သွားတော့တယ်။ လမ်းမှာတွေ့သမျှလူတွေကိုမေးမြန်းကြည့်ပေမယ့် ဘယ်သူမှ မသိကြ ဘူးတဲ့။
တစ်ချို့လူတွေက ဆိုရင်…. ဟာအဖွားကြိး တယ်ရှုပ်ပါလားသွားစမ်းပါဗျာ…လို့တောင် အော်ငေါက်မောင်းထုတ်လိုက်ကြတယ်။ ဒါနဲ့သူမဟာစိတ်ညစ်ပြိးထွက်လာတုန်း တစ်
နေရာအရောက် သစ်ပင်ပေါ်မှာ ပြိုးပြိုးပျက်ပျက်လက်နေတဲ့အရာတစ်ခုကိုတွေ့မိတယ်။
သချာမော့ကြည့်တော့မှဗျိုင်းတစ်ကောင်ရဲ့လည်ပင်းမှာသူမရဲ့ပုလဲလည်ဆွဲစွပ်လျက်သား ဆွဲမိနေတာကိုတွေ့ရတယ်။အဲဒီဗျိုင်းဟာကိုယ်ရောင်ကိုယ်ဝါတွေ တောက်ပနေတာပေါ့။ သူမလည်းလည်ဆွဲပြန်လိုချင်လို့ဗျိုင်းကိုအောက်ကနေအော်ဟစ်ခြောက်လှန့်လိုက်တယ်။
ဗျိုင်းလည်းလန့်ပြီးထပျံပြေးသွားတော့သူမဟာဗျိုင်းပျံပြေးတဲ့နောက်ကိုအမီလိုက်တော့
တာပေါ့။ဗျိုင်းဟာမိုးပေါ်ကနေ ပျံသွားရင်းသင်္ချိုင်းတစ်ခုမှာမီးသဂြိုလ်နေတဲ့ မီးပုံပေါ်က ဖြတ်ပျံမိတယ်။ ဒီတော့မီးအပူဟပ်ပြီး ဗျိုင်းဟာ မီးပုံထဲပြုတ်ကျသွားတော့သတဲ့။ အဲဒီ
နောက် တော့ဗျိုင်းလည်း မီးလောင်သေသွားပြီး ဗျိုင်းငှက်နဲ့အတူပုလဲလည်ဆွဲလေးလည်း ပြာမှုန့်ဖြစ် သွားတယ်။ဒီအကြောင်းတွေကို နောက်ကပြေးလိုက်လာတဲ့ အကျည်းတန်အဖွားအို ရူပစန္ဒီ တွေ့သွားပြီးပြာပုံထဲမှာသူ့ရဲ့လည်ဆွဲကို တွေ့လို့တွေ့ငြားလိုကရှာမိသေးတယ်။ ဒါပေမယ့် ပြာတွေကလွဲလို့ ဘာမှရှာမတွေ့ အဖွားအိုလည်း မျှော်လင့်ချက်မဲ့သွားရတော့တာပေါ့ငါတော့ဒုက္ခရောက်ပြီ ပုလဲလည်ဆွဲလေးမရှိတော့ဘူးဆိုတော့ငါဟာအခုလိုအကျည်းတန်အဖွားအိုအဖြစ်နဲ့ တစ်သက်လုံးနေသွားရတော့မှာပါလား… လို့တွေးမိပြီးပြာပုံ အနီးအနားမှာပဲ နေပြီးပြာမှုန့်ကနေသစ်ပင်ပေါက်လာမယ့်အချိန်ကို ထိုင်စောင့်
မျှော်နေရှာသတဲ့… အင်းပုလဲလည်ဆွဲပြာမှုန့်တွေကအပင်ပေါက်လာပြီး အသီးသီးလာရင် အဲဒီအသီး
တွေကို လည်ဆွဲလုပ်ပြီး ဝတ်ရမယ်။ ဒီတော့မှငါဟာအရင်လိုချောမောလှပတဲ့ ရုပ်အဆင်းကို ပြန်ရနိုင်မယ် 
လို့တစ်ယောက်တည်းစိတ်ကူးယဉ်ပြီးတွေးတောနေသတဲ့။ နွေမိုးဆောင်း ရာသီတွေပြောင်းတဲ့တိုင်း 
အဲဒီသစ်ပင်ပေါက်လာမလားဆိုပြီးတော့ အမြဲတမ်းရှာဖွေနေသတဲ့။
သူ့ကိုတွေ့ကြတဲ့ လူတွေအားလုံးကလည်းသူ့ကိုရူပစန္ဒီမင်းသမီးလေးမှန်း ဘယ်သူမှ
မသိကြ ဘူးပေါ့။ သူ့ကိုကြည့်ပြီး … ဒီအဖွားကြီးဟာဒီသူဿန်တစ်ဝိုက်မှာပဲ ရစ်သီ
ရစ်သီလာလုပ်နေတယ်။ဘယ်ကမှန်းလည်းမသိပါဘူးကွာလို့လူတစ်ဦးကပြောတော့
အိုအရူးမကြီး နေမှာပေါ့…လို့တခြားတစ်ဦးကည်းဖြေလိုက်တယ်။ ဒီလိုနဲ့နောက်ဆုံးတော့ ပိုမို အကျည်းတန်လာတဲ့အဖွားအိုဟာသူ့ရဲ့ရုပ်ရည်ကိုရေအိုင်
တစ်အိုင်မှာပြန်မြင်မိပြီး ထိတ်လန့်သေဆုံးသွားတော့တယ်တဲ့။သူမဟာသေဆုံးသွားပြီး
တဲ့နောက် ငှက်တစ်ကောင်ဖြစ်သွား တော့တယ်တဲ့။ အဲဒီငှက်ဟာအလွန်အရုပ်ဆိုး
အကျည်းတန်ပြီးတောစပ် သင်္ချိုင်းကုန်းတွေနားမှာ အမြဲရစ်သီရစ်သီနေတတ်တဲ့
ဠင်းတငှက်ပေါ့ကွယ်။ လှချင်လွန်းပြီး မစဉ်းစားမဆင်ခြင်တတ်ရင်အဲဒီလိုပဲဖြစ်တတ်လို့
ဒီပုံပြင်လေးကိုဖတ်ပြီးသင်ခန်းစာယူကြပေါ့ကွယ်….။

စိတ်ထားဖြူတဲ့ ညီအကို

 တစ်ခါက တောကျွဲအင်းဆိုတဲ့ရွာလေးတစ်ရွာမှာရိုးသားပြီးသနားကြင်နာတတ်တဲ့ဖိုးဆောင်းနဲ့ ကုလားကြီးဆိုတဲ့ညီအစ်ကိုနှစ်ယောက်ရှိသတဲ့...သူတို့ဟာလယ်ယာ
အလုပ်လုပ်ကြတယ်..တစ်နေ့မှာတော့ ညီအစ်ကိုနှစ်ယောက်ဟာတောထဲထင်းခွေ
သွားကြတယ်..သူတို့ဟာ တောထဲမှာ “အင်း ဒီဥကြီးတွေကိုပေါက်ဖွားလာအောင်ဝပ်ပေးမယ့် မိခင်လည်းမရှိဘူးထင်တယ်”“ရေအိုင်ဘေးနားမှာဆိုတော့ရေငွေ့တွေနဲ့
အေးနေလို့ နွေးထွေးမှု မရှိဘဲဒီဥတွေ ပေါက်လာမှာ မဟုတ်ဘူး ” “ဒီတော့ ငါတို့
အိမ်ကို ယူသွားပြီး ဥကနေအကောင်ပေါက်အောင်ပြုစုပေးရမယ်” ဒါနဲ့ညီအစ်ကို
နှစ်ယောက်တိုင်ပင်ပြီး ဥကြီးတွေကိုယူပြီး အိမ်ကိုပြန်လာခဲ့ကြသတဲ့... အိမ်ကိုပြန်
ရောက်တော့ ကောက်ရိုးတွေခင်းပြီးဥကြီးနှစ်လုံးကိုထားတယ်...ပြီးတော့ညီအစ်ကို
နှစ်ယောက်ဟာ ဥတွေကို စောင့်ကြည့်နေကြတယ်...ဒါပေမဲ့ဥတွေဟာ ဘာမှမထူး
ခြားဘဲဖြစ်နေသတဲ့...ဒါကြောင့်ဘာတွေလိုနေသလဲလို့စဉ်းစားကြတာပေါ့...“အင်း ဥကြီးတွေမပေါက်နိုင်တာ အနွေးဓာတ်များများလိုလို့ပဲ ဖြစ်ရမယ် ”“ဒီတော့ငါတို့မှာ
ရှိသမျှ နွေးမယ့်ပစ္စည်းတွေယူပြီးအုံထားပေးရင်ကောင်းမယ်” ဒါနဲ့သူတို့ညီအစ်ကို
နှစ်ယောက်ဟာ အိမ်ထဲမှာရှိသမျှစောင်တွေအိပ်ယာခင်း ခေါင်းအုံးအဝတ်
ခြင်ထောင်ပါ မကျန်ဥကြီးနှစ်လုံးပေါ် ဖုံးထားလိုက်တယ်.. ဒီလိုနဲ့ရက်တွေကြာလာ
ပြန်တယ်... ဒါပေမဲ့ ဥကြီးနှစ်လုံးဟာ ဘာမှထူးခြားမလာဘူး .... သူတို့ညီအစ်ကို
နှစ်ယောက်ဟာလည်း အလုပ်မလုပ်နိုင်ဘဲ ဥကြီးတွေနဲ့ အလုပ်ရှုပ်နေတယ်... ဒါနဲ့သူတို့အိမ်မှာရှိတဲ့ စားစရာတွေကို စားသောက်လာကြတာ ကုန်သွားတယ်...
သွားချေးငှားတာပေါ့... “ဟာ မင်းတို့ဟာကမဟုတ်သေးပါဘူး ဘာဥမှန်းမသိတဲ့ဥကြီးနှစ်လုံးနဲ့ အချိန်ကုန်နေတာပ”အဓိပ္ပါယ်မရှိတဲ့အလုပ်ကိုလုပ်နေတာမရှက်ကြဘူးလား ကိုယ့်အလုပ်ကိုယ်မလုပ်ဘဲ မယောင်ရာဆီလူးနေကြတယ်”....“ ဒီတော့ စားဖို့အတွက်လဲကိုယ့်ဖာသာကိုယ်ရှာကြံစားကြဘာမှမပေးနိုင်ဘူး”အိမ်နီးချင်းတွေပြောဆိုပြီးနှင်လွှတ်လိုက်လို့ညီဖြစ်သူလည်းအိမ်ကိုပြန်လာခဲ့ရတယ်...ဒါနဲ့ညီဖြစ်သူ လည်း အစ်ကိုဖိုးဆောင်းကို အကြောင်းစုံပြန်ပြီးပြောပြတာပေါ့...“အင်း သူတို့ပြောတာလဲဟုတ်တာပဲငါတို့တွေလဒီဥကြီးတွေကိုတတ်နိုင်သလောက်စောင့်
ရှောက်ပြီးပြီ” “ဒါကြောင့် ကိုယ့်အလုပ်ကိုယ်မလုပ်နိုင်ဘဲဖြစ်နေတာ အမှန်ပဲကွ” ဒီတော့
ဒီဥတွေကို ငါတို့တွေ့ခဲ့တဲ့နေရာမှာပဲ ပြန်ထားလိုက်ကြစို့” ဒါနဲ့ညီအစ်ကိုနှစ်
ယောက်ဟာ ဥကြီးနှစ်လုံးကိုယူပြီး နဂိုတွေ့ခဲ့တဲ့နေရာမှာ ပြန်ထားလိုက်ကြတာပေါ့
.... ပြီးတော့သူတိုဟာ စိတ်မကောင်းစွာနဲ့ ကြည့်နေကြတယ်... အဲဒီချိန်မှာပဲသူတို့
အနားမှာရုတ်တရက် တောမီးလောင်လာသတဲ့ ....တိရစ္ဆာန်လေးတွေ ဟာလည်း
ကြောက်လန့်တကြား ပြေးလွှားကြတော့တာပေါ့... “ဟာတောမီးလောင်တာဟေ့”
ဒီလိုနဲ့ တောမီးဟာ ဥကြီးတွေရှိတဲ့ရေအိုင်နဲ့ နီးလာတော့သတဲ့ .... ပြီးတော့မီးတောက်တွေဟာ ဥကြီးတွေအနားကတဖြည်းဖြည်းရောက်လာတယ်..... “ဟာ ဒီအတိုင်းဆိုရင် ဒီဥနှစ်လုံးကိုမီးလောင်ပြီး ပျက်စီးတော့မှာပဲ.” “ ကဲငါတို့ ညီအစ်ကို ဒီဥကြီးနှစ်လုံးကို တောမီးလွတ်တဲ့နေရာသယ်ပြေးကြစို့” ညီအစ်ကိုနှစ်ယောက်ဟာလည်း ဥကြီးတွေကို မီးလွတ်ရာသယ်ပြေးကြတယ်... ဒီလိုနဲ့တောစပ်
ရောက်တော့ တောမီးဘေးကနေ လွတ်သွားတော့သတဲ့... ဒီတော့မှ ညီအစ်ကိုနှစ်
ယောက်ဟာလည်း ဥတွေချပြီးအမောဖြေကြတယ်... အဲဒီချိန်မှာတောမီးရဲ့ အပူငွေ့
ကြောင် ဥကြီးနှစ်လုံးကွဲအက်သွားတယ်..... ဥကြီးတစ်လုံးထဲက ရွှေရောင်အမွေး
အတောင်တွေနဲ့ပြည့်နေတဲ့ ဘဲလေးနှစ်ကောင် ထွက်လာသတဲ့...

 နောက်ဥတစ်လုံးထဲက အရမ်းချောမောလှပတဲ့ နတ်မိမယ်လေးနှစ်ယောက် ထွက်လာသတဲ့.. ဒီအခါ ညီအစ်ကိုနှစ်ယောက်လည်း အံ့အားသင့်နေတော့တာပေါ့ ရွှေဘဲနှစ်ကောင်ဟာ သူတို့ညီအစ်ကိုဘေးနားမှာတောင်ပံခတ်လိုက်တယ်.. ဒီအခါ တောင်ပံထဲကရွှေမှုန်လေးတွေဟာထွက်ကျလာသတဲ့...နတ်မိမယ်နှစ်ယောက်ဟာလည်း
သူတို့ညီအစ်ကိုနားရောက်လာတယ်.... “ရှင်တို့ ညီအစ်ကိုဟာ အရမ်းကိုသနားကြင်နာစိတ်ရှိတဲ့
သူတွေပါပဲ ရှင်တို့ရဲ့ကရုဏာနဲ့ကူညီမှုကို မရခဲ့ရင် ကျွန်မတို့ဟာ ပျက်စီးသွားမှာအမှန်ပဲ”
“ဒါကြောင့် ရှင်တို့ကိုကျေးဇူးဆပ်တဲ့အနေနဲ့အလုပ်ကျွေးပြုပါရစေ ” ဒါနဲ့ညီအစ်ကိုနှစ်ယောက်လည်း ရွှေဘဲနှစ်ကောင်နတ်မိမယ်လေးခေါ်ပြီးချမ်းချမ်းသာသာပျော်ပျော်ရွှင်ရွှင်နဲနေထိုင်သွားတော့သတဲ့ကွယ်။ ။

ကြွက်ပျံ


 တစ်ခါတုန်းကတောအုပ်တစ်ခုထဲကသစ်ပင်အောက်မှာကြွက်လေးတစ်ကောင်ဟာပျင်းပျင်းနဲ့လှဲအိပ်နေ
သတဲ့။အဲဒီလိုအိပ်နေရင်းကနေ.....အင်းငါဟာဟိုးမိုးပေါ်ကငှက်လေးတွေလို လေထဲမှာပျံဝဲနေရရင်
သိပ်ကောင်းမှာပဲ။ငါသာငှက်လေးတွေလို ပျံနိုင်ရင်တိမ်တွေကြားထဲမှာ ပျံလိုက် လေဟုန်စီးလိုက်နဲ့ သိပ်ဇိမ်ကျပြီး သိပ်ပျော်စရာကောင်းမှာ..လို့တွေးမိတယ်။ ဒါကြောင့်လေထဲမှာပျံလို့ရအောင် ဘယ်လိုလုပ်ရမလဲဆိုတာ စဉ်းစားနေမိတယ်။
    အကြံတစ်ခုစဉ်းစားမိတာကတော့လေထဲမှာပျံတတ်တဲ့သတ္တဝါတစ်ကောင်ဆီ
သွားပြီး နည်းလေးဘာလေး သိအောင်မေးမြန်းကြည့်ဖို့ပဲ..
ဟာ ဟုတ်ပြီတောစပ်နားက ကိုကျီးဆီ သွားပြီးနည်းလေးဘာလေးတောင်းရမယ်
လို့နောက်ဆုံး ဆုံးဖြတ်ချက်ချလိုက်တယ်။      ဒီလိုနဲ့ကိုကျီးဆီရောက်တော့…ဗျို့ကိုကျီးကျုပ်လည်းခင်ဗျားတို့လိုလေထဲမှာ
ပျံချင်လို့ အဲဒါ နည်းလေးဘာလေးရှိရင် ပြောပြစမ်းပါအုံး။ လို့ပြောလိုက်တယ် ။
    ဒီအခါမှာကိုကျီးက..ဟကြွက်ကလေးရမင်းမှာကကျုပ်တို့လိုအတောင်ပံမှမရှိ
တာဘယ်လိုလုပ်ပျံလို့ ရမှာလဲ..လို့ပြန်ပြောလိုက်တယ်။
ကြွက်ကလေးကလည်း…ဒီလိုဆိဒဲီအတောင်ပံမျိုးကျွန်တော့်မှာရှိအောင်ဘယ်လို
လုပ်ရမှာလဲ အကြံလေးဘာလေးရှိရင်ပေးပါဦးခင်ဗျား…လို့တောင်းတောင်းပန်ပန်
နဲ့ထပ်ပြောလိုက်တယ်…ဒီတော့ကိုကျီးက…နေဦးကွငါတို့လေထဲပျံတာအတောင်
်နှစ်ဖက်ကိုဖြန့်ပြီးအားနဲ့ပျံတာပဲ   ဒီတော့… ဟာဟုတ်ပြီအကြံတစ်ခုတော့ရပြီ
မင်းမှာ အတောင်ပံမရှိတော့ ဟောဟိုသစ်ပင်က  အရွက်ကြီးကြီးနှစ်ရွက်  ကိုမင်းရဲ့လက်မှာကပ်ချည်ပြီး  အားရပါးရလက်ကိုခတ်ပြီး  ပျံကြည့်ပေါ့..လို့အကြံပေးလိုက်
တယ်ကြွက်လေးလည်းအရမ်းပျံချင်နေတဲ့သူဆိုတော့ဖြစ်နိုင်မဖြစ်နိုင်သိပ်မစဉ်းစားတော့ဘဲ..ဟုတ်တယ်ဟုတ်တယ် ခင်ဗျားပြောတဲ့နည်းမဆိုးဘူး လုပ်ကြည့်ရမယ်။
ကျုပ်ပျံနိုင်ရင်တော့တော်တော်ပျော်စရာကောင်းမှာ..လို့ပြန်ပြောလိုက်တယ်။အဲဒီနောက်မှာတော့ကြွက်ကလေးဟာကိုကျီးပြောတဲ့အတိုင်းသူရဲ့
လက်နှစ်ဘက်ကိုသစ်ရွက်
နှစ်ရွက် နဲ့ ကပ်ချည်ပြီး… ဟားဟားသစ်ရွက်တော့တပ်ပြီးသွားပြီလေထဲပျံဝဲတက်သွားအောင် ကျုပ်ရဲ့ လက်နှစ်ဘက်ကို ခတ်ကြည့်ရမယ်…လို့အောင်ဟစ်ကာလက်ကို
အဆက်မပြတ် ခတ်ကြည့်သတဲ့။
ဖလပ် ဖလပ် ဖလပ် …အမယ်လေး မလွယ်ပါလား ။လက်သာပြုတ်ထွက်တော့
မယ်မြေကြီးပေါ်ကနေ တစ်လက်မလောက်တောင်လေထဲကို ပျံမတက်ပါလား.. လို့ညည်းညူလိုက်တယ်။ ဒီတော့ကိုကျီးက…ဟာမင်းကပျံတဲ့အကျင့်မှ မရှိသေး
တာ။ဒီတော့မြေပြင်မှာခတ်နေမယ့် အစား ဟိုသစ်ပင်ကြီးပေါ်တက်ပြီးအရှိန်နဲ့
ခုန်ချကြည့်ပေါ့။ဒါမှလေထဲမှာပျံဝဲပြီး ပျံတက်လာမှာပဲ … လို့အားပေးစကားပြော
လိုက် တယ်။
    ကြွက်လေးလည်းပထမနည်းနဲ့ မအောင်မြင်တော့နောက်တစ်နည်းနဲ့စမ်း
ကြည့်ဖို့ သဘောတူလိုက်တယ်။ ဟာ ကိုကျီးအကြံမဆိုးဘူး လုပ်ကြည့်မယ်။
လို့ပြော ပြောဆိုဆိုနဲ့ သစ်ပင်ပေါ်တက်ပြီး ခုန်ကြည့်လိုက်တယ်။ ဒီတစ်ခါမှာတော့ ကြွက်ကလေးဟာ လေထဲမှာ ပျံဝဲ မနေဘဲမြေပြင်ပေါ်ကို ဘုတ်ခနဲ ပြူတ်ကျသွား
တော့တယ်။အမယ်လေးသေပါပြီဗျ…လို့အောင်လိုက်မိတယ်။
   ကိုကျီးလည်း သူ့အကြံမအောင်မြင်တော့ လစ်ပြေးတော့တာပေါ့။ ဒါပေမယ့်
ကြွက်ကလေးဟာအမှတ်မရှိသေးဘဲ နောက်တစ်ဦးဆီမှာ ထပ်ပြီးအကြံတောင်းဖို့ စဉ်းစားပြီး လမ်းလျောက်လာလိုက်တာ…ဟာဖိုးကြွက်လက်မှာသစ်ရွက်တွေကပ်
လို့ဘာလုပ် ဖို့လဲ..လို့ကိုကြက်ဖက နှုတ်ဆက်လိုက်မှ ကိုကြက်ဖဆီမှာ
အကူအညီ တောင်းဖို့သတိရသွား တော့တယ်။ဒါနဲ့ကြွက်လေးက…ကျွန်တော်လေထဲမှာ ပျံချင်လို့ လေ့ကျင့်နေတာ ခင်ဗျားမှာ နည်းလေးဘာလေးရှိရင် သင်ပေးစမ်းပါဦး …လို့ကြက်ဖကြီးကို အကူအညီတောင်းလိုက်တယ်။ကိုကြက်ဖက..ဒါလားလွယ်ပါတယ် မင်းကို ငါလက်တွေ့သင်ပြမယ်။ကဲဟောဒီိလို သစ်ပင်ပေါ်ကိုအရင်ခုန်တက်ပြီးတော့
ဒီလိုတောင်ပံကိုဖြန့် ခေါင်းကိုမော့ပြီး ခြေထောက်နဲ့ကန်ပြီးဆင်းလိုက်…လို့ဆိုပြီး သစ်ပင်ပေါ်ကနေ ခုန်ပြီးပျံပြတာပေါ့။ဒါနဲ့ကြွက်လေးလည်း ပျံကြည့်ဖို့လုပ်တော့ကိုကြက်ဖက..
နေဦးကွမင်းလက်ကသစ်ရွက်တွေကလေးတယ် ခတ်လို့ မကောင်းဘူးဒီတော့ငါ့ဆီက အတောင်သုံးလေးချောင်းနှုတ်ပြီးမင်းရဲ့ကိုယ်မှာ အတောင်တွေ သေချာတပ်ပေးမယ်…
နောက်ပြီးကြာကြာပျံဝဲလို့ရအောင် ဟိုးနားက ကျောက်တောင် စွန်းပေါ်ကနေတက်ပြီး ခုန်ချကြည့်..လို့ပြောပြောဆိုဆိုနဲ့သူကိုယ်ကအတောင်တွေ နှုတ်ပေး လိုက်တယ်..
ကိုကြက်ဖပြောတဲ့အတိုင်းကြွက် ကလေးဟာ ပြေးသွားပြီး ကျောက်တောင်စွန်းကနေတစ်ခါတည်းခုန်ချလိုက်တာ အပေါ်ကိုပျံဝဲတက်လို့မရဘဲ အောက်ဘက်ကို ဇောက်ထိုး ပြုတ်ကျတော့သတဲ့။ကြွက်လေးပြုတ်ကျနေတာကို အနီးအနားက ဖြတ်ပျံသွားတဲ့  ငှက်ကြီးတစ်ကောင်ကတွေ့လို့အောက်မကျခင်အချိန်မီလေးသူ့ရဲ့ကျောနဲ့ဝင်ခံပေးလိုက်
ပါရောကွယ်။  ကြောက်ကြောက်လန့်လန့်နဲ့ပြုတ်ကျလာတဲ့ကြွက်လေးဟာ ငှက်ကြီးရဲ့ ကိုယ်
ပေါ်ကိုဘုတ်ခနဲ ကျတော့မှ သူ့ကိုယ်သူ မသေနိုင်တော့ဘူးဆိုပြီး ဝမ်းသာသွား
တော့တယ်။
    ဒီတော့မှငှက်ကြီးက..မင်းလုပ်တာအားလုံးအစအဆုံးငါကြည့်နေတာကွ
မင်းဟာမဖြစ်နိုင်တာကို စိတ်ကူးတွေယဉ်ပြီး ဇွတ်လုပ်နေတာပဲကိုး ဟိုးအောက်ဘက်ကို သေချာကြည့်စမ်း ကျောက်တုံး ကျောက်ခဲတွေနဲ့ကံကောင်း
လို့မင်းမသေတာ…လို့သူ့ကိုပြောပြလိုက်တယ်။
    ကြွက်လေးလည်း …ကျေးဇူးပါပဲ ဒေါ်ငှက်မသာမကယ်ရင် ကျွန်တော်တော့ အရိုးတခြား အသားတစ်ခြား ဖြစ်လောက်ပြီ …လို့ပြန်ပြောတာပေါ့။ဒီတော့ ဒေါ်
ငှက်မက…အေး မင်း နောင်တရပြီဆိုရင် နောင်ကို ကိုယ့်သဘာဝပေးတဲ့ အတိုင်း
နေပါကွယ်။ မဖြစ်နိုင်တာကို အားမကျပါနဲ့ ဟုတ်ပြီလား…လို့ ဆုံးမလိုက်သတဲ့။ကြွက်ကလေးလည်း ဒေါ်ငှက်ကိုကျေးဇူးတင်ကြောင်ပြောပြီး ကိုယ့်သဘာဝ
ပေးအခြေအနေအတိုင်းပဲ နေထိုင်သွားဖို့ ဆုံးဖြတ်လိုက်တော့တယ်။

မိကျောင်းနဲ့ မျောက်

တစ်ခါတုန်းကပေါကွယ်တောအုပ်ကြီးတစ်ခုမှာ၊မိကျောင်းလင်မယားတို့ရှိကြ
တယ်မှောင်ခင်လေမျောက်ရဲ့အသည်းနှလုံးကိုစားချင်နေတယ်၊မောင်ကြံဆောင်
ပေးနိုင်မလား၊မောင့်ရဲ့အစွမ်းအစဘယ်လောက်ရှိမလဲဆိုကိုခင်သိချင်တယ်။
အင်းငါ့မိန်းမတော့ငါ့ကိုချွဲနေပြီ၊ဒါများကွာရအောင်ရှာပေးပါ့မယ်၊ဒီလိုနဲ့မိကျောင်းကြီး ဟာမျောက်အရှာထွက်လာခဲ့တော့သတဲ့၊ကွိကွိကွကွ၊မျောက်ကျွန်းကြီးပါလား
၊မကြာခင်မှာမိကျောင်းကြီးဟာမျောက်တွေစံပျော်ရာကျွန်းကြီးတစ်ကျွန်းကို
ရောက်သွားလေတယ်၊အဲမျောက်တွေအများကြီးပါလားငါ့အကြံတော့အောင်ပြီ၊
မိကျောင်းကြီးဟာကျွန်းပေါ်ကိုရောက်တော့အေးအေးဆေးဆေးထိုင်နေတဲ့မျောက်ကြီး တစ်ကောင်ကိုတွေ့ရတယ်၊အိုးခေ၊ဗျို့ကိုမျောက်ကြီး၊ဒီကျွန်းမှာခင်ဗျားတို့
မျောက်တွေကတအားများတော့စားစရာအသီးအနှံတွေအတော်ရှားမှာပဲနော်၊
ဘယ့်နှယ်ပြောပါလိမ့်ဗျာရှားတာပေါ့၊ကျုပ်တို့အစာဖြစ်တဲ့ငှက်ပျောသီးကိုမစားရတာ
နှစ်ပေါက်နေပြီ၊မြင်ရင်တောင်မှတ်မိပါ့မလားမသိဘူး၊အင်းဒါဆိုကျုပ်ပြောပြပါ့မယ်။ဒီ
ချောင်းကြီးရဲ့ဟိုဘက်တောအုပ်မှာသစ်သီးဝလံတွေသိပ်ပေါတာပဲ၊ခင်ဗျားတို့ သိပ်ကြိုက်တဲ့ငှက်ပျောသီးတွေဟာအလေ့ကျပေါက်ပြီးသီးနေလိုက်တာစားမယ့်
လူတောင်အဲ၊စားမယ့်မျောက်တွေတစ်ကောင်မှမရှိဘူး၊ဒီအခါမျောက်ကြီးဟာ
သိပ်သဘောကျသွားတာပေါ့။ဟာဒါဆိုအဲဒီကိုသိသွားချင်တာပေါ့၊ဒါပေမယ့်
ကျုပ်တို့ကရေမကူးတတ်လို့ခက်နေတာဗျ၊ဒါများဗျာလွယ်ပါတယ်ကျုပ်ရဲ့
ကျောပေါ်တက်လိုက်ပါ၊စေတနာဝန်ထမ်းကူညီပေးးရတာပေါ့ဟဲဟဲ
၊အဲဒီနောက်မျောက်ကြီးဟာမိကျောင်းရဲ့ကျောပေါ်ကိုတက်လိုက်သတဲ့၊
ပြီးတော့သူတို့ဟာတစ်ဘက်ကမ်းကိုကူးသွားကြတော့လေတယ်၊ဟီးဟီးဇိမ်ပဲ၊
သေချာကိုင်ထားနော်ကိုမျောက်ကြီးမကြာခင်မှာသူတို့ဟာရေလည်ကိုရောက်သွားကြတာပေါ့၊ဒီအခိုက်မှာမိကျောင်းကြီးကရေထဲကိုထိုးဆင်း
ပြီးရေမကူးတတ်တဲ့မျောက်ကိုသတ်ဖို့လုပ်တော့သတဲ့၊အိုးဘယ့်နှယ့်လုပ်တာတုန်းဦးမိကျောင်းရဲ့၊ဒီဒီလိုမကျီစားပါနဲ့ဗျာကျုပ်ကြောက်လို့ပါ၊
ဟားဟားဟားခင်ဗျားကိုရေနှစ်သတ်မလို့၊ကျုပ်ရဲ့မိန်းမကမျောက်ရဲ့အသည်းနှလုံးကိုမှစားချင်ဆိုလို့ဗျ၊ဒါများကိုမိကျောင်းရာ
ကျုပ်ကိုယ်တိုင်ထုတ်ပေးမှာပေါ့ဗျာ
၊ကျုပ်တို့ဟာသစ်ပင်ပေါ်ကူးလိုက်ခုန်လိုက်နဲ့ဝေးဟေးဝေဟင်မှာလေဟုန်စီးရီးလေးလွှဲခိုတာရယ်၊မျက်စိနောက်အောင်တစ်နေကုန်
ဆော့တဲ့အမျိုး၊ဆော့မှာပဲဆော့မှာပဲကျွန်မကိုမတားနဲ၊ဒီတော့အသည်းနှလုံးဟာလှုပ် ရှားရလွန်းလို့ပြုတ်ကျပျက်စီးမှာပေါ့၊ဟေ့ငါ့အသည်းနှလုံးတွေ့မိလား၊သိဘူးလေ၊ဒါကြောင့်အသည်းနှလုံးကို
ကျုပ်တို့နေတဲ့ကျွန်းပေါ်ကရေသဖမ်းပင်ပေါ်မှာချိတ်ဆွဲထားရတယ်၊ပေါက်ကရတွေ၊
ခင်ဗျားကျုပ်ကိုကျုပ်တို့တွေနေတဲ့ကမ်းပေါ်ပို့ပေး၊မျောက်သားတော့စားရတော့မယ်
အဟိ၊ရေသဖန်းပင်ပေါ်ကကျုပ်ရဲ့အသည်းနှလုံးကိုဖြုတ်ပေးပါ့မယ်၊မျောက်ကြီးက
ပရိယယ်နဲ့ပြောတဲ့စကားကိုမိကျောင်းကြီးကယုံကြည်သွားလေတယ်၊ကောင်းပြီ
ခင်ဗျားသာကတိတည်ပါစေ၊ဒိလိုနဲ့မိကျောင်းကြီးဟာမျောက်ကိုသူတို့နေထိုင်တဲ့
ကျွန်းကိုလိုက်ပို့ပေးပြန်သတဲ့၊ဟိုမှာတွေ့လား၊ကမ်းကိုရောက်ကာနီးတော့
အသီးနီနီရဲရဲတွေပြွတ်သိပ်သီးနေတဲ့ရေဖန်းပင်ကိုမျောက်ကပြလိုက်၊
ကျုပ်တို့မျောက်တွေရဲ့အသည်းနှလုံးကိုသစ်ပင်အပေါ်တင်ထားတာ၊ ဒီလိုနဲ့
မျောက်ကိုကျောပေါ်တင်လာတဲ့မိကျောင်းကြီးဟာကမ်းကိုကပ်လိုက်၊ကဲ၊ သစ်ပင်ပေါ်
အမြန်တက်မှ၊ငါပြောတာကိုယုံတဲ့မိကျောင်းကဲဟာကဲဟာ၊မျောက်ဟာ
ကမ်းရောက်တာနဲ့သဖန်းပင်ပေါ်ကိုအမြန်တက်ပြီးမိကျောင်းကြီးကိုသဖန်းသီးတွေနဲ့
ပစ်ပေါက်တော့လေ၊ကဲရော့အဲဒါကျုပ်ရဲ့အသည်းနှလုံး၊တော်တော်အတဲ့မိကျောင်း၊
ဒီအခါမိကျောင်းကြီးဟာလူးလှိမ့်ပြီးခံနေရရှာ..တုံခွပ်တုံဝှစ်၊ကြာတော့မိကျောင်းကြီး
ဟာငြိမ်ကျသွားတော့၊အဲမိကျောင်းကြီးငြိမ်သွားပြီ၊ငါ့အသီးတွေနဲ့ပစ်ပေါက်လိုက်လို့
မူးမေ့သွားတာထင်ပါရဲ့၊သူအမူးပြေရင်ရေထဲပြန်ကူးသွားမှာပဲ၊ငါအောက်ကိုဆင်းလို့
သူအမူးပြေလာရင်၊မတော်ကုန်းထလာလို့များငါနဲ့တိုးလို့ကတော့အခက်ပဲ၊အောက်
ကိုမဆင်းရဲဘူး၊ဒီလိုနဲ့မျောက်ကြီးဟာကြောက်လန့်ပြီးတော့သစ်ပင်ပေါ်မှာ
နေရတော့၏၊အဲဒီနောက်နှစ်ရက်ခန့်ကြာသွား၊ဟာခုထိမိကျောင်းကြီးမြက်တောထဲ
မှာမလှုပ်မယှက်နဲ့ပါလား၊ဒါဆိုငါသစ်သီးတွေနဲ့ပေါက်တာလက်သံပြောင်သွားလို့
သေသွားတာပဲဖြစ်ရမယ်၊အဟဲငါဟာအောင်နိုင်သူပဲအဟီး၊သစ်ပင်ပေါ်ကရဲရဲဆင်းလို့
ရပြီ၊အသေကောင်ကြီးအပေါ်နင်းလိုက်ဦးမယ်၊မျောက်ဟာသစ်တုံးကြီးလိုဖြစ်နေတဲ့မိကျောင်းရဲ့ကိုယ်ပေါ်ကိုလှမ်းအတက်မှာမိကျောင်းကြီးက
လျှင်မြန်စွာနဲ့ကိုက်ပြီးစားပစ်လိုက်တော့၏၊ဂွပ်၊အ၊ဟားဟားငမျောက်ရယ်တို့မိကျောင်းတွေဟာအစာကိုတွေ့ရင်အဲဒီအစာဟာသစ်ပင်အပေါ်တက်ပြေး
လည်းအောက်ကနေအသေကောင်လို မလှုပ်မယှက်နဲ့လေးငါးရက်အထိအစာငတ်ခံပြီး စောင့်ဖမ်းစားတတ်တဲ့အကျင့်ရှိတာမင်းမသိတော့ခုအငါ့အစာဖြစ်ပြီပေါ့ကွာဟီး၊အဲဒီနောက်
မိကျောက်းကြီးဟာသူ့မိန်းမအတွက်ချန်ထားတဲ့အသည်းနှလုံးကိုယူသွားပြီးရေထဲကိုငုပ်သွားတော့လေ
သတည်း...၊  

အလှမက်တာကြောင့်


 တစ်ခါကအအေးပိုင်းဒေသတစ်ခုမှာအဝါရောင်သစ်ရွက်တွေနဲ့အရမ်းကိုလှပတဲ့
သစ်ပင်တွေ့မြင်တဲ့သူတိုင်းကသစ်ပင်နှစ်ပင်ဟာအရမ်းလှတယ်လို့ချီးမွမ်းကြတယ် ဒီသစ်ပင်နှစ်ပင်ကရွှေဝါရောင်သစ်ရွက်တွေနဲ့လှတယ်နော်..ဒီလိုနဲ့ဆောင်းရာသီ
ဝင်ခါနီးအချိန်ကိုရောက်ရှိလာတယ်..ပထမသစ်ပင်ဟာသူ့ရဲ့သစ်ရွက်တွေအားလုံး
ကိုချွေချလိုက်တယ်..ဒီအခါပင်စည်နဲ့အကိုင်းတွေပဲကျန်တော့သတဲ့..ဒီတော့တွေ့
တဲ့လူတွေကရုပ်ဆိုးလိုက်တာလို့ပြောသွားကြတာပေါ့...ဒုတိယသစ်ပင်ကတော့သူ့ ရဲ့အရွက်တွေကိုချွေချလိုက်ရင်အလှပျက်သွားမှာစိုးရိမ်နေတယ်..ဒါကြောင့်လူ
တွေကသူ့ကိုလှတယ်လို့ပြောတာပဲလိုချင်နေတယ်..ဒါနဲ့ပဲသစ်ရွက်တွေကိုချွေ
မချဘဲနေသတဲ့..ဒီအခါပထမသစ်ပင်ကဆောင်းရာသီရောက်ခါနီးလို့သူ့ကိုသတိပေး
တာပေါ့။သူငယ်ချင်းဆောင်းရာသီဝင်တော့မယ်မင်းရဲ့အရွက်တွေကိုချွေချတော့..
.ဒုတိယသစ်ပင်ကတော့သူ့ရဲ့အလှမပျက်ဖို့သာစဉ်းစားပြီးမသိချင်ယောင်ဆောင်
နေသတဲ့။လူတွေကသစ်ပင်နှစ်ပင်ကိုကြည့်ပြီးဝေဖန်ကြတာ့ပေါ့..ဟွန်းတစ်ပင်က
လှသလောက်တစ်ပင်ကရုပ်ဆိုးလိုက်တာ..ဒီလိုနဲ့ဆောင်းရာသီကိုရောက်လာတော့
တယ်..ဒီအခါရာသီဥတုဟာအေးလာပြီးနှင်းတေါကျလာတော့သတဲ့..နှင်းတွေဟာ
ပထပစ်ပင်ပေါ်မှာတင်မနေဘဲအကိုင်းနဲ့ပင်စည်တ်လျှောက်လျှောကျသွားတော့တ
ပေါ့..ဒုတိယသစ်ပင်ပေါ်မှာတော့နှင်းဖက်တွေဟာအပြည့်တင်နေတော့တယ်..
ဒီလိုနဲ့နှင်းတွေအရမ်းကျတဲ့ညတစ်ညမှာသစ်ပင်ပြိုလဲတဲ့အသံကိုပထမသစ်ပင်က
ကြားလိုက်ရတယ်၊ပထမသစ်ပင်ကလှမ်းကြည့်ပေမယ့်မှောင်နေလို့ဘာမှမမြင်ရဘူး
ပေါ့..ဒါကြောင့်မိုးမြန်မြန်လင်းဖို့သာဆုတောင်းနေမိတော့တယ်၊မနက်မိုးလင်းလာတဲ့
အခါမှာတော့ဒုတိယသစ်ပင်ဟာပင်စည်ကထက်ပိုင်ကျိုးကျပြီးလဲကျနေတာတွေ့လိုက်ရသတဲ့
ဟင်သူငယ်ချင်းဘယ်လိုဖြစ်ရတာလဲ၊ညဘက်ကနှင်းတွေတအားကျတော့နှင်းဖတ်တွေရဲ့အလေးချိန်ကိုမခံနိုင်ဘဲထက်ပိုင်းကျိုးကျတာလေ၊ငါ့ရဲ့အရွက်တွေပေါ်မှာနှင်းဖတ်တွေကမတန်တဆတင်ပြီးကပ်နေကြလို့ပေါ့၊ငါကလူတွေချီးမွမ်းလို့အလှမက်ပြီးသစ်ရွက်တွေကိုချွေမချမိခဲ့ဘူးလေ၊
ဒါကြောင့်အခုတော့ငါ့ရဲ့ပင်စည်ကျိုးသွားပြီမင်းလိုမျိုးအကိုင်းအခက်တွေနဲ့ဝေဆာနေဖို့နောက်လေးငါးနှစ်လောက်ဒီလိုရုပ်ပျက်
ဆင်းပျက်နေရဦးမယ်၊မင်းကတော့ဒီဆောင်းရာသီကုန်လို့နွေဦးရောက်တာနဲ့ရွက်ဝါတွေထွက်လာလို့ရှိရင်အရမ်းလှသွားပြီပေါ့ကွာ၊
ဒုထိယသစ်ပင်ဟာအခြေအနေနဲ့အချိန်အခါကိုမသိဘဲအလှအပကိုတွယ်တာနေမိတဲ့ သူ့ရဲ့အမှားကိုနောင်တရနေမိတော့သတဲ့ကွယ်..။

 

လပ်ကီးမြို့တော်