သတင်းနှ့င့်ရသစုံလင်

လပ်ကီးမြို့တော်တွင် မြန်မာသတင်း၊နိုင်ငံတကာသတင်း၊ထူးဆန်းထွေလာ၊အားကစားသတင်း၊ကျန်းမာရေးကဏ္ဍ၊ဟာသလေးများ၊ကာတွန်းနှင့်ရုပ်ပြဟာသ၊ တရားတော်များ၊ဘာသာရေးကဏ္ဍ၊ချက်နည်းပြုတ်နည်း၊အလှအပနှင့်ဖက်ရှင်၊သရဲတစ္စေနာနာဘာဝ၊သိုင်းဝတ္ထုနှင့်စာအုပ်စာပေ၊gtalk custom message၊ ဗေဒင်ကဏ္ဍ၊ဗဟုသုတနှင့်အထွေထွေ..စသည်တို့ကို တစ်စုတစ်စည်းထဲ ဖတ်ရှုနိုင်ပါတယ်....

နည်းပညာများ

ကွန်ပျူတာနည်းပညာများ ANDROID ဖုန်း နည်းပညာများ APPLE (IOS) မိုးဘိုင်းဖုန်းနည်းပညာများ ကို နည်းပညာများနေရာမှာ ဖတ်ရှုနိုင်ပါတယ်

ဒေါင်းလုပ်သီချင်း

သီချင်းဒေါင်းချင်သူမျာအတွက် အသစ်ထွက်တဲ့သီချင်းတွေရော သီချင်းဟောင်လေးတွေပါ " MP3 ဒေါင်းလုပ်" နေရာမှာ ၀င်ဒေါင်းနိုင်ပါတယ် သီချင်းများကို album လိုက်စုစည်းပြီး တင်ပေးထားပါတယ်

ဂီတစက်ခန်း

ဂီတစက်ခန်း စိတ်ညစ်နေသူ...စိတ်ရှုပ်နေသူများ... စိတ်ထွက်ပေါက်ရှာချင်တယ်ဆိုရင် ဂီတစက်ခန်းထဲဝင်ပြီး ၀င်ကလိလိုက်ပါ... ဂီတစက်ခန်းမှာ ဂီတာ၊ဒရမ်၊စန္ဒယား၊တယော၊ဒီဂျေ အပြင်... ရောသမမွှေနိုင်တဲ့ တီးလုံးသံစဉ်လေးများကို အသုံးပြုနိုင်ပါတယ်...

အွန်လိုင်းဂိမ်း

အွန်လိုင်းဂိမ်းများကို အဆင်ပြေပြေနဲ့ အလွယ်တကူကစားချင်တယ်ဆိုရင် ဓါတ်ပုံပြင်ရန်အောက်က..အွန်လိုင်းဂိမ်းနေရာမှာ ၀င်ရောက်ကစားနိုင်ပါတယ်

www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Showing posts with label ဘာသာရေး. Show all posts
Showing posts with label ဘာသာရေး. Show all posts

Saturday, May 18, 2013

မြတ်စွာဘုရားရှင်ဟောကြားသော် သမုဒယသစ္စာ...

အခု ခေတ်လူငယ်တွေက ဘာသာရေးပိုင်းကို အားနည်ကြတာကိုတွေ့ပါတယ်.. ဒါကြောင့်ဒီအပိုင်းလေးကို စနိုက တာဝန်ယူပြီး တင်ပြနေရခြင်ြးုဖစ်ပါတယ်.. တစ်ကယ်တော့ အရွယ်သူံပါးရှီတယ်ဆိုတာမှန်ပါတယ်..ဒါပေမယ့် ၃ ပါးစလူံးမှာ တရားလက်လွတ်မနေဖို့ ပြောချင်ပါတယ်.. ဘာလို့လဲဆိုတော လူသားအူံလွူံးက ဘယ်အရွယ်သေမယ်ဆိုတဲ့အာမ ခံချက်မရှိဘူလေ..လူငယ်တွေက ထင်ကြတယ်..လူငယ်မိုလို့ တရားဓမ္မမလိုသေးပါဘူးလို့..တစ်ကယ်တော့အဲ့အတွေးတွေက မှားယွင်းတဲံအတွေးတွေပါ.. တရားလုပ်လို့အကျိုးယုတ်တယ်ဆိုတဲ့သူမရှိပါဘူး.. ဘာသာရေးကို ဇောက်ချမလုပ်ရင်တောင်မှ ဇောက်ချလုပ်ရမယ်လိုမဆိုလိုပါဘူ.. မြတ်စွာဘုရားဟော်ကြာမှုတွေကို.. ဗဟုသုတ အနေနဲ့သိမြင်ဖိ့ စနိုက ရေးသားလိုက်ရခြင်းဖြစ်ပါတယ်.. အာလူံပဲဗဟုသုတ အနေနဲ့ ၀င်ပြီးလေ့လာကြည့်ပေးကြပါ.. အခုက ဘုရားရှင်ဟောထားတဲ့ တဏှာတွေ့အကြောင်း တစ်နည်းအားဖြင့် သမုဒယ သစ္စာဖြစ်ပါတယ်... သမုဒယသစ္စာ ဘိက္ခဝေ ရဟန်းတို့.. ယာယံ တဏှာ ပေါနောဗ္ဆ၀ိကာ.. တကြတတြ အဘိ နန္ဒီနီ ဘတာ၊နှစ်သက်ခြင်း၊ တပ်မက်ခြင်းရှီသည်။ တကြတကြ ထိုထို အဖြစ်ကို၊ အဘိနန္ဒီနီ၊ အလွန်နှစ်သက်တက်သည်။ဧသောတဏှာ ထိုတဏှာသည်၊ သေယျထိဒံ၊ အဘယ်နည်း... ၁။  ကာမ တဏှာ။   ။  မြင်မှု၊ ကြားမှု၊ နံမှု၊ အရသာခံ၊ ထိတွေ့မှု၊တို့တွင် နစ်သက်တက်သော တပ်မက်တက်သော တဏှာဖြစ်သည်။ ၂။ ဘ၀တဏှာ။   ။  ရုပ်၊ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ၀ိညာဏ် တည်းဟူသော ဘ၀ဧ။် တည်မြဲမှုရှင်သန်မှု၊ တင့်တယ်မှုတို့တွင် နစ်သက်တက်သော တဏှာဖြစ်သည်။ ထိုတဏှာသည် မိမိ ဘ၀ တည်မြဲခိုင်ခံ့နေသည် မပျက်စီးဟူသော သသဒိဌိ နင့်တကွဖြစ်သော တဏှာဖြစ်သည်။ ၀ိဘ၀တဏှာ။   ။ ရုပ်၊ဝေဒနာ အစ ရှိသောဒီဘ၀ ဧ။် ခေါင်းပါးမှု၊ ဆုတ်ယုတ်မှု၊ ပျက်စီးမှုတွေကိုအလိုရှိသောတဏှာဖြစ်သည်။ ဒီရုပ် ခန္ဒာ ညှိုးနွမ်း ခေါင်းပါး ပါက ချမ်းသာမည်။ ပျက်ဆီးပါက ပြီသွးပြီ ဟူသော ဥစ္ဆေဒဒိဌိ နျင့်တစ်ကွဖြစ်သော တဏှာဖြစ်သည်။ က္ကုဒံခေါ ပန ဓမ္မ ဇာတံ သည် တဏှာဟူသောတရားသည် ဒုက္ခ သမုဒယံ ဒုက္ခကိုဖြစ်စေသော အကြောင်းတည်းဟူသော အရိယသစ္စံ၊ အရိယံတိ့သိအပ်သော သစ္စာမည်ဧ။် ယခု ပစ္စုပ္ပန် ဘ၀ ခန္ဒာငါးပါး ငြိတွယ်တက်သော အ၀ိဇ္ဖာ၊ တဏှာ၊ လောဘ ၊ ဒေါသ၊ မောဟ ၊ စသောကိလေသာ တို့သည် သမုဒယ သစ္စာ တွင်အကြုံဝင်လေသည်။ ထို သမုဒယ သစ္စ တရားတို့ကို မပယ်သတ်နိုင်သေး သမျှ တစ်ပါးသော ဘ၀ တို့ အကြိမ်ကြိမ် ဖြစ်ထွန်း ပေါ်ပေါက် နေသဖြင့် ဆင်း၇ဲ(ဒုက္ခသစ္စာ) သံသရာရှည်နို်င်ပေသည်။ ထိုတဏှာလောဘ တရားတို ချုပ်ငြိမ်းမှုကိုလည်း မျက်မှောက်ဘ၀ မှာတင် ရနိုငကြောင်း ကို နိရောဓသစ္စာ တွင်ဆက်လက်ဖော်ပြပေးပါမည်။။ နိရောဓသစ္စာသည် တစ်နညမ်းအားဖြစ် ဆင်းရဲ ပယ်သတ်နိုင်သော၊ တဏှာချုပ်ငြိမ်အောင် လုပ်ဆောင်နီုင်သောနည်းလမ်းများဖြစ်သည်။ ထိုတရားတော်တိုကို ဆရာတော်ရှင်အရိယဓမ္မ မှဟော်ကြားထားသော တရားတော်တို့ဖြစ်သည်။ ထိုဆရာတော်ကို ဆက်သွယ်ချင်ပါက ၀၉ ၄၃၀ ၃၈၈၀၂ တွင်ဆက်သွယ်ပြီးတရားဓမ္မများကို မေးမြန်းနို်င်ပါကြောင်း သတင်းပေးပါသည်။

မြတ်စွာဘုရားဟော်ကြားသော် နိရောဓသစ္စာ............

အစ မှာ သစ္စာ(၂) ပါးအကြောင်းတင်ပြခဲ့ပြိးပါပြီ.. ဒုက္ခသစ္စာ နဲ့ သမုဒယ သစ္စာတွေပေါ့.. ဒါတွေက လူဘ၀ မှာတွေ့ကြုံခံစားရတဲ့လောကဓံတွေပေါ် မူတည်ပြီးဖြစ်လာတဲ့.. ဒုက္ခနဲတဏှာတွေအကြောင်းပါ.. ဒီလိုဒုက္ခနဲ့တဏှာတွေကို သိလည်းသိပြီ မြင်လည်းမြင်ပြီးဆိုရင် ပါယ်သတ်ဖို့လိုပါတယ်..ဥပမာပြောရရင် လူတစ်ယောက်ရဲ့အကြောင်ကို ကိုယ်က သိလိုက်ရတယ်.. အဲံလူရဲ့ အမှားနဲံအမှန်ကိုလည်းမြင်တယ်.. ဒါပေမယ့်သူ့ကို ရှောင်ကြဉ်ဖို့ နည်းလမ်းပေးဖို့ လိုပါတယ်.. အဲံလိုပဲ အခု စနိုအရှေ့်မှာတင်ပြ ခဲ့တဲံအတိုင်း ဒုက္ခကိုလည်းသိပြီး တဏှာလက်သမားအကြောင်းကိုလည်းသိပြီးဆိုရင်ဘယ်လိုပယ်သတ်ရမယ်ဆိုတာလည်း
သိဖို့လိုအပ်ပါတယ်...ဒါတွေကို နိရောဓသစ္စာမှာ မြတ်စွာဘုရားက ဟောကြားထားပါတယ်.. လေ့လာကြည့်လိုက်ရအောင်ပေါ့..

                     နိရောဓသစ္စာ
ဘိက္ခဝေ ရဟန်းတို့ ယောသေသ၀ိရာဂနိရောဓဓာ တဏှာ အကြွင်းမဲံချုပ်ငြိမ်းရာ ဖြစ်သော ယောစာဂေါ တဏှာစွန့်ရာဖြစ်သော ယောပဋိနိသဂ္ဂေါ တဏှာ ကို တစ်ဖန် စွန့်ရာဖြစ်သော ယာ မုတ္တိ တဏှာ လွတ်ရာဖြစ်သော လောအနာလယော တဏှာကပ်ငြိခြင်းသည် အလျဉ်း ကင်းရာဖြစ်သော နိဗ္ဗာန် သည် အတ္ထိ ရှိသည် က္ကုဒံ ခေါ ပန ဓမ္မ ဇတံ ထို နိဗ္ဗာန် ဟူသောတရားသည် ဒုက္ခနိရောဓံ အရိယာတို သိအပ်သော သစ္စာမည်သည်။

မြတ်စွာဘုရားသည် ဆင်းရဲကိုဖြစ်စေသော တဏှာ၊ လောဘကိလေသာ တရားတို့ မျက်မှောက် ဘ၀ တွင် ကင်းချုပ်ခြင်း နှင့်စပ်လျဉ်း ပြီး နိရောဓ (၅) ပါးကို ဟောကြားခဲ့သည်

၁။  ယောအသေ သ၀ိရာဂနိရောဓော။   ။ တဏှာ လောဘတရားတိ့ကြောင့် ဆင်း၇ဲ တရားတို့ ဖြစ်ပွား ရခြင်းသည် မုချ ဧကန် မှန်ကန်နေသဖြင့် အကယ်ရှ်ျ တဏှာ လောဘ ကင်းချုပ် ခဲ့ပါက ဆင်း၇ဲချုပ်ငြိမ်း ခြင်းသည် လောက တွင် ကြောင်း၊ကျိုး၊ ညီညွတ်စွာ ရှီနေမည့်သဘောကို ထိုးထွင်းသိခြင်း။

၂။ ယောစာဂေါ။    ။  တဏှာ  လောဘ တရားတိုကို ခဏတစ်ဖြုတ် စွန့်လွှတ် နိုင်ခြင်းအကြောင်းကြောင့် အကျိုးအားလျော်စွာ ခဏတစ်ဖြုတ် ဆင်းရဲချုပ်ငြိမ်းခြင်းကို ထိုထွင်းသိခြင်း။

၃။ ယော ပဋိနိသဂ္ဂေါ။    ။  တဏှာ လောဘ တရားတို့ကို အဖန်ဖန် စွန့်လွှတ်နိုင်ခြင်း အကြောင်းကြောင့် အကျိုးအာလျှော်စွာ အဖန်ဖန် ဆင်း၇ဲ့ချုပ်ငြိမ်း ခြင်းကို ထိုးထွင်းသိခြင်း။

၎။ ယာ မုတ္တိ။    ။  တဏှာ လောဘ တရားတို့ဧ။် လွတ်ကျွတ် ရာနေရာဌာန အလို ရှီသလောက် နေနိုင်စွမ်း ရှီခြင်းအကြောင်းကြောင့် အကျိုးအားလျှော်စွာ အလိုရှီသလောက် ဆင်းရဲ့ချုပ်ငြိမ်း စေနိုင်ခြင်းကို ထိုးထွင်းသိခြင်း။

၅။ ယော အာနာ ယယော။     ။  ထန်းပင် လည်ပြတ် တဖန် ပြန်မပေါက်နိုင်သကဲ့သို တဏှာ လောဘ ကိလေသာ တရားတို့ အလျဉ်းကင်းချုပ် ခြင်းအကြောင်းကြောင့် အကျိုအားလျှော်စွာ သမုစ္ဆေဒ ဆင်း၇ဲ ချုပ်ငြိမ်း ခြင်း ကိုထိုးထွင်းသိခြင်း။

မြတ်စွာဘုရား သည် တဏှာ လောဘ တိ့ကို ကင်းချုပ်ခြင်း နိရောဓ ငါးပါး သို မျက်မှောက်ဘ၀ တွင်ရရောက် ရန်အတွက် အကျင့်လမ်းစဉ် ကို မဂ္ဂ သစ္စာ တွင် ဆက်လက်ဟောကြားတော်မူပါသည်။

သူငယ်ငချ်းများအားလုံး ဒုက္ခ နျင့် တဏှာကိုသိပြိး နိရောဓ သစ္စာ တရားဧ။် အောက်တွင် ဒုက္ခနှင့်တဏှာ ကင်းငြိမ်းချင်းကို လုပ်ဆောင်နိုင်ကြပါစေ။ ဒီတရားတော်များကို ဆရာတော် ရှင်အရိယ ဓမ္မ မှဟော်ကြားတော်မူပြီးဆရာော်သည် လက်ရှီ၇န်ကန်ုတွင်ဓမ္မကထိက တစ်ဦးသာစြဖ်သည်။ ဆရာတော်သည် "သစ္စာ လေးတန် မဟာသတိပဌာန်" တရားစခန်းတွင်တရားပြသတော်မူပြိး သစ္စာတရားအားကိုယ်တိုင် ကျင့်ရျွှ် ကိုယ်တိုင်ထိုးထွင်သိတော် မူပြီးဖြစ်သည်။ ထို့ကြောင့် သူငယ်ချင်းများအနေနှင့် ထိုဆရာတော်အား တရားဓမ္မများ မေးမြန်းနိုင်ပါကြောင်းနျင့် ဆရာတော်ဧ။်တရားစခန်းများကို ၀င်ရောက်ရှ်ျ တရားအားထုတ်နိုင်ပါကြောင်း ကြောငြာအပ်ပါသည်။ ဆရာတော်အား ဆက်သွယ်လိုပါက ဖုန်းနံပါတ် ၀၉ ၄၃၀ ၃၈၈၀၂ သို ဆက်သွယ်ပြီး တရားများအားမေးမြန်းနိုင်ပါသည်။

မြတ်စွာဘုရားဟော်ကြားသော် မဂ္ဂသစ္စာ................

ဘိက္ခဝေ ရဟန်းတို့ အရိယော မြတ်သော အယမေ၀မဂေါ မဂ်တရားဆိုသည်မှာ အဌိဂီင်္ကော အင်္ဂါ(၈) ပါးနှင်ပြည့်စုံသည်။
က္ကု - မဂဂီင်္ ထို မဂ္ဂင် သည် သေယျာထာ ကတ မံ အဘယ်နည်း။
၁။ သမ္မာဒိဌိအမြင် မှန်ကန်သောအမြင်။    ။ လောကဌ် သတ္တ၀ါတို့သည် အကုသိုလ် တရားတို့ကို ပြုကျင့်ပါက ပစ္စုပ္ပန် သံသရာဆင်းရဲ သည်။ ကုသိုလ် တရားတို့ကို ပြုကျင့်ပါက ပစ္စပ္ပုန် သံသရာ ချမ်းသာသည်။ ငါးပါးအာရုံ ကာမဂုဏ် ကို တပ်မက် လျှင် ဆင်းရဲသည်။ ကာမဂုဏ် မှ လွတ်ကင်းလျှင် ချမ်းသာသည်။ ရုပ်၊နာမ် ဘ၀ တိုတွင် သာယာခြင်း တပ်မက်ခြင်း သည်ဆင်း၇ဲသည်။ ရုပ် နာမ် ဘ၀ တို့တွင်ငြီးငွေ့ချင်း မသာယာခြင်းသည် ချမ်းသာ သည် ထိုသို့  အရိယာ တိုသည် တရားအမြင်သည်မှန်ကန်သောအမြင်ဖြစ်သည်။.

၂။ သမ္မာ သင်္ကပ္ပ။ မှန်ကန်သော အကြံ။     ။ မှန်ကန်သော အမြင်အတိုင်းကာမဂုဏ် ကိလေသာ တိ့မှ လွတ်ကင်းသော်အကြံသည် မှန်ကန်သော အမြင်ဖြစ်သည်။

၃။ သမ္မာဝါစာ၊ မှန်ကန်သော အလုပ်။   ။ မှန်သောအမြင်အတိုင်း သူ့အသက်သတ်ခြင်းမှ ရှေင်ကြဉ်ခြင်း၊ သူပစ္စည်း မခိုးခြင်း၊ သူ့သားမယား မပြစ်မှားခြင်း၊ သေမသောက်ခြင်းသည် မှန်ကန်သောအလုပ်ဖြစ်သည်။

၎။ သမ္မာကမ္မ္မန္တ၊မှန်သောအလုပ်။   ။  မှန်သောအမြင်အတိုင်း သူ့အသက်သတ်ခြင်းမျရှေင်ကြဉ်ခြင်း သူ့ပစ္စည်းခိုးခြင်းမှ ရှောင်ကြဉ်ခြင်း သူ့သားမယား မပြစ်မှားခြင်းး သေရည်မသောက်ခြင်း သည်မှန်သောအလုပ်ဖြစ်သည်။

၅။ သမ္မာအာဇီဝ ၊ မှန်သောအသက်မွေးမှု။   ။ မှန်သော အမြင်အတိုင်း မိမိ/ သူတစ်ပါး ကိုမပူပန်စေဘဲ မျှတသော၊ မှန်ကန်သော၊ သင့်လျှော်သော အသက်မွေးမှု သည်မှန်သောလုံလ ဖြစ်သည်။

၆။ သမ္မာဝါယမ မှန်ကန်သောလုံ့လ။   ။  မှန်သောအမြင်အတိုင်း ထိုကားကုသိုလ်တရားတိုဆုတ်ယုတ် ပြီး ကုသိုလ်တရားတို့ တိုးပွားစေရန် အားထုတ် သောလုံ့လသည် မှန်ကန်သော လုံ့လ ဖြစ်သည်။

၇။ သမ္မာသတိ မှန်ကန်သောသတိ။   ။  မှန်သောအမြင်အတိုင်း ထိုကားအကုသိုလ် တည်း ဟု မမေမလျှော့ ရှိပြီး သတိပဌာန် လေးပါးတွင် မပြတ်ပွားနေခြင်းသည် မှန်ကန်သော သတိဖြစ်သည်။

၈။ သမ္မာ သမာဓိ မှန်ကန်သောတည်ကြည်မှု။    ။ မှန်ကန်သောအမြင်အတိုင်း ကိုယ်  နှုတ်  နှလုံး သုံးပါးကို ယောက်ယက် မခတ်ပဲ တည်ကြည်စွာ ထိန်းသိမ်းထားခြင်းသည် မှန်ကန်သောတည်ကြည်မှုဖြစ်သည်။
ထို မဂ်(၈) ချက်တွင် မိမိ ဘယ်အချက်နဲ့ ကိုက်ညီအောင် ကျင့်ပြီပြီလဲ စစ်ကြည့်လိုက်ပေါ့သူငယ်ခင်ျးတို့ရယ်... ဆရာတော်ရှင်အရိယဓမ္မကိုဆက်သွယ်ချင်တယ်ဆိုရင်တော့ ဖုန်း- ၀၉ ၄၃၀ ၃၈၈၀၂ ကိုဆက်သွယ်ပြီးမသိသေးတဲ့တရားမျာား သိချင်သောအကြောင်းအရာများအားမေးမြန်းနိုင်ပါသည်။

ဆရာတော်ရှင်အရိယဓမ္မဟော်ကြားသော စရိုက်(၆)ပါး.........

ကမ္ဘာပေါါ်မှာလူဦးရေ သိန်းသန်းပေါင်းများစွာရှီတယ်ဆိုတာမှန်ပါတယ်.. လူအမျိုးမျိုးစိတ်အထွေထွေရှီတယ်ဆိုတာလည်းမှန်ပါတယ်.. ဒါပေမယ့် လူတွေဆက်ဆံတဲ့ အပြုအမူတွေထဲမှစရိုက် က (၆)ခုပဲရှိပါတယ်.. အဲံလိုပြောရင်ယုံနိုင်မယ်မထင်ဘူး.. ဒါပေမယ့် လေ့လာကြည့်ပါ.. ဘယ်သူပဲဖြစ်ဖြစ် အဲ့စရိုက်ထဲက တစ်ခုတော့ ပါဝင်မှာပါ.. လော့လာကြည့်ရအေင်ပေါ့..

စရိုက်ခြောက်ပါး ကိုမလေလ့လာခင် စရိုက်ရဲ့ ဆိုလိုရင်းကိုသိဖို့လိုပါတယ်..စရိုက်ဆိုသည်မှာ ပင်ကိုယ် ရိုးရာ လူတစ်ကာ တို့ဖြစ်ရိုးဖြစ်စဉ်ထက် လွန်ကဲ စွာ ဖြစ်တက်သော အကျင့်ကိုခေါ်ပါသည်။ ဥပမာ အစာအသောက်ကို သူတစ်ပါးထက် ပိုပြီးမက်မောခြင်း...

လူတို့တွင် စရိုက် (၆) ပါ်းရှိလေသည်။ ထိုစရိုက် များမှာ..........

၁။ ရာဂစ၇ိုက်။   ။  ငါးပါးအာရုံကာမဂုဏ် နှင့်တစ်ကွ ၀တ္ထု စည်းစိမ် ဥစ္စာတိ့ကို လွန်ကဲစွာတပ်မက် တက်သော အကျင့်။

၂။ ဒေါသ စရိုက်။    ။ အမျက်ထွက်ခြင်း ရန်ငြိုးဖွဲ့တက်ခြင်း မနာလိုခြင်း  စသော အကျင့်တို တွင် လွန်ကဲ နေသော အကျင့်။

၃။  မောဟ စရိုက်။   ။ ထိုင်းမှိုင်း တွေဝေခြင်း တွင်လွန်ကဲ နေတက်တေသာအကျင့်။

၎။ သဒ္ဒါစရိုက်။   ။ ယုံကြည်လွယ်တက်သော အကျင့်။

၅။ ၀ိတက်စရိုက်။  ။ စိတ်ကူယဉ်တက်သော အကျင့်။

၆။ ပညာ စရိုက်။   ။  အရာရာတွင် အကြောင်းအကျိုး၊ အကောင်းအဆိုကို ဆင်ခြင်တက်သော အကျင့်။

ထိုစရိုက်တိုသည် လူတိုတွင် တစ်ပါးဖြစ်စေ ၊ သုံးပါးဖြစ်စေတွဲလျှက်ရျိနေတက်ပါသည်။ ထိုသူအဘယ် စရိုက် ရှိသည်ဟု အကဲခတ်နိုငမှုမှာအသွာအလာ အနေအထိုင်  အပြောအဆို အလုပ်အကိုင် အစားအသောက် စသည်တို့ကို ကြည့်ပြီး အကဲခတ်နိုင်ပါသည်။ လူတိုတွင် စရိုက်တို့သည် တဏှာ ကိလေသာတည်းဟူသော သမုဒယ အကြောုင်းခံကြောင့်လွန်ကဲသော အစွဲတို့ဖြစ်ပေါ်ပြီးပူပန်မှု နှလုံးမသာယာခြင်း စသော ဒုက္ခသစ္စာ သည်ဖြစ်ထွန်းပေါ်ပေါက် ရလေသည်။ စရိုက် တစ်ခုကို မချိုးနိုင်သော သူသည် ထိုစရိုက်ကြောင့် မရေမတွက်နိုင်သော ဆင်းရဲ တရားတို့ပေါ်ပေါက်ပြီးဆင်း၇ဲ ရပေလိမ့်မယ်(ဥပမာ.. အစားအသောက်ကိုခုံမင်သူသည် ရာဂစရိုက်ကြောင့် အစားအသောက်အမျိုးမျိုးကို ငွေကုန်ခံပြိး ချက်ပြုတ်စားသောက်ခြင်း အနာရောဂါအမျိုးမျိုးဖြစ်ခြင်း ထိုရောဂါ ကင်းရန်ငွေကုန် ပြိးဆေးကုသခြင်း ကိုယ်စိတ်ဆင်း၇ဲခြင်းစသော ဒုက္ခတရားတိုကို ခံစားရသည်။)
ထို့ကြောင့် လူသားတို့သည် ထိုထင်ရှာသော အစွဲစရိုက် တို့သည် အတွင်စိတ် တွင် ရှိသည့် ကိလေသာတရားတိ့ကြောင့် ဖြစ်သဖြင့် ကမ္မဌာန်းတရားတို့နဲ့ ချိုးနှိမ် ပယ်ဖျောက်ရန် လိုအပ်ပေသည်။

ရာဂစရိုက် ရှိသူဧ။်ဝိသေသ လက္ခာဏာ

နေထိုင်မှု။  ။ ရာဂ စရိုက်ရှိသူသည် သွးလာသည်ရှိသော် ခြေလှမ်း သည် ညီညီကြွပြီး ညီညီချသည်။ ကိုယ်အမူမရာယဉ်ကျေးတင့်တယ်သည်အလုပ်အကိုင်သေသပ်သည်။ အ၀တ်ကားသေသေ သပ်သပ် ၀တ်လေ့ရှိသည်။ အမွေးအကြိုင် ကြိုက်သည်။

စိတ်နေစိတ်ထား။    ။  ငါးပါးအာရုံကာမဂုဏ် ကိုလွန်ကဲစွာ စွဲမက်သည်။ ပရိယာယ် မာာယာ အလိမ်အကောက်များသည်။ မာနကြိးသည် လိုချင် လောဘ ကြိးသည်။ ရှေ့းဘ၀ တို့တွင် အခြံအရံပေါသော တိရိစ္ဆာန် ပြိတ္တာ လူစသည်တို့ဖြစ်ခဲ့သည်။

နှလုံသွေး။   ။ သွေးအရောင်နီ၇ဲသည်။

ကမ္မဌာန်း။   ။  ကာယ နုပသနာ စက်ဆုပ်ဖွယ်ဆင်ခြင်းပြီး အသုဘ ၉ ပါး ဆင်ခြင်းတိုးပွား ခြင်းဖြင့် ရာဂ စရိုက်ကို လျှော့ချ ချိုးနှိမ်ရသည်။

ဒေါသ စရိုက်ဧ။် ၀ိသေသလက္ခာဏာများ

နေထိုင်မှု။   ။ ဒေါသစရိုက်ရှိသူသည် ကိုယ်အမူအရာ နှုတ်အမူအရာ ကြမ်းတမ်းသည်။သွားလာသည်ရှိသော် တွန်းတိုက်ပြီး သွားလာတက်သည်။ ယဉ်ကျေးမှုမရှိ အလုပ်အကိုင် တို့တွင် သေသပ်မှုမရှိပါ။အ၀တ်အစား တွင်လဲ ရောင့်ရဲမှု မရှိ သေသပ်မှု မရှိပဲ ၀တ်စားဆင်ယင်လေ့ရှိသည်။ အချဉ် အငံ အစပ် အခါး စူးရှ သော အစာမျိုးကို ကြိုက်သည်။

စိတ်နေစိတ်ကူး။   ။  ကောင်းသော အဆင်း အသံစသည် တိ့တွင် သည်ခံ ချုပ်တည်းမှု မရှိ။ ဆဲဆို ငေါက်ရမ်း တက်သည်။ စိတ်တိုလွယ်သည် ရန်ငြိုးဖွဲ့တက်သည် သူတစ်ပါးတွင် ငြူစူ သည် ပျက်စီးစေလိုသည် သူတစ်ပါးဧ။် ဂုဏ်သိက္ခာကို ပျက်စီးစေလိ့ ပြှိုင်ဆိုင်စေလိုသော အကျင့်ရှိသည်။

နှလုံးသွေး။   ။ အညို ရောင်ဖြစ်သည်။

ကမ္မဌာန်း။  ။ မေတ္တာာ  ဂရုဏာ မုဒိတာ  ဥပေက္ခာဟူသော တရားလေးပါးကို သတ္တ၀ါတိ့အပေါ် ဖြန့်ကျက်ပွးများ ပြီးဒေါသစရိုက်ကို ချုပ်ထိန်းရမည်။


မောဟ စရိုက်ဧ။်ဝိသေသလက္ခာဏာ

နေထိုင်မှု။   ။ မောဟ စရိုက်ရှိသူသည် သွးလာသည့်အခါ အပြင်းကြိးစွာသွားလာတက်သည်။ ဖိနပ်ကို ရှက်တိုက်ပြိး လမှ်းေလျှာက်တက်သည် လူအများရှေ့တွင် ကြောက်တက်သည်။ ခြေလျမ်းခြေကြွမှာ မငြိမ်ပဲ မှားယွင်းနေတက်သည်။ ရှပ်ထွေ်းပွေလီစွာနေထိုင်တက်သည်။ မိမိ အစွမ်းဖြင့်မယ်မယ်ရရ ပြီးမြှောက်ခြင်းမရှိပေ။ အ၀တ်အစားဝတ်ရတွင်လည်း ကြုံကြိုက်သလို ၀တ်စားဆင်ယင်တက်သည်။ အစားအသောက်တွင်လည်းသီသန်နှစ်သက်မှု မရှိပါ။

စိတ်နေစိတ်ထား။    ။  အကြောင်းအကျိုး ဆင်ခြင်နိုင်မှု မရှိ ရှေ့နောက်ဆင် ခြင်နိုင်မှု မရှိ။ ဦးဆောင် လိုသော် စိတ်မရှိ။ နောက်လိုက်သာဖြစ်သည် သတိပညာကင်းပြိး ထိုင်မှိုင်းနေတက်သည် ပျင်းရိစိတ်အလွန်များသည်။ ပျံလွင့်နေတက်ပြီး အရာရာတိုင်းကို စိတ်ကူယဉ်နေတက်သည်။ လူလေ လူလွင့် လူပေါ်ကျော့ တိ့နှင့် ပျော်မွေ့ကာ နေထိုင်တက်သည်။

နှလုံးသွေး။   ။ အမဲသား ဆေးသော ရေဧ။် အရောင်ကဲ့သို့သွေးအရောင်  ဖျော့တော့တော့ စြဖ်သည်။

ကမ္မဌာန်း။  ။ ကာယ နုပသနာ တွင်ပါဝင်သော ၀င်လေ ထွက်လေ ဆင်ခြင်ခြင်းကို ကြိမ်ဖန်များစွာ လုပ်ပေးရမယ်။ ထိုမှသာမောဟ  စရိုက်ကို ချု့ပ်တည်းနိုင်မာ်။

သဒ္ဒါစရိုက် ဧ။် ၀ိသေသ လက္ခာဏာများ

နေထိုင်မှု။   ။ သဒ္ဒါစရိုက် ရှိသူသည် သွားလာသည်ရှီသော် ခြေလှမ်းမှန်မှန်ဖြင့် ညီညီကြွပြီးညီညီ ချလေ့ရှိသည် ကိုယ်အမူအယာ ယဉ်ကျေး တင့်တင့်တယ်တယ် ရှိသည် အလုပ်အကိုင်သေသပ်သည်။
အ၀တ်အစားကိုလည်းသေသေ သပ်သပ် ၀တ်လေ့ရှိသည်။ ချိုသော။ စိမ့်သော ကောင်းသော အစားအသောက်များကိုသာ ကြိုက်သည်။

စိတ်နေစိတ်ထား။   ။ သနားကြင်နာတက်သည်။ ရတနာသုံးပါး နှင့်တစ်ကွ မိဘ ဆရာသမား တို့တွင်ဝပ်တွားခယ သည်။ သူတစ်ပါးတိုတွင် ယုံကြည်လွယ်သည်။ ထိုသူတိ့သည် ဆင်ခြင်း တိုင်းတွမှု ရှိသော်လည်း ယုံကြည်မှုကို ဦးစားပေးသဖြင့် အလိမ်အကောက် ခံ ရခြင်း။ သူတစ်ပါးအသူံး ချမှုကို ခံရခြင်း ဖျားရှိတက်သည်။ ပေးကမ်းစွန့်ကြဲ မှုကိုပြုလေ့ရှိသည်။

နှလုံးသွေး။   ။ အ၀ါရောင်ရှိသည်။

ကမ္မဌာန်း။   ။ ပညာကိုထွန်စေသော သစ္စာလေးပါး ၀ိပသနာ တရားတို့ကို အထူဂရုပြုပြီး ကျင့်ကျံ အားထုတ်မှသာ သဒ္ဒါစရိုကိကို ချိုးနှိမ်နိုင်မည်။

ဝိတက်စရိုက်ဧ။် ၀ိသေသလက္ခာဏာများ

နေထိုင်မှု။   ။  ၀ိတက်စရိုက် ရှိသူသည် သွားလာသည်အခါ ယမ်းဖယ် ယမ်းဖယ် သွားလာတက်သည် ဘိနပ်ကို ရှပ်တိုက်ပြီး လမ်းလျှောက်တက်သည်။ လူအများအရှေ့တွင် ကြောက်တက်သည်။ အလုပ်အကိုင် တိ့တွင် မေ့မေ့ လျှော့်လျှော့ မှားမှားယွင်းယွင်း ဖြစ်တက်သည်။ ၂ ခါ ပြန်လုပ်ရလေ့ရှိသည် ရှုပ်ပွေလီစွာ နေတက်သည်။ အစားအသောကိုလည်းကြုံကြိုက်စွာစားတက်သည်။

စိတ်နေစိတ်ထား။   ။ အမြဲစိတ်ကူယဉ်နေတက်သည် အကြောင်းအကျိုးဆင်ခြင် နိုင်သော်လည်း လက်တွေ့အကောင်အထည် ဖောဖိ့ စိတ်ကူမရှိပေ။ ဦးဆောင်လိုစိတ်မရှိ တပည်ခံလိုသောစိတ်သာလျှင်ရှိသည်။ရည်မှန်းချက် အခိုင်အမာ မရှိ အကြံများပြီးအလကားဖြစ်နေတက်သည်။

နျလုံးသွေး။   ။ ပဲပြုတ် ရေ အဆင်းရှိသည်။

ကမ္မဌာန်း။   ။ ကာယ နုပသနာ တွင်ပါဝင်သော ၀င်လေထွက်လေ မှတ်ခြင်း ကို အဖန်ဖန် ပွားများရမယ်။


ပညာစရိုက် ဧ။် ၀ိသေသလက္ခာဏာများ

နေထိုင်မှု။   ။ ပညစရိုက်ရှိသူသည် အပြောအဆိုမော်ကြ်ွးတက်သည်။ နိုင်ထက်စီးနင်းလုပ်တက်သာ်။ ကိုယ်အမူအရာ နှုတ်အမူ အရာကြမ်းတမ်းသည်။ သွားလာရာ တွင်လည်း တိုက်တွန်းပြီး သွးလေ့ ရှိသည် ။ အလုပ်အကိုင် သေသပ်မှုမရှိ စားသောက်နေထိုင်မှုတွင်လည်း အတိုင်းအဆ ချင့်ချိန်ပြီးစားသောက်သည်။

စိတ်နေစိတ်ထား။   ။ မာနေ ထာင်လွှားသည်။ ဆဲဆို ငေါက်ရမ်း တက်သည်။
စိတ်တိုလွယ်သည်။ သတိပညာရှိပြီး အမြှောအမြင်ကြိးသည်။ လုံ့ လရှိပြိး မှန်မှန် ကြိုးစားလေ့ရှိသည်။ သတိပညာ ရှိသည်အတွက် ကောင်းရာ လမ်းသို ဦးတည်နိုင်သည်။

နှလုံးသွေး။  ။ ပတ္တမြား ကျောက်မျက် ကဲ့သိုသော အရောင်ရှိသည်။

ကမ္မဌာန်း။   ။  ကာယ နုပသနာ စက်ဆုပ် ဖွယ် တိ့ကို ဆင်ခြင်ခြင်း။ အနိစ္စ ဒုက္ခ အနတ္တ  ၀ိပသနာကို ဆင်ခြင် ရမည်။


 ကဲ သူငယ်ငချ်းတို့ရေ အခုလိ့ စရိုက်လေးတွေသိရတော့ မိမိကိုယ်တိုင်ပဲ ဖြစ်ဖြစ် မိမိ သူငယ်ငချ်းတွေပဲဖြစ်ဖြစ် ဘယ်စရိုက်ရှိတယ်ဆိုတာကိုသိပြီး အပေါင်းအသင်းကို ရှာပြီးပေါင်းလို့ရတာပေါ့.. အကျိုါ်ရှီမယ်လိ့ ထင်ပါတယ်.. အားလုံ ၀င်ပြီးဖတ်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတ.ယ်...

ငြိမ်းချမ်းမှဘဲချစ်တတ်လာတယ်


ငြိမ်းချမ်းမှဘဲချစ်တတ်လာတယ်
(အထီးကျန်ဘဝမှလွတ်မြောက်ခြင်း စာအုပ်မှ )


ဒီဘုန်းကြီး နဲ့ သိတဲ့ လူတစ်ယောက်အကြောင်းအရင်တုန်းက နဲနဲပြောဘူးပါတယ်။ အခုထပ်ပြောချင်တယ် ။ သူ့ကို အမေရိက မှာ တွေ့ ခဲ့တာပါ ။ သူဘုန်းကြီးကျောင်းကို လာတော့ သူ့ကို " ဘာဖြစ်လို့ကျောင်းကိုလာတာလဲ " လို့ မေးကြည့်တော့ " အိပ်မပျော်လို့ပါ " တဲ့ ။ " ကျောင်းကိုလာ ရင် ဘုန်းကြီးတွေ က အိပ်ပျော်တဲ့ နည်းများပေးမလားလို့ပါ " တဲ့ ။
အိပ်မပျော်တဲ့လူဟာ စိတ်မငြိမ်းချမ်းလို့ပါ ။ စိတ်ကို ငြိမ်းချမ်းအောင်လုပ်တတ်လို့ ရှိရင် အိပ်ပျော်ပါတယ် ။ စိတ်ထဲမှာသောက တွေ သိပ်များနေတယ် ။ စိတ်လှုပ်ရှားမှုတွေ သိပ်များနေတယ်။ စိုးရိမ်မှု ၊ ပူပန်မှုတွေ များနေတယ် ။ အတွေးတွေကို ရပ်လို့မရဘူး ဆိုရင် အိပ်ချင်နေပေမယ့် လည်း အိပ်လို့မပျော်ဘူး ။
သူ့အမူအရာ ၊ အပြောအဆိုကို ကြည့်ရတာ နဲနဲ ကြမ်းတမ်းတဲ့ အမူရာမျိုးရှိနေတာကို တွေ့ရတယ် ။ မကျေနပ်မှုတွေ တော်တော် များနေတာတွေ့ ရတယ် ။ ပြီးတော့ နဲနဲ ထိုင်းမှိုင်းတဲ့အမူရာ လည်းရှိတယ် ။ နောက်မှ သိရတာက အဲဒီ ဒကာမ ကြီးဟာ မူးရစ်ဆေးဝါးလည်း စွဲနေတယ်။ အိပ်ဆေး လည်း စွဲနေတယ် ။
သူ့ ကိုပထမ ဦးဆုံး စိတ်နူးညံ့ သွားအောင် ဆိုပြီးတော့ မေတ္တာ ပွါးနည်း သင်ပေးလိုက်တယ် ။ နောက်တစ်နေ့ကျတော့ " အဆင်ပြေ ရဲ့လား"လို့ မေးကြည့်တော့ " မေတ္တာပွါးလို့ မရဘူး" တဲ့ ။ ဒါနဲ့ သူ့ကို " မေတ္တာပွါးတာ ဘာခက်လို့တုန်း ။ ကိုယ့်ကိုကိုယ် စပြီး မေတ္တာ ပွါး ဘို့ဘဲ ၊ ကိုယ့် ကိုကိုယ် ချမ်းသာစေချင်တယ် မဟုတ်လား " လို့ ဆိုတော့ သူဘာမှ မပြောဘူး ။တိတ်နေတယ်။ နောက်တော့ ဆက်မေး ကြည့်တဲ့ အခါ ရောက်တော့ " ကိုယ့်အကြောင်း ကိုယ် မတွေးချင် ဘူး ၊ မေ့ထားချင်တယ် " တဲ့ ။ " တစ်ယောက်တည်းနေ လို့ မရဘူး ။ တစ်ယောက်တည်းနေ လိုက်ရင် ကိုယ့် အကြောင်း ကိုယ်တွေးမိ ပြီး စိတ်ပျက်တယ် " တဲ့ ။
" ကိုယ့်ကိုကိုယ် မချစ်ဘူးလား " ဆိုတော့ " ကိုယ့်ကိုကိုယ် မချစ်ဘူး" တဲ့ ။ ဒါနဲ့ တဆင့် တက်ပြီး မေးကြည့်တယ်။ " မိဘ တို့ ဆရာသမား တို့ကို ရော မချစ်ဘူး လား " ဆိုတော့ " အဖေ ကငယ် ငယ်ကတည်း က ကွဲသွားတယ် "တဲ့ ။" အဖေ က အရက်စွဲနေတယ်။ အလုပ်ကောင်း ကောင်း မလုပ်ဘူး ။ မိသားစု ကို လည်း ကောင်းကောင်း မထောက်ပံ့ဘူး " တဲ့။ နောက်တော့ အသည်းကြွမ်း တဲ့ ရောဂါ နဲ့ ဆုံး သွားတယ်။ အမေ က တော့ အဖေ နဲ့ ကွဲသွားတဲ့ နောက်ပိုင်းမှာ အလုပ်လုပ်ရ တဲ့ အတွက်ကြောင့် သူတို့ မောင်နှမတွေ ကို ဂရုမ စိုက်နိုင် ဘူး တဲ့ ။ ပြီး တော့ အမေ ဟာ ဂရုစိုက် မယ် ဆိုရင် စိုက်နိုင်ပါရဲ့ နဲ့ တစ်ခါ တစ်လေ သူ့ဟာသူ ပျော်သလို ၊ သက်သာ သ လို ပဲ နေတယ် တဲ့ ။ အဲဒီ တော့ သူဟာ အဖေ့ မေတ္တာ လည်း မရ ဘူး ။ အမေ့ မေတ္တာ လည်း မရဘူး ။
"အမေ့ ကိုချစ်သလား " ဆိုတော့ " အမေ့ အသံတောင် မကြားချင်ဘူး " တဲ့ ။ အဲဒီ လောက်ထိအောင် ဆိုးတယ်နော်။

" အမေ က တယ်လီ ဖုန်း ဆက်ရင် တယ်လီဖုန်း ကောက်ပြီး နားထောင်လိုက်တဲ့အခါမှာ အမေ့ အသံ ဆိုတာ သိလိုက်တာ နဲ့ တစ်ပြိုင်နက် ပြန်ချ လိုက်တာပဲ ၊ ဆက်မပြောတော့ဘူး " တဲ့ ။
" ဆရာ သမား တွေ ထဲ မှာရော " ဆိုတော့ " ဆရာ သမား တွေ ထဲမှာ လည်း ချစ်တဲ့ သူမရှိ ဘူး " တဲ့ ။ " သူငယ်ချင်း မိတ်ဆွေ တွေထဲမှာ ရော " ဆိုတော့ " ဒါလည်းဘဲ တွေ့ လို့ ကြုံလို့သာ ဆက်ဆံ နေရတာပါ ၊ ဘယ်သူ့ ကိုမှ တကယ် ချစ် တယ် ဆိုတာ မရှိဘူး " တဲ့ ။ ဒါနဲ့ ဘုန်းကြီး လည်း တော်တော် စိတ်ညစ်သွား တယ် ။ ဘယ်လိုမှ ပြောလို့မရတော့ဘူး ။ နောက်ဆုံး တော့ " ပွင့်ပွင့်လင်းလင်းပြောမယ်နော် ၊ လူဆိုတာ ကိုယ့်ကိုကိုယ် အချစ်ဆုံးလို့ ဘုရားဟော လည်း ရှိတယ် ။ ကြား လည်းကြား ဘူးတယ် ။ စာတွေ ပေတွေ ထဲ မှာလည်း ဖတ် ဘူး တယ် ၊ ကိုယ့် ကို ကိုယ် လည်း ဒီလိုဘဲ ခံစားရတယ်။ ပြီးတော့ ဒီလောက် သတ္တဝါ တွေ များတဲ့ လောကကြီးထဲ မှာ တစ်ယောက် ကိုမှ မချစ်ဘူး ဆိုတာတော့ ဒီတစ်ခါ ကြားဖူးတာ ပထမ ဆုံးပါပဲ ။ အပြစ်တင်တယ် လို့ တော့ မထင်ပါ နဲ့ ။ တကယ် အံ့ဩလို့ပါ " လို့ပြောတော့ သူ လည်း စိတ်မကောင်း ဖြစ်သွားတယ် ။
သူဟာသူ အကြာကြီး စဉ်းစား ပြီး တော့ " ချစ်တာ တစ်ဦး တော့ ရှိတယ် " တဲ့ ။ " ဘယ်သူတုံး" ဆိုတော့ " သူငယ်ချင်း ရဲ့ ခွေးလေး " တဲ့ ။ သူ့ရဲ့ ကိုယ်ပိုင် ခွေး လည်း မဟုတ်ဘူ ။ " ဒီခွေး လေး နဲ့ ကစားရရင် ပျော်တယ် " တဲ့ ။ အဲဒီတော့ တစ်လောကလုံးမှာ ( ကိုယ့်ကိုကိုယ် လည်း မချစ်ဘူး ။ တခြား ဘယ်သူ့ကို မှလည်း မချစ်ဘူး ) ချစ်စရာ ဆိုလို့ ခွေးလေး တစ်ကောင်ပဲရှိတဲ့ သူ့ ရဲ့ အထီးကျန် အဖော်မဲ့ ခံစားမှု " Lonliness " ကိုမှန်းဆပြီး ကြည့်စမ်းပါ ။ ဘယ်လောက် သနား စရာ ကောင်းလဲလို့ ။
ဒါပေမယ့်  ဒီဒကာမ ကြီး ဟာ တရား ကို တော်တော်လေး ကြိုးစား အားထုတ်ပါတယ် ။ ငါးလ ၊ခြောက်လ လောက်ကြိုးစား အားထုတ်ပြီးတဲ့ နောက်မှာ အရက်တွေ ၊ မူးယစ်ဆေးဝါးတွေ ၊ အိပ်ဆေးတွေ အကုန်ပြတ်သွား တယ် ။ ငြိမ်းငြိမ်းချမ်းချမ်း အိပ်ပျော်လာတယ် ။ သူ့စိတ်ထဲ မှာ ကြည်လင်မှု အေးချမ်းမှု ရှိလာတယ် ။ ဒီလို ဖြစ်လာ တဲ့ အခါမှာ သူ့အမေ အကြောင်း ပြန်တွေးတဲ့ အခါ အမေကို သနားလာ တယ်။ အမေဟာ ငယ် ငယ် ရွယ်ရွယ်နဲ့ ယောက်ျား နဲ့ ကွဲသွားတယ် ။ တစ်ယောက် တည်း ဒီကလေးတွေ နဲ့ ဘဝ ကို ရုန်းကန်ရတယ် ။ တစ်ခါ တစ်လေ လည်း သူပျော်သလို ၊ စိတ်ချမ်းသာ သလို နေမှာ ပေါ့ ။ အမေ့ စိတ်ထဲ မှာ ဘယ် လို ခံစား ရမလဲ ဆိုတာ တွေးပြီးတော့ နဲနဲ ကိုယ်ချင်းစာပြီး တော့ သနားသွားတယ် တဲ့ ။ အဲဒီ နောက်မှာ အမေ က တယ်လီဖုန်း ဆက်ရင် အေးအေးဆေးဆေး စကား ပြန်ပြောတယ် ။ နောက်တော့ အတွေ့ ခံတယ် ။
အမေ ကြီး ခမျာ အသက်ကြီးလာ တော့ သမီး ကို ပိုချစ်လာတယ် ထင်တယ် ။ ငယ်ငယ် တုန်း က တော့ သူ့ ဒုက္ခ နဲ့ သူ ဆိုတော့ သူ့သား သမီးတွေ ကို သိပ် ဂရုမ စိုက်နိုင်ခဲ့ဘူး ။ ကြီးလာ တော့ ဒီသမီး ကို ပိုချစ်လာတယ်။ သမီးကို အားကိုး လာ တယ် ။ သမီး နဲ့ တွေ့ချင် တယ် ။ သမီး နဲ့ နေချင်တယ် ။ ဒါပေမဲ့ သမီး က လုံးဝ လက်မခံခဲ့ ဘူး ။ ဘယ်လောက်ထိ အောင် ပြောသလဲ ဆိုတော့ " အမေ လာခဲ့ ရင် _တဲ့ ၊Bay Bridge တံတား ပေါ် ကနေ ခုန်ချ ပြီးတော့ ကိုယ့်ကိုကိုယ် သတ်သေလိုက်မယ် " တဲ့ ။အဲဒီ လောက်ထိအောင် သူ့ရဲ့ နာကြည်းနေ တဲ့ ခံစားချက် က ပြင်းထန် တယ်နော် ။ အခုတော့ အဲဒီ အမေ ကို သနားလာတယ် ။ အမေ နဲ့ အတွေ့ခံတယ် ။ တရားအားထုတ်လို့ နဲနဲ ငြိမ်းချမ်း မှု ရှိလာတဲ့ အခါကျတော့ သနားတတ်လာတယ်။ ချစ်တတ် လာတယ် ။ ကိုယ်ချင်းစာ တတ်လာတယ် ။ ဒီလို ချစ်တတ် ကိုယ်ချင်းစာတတ် လာတာနဲ့ ကိုပဲ အဖော်မဲ့ နေတဲ့ ခံစားမှု "Lonliness " ကတော်တော် သက်သာလာတယ် ။
( ဒီအချက် က သေသေချာချာ စဉ်းစားစေချင်တယ် ။ ချစ်တတ် ကိုယ်ချင်းစာတတ် တဲ့ သူဟာ အဖော်မဲ့ အထီးကျန် ခံစားမှု ဖြစ်တာနဲ တယ် ။ )
အနောက်နိုင်ငံ မှာ အဲဒီ လို ဖြစ်နေပြီနော် ။ မြန်မာပြည် မှာ လည်း နဲနဲ ဖြစ်လာနေတာ ကို တွေ့ နေရပါပြီ။ ဒီ ကိစ္စကို ပေါ့ပေါ့တန်တန် သဘောမထား ပဲ လေးလေးနက်နက် စဉ်းစားပါ နော် ။ တချို့ လူတွေဟာ ကိုယ့်ကိုကိုယ် တောင်မှ မချစ်ဘူး ။ ကိုယ့် အကြောင်း ကို မေ့ထားချင်တဲ့ သူတွေ ၊ ကိုယ့်ကိုကိုယ် မုန်းတဲ့ သူတွေ ရှိတယ် ။ ဘာဖြစ်လို့ လဲ ဆိုတာ ကို စဉ်းစားပါ ။

ခုနှစ်နေ့ ဘုရား ရှစ်ခိုး

• စနေ နေ့ဖွား


တဏှင်္ကရော ရေဝတောစ ၊
သုဇာတာ စ ဝိပဿီကော ။
သောရီ ဝါရေ အဘိဇာတာ ၊
တေ နမဿာမိ သာဒရံ ။
နဝေနာနေန ကမ္မေန ၊
ပေါရာဏကံ ဝိနဿတု။
စတုန္နံ ဗုဒ္ဓ တေဇေန ၊
သဒါ သုခီ ဘဝန္တုမေ ။


• သောကြာ နေ့ဖွား


သုမနော သုမေဓော ဗုဒ္ဓေါ ၊
ဖုေဿာဇိနော စ ဂေါတမော ။
သုက္ကဝါ ရေ အဘိဇာတာ ၊
တေ နမဿာမိ သာဒရံ ။
နဝေနာနေန ကမ္မေန ၊
ပေါရာဏကံ ဝိနဿတု။
စတုန္နံ ဗုဒ္ဓ တေဇေန ၊
သဒါ သုခီ ဘဝန္တုမေ ။


• ကြာသပတေး နေ့ဖွား


မင်္ဂလော ပဒုမုတ္တရော ၊
တိေဿာနာထော စ ကဿပေါ ။
ဂုရု ဝါရေ အဘိဇာတာ ၊
တေ နမဿာမိ သာဒရံ ။
နဝေနာနေန ကမ္မေန ၊
ပေါရာဏကံ ဝိနဿတု။
စတုန္နံ ဗုဒ္ဓ တေဇေန ၊
သဒါ သုခီ ဘဝန္တုမေ ။


• ဗုဒ္ဓဟူး နေ့ဖွား


ကောဏ္ဍညော နာရဒေါ သတ္တာ ၊
သိဒ္ဓတ္ထော ကောဏာဂမနော ။
ဗုဒ္ဓဝါရေ အဘိဇာတာ၊
တေ နမဿာမိ သာဒရံ ။
နဝေနာနေန ကမ္မေန ၊
ပေါရာဏကံ ဝိနဿတု။
စတုန္နံ ဗုဒ္ဓ တေဇေန ၊
သဒါ သုခီ ဘဝန္တုမေ ။


• အင်္ဂါနေ့ဖွား


ဒီပင်္ကရော ပဒုမော စ ၊
ဓမ္မဒဿီ ကကုသန္ဓော ။
ဘောမဝါရေ အဘိဇာတာ၊
တေ နမဿာမိ သာဒရံ ။
နဝေနာနေန ကမ္မေန ၊
ပေါရာဏကံ ဝိနဿတု။
စတုန္နံ ဗုဒ္ဓ တေဇေန ၊
သဒါ သုခီ ဘဝန္တုမေ ။


• တနင်္လာ နေ့ဖွား


သရဏင်္ကရော နောမာ စ၊
အတ္တဒ စ ဝေဿဘူ ။
စန္ဒဝါ ရေ အဘိဇာတာ ၊
တေ နမဿာမိ သာဒရံ ။
နဝေနာနေန ကမ္မေန ၊
ပေါရာဏကံ ဝိနဿတု။
စတုန္နံ ဗုဒ္ဓ တေဇေန ၊
သဒါ သုခီ ဘဝန္တုမေ ။



• တနင်္ဂနွေနေ့ဖွား

မေဓင်္ကရော သောဘိတောစ ၊
ပိယဒဿီ သိခီ ဇိနော ။
ရဝိဝါရေ အဘိဇာတာ ၊
တေ နမဿာမိ သာဒရံ ။
နဝေနာနေန ကမ္မေန ၊
ပေါရာဏကံ ဝိနဿတု။
စတုန္နံ ဗုဒ္ဓ တေဇေန ၊
သဒါ သုခီ ဘဝန္တုမေ ။

မငြိမ်မလှုပ်ကူးနည်း

ဆရာတော် ရဝေနွယ်-အင်းမ
တစ်ခါတုန်းက မြတ်စွာဘုရားရှင် သာဝတ္ထိပြည် ဇေတ၀န်ကျောင်းမှာ သီတင်းသုံးနေတဲ့အချိန် ညတစ်ည သန်းခေါင်ယံအချိန်မှာ ရူပဗြဟ္မာတစ်ဦးက မြတ်စွာဘုရားဆီကို လာပြီး မေးခွန်းမေးပါတယ်။
“မြတ်စွာဘုရား...သြဃလေးဖြာ သံသရာတည်းဟူသော သမုဒ္ဒရာကို တစ်ဖက်ကမ်းရောက်အောင် ဘယ်လိုကူးခဲ့ပါသလဲဘုရား။”
“ဒါယကာ....ငါဟာ ငြိမ်ပြီးလည်း မကူးဘူး၊ လှုပ်ပြီးလည်း မကူးဘူး၊ မငြိမ်မလှုပ်
သံသရာတစ်ဖက်ကမ်းကို ကူးခဲ့တာ”
မြတ်စွာဘုရားရှင်က မငြိမ်မလှုပ်ကူးခဲ့တာဆိုတော့ ရူပဗြဟ္မာက နားမလည်တော့ပါဘူး။
ရူပဗြဟ္မာက မြတ်စွာဘုရားဆီကို မာနလေးနဲ့ လာတာပါ။ သူက ဘယ်လိုအတွေးရှိသလဲဆိုတော့ “ငါ့အနေနဲ့  မြတ်စွာဘုရား သြဃလေးပါးက လွန်မြောက်ပြီးပြီဆိုတာလည်း သိထားတယ်။ သြဃလေးပါးက ဘာတွေလဲ
ဆိုတာလည်း သိထားတယ်။ ကူးနည်းလေးသိဖို့ ပဲ လိုတော့တယ်” လို့ 
အတွေးမာနရှိနေတာပါ။
မာနရှိနေရင် တရားမရနိုင်ဘူး။ ဒါကြောင့်မြတ်စွာဘုရားက “ငါက ငြိမ်လည်း
မကူးဘူး၊ လှုပ်လည်း မကူးဘူး၊ မငြိမ်မလှုပ် ကူးခဲ့တာ” လို့  စကားဝှက်နဲ
့ဖြေလိုက်တာပါ။ သူမမျှော်လင့်တဲ့ အဖြေစကား ကြားလိုက်ရတော့ ရူပဗြဟ္မာ
နားမလည်တော့ပါဘူး။
ဒီတော့မှ သူ့ ရဲ့ မာနလေးကိုချပြီး “မြတ်စွာဘုရား....ဘယ်လို
မငြိမ်မလှုပ်ကူးခဲ့တာလဲဘုရား၊ တပည့်တော်ကို အကျယ်ဟောပြပါဦးဘုရား” လို့ 
ပြန်လျှောက်ပါတယ်။
မြတ်စွာဘုရားရှင်ကလည်း ပြန်ရှင်းပြပါတယ်။
”ဒါယကာ...ငါဟာ သံသရာတည်းဟူသော သမုဒ္ဒရာကို ကူးတဲ့နေရာမှာ ငြိမ်နေရင်
မြှုပ်သွားလိမ့်မယ်။ လှုပ်နေရင်လည်း မျောသွားလိမ့်မယ်။ ဒါကြောင့်
ငါငြိမ်လည်း မကူးဘူး၊ လှုပ်လည်း မကူးဘူး၊ မငြိမ်မလှုပ် ကူးခဲ့တာ”
မြတ်စွာဘုရားရှင်က နည်းနည်းလေးပဲ ချဲ့ ဟောလိုက်တာနဲ့  ရူပဗြဟ္မာလည်း
သဘောပေါက်ပြီး သောတာပတ္တိဖိုလ်ကို ရသွားပါတော့တယ်။
(သြဃတရဏသုတ်၊ သံယုတ်ပါဠိတော်)
အဲဒီမှာ အံ့သြဖို့ ကောင်းတာက မြတ်စွာဘုရားရှင်က နည်းနည်းလေးပဲ ချဲ့ ဟောလိုက်တာနဲ့  ရူပဗြဟ္မာက သဘောပေါက်ပြီး သောတာပန်ဖြစ်သွားတာပါ။
နတ်ဗြဟ္မာတွေဟာ လူတွေနဲ့ မတူပါဘူး။ အသိဉာဏ်က သိပ်ပြီးလျင်မြန်ပါတယ်။
ဒါကြောင့် ချက်ချင်းသဘောပေါက်ပြီး တရားထူးရသွားတာပါ။
ကဲ....ရူပဗြဟ္မာကတော့ နည်းနည်းလေးချဲ့ ဟောလိုက်တာနဲ့  သောတာပန်တည်သွားပါပြီ။
စာရေးသူနဲ့ စာဖတ်သူကတော့ သောတာပန်နားကို မကပ်နိုင်သေးပါဘူး။
ငြိမ်ပြီးကူးရင် မြုပ်မယ်၊ လှုပ်ပြီးကူးရင် မျောမယ်၊
မငြိမ်မလှုပ်ကူးပါဆိုတော့ ဘယ်လိုကူးမလဲ.....?
မျက်လုံးထဲမှာလည်း မြင်ယောင်ကြည့်ပေါ့။ သမုဒ္ဒရာထဲမှာ လူတစ်ယောက်ငြိမ်နေရင်
မြုပ်သွားပါလိမ့်မယ်။ လှုပ်နေရင် မျောသွားပါလိမ့်မယ်။
မြတ်စွာဘုရား အလိုကျ မငြိမ်မလှုပ် ဘယ်လိုကူးမလဲ?
ဖြေကြည့်ပါဦး။
(............................)
အဲဒီမှာ အငြိမ်တရားရယ်၊ အလှုပ်တရားရယ်၊ မငြိမ်မလှုပ်တရားရယ်ဆိုပြီး သုံးမျိုးခွဲသိလိုက်ပါ။
အငြိမ်တရားဆိုတာ အကုသိုလ်တရားပါ။ အလှုပ်တရားဆိုတာ လောကီစည်းစိမ်တွေ
တောင့်တပြီး ပြုတဲ့ကုသိုလ်ပါ။ မငြိမ်မလှုပ်တရားဆိုတာ နိဗ္ဗာန်ကို တောင့်တပြီး
ပြုတဲ့ကုသိုလ်ပါ။
ရှင်းအောင်ပြောရရင် အကုသိုလ်စိတ်ဖြစ်နေတာ အငြိမ်တရားပါ။ လောကီစည်းစိမ်တွေ
တောင့်တပြီး ကုသိုလ်ပြုတာဟာ အလှုပ်တရားပါ။ နိဗ္ဗာန်ကို တောင့်တပြီး
ကုသိုလ်ပြုတာဟာ မငြိမ်မလှုပ်တရားပါ။
ဥပမာ ထားပါတော့။ ကိုယ့်ရင်ထဲမှာ လောဘ၊ ဒေါသ၊ ဣဿာမစ္ဆရိယ စတဲ့
အကုသိုလ်တရားတွေ ကိန်းနေပြီဆိုရင် ငြိမ်ပြီး ကူးနေတာပါ။ ငြိမ်ပြီးကူးရင်
မြုပ်တော့မှာပါ။ ဘယ်ကိုမြုပ်မှာလည်း ဆိုတော့ အပါယ်လေးပါးကို မြုပ်မှာပါ။
နောက် ကုသိုလ်ကောင်းမှုပြုတဲ့အခါမှာ “ဤကုသိုလ်ကောင်းမှုကြောင့် စီးပွားရေး
အဆင်ပြေရပါလို၏၊ ရာထူးတက်ရပါလို၏၊ ဥစ္စာပေါရပါလို၏၊ နောက်ဘ၀ ပညာတက်ရပါလို၏၊
သူဌေးကြီး ဖြစ်ရပါလို၏၊ နတ်ပြည်ရောက်ရပါလို၏“ စသည်ဖြင့် လောကီဆုတွေ
တောင့်တပြီး ကုသိုလ်ပြုနေရင် လှုပ်ပြီးကူးနေတာပါ။ လှုပ်ပြီးကူးရင်
မျောတော့မှာပါ။ ဘယ်ကိုမျောမှာလည်းဆိုတော့ လူ့ ပြည်၊ နတ်ပြည်၊ ဗြဟ္မာ့ပြည်ကို
မျောတော့မှာပါ။ ဘယ်လောက်ထိမျောနေမယ်ဆိုတာ မသိရပါဘူး။ လူ့ ပြည် နတ်ပြည်
ဗြဟ္မာ့ပြည်တွေကို စုန်ဆန်မျောနေရတော့မှာပါ။
“နောက်ဘ၀ သူဌေးကြီးဖြစ်ရပါလို၏” ဆုတောင်း၊ ဆုတောင်းပြည့်တော့ကော သံသရာမှာ
မျောရဦးမှာပါ။ နောက်ဘ၀ထပ်ဆုတောင်း၊ ဆုတောင်းပြည့်တော့ကော ဆက်ကာ ဆက်ကာ
မျောနေရဦးမှာပါ။
လောကီဆုတွေ တောင့်တမိတိုင်းလည်း ကိုယ့်ကိုယ်ကို သတိပေးပါ။
“ငါတော့လှုပ်နေပြီ၊ မျောတော့မယ်” လို့ ။
အဲဒီမှာ နတ်ပြည် ဗြဟ္မာ့ပြည်ဆိုတာ မြင့်မြတ်တဲ့ဘုံတွေလို့  ပြောလို့ ရပါတယ်။
ဒါပေမယ့် သက်တမ်းစေ့တဲ့အခါ အောက်ကို ပြန်ဆင်းရဦးမှာပါ။
အောက်ပြန်ဆင်းတဲ့အခါ ကိလေသာ မကင်းသေးတဲ့အတွက် အကုသိုလ်ပြုမိဦးမှာပါ။
အကုသိုလ်ပြုမိရင် အပြစ်အားလျော်စွာ ခံရဦးမှာပါ။
နောက်မငြိမ်မလှုပ်ကူးနည်းကတော့ ကုသိုလ်ကောင်းမှုပြုတဲ့အခါတိုင်း
“ဤကုသိုလ်ကောင်းမှုသည် နိဗ္ဗာန်၏ အထောက်အပံ့ဖြစ်ပါစေ” လို့  နိဗ္ဗာန်ကို
တောင့်တပြီးပြုတာပါ။ လောကီဆုတွေကို မတောင်းပါဘူး။
ဒါကတော့ မငြိမ်မလှုပ်ကူးတာပါ။
တကယ်လို့ များ တစ်စုံတစ်ယောက်အပေါ် မုန်းပြီး အာဃာတတွေဖြစ်နေရင်
ငြိမ်ငြိမ်ကူးနေတာပါ။ ငြိမ်ငြိမ်ကူးနေရင်တော့ မြုပ်ရတော့မှာပါ။
အဲဒီအခါမျိုးမှာ ကိုယ့်ကိုယ်ကို သတိပြန်ပေးပါ။ “ငါတော့ ငြိမ်နေပြီ၊
မြုပ်တော့မယ်” “ငါတော့ ငြိမ်နေပြီ၊ မြုပ်တော့မယ်” လို့  နှစ်ကြိမ်
သုံးကြိမ်လောက် အသံထွက်ပြီး သတိပေးပါ။ တရားနဲ့ မဝေးတဲ့သူဆိုရင်
သတိပေးလိုက်တာနဲ့  ပျောက်သွားတာ များပါတယ်။ ဒီလို သတိပေးတတ်တဲ့အကျင့်ကို
အထုံဖြစ်သွားအောင် လုပ်ထားရပါမယ်။
နောက်ဆို အကုသိုလ်စိတ် ရင်ထဲဝင်တာနဲ့  သတိပေးပြီးသား ဖြစ်ဖြစ်နေပါလိမ့်မယ်။
ဒါမှမဟုတ် တစ်စုံတစ်ယောက်ရဲ့ မကောင်းကြောင်း အတင်းပြောနေတယ်ဆိုပါတော့။
ဒါလည်း ငြိမ်နေတာပါပဲ။
အတင်းပြောတာလည်း စွဲတတ်ပါတယ်။ စွဲသွားရင် ဖြတ်ရခက်ပါတယ်။ တစ်စုံတစ်ယောက်နဲ
့မတွေ့ လိုက်နဲ့  အတင်းပြောဖို့ ကိုပဲ စိတ်က ညွတ်နေတော့တာပါ။
တော်တော်များများက အတင်းပြောတာကို အကုသိုလ်လို့ မထင်ပါဘူး။ ပြောရိုးပြောစဉ်
အလုပ်တစ်ခုလို့ ပဲ ထင်ထားတာပါ။ အတင်းပြောတာဟာ ပေါ့သေးသေး မဟုတ်ပါဘူး။
မြတ်စွာဘုရားက -
ပရ၀ဇ္ဇာနုပဿိဿ၊
နိစ္စံ ဥဇ္ဈာန သညိနော။
အာသ၀ါ တဿ ၀ဎုန္တိ၊
အာရာ သော အာသ၀က္ခယာ။
လို့  ဟောပြပေးထားပါတယ်။
အဓိပ္ပါယ်ကတော့ သူတစ်ပါးအတင်းပြောနေတဲ့သူမှာ အာသဝေါတရားတွေ တိုးပွားပြီး
နိဗ္ဗာန်နဲ့ ဝေးနေတတ်ပါတယ်တဲ့။
ဒါကိုထောက်ပြီး နိဗ္ဗာန်လိုချင်တဲ့သူဟာ သူတစ်ပါးအတင်းကို မပြောရပါဘူး။ အတင်းပြောရင် နိဗ္ဗာန်နဲ့  ဝေးဝေးနေပါလိမ့်မယ်။ စာခေါင်းစဉ်နဲ
့ပြောမယ်ဆိုရင်လည်း ငြိမ်ပြီးကူးနေတာပါ။
တရားသဘောမသိခင်က ပြောခဲ့တာတွေကတော့ ထားလိုက်ပါတော့။ သိပြီးနောက်ပိုင်း
မပြောမိအောင် အထူးစောင့်ထိန်းရပါမယ်။
တချို့ ဆို အတင်းပြောရတာကို အရသာတစ်ခုလိုကို သဘောထားပြီး ပြောနေကြတာပါ။
ဝါသနာတူချင်း တွေ့ လိုက်လို့ ကတော့ ပြောလို့ မဆုံးတော့ပါဘူး။
ဒါဟာ အရက်သမားတွေ အရက်စွဲသလို “အတင်းစွဲ” သွားတော့တာပါ။
အတင်းပြောတဲ့ရောဂါစွဲသွားရင် ကုရခက်ပါတယ်။ မြတ်စွာဘုရားအဆုံးအမတွေနဲ့ 
သေချာပြန်ကုယူရပါတယ်။ မကုဘဲပစ်ထားရင် ရောဂါသည်းပြီး ဆိုးကျိုးတွေ
ဖြစ်လာတတ်ပါတယ်။ လိုရင်းကတော့ အတင်းပြောတာ အကုသိုလ်ဆိုတာကို
သေချာနှလုံးသွင်းထားလိုက်ဖို့ ပါ။
ပြန်ချုပ်ရရင်တော့ ရင်ထဲအကုသိုလ်တွေကိန်းနေရင် ငြိမ်ပြီးကူးတာပါ။
ကုသိုလ်ပြုတိုင်း လောကီဆုတွေပဲတောင့်တနေရင် လှုပ်ပြီးကူးတာပါ။
ကုသိုလ်ပြုတိုင်း နိဗ္ဗာန်ကိုတောင့်တပြီးပြုရင် မငြိမ်မလှုပ်ကူးတာပါ။
ကူးနည်းသုံးနည်းထဲမှာ မြတ်စွာဘုရားရှင်က မငြိမ်မလှုပ်ကူးနည်းကို
နှစ်သက်တော်မူပါတယ်။ မငြိမ်မလှုပ်ကူးနည်းက ခက်လားဆိုတော့ မခက်ပါဘူး။
ကုသိုလ်ပြုတိုင်း နိဗ္ဗာန်ကို ဆုတောင်းလိုက်ရုံပါ။
သံသရာမှာ ငြိမ်ပြီးကူးခဲ့လို့  အကြိမ်ကြိမ်မြုပ်ခဲ့ပြီးပါပြီ။
လှုပ်ပြီးကူးခဲ့လို့ လည်း အကြိမ်ကြိမ်မျောခဲ့ပြီးပါပြီ။ အခုအချိန်အထိ
မျောနေရတုန်းပါ။ ဘယ်လောက်အထိ မျောနေရဦးမယ် ဆိုတာလည်း မသိရပါဘူး။
ဒီကစပြီး မငြိမ်မလှုပ်ကူးဖို့ ပဲ လိုပါတော့တယ်။
လူတိုင်းလူတိုင်း ကုသိုလ်မပြုဖူးတဲ့သူ ဘယ်သူမှ မရှိပါဘူး။ နည်းတာနဲ
့များတာပဲ ကွာကြမှာပါ။
နည်းနည်းများများ မငြိမ်မလှုပ်ကူးနည်းနဲ့ ကူးဖို့ ပါပဲ။
သံသရာကျင်လည်ရတာ သိပ်ငြီးငွေ့ ဖို့ ကောင်းပါတယ်။ မျှော်လင့်ချက်တွေ၊
ရပိုင်ခွင့်တွေ၊ ခံစားခွင့်တွေနဲ့ ဆိုတော့ သံသရာကျင်လည်ရတာ
ဟုတ်သလိုလိုရှိနေတာပါ။ တကယ်တော့လည်း ဘာမှမဟုတ်ပါဘူး။ ဒုက္ခတွေက
ကပ်ပါလာပြီးသားပါ။ ဘယ်လောက်ပဲ ပြည့်စုံ ပြည့်စုံ ပျော်ရတဲ့ရက်က နည်းပါတယ်။
စိတ်ညစ်ရတဲ့ ရက်က များများရယ်ပါ။ ဒီကြားထဲ လောကဓံဆိုးတွေနဲ့ လည်း
ကြုံနိုင်ပါသေးတယ်။
ဒါကြောင့် သံသရာကျင်လည်ရတာ သိပ်ကြောက်ဖို့ ကောင်းပါတယ်။ သံသရာဝဋ်က
မြန်မြန်ကျွတ်သွားလေ ကောင်းလေပါပဲ။
ဘာပဲပြောပြော ကုသိုလ်ပြုတိုင်း နိဗ္ဗာန်ကို ဦးတည်လိုက်တာနဲ့  မြတ်စွာဘုရား
အလိုကျ “မငြိမ်မလှုပ်” ကူးလိုက်တာပါပဲ။
အရှင်ရာဇိန္ဒ (ရဝေနွယ်-အင်းမ)
အလင်းတန်းဂျာနယ်

ဗုဒ္ဓနှင့်စံပြခေါင်းဆောင်မှု (လွန်ခဲ့သော နှစ်ပေါင်း ၂၅၀၀ က ခေါင်းဆောင်မှု)

ဇူလိုင်လထုတ် စံပယ်ဖြူမဂ္ဂဇင်းမှာ နေဘုန်းလတ်ဆိုတဲ့နာမည်နဲ့မဟုတ်ပဲ အခြားနာမည်တစ်ခုနဲ့ ဖော်ပြခြင်းခံခဲ့ရတဲ့ ဆောင်းပါးလေး တစ်ပုဒ်ပါ။ သံလွင်အိပ်မက်မှာလဲ ဖော်ပြခဲ့ဖူးပါတယ်။ ဗုဒ္ဓမြတ်စွာဘုရားရဲ့ သံဃာ့အဖွဲ့အစည်း ကို အကောင်းဆုံး ခေါင်းဆောင်မှုပေးခဲ့ပုံတွေကို လူငယ်တစ်ယောက်ရဲ့အတွေးနဲ့ ရိုးရိုးလေးရေးခဲ့တာပါ။ ဒီဆောင်းပါးလေးကို ရေးဖြစ်စေခဲ့တဲ့ အကြောင်းအရင်းက ဒီလိုပါ …။ ကျွန်တော်စင်ကာပူမှာရှိနေတုန်း ကျွန်တော်၊ ဇင်ကိုလတ်၊ ကိုငယ်တို့နေကြတဲ့ အိမ်ကို သံလွင်အိပ်မက်အတွက်ဆိုပြီး စာအိတ်တစ်အိတ်ရောက်လာပါတယ်။ စာမူပို့တာပါ။ အဲဒီံစာအိတ်ထဲမှာက သံလွင်အိပ်မက်အနေနဲ့ ဗုဒ္ဓဘာသာတွေဖြစ်တာကြောင့် ဘာသာရေးနဲ့ပတ်သက်ပြီး ထည့်သင့်တဲ့အကြောင်း တွေကို နိဒါန်းပျိုးထားပြီး ဘာသာရေးနဲ့ ပတ်သက်တဲ့ စာမူနှစ်ပုဒ်ကိုပို့ထားပါတယ်။ အဆင်ပြေရင် သုံးမယ်လို့စဉ်းစားပေမယ့် ကျွန်တော်တို့တွေမကြိုက်တာကြောင့် ၊ နောက်ပြီး သံလွင်အိပ်မက်ရဲ့ လမ်းကြောင်းနဲ့ နဲနဲသွေဖယ်နေတာကြောင့် မသုံးဖြစ်ခဲ့ပါဘူး။ ဒါပေမယ့် သံလွင်အိပ်မက်မှာ ဘာသာရေးနဲ့ ပတ်သက်တဲ့အကြောင်းကိုထည့်သင့်တယ်ဆိုတဲ့ သူတို့ရဲ့ဆန္ဒကိုလေးစားသောအားဖြင့် ဘာသာရေးဆိုင်ရာ စာမူတစ်ပုဒ် ထည့်ကြဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ အဲဒီ့အချိန်မှာ ကျွန်တော်ကလည်း ၀ဏ္ဏသီရီရေးသားပြုစုသည့် ညီတော်အာနန္ဒာ၏ တစ်သက်တာမှတ်တမ်းကို ဖတ်နေတဲ့အချိန်နဲ့တိုက်ဆိုင် နေတာကြောင့် အားလုံးက `မင်းရေးလိုက်ကွာ´ ဆိုပြီး ၀ိုင်းပြောကြတာနဲ့ … ရေးဖြစ်ခဲ့တာပဲဖြစ်ပါတယ်။ အမှန်အတိုင်းပြောရရင် သံလွင်အိပ်မက်ဟာ လူငယ်တွေအတွက် အဓိက ရည်ရွယ်ခဲ့တာကြောင့် ဗုဒ္ဓမြတ်စွာဘုရားရဲ့ ခေါင်းဆောင်မှုစွမ်းရည်ကိုပဲ ဦးတည်ပြီးရေးမယ်လို့ ကျွန်တော်ဆုံးဖြတ်ပြီး ဒီဆောင်းပါးလေးကို အဲဒီလိုပုံစံလေးအတိုင်းရေးဖြစ်ခဲ့ပါတယ်။ လူငယ်တစ်ယောက်က ရေးထားတဲ့ ဘာသာရေးနဲ့ပတ်သက်တဲ့စာ ဖြစ်တာကြောင့် အမှားအယွင်းတစုံတရာရှိခဲ့ရင် ကျွန်တော့်ရဲ့ ညံ့ဖျင်းမှုသာဖြစ်ကြောင်းနဲ့ … ကျွန်တော်ရေးခဲ့တဲ့စကားလုံးတိုင်း အတွက် ကျွန်တော်လုံးဝ တာဝန်ယူ ပါကြောင်း ...။
ဗုဒ္ဓနှင့်စံပြခေါင်းဆောင်မှု (လွန်ခဲ့သော နှစ်ပေါင်း ၂၅၀၀ က ခေါင်းဆောင်မှု)
ကျွန်တော် စာစဖတ်စအရွယ်မှာ အိမ်အနီးအနားပတ်ဝန်းကျင်ကစာအုပ်အငှားဆိုင်လေးတွေနဲ့ ကျွန့်တော့်အဖိုးရဲ့ စာအုပ်စင်ကြီးဟာ ကျွန်တော့်အတွက် အဖိုးမဖြတ်နိုင်တဲ့စာပေဗိမာန်ကြီး တွေလိုဖြစ်ခဲ့ပါတယ်။ စာအုပ်အငှားဆိုင်လေးတွေ ကတော့ ကာတွန်းတွေ၊ ပုံပြင်လေးတွေ နဲ့ စာတိုပေစလေးတွေကိုဖတ်ရပြီး၊ အဖိုးရဲ့စာအုပ်စင်ကြီးကနေတော့ ဗုဒ္ဓစာပေတွေကို အဓိကဖတ်ခဲ့ရပါတယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ အတွေးအခေါ် မြင့်မားလှတဲ့ ဗုဒ္ဓဒဿနတွေကိုဖတ်ပြီး မဖြစ်စလောက်ဦးနှောက်နဲ့ ဝေဖန်ရေးတွေလုပ်မိလို့လည်း အဖိုးဆူတာကို ခဏခဏခံခဲ့ရဖူးပါတယ်။ အဲဒီလို အဖိုးနဲ့ အဖိုးရဲ့စာအုပ်စင်ကြီးတို့ ကျေးဇူးကြောင့်ပဲ ကျွန်တော်ဟာ ဗုဒ္ဓဘာသာကို မိရိုးဖလာ ယုံကြည်ကိုးကွယ်တယ်ဆိုတဲ့ အဆင့်ထက် ကျော်ပြီး နားလည်သဘောပေါက်ခွင့်ရခဲ့ပြီး တရားတော်တွေရဲ့ လမ်းပြသွန်သင်မှုကို အတိုင်းအတာတစ်ခုအထိ ခံယူနိုင်ခဲ့ပါတယ်။ လူငယ်တစ်ယောက်ပီပီ လောကုတ္တရာ ဘက်ကိုဦးစားပေးတဲ့ ၀ိပဿနာလိုင်းကို သိပ်မလိုက်စား မိပေမယ့်၊ လောကီလူ့ဘ၀မှာ တရားတော်နဲ့အညီ ဘယ်လို ကျင့်ကြံပြုမူ ပြောဆိုနေထိုင်သင့်တယ်ဆိုတာတွေကို အဓိကလေ့လာဖြစ်ခဲ့ပါတယ်။ နောက်ပြီး တပည့်သံဃာတော်ပေါင်း အထောင် အသောင်းအသိန်းရှိတဲ့ သံဃာ့အဖွဲ့အစည်းကြီးတစ်ခုကို အောင်အောင်မြင်မြင်နဲ့ တည်ထောင်ဖွဲ့စည်းပြီး အဓွန့်ရှည်အောင် ထိန်းသိမ်းအုပ်ချုပ် ဦးဆောင်နိုင်ခဲ့တဲ့ ဗုဒ္ဓမြတ်စွာဘုရားကို အနှိုင်းမဲ့ စံပြခေါင်းဆောင်ကောင်းတစ်ယောက်အဖြစ် မြင်လာခဲ့ရာကနေ ဂေါတမဗုဒ္ဓရဲ့ သံဃာ အဖွဲ့အစည်းကြီးကို ဘယ်လိုဘယ်ပုံ စီမံအုပ်ချုပ်ခဲ့တယ်ဆိုတာကိုသာ ကျွန်တော်တို့တွေ စံနမူနာယူနိုင်ခဲ့မယ်ဆိုရင် လောကလူ့အဖွဲ့အစည်းကြီး ကိုလည်း အောင်မြင်ပြည့်ဝတဲ့ခေါင်းဆောင်မှုတွေ ပေးနိုင်မှာသေချာတယ်လို့လဲ တွေးမိခဲ့ပါတယ်။ ဗုဒ္ဓမြတ်စွာဘုရားဟာ ဘုရားစဖြစ်တဲ့ အချိန်ကစပြီး ပရိနိဗ္ဗာန်စံတော်မူတဲ့အချိန်အထိ ၀ါတော်၄၅၀ါပတ်လုံးမှာ ဗုဒ္ဓသာသနာတော် ပြန့်ပွားစည်ပင်ရေးအတွက် သံဃာတော် အမြောက်အများပါဝင်တဲ့ သံဃာအဖွဲ့အစည်းကြီးကို ဘယ်ပုံဘယ်နည်းနဲ့ စီမံခန့်ခွဲတော်မူခဲ့တယ် ဆိုတာကို ကျွန်တော်တို့လေ့လာသုံးသပ်ရင်း လောကီ့လူ့အဖွဲ့အစည်းအတွက် တစ်စုံတစ်ရာသော အကျိုးကျေးဇူးတွေကို ထုတ်ယူကြည့်ကြ ရအောင်ပါ။
ဗုဒ္ဓမြတ်စွာဘုရားဟာ သံဃာ့အဖွဲ့အစည်းကြီးရဲ့ ပထမဆုံးသောအဖွဲ့ဝင်တွေလို့ဆိုရမယ့် ပဉ္စ၀ဂ္ဂီငါးပါးကို ဓမ္မစကြာတရားဦး ဟောကြားဖို့အတွက် မိဂဒါဝုန်တောကိုကြွလှမ်းတော်မူခဲ့ပါတယ်။ အဲဒီမှာ ဗုဒ္ဓက ...
``ရဟန်းတို့ ... ငါဘုရားသည် ကိလေသာအားလုံးမှ ဝေးကွာခဲ့ပြီဖြစ်၏။ မိမိအလိုကို ကိုယ်တော်တိုင် ထိုးထွင်း၍ သိခဲ့၏။ ရဟန်းတို့ နားစိုက်၍ထားကြလော့။ ငါကိုယ်တိုင် သိမြင်ပေါက်ပိုင်ထားခဲ့သော `အမတေ´ တရားကို ငါဆုံးမမည်။ ငါတရားဟောမည်။´´
လို့အမိန့်ရှိပြီး ပဉ္စ၀ဂ္ဂီငါးပါးကို တရားနာကြဖို့ဖိတ်ခေါ်ခဲ့ပါတယ်။ အဲဒါကို သူတို့ကသံသယတွေနဲ့ ငြင်းဆန်နေခဲ့ကြတာကြောင့် ဒုတိယအကြိမ် ထပ်မံဖိတ်ခေါ်ပြန်ပါတယ်။ အဲဒါကိုလည်းငြင်းဆန်မြဲငြင်းဆန် နေကြတာကြောင့် တတိယအကြိမ်မှာတော့ ဗုဒ္ဓက ...
``ရဟန်းတို့ ရှေးအခါများတုန်းက ငါဘုရားသည် ဤသို့သော စကားများ ပြောကြားခဲ့ဖူးပါသလား။ သင်တို့ သတိများ ထားခဲ့မိကြပါ သလား။´´ လို့မိန့်တော်မူမှ ပဉ္စ၀ဂ္ဂီရဟန်းတို့လည်း ယုံကြည်စိတ်ချ သွားကြပြီး တရားတော်ကို နာကြားခဲ့ကြပါတယ်။
ဒီနေရာမှာ ကျွန်တော်တို့ ဘာကိုသွားတွေ့ရသလဲဆိုရင် မုသားမပြောသူ တစ်ဦးရဲ့ နှုတ်ထွက်စကားဟာ သစ္စာအဖြစ်တည်တယ်ဆိုတဲ့ အချက်ပါ။ နောက်တစ်ခုက ယုံကြည်မှုတစ်ခုကနေ ဖြစ်လာတဲ့ ကြည်ညိုသဒ္ဓါစိတ်ပါ။ ပဉ္စ၀ဂ္ဂီရဟန်းတို့ဟာ ဗုဒ္ဓကို သူတို့ရဲ့ ဆရာ အဖြစ်သတ်မှတ်ပြီး ဗုဒ္ဓဟောကြားတဲ့ တရားတော်တွေကို နာယူဖို့လက်ခံခဲ့ ကြခြင်းဟာ ဗုဒ္ဓကို သူတို့ရဲ့ ဆရာတင်ထိုက်တယ်၊ ခေါင်းဆောင် တင်ထိုက်တယ်ဆိုတဲ့ စိတ်တစ်ခုဖြစ်လာလို့ပါ ...။ အဲဒီ့စိတ်ဟာ အရမ်းကို အရေးကြီးပါတယ်။ အဲဒီစိတ်ဟာ ဗုဒ္ဓသာသနာတော် ထွန်းကားစည်ပင်ဖို့အတွက် တရားတော်တွေကို လက်ဆင့်ကမ်းဆောင်ယူ ဟောကြားပေးကြမယ့် သံဃာအဖွဲ့အစည်းကြီးတစ်ခုလုံးရဲ့ သန္ဓေတည်ရာ ရေသောက်မြစ်လို့တောင် ပြောလို့ရပါတယ်။ လောကလူ့အဖွဲ့အစည်းတစ်ခုရဲ့ ခေါင်းဆောင်တစ်ယောက်အနေနဲ့လည်း ကိုယ့်ရဲ့ ဦးဆောင်မှု နောက်ကိုလိုက်မယ့် နောက်လိုက်နောက်ပါ အားလုံးရဲ့စိတ်ထဲမှာ ဒီလူဟာ ငါတို့ရဲ့ခေါင်းဆောင် ဖြစ်ထိုက်တယ်ဆိုတဲ့ ယုံကြည်စိတ်ချမှုတစ်ခုရှိနေအောင် စွမ်းဆောင်နိုင်ရပါလိမ့်မယ်။ နောက်ပြီး ဗုဒ္ဓမြတ်စွာဘုရားဟာ ပဉ္စ၀ဂ္ဂီရဟန်းတို့ကို ဓမ္မစကြာတရား ဟောကြားတဲ့နေရာမှာ ရဟန်းတို့က ဗုဒ္ဓဟောသမျှကို ဇွတ်မှိတ်ယုံကြည် လိုက်ကြတာမျိုး မဟုတ်ဘဲ အပြန်ပြန်အလှန်လှန် ဝေဖန်ဆွေးနွေး ခဲ့ကြတယ်လို့သိရပါတယ်။ အဲဒါကြောင့်လဲ အရွယ်ပမာဏအားဖြင့် အလတ်စားလောက်သာရှိတဲ့ ဓမ္မစကြာတရားတော်ကို ငါးရက်တိုင်တိုင် ဘုရားရှင်ဟောကြား တော်မူခဲ့ရခြင်း ဖြစ်ပါတယ်။ ဒါကိုနမူနာယူမယ်ဆိုရင် သုံးလောကထွတ်ထား မြတ်စွာဘုရားသခင်တောင် သစ္စာလေးပါး တရားတော်တွေနဲ့ ပတ်သက်ပြီး ဝေဖန်ဆွေးနွေး သုံးသပ်ခွင့်ပေးခဲ့တာကို ထောက်ရှုပြီး အမှားမကင်းနိုင်တဲ့ ပုထုဇဉ်လူသား ခေါင်းဆောင်တွေအနေနဲ့ ပြန်လည်ဝေဖန် ဆွေးနွေးခွင့်မပေးတဲ့ တစ်သွေးတစ်သံတစ်မိန့်ဆိုတဲ့ မူကို ဘယ်လိုမှမကျင့်သုံး ထိုက်ဘူးဆိုတာ သတိပြုသင့်ပါတယ်။
ဗုဒ္ဓမြတ်စွာဘုရားဟာ သာသနာပြုရဟန္တာပုဂ္ဂိုလ် အတော်အသင့်ရှိလာပြီးတဲ့နောက်မှာ အဆိုပါ အရှင်မြတ်တွေကို ရွာကြီး၊ ရွာငယ်၊ မြို့နယ်မရွေးဘဲ အရပ်ရပ်သောဌာနတွေဆီ ဒေသစာရီကြွချီတော်မူစေခဲ့ပြီး သာသနာ့အသိ၊ သာသနာ့အမြင်၊ သာသနာ့ယဉ်ကျေးမှုတွေကို ဖြန့်ဝေစေခဲ့ပါတယ်။ အဲဒီ ဒေသစာရီကြွချီရာ အရပ်တွေက ရဟန်းပြုလိုသူ ရှင်လောင်း၊ ရဟန်းလောင်းများကို အဆိုပါအရှင်သူမြတ်တွေက ဗုဒ္ဓမြတ်စွာ ဘုရားထံပါးကို ရဟန်းအဖြစ်ခံယူနိုင်ဖို့ ခေါ်ဆောင် လာကြရပါတယ်။ အဲဒီစနစ်ဟာ နောက်ပိုင်းတွေမှာ အချိန်ကြန့်ကြာမှုနဲ့ အဆင်မပြေမှုတွေရှိလာတာကြောင့် ဗုဒ္ဓဟာ ...
``ရဟန်းတို့ ... ယခုအခါမှစ၍ ထိုထိုသောအရပ်မျက်နှာ၊ ထိုထိုသောမြို့ရွာဇနပုဒ်တို့၌ သင်တို့ ဘာသာ ရှင်ပြုပေးကြရန်၊ ရဟန်းပြုပေးကြရန် ငါဘုရားခွင့်ပြုတော်မူ၏။ ´´
ဟု မိန့်တော်မူပြီး ရဟန်းပြုပေးပိုင်ခွင့်အာဏာတော်ကို သာဝကတွေထံ ခွဲဝေပေးခဲ့ပါတယ်။
ဒါဟာလည်း ... အဖွဲ့အစည်းတစ်ခုကို ခေါင်းဆောင်တဲ့နေရာမှာ မရှိမဖြစ်လိုအပ်တဲ့ အချက်တစ်ခုပါပဲ။ ရှိသမျှလုပ်ပိုင်ခွင့် အာဏာတွေအားလုံးကို ခေါင်းဆောင်လုပ်သူကသာ ချုပ်ကိုင်ထားမယ်ဆိုရင် အခြားမလိုလားအပ်တဲ့ ပြဿနာတွေပေါ်ပေါက်လာနိုင်ပြီး နှောင့်နှေးကြန့်ကြာမှုတွေ ဖြစ်လာနိုင်ပါတယ်။ လွှဲပေးလို့ရတဲ့၊ ခွဲဝေပေးလို့ရနိုင်မယ့် ကိစ္စတွေကို ယုံကြည်စိတ်ချရသူတွေဆီ လွှဲပြောင်းခွဲဝေ ပေးထားနိုင်မှလည်း အဖွဲ့အစည်းရဲ့ ပြုဖွယ်ကိစ္စအရပ်ရပ်ဟာ လစ်ဟာမှုတွေမရှိပဲ အဆင်ပြေချောမွေ့နိုင်မှာပါ။ ဒါပေမယ့် တာဝန်တစ်ရပ် လွှဲပေးဖို့အတွက် ဒီလူဟာ ဒီတာဝန်နဲ့ ထိုက်တန်တဲ့အရည်အချင်းတွေရှိရဲ့လားဆိုတာကို မစဉ်းစားဘဲ အခြားသောပုဂ္ဂိုလ်ရေး ခင်မင်မှုတွေနဲ့ လူမှုရေးတွေကို စဉ်းစားတာမျိုးတော့ မဖြစ်ဖို့လိုပါတယ်။
ဗုဒ္ဓမြတ်စွာဘုရားရဲ့လက်ဝဲတော်ရံ အဂ္ဂသာဝကဟာ ပညာအရာမှာ ဧတဒဂ်ရထားတဲ့ အရှင်သာရိပုတ္တရာဖြစ်ပြီး၊ လက်ယာတော်ရံကတော့ တန်ခိုးအရာမှာ ဧတဒဂ်ရတဲ့ အရှင်မဟာမောဂ္ဂလန်ဖြစ်ပါတယ်။ မြတ်စွာဘုရားရဲ့ အဆိုပါအဂ္ဂသာဝကနှစ်ပါးဟာ အခြားသောရာနဲ့ချီတဲ့ ရဟန်းတွေရဲ့နောက်မှ သာသနာ့ဘောင်ကို ၀င်လာခဲ့ကြတာဖြစ်ပါတယ်။ အဲဒီလို နောက်မှရောက်လာပေမယ့် နောင်မှာ အဆိုပါအဂ္ဂသာဝကကြီး နှစ်ဦးဖြစ်လာမယ့် မင်းသားနှစ်ပါး အဝေးမှလာသည်ကို မြင်ကတည်းက ဗုဒ္ဓဟာ ...
``ရဟန်းတို့ ... ရှုကြလော့။ ဥပတိဿ၊ ကောလိတတို့ သူငယ်ချင်းနှစ်ယောက်လာခဲ့ကြပြီ။ သူတို့နှစ်ယောက်သည် ငါ၏ သာဝကအစုံ ဖြစ်လာလတ္တံတည်း။ ´´
ဟုမိန့်ပြီး နောက်ပိုင်းမှာ ထိုရဟန်းနှစ်ပါးကို လက်ဝဲရံ၊ လက်ယာရံအဂ္ဂသာဝကနှစ်ပါးအဖြစ် ထားရှိခဲ့ပါတယ်။
အရည်အချင်းရှိသူကို အရည်အချင်းရှိသလို နေရာပေးတဲ့သဘောကိုတွေ့ရပါတယ်။ ဒါဟာလည်း အဖွဲ့အစည်းတစ်ခု ရေရှည်တည်တံ့ နိုင်ဖို့အတွက် အရမ်းကိုအရေးကြီးပါတယ်။ လူ့အဖွဲ့အစည်းတစ်ခုဟာ အမှန်တကယ် အရည်အချင်းရှိတဲ့ သူတွေကို ဘေးဖယ်ထားပြီး သူတို့ရဲ့ စွမ်းဆောင်နိုင်မှုတွေကို လျှစ်လျှူရှုထားမယ်ဆိုရင် အဲဒီ့အဖွဲ့အစည်းရဲ့ ရေရှည်အကျိုးစီးပွားဟာ ကောင်းလာနိုင်စရာမရှိပါဘူး။ ကမ္ဘာနိုင်ငံ အရပ်ရပ်က အောင်မြင်တဲ့ခေါင်းဆောင်တိုင်းကို လေ့လာကြည့်မယ်ဆိုရင် အသီးသီးသော ကဏ္ဍတွေမှာ အကောင်းဆုံး စွမ်းဆောင်နိုင်မယ့် အသင့်တော်ဆုံးသောသူတွေကို ရွေးချယ်ခန့်ထားနိုင်ကြတာ တွေ့ရပါတယ်။ သူ့နေရာနဲ့သူ အသုံးဝင်မယ့် အရည်အချင်းရှိတဲ့သူတွေကို ရှာဖွေနေရာပေး နိုင်ခြင်းရှိ မရှိဆိုတဲ့အချက်ဟာ အဖွဲ့အစည်းတစ်ခု ရဲ့ကံကြမ္မာကို အများကြီး အကျိုးသက်ရောက် စေပါတယ်။
ဗုဒ္ဓဘုရားရှင်ဟာ သံဃာအဖွဲ့အစည်းကြီးအဓွန့်ရှည်တည်တံ့ပြီး သာသနာတော်ပြန့်ပွားရေးကို စဉ်ဆက်မပျက် ဆောင်ရွက်နိုင်ဖို့ အတွက် ၀ိနည်းပညတ်ချက်တွေကို အလျဉ်းသင့်ရင်သင့်သလို ထုတ်ပြန်ချမှတ်တော်မူခဲ့ပါတယ်။ ဒါပေမယ့် ဗုဒ္ဓမြတ်စွာဘုရားဟာ ထုတ်ပြန်ချမှတ်ထားခဲ့တဲ့ အချို့သော ပညတ်ချက်တွေကို ကာလဒေသအခြေအနေနှင့် လိုက်ပြီး လျော့လွန်းသည်များကို တင်းပေးပြီး၊ တင်းလွန်းနေသည်များကို လျော့ပေါ့ခွင့်ပေးတော်မူခဲ့တာတွေ ရှိပါတယ်။ ဒါဟာလည်း သံဃာအဖွဲ့အစည်း ကြီးရဲ့ ရေရှည်အကျိုးကို ချင့်ချိန်မျှော်တွေးပြီးလုပ်ခဲ့တာတွေပါ။ ဥပမာတစ်ခုအနေနဲ့ပြောရမယ်ဆိုရင် ဗုဒ္ဓဘုရားရှင်ဟာ ရဟန်းတို့အနေနဲ့ ဆယ်ဝါတိုင်တိုင် မိမိရဲ့ဥပဇ္ဈယ်ဆရာများထံ နိဿယည်းယူကြ၍ ဆယ်ဝါပြည့်ပြီးမှ မိမိက နိဿယည်းပြန်ပေးရန် ပညတ်တော်မူခဲ့ပါတယ်။ နောက်ပိုင်းမှာ ရဟန်းတွေဟာ အဆိုပါသိက္ခာပုဒ်ကို ပျက်မှာစိုးတဲ့အတွက် ဘုရားရှင်ဒေသစာရီ လှည့်လည်တဲ့အခါတွေမှာ လိုက်ပါဖို့ကိုငြင်းဆန်ကြပါတယ်။ အဲဒီအခါမှာ ...ဗုဒ္ဓက ...
`` ရဟန်းတို့ တတ်သိနားလည်သောရဟန်းသည် ငါးဝါမျှသာ နိဿယည်းယူ၍နေရမည်။ တတ်သိနားလည်သူ မဟုတ်လျှင်ကား ရာသက်ပန် နိဿယည်းယူ၍ နေရမည်။ ´´ ဟုမိန့်တော်မူပြီး သိက္ခာပုဒ်ကို ပြင်ဆင်တော်မူခဲ့ပါတယ်။
ဒါဟာ လူအဖွဲ့အစည်းထဲက လူသားခေါင်းဆောင်တွေနေနဲ့ အင်မတန်ကို နမူနာယူစရာကောင်းတဲ့ အချက်တစ်ချက်ဖြစ်ပါတယ်။ အဖွဲ့အစည်းတစ်ခုကို ဖွဲ့စည်းတည်ထောင်ပြီး အုပ်ချုပ်တဲ့နေရာမှာ အခိုင်အမာ ဆုပ်ကိုင်ကျင့်သုံးနေရမယ့် မူဝါဒတွေရှိရမယ်ဆိုတာမှန်ပေမယ့် အခြားလိုက်နာအပ်တဲ့ စည်းမျဉ်း၊ စည်းကမ်း၊ ကျင့်ဝတ်တွေနဲ့ အခါအားလျှော်စွာ ချမှတ်တဲ့ အမိန့်ထုတ်ပြန်ချက်တွေကိုတော့ ကာလဒေသနဲ့အညီ လိုအပ်ရင်လိုအပ်သလို အလျှော့အတင်း လုပ်ပေးနိုင်ဖို့လိုပါတယ်။ ဖြစ်နေတဲ့အခြေအနေနဲ့ အချိန်အခါတွေကို အကောင်းဆုံး သုံးသပ်ပြီး လုပ်သင့်တာတစ်ခုကို ရဲရဲဝံ့ဝံ့လုပ်လိုက်ရတော့မယ့်အခါမှာ စည်းတွေ၊ ဘောင်တွေက ကိုယ့်ကိုပြန်လည်ချုပ်နှောင် နေတာမျိုးတွေ ခဏခဏဖြစ်တတ်ပါတယ်။ အဲဒီလိုအချိန်မျိုးမှာ ကိုယ့်ရဲ့ စိတ်နှလုံးက သန့်စင်မှုရှိ မရှိ ဆိုတဲ့အချက်က အဓိကကျသွားပါတယ်။ ဗုဒ္ဓမြတ်စွာဘုရားရဲ့ အထက်ပါဖြစ်ရပ်ကို လေ့လာကြည့်မယ်ဆိုရင် သာသနာတော်ကြီး အဓွန့်ရှည်တည်တံ့ဖို့အတွက် မိမိကိုယ်တိုင်ချမှတ်ခဲ့တဲ့ ပညတ်ချက်တွေကိုတောင် မငဲ့ကွက်ပဲ အမြဲမပျက်ပြင်ဆင်ဖြည့်စွက်နေတယ်ဆိုတဲ့ အချက်က ထင်ရှားပါတယ်။ လူ့အဖွဲ့အစည်းတစ်ခုမှာလည်း ခေါင်းဆောင်တွေအနေနဲ့ အခြေအနေအရပ်ရပ်ကို စနစ်တကျ ကိုင်တွယ်ဖြေရှင်းနိုင်ဖို့အတွက် မိမိရဲ့စိတ်ထဲက အယူဝါဒစွဲ၊ ပုဂ္ဂိုလ်စွဲ၊ ငါစွဲ၊ အတ္တစွဲတွေကို ဖယ်ထားနိုင်ဖို့နဲ့ မိမိရဲ့စိတ်ကို ဒီလူ့အဖွဲ့အစည်းရဲ့ တိုးတက်အောင်မြင်မှု တစ်ခုတည်းကိုပဲ ရှေးရှုထားနိုင်ဖို့ ကြိုးစားကြရ ပါလိမ့်မယ်။ ဒီနေရာမှာ တစ်ခုသတိထားရမှာက သူက ငါ့အမျိုးမို့လို့၊ သူကငါ့အပေါ်ကျေးဇူးရှိလို့၊ သူကငါနဲ့ရင်းနှီးလို့ စတဲ့ လူမှုရေးဆိုင်ရာခင်မင်မှုတွေအတွက် စည်းမျဉ်း၊ စည်းကမ်း၊ ကျင့်ဝတ်၊ ဥပဒေတွေကို လိုသလို အတင်းအလျှော့ လုပ်နေတာမျိုးဖြစ်မနေဖို့ပါ။
ဗုဒ္ဓမြတ်စွာဘုရား ဘုရားဖြစ်ပြီး ၉၀ါမြောက်အချိန်မှာ မြတ်စွာဘုရားကိုယ်တော်တိုင်က
`` ရဟန်းသံဃာသည် သင်းကွဲခဲ့လေပြီတကား၊ ရဟန်းသံဃာသည် သင်းကွဲခဲ့လေပြီတကား။´´
ဟု နှစ်ကြိမ်တိုင်တိုင်ရေရွတ်တော်မူခဲ့ရတဲ့ အရေးကိစ္စတစ်ခုဖြစ်ပွားခဲ့ပါတယ်။ သုတ္တန်ဆောင်ပုဂ္ဂိုလ်ရဟန်းတစ်ပါး ကုဋီတက်ရာမှာ ရေဆေးခွက်ထဲကရေကို ကုန်အောင်မသုံးမိပဲ ရေကျန်ထားခဲ့တာကို ၀ိနည်းဆောင်ပုဂ္ဂိုလ်ရဟန်းက အာပတ်သင့် တယ်လို့အဆိုပြုရာကနေ စခဲ့တဲ့ ပြဿနာဖြစ်ပါတယ်။ တစ်ဘက်နဲ့တစ်ဘက် သူမှားတယ်၊ ငါမှန်တယ် ဝေဖန်ပြောဆိုကြရင်း ရဟန်းပရိသတ်အသီးသီး စုဆောင်းကြရာကနေ ၀စီကံမြောက်၊ ကာယကံမြောက် ခိုက်ရန်ဒေါသဖြစ်ကြတဲ့ အဆင့်အထိကို ရောက်ခဲ့ကြပါတယ်။ နောက်ဆုံး ဒေါသမာနတွေ ဖုံးလွှမ်းနေကြတဲ့ သံဃာတွေကို စကားအရာနဲ့ ဘယ်လိုမှ ပြောဆိုဆုံးမလို့ မရတော့တာကြောင့် ဗုဒ္ဓဘုရားရှင်ဟာ ဘယ်သူ့ကိုမှ အသိမပေးဘဲ သင်္ကန်းပရိက္ခရာ အစုံအလင်နဲ့ တစ်ပါးတည်း ထွက်ခွာတော်မူသွားခဲ့ပါတယ်။ အဲဒီလို ဘုရားရှင်ကို ထွက်ခွာသွားအောင်ပြုခဲ့ကြတဲ့ ရဟန်းတွေကို တကာ၊ တကာမတွေက ခရီးဦးကြိုမှုမပြုတော့ခြင်း၊ ရိုသေလေးမြတ်မှုမပြုတော့ခြင်း၊ ဆွမ်းလောင်းလှူမှုမပြုတော့ခြင်း စတဲ့အပြုအမူတွေနဲ့ ပြန်လည် ဒဏ်ခတ်ခဲ့ကြပါတယ်။ နောက်ဆုံးမှာတော့ ရဟန်းတွေလည်း သတိသံဝေဂ ရသွားကြပြီး ဘုရားရှင်ကို ပြန်လည်ပင့်ဆောင် ပေးဖို့ အရှင်အာနန္ဒာ ကို လျှောက်ထားတောင်းပန်ကြရပါတော့တယ်။ အဲဒီမှာ အရှင်အာနန္ဒာလဲ ဘုရားရှင်ကိုပြန်လည် ပင့်ဆောင်ဖို့အတွက် အဖော်ရဟန်းတွေနဲ့ အတူ ပါလိလေယျက တောအုပ်ကို ထွက်ခွာလာခဲ့ပါတယ်။ ပါလိလေယျတောအုပ်မှာ မြတ်စွာဘုရားက အရှင်အာနန္ဒာနဲ့ အဖော်ရဟန်းတွေကို အောက်ပါအတိုင်း ဟောကြားတော်မူခဲ့ပါတယ်။
``ရဟန်းတို့ ... အဖော်မမှီး တစ်ကိုယ်တည်းနေခြင်းသည်မြတ်၏။ လူမိုက်အပေါင်း ထောင်သောင်းမကရှိသော်လည်း ပေါင်းသင်း ထိုက်သူတစ်ယောက်မျှမရှိပေ။ နက်လှစွာသော တောကြီးအလယ်၌ စွယ်စုံဆင်ပြောင်ကြီးသည် စိတ်လွတ်ကိုယ်လွတ်ကျက်စားနေဘိသကဲ့သို့ အဖော်မမှီး တစ်ပါးတည်းနေရာ၏။ မပြုထိုက်သော ဒုစရိုက်အမှုများကိုလည်း မိမိစိတ်ကို ပြုချင်လာအောင် သွေးဆောင်နှိုးဆော်မှု မပြုသော အားဖြင့် ရှောင်ကြဉ်ရာ၏။ ´´
လောကလူ့အဖွဲ့အစည်းမှာလည်း တခါတခါ အဲဒီလိုအဖြစ်မျိုးတွေ ကြုံရနိုင်ပါတယ်။ ကိုယ့်ရဲ့ပတ်ဝန်းကျင်နဲ့ ကိုယ့်ရဲ့အဖွဲ့အစည်း အ၀န်းအ၀ိုင်းအတွင်းမှာ လူဆိုးလူမိုက်တွေ ထောင်သောင်းမကရှိနေပြီး ပေါင်းသင်းထိုက်သူ တစ်ဦးတစ်ယောက်မှ မရှိဘဲ ကိုယ်ကလည်း ဘယ်လိုမှ နားချဖျောင်းဖြပေးလို့ မရနိုင်တော့တာသေချာရင် အဲဒီ့အရပ်ကနေ အနှေးနဲ့ အမြန်စွန့်ခွာကျောခိုင်းဖို့ပဲ စဉ်းစားကြရမှာ ဖြစ်ပါတယ်။ ကိုယ့်စိတ်ကို မကောင်းမှုတွေက သွေးဆောင်နှိုးဆော် လာခြင်း မဖြစ်ရအောင် ဝေးဝေးကရှောင်ကြဉ်သင့်ပါတယ်။ နောက်ပြီး မကောင်းမှုပြုသူ တွေကို ဘယ်လိုမှပြောဆိုဆုံးမလို့ မရတော့တဲ့အခါ ဥပေက္ခာတရားနဲ့ လူ့အဖွဲ့အစည်းထဲကနေ တညီတညွတ်တည်း ခဏတာဖယ်ထုတ်ထား လိုက်ခြင်းဟာ သူတို့ကိုပေးနိုင်တဲ့ အကောင်းဆုံးသင်ခန်းစာတစ်ခုပါပဲ။
နောက်ပိုင်းမှာ အဆိုပါရဟန်းတွေက သူတို့ရဲ့အမှားကို ဆင်ခြင်သိမြင်ကြပြီး ၀န်ချတောင်းပန်တဲ့အခါမှာ ဗုဒ္ဓက ကရုဏာတော်မပျက်ဘဲ ခွင့်လွှတ်တော်မူခဲ့ပါတယ်။ ဒီအချက်ဟာလည်း အဖွဲ့အစည်းတစ်ခုအတွက် အရမ်းအရေးကြီးတဲ့ လိုအပ်ချက်တစ်ခုပါပဲ။ အမှားပြင်ဆင်ခွင့်နဲ့ နောက်ထပ်တစ်ခါ ထပ်ကြိုးစားပိုင်ခွင့်တွေဟာ အမှားမကင်းနိုင်တဲ့ လူသားတွေနေတဲ့ လူ့အဖွဲ့အစည်းတစ်ခုအတွက် မရှိမဖြစ်ကိုလိုအပ်ပါတယ်။ `မမှားသောရှေ့နေ၊ မသေသောဆေးသမား´ ဆိုတဲ့ စကားအတိုင်းပါပဲ ... မှားမိခြင်းဟာ ပြုပြင်လို့မရနိုင်တဲ့ အပြစ်အနာအဆာမဟုတ်ပါဘူး။ မှားယွင်းမှုတွေမှာ သာယာပြီး ပြင်ဆင်ဖို့စိတ်ကူး မရှိတော့တာမျိုးကသာ လူ့အဖွဲ့အစည်းတစ်ခုအနေနဲ့ ခွင့်မပြုသင့်တဲ့ အနေအထားတစ်ခု ဖြစ်ပါတယ်။
ဗုဒ္ဓမြတ်စွာဘုရားဟာ ၄၅၀ါပတ်လုံး သာသနာ့ရောင်စဉ်ကို အစဉ်ထွန်းလင်းစေမယ့် သံဃာ့အဖွဲ့အစည်းကြီးတစ်ခုကို အောင်အောင်မြင်မြင်နဲ့ ဖွဲ့စည်းအုပ်ချုပ်ပျိုးထောင်တော်မူနိုင်ခဲ့ပါတယ်။ မူဝါဒတွေ၊ ပညတ်ချက်တွေ၊ သိက္ခာပုဒ်တွေ၊ ပြုဖွယ်ဝတ္တရားတွေစတဲ့ အမျိုးမျိုးသော စည်းအကွပ်တွေနဲ့ သံဃာ့အဖွဲ့အစည်းကြီးတစ်ခုလုံးကို စုစည်းကျစ်လျစ်နေအောင် ခေါင်းဆောင်တော်မူနိုင်ခဲ့ပါတယ်။ သံဃာတော်တွေ အချင်းချင်းရဲ့ ဆက်ဆံရေးကို တစ်လမ်းသွားစနစ်မဟုတ်ပဲ အကြီးနဲ့အငယ်၊ အထက်နဲ့အောက် အပြန်အလှန်ကူညီရိုင်းပင်း ကြတဲ့ မိသားစုစိတ်ဓာတ်အသွင်ဖြစ်နေအောင် သွန်သင်လမ်းပြ ဆုံးမတော်မူနိုင် ခဲ့ပါတယ်။ ကျွန်တော်တို့ လောကီလူသားတွေအားလုံးလဲ ဗုဒ္ဓမြတ်စွာဘုရားရဲ့ စံပြခေါင်းဆောင်မှုစွမ်းရည်တွေကို စံနမူနာ ယူကြပြီး လူ့အဖွဲ့အစည်းကြီးတစ်ခုလုံးကို အကောင်းဆုံး ခေါင်းဆောင်မှုတွေ ပေးနိုင်ကြပါစေလို့ မျှော်လင့်ချက်ကြီးကြီးနဲ့ ဆုတောင်းနေမိပါတယ်။

ဗြဟ္မာဖြစ်ကြောင်းနှင့်ဗြဟ္မစိုရ်လေးပါးပွားများပုံ

ဗြဟ္မာဖြစ်ကြောင်းနှင့်ဗြဟ္မစိုရ်လေးပါးပွားများပုံ
အရင်တစ်ကြိမ်က ဗြဟ္မာကျင့်စဉ် နှင့် ဗြဟ္မာ့ပြည်အကြောင်းကို ဖြေပေးရာက တဆင့် ဘယ်လို ကျင့်စဉ်တွေ ကျင့်ရင် ဗြဟ္မာ့ပြည် ကို ရောက်နိုင်ပါမည်လဲ လို့ အမေးရှိလာတာကြောင့် ဒီဆောင်းပါးကို ထပ်မံရေးသားလိုက်ပါ သည်။
အတိုချုပ်အနေဖြင့် ဗြဟ္မာ့ပြည်ကို ရောက်ကြတယ် ဆိုတာ ပုထုဇဉ်ဘ၀ဖြင့် လောကီဈာန်များကို ရရှိပြီး ဈာန်မလျော ပဲ သေ လွန်လျင် ရောက်နိုင်ကြခြင်း၊ ထို့ထက်အဆင့်မြင့်သော အရိယာအဆင့် သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်အဖြစ်ဖြင့် တဆင့်ဆင့် ကိုရောက်ရှိပြီး လောကုတ္တရာဈာန်များရရှိကာ ရောက်နိုင်ကြခြင်းအားဖြင့် ၂ မျိုးခွဲခြား မှတ်သားနိုင်ပါတယ်။

ထူးခြားချက်အနေဖြင့် လောကီဈာန်ဖြင့် ဗြဟ္မာ့ပြည်ရောက်ရှိသူဟာ လူ့ဘုံ၊ ငရဲဘုံ၊ ပြိတ္တာဘုံ၊ တိရိစ္ဆာန်ဘုံ တမျိုးမျိုးကို ပြန် လည် ရောက်ရှိနိုင်တာကြောင့် မသေချာတဲ့ လမ်းစဉ်လို့ ဆိုနိုင်ပြီး အရိယာများကတော့ လျောကျရိုးထုံးစံ မရှိတာ ကြောင့် ဗြဟ္မာ့ပြ ည်ရောက်ပြီးပါက အောက်ကာမဘုံကို ပြန်မလာတော့ပါဘူး၊
ဗြဟ္မာ့ပြည်ရောက်ကြောင်း ကျင့်စဉ်ကို ဖော်ပြရမည်ဆိုလျင် လူတိုင်းသိမှတ်ထားသော ဗြဟ္မစိုရ်တရား လေးပါးကို မပြောလို့ မဖြစ် ပြောရပါမည်၊အကြောင်းကား ဗြဟ္မစိုရ်တရား လေးပါးကို ကျင့်ကြံပြီးမှသာ ဗြဟ္မာ့ပြည်ေ ရာက်နိုင်မည် ဖြစ်သော ကြောင့်ပင်။ ဗြဟ္မစိုရ် တရား ဟူသည်မှာ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ ဟူသော တရားလေးပါးကို ပွားများနေလျင် စိတ်ဓာတ်များ စိုပြေ လန်းဆန်းကာ အအေးဓာတ်ဖြင့် ငြိမ်းအေးနေသောကြောင့် ဗြဟ္မစိုရ်တရား ဟု ခေါ်တွင်ရသည်။
ဗြဟ္မ၀ိဟာရ ( ဆိုသည်မှာ မေတ္တာ ကရုဏာ မုဒိတာ ဥပေက္ခာ တို့ဖြင့် နေခြင်းသည် ဗြဟ္မာတို့နေခြင်းနှင့် တူသောကြောင့် ဗြဟ္မ၀ိဟာရ ဟုခေါ်သည် ) ဗြဟ္မစရိယ - ( ဗြဟ္မာ့ပြည်ရောက်ကြောင်း အကျင့်တရား )ဟူ၍၄င်း၊ ဗြဟ္မစရိယ ပါဠိမှ မြန်မာ သံပျက်ဖြင့် ဗြဟ္မစိုရ် ဟု ယနေ့ခေတ် ခေါ်ဆိုနေကြခြင်း ဖြစ်သည်။ နောက်တနည်းအားဖြင့် အပ္ပမညာ -( ၃၁ ဘုံရှိ သတ္တ၀ါအားလုံး အပေါ်တွင် ဘယ်ရွေ့ ဘယ်မျှ ဟု ရေတွက် နှိုင်းယှဉ်လို့ မရနိုင်အောင် မေတ္တာတရား၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ တရားလေးပါး တို့ကို စဉ်ဆက်မပြတ် ပွားများနေသင့်သော တရား ) ဟူ၍ အပ္ပမညာအနေဖြင့်လည်း နာမည်များ မှည့်ခေါ်နေကြသည်။
ယင်းလေးပါးကိုပင် ဗြဟ္မ၀ိဟာရတရား ၄ ပါး၊ ဗြဟ္မစရိယတရား ၄ ပါး၊ အပ္ပမညာကမ္မဋ္ဌာန်းတရား ၄ ပါး အားဖြင့် နာမည်များေ ခါ် ဆိုကြပြန်သည်။
ဗြဟ္မစိုရ်လေးပါး အဓိပ္ပါယ်
၁။ မေတ္တာ = သတ္တ၀ါတို့၏ အကျိုးစီးပွားကို လိုလားသောစိတ်၊ သတ္တ၀ါတို့ကို ချမ်းသာစေလိုသော စိတ်၊ တွယ်တာခြင်း ကင်းကာ ချစ်ခင်တတ်သော စိတ်ကို မေတ္တာ ဟု ခေါ်၏။
၂။ ကရုဏာ = ကိုယ်စိတ်ဆင်းရဲကာ ဒုက္ခရောက်နေသော ဒုက္ခိတ သတ္တ၀ါမှန်သမျှကို အာရုံပြု၍ သနား ကြင်နာသော အ-ဂတိ မလိုက်တတ်သော စိတ်ကို ကရုဏာ ဟု ခေါ်၏။
၃။ မုဒိတာ = သူတပါးတို့ ချမ်းသာကြီးပွား ကောင်းစားနေသည်ကို အာရုံပြုမိသဖြင့် ၀မ်းမြောက်သောသဘော ကို မုဒိတာ ဟု ခေါ်တွင်၏။
၎။ ဥပေက္ခာ = ဒုက္ခိတကို မြင်၍လည်း သနားကြင်နာစိတ် မဖြစ်ပေါ်၊ သုခိတသတ္တ၀ါကို မြင်၍လည်း မုဒိတာ မဖြစ်ပဲ သတ္တ၀ါတိုင်း မိမိတို့ ပြုလုပ် ထားသည့် ကုသိုလ် အကုသိုလ် ကံတရားများအတိုင်းသာ ဖြစ်ကြရတာ ချည်းပဲ ဟု လျစ်လျူရှုသည့် အလယ် အလတ် စိတ်သဘော ကို ဥပေက္ခာ ဟု ခေါ်အပ်၏။
ဗြဟ္မစိုရ်လေးပါး ပွားများပုံ
၁။ မေတ္တာဘာဝနာ ပွားများပုံမှာ လူတိုင်းနီးပါး ရပြီးသားဖြစ်နေသောကြောင့် အထူးမဖော်ပြလိုပါ၊ ပါဠိလို အကျဉ်းချုပ် ရွတ်ပွား လိုပါက -
သဗ္ဗေ သတ္တာ - အလုံးစုံသော သတ္တ၀ါအားလုံးတို့သည်၊
အဝေရာ ဟောန္တု - ဘေးရန်ခပ်သိမ်း ကင်းငြိမ်းကြပါစေ၊
အဗျာပဇ္ဇာ ဟောန္တု - ကြောင့်ကြခပ်သိမ်း ကင်းငြိမ်းကြပါစေ၊
အနီဃာ ဟောန္တု - ဆင်းရဲခပ်သိမ်း ကင်းငြိမ်းကြပါစေ၊
သုခီ အတ္တာနံ ပရိဟရန္တု - ကိုယ်စိတ်နှစ်ဖြာ ကျမ္မာချမ်းသာကြပါစေ
ဟု စာပေမှာ လာသည့်အတိုင်း ပွားများသည်ကိုပင် မေတ္တာပွားသည်ဟု ဆိုရသည်၊ ပါဠိပုဒ်များကို မဆိုတတ် မရွတ် တတ်သူများလဲ မြန်မာလို ကိုယ်နားလည်ထားသလို ရွတ်ဆိုပွားများလျင်လည်း အကျိုးများပါသည်။ ဤနေရာတွင် မြန်မာနိုင်ငံ သာသနာတော်သမိုင်း၌ မေတ္တာအရာတွင် ထင်ရှားကျော်ကြားတော်မူသော ပျံလွန်တော်မူခဲ့ပြီဖြစ်သော တောင်တန်း သာသနာပြုေ မတ္တာဝိဟာရီ ဆရာတော်ကြီး ဦးဥတ္တမသာရ ၏ မေတ္တာပွားများ နည်း အကျဉ်းချုပ်ကို ဖော်ပြ လိုပါသည်၊ စာရေးသူလဲ ဤအကျဉ်းချုပ်ဖြင့် အမြဲပို့သဖြစ်သည်၊ မှတ်ရတာ အရမ်းလွယ်ကူပြီး အားလုံးကို ခြုံငုံမိကာ ထိမိလှသောကြောင့် ဖြစ်သည်။
ဆိုပါစို့ -ခရီးတစ်ခုကို သွားနေစဉ်ဖြစ်ပါက - ငါ၏ ရှေ့တည့်တည့်တွင် ရှိသော ပုဂ္ဂိုလ်သတ္တ၀ါ အားလုံးတို့သည် ဘေးရန် ကြောင့်ကြ၊ ဆင်းရဲ ကင်း၍ ကိုယ်စိတ်နှစ်ဖြာ ကျမ္မာ ချမ်းသာကြပါစေ - ဟုရွတ်ဆိုပွားများလိုက်လျင် ပါဠိများအားလုံး ခြုံငုံမိတော့သည်၊ အနောက်အရပ် မြောက်အရပ်စသည်ဖြင့် အရပ်ဆယ်မျက်နှာအားလုံးနှင့် လူ ရှင် ရဟန်း၊ နတ်ဗြဟ္မာ များပါမကျန် ရွတ်ဆို ပို့သနိုင်သည်။
၂။ ကရုဏာဘာဝနာ ပွားများပုံ
သဗ္ဗေ သတ္တာ ဒုက္ခာ မုစ္စန္တု ( မုတ်စန်တု )- သတ္တ၀ါအားလုံး လက်ရှိခံစားနေကြရတဲ့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ဒုက္ခ များအားလုံးမှ လွတ်မြောက်နိုင်ကြပါစေ - ဟု အထပ်ထပ် အခါခါ၊ ရွတ်ဆို ပွားများ နှလုံးသွင်းနေသည်ကိုပင် ကရုဏာ ပွားများသည်ဟု ခေါ်ဆိုရသည်၊ ကကြီးဖြင့် ကရုဏာ ဟု ပီပီသသ ဆိုရပါမည်၊ ဂငယ်ဖြင့် ရွတ်ဆိုပါက ပါဠိစကားလုံး မမှန်ကန်ပါ။
၃။ မုဒိတာဘာဝနာ ပွားများပုံ
သဗ္ဗေသတ္တာ ယထာလဒ္ဓ သမ္ပတ္တိတော မာ ၀ိဂစ္ဆန္တု (ယထာ လက်ဓ သမ်ပတ်တိတော မာ ၀ိ ဂစ်ဆန်တု ) သတ္တ၀ါအားလုံး ယခုလက်ရှိ ခံစား စံစားနေကြရသော ချမ်းသာ စည်းစိမ်များမှ မဆုတ်ယုတ်ကြပဲ ဆက်လက် ခံစားနိုင်ကြပါစေ - ဟု သူတပါးတို့ ပြည့်စုံချမ်းသာနေသည်များကို မနာလိုခြင်း၊ ၀န်တိုခြင်း ဣဿာ မစ္ဆရိယ မဖြစ်ပဲ ၀မ်းမြောက်ခြင်း မုဒိတာစိတ်ကို အထပ်ထပ် အခါခါ ပွားများနေပါက မုဒိတာပွားများသည်ဟု ခေါ်ဆိုရသည်။
၎။ ဥပေက္ခာဘာဝနာ ပွားများပုံ
သဗ္ဗေသတ္တာ ကမ္မဿကာ - ( ကမ်မတ်သကာ ) သတ္တ၀ါအားလုံးတို့သည် အတိတ်ဘ၀ရော၊ ယခုဘ၀တွင်ပါ ကိုယ်ပြု ခဲ့သည့် ကုသိုလ်၊ အကုသိုလ်ကံများအလျောက် ချမ်းသာ ဆင်းရဲများကို ခံစားနေကြရသည်၊ ကံတရားအတိုင်း ခံကြရ တာပဲ၊ ငါက ပူပန်နေလို့ ဘာမှ ထူးလာမည် မဟုတ်၊ ဒါကြောင့် ငါဟာ ဘယ်သူ့အတွက်မှ ချစ်လို့လဲ သောကမဖြစ်စေရဘူး၊ မုန်းလို့လဲ ၀မ်းသာမှု မဖြစ်စေရဘူး - ဟု အဓိဋ္ဌာန်ကာ မချစ် မမုန်းသော ဥပေက္ခာစိတ်ကို အဖန်ဖန် ပွားများစေခြင်းကိုပင် ဥပေက္ခာဘာဝနာ ပွာများသည်ဟု ခေါ်ဆိုရသည်။
ဈာန်ရကြောင်း ကျင့်စဉ်များ
ဈာန် အဘိဥာဉ်တို့ကို ရစေ ဖြစ်စေနိုင်သော သမထကမ္မဋ္ဌာန်း ကျင့်စဉ်များသည် စုစုပေါင်း နည်း( ၄၀ ) အထိ များပြားစွာ ရှိကြ၏၊ အဘယ့်ကြောင့် ထိုမျှအထိ များပြားနေသနည်း ဟူမူ သတ္တ၀ါအားလုံး လူအားလုံးတို့သည် တဦးနှင့် တဦး စရိုက် လက္ခဏာချင်း၊ အကြိုက်ချင်း၊ အတိတ်ဘ၀များစွာက အထုံပါရမီဓာတ်ခံချင်း မတူညီခဲ့ကြ သောကြောင့် ကိုယ်နှင့်သင့် တော်ရာ ကမ္မဋ္ဌာန်းကို ရွေးချယ်ကာ သမာဓိရစေရန်၊ စိတ်တည်ကြည် ငြိမ်သက်စေရန် အလို့ငှါ နည်းပေါင်းများစွာ ကို ဟြော ကားေ တာ် မူခဲ့ သည်။
ထိုနည်းများစွာ တို့တွင် လူအားလုံးပေါင်းလိုက်ပါက စရိုက် (၆)ပါးတွင် အကျုံးဝင်သွားရာ ရာဂစရိုက် အားကြီးသူအတွက် အသုဘ(၁၀)ပါး၊ ဆံပင် မွေးညှင်း ခြေသည်း၊ လက်သည်း စသော ခန္ဓာကိုယ်၏ (၃၂ ) ကောဋ္ဌာသကိုရှုရခြင်းဟူသော ကာယဂတာသတိကမ္မဋ္ဌာန်းတပါးအားဖြင့် ( ၁၁ ) ပါးကို ညွန်ပြထားတော်မူ ခဲ့သည်။
ဒေါသစရိုက် အားကြီးသူများအတွက် အညိုရောင်၊ အရွှေရောင်၊ အနီရောင်၊ အဖြူရောင်ကမ္မဋ္ဌာန်းဟူသော နီလ၊ ပီတ ၊ လောဟိတ ၊ သြဒါတ ဟူသော ၀ဏ္ဏကသိုဏ်း ၄ ပါးနှင့် အထက်ပါ ဗြဟ္မစိုရ်လေးပါး ကမ္မဋ္ဌာန်းများသည် သင့်လျော်၏ ဟု လမ်းညွန်ခဲ့သည်။
ထို့နောက်တွင် ပထ၀ီ မြေကသိုဏ်း၊ အာပေါ- ရေကသိုဏ်း၊ တေဇော - မီးကသိုဏ်း၊ ၀ါယော - လေကသိုဏ်း၊ အဖြူရောင် သြဒါတကသိုဏ်း၊ အညိုရောင် နီလကသိုဏ်း၊ အနီရောင် လောဟိတကသိုဏ်း၊ စသည်အားဖြင့်၎င်း၊ ဗုဒ္ဓါနုဿတိဘာဝ နာ၊ မေတ္တာဘာဝနာ၊ အသုဘဘာဝနာ၊ မရဏဿတိ ဘာဝနာတမျိုးမျိုးကို ပွားများကာ သမာဓိ ထူထောင်ပြီးမှ ဈာန်အဆင့်ကို တက်လှမ်းသည်များကိုလည်း ဗုဒ္ဓမြတ်စွာ လမ်းညွန်ထားခဲ့သည်။
အခြားသော မီးကသိုဏ်း မြေကသိုဏ်း စသည်ကို ကျင့်ကြံပြီး သမာဓိထူထောင်ပုံများကို အလျင်းသင်သလို ဖော်ပြပါမည်၊ ဤနေရာ တွင် ဗြဟ္မာ့ပြည်ရောက်ကြောင်းနှင့် ပက်သက်၍ လူတိုင်း မပင်ပန်းပဲ လွယ်ကူစွာ ကျင့်သုံးနိုင်သော ဗြဟ္မစိုရ်လေးပါး ပွားများပုံကိုသာ အဓိကထား ဖော်ပြလိုက်ပါသည်။
မေတ္တာဖြင့်
အရှင်သုနန္ဒာလင်္ကာရ M.A ( ပန်းကမ္ဘာ )

မပြတ်ပွားများ သရဏဂုံတရား သရဏဂုံ


သရဏဂုံဆိုသည်မှာ “သရဏဂမန”ဟူသော ပါဠိမှ မြန်မာမှု ပြုထားခြင်း ဖြစ်သည်။ သရဏ ပုဒ် နှင့် ဂမန ပုဒ် နှစ်ခုကို ပေါင်းစပ် ထားခြင်း ဖြစ်သည်။ သရဏ- ကိုးကွယ်ရာ အားထားရာအဖြစ်ဖြင့် ဂမန- ဆည်းကပ်ခြင်းကို “(သရဏ+ဂမန) သရဏဂုံ”ဟု ဆိုခြင်း ဖြစ်သည်။
သရဏ
ရတနာသုံးပါးသည် ကြောက်ရွံခြင်း နှင့် ထိတ်လန့်ခြင်းကို ပယ်ဖျောက်ပေးနိုင်သောကြောင့် သရဏ (ကိုးကွယ်အားထားရာ) မည်၏။ စိတ်၏ကြောက်ရွံခြင်းကိုလည်းကောင်း၊ ထိတ်လန့်ခြင်းကို လည်းကောင်း၊ ကာယိကဒုက္ခကိုလည်းကောင်း၊ ဒုဂ္ဂတိဘဝ၌ ဖြစ် စေတတ်သော ဆင်းရဲခြင်း ပူပန်ခြင်းကိုလည်းကောင်း ဖျက်ဆီး ဖယ်ရှားပေးနိုင်သောကြောင့် ထိုရတနာသုံးပါးကို သရဏ (ကိုး ကွယ်အားထားရာ)ဟု ဆိုလိုသည်။ သရဏ (ကိုးကွယ်အားထား ရာ)ဟူသော အမည်ကို ဗုဒ္ဓ ဓမ္မ သံဃာ ဟူသော ရတနာသုံးပါး၏ အမည်ဟု မှတ်ယူပါ။
အဘယ်ကြောင့်ဆိုသော်---
၁) မြတ်ဗုဒ္ဓသည် သတ္တဝါတို့၏ အကျိုးစီးပွားကို ဖြစ်စေတတ်သော ကြောင့်လည်းကောင်း၊ သတ္တဝါတို့၏ အကျိုးစီးပွားမဲ့ကို ဖယ်ရှား ပေးတတ်သောကြောင့်လည်းကောင်း၊ သတ္တဝါတို့၏ ဘေးရန်အမျိုး မျိုးကို ဖယ်ရှားပေးတတ်သောကြောင့်လည်းကောင်း ကိုးကွယ် ဆည်းကပ်ထိုက်ပေ၏။
၂) ဓမ္မသည် ရှည်လျားလှစွာသော ဘဝသံသရာ ခရီးကြမ်းမှ ထုတ်ဆောင် ပေးတတ်သောကြောင့် လည်းကောင်း၊ နိဗ္ဗာန်ဟုဆို အပ်သော ချမ်းသာကို ပေးတတ်သောကြောင့်လည်းကောင်း၊ သံသရာဘေးကို ပယ်ဖျောက်ဖျက်ဆီး တတ်သောကြောင့်လည်း ကောင်း ကိုးကွယ်ဆည်းကပ်ထိုက်ပေ၏။
၃) သံဃာသည် ကုသိုလ်ကောင်းမှု(အနည်းငယ်မျှပင်ဖြစ်ပါစေ)ကို ပြုကြကုန်သော သတ္တဝါတို့၏ အကျိုးစီးပွားကို ဖြစ်စေတတ်၊ ပြုစေတတ်သောကြောင့်လည်းကောင်း၊ သတ္တဝါတို့၏ ဘေးအန္တ ရာယ်အပေါင်းကို ပယ်ဖျောက်ဖျက်ဆီး တတ်သောကြောင့်လည်း ကောင်း ကိုးကွယ် ဆည်းကပ် ထိုက်ပေ၏။
ထို့ကြောင့် ဗုဒ္ဓ ဓမ္မ သံဃာဟူသော ရတနာသုံးပါးသည် သရဏ (သရဏဂုံ) မည်ပါ၏။ ဗုဒ္ဓ ဓမ္မ သံဃာ ဟူသော ရတနာသုံးပါးကို ကြည်ညိုသော၊ အရိုအသေပြုသော၊ ကိုးကွယ်ရာ အားထားရာ အဖြစ်ဆည်းကပ်သောစိတ်ရှိသည့် ပုဂ္ဂိုလ်သည် ဗုဒ္ဓ ဓမ္မ သံဃာ ဟူသော သရဏဂုံသုံးပါး၌ တည်ပြီးသူ၊ မှီဝဲဆည်းကပ်သောသူ မည်၏။

သရဏဂုံ(၂)မျိုး
လောကုတ္တရာသရဏဂုံ နှင့် လောကီသရဏဂုံဟူ၍ နှစ်ပါးအပြား ရှိသည်။
ထိုတွင်...
(၁) လောကီသရဏဂုံသည်...
ပုထုဇဉ်ပုဂ္ဂိုလ်တို့၏ သန္တာန်၌ သရဏဂုံသုံးပါးအပေါ် ယုံကြည် ဆည်းကပ်မှုဖြင့်တည်သော သရဏဂုံ ဖြစ်၏။ သရဏဂုံ၏ ညစ်ညူး ကြောင်းတရားများကို ပယ်ဖျောက်လျှက် ရတနာမြတ်သုံးပါး၏ဂုဏ် ကို တိုက်ရိုက်အာရုံပြု၍ ဆောက်တည်မှ ပြီးပြည့်စုံသော သရဏဂုံ မျိုး ဖြစ်သည်။
ထိုလောကီသရဏဂုံသည် ညစ်ညူးတတ်၏၊ ပျက်စီးနိုင်၏။ ယခု ဘဝ မညစ်နွမ်း၊ မပျက်စီးခဲ့လျှင်ပင် နောက်နောင် ထိုထိုဘဝတို့၌ ညစ်နွမ်းနိုင်၊ ပျက်စီးနိုင်၏။ ရတနာသုံးပါးကို ကောင်းစွာမသိခြင်း၊ ရတနာသုံးပါး အပေါ်၌ ဟုတ်မှဟုတ်လေပါ့မလားဟု ယုံမှားသံသ- ယဖြစ်ခြင်း (ဝိစိကိစ္ဆာ) တို့သည် လောကီသရဏဂုံကို ညစ်နွမ်း စေသည်။ ထိုသို့ မညစ်နွမ်းအောင် ထိန်းသိမ်းနိုင်ခဲ့လျှင် ကောင်း သောဘုံဘဝ၌ ဖြစ်တည်ရခြင်း၊ စည်းစိမ်ဥစ္စာနှင့် ပြည့်စုံရခြင်း စသော အကျိုးတရားများကို ရရှိခံစားနိုင်မည် ဖြစ်ပါသည်။
(၂) လောကုတ္တရာသရဏဂုံသည်…
သစ္စာလေးပါးတရားတော်ကို သိမြင်ပြီးကုန်သော အရိယာ သူ-တော်စင်များ၏ မဂ်ခဏ၌ ထိုမဂ်ဉာဏ်နှင့်အတူ ဖြစ်ပေါ်လာသော သရဏဂုံမျိုး ဖြစ်သည်။ ထိုအရိယာ ပုဂ္ဂိုလ်တို့သည် ဗုဒ္ဓ ဓမ္မ သံဃာ ဟူသော သရဏဂုံသုံးပါးအပေါ်၌ မမှိတ်မသုန် ယုံကြည် ကိုးကွယ် ခြင်း ရှိလေတော့၏။ ထိုအရိယာပုဂ္ဂိုလ်တို့သည် မဆောက်တည်ရ ဘဲ အမြဲသရဏဂုံ တည်နေကြသော ပုဂ္ဂိုလ်များ ဖြစ်၏။ဗုဒ္ဓဘာသာ ဝင်အဖြစ်မှ မည်သည့်အခါမှ မဆုံးရှုံးနိုင်တော့ပေ။
သရဏဂုံ၏ ညစ်ညူးခြင်း၊ ပျက်စီးခြင်းလည်း မရှိတော့ပေ။ ထို့ ကြောင့် အရိယာပုဂ္ဂိုလ်ဖြစ်မှသာလျှင် လောကုတ္တရာ သရဏဂုံကို ရပေမည်။ ပုထုဇဉ်ဘဝဖြင့် ဘယ်သောအခါမှ မရရှိနိုင်ပေ၊ မဖြစ်နိုင် ပေ။ အရိယာပုဂ္ဂိုလ်များ၏ လောကုတ္တရာ သရဏဂုံသည် နိဗ္ဗာန်ကို မရမခြင်း ဘဝဆက်တိုင်း တည်မြဲ နေလိမ့်မည်။
သရဏဂုံညစ်နွမ်းခြင်း အကြောင်းသုံးပါး
၁. အဉာဏ-သရဏဂုံသုံးပါးအပေါ်၌သေချာကျနစွာ မသိခြင်း၊
၂. သံသယ- သရဏဂုံသုံးပါးအပေါ်၌ ယုံမှားသံသယရှိခြင်း၊
၃. မိစ္ဆာဉာဏ- သရဏဂုံသုံးပါးအပေါ်၌ မှားယွင်းသော အမြင်၊
အယူအဆ ရှိခြင်း။ (မူလ ပဏာသအဋ္ဌကထာ)
ထိုသုံးမျိုးတို့တွင် ဗုဒ္ဓ ဓမ္မ သံဃာဟူသော သရဏဂုံ သုံးပါးအ ကြောင်းကို သိအောင် လေ့လာခြင်းဖြင့် နံပါတ် (၁)နှင့်(၂) ညစ်နွမ်း မှုကို ပယ်ဖျောက်နိုင်သည်။ နံပါတ် (၃) ညစ်နွမ်းမှုကိုကား ဗုဒ္ဓ ဓမ္မ သံဃာ-ဟူသော သရဏဂုံအပေါ်၌ ယုံကြည်သော သဒ္ဓါတရား နှင့် ပညာဉာဏ်ကို ခိုင်မာအောင်ပြုလျှက် ပယ်ဖျောက်နိုင်သည်။ ပယ်ဖျောက်မှု မပြုနိုင်ပါက သရဏဂုံပျက်စီးခြင်းသို့ ရောက်၏။

သရဏဂုံတည်ခြင်း
ရတနာမြတ်သုံးပါးကို သဒ္ဓါ၊ ပညာ ပြည့်စုံစွာဖြင့် ကိုးကွယ်အား ထားလဲလျောင်းရာ အမှန်ဟူ၍ တစ်ကြိမ်တစ်ခါ ဆောက်တည်ထား လျှင် ထိုရတနာ မြတ်သုံးပါးအပေါ်၌ ယုံကြည်ကိုးကွယ် ဆည်းကပ် သည့်စိတ်မပျောက်သေးသမျှ ကာလပတ်လုံး တည်မြဲနေ၏။

သရဏဂုံပျက်ခြင်း နှစ်မျိုး
သရဏဂုံပျက်ခြင်းဟုဆိုရာ၌ အပြစ်ရှိသော ပျက်ခြင်း နှင့် မပြစ် မရှိသော ပျက်ခြင်း ဟူ၍ နှစ်မျိုး ရှိသည်။
(၁)ရတနာသုံးပါးကို ယုံကြည်ကိုးကွယ်ဆည်းကပ်မှု မရှိတော့ခြင်း။
(၂) သေဆုံးသွားခြင်း။
ဗုဒ္ဓ ဓမ္မ သံဃာဟူသော သရဏဂုံသုံးပါးမှအပ တပါးသော ဂိုဏ်း ဆရာများ၊ ရသေ့များ၊ နတ်များ၊ စသည်တို့ကို “တပည့်တော်၏ အ-သက်နှင့် ခန္ဓာကို အပ်နှင်း လှူဒါန်းပါ၏ဟု ကိုးကွယ် ဆည်းကပ် သည်ရှိသော် သရဏဂုံပျက်၏။ ထိုသို့ ပျက်ခြင်းမျိုးသည် အပြစ်ရှိ သော ပျက်ခြင်းမည်၏။ မကောင်းသော အကျိုးများကိုသာ ရရှိစေ နိုင်သည်။
သေဆုံးသွား၍ သရဏဂုံပျက်ခြင်းသည် မပြစ်မရှိသော ပျက်ခြင်း မျိုးဖြစ်၏။ သေဆုံးပြီးနောက် ထိုသူဆောက်တည်ခဲ့သော ကံအား လျော်စွာ နတ်စည်းစိမ် ခံစားစံစားရခြင်း ကောင်းကျိုးချမ်းသာ သုခ နှင့် ပြည်စုံခြင်းစသော ကောင်းကျိုးများကို ရရှိနိုင်သည်။
ယခုခေတ်တွင် သေဆုံးသွားသော သူများကို သရဏဂုံတင်ခြင်း ပြုလုပ်ကြလေ့ရှိ၏။ သေသူ၌ စိတ်မရှိ၊ စေတသိတ်မရှိ၊ ဥတုဇရုပ် ဟုခေါ်သော အလောင်းကောင်သာ ရှိ၏။ စိတ်မရှိသော အလောင်း ကောင်ကို အဘယ်သို့ သရဏဂုံတင်နိုင်အံ့နည်း။ကျန်ရစ်သူများ၏ သရဏဂုံ ကျိုးခြင်း၊ ပျက်ခြင်း၊ ပေါက်ခြင်းမှ ပြန် လည် တည်သွားအောင်သာ သရဏဂုံပေးခြင်း ဖြစ်၏။ သရဏဂုံ တည်၍ ကောင်းမှုအစုစုကို ပြုလုပ်ရခြင်းသည်အကျိုးများလှသည်။ ထိုသို့သောကောင်းမှုသိုလ်မျိုးကို သေသွားသော သူတို့အား အမျှ ပေးဝေခြင်း သေသူအတွက် အကျိုးထူးလှ၏။
သရဏဂုံဖြစ် မဖြစ်
၁) ဆွေမျိုးဖြစ်၍ ရှိခိုးခြင်း။
၂) ကြောက်၍ ရှိခိုးခြင်း။
၃) ဆရာဖြစ်၍ ရှိခိုးခြင်း။
ဤအကြောင်းများကြောင့် ပုဂ္ဂိုလ်တစ်ဦး တစ်ယောက်ကို ရှိခိုးလျှင် သရဏဂုံ မဖြစ်တည်ပေ။ ယုံကြည်ပြီး ကိုးကွယ်ဆည်းကပ်သည့် အနေဖြင့် ရှိခိုးမှသာလျှင် သရဏဂုံ ဖြစ်တည်သည်။
သရဏဂုံပျက် မပျက်
သရဏဂုံဆောက်တည်ပြီးသောသူသည် ...
(၁) သာသနာတော်မှအပ တပါးသောအယူရှိသော တိတ္ထိတို့၌ ရသေ့ရဟန်းပြုထားသော ဆွေမျိုးကို “ဤသူသည် ငါ၏ ဆွေမျိုး တည်း”ဟုအသိရှိလျှက် ရှိခိုးသောသူသည် သရဏဂုံ မပျက်ပေ။ ရသေ့ရဟန်း မဟုတ်သော ဦးလေး ဘကြီး စသည့် ဆွေမျိုးတို့အား ရှိခိုးသော သူသည်လည်း သရဏဂုံ မပျက်သည်သာတည်း။
(၂) ထို့အတူ ကြောက်ရွံ၍ ဘုရင် (သို့) ကိုယ့်၏ အထက် လူကြီးကို ရှိခိုးခြင်းသည်လည်း သရဏဂုံ မပျက်သည်သာတည်း။ အဘယ်ကြောင့်ဆိုသော် ဘုရင်ကို ပြည်သူတို့က ပူဇော်အပ်သော ကြောင့်လည်းကောင်း၊ မရှိခိုးအပ် မရိုမသေပြုအပ်သည်ရှိသော် အ ကျိုးမဲ့ကိုသာ ဖြစ်စေသောကြောင့်လည်းကောင်း ရှိခိုးရ၏။ ထိုသို့ ရှိခိုးခဲ့သော် သရဏဂုံ မပျက်ပေ။ ထို့ကြောင့် ယခုခေတ် ကိုယ့်အ ထက် လူကြီးကို ကြောက်သဖြင့် လက်အုပ်ချီသော် ဆောက်တည် ထားသော သရဏဂုံသည် မပျက်နိုင်ဟု မှတ်ယူရမည်။
(၃) တစ်ခုခုသော အတတ်ပညာကို သင်ပေးသော တိတ္ထိကို “ဤသူသည် ငါ၏ ဆရာတည်း”ဟူ၍ မိမိ၏ ဆရာအမှတ်ဖြင့် ရှိခိုး ခြင်းသည်လည်း သရဏဂုံမပျက်ပေ။
သရဏဂုံဆောက်တည်ခြင်း
သရဏဂုံဆောက်တည်ချင်သောသူသည်….
အောက်ပါအတိုင်းဆောက်တည်ရမည်။
အဇ္ဇတဂ္ဂေ ပါဏုပေတံ...
ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။
ဓမ္မံ သရဏံ ဂစ္ဆာမိ။
သံဃံ သရဏံ ဂစ္ဆာမိ။
ဒုတိယမ္ပိ ဗုဒ္ဓံ...,
တတိယမ္ပိ ဗုဒ္ဓံ...
စသည်ဖြင့် ဆက်ဆိုပါ။

အဇ္ဇတဂ္ဂေ- ယနေ့ကို အစပြု၍၊ ပါဏုပေတံ-အသက်ရှည်သမျှ ကာလပတ်လုံး၊ ဗုဒ္ဓံ - မြတ်စွာဘုရားကို၊ သရဏံ သရဏံဣတိ - ဆင်းရဲကို ဖျောက်တတ် ချမ်းသာကို ဆောင်ပေတတ်၏ ဟူ၍၊ ဂစ္ဆာမိ- မှီဝဲဆည်းကပ်ပါ၏။
ဓမ္မံ- မဂ်လေးပါး ဖိုလ်လေးပါး နိဗ္ဗာန် ပရိယတ်ဟု ဆိုအပ်သော ဆယ်ပါးသော တရားတော်မြတ်ကို၊ သရဏံ သရဏံဣတိ- ဆင်းရဲ ကို ပယ်ဖျောက်တတ် ချမ်းသာကို ဆောင်တတ်၏ ဟူ၍၊ ဂစ္ဆာမိ- မှီဝဲဆည်းကပ်ပါ၏။
သံဃံ- သမုတိ အရိယာ သံဃာတော်အပေါင်းကို၊ သရဏံ သရဏံဣတိ - ဆင်းရဲကို ပယ်ဖျောက်တတ် ချမ်းသာကို ဆောင် တတ်၏ ဟူ၍၊ ဂစ္ဆာမိ- မှီဝဲ ဆည်းကပ်ပါ၏။
သရဏဂုံတည်ခြင်း၏အကျိုး
သရဏဂုံသုံးပါးကို အမြဲမပြတ် ရွတ်ဆိုပွားများသဖြင့် ကောင်းကျိုး များ အဆင့်ဆင့် ရရှိသွားသော တိသရဏဂမနိယမထေရ် အ- ကြောင်းကို သာဓကအဖြစ် ထုတ်ပြပါမည်။
တိသရဏဂမနိယမထေရ် လောင်းလျာအမျိုးကောင်းသား တစ် ယောက်သည် ရှေးရှေးဘုရားရှင်တို့ ထံတော်၌ (ဣဒံမေ ပုညံ နိဗ္ဗာနဿ ပစ္စယော ဟောတု) မဂ်ဖိုလ်နိဗ္ဗာန် ရလိုပါကြောင်း ဆု တောင်းခဲ့သည်။ ထိုထိုဘဝ၌ ဝဋ်ကင်းရာ နိဗ္ဗာန်ကို ရခြင်းရောက် ခြင်း၏ အထောက်အပံ့ ဖြစ်ကုန်သော ဒါနကောင်းမှု သီလကောင်း မှု ဘာဝနာကောင်းမှုတို့ကို ဆည်းပူးပြုလုပ်ကာ အားထုတ်ခဲ့သည်။
ထိုသို့အားထုတ်ခဲ့သောကြောင့် ဝိပဿီမြတ်စွာဘုရားရှင် လက် ထက်တော်အခါ၌ ဗန္ဓုမတီမြို့တော်ရှိ အမျိုးကောင်းသား အိမ်၌ ကံ အားလျော်စွာ မွေးဖွားခဲ့သည်။ သို့သော် သူ၏မိဘနှစ်ပါးစလုံးသည် မျက်စိနှစ်ကွင်း အလင်း မရရှိကြပါ။ တစ်နေ့တွင် ဝိပဿီမြတ်စွာ ဘုရားရှင် ဟောကြားသော တရားတော်ကို နာကြားရသည့်အခါ ရ ဟန်းပြုချင်စိတ်များ ဖြစ်ပေါ်လာခဲ့သည်။ သိုသော် မိဘနှစ်ပါးစလုံး သည် မျက်မမြင်များ ဖြစ်သောကြောင့် ရဟန်းပြုခွင့် မရရှိခဲ့ပါ။ မျက် မမြင် မိဘနှစ်ပါးကို ထားခဲ့၍ ရဟန်းပြုခဲ့ပါက သင့်တော်မည် မ ဟုတ်ပေ။
ထို့ကြောင့် မိဘများကို လုပ်ကျွေးရင်း မည်ကဲ့သို့သော တရားကို ကျင့်ကြံရရင်လျှင် ကောင်းမည်နည်းဟု ရှာဖွေကြည့်သောအခါ သ-ရဏဂုံသုံးပါးကို အမြဲမပြတ် ရွက်ဆိုနေပါက အကျိုးတရား အား- ကြီးကြောင်း သိရှိခဲ့၏။ ထိုအခါ ရဟန်းတော် တစ်ပါးထံ၌ သရဏဂုံ သုံးပါးကို ခံယူဆောက်တည်ကာ သတိရသည့်အခါတိုင်း ရွတ်ဆို ပွားများနေခဲ့သည်။အလုပ်လုပ်ရင်လည်းရွတ်ဆိုပွားများနေခဲ့သည်။ အိပ်ပျော်သွားသည်အထိ ရွတ်ဆိုပွားများနေခဲ့သည်။ မိဘနှစ်ပါးကို လည်း အသက်ထက်ဆုံး ပြုစုလုပ်ကျွေးခဲ့သည်။
မိဘနှစ်ပါး ကွယ်လွန်ပြီးသည့်နောက် သူလည်း ထိုဘဝမှ ကွယ် လွန် အနိစ္စ ရောက်ခဲ့သည်။ သရဏဂုံသုံးပါးကို ရွတ်ဆိုခဲ့သည့် အစွမ်းသတ္တိ နှင့် မိဘနှစ်ပါးကို ပြုစုလုပ်ကျွေးခဲ့သည့် အစွမ်းသတ္တိ တို့ကြောင့် ဘဝသံသရာ ကျင်လည်စဉ် သိကြားမင်းအဖြစ်က ကြိမ် (၈ဝ)၊ စကြာဝတေးမင်းအဖြစ်က (၅၇)ကြိမ် ဖြစ်ခဲ့ပါသည်။ သရဏ ဂုံ၏အကျိုးသည် ဤမျှလောက် ကြီးမားပါပေသည်။
နောက်ဆုံးဘဝ ဂေါတမဘုရားရှင်လက်ထက် သာဝတ္ထိပြည်ရှိ သူဋ္ဌေးတစ်ဦး၏သားအဖြစ် ပဋိသန္ဓေနေ၍ မွေးဖွားခဲ့ပါသည်။ ခုနှစ် နှစ်သား အရွယ်တွင် ကလေးတို့သဘာဝအတိုင်း သူငယ်ချင်းများ နှင့် ဆော့ကစာရင်း ဘုန်းကြီးကျောင်း တစ်ကျောင်း အတွင်းသို့ ရောက်သွားခဲ့ကြသည်။ ထိုကျောင်း၌ သီတင်းသုံးနေထိုင်သော ရ-ဟန်းတော်မှာ ရဟန္တာဖြစ်ပါသည်။ ရဟန်းတော်မှ ကလေးများအား ခေါ်ပြီး သရဏဂုံကို သင်ပေးသည့်အခါ တိသရဏဂမနိယမထေရ် လောင်းလျာ အမျိုးကောင်းသားလေးမှာ တစ်ကြိမ်တည်းနှင့် အားလုံးကို အလွတ်ရခဲ့သည်။

ထို့နောက် သူ၏စိတ်ထဲတွင် ဤသရဏဂုံတရားကို သူပွားများခဲ့ ဘူးသည်ဟု အတိတ်ကို သိသောဉာဏ် (ဇာတိဿရဉာဏ်) ပေါ် လာခဲ့သည်။ သူ၏ စိတ်ထဲတွင်လည်း ဝမ်းသာမှု ပီတိသောမနဿ များ ဖြစ်ပေါ်လာခဲ့သည်။ ထိုပီတိသောမနဿတို့ကို ဉာဏ်နှင့် ဆင် ခြင်၍ ရှုကြည့်သည့်အခါ ဖြစ်ပြီးလျှင် ပျက်ပျက်သွားသော အနိစ္စ သဘောတရားများဖြစ်ပေါ်လာခဲ့သည်။ ဖြစ်ခြင်း၊ ပျက်ခြင်းသဘော အမြဲမပြတ် နှိပ်စက်သောကြောင့် ဆင်းရဲခြင်း ဒုက္ခသဘော တရား များလည်း ဖြစ်ပေါ်လာခဲ့သည်။ ထိုသဘောတရားများကို အဖန်ဖန် ဆန်းစစ်ကြည့်သောအခါ အနှစ်သာရဟူ၍ ဘာမျှတစ်ခုမျှ ရှာဖွေ၍ မရသော အနတ္တသဘောများလည်း ပေါ်လာခဲ့သည်။ ဤကဲ့သို့ ဝိပဿနာဉာဏ်များ တဆင့်ထက်တဆင့် မြင့်တက်လာကာ ထိုဝိပဿနာဉာဏ်၏ အဆုံးတွင် အာသဝေါကင်းကွာ ရဟန္တာအဖြစ်သို့ ရောက် ရှိခဲ့သည်။ အရဟတ္တမဂ်ဉာဏ်နှင့်အတူ မည်သည့်အခါမျှ ပျက်စီးခြင်း မရှိနိုင်သည့် လောကုတ္တရာ သရဏဂုံကို ခိုင်မြဲစွာ ရရှိ သွားခဲ့သည်။

တိသရဏဂမနိယမထေရ်မြတ်က ဝမ်းသာလွန်း၍ သူ၏အကြောင်း ကို ပြောပြချင်သောကြောင့် ရဟန်းတော်များကို စုဝေးဖိတ်ကြား ကာ သူ၏ ဘဝဖြစ်စဉ်ကို ဤသို့ လျှောက်ထားခဲ့သည်။"စည်းလုံးညီညာ ရောက်လာကြကုန်သော သံဃာတော် အရှင်သူ မြတ်တို့ဘုရား။ အရှင်မြတ်တို့၌ ကြားနိုင်သော သောတဝိညာဏ်ဟု ခေါ်ဆိုအပ်သည့် နာမ်တရားသည် ရှိပါပေ၏။ယခုလျှောက်ထားမည့် ဘုရားတပည့်တော်၏ ကိုယ်တိုင်ကြုံတွေ့ ခဲ့ရသော အကြောင်း အရာကို အာရုံစိုက်၍ နာယူတော်မူကြပါဘု ရား။”ဟုဆိုကာ သူ၏ ဘဝဖြစ်စဉ်ကို ဟောကြားခဲ့သည်။
ထိုနောက် ဆက်လက်၍ ”စည်းလုံးညီညာ ရောက်လာကြကုန် သော သံဃာတော် အရှင်မြတ်တို့ ဘုရား လောကတစ်ခွင်၌ မြတ် စွာဘုရားသည် ဥဒေတောက်ကျွန်း နေစက်ဝန်းကဲ့သို့ ပေါ်ပေါက်၍ နေပါ၏။ မြတ်စွာဘုရားသခင်၏ အဆုံးအမတရားတော်တို့သည် လည်း လောက၌ အထင်အရှား ဖြစ် ပေါ်၍ နေပါပေ၏။စိုးရိမ်သောက ဘေးဒုက္ခတည်းဟူသော ညှောင့်တံသင်းတို့ကို ပယ်ပျောက်ဖျက်ဆီးတတ်သော၊ သေခြင်းကင်းရာဖြစ်သော တရား ဓမ္မတည်းဟူသော စည်တော် ကြီးကိုလည်း တီးခတ်၍ နေကြပါပေ ကုန်၏။
ကုသိုလ်ကောင်းမူပြုရာ လယ်ယာမြေကောင်းသဖွယ် ဖြစ်ပါပေ ထသော အတုမရှိ အမြတ်ဆုံး အသာဆုံးဖြစ်တော်မူသော သာသ နာတော်မြတ်ကြီး၌ စွမ်းနိုင်ကြသည့်အားလျော်စွာကောင်းစွာပြုအပ် သော ကောင်းမှုကုသိုလ်များကို ပြုကြကုန်လော၊့ ပါရမီ ပြည့်စုံလုံ လောက်သည့်အခါ နိဗ္ဗာန်ချမ်းသာကို တွေ့မြင်ခံစားကြရပေလိမ့်မည်”ဟု လျှောက်ထားခဲ့သည်။
ထို့နောက် သရဏဂုံ၏အကျိုးတရားများကို ဆက်လက်၍ ဟော ကြားခဲ့သည်။
သရဏဂုံသုံးပါးကို အမြဲမပျက်ရွတ်ဆိုပွားများသော ပုဂ္ဂိုလ်သည် အောက်ပါ အကျိုးတရားများကို ရရှိနိုင်ပါသည်။
၁. ဒိသာသု ပူဇိတော ဟောမိ = သွားလေရာ အရပ်တိုင်း၌ လေးစားမြတ်နိုးခြင်းခံရမည်။
၂. တိက္ခပညော ဘဝါမဟံ= ဉာဏ်အလွန်ထက်မြက်မည်။
၃. သဗ္ဗေ ဒေဝါနုဝတ္တန္တိ= နတ်တို့၏ စောင့်ရှောက်ခြင်းခံရမည်။
၎. အမိတဘောဂံ လဘာမဟံ= စီးပွားရေး အဆင်ပြေမည်။
၅. သုဝဏ္ဏဝဏ္ဏော သဗ္ဗတ္ထ= ဖြစ်လေရာဘဝတိုင်း၌ ရုပ်အဆင်းအလွန်လှပမည်။
၆. ပဋိကန္တော ဘဝါမဟံ= ဖြစ်လေရာ ဘဝတိုင်း၌ လူချစ်လူခင် အလွန်ပေါမည်။
၇. မိတ္တာနံ အစလော ဟောမိ= ဖြစ်လေရာ ဝတိုင်း၌ မိတ်ကောင်းဆွေကောင်း ခိုင်မြဲမည်။
၈. ယသော အဗ္ဘုဂ္ဂတော မမံ= ဖြစ်လေရာ ဘဝတိုင်း၌ လူအများ၏ လေးစားခြင်းခံရမည်။ကောင်းသောစကားများကိုသာ ပြောကြမည်။ ကောင်းသတင်းများသာ ကျောဇောလိမ့်မည်ဟု တိသရဏမထေရ် ရဟန္တာအရှင်မြတ်က ဟောကြားခဲ့ပါသည်။

ဒီဃနိကာယ် (နှာ-၃၃၂) သံယုတ္တနိကာယ် (နှာ-၃၄၁) တို့၌ လာသော သရဏဂုံ၏ အကျိုးတရားများမှာ-
၁။ ယခုပစ္စုပ္ပန်ဘဝ၌ ကျရောက်ဆဲ ကျရောက်လတ္တံ့သော ဘေးရန် အန္တရယ်များရှိခြင်း၊ ကြောက်ရွံခြင်း၊ ထိတ်လန့်ခြင်း၊ ကိုယ်ဆင်းရဲ ခြင်း၊ စိတ်ဆင်းရဲခြင်း၊ အပါယ်လေးပါးသို့ လားရောက်ရခြင်းစသည် တို့ကို တားမြစ်ဖျက်ဆီးပေးတတ်၏။
၂။ နောင်ဘဝ နတ်ပြည်သို့ ရောက်သည့်အခါတွင်လည်း သရဏဂုံ တည်သောနတ်သည် သရဏဂုံ မတည်သော နတ်ထက် အသက် ရှည်ခြင်း၊ အဆင်းလှခြင်း၊ အခြွေအရံပေါများခြင်း၊ အပူဇော်ခံရခြင်း၊ ထက်မြက်သော ဉာဏ်ပညာရှိခြင်း၊ မနှိုင်းယှဉ်နိုင်သော စည်းစိမ်း ချမ်းသာကို ရရှိခြင်း၊ ရွှေအဆင်းနှင့်တူသော အဆင်းရှိခြင်း၊ ချစ်ခင် နှစ်သက်မှုကို ရရှိခြင်း၊ ကျော်စောထင်ရှားခြင်း၊ အစိုးရခြင်း၊ နတ် တို့၏ အာရုံငါးပါးတွင် သာလွန်ခြင်း၊ မိမိ၏အလိုကို အခြားသော နတ်များက လိုက်လျောကြရခြင်း၊ မိမိ၏ အဆွေခင်ပွန်းများကို မည် သူကမျှပျက်စီးအောင် မပြုလုပ်နိုင်ခြင်းစသည့် အကျိုးတရားတို့ဖြင့် ပြည့်စုံ နိုင်ပါသည်။

ထို့ကြောင့် အလွန်အလုပ်များ၍ တရားအားထုတ်ရန်အတွက် အချိန်မရသော သူများသည် သရဏဂုံသုံးပါးကို အမြဲမပြတ် ရွတ် ဆိုပွားများသင့်ပါသည်။ ထိုသို့ ရွတ်ဆိုပွားများရခြင်း အကျိုးကြောင့် တနေ့နေ့ တချိန်ချိန်တွင် နိဗ္ဗာန်ကို မျက်မှောက်ပြုကြရပါမည်။ သံ သရာ၌ ကျင်လည်ရလျှင်လည်း ဖေါ်ပြခဲ့သော အကျိုးတရားများကို ရရှိပါလိမ့်မည်။ ထို့ကြောင့် သရဏဂုံ သုံးပါးကို သတိရတိုင်း အမှတ် ရတိုင်း စိတ်ထဲမှာ ရွတ်ဆိုပွားများကြပါဟု တိုက်တွန်းရင်း လင်္ကာ ဆောင်ပုဒ်လေးဖြင့် နိဂုံးချုပ်အပ်ပါ သည်။
ရုပ်ရည် ချောမော၊ စီးပွားဆင်ပြေ။
ချစ်ခင်သူပေါ၊ မိတ်ကောင်းခိုင်စေ။
လေးစားခံရ၊ သွားတိုင်းဆင်ပြေ။
ဉာဏ်လည်းကောင်း၊ နတ်ကောင်းခိုင်မာစေ။
သရဏဂုံတရား၊ ပွားများနိုင်ကြစေ။
အရှင်ဥက္ကံသ(ဖားအောက်တောရ)

ဗုဒ္ဓဘာသာကို “ကမ္ဘာ့ အကောင်းဆုံး” ဘာသာတရားတရားအဖြစ် ဆုရွေးချယ်ချီးမြှင့်

>>>>> ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့အခြေစိုက် အပြည်ပြည်ဆိုင်ရာ ဘာသာရေးနှင့်
အသိဥာဏ်မြင့်မားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့က ဗုဒ္ဓဘာသာကို
“ကမ္ဘာ့အမွန်မြတ်ဆုံး၊ အကောင်းဆုံး” ဘာသာတရားအဖြစ် ဆုချီးမြှင့်ခဲ့ပါတယ်။

>>>>> အဆိုပါ အထူးတစ်လည်ချီးမြှင့်ခဲ့တဲ့ဆုကို ကမ္ဘာ့ဘာသာပေါင်းစုံမှ ကိုယ်စားလှယ်၂၀၀ ကျော်က ရွေးချယ်ချီးမြှင့်ခဲ့ခြင်းဖြစ်ပြီး ပို၍၀မ်းမြောက်အံ့သြဖွယ်ကောင်းသည်မှာ ပါဝင်ရွေးချယ်သည့် ဘာသာရေး ခေါင်းဆောင် အများစုက အဆိုပါအဖွဲ့အစည်းတွင်အဖွဲ့ခွဲဝင် အနည်းဆုံးဖြစ်သော ဗုဒ္ဓဘာသာကို မိမိတို့ ဘာသာထက်ကျော်လွန်ပြီး ဆန္ဒမဲပေးခဲ့ကြခြင်းဖြစ်သည်။

>>>>> ပါဝင်ဆန္ဒမဲပေးခဲ့သူလေးဦးက ပြောဆိုခဲ့ရာတွင်…

>>>>> အဆိုပါအဖွဲ့ကြီး၏သုတေသနညွန်ကြားရေးမှူး Jonna Hult က ” ဒီကမ္ဘာ့အမွန်မြတ်ဆုံး၊ အကောင်းဆုံး ဘာသာတရားဆုကို ဗုဒ္ဓဘာသာက ရရှိတာအံ့သြစရာမရှိပါဘူး။ ဘာဖြစ်လို့လည်း ဆိုတော့
ကမ္ဘာပေါ်မှာ ဗုဒ္ဓဘာသာကြောင့် ဖြစ်ပွားပေါ်ပေါက်ခဲ့တဲ့ စစ်ပွဲဆိုတာမရှိခဲ့ပါဘူး။
တစ်ခြားဘာသာများနဲ့ မတူတာကအဲဒါပါပဲ။ တစ်ခြားဘာသာတွေက အကယ်၍ဘုရားသခင်သာ
မှားယွင်းခဲ့ယင်ဆိုတဲ့ အတွေးနဲ့ လက်နက်တွေကို အရံသင့် ထားကြပါတယ်။
ဗုဒ္ဓဘာသာဝင်တစ်ယောက်ဟာ(ဘာသာရေးအတွက်နဲ့) စစ်တိုက်တာကို တွေ့ရဖို့
အတော်ခဲယဉ်းပါတယ်။ တစ်ခြားဘာသာဝင်တွေရဲ့ အစဉ်အလာအလေ့အထနဲ့ ဆန့်ကျင်စွာပဲ
ဗုဒ္ဓဘာသာဟာ ကိုယ်ကိုယ်တိုင်ကျင့်ကြံတဲ့ တရားကိုသာ သူများကို
ဟောကြားခဲ့တာပါပဲ” လို့ဆိုခဲ့ပါတယ်။

>>>>> Belfast မြို့မှ ကက်သလစ်ဘုန်းတော်ကြီး Ted O’Shaunghnessy ကတော့ ကက်သလစ်သာသနာကို မြတ်နိုးကိုကွယ်ပေမယ့် လူသားတွေကိုမေတ္တာဂရုဏာထားရန် ဟောကြားပြီး
လူသားတွေကိုပဲ သတ်ဖြတ်ကာ ဘုရားသခင်ရဲ့ အလိုဆန္ဒ နားလည်ပါတယ်လို့ ပြောကြတာက
စိတ်အနှောက်အယှက်အဖြစ်ရဆုံးပါပဲ။ ဒါကြောင့် မွန်မြတ်တဲ့ ဗုဒ္ဓဘာသာကို မဲပေးခဲ့တာပါလို့ အမိန့်ရှိခဲ့ပါတယ်။

>>>>> ပါကစ္စတန်က မွတ်ဆလင်ဘာသာရေးခေါင်းဆောင် Tal Bin Wassad ကလည်းဒီအဆိုကိုသဘောတူထောက်ခံခဲ့ပါတယ်။
အဆိုပါအဖွဲ့ကြီးရဲ့ပါကစ္စတန်နိုင်ငံမွတ်စလင်အစည်းအရုံးဆိုင်ရာ မဲပေးရေး အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ သူက “ကျွန်တော်ဟာ အစ္စလာမ်ဘာသာကို နှစ်နှစ်ကာကာ ယုံကြည်သူတစ်ယောက်ပါ။ သို့သော်လည်း
ပုဂ္ဂိုလ်ရေးဆိုင်ရာ ခံစားချက်ထက် ဘာသာရေးကို အကြောင်းပြပြီး အမျက်ဒေါသတွေထွက်ကြ၊ သွေးမြေကျကြရတာတွေကို တွေ့မြင်ခံစားရပါတယ်။
ဗုဒ္ဓဘာသာဝင်တွေကတော့ အဲဒါကို သိမြင်နားလည်သဘောပေါက်ခဲ့ကြပါတယ်။
ပြောရယင်ကျွန်တော့်ရဲ့ အရင်းနှီးဆုံးမိတ်ဆွေတစ်ချို့ဟာ ဗုဒ္ဓဘာသာဝင်တွေပါ ”လို့ပြောခဲ့ပါတယ်။

>>>>> အစ္စရေးနိုင်ငံ ဂျေရုဆလင်မြို့က ဂျူးဘုန်းတော်ကြီး Shmuel Wasserstein ကတော့
“ကျွန်တော်လဲ ကျွန်တော့်ဘာသာဖြစ်တဲ့ ဂျူဒါအစ်ဇင် ကိုနှစ်သက်မြတ်နိုးပါတယ်။
ကိုယ့်ဘာသာမို့ကိုယ် ဒါဟာကမ္ဘာ ပေါ်မှာ အကြီးမြတ်ဆုံး ဘာသာတရားလို့ လည်းထင်ပါတယ်။ ဒါပေမယ့် ရိုးရိုးသားသားဝန်ခံရယင် ကျွန်တော်ဟာ နေ့စဉ်ဂျူးဘာသာအရ ၀တ်မပြုခင် ၀ိပဿနာတရားကိုကျင့်ကြံ အားထုတ်နေတာ ၁၉၉၃ ခုနှစ်ကတည်းကပါ။ ဒါကြောင့် အခုလို မဲပေးလိုက်ပါတယ်” လို့ ပြောလိုက်ပါတယ်။

>>>>> သို့သော် စိတ်မကောင်းစရာ အချက်တစ်ခုက အဆိုပါအဖွဲ့ကြီးအနေဖြင့် ထိုဆုကိုလက်ခံမည့်သူတစ်ယောက်ကိုမျှ မတွေ့ခဲ့ရပေ။ သူတို့ ဆက်သွယ်ပြောဆိုသမျှ ဗုဒ္ဓဘာသာဝင်အားလုံး က ထိုဆုကိုလက်ခံဖို့ ငြင်းပယ်ခဲ့ကြခြင်းဖြစ်သည်။
>>>>> အဘယ်ကြောင့် ထိုဆုကိုလက်ခံရန် ငြင်းဆန်ရကြောင်း မေးမြန်ခဲ့ရာ
မြန်မာဗုဒ္ဓဘာသာအသင်း ဘုန်းတော်ကြီး ဂုရတ္တက “ယခုလိုမိမိတို့ဘာသာကို အသိအမှတ်ပြု
ချီးမြှင့်သည့် အတွက် ၀မ်းမြောက် ကျေးဇူးတင်ကြောင်း၊ သို့သော် ဒီဆုကို အမြတ်ဆုံး လွတ်မြောက်မှုနိက္ခမဓါတ်၊ နိဗ္ဗာနဓါတ် ကြိုးစားအားထုတ်ကာ ရရှိနိုင်သည့် လူသား အားလုံးကို မိမိတို့ မျှဝေပေးအပ်ပါကြောင်း…” မိန့်ကြားခဲ့ပါတယ်။

စေတီများ၏ မုဒ်ဝမှာ ရှိတခြသေ့င်္ရုပ်ကြီးများ

ကုသိုလ်တရားများပြုရာတွင် လျင်မြန်စွာပြုခြင်း၏ သင်္ကေတဖြစ်ပါတယ်..
စကြာ ဘုရားရှင် ဓမ္မစကြာဟောစဉ်က မဂ္ဂင်ရှစ်ပါး၏ သင်္ကေတဖြစ်ပါတယ်..
ဗောဓိပင် သမ္မာသမ္ဗုဒ္ဓဘုရားရှင် အဖြစ်သို့ ရောက်ခဲ့သည့် နေရာ၏ သင်္ကေတဖြစ်ပါတယ်
ထူပါ ဘုရားရှင် ပရိနိဗ္ဗာန်စံဝင်ကာ မီးသင်္ဂြိုလ်ပူဇော်ခြင်း၏ သင်္ကေတဖြစ်ပါတယ်။..
ခြသေ့င်္ သစ္စာလေးပါးကို ရဲဝံ့စွာသိခြင်း၏ သင်္ကေတဖြစ်ပါတယ်။..
(တနည်း)ဘုရားရှင်တို့မည်သည် အကျိုးကို မကျင့်ပါ..အကြောင်းကိုသာ ကျင့်ပါတယ်။..
အဲလို သူ့အဓိပ္ပါယ်နဲ့ သူ ရှိပြီးသားပါ။
ခြသေ့င်္ဟာ သူ့ကိုမြှားနဲ့ ပစ်ရင် မြှားနောက်သို့ မလိုက်ဘဲ ပစ်တဲ့သူကိုပဲ လိုက်ပါတယ်..ခွေးဆိုလျှင် ခဲနဲ့ပစ်ပါက ခဲနောက်ကိုလိုက်ပါတယ်..ခြသေ့င်္နဲ့ မတူပါ..ဒါကြောင့် ခြသေ့င်္ဟာ အကြောင်းကို လိုက်တယ်လို့ ပမာပြုပါတယ်..
ဒီလိုပဲ ဗုဒ္ဓတရားတွင် ပဋိစ္စသမုပ္ပါဒ် တရားသည် အကျိုးတရားဖြစ်တဲ့ ဒုက္ခသစ္စာတွေ ဖြစ်မလာအောင် ချုပ်ငြိမ်းအောင် ပစ္စုပ္ပန် မှာရှိတဲ့ အကြောင်းတရားတွေ ဖြစ်တဲ့ တဏှာ ၊ ဥပါဒါန် ၊ ကမ္မဘ၀ တို့ မဖြစ်အောင် အပြီးသတ်ပါတယ်..အကြောင်းတရားများ မရှိပါက အကျိုးတရား ခန္ဓာ (ဒုက္ခသစ္စာ) သည် ထပ်ဖြစ်မလာတော့ပါ။ အကျိုးတရားတို့သည် ပုံမှန်အတိုင်း ဖြစ်နေတာပါပဲ သူတို့ ကို တိုက်ရိုက်ချည်း မဖြစ်အောင် လုပ်ရိုးမရှိပါ..လုပ်လို့လည်းမရပါ..ခန္ဓာဟူသော ဒုက္ခသစ္စာ အကျိုးရှိနေ၍ ဝေဒနာ ဆိုသည်မှာ ထိုအကျိုးတရားနှင့် တခါတည်း ပါလာ၍ ခံစားရမှာပါပဲ..ထိုဝေဒနာ အကျိုးတွေကို တိုက်ရိုက်ချည်း ဖယ်နေ၍လည်း အပြီး ပျောက်သွားမည် မဟုတ်ပါ..မည်သည့်ပုဂ္ဂိုလ်မဆို ဝေဒနာ၊ ဇာရာ၊ မရဏ ဟူသော အကျိုးတို့ မလွဲမသွေ ခံစားရမှာပါပဲ..ထိုအကျိုးတရားများသည် အကြောင်း ရှိနေသမျှ ဖြစ်နေဦးမှာပါပဲ..ထို့ကြောင့် ဆိုင်ရာ အကြောင်းတရားများကို ဖယ်ခွာမှသာလျှင် ထိုအကျိုးတရားများ ထပ်ဖြစ်မလာတော့ပါ။ ဒါကြောင့် ဘုရားရှင်တို့မည်သည် အကြောင်းကိုသာ ကျင့်ပါတယ် အကျိုးကို မကျင့်ဘူးလို့ ဆိုလိုပါတယ်..ဒီသဘောကိုပဲ ခြသေ့င်္ နဲ့ ပမာပြုထားတာပါ။ ဒီသဘောတွေနဲ့ ပက်သက်ပြီးသာ စေတီပုထိုးများရှေ့မှာ ခြသေ့င်္ရုပ်ကြီးများ ထားတာပါ..
အဓိပ္ပါယ်မရှိသော ဇာတ်လမ်းများနဲ့ ဘယ်လိုမှ မပက်သက်ပါဘူး။ ခြေလေးချောင်း သတ္တ၀ါနဲ့ ခြေနှစ်ချောင်း သတ္တ၀ါ ပေါင်းသင်းလို့ ကလေးမရနိုင်ပါဘူး…အဲလို မမှန်တဲ့ဇာတ်လမ်းကြောင့် ဗုဒ္ဓဘာသာ ဂုဏ်အရည်အချင်းများကို အထင်မှားစရာများ ဖြစ်ပါလိမ့်မယ်..ဘာမှမသိတဲ့ နိုင်ငံခြားသားတွေလည်း အထင်မှားစရာဖြစ်ပါလိမ့်မယ်..
အကြောင်းအရင်းမှန် အဓိပ္ပါယ်များကို ဖြန့်ဝေစေချင်ပါတယ်..
ဆရာတော်ရဲ့ တရားကို သူရဲ့ (Dhamaceti.org) web site ကနေ ဒေါင်းလုပ်ချပြီးနာနိုင်ပါတယ်.

သတ္တဋ္ဌာန ဗုဒ္ဓ၀င်

သတ္တဋ္ဌာန ဗုဒ္ဓ၀င်
ဘုရားအလောင်းတော်မြတ်သည် မဟာသက္ကရာဇ် (၁၀၃) ကဆုန်လပြည့်နေ့ ၌ သဗ္ဗညုတဥာဏ်တော်ကိုရ၍ သုံးလောကထွတ်ထား ဗုဒ္ဓအဖြစ်သို့ ရောက်တော်မူခဲ့၏။ တနည်းအားဖြင့် BC 588 တွင် ဗုဒ္ဓအဖြစ်သို့ ရောက်တော်မူခဲ့၏။ ရောက်ဆဲ သာသနာနှစ် (၂၅၅၄) တွင် မြတ်ဗုဒ္ဓ ရှိနေခဲ့သော (၄၅)၀ါကို ပေါင်းထည့်လိုက်ပါက..(၂၅၉၉)နှစ်ရပါမည်…ထို့ကြောင့်.လွန်ခဲ့သော နှစ်ပေါင်း (၂၅၉၉) တွင်.. သမ္မာသမ္ဗုဒ္ဓ အဖြစ်ရောက်တော်မူခဲ့၏။ ဘုရားဖြစ်ပြီးတဲ့နောက် မြတ်ဗုဒ္ဓသည်..မဟာဗောဓိပင် အနီးအနား (၇)ဋ္ဌာန တို့တွင်..(၇)ရက်စီ သီတင်းသုံးတော်မူခဲ့ပါ၏။

1. ပလ္လင်္ကသတ္တာဟ (ဗောဓိသတ္တာဟ)
မဟာဗောဓိ မဏ္ဍိုင်၊ အပရာဇိတပလ္လင် ထက် မြတ်ဗုဒ္ဓသည် ကဆုန်လပြည့်ကျော် (၁) ရက်နေ့ မှ (၇)ရက်နေ့ထိ သီတင်းသုံးတော်မူခဲ့၏။ ထိုကဲ့သို့ သီတင်းသုံးတော်မူစဉ် ဘုရားရှင်သည် တင်ပျဉ်ခွေ မပျက်ဘဲ (၇)ရက် လုံးလုံး ဖလသမာပတ်ချမ်းသာဖြင့် နေတော်မူ၏။ ဖလသမာပတ်ချမ်းသာဖြင့် စံတော်မူစဉ် အကြားအကြားကာလတွေမှာတော့…ပဋိစ္စသမုပ္ပါဒ် ကို အနုလုံ၊ ပဋိလုံ ဆင်ခြင်သုံးသပ်တော်မူ၏။
အနုလုံ - သံသရာစက် မပြတ် လည်ခြင်း သဘောဖြင့် ဆင်ခြင်သုံးသပ်ခြင်း
ပဋိလုံ - သံသရာစက် ပြတ်ခြင်း သဘောဖြင့် ဆင်ခြင်သုံးသပ်ခြင်း
ပဋိစ္စသမုပ္ပါဒ် ကို အသေးစိတ် ရွှေဥာဏ်တော်နှင့် ဆင်ခြင်သုံးသပ်တဲ့အခါ ဘုရားရှင်၏ စိတ်တော်ထဲမှာ နှစ်လိုအားရ ၀မ်းမြောက်တော်မူခဲ့ပါသည်။ ဆီခွက်/ဆီအိုးထဲမှာ ဆီတွေထည့်လိုက်လျှင် တဖြေးဖြေး ဆီတွေဟာ လျှံတက်ပြည့်တက်လာသလို ပါပဲ။ မြတ်ဗုဒ္ဓရဲ့…ပီတိသောမနဿ အဟုန်တွေကလည်း ကိုယ်တော်မြတ် ၀မ်းတော်တွင်းထဲမှာ မဆံ့တော့ဘဲ အစဉ်သဖြင့် ခံတွင်းတော်ရောက်ပြီး ရွှေနုတ်တော်မှတဆင့် ဥဒါန်းဆိုတဲ့စကားတော်တွေဟာ ထွက်တော်မူခဲ့၏။ မဟာဗောဓိ မဏ္ဍိုင် မှာပဲ တင်ပျဉ်ခွေ မပျက် (၇)ရက် သီတင်းသုံးတော်မူခဲ့တဲ့ ထိုဋ္ဌာနကိုပဲ ပလ္လင်္ကသတ္တာဟ ဟုခေါ်ပါ၏။ ဗောဓိသတ္တာဟ ဟုလည်း ခေါ်၏။
2. အနိမိသသတ္တာဟ
ပလ္လင်္ကသတ္တာဟ ပြီးတဲ့နောက် မြတ်ဗုဒ္ဓသည်..မဟာဗောဓိပင် ရဲ့ အရှေ့မြောက် ထောင့် ယွန်းယွန်း ကုန်းမြင့်ကလေး တခု ပေါ်မှာ ရပ်တော်မူပြီး..ဗောဓိ မဏ္ဍိုင် ကို ကြည့်တော်မူ၏။ မြတ်ဗုဒ္ဓသည်.. မလှုပ်မရှား ဘဲ (၇)ရက်လုံးလုံး ထိုကုန်းမြင့်လေး ပေါ်မှနေ၍…မျက်တောင်မခတ်ဘဲ မဟာဗောဓိပင်ကို ကြည့်တော်မူခဲ့သည်။ ထိုကဲ့သို့ ရပ်တော်မူလျက် သတင်းသုံးတော်မူစဉ်က. ဋ္ဌာနကို အနိမိသသတ္တာဟ ဟုခေါ်၏။
3. စင်္ကမသတ္တာဟ
အနိမိသသတ္တာဟ ပြီးတဲ့နောက် မြတ်ဗုဒ္ဓသည်..မဟာဗောဓိပင် နဲ့ အနိမိသကုန်းတော်အကြား အရှေ့/အနောက် လူးလာတွန့်ခေါက် စင်္ကြံ လျှောက်တော်မူပါ၏။ (၇)ရက်လုံးလုံး စင်္ကြံ လျှောက်တော်မူရင်း ဖလသမာပတ်ချမ်းသာနဲ့ နေတော်မူ၏။ ထိုကဲ့သို့ စင်္ကြံ လျှောက်တော်မူခဲသော ဋ္ဌာနကို စင်္ကမသတ္တာဟ ဟုခေါ်၏။
4. ရတနာဃရသတ္တာဟ
စင်္ကမသတ္တာဟလွန်ပြီးတဲ့နောက်…မဟာဗောဓိပင်ရဲ့ အနောက်မြောက်ထောင့်အရပ် ဆီမှာရှိတဲ့ နတ်တို့ ဖန်ဆင်းထားတဲ့ ရတနာဃရ အိမ်တွင်..မြတ်ဗုဒ္ဓသည်..အဘိဓမ္မာ (၇)ကျမ်းကို သုံးသပ်ဆင်ခြင်တော်မူခဲ့ပါ၏။ (၇)ရက် လုံးလုံး အဘိဓမ္မာ (၇)ကျမ်းကို ဆင်ခြင်တော်မူ၏။ ထိုသို့ ဆင်ခြင်တော်မူရင်း နောက်ဆုံးရက်၊ နောက်ဆုံးကျမ်း ပဋ္ဌာန်းကျမ်းတော်ကို ဆင်ခြင်တဲ့အခါ မြတ်ဗုဒ္ဓရဲ့ သွေးတော်များသည်..ထူးကဲစွာ ကြည်လင်သန့်ရှင်းပြီး ရူပကာယမှ ရောင်ခြည်တော် (၆) ပါး ပေါ်ထွက်တော်မူ၏။ ရောင်ခြည်တော် (၆)ပါးဟာ. အရှေ့/အနောက်/၀ဲယာ/အထက်/အောက် ပါမကျန် တဖိတ်ဖိတ် တဖွားဖွား ကွန့်မြူးထွက်ပေါ်လာတော့သည်။ ထိုသို့ အဘိဓမ္မာ (၇)ကျမ်း ဆင်ခြင်သုံးသပ်ရာ ဋ္ဌာနကို ရတနာဃရသတ္တာဟ ဟုခေါ်၏။
5. အဇပါလသတ္တာဟ
ရတနာဃရသတ္တာဟ ပြီးတဲ့နောက်..မြတ်ဗုဒ္ဓသည် မဟာဗောဓိပင်မှ အရှေ့ဘက် အရပ်၌ တည်ရှိသော အဇပါလ အရပ်သို့ ကြွတော်မူပါ၏။ အဇပါလအရပ်ဆိုသည်မှာ..ဆိတ်ကျောင်းသားများ၊ ပုဏ္ဏားအိုများ လာရောက် အနားယူအရိပ်ခိုရာ ညောင်ပင်ကြီးဖြစ်၏။ ထို အဇပါလညောင်ပင်ကြီး၌.. မြတ်ဗုဒ္ဓသည် (၇)ရက်လုံးလုံး ဖလသမာပတ်ချမ်းသာနဲ့ နေတော်မူ၏။ ထိုသို့ နေတော်မူစဉ် ဟုန်ဟုန်က အမည်ရှိတဲ့ ပုဏ္ဏားတစ်ယောက် ရောက်ရှိလာ၏။ မြတ်ဗုဒ္ဓအား ဘုရားရှင်စင်စစ် ဖြစ်မှန်းမသိပေ။ ထို့ကြာင့် အရိုအသေပြု ရှိခိုးခြင်းမရှိဘဲ “ကျန်းမာပါရဲ့လား” ဟု စကားဦးပြောဆို ပြီးနောက်…
“အရှင်ကို ကြည့်ရတာ အထူးကြည်ညိုဖွယ်ကောင်းလှပါသည် ဣနြေ္ဒ ကလည်း ကောင်းလှ၏၊ အသားအရေကလည်း ကြည်လင်၏်၊ အသိဥာဏ် ထူးပုံရ၏၊ မေးခွန်းတခုလောက်မေးပါရစေ” ဟု ဆိုပြီး သူသိချင်တဲ့ မေးခွန်းကို မေးလျှောက်ပါ၏။ သူမေးတဲ့ မေးခွန်းမှာ…
အဘယ်မျှသော တရားတွေနဲ့ ဗြဟ္မဏ ဖြစ်နိုင်ပါသလဲ…အဲတရားတွေဟာလည်း အဘယ်တရားများ ဖြစ်သလဲလို့ မေးလျောက်ခဲ့ပါ၏။
သူမေးတဲ့မေးခွန်းက လေးနက်မှုရှိ၍ အရေးလည်း ကြီးပါသည်။ မြတ်ဗုဒ္ဓသည်လည်း အားလုံးသောသတ္တ၀ါတို့ကို တရားဟောဖို့ အတွက် ကျင့်ကြံကြိုးကုတ် အားထုတ်လာခဲ့ရတာဖြစ်တဲ့အတွက် တရားဟောချင်စိတ်အပြည့်ရှိပြီးသားဖြစ်၏။ သို့ပေမယ့် ထိုပုဏ္ဏားအား တရားမဟောခဲ့ပေ။ သူ၏ မေးခွန်းက လေးနက်သလောက် သူဟာ တရားနဲ့ ဝေးတဲ့ သူဖြစ်၏။ ထိုသူကို ဟော၍လည်း သရဏဂုံလေးမျှပင် တည်မယ့်သူ မဟုတ်မှန်း မြတ်ဗုဒ္ဓသိတော်မူ၏။ ထိုပုဏ္ဏားသည် တရားနဲ့ဝေးတဲ့သူဖြစ်၏။ သို့ပါသောကြောင့် တရားမဟောခြင်းဖြစ်၏။ သို့ပေမယ့် မေးခွန်းက လေးနက်နေသောကြောင့် ဘာမျှမဟောဘဲ ဆိတ်ဆိတ် နေ၍လည်း မဖြစ်ပေ။ ထို့ကြောင့် ကိုယ်တော်မြတ်ဘာသာ ကိုယ်တော်မြတ် ဥဒါန်းစကားတော်ကျူးခဲ့၏။ မြတ်ဗုဒ္ဓ ရဲ့ ဥဒါန်းတော်သည် …ရာဂ/ဒေါသ/မောဟ/မာန/ဒိဋ္ဌိ ကိလေသာတွေ ကင်းတဲ့ ပုဂ္ဂိုလ်သည် ဗြဟ္မဏ မည်ပါ၏.. ဟု အဓိပ္ပါယ်ထွက်ပေသည်။ ထိုအချင်းအရာကို ကြည့်ခြင်းဖြင့် မြတ်ဗုဒ္ဓ၏ သတ္တ၀ါတို့အား သံသရာဝဋ်ဆင်းရဲမှ ကယ်တင်စေချင်သော မဟာကရုဏာတော်ကြီးမှာ ပေါ်လွင်ပေ၏။ တရားနှင့်ဝေးသောသူကိုပင် မြတ်ဗုဒ္ဓက ဥဒါန်းတော်မှတဆင့် ရတဲ့နည်းဖြင့် အဖြေကို ဟောပေးတော်မူခဲ့သေး၏။ လေးစား ကြည်ညိုဖွယ် ကောင်းလှပေသည်။ မြတ်ဗုဒ္ဓ၏ အများအကျိုးဆောင်ခြင်းမှာ အကွက်စေ့ သေချာလှပေ၏။
ထိုသို့…အဇပါလ ညောင်ပင်မှာ သီတင်းသုံးတော်မူခဲ့တဲ့ ဋ္ဌာနကို အဇပါလသတ္တာဟ ဟုခေါ်၏။
6. မုစလိန္ဒသတ္တာဟ
မဟာဗောဓိပင် ရဲ့ တောင်ဘက်အရပ် ကိုက် (၃၀၀) ခန့်တွင် မုစလိန္ဒရေအိုင်ကြီးရှိ၏။ ထိုရေအိုင်ကြီး၌ နဂါးများ နေ၏။ ထိုရေအိုင်ကြီး၏ ကမ်းပါး၌လည်း ကျည်းပင်ကြီးတစ်ပင် တည်ရှိသည်။ မြတ်ဗုဒ္ဓသည်.. အဇပါလသတ္တာဟတွင် သီတင်းသုံးပြီးနောက် ထိုကျည်းပင်ကြီး ရှိရာအရပ်သို့ ကြွတော်မူ၏။ ကျည်းပင်ကြီးအရိပ်တွင် (၇)ရက်လုံးလုံးဆက်လက် သီတင်းသုံးတော်မူ၏။ ထိုသို့ နေစဉ်တွင်.. ရုတ်တရက် မိုးသက်လေပြင်း ကျရောက်လာပေသည်။ ထိုကဲ့သို့သော မိုးမျိုးမှာ လောက၌ ဘုရားရှင်တစ်ဆူပွင့်ပေါ်တိုင်း ရွာသွန်းမြဲဖြစ်၏။ ထိုအချိန်တွင် ရေအိုင်ထဲမှ..မုစလိန္ဒနဂါးမင်းသည် ကမ်းပါးသို့ တက်လာပြီး..မြတ်ဗုဒ္ဓအား လေဒါဏ် မိုးဒါဏ် ကာကွယ်ပေးပြီး ပူဇော်၏။ မုစလိန္ဒ နဂါးမင်းဟာ..ရတနာဘုံဗိမ္မာန် ဖန်ဆင်းပြီး ပူဇော်နိုင်သောစွမ်းအားရှိပေသည်။ သို့ပေမယ့်…ကိုယ်တိုင်ပြုတဲ့ ဝေယျာဝိစ္စ ကုသိုလ် ပြုချင်တာကြောင့်..ထိုင်တော်မူနေသော မြတ်ဗုဒ္ဓကို (၇) ပတ် ရစ်ပတ်ပြီး ကာကွယ် ပူဇော်ပေးခဲ့၏။ အခန်းတခု ထဲတွင် ထည့်ထားတဲ့အလား မြတ်ဗုဒ္ဓအား လုံခြုံစွာ ရစ်ပတ်ပူဇော်ခဲ့၏။ ထို့နောက်မှာ..မြတ်ဗုဒ္ဓရဲ့ ဦးခေါင်းတော်ကို မိုးစက်မိုးပေါက်များ မကျရောက်အောင် အပေါ်မှ ထီးပမာ ပါးပြင်းမိုးပြီး ပူဇော်ပေးခဲ့ပါသည်။ မုစလိန္ဒနဂါးရဲ့ အပူဇော်ခံပြီး ဖလသမာပတ်ချမ်းသာ နဲ့ (၇)ရက် စံတော်မူရာ ဋ္ဌာနကိုပဲ မုစလိန္ဒသတ္တာဟ ဟုခေါ်၏။
7. ရာဇာယတနသတ္တာဟ
ထို့နောက်မှာ မြတ်ဗုဒ္ဓသည်..မဟာဗောဓိပင် တောင်ဘက် အရပ်တွင် တည်ရှိသော လင်းလွန်းပင်ကြီး အရိပ်သို့ ကြွတော်မူခဲ့၏။ ထိုလင်းလွန်းပင်ရင်း အရိပ်မှာပဲ ဖလသမာပတ်ချမ်းသာဖြင့် တင်ဖျဉ်ခွေမပျက် (၇)ရက် ဆက်လက် သီတင်းသုံး နေတော်မူ၏။

အထက်ပါ (၇)ဋ္ဌာန များတွင် (၇)ရက်စီ ..အားလုံး (၄၉) ရက် သီတင်းသုံးတော်မူခဲ့ပါသည်။ ထို (၄၉)ရက် အတွင်း မြတ်ဗုဒ္ဓသည်..အဘယ်ဆွမ်းကိုမျှ မသုံးဆောင်ခဲ့ရ၊ အလေးအပေါ့သွားခြင်းလည်း မရှိပေ၊ ကြိမ်းစက်ခဲ့ခြင်းလည်းမရှိ ခဲ့ပေ။ သောက်ရေ/သုံးရေ ကိုပင် မသုံးခဲ့ရပေ။ မြတ်ဗုဒ္ဓ မဖြစ်မီက သုံးဆောင်တော်မူခဲ့သော သုဇာတာကပ်သော ဃနာနို့ဆွမ်းသာလျင် ၀မ်းတော်ထဲ၌ရှိခဲ့ပါ၏။ (၄၉)ရက်လုံးလုံး သိုလှောင်ထားခဲ့ရသော ထိုအညစ်အကြေးအဟောင်းများကို စွန့်ဖို့ စိတ်တော်ဖြစ်ခဲ့၏။ သိကြားမင်းက..နတ်ဆေးများ ဆပ်ကပ်၏။ ထိုနတ်ဆေးများ သုံးဆောင်ပြီးတဲ့နောက် ခန္ဓာကိုယ်ရဲ့ အလေးအပေါ့အားလုံးဟာ..သန့်ရှင်းသွားခဲ့ပေ၏။ ထို့နောက်တွင် မြတ်ဗုဒ္ဓသည်.. နေရဉ္ဇရာမြစ်၌ ရေချိုးသန့်စင်ပြီး..လင်းလွန်းပင်ရှိရာသို့ ပြန်လည်ကြွတော်မူသည်။..
လင်းလွန်းပင်အောက်တွင်ပင်.. နောက်ထပ် (၇)ရက် သီတင်းသုံးတော်မူပြန်၏။ သိကြားမင်းက..ဒုတိယအကြိမ် အားဖြစ်စေဖို့ နတ်အားဆေးများ ဆပ်ကပ်ခဲ့၏။ မြတ်ဗုဒ္ဓသည် သိကြားမင်းကပ်သော နတ်အားဆေးများကို သုံးဆောင်ပြီးနောက်မှာ..လူသာမာန်များဆပ်ကပ်သော ဆွမ်းကို ဖုန်ပေးဖို့ရာ စိတ်အကြံဖြစ်တော်မူခဲ့၏။ ထိုစဉ် နတ်မင်းကြီး (၄)ပါးသည်..သပိတ်(၄)လေးကို ကိုင်ဆောင်လာပြီး..လှူဒါန်းဖို့ရာ..အဆင်သင့်ဖြစ်နေကြလေ၏။ ထိုအချိန်မှာပဲ..ဥက္ကလာပတိုင်းသား တဖုဿ နှင့် ဘလ္လိကာ ကုန်သည်ညီနောင်တို့ သည်..ဘ၀ဟောင်းက မိခင်တော်စပ်ဖူးခဲ့သော နတ်သမီးရဲ့ ကြွေးကြော် တိုက်တွန်းမှုကြောင့်..ဆွမ်းခဲဖွယ်အပြည့်အစုံ တို့ဖြင့် ဘုရားရှင်ရှိရာ လင်းလွန်းပင်ကြီးအရပ်ဆီသို့ ရောက်ရှိလာပါသည်။ မြတ်ဗုဒ္ဓသည်..သိကြားမင်းတို့ ဆပ်ကပ်သော သပိတ်ကြီး (၄)လုံးကို ဘယ်လက်ပေါ်မှာ တခုစီဆင့်ပြီးတဲ့နောက် ညာဘက်လက်တော်ဖြင့်..အပေါ်မှ ဖိချလိုက်တဲ့အခါ..အနား(၄)ရစ်ဖြင့် သပိတ် (၁)လုံးတည်း ဖြစ်သွားပါ၏။ ကုန်သည် ညီနောင်တို့ ကပ်တဲ့ ဆွမ်းတို့ကို ထိုသိပိတ်ဖြင့် အလှူခံ၏။ ထို့နောက် ကုန်သည်ညီနောင်တို့သည် .မြတ်ဗုဒ္ဓထံ၌.တရားနာပြီးတဲ့နောက်..သရဏဂုံ (၂)ပါးကို ဆောက်တည်ခဲ့၏။ မြတ်ဗုဒ္ဓသည်..ထိုကုန်သည်ညီနောင်တို့အား ဆံတော် (၈)ဆူ ပေးတော်မူခဲ့၏။
ထို ဆံတော်(၈)ဆူကို ဋ္ဌာပနာထားပြီး ရွှေတိဂုံစေတီတော်ကြီးအား တည်ထားခြင်းဖြစ်ပေသည်။

ခွေးနက်ကြီးလွှတ်လိုက်မည်

ညီတော်အာနန္ဒာအရှင်မြတ်ကြီးသည် (၅၅၀) ဒွါဒသနိပါတ် မဟာကဏှဇတ်တော်၌ ဘုရားအလောင်း သကြားမင်း၏အမိန့်အရ ခွေးနက်ကြီးအသွင်ဖန်ဆင်း၍ လူ့ပြည်သို့ ဆင်းလာခဲ့ရသည်။
ထိုဇတ်တော်၌ ဘုရားအလောင်းတော်သည် တာဝတိံသာနတ်ပြည်တွင် သကြားမင်းဖြစ်ခဲ့၏ ညီတော် အာနန္ဒာ၏ အလောင်းအလျာသည် သကြားမင်းထံခစားရသော မာတလိနတ်သားဖြစ်ခဲ့၏။
ဗုဒ္ဓဘုရားအလောင်းတော်သည် ကဿပမြတ်စွာဘုရား ပွင့်ထွန်းတော်မူစဉ်က “ဇောတိပါလ”အမည်ရသော ပုဏ္ဏားလုလင်ဖြစ်ခဲ့၍ မျိုးရိုးဇာတိနှင့် ဝေဒကျမ်းဂန် တတ်မြောက်မှုအား အကြောင်းပြုကာ အလွန်တရာ မာနကြီးခဲ့၍ ကဿပမြတ်စွာဘုရားကိုပင် ရိုသေကိုင်းညွတ်ရမှန်း မသိခဲ့ပေ။
ဤကဲ့သို့ ကဿပမြတ်စွာဘုရားသခင်နှင့် ကင်းကင်းကွာကွာ နေလာခဲ့ရာမှ ကဿပမြတ်စွာဘုရား၏ တပည့် အနာဂါမ်ပုဂ္ဂိုလ် ဃဋိတာရ အိုးထိန်းသည်၏ ကူညီစောင့်ရှောက်မှုဖြင့် ကဿပမြတ်စွာဘုရားကို ကိုးကွယ်ဆည်းကပ်သူ ဖြစ်လာခဲ့၏။
ကဿပမြတ်စွာဘုရား သာသနာတော်တွင်းသို့ ဝင်ရောက်ကာ ဇောတိပါလရဟန်းအဖြစ်ဖြင့် ဝိနည်းတော်နှင့်အညီ လိုက်နာကျင့်သုံးလာခဲ့၏။
ထိုဘဝမှ ကွယ်လွန်ပြီးနောက် ယခုသိကြားမင်းဘဝသို့ ရောက်လာချိန် ကဿပမြတ်စွာဘုရား ပရိနိဗ္ဗာန် ပြုတော်မူသွားပါပြီ။ ထို့နောက် ကဿပဘုရားရှင်ထားခဲ့သော သာသနာတော်သည် တစထက်တစ ညှိုးမှိန်လာ၏။
ရဟန်း ပုဏ္ဏားတို့နှင့်တကွ လူတန်းစားအသီးသီးသည် မိမိတို့စောင့်ထိန်းရသည့် ကျင့်ဝတ်သီလတို့ကို ဖောက်ဖျက်ကာ မတရားသဖြင့် စီးပွားရှာဖွေကြရာ လူ့ဘောင်ကြီးတစ်ခုလုံး ပရမ်းပတာ ဖြစ်နေကြလေ၏။
ထိုအချိန်တွင် ဗာရဏသီမြို့တော်၌ ဥသီနက အမည်ရသောမင်းသည် ထီးနန်းစိုးစံလျက်ရှိ၏။ သို့ရာတွင် တိုင်းသူပြည်သားတို့၏ အကျင့်စာရိတ္တ ပြည့်ဝဖြူစင်ရေးကို အားမပေးဘဲ မင်းတို့၏ စည်းစိမ်ချမ်းသာ ခံစားရေးကိုသာ အလေးထားနေသဖြင့် တိုင်းသူပြည်သားတို့၏ အခြေအနေမှာ နိမ့်ကျသည်ထက် နိမ့်ကျ၍နေလေသေည်။
သာသနာတော်ထမ်း ရဟန်းများ ၊ သာသနာတော်၏အပြင်က ရသေ့များမှစ၍ လူတန်းစားအသီးသီးသည် ကျင့်ဝတ်သိက္ခာများ ဖောက်ဖျက်ကျူးလွန်နေကြသဖြင့် သူတို့တတွေသေဆုံးသော် အပယ်လေးပါးသို့ ကျရောက်ကုန်၏။
နတ်ပြည်မှာရှိနေသည့် နတ်သမီး ၊ နတ်သားများ နတ်သက်ကြွေ၍ စုတေသွားရာတွင် ယခင်က အသစ် အသစ်သော နတ်သမီး ၊ နတ်သားများ ဥပပတ္တိ ပဋိသန္ဓေဖြင့် ဘွားခနဲ ဘွားခနဲ ပေါ်ပေါက်လာခဲ့ကြ၏။
ယခုအခါ ကဿပမြတ်စွာဘုရား၏ သာသနာတော် နောက်ပိုင်းတွင်ကား နတ်သက်ကြွေတာနှင့် အသစ်တိုးတာနှင့် မမျှမတဖြစ်လာ၏။
နတ်သက်ကြွေ၍ စုတေသွားသော နတ်သား ၊ နတ်သမီးတို့နေရာတွင် အသစ် အသစ်သော နတ်သား နတ်သမီးတို့ ရောက်မလာကြသဖြင့် အလွန်တရာ သာယာစည်ပင်ခဲ့သော တာဝတိ`ံသာနတ်ပြည်ကြီးသည့် ခြောက်တိခြောက်သွေ့ ငြီးငွေ့ဖွယ်ရာကဲ့သို့ ဖြစ်လာရ၏။
ဤကဲ့သို့သော အခြေအနေကို ဘုရားအလောင်းတော် သကြားမင်းက ရှုမြင်သုံးသပ်ကာ ကဿပမြတ်စွာဘုရား၏ သာသနာတော်ကို နောက်ထပ် နှစ်(၁၀၀၀) တည်တံ့နေနိုင်အောင် မည်သို့ပြုလုပ်ရပါမည်နည်းဟု စဉ်းစား၍နေလေသည်။
ထို့နောက် မကြာမီမှာပင် ဗာရာဏသီမြို့တော်၏ အပြင်ဘက်က ကျေးရွာများတွင် အုတ်အုတ်ကျက်ကျက်ဖြစ်လာ၏။ လူကြီး ၊ လူငယ် ၊ ယောက်ျား ၊ မိန်းမ မှန်သမျှသည် “ခွေးနက်ကြီး လာပြီ ၊ ခွေးနက်ကြီးလာပြီ”ဟု အော်ဟစ်ကာ ထိတ်လန့်တကြား ပြေးလွှားနေကြ၏။ ခွေးနက်ကြီးရန်က လွတ်မြောက်မည့်နေရာကို အတင်း တိုးဝှေ့ဝင်ရောက်ကာ တုန်တုန်လှုပ်လှုပ်နှင့် ပုန်းအောင်းနေကြရ၏။
၎င်းတို့ ကြောက်မည်ဆိုလဲ ကြောက်လောက်ပါ၏။ အသွင်းသဏ္ဍာန်အရ ခွေးနက်ကြီးဟု ဆိုကြရသော်ငြားလည်း အရွယ်အစားကတော့ ဆင်ပေါက်လောက်ပင် ထွားကျိုင်းလှ၏။ သွားစွယ်ကြီးလေးချောင်းက ငှက်ပျောဖူးလောက် ရှိနေကြ၏။ လင်ကွင်းခြမ်းလောက် ပြူးကြယ်နေသော မျက်လုံးနီနီကြီးများကလည်း မီးတောက်မီးလျှံတွေ ထွက်လာတော့မလောက် စူးရှလှ၏။ သွားစွယ်ကြီးများထဲက တွဲလျားကျနေသော လျှာကြီးမှာလည်း သွေးစေး သွေးစက်တွေ စီးကျနေသကဲ့သို့ ရှိပါ၏။
ကိုယ်ဝန်ဆောင်အမျိုးသမီးများမှာဆိုလျှင် ကြောက်စိတ်ပြင်းထန်လွန်းလှသဖြင့် ကိုယ်ဝန်ပျက်ကျသည်အထိ အဖြစ်ဆိုးနှင့် ကြုံကြရလေသည်။ ယခုအချိန်အထိတော့ ခွေးနက်ကြီး၏ ကိုက်စားဝါးမြိုခြင်း ခံရသူဟူ၍ မရှိခဲ့သေးပါ။ ဤသို့ဖြစ်ရခြင်းမှာလည်း ခွေးနက်ကြီးနောက်မှ ထပ်ကြပ်မကွာပါလာခဲ့သော မုဆိုးကြီးကြောင့် ဖြစ်ပေသည်။
ဆင်ပေါက်တမျှ ထွားကျိုင်းလှသော ခွေးနက်ကြီးအား ထိန်းချုပ်နိုင်လှအောင် မုဆိုးကြီးကလည်း ခွန်အားဗလနှင့် ပြည့်စုံလှ၏။ ခေါင်းပေါ်က ဆံပင်များကို ငါးစုခွဲ၍ ငါးထုံး ထုံးထား၏။ ထိုဆံထုံးများ၏ အောက်ခြေတွင် ပန်းပွင့် နီနီရဲရဲကြီးများ ထိုးစိုက်ပန်ဆင်ထား၏။
သူဝတ်ထားသော ခါးဝတ်ပုဆိုးနှင့် အပေါ်ရုံပုဆိုးတို့မှာ ဖန်ရည်ဆိုးထားသည့် အရောင်အဆင်းရှိပါသော်လည်း ကြမ်းတမ်းလွန်းလှသော မုဆိုးကြီး၏ အသွင်သဏ္ဍာန်ကြောင့် ပို၍ ကြောက်စရာ ကောင်နေဘိ၏။ ထိုအထဲ လူ့အရပ်နှင့် အညီအမျှရှိသော လေးကြီးတွင် မြားနှင့်တကွ လေးညှို့ကို ဆွဲတင်ထားသဖြင့် သူ့ကို စေ့စေ့မကြည့်ရဲအောင် ခက်ထန်လှပါပေသည်။
သန်မာထွားကျိုင်းသည်နှင့်အမျှ မျက်နှာထားဆိုးလွန်းလှသော မုဆိုးကြီးသည် ခွေးနက်ကြီးကို ကြိုးငါးချောင်းဖြင့် ချည်တုပ်ထား၏။ လက်နှစ်ဖက် ၊ ခြေနှစ်ဖက်နှင့် လည်ပင်းတို့တွင် ကြိုးတုပ်ကာ ကြိုးငါးချောင်းလုံးကို ပူး၍ကိုင်ထား၏။
ရောက်လေရာအရပ်တွင် ခွေးနက်ကြီးက တွေ့ကရာလူများကို တအားကုန် ထိုးကိုက်ရန်ကြိုးစား၏။ ထိုအခါ နောက်မှပါလာသော မုဆိုးက ကြိုးငါးချောင်းလုံးကို ပူးကိုင်ကာ သန်သန်မာမာကြီးဆွဲထားလိုက်သဖြင့် ခွေးနက်ကြီးမှာ လျှာကြီးတန်းလန်းနှင့် ရပ်တန့်သွားရတော့၏။
မုဆိုးကြီးသည် ခွေးကြီးသွားလေရာလို့ နောက်ကလိုက်ရင်း “ဒီလောကကြီး ပျက်စီးတော့မယ်။ ဒီလောကကြီး ပျက်စီးတော့မယ်” ဟု အော်ဟစ်လာ၏။ သူ့ရုပ်သွင်နှင့် လိုက်ဖက်အောင် သူ၏ ဝမ်းခေါင်းသံကြီးကလည်း ကျောချမ်းလောက်ပါပေ၏။ ခွေးနက်ကြီးရန်ကို အပြင်မထွက်ဝံ့အောင် ကြောက်နေရသည့်အထဲမှာ မုဆိုးကြီးအသံကြောင့် လူအများမှာ နေစရာမရှိအောင် ခြောက်ခြားရကုန်၏။
ခွေးနက်ကြီးရန်နှင့် မုဆိုးကြီး၏အသံကို ကြောက်ရွံ့ကြသဖြင့် လူအများသည် ဗာရာဏသီမြို့တော်ထဲသို့ ပြေးဝင်ကာ မြို့တံခါးကြီးကို ပိတ်ထားကြ၏။ သို့ရာတွင် မုဆိုးကြီးနှင့် ခွေးနက်ကြီးတို့က တစ်ဆယ့်ရှစ်တောင်မြင့်မားလှသော မြို့ရိုးကြီးကိုပင် အလွယ်တကူကျော်လွှားလာကြ၏။
မြို့တော်တွင်းသို့ရောက်သောအခါ ခွေးနက်ကြီးက မြင်ရာကို အတင်းလိုက် ၊ သူ့နောက်က မုဆိုးကြီးကလည်း အတင်းဆွဲဖြင့် ဥသီနကမင်း၏ နန်းတော်နားသို့ ရောက်လာလေသည်။ ဥသီနကမင်းသည် လေသာပြတင်းပေါက်မှ လှမ်းမျှော်ကြည့်ရာ ခွေးနက်ကြီးကိုပါမြင်လိုက်ရသဖြင့် ထိတ်လန့်တုန်လှုပ်သွားပြီး မိမိ၏ တိုင်းသူပြည်သားတို့ကို အကာအကွယ်ပေးရန် မစီစဉ်နိုင်တော့ဘဲ ကိုယ်လွတ်ရုန်းဖို့သာ ကြိုးစားမိတော့၏။
နီးစပ်ရာ ၊ လက်လှမ်းမီရာ မိဖုရားနှင့် မောင်းမများကို အပါခေါ်ပြီးလျှင် နန်းမြင့်ပြသာဒ်ဆောင်ထက်သို့ တက်ရလေတော့သည်။ သို့သော် အများပြည်သူတို့က မော့၍ကြည့်ကြရသော နန်းမြင့်ပြသာဒ်ဆောင်မှာ ခွေးနက်ကြီး၏ ရှေ့ခြေနှစ်ချောင်းထောက်ရုံသာ ရှိနေပါတော့သည်။
ခွေးနက်ကြီးသည် ထိုလေသာပြတင်း၏အောက်ခြေက ပြတင်းပေါင်တွင် ရှေ့လက်အစုံထောက်ကာ အားအင်ကုန်ဟောင်လိုက်၏။ ဤတွင်မှ ဥသီနကမင်းသည် မိမိပြေး၍ မလွတ်နိုင်တော့သည့် ဖြစ်အင်ကို သတိပြုမိကာ ရာဇက္ကဒြေ္ဒကို ထိန်းပြီးလျှင် ခွေးနက်ကြီးနောက်က လိုက်ပါလာသည့်မုဆိုးကြီးအား “အသင်မုဆိုးကြီး ၊ မုဆိုးကြီးရဲ့ ခွေးကြီးက ဘာဖြစ်လို့ ဟောင်ရတာပါလဲ”ဟု လှမ်း၍နှုတ်ဆက်လိုသဖြင့် မေးလိုက်၏။
ဤတွင် မုဆိုးကြီးက ”အရှင်မင်းကြီး အစာစားချင်လို့ ဟောင်တာပါ ဘုရား” ဤသို့ လျှောက်တင်လိုက်လေရာ ”အသင်မုဆိုးကြီး ၊ အစာစားချင်တယ်ဆိုလို့ကတော့ ငါတို့က ကျွေးမှာပါ။”ဤသို့ပြောဆိုပြီးလျှင် မိမိနှင့်တကွ နန်းသူနန်းသားတွေ အားလုံးစားဖို့ ချက်ထားသော ထမင်းနှင့်ဟင်းများကို ယူလာပြေီးလျှင် ခွေးနက်ကြီးရှေ့မှာ အားလုံးပုံ၍ ကျွေးကြရ၏။
လူ့တစ်ရပ်မက မြင့်မောက်နေသော ထမင်းဟင်းအပုံကြီးကို ခွေးနက်ကြီးက ဟပ်၍စားလိုက်ရာတွင် တစ်လုတ်တည်းနှင့် ကုန်ပြီးဟောင်မြဲဟောင်နေပြန်၏။ ဤတွင် ဥသီနကမင်းက နန်တော်ထဲက ဆင်များ ၊ မြင်းများအတွက် ကျိုချက်ထားသော စားဖွယ်တို့ကို သယ်၍ကျွေးရပြန်၏။ ထိုးအစားအစာများကိုလည်း ခွေးနက်ကြီးက တစ်လုတ်တည်းနှင့် ဟပ်၍စားလိုက်ပြီးလျှင် ဟောင်မြဲဟောင်ပြန်၏။
ထို့နောက် ဗာရာဏသီမြို့တော်ကြီးတစ်ခုလုံးက ချက်ထားလေသမျှ ထမင်းဟင်းအားလုံးကို ချ၍ကျွေးပြန်တော့လည်း ရှေးနည်းအတိုင်းဖြစ်လာရပြန်၏။ ဤတွင်မှ ဥသီနကမင်းသည် ရိုးရိုးခွေးနှင့် ရိုးရိုးမုဆိုးမဟုတ်ကြောင်းကို သဘောပေါက်ကာ မုဆိုးကြီးကို လှမ်း၍စကားပြော၏။
“အသင်မုဆိုးကြီး သင့်ခွေးကြီးဟာ အမွှေးတွေ နက်မှောင်နေတာနဲ့အမျှ သွားစွယ်ကြီးတွေက ဖွေးနေပါတယ်။ သူ့ကိုယ်ပေါ်မှာ ကြိုးငါးချောင်းနဲ့ချည်ထားတဲ့ ကြိုးတွေကများ လွတ်သွားမယ်ဆိုရင် အင်မတန်ကြောက်စရာကောင်းပါလိမ့်မယ်”
“အရှင်မင်းကြီး လူ့ဘောင်လောကကြီးတစ်ခုလုံး ဒိထက် ဒိထက် ပျက်စီးလာမယ်ဆိုရင်တော့ ခွေးနက်ကြီးကို လွှတ်လိုက်ရပါလိမ့်မယ်”
“ထိန်းနိုင်သလောက် ထိန်းပေးစမ်းပါဦး အသင်မုဆိုးကြီးရယ်။ ကဲ ပြောလက်စနဲ့ ပြောပြစမ်းပါ။ ဘယ်လို ဘယ်လို အခြေအနေမျိုးတွေ ဖြစ်ပေါ်လာရင် ခွေးနက်ကြီးကို လွှတ်လိုက်မှာလဲ”
“အရှင်မင်းကြီး ရွှေနားဆင်တော်မူပါ။ ကဿပဘုရားရှင်ရဲ့ သာသနာတော်မှာ သံသရာဝဋ်က လွတ်အောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဝင်ရောက်လာကြတဲ့ ရဟန်းတွေဟာ အခု သာသနာတော်နောက်ပိုင်းမှာ လူဒါယကာ ၊ ဒါယိကာမတွေနဲ့အပြိုင် စီးပွားရှာကုန်ကြပါပြီ။ မကြာခင်မှာ သင်္ကန်းကြီးတွေ ကိုးရိုးကားရားနဲ့ လူတွေနဲ့အပြိုင် ထွန်တုံးပေါ်တက်ပြီး လယ်ထွန်ကြပါတော့မယ်။ အဲဒီအချိန်ကျရင် ခွေးနက်ကြီးကို လွှတ်လိုက်ရပါလိမ့်မယ်။”
နောက်တစ်မျိုးရှိပါသေးတယ် ဘုရား။ ကဿပဘုရားရှင်ရဲ့ သာသနာတော်နောက်ပိုင်းမှာ သူတို့ဟာ ခေါင်းတုံးတုံးထားပြီး သင်္ကန်းတွေဝတ်ထားလို့သာ ရဟန်းလို့ ခေါ်ကြရပါတယ်။ အကျင့်သိက္ခာကတော့ ဘာမှမထူးကြပါဘူး။ မကြာခင် လူတွေလိုပဲ ကာမဂုဏ်ခံစားပြီး သားတွေ ၊ သမီးတွေ မွေးလာကြပါလိမ့်မယ်။ အဲဒီအချိန်ကျရင် ခွေးနက်ကြီးကို လွှတ်လိုက်ရပါလိမ့်မယ်။
နောက်တစ်မျိုးရှိပါသေးတယ် ဘုရား။ ကဿပဘုရားရှင်ရဲ့ သာသနာတော် အပြင်အပမှာ ရသေ့တွေ ရှိလာခဲ့ပါတယ်။ အဲဒီ ရသေ့တွေဟာလည်း တောထဲမှာ သမထ ကမ္မဌာန်း စီးဖြန်းဖို့ထက် အလှူခံဖို့ကိုသာ အလေးထားနေကြပါတော့တယ်။ သူတို့ဟာ အလှူခံလို့ ရလာသမျှကို ဒကာတွေထံပြန်ပြီး အတိုးနဲ့ ချေးငှါးထားကြပါတယ်။ သူတို့လိုချင်လာတဲ့အခါမှာတော့ အဲဒီငွေတွေကို မရ ရအောင် ဇွတ်အတင်းတောင်းယူကြပါလိမ့်မယ့်။ အဲဒီအချိန်ကျရင် ခွေးနက်ကြီးကို လွှတ်ပေးလိုက်ရပါလိမ့်မယ်။
နောက်တစ်မျိုးရှိပါသေးတယ် ဘုရား။ ဗြာဟ္မဏနွယ်ဖွား ပုဏ္ဏားတို့ဟာ ဝေဒကျမ်းတို့ကို သင်ယူကြရပါတယ်။ သာဝိတ္ထိကျမ်းတို့ကို သင်ယူကြရပတယ်။ ယဇ်ပူဇော်ပွဲနဲ့ ပတ်သက်တဲ့ ကျမ်းဂန်တို့ကို သင်ယူကြရပါတယ်။ ဒီကျမ်းစာများ သင်ယူရတာက အထက်ဗြဟ္မာ့ဘုံက ဗြဟ္မာကြီးများထံ ချဉ်းကပ်နိုင်ရေးသာဖြစ်ပါတယ်။ သို့ဖြစ်ပါလျက် ယဇ်ပူဇော်လိုသူတို့ထံက အခကြေးငွေယူပြီး ယဇ်ပူဇော်ပေးတဲ့သူတွေ ပေါ်ပေါက်လာပါလိမ့်မယ်။  အဲဒီအချိန်ကျရင် ခွေးနက်ကြီးကို လွှတ်ပေးလိုက်ရပါလိမ့်မယ်။
နောက်တစ်မျိုးရှိပါသေးတယ် ဘုရား။ ကိုယ်ငယ်ငယ်တုန်းက လူလားမြောက်တဲ့အထိ ပြုစုလုပ်ကျွေးလာခဲ့တဲ့ မိဘနှစ်ပါးတို့ အိုမင်းမစွမ်းဖြစ်လာတဲ့အခါမှာ သားတွေ သမီးတွေက ကျေးဇူးကန်းကြပါတော့တယ်။ ကျွေးနိုင် မွေးနိုင်တဲ့ အခြေအနေရှိပါလျက်နဲ့ မကျွေးမွေးဘဲ မျက်နှာလွှဲထားသူတွေ ပေါ်လာပါလိမ့်မယ်။  အဲဒီအချိန်ကျရင် ခွေးနက်ကြီးကို လွှတ်ပေးလိုက်ရပါလိမ့်မယ်။
နောက်တစ်မျိုးရှိပါသေးတယ် ဘုရား။ ကိုယ်ငယ်ငယ်တုန်းက ဘယ်လောက်ငိုငို ၊ ဘယ်လောက်ဆိုးဆိုး အပြုံးမပျက်ဘဲ ယုယချီပိုးလာခဲ့ကြတဲ့ မိဘတွေ အိုမင်းမစွမ်းရှိတဲ့အခါမှာ သားတွေ သမီးတွေက ခင်ဗျားကြီး ဘာမှ အသုံးမကျဘူး။ ခင်ဗျားကြီး သိပ်မိုက်မဲတာပဲ စသဖြင့် ဆဲဆို ကြိမ်းမောင်းကြပါလိမ့်မယ်။ အဲဒီအချိန်ကျရင် ခွေးနက်ကြီးကို လွှတ်ပေးလိုက်ရပါလိမ့်မယ်။
နောက်တစ်မျိုးရှိပါသေးတယ် ဘုရား။ ကဿပဘုရားရှင်ရဲ့သာသနာတော်နောက်ပိုင်မှာ လူတွေဟာ အလွန့် အလွန် အကျင့်ပျက်လာကြပါလိမ့်မယ်။ ကိုယ့်ဆရာသမားရဲ့ မယားကိုလည်း လေးစားရမှန်းမသိကြတော့ဘူး။ ကိုယ့်အဆွေခင်ပွန်းရဲ့ မယားကိုလည်း သစ္စာမစောင့်ကြတော့ပါဘူး။ ဦးရီးတွေ ၊ ဘထွေးတွေရဲ့ ဇနီးကိုလည်း အမိအရာ မထားတတ်ကြတော့ပါဘူး။  အဲဒီလိုအချိန်ကျရင် ခွေးနက်ကြီးကို လွှတ်ပေးလိုက်ရပါလိမ့်မယ်။
နောက်တစ်မျိုးရှိပါသေးတယ် ဘုရား။ ဗြဟ္မဏနွယ်ဖွား ပုဏ္ဏားတွေဟာ ဝေဒကျမ်းစာတို့ကို လေးလေးမြတ်မြတ် သင်ယူကျက်မှတ်ရပါတယ်။ အထက်ဗြဟ္မာ့ဘုံက ဗြဟ္မာကြီးတွေကို ရည်မှန်းပြီးတော့ ယဇ်ပူဇော်ပွဲတွေ ကျင်းပရတဲ့လူတွေကိုယ်တိုင်က ဓါး ၊ လက်နက်ကိုယ်စီနဲ့ လမ်းပေါ်က စောင့်နေပြီး ဓါးပြတိုက်လာကြပါလိမ့်မယ်။ အဲဒီအချိန်ကျရင် ခွေးနက်ကြီးကို လွှတ်ပေးလိုက်ရပါလိမ့်မယ်။
နောက်တစ်မျိုးရှိပါသေးတယ် ဘုရား။ သူတို့ဟာ ဘဝပေးအခြေအနေအရ အသားအရေကတော့ ဖြူစင်ကြပါပေတယ်။ သူတို့ရဲ့ လက်ရုံးကြီးတွေကလည်း ယောက်ျားပီပီ တောင့်တင်းကြပါပေတယ်။ ဒါပေမယ့် အဲဒီလိုလူစားတွေဟာ ကိုယ်တိုင်ကတော့ ဘာတစ်ခုမှ ဖြစ်ဖြစ်မြောက်မြောက် စီးပွားမရှာတတ်ကြပါဘူး။ ဒါပေမယ့် သူဌေးကြီးတွေရဲ့ ကျန်ရစ်တဲ့ မုဆိုးမ အရွယ်ကောင်းကောင်းလေးတွေကိုတော့ တစ်ယောက်နဲ့တစ်ယောက် အလုအယက် အရယူကြပါလိမ့်မယ်။ အဲဒီအချိန်ကျရင် ခွေးနက်ကြီးကို လွှတ်ပေးလိုက်ရပါလိမ့်မယ်။
နောက်ဆုံးပိတ်တစ်မျိုးရှိပါသေးတယ်။ ဒီလောကကြီးထဲမှာ နည်းမျိုးစုံနဲ့ လိမ်စားနေသူတွေ ရှိလာပါလိမ့်မယ်။ တချို့ကတော့ ဗြောင်လိမ်ကြပါလိမ့်မယ်။ တချို့ကတော့ အတုပစ္စည်းကို အစစ်ဆိုပြီး လိမ်ရောင်းကြပါလိမ့်မယ်။ အဲဒီအချိန်ကျရင် ခွေးနက်ကြီးကို လွှတ်ပေးလိုက်ရပါလိမ့်မယ်။
ဤကဲ့သို့ လျှောက်တင်ပြီးလျှင် မတော်မတရားတဲ့ အပြုအမူတို့ကို ခွေးနက်ကြီးက ကိုက်မယ် တ ဟဲ ဟဲ အသံပေး၍ ခြိမ်းခြောက်သဖြင့် မင်းရင်ပြင်နှင့် အပြည့်ရှိနေသော လူအုပ်ကြီးမှာ ထိတ်လန့်တုန်လှုပ်နေကြရ၏။
ထိုအချိန်မှာပင် ခွေးနက်ကြီးနှင့် မုဆိုးကြီးမှာ ရုတ်တရက် ကွယ်ပျောက်သွားကြ၏။ ချက်ချင်းလိုပင် အထက်ကောင်းကင်၌ သကြားမင်းနှင့် မာတလိနတ်သားတို့ ပေါ်လာကြပေသည်။ ဤတွင်မှ ဥသီနကမင်းကြီးသည် စောစောက မိမိအားလေးလေးစားစား ဘုရားထူးလာခဲ့သူမှာ တာဝတိ`ံသာကို ပိုင်စိုးသည့် သကြားမင်းကြီးကိုယ်တိုင်ဖြစ်နေ၍ ထိတ်လန့်တုန်လှုပ်သွားရ၏။ သို့ရာတွင် သကြားမင်းက ကြောက်ရွံ့တုန်လှုပ်ခြင်းမရှိစေရန် အားပေးနှိမ့်သိမ့်ပြီးလျှင်
“ဥသီနကမင်းကြီး ကဿပဘုရားရှင်၏ သာသနာတော် နှစ်တစ်ထောင်ကျော်သွားပါပြီ။ သာသနာတော်နောက်ပိုင်း ရောက်လာတဲ့အခါမှာ လူတွေဟော ရှင်ရဟန်းတွေပါ အကျင့်ပျက်လာကြတယ်။ ဒါကြောင့် သူတို့ကို သတိပေးဖို့ လာခဲ့ပါတယ်။ မဟုတ် မတရားပြုကျင့်နေတဲ့ အမှုတွေကို တားမြစ်ရအောင် နတ်ပြည်က ဆင်းလာခဲ့ကြပါတယ်။ နောက်နောင်အခါမှာ မတော် မတရားတဲ့အမှုတွေ ပြုလာကြမယ်ဆိုရင်တော့ အဲဒီသူတွေဆီကို ခွေးနက်ကြီး လွှတ်ပေးရပါလိမ့်မယ်။”
ဤသို့သတိပေး ခြိမ်းခြောက်ပြီးလျှင် ကဿပမြတ်စွာဘုရား ဟောကြားတော်မူခဲ့သော အသပြာတစ်ရာ ထိုက်တန်သည့် ဓမ္မဒေသနာဂါထာ လေးပုဒ်တို့ကို အနက်အဓိပ္ပာယ် ဖွင့်ဆိုချက်များနှင့်တကွ အကျယ်တဝင့်ဟောကြား၏။
ဤသို့ လူ့ပြည်သို့ သကြားမင်းကြီးကိုယ်တိုင်ဆင်းလာ၍ သာသနာပြုခဲ့သဖြင့် ကဿပမြတ်စွာဘုရားသာသနာတော်သည် ထိုအချိန်မှ နောင်နှစ်ပေါင်းတစ်ထောင်တိုင်တိုင် တည်နေနိုင်ခဲ့ပါသည်။
၂၀၁၁ ဒီဇင်ဘာလထုတ် သူရဇ္ဇ မဂ္ဂဇင်း(၁၁)နှစ်ပြည့်အထူးထုတ် (အတွဲ ၁၁ ၊ အမှတ် ၁၂) စာမျက်နှာ ၅၄-၅၈ မှ စာဖတ်သူတို့ ဗဟုသုတ ရရန်အလို့ငှါ ထည့်သွင်းဖော်ပြပေးလိုက်ပါတယ်။ (မူရင်းစာမူမှ ချုံ့ဖော်ပြခြင်းဖြစ်သည်။)


by burmesehearts

 

လပ်ကီးမြို့တော်