သတင်းနှ့င့်ရသစုံလင်

လပ်ကီးမြို့တော်တွင် မြန်မာသတင်း၊နိုင်ငံတကာသတင်း၊ထူးဆန်းထွေလာ၊အားကစားသတင်း၊ကျန်းမာရေးကဏ္ဍ၊ဟာသလေးများ၊ကာတွန်းနှင့်ရုပ်ပြဟာသ၊ တရားတော်များ၊ဘာသာရေးကဏ္ဍ၊ချက်နည်းပြုတ်နည်း၊အလှအပနှင့်ဖက်ရှင်၊သရဲတစ္စေနာနာဘာဝ၊သိုင်းဝတ္ထုနှင့်စာအုပ်စာပေ၊gtalk custom message၊ ဗေဒင်ကဏ္ဍ၊ဗဟုသုတနှင့်အထွေထွေ..စသည်တို့ကို တစ်စုတစ်စည်းထဲ ဖတ်ရှုနိုင်ပါတယ်....

နည်းပညာများ

ကွန်ပျူတာနည်းပညာများ ANDROID ဖုန်း နည်းပညာများ APPLE (IOS) မိုးဘိုင်းဖုန်းနည်းပညာများ ကို နည်းပညာများနေရာမှာ ဖတ်ရှုနိုင်ပါတယ်

ဒေါင်းလုပ်သီချင်း

သီချင်းဒေါင်းချင်သူမျာအတွက် အသစ်ထွက်တဲ့သီချင်းတွေရော သီချင်းဟောင်လေးတွေပါ " MP3 ဒေါင်းလုပ်" နေရာမှာ ၀င်ဒေါင်းနိုင်ပါတယ် သီချင်းများကို album လိုက်စုစည်းပြီး တင်ပေးထားပါတယ်

ဂီတစက်ခန်း

ဂီတစက်ခန်း စိတ်ညစ်နေသူ...စိတ်ရှုပ်နေသူများ... စိတ်ထွက်ပေါက်ရှာချင်တယ်ဆိုရင် ဂီတစက်ခန်းထဲဝင်ပြီး ၀င်ကလိလိုက်ပါ... ဂီတစက်ခန်းမှာ ဂီတာ၊ဒရမ်၊စန္ဒယား၊တယော၊ဒီဂျေ အပြင်... ရောသမမွှေနိုင်တဲ့ တီးလုံးသံစဉ်လေးများကို အသုံးပြုနိုင်ပါတယ်...

အွန်လိုင်းဂိမ်း

အွန်လိုင်းဂိမ်းများကို အဆင်ပြေပြေနဲ့ အလွယ်တကူကစားချင်တယ်ဆိုရင် ဓါတ်ပုံပြင်ရန်အောက်က..အွန်လိုင်းဂိမ်းနေရာမှာ ၀င်ရောက်ကစားနိုင်ပါတယ်

www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Showing posts with label android မိုဘိုင်းနည်းပညာ. Show all posts
Showing posts with label android မိုဘိုင်းနည်းပညာ. Show all posts

Monday, May 20, 2013

ဖုန်းနဲ့ Computer ကိုချိတ်ပြီး Network သုံးရင်......

ဖုန်းရဲ့Computer ကိုချိတ်ပြီး အင်တာနက်သုံးရင်. သတိမထားမိလို့ အခက်အခဲကြုံရတာလေးကို ပြောပြချင်ပါတယ်.. သိပြီးသားသူတွေအတွက် ဘာမှ မဟုတ်ပေမယ့် မသိသေးတဲ့သူတွေ အတွက်တော့ အထောက်အကူဖြစ်မှာပါ.. ကျွန်တော်ပြောမယ့် ဖုန်းအမျိုးအစားက Android သုံးထားတဲ့ ဖုန်းအမျိုးအစား ဖြစ်ပါတယ်..
ဒီလိုပါ..
1.Computer နဲ့ ချိတ်မယ့် ဖုန်းကို USB ကြိုးဖြင့် ချိတ်ဆက်ပါ...
2.ဖုန်းရဲ့ Menu ကိုနှိပ်ပြီး Setting ထဲမှ Wireless and Networks ကိုနှိပ်ကာ Tethering and portable hotspot ကိုသွားပါ။


3.USB Tethering ကိုအမှန်လေးခြစ်လိုက်ပါ။ Set Network  Location ဆိုပြီး Box တစ်ခုထပ်ကျလာ ပါမယ်..

4.အဲဒီ Box မှ Home Network ကိုရွေးပေးလိုက်ရင် ဖုန်းနဲ့ Network ချိတ်ဆက်ပြီးနေပါပြီ..
 ဖုန်းမှာ အင်တာနက် ချိတ်ထားရင် ကွန်ပျူတာကနေ သုံးလို့ ရပြီပေါ့..

အဆင်ပြေပါစေခင်ဗျာ..

by komaungpauk

Thai ဖုန်းကဒ်ဖြင့် အင်တာနက်လိုင်း စမတ်နည်း


 မင်္ဂလာပါဗျာ ဒီနေ့တော့ ထိုင်းနိုင်ငံမှာ နေကြတဲ့
သူငယ်ချင်းတွေအတွက် အင်တာနက်လိုင်း
စမတ်နည်းကို ရေးပေးလိုက်ပါတယ်ဗျာ
အင်တာနက်သုံးတဲ့သူတိုင်း
သိကြပါတယ် ဒါပေမဲ့ မသိသေးတဲ့သူတွက်ပေါ့နော်
12 Call ဆိုရင် *17 ကို ခေါ်စရာပဲ
အောက်က နံပတ်ကို နှိပ်ထည့်လိုက်ပါဗျာ

ထိုင်းဖုန်း 12 callဖြင့် အင်တာနက်လိုင်းဖွင့်မယ်ဆိုရင်

နာရီ (၁၀၀) ဆိုရင် -၃၅၀-ဘတ် ကျပ် ကျပါမယ် အောက်က ကုဒ်ကိုခေါ်ရပါမယ်

*138*0334*653688#

နာရီ (၂၀) ဆိုရင် - ၁၀၀ -ဘတ်

*138*0333*653688#

၆ နာရီ ဆိုရင် ၅၀ ဘတ်

*138*0332*653668#

၃ နာရီ ၃၀ ဘတ်

*138*0331*653668#

အင်တာနက်နာရီစစ်ဆေးရန်

*139#

Happy Detect ဒီထက်-အတွက် စမာနည်း

*101*4#

detect အတွက်က*1004 ဖြင့်ခေါ်ပါ

mobile internet ရွေးရန်၁ ကိုနှိပ်ပါ

လဖြင့်သုံးရန် ၁ ကိုထပ်ရွေးပါ မိမိသုံးလိုသည့် နာရီကို ရွေးချယ်ရန် ... ၁၂၃၄၅ ထဲမှ ရွေးချယ်ပါ.ဥပမာ နာရီ ၅၀... ၄ နှိပ်ြပီးပါက
အတည်ပြုရန် ၁ ကိုနှိပ်ပါ message ပြန်ဝင်လာရင် သုံးလို့ရပါပြီးဗျာ အဆင်ပြေပါစေ....

by komaungpauk

ဖုန်းဖြင့် အင်တာနက် အသုံးစရိတ်အား မကျအောင်ပြု့ လုပ်နည်း

http://img.wonderhowto.com/img/98/25/63478911316828/0/have-nfc-enable-phone-hack-could-hijack.w654.jpg
မင်းစိုးရာဇာ ရဲ့ပို့စ်ဖြစ်ပါတယ်.. ပိုက်ဆံမကုန်ရင် သူ့ကို ကျေးဇူးတင်သင့်တယ်လေ..
 ဒီနည်းလေးက လွန်ခဲ့တဲ့ ၂ ပတ် လောက်က ကျွန်တော် ဖုန်း error လေးတစ်ချို့ ကနေ ဆက်ဆက် တွေးမိသွားတာဖြစ်ပါတယ်..
အခုဆိုရင် MPT (ဆက်သွယ်ရေး) လိုင်းအား တိုက်ခိုက်မူများဖြစ်ပေါ်နေပါတယ်.. လွန်ခဲ့တဲ့ လအနည်းငယ်က ဖုန်း ဘေလ် စနစ်အား ပို မို ဖျက်တောက်မှုများဖြစ်ခဲ့ပါတယ်.. ဥပမာ ၁မိနစ် ၅၀ ကျပ်အား ၁၀မိနစ်လျှင် ၂၀၀၀ လောက်ကို ငွေဖျက်ချသွားပါတယ်..
ဒီလိုနဲ့  ဆက်သွယ်ရေးမှ တာဝန်ရှိသူတစ်ချို့ ပြောတာကတော့ သူတို့ မှာ ဖုန်းဘေလ် ကုန်ကျမှုကို တွက်ချက်သောစနစ်မှာ မှားယွင်း မူ တစ်ချို့ ရှိနေခဲ့တယ်လို့ သိရှိလိုက်ရပါတယ်.. လွယ်လွယ်ပြောရင် စက်တွေကစုတ်ပြီး ကြောင်ကျား ဖြစ်နေ
တယ်ပေါ့ဗျာ... ကျွန်တော် စတင်တွေး မိတာက ဖုန်းကို ငွေဖျက် စနစ်တောင် error တွေရှိနေတယ်ဆိုတော့ တစ်ခြားတွေမှာလဲ အယ်ရာတွေရှိနိုင်တယ်ဆိုတာပါဘဲ။ စတင် စမ်းသပ်တုန်းက တစ်ခြား ပာာပါ ဒါပေမယ့် တစ်နေ့ မှာတော့ ကျွန်တော် ဖုန်းကို Computer နဲ့ ချိတ်ဆက်ပြီး အင်တာနက်အသုံးပြု့ နေချိန်မှာ ဖုန်းက ပါဝါကုန်ပြီး ပိတ်သွားခဲ့ပါတယ်.. ကျွန်တော်ပိန်းချက် ဘာမှန်းမသိညာမှန်းမသိနဲ့ .. SIM Card တွေဘာတွေထုတ်ကြည့် မိပါသေးတယ်.. နောက်ပြီး ကျွန်တော် ဘတ်ထရီ ကုန်တယ်ထင်ပြီးအားပြန်သွင်းကာ သူငယ်ချင်းတစ်ယောက်အား ဖုန်းဆက်ရင် ဖုန်းဘေလ် မည်မျှရှိမည်ကို ကြည့်မိချိန်မှာတော့ အားအား သင့်စရာတစ်ခု ၇ှိလာပါတယ်တစ်ခြားမပာုတ်ပါဘူး ။ ကျွန်တော် အင်တာနက် မသုံးခင်က ဖုန်းတွင်းရှိငွေပာာ 600 ကျော်လေးဘဲကျန်ပါတယ်.. ၂နာရီလောက်သောက်ပြီး ပြန်ကြည့်ချိန်မှာ ၆၀၀ ကျော်ပါဘဲ.. ဒါနဲ့ စတင် အယ်ရာ ကို ရှာဖွေပါတော့တယ်..
ကျွန်တော်ယောင်ဝါးဝါး ပါဘဲ ဒါပေမယ့် လွန်ခဲ့တဲ့ရက်အနည်းငယ်က facebook မှာ အစ်ကိုတစ်ယောက်က အခုနည်းကို လာပြောပြတော့ ကျွန်တော်ပြန်သိလိုက်ရတာက ဒါလုပ်လိုက်လို့ ဒီလိုဖြစ်သွားတယ်ဆိုတာပါဘဲ..
ကျွန်တော့ဖုန်းက GSM ပါ ကျွန်တော်လက်ရှိသုံးနေတဲ့အမျိုးအစားက Samsung ဖုန်းပါ ပုံလေးတည်းကဖုန်းနဲ့ တူတူပါဘဲ.. ကျွန်တော်တို့  မှာ တစ်နေ့ တစ်နေ့ ဘလော့ တင်ဖို့  ဖုန်းကနေ အင်တာနက် အသုံးစရိတ်ကုန်ကျမှုများပါတယ်.. ဒီလို မကုန်ကျရအောင်ဒီနည်းလေးကို မျှဝေပေးလိုက်ပါတယ်..
အရင်ဆုံး သင့် ဖုန်းနဲ့  ကွန်ပျူတာကို အင်တာနက် ကွန်နရှင် ချိတ်ဆက်ပေးပါ..
ပြီးရင် ၀အောင် သုံးပါ..သုံးလို့ ဝပြီဆိုရင်တော့ Disconnet လို့ မလုပ်ပါနဲ့ .. ဖုန်းကို ဘတ်ထရီ ဖြုတ်လိုက်ပါ.. ပြီးရင် ပိုတိကျသွားအောင် SIM Card ပါ ထုတ်ပြီးပြန်ထည့်လိုက်ပါ..
ခဏစောင့်ပါ .. ပြီးရင် ဘတ်ထရီကို ပြန်ထည့်ပါ power ကိုပြန်ဖွင့်ပြီး ဖုန်း တည်းမှာလက်ကျန်ငွေကို စစ်လိုက်ပါ.. ပထမ အတိုင်း ဘဲမြင်ရပါမယ်.. အင်တာနက်သုံးလို့ ကျသင့်တဲ့ ငွေ ကို ဖျက်သွားခြင်းမ၇ှိပါဘူး.. ကျွန်တော်အခု စမ်းသပ်ရာမှာအသုံးပြု့ သွားတဲ့ဖုန်းတွေကတော့ Samsimg , Nokia , VG စတဲ့ဖုန်းသုံးမျိုးမှာ စမ်းသပ်တာအောင်မြင်ထားပါတယ်.. ညီကို တို့ ခင်ဗျာ.. ဆက်သွယ်ရေးမှ အခု Error ကို fix မလုပ်ခင်လေး စမ်းသပ်ပါ... ရအောင် လုပ်ကြပါ.. ဖ၇ီးပေါ့ဗျာ.. :-) :-)

by မင်းစိုးရာဇာ

CDMA 800mhz ကို အင်တာနက်ချိတ်ဆက်နည်း


Cbox မှာ mgpaukkyaine ရေးသွားတာ တစ်ပိုင်းတစ်နဲ့ပါ.. ဒါပေမယ့် ကျွန်တော် ရှာဖွေပြီး တင်ပေးလိုက် ပါတယ်.. ဒီရက်ပိုင်း သိပ်နေမကောင်းဘူး.. ပြီးတော့ မကျွမ်းကျင်သေးတဲ့ wordpress နဲ့ ၀က်ဆိုဒ်တစ်ခု လုပ်ဖို့ ပြင်ရင်းပြင်ရင်း အဆင်မပြေတာလေးတွေဖြစ်နေလို့ ပို့စ်တွေမတင်ဖြစ်ပါဘူး.. ကျွန်တော် Huawei c8600 Android နဲ့ ဥပမာထားပြီး ပြောပြသွားပါမယ်.. အောက်က အဆင့်တွေအတိုင်း လုပ်သွားရင် ရပါပြီ..
ဒီဖုန်းမှာ ထည့်သွင်းနည်းကို ကြည့်ပြီး အခြား Android နဲ့ ထည့်သွင်းနိုင်ပါတယ်။
1.Setting ကိုဝင်ပါ။
2.Wireless ကိုရွေးချယ်ပါ။
3.အောက်ဆုံးမှာ ရှိတဲ့ Mobile Networks ကိုရွေးချယ်ပါ။
4.Access Point Name ရှိပါတယ် ရွေးပေးပါ။ New APN ကိုရွေးချယ်ပါ။
Name ကိုမိမိနှစ်သက်ရာ နာမည်ပေးပါ။
5.APN မှာ #777 ကိုထည့်ပေးပါ။
6.User Name မှာ စိတ်ကြိုက်အမည်နောက်က @c800.mm လို့ရွေးပေးပါ။ ဥပမာ maungpauk@c800mm.com
7.Password မှာ ကြိုက်တဲ့ Password ပေးပါ။
8.Proxy မှာ 192.168.50.16 ထည့်သွင်းပေးပါ။
9.Port မှာ 8080 ထည့်ပေးပါ။
ပြီးရင် မှန်မမှန် ပြန်လည်ကြည့်ပြီး Save ဒါဆိုရင်ရင်တော့  APN ထဲမှာ ကိုယ်ပေးခဲ့တဲ့နာမည် (maungpauk)ဆိုပြီး ပေါ်နေလိမ့်မယ်
အဲဒါလေးကို ရွေးလိုက်ပါ
ဒါဆိုရင် အင်တာနက်သုံးလို့ရပါပြီ

အဆင်ပြေပါစေ...

by komaungpauk

ကွန်ပျူတာရဲ့ အင်တာနက် ကို USB နဲ့ချိတ်ပြီး ဖုန်းနဲ့သုံးနည်း


လိုအပ်ချက်တွေကတော့
1.PC ( Personal Computer ) မှာ အင်တာနက်ချိတ်ထားရပါမယ်..
2. မိမိအသုံးပြုမယ့် Android Phone ဟာ Root ဖောက်ပြီးသားဖြစ်ရပါမယ်..
3. မိမိဖုန်းနဲ့ချိတ်ဆက်မယ့် USB ကြိုးဟာ ကောင်းမွန်မှန်ကန်နေရမှာဖြစ်ပါတယ်..

လုပ်နည်း
1. မိမိဖုန်းမှာ USB Debugging ကို On ထားရမှာဖြစ်ပါတယ်... သာမန်အားဖြင့် Settings>>Application>>Development>>USB Debugging မှာအမှန်ခြစ်ရပါတယ်.. Android 4.2 နှင့်အထက် သမားတွေကတော့ ဒီမှာ ဖတ်ကြည့်ပါ...
2. မိမိဖုန်းနဲ့ ကိုက်ညီတဲ့ Driver ကို PC မှာ Install လုပ်ပါ... မရှိရင် ဒီမှာ ဒေါင်းပါ... Driver Install လုပ်ပြီးရင်တော့ ဖုန်းနဲ့ ကွန်ပျူတာကို USB သုံးပြီး ချိတ်ဆက်လိုက်ပါ...
3. အောက်မှာပေးထားတဲ့ လင့် တစ်ခုခုကနေ ဖိုင်ကို ဒေါင်းလိုက်ပါ.. တစ်ခုက ဒေါင်းရင်ရပါပြီ...

Dev-Host    Solidfiles   Mediafire

4. ဒေါင်းလို့ရလာတဲ့ဖိုင်ကို ဖြည်လိုက်ပါ... အဲဒီထဲက Android ပုံလေးနဲ့ Android Tool.exe ကို Run လိုက်ပါ...
5. ပေါ်လာတဲ့ဘောက်မှာ Select Device ဆိုတဲ့အကွက်ကိုနှိပ်ပြီး ကိုယ့်ဖုန်းအမျိုးအစားကို ရွေးပေးပါ... မတွေ့သေးရင် Refresh ကိုနှိပ်ပါ... (ဒါမှ မတွေ့ရင်တော့ Driver ပြန်တင်ပါ.. Driver မသိလို့ပါ) ကိုယ့်ဖုန်းကိုသိပြီဆိုရင် Connect ကိုနှိပ်လိုက်ပါ... လိုအပ်တဲ့ ဖိုင်တွေကို Install လုပ်နေပါလိမ့်မယ်..


6. ခဏကြာရင်တော့ မိမိရဲ့ဖုန်းမှာ SuperUser Request တောင်းတာကို မြင်ရပါလိမ့်မယ်.. Remember ကို အမှန်ခြစ်ပြီး Allow ကိုနှိပ်ပေးလိုက်ပါ...


7. အားလုံးပြီးသွားရင်တော့ ဖုန်းကနေ ကွန်ပျူတာရဲ့ Internet ကို ယူသုံးလို့ရပါပြီခင်ဗျာ...

တစ်ချို့ အခက်အခဲတွေ့နိုင်ပါတယ်... သေသေချာချာ လုပ်ကြည့်ပါ.. အဆင်ပြေပါတယ်.

ဒါလုပ်ပြီးသွားရင်တော့ ကိုယ့်ဖုန်းကနေ Wi-Fi နဲ့တောင် ပြန်လွှင့်နိုင်ပါသေးတယ်... 



အဆင်ပြေကြပါစေခင်ဗျာ...

by  komaungpauk

Sunday, May 19, 2013

ပျော်ပျော်ကြီး Root ကြရအောင်။ Android Ver 2 ကနေ Ver 4 အထိ Root နိုင်တယ်။ Unlock Code မလိုဘူး။

Android ဖုန်းတွေကို နည်းလမ်းပေါင်းစုံနဲ့ Root လုပ်ကြပါတယ်။ Tool တွေကလဲတော်တော်စုံပါတယ်။ တစ်ချက်နှိပ်ရုံနဲ့ Root လုပ်ပေးနိုင်တဲ့ Root Tool တွေကလည်း တော်တော်များများ ရှိကြပါတယ်။ သူ့ဟာနဲ့သူလဲအဆင်ပြေကြပါတယ်။ တချို့ဖုန်းတွေကြတော့လည်း တစ်ချက်နှိပ်ရုံနဲ့ Root လုပ်လို့မရပါဘူး။ အမျိုးမျိုး Root လုပ်ကြရပါတယ်။ အခပ်မသင့်ရင် / အဆင်မသင့်ရင် Firmware တောင်ကျသွားတတ်ပါ တယ်။ တချို့ဆိုရင် BootLoader Unlock Code တောင်းရပါသေးတယ်။ ဒီတော့တစ်ချက်နှိပ်ရုံနဲ့ Root လုပ်လို့ရတဲ့ Tool လေးတွေကလူသုံးများပြီး ပိုစိတ်ချရတယ် ဆိုပါတော့။ UnlockRoot ဆိုတော်တော်လေး ကောင်းပြီးအသုံးများကြပါတယ်။ SRSRoot Tool ကလည်းနာမည်ကြီးပါပဲ။ Super One Click ဆိုတာလဲ Root Tool  လေးပဲ။ ခုတင်ပေးမှာကတော့ Chinese ERoot လေးပါ။ (10.30 MB) ရှိပါတယ်။ ဒီ Tool နဲ့ Root မယ်ဆိုရင် Root နည်းကလဲထုံးစံအတိုင်း၊ Phone မှာ Unknown Source နဲ့ USB Debug လုပ်၊ ဖုန်းကိုကွန်ပျူတာမှာတပ်၊ Driver သိအောင်လုပ်၊ ERoot ကို RUN, Root နှိပ်။ ဒါပါပဲ။ (ထူးခြားတာက Huawei ဖုန်းတွေဆို Bootloader တောင် Unlock Code တောင်းစရာမလိုဘူး။ Sony တွေလဲ တောင်းစရာမလို Root နိုင်ပါတယ်ဗျား)
လိုချင်ရင် အောက်က Link မှာဒေါင်းပါ။

Mediafire

Solidfiles

DropBox

by Myo Min Htun

SONY NEO V (Pattern Lock Delete)

မိတ်ဆွေ တစ်ယောက် သူ့ Sony Neo V လေး Password ကျသွားလို့
ကူညီပေးပါဆိုတာနဲ့ ဒီပိုစ်လေးကို ရေးလိုက်ပါတယ်…
အစဉ်လိုက်အတိုင်း နားလည်နိုင်တဲ့ ပုံစံလေးနဲ့ ရှင်းပြပေးသွားပါမယ်။
အရင်ဆုံး လိုအပ်တာလေးတွေ အရင် Download ဆွဲလိုက်ပါ
ADB Fastboot Tools.zip
Neo V.img
Delete Pattern Lock.zip
Super Su.zip
ကဲအားလုံး Download ဆွဲ လို့ပြီးပြီ စုံပြီဆိုရင် လုပ်ငန်းစကြစို့နော်..
၁။ ADB Tools.zip ဖိုင်ကို အရင်ဖြေလိုက်ပါ ပြီးရင် ဖြေထားတဲ့ ဖိုင်ကို C: သွားထည့်လိုက်ပါ။
၂။ Neov.img ဖိုင်ကိုတော့ C: ထဲက Adb tools ဖိုင်ထဲကို သွားထည့်ထားလိုက်ပါ။
၃။ မမ်မိုရီကဒ် အလွတ်ထဲသို့ Delete Pattern Lock.zip နှင့် Superuser-3.0.7-efghi-signed.zip တို့ကိုထည့်ပြီး ဖုန်းအတွင်း
ထည့်သွင်းထားလိုက်ပါ ဖုန်းကို ပါဝင်ဖွင့်ထားပါ။
၎။ ဖုန်းကို ကွန်ပြုတာ နှင့် စတင် ချိတ်ဆက်ပါ Driver သိသွားပြီဆိုရင်တော့
လုပ်ငန်းစတင်နိုင်ပါပြီ။
၅။ C: ထဲက Adb tools ဖိုင်ထဲသို့ သွားပါ ထိုဖိုင်ထဲတွင် Ahift Key နှင့် Right Click တွဲနှိပ်ပါ
စာတန်းပေါ်လာလျင် Open Comand Window Here ကို နှိပ်ပါ
ဒါဆိုရင်တော့ CMD Box လေး ပေါ်လာပါပြီ။
 ၆။ CMD Box ထဲတွင် adb reboot bootloader ဟုရိုက်ပြီး Enter နှိပ်ပါ။
ထိုသို့ ဆိုလျင် NeoV ဖုန်းသည် Reboot ကျသွားပြီးတော့ မီးရောင်လေးက အပြာရောင်လေး ဖြစ်သွားပါမယ်
ဒါဆိုရင်တော့ Fastmode ၀င်သွားပါပြီ။
၇။ အခုဆိုရင်တော့ Recovery စရေးပါမယ် CMD Box တွင် အောက်ပါ အတိုင်းဆက်ရေးပါ
fastboot boot recoveryNeo.img ဟုရိုက်ပြီး Enter နှိပ်ပါ။
ဖုန်းက Reboot ကျသွားပြီးတော့ Recover Mode CWM ထဲ ရောက်သွားပါမယ်။
အောက်က ပုံအတိုင်းပါ

၈။ CWM ထဲရောက်ပြီဆိုရင်တော့ install zip from sdcard ထဲကိုဝင်ပါ
ခုနက မမ်မိုရီကဒ်ထဲ ထည့်ထားတဲ့ Delete Pattern Lock.zip ကိုရွေးပါ
(Pattern Lock.zip from www.mm-mpxteam.net, Credit to MM-MPX Team)
Install ကိုရွေးပေးပါ။
(ဒီနေရာမှာ ပြောချင်တာလေး တစ်ခုက ကြုံလာတုန်းလေး Root ချင်တယ်ဆိုရင်တော့ မမ်မိုရီကဒ်ထဲ ထည့်ထားတဲ့ Superuser-3.0.7-efghi-signed.zip ပါ
Install zip from sdcard ကနေ Install လုပ်ပေးပါ။)
ပြီးရင်တော့ Reboot system now ကိုရွေးပေးပါ Reboot ကျပြီး ပြန်တက်လာတာနဲ့
သင် သုံးထားတဲ့ ပါစ်ဝါတ် လုံးဝ မရှိတော့ပါဘူး ခင်ဗျာ။
ဒီနည်းလေးထဲက
 Delete Pattern Lock.zip ဟာ တစ်ခြား Android ဖုန်းတွေမှာလဲ အလားတူ အသုံးပြုနိုင်ပါတယ်။
အဆင်မပြေခဲ့ရင် ဖုန်းဆက်မေးမြန်းနိုင်ပါတယ်
thitsankhant@gmail.com

by  thitsankhant

ANDROID 4.2နှင့် အထက် OS များတွင် USB DEBUGGING MODE ကို Enable လုပ်ခြင်း


Nexus 4 မှာ ပါဝင်လာတဲ့ Android 4.2 မှာ USB Debugging Mode ကို Google က ဖွက်ပြီး ဖျောက်ထားတာ တွေ့ရပါတယ်။

Developer တွေအတွက် အဲ့ဒီ option ရမှပဲ အဆင်ပြေမှာ ဖြစ်တဲ့အတွက် USB debugging mode ကို Android 4.2 နဲ့ အထက် OS အသုံးပြုသူတွေအနေနဲ့ အောက်ပါအတိုင်း လုပ်ယူနိုင်မှာ ဖြစ်ပါတယ်။


၁။ “Settings” ထဲကိုသွားပါ။ Home Screen ကနေ Menu button ကို နှိပ်ပြီး “System settings” ကိုရောက်နိုင်ပါတယ်။

၂။ Setting စာမျက်နှာရဲ့ အောက်ဆုံးပိုင်းကို ဆင်သွားမယ်ဆိုရင် “About phone” သို့မဟုတ် “About tablet” ကိုရှာဖွေပါ။

၃။ “About” screen မှာ ရှိတဲ့ “Build number” ကို (၇)ကြိမ်တိုင်တိုင် နှိပ်ယူရမှာ ဖြစ်ပါတယ်။

၎။ အကြိမ်အရေအတွက် ပြည့်သွားတယ်ဆိုရင် “You are now a developer!” ဆိုတဲ့ messageပေါ်လာမှာ ဖြစ်ပါတယ်။

၅။ ယခု အဆင့်ပြီးသွားရင် Setting Page မှာ {} Developer Options ဆိုတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

၆။ အဆင့်အားလုံး ပြီးသွားပြီဆိုရင်တော့ Developer Options အတွင်းမှာ USB Debugging Mode ကို အဖွင့်အပိတ် လုပ်ယူနိုင်ပြီ ဖြစ်ပါတယ်။

by  komaungpauk

Andriod Phone Patten Lock ကို Software သုံးပြီး ဖြေရှင်းနည်း

Andriod Phone Patten Lock ဖြေဖို့အတွက်ကို Software လေးကိုအရင်ဒေါင်းထားလိုက်ပါ ပြီးရင် Pc မှာတင်မယ်ပေါ့...တင်လို့ပြီးရင် အဲဒီ Software လေးကိုဖွင့်ပြီးတော့ phone နဲ့တွဲပေးလိုက်ဗျာ Driver သိနေဖို့တော့လိုတာပေါ့နော် ဒါလေးကမြင်ရမယ့်ပုံလေးပါ



အဲဒါလေးကိုအခုကျွန်တော်ပြောင်းတဲ့နေရာကိုပြောင်းလိုက်ပါ အောက်ကပုံလေးကိုကြည့်ပါ..



အခုမြှားလေးတွေနဲ့ပြထားသလိုလေးပေါ့ Patten Lock လေးကိုနှိပ်လိုက်ပါ

 မျှားပြထားတဲ့အတိုင်းလေးပေါ့နော်...

 ပြီးရင်တော့ သူ့ပုံမှန်အတိုင်း Software လေးကပြန်ဖြစ်သွားပါလိမ့်မယ်...
.ပြီးရင် Phone မှာ ကြိုက်တဲ့ Patten Lock
ပုံစံကို ဆွဲပြီးရင် ဖုန်းကို Pc နဲ့တွဲထားတဲ့ကြိုးကို ဖြုတ်လိုက်လို့ရပါပြီ
ဒါဆိုရင် အခု သင့်ဖုန်းက အခုဆွဲလိုက်တဲ့ Patten Lock ပုံစံဖြစ်သွားပါပြီ အရင်က မေ့နေတဲ့ပုံစံမဟုတ်တော့ပါဘူး ပြောင်းပစ်လိုက်တဲ့သဘောပါဘဲ မကြိုက်ဘူးဆိုရင်တော့လည်းဖြုတ်ပစ်လို့ရနေပြီလေ  အဲဒါနဲ့ Huawei T 8620 ကို Root လုပ်လို့ လည်းရသေးတယ်နော် နောက်လုပ်လို့ရတာတွေလည်းရှိသေးပါတယ် ကလိကြည့်ပေါ့ဗျာနော်
အားလုံးအဆင်ပြေကြပါစေဗျာ.....
Sloidfiles  ;   SOFTWARE DOWNLOAD 
Zippyshare  : SOFTWARE DOWNLOAD 

မင်းမင်း

by komaungpauk

Galaxy Ace2 GTI8160P သမားများအတွက် jellybean 4.1.2 တင်ခြင်း

Galaxy Ace2 gti8160P သမားများအတွက်လည်း  official jellybean 4.1.2 ထွက်ရှိလာပါပြီ… အရင်ဆုံးလိုအပ်တာတွေ ဒေါင်းပါမယ်..
driver ဒေါင်းပြီးရင် ကွန်မှာ သွင်းထားပါ….. firmware ဖိုင်နဲက odin ကို ဇစ်ဖြေပါ ..
firmware ဖိုင် ဇစ်ဖြေရင် အထဲမှာ  tar.md5 ရယ်  SS.DLL  ရယ်နှစ်ဖိုင်ထွက်ပါမယ် …    Odin ကိုဇစ်ဖြေပြီး ကွန်မှာ ရမ်းပါ..  Odin  ရဲ့   PDA မှာ firmware ဇစ်ဖြေထားတဲ့အထဲက  tar.md5 ဖိုင်ကို သွင်းပေးပါ…ကျန်တဲ့ဖိုင် မယူပါ …
ပြီးရင် ဖုန်းကို ပိတ်   download mode ၀င်ပါမယ်..  vol- power  home တွဲနှိပ်ပြီး ၀င်ပါ..  အောက်ပါအတိုင်းဖြစ်ပါမယ် ..
ပထမပုံစံအတိုင်းဖြစ်ရင်  vol+  ဆက်နှိပ်ပါ … ဒုတိယပုံစံအတိုင်းဖြစ်ပါလိမ့်မယ်.. အဲဒါဆိုရင် download modeေ၇ာက်ပါပြီ..
ဖုန်းကို  USB  ကြိုးနဲ့ ကွန်မှာ ထိုးပါ ……   Odin ရဲ့  ID.com အောက်နားမှာ အရောင်လေးသမ်းပါမယ်..
အပေါ်က ပုံစံအတိုင်း  ID.com အောက်မှာ အရောင်သမ်းရင် ဆက်လုပ်ပါမယ် ..အဲလိုမှ မဟုတ်ရင် driver, ကြီုးပြန်စစ် ပြန်သွင်းပါ…
အရောင်သမ်းလာရင်  Odin က  start ခလုတ်ကို နှိပ်လိုက်ပါ … သူ့ဟာသူ အလုပ်လုပ်နေပါလိမ့်မယ်…. ခဏကြာရင်  Odin  မှာ  PASS ပြပါမယ် ….အောက်ပါပုံအတိုင်းပါ ..
အထက်ပါပုံအတိုင်း  PASS ပြရင် ဖုန်းက  auto reboot ကျသွားပါလိမ့်မယ်.. ဖုန်းကို ကွန်ကနေ ဖြုတ်လိုက်ပါ ….. ပါဝါပြန်တက်လာရင်  official jellybean 4.1.2 တင်ခြင်း ပြီးပါပြီ…. ပါဝါတက်လာလို့ samsung logo မှာ ၀ဲလည်လည်ဖြစ်နေရင် ဖုန်းကို  ဓာတ်ခဲ့ဖြုတ်ပါ..ပြီးရင် recovery mode ကို   vol+ power home တွဲနှိပ်ပြီး ၀င်ပါ …..အောက်ပါအတိုင်းဖြစ်နေပါမည်..
wipe data/ factory reset ဆီရောက်အောင် vol  ခလုတ်နဲ့ ရွေ့ပါ .. ရောက်ရင် power ခလုတ်နိပ်လိုက်ပါ …… ပြီးရင်   reboot system now နှိပ်လိုက်ပါ … ပြန်တက်လာရင်  မိမိရဲ့ ဖုန်း   galaxy ace GTI 8160P official jellybean 4.1.2 တင်ခြင်း အောင် မြင်သွားပါပြီ..
Galaxy Ace2 GTI8160 သမားများ jellybean တင်ခြင်းကို         ဒီမှာ              လေ့လာပါ..
အားလုံးပဲ အဆင်ပြေကြပါစေ…
 by Myo Minn Thant

Y200 (U8655) root လုပ်နည်း

images
MMAS မှာ အစ်ကိုတစ်ယောက် တောင်းထားတာတွေ့လိုက်လို့ ရှာပီးတင်ပေးလိုက်တာပါ။
1. fastboot ကို off ထားပါ။
2. USB debugging ကို on ပေးထားပါ။
download
အပေါ်ကကောင်ကို ဒေါင်းပီး sd ကဒ်ထဲထည့်ထားပါ
download
zip ဖြည်ထားပါ အပေါ်ကကောင်ကို ဒေါင်းပီးရင်
ဖုန်းကို ပါဝါပိတ်လိုက်ပါ. battery ကို 5 စက္ကန့်လောက်ခဏ ဖြုတ်ထားပါ
အခုကျွန်တော်တို့ custome recovery ကိုပြောင်းပါ့မယ်
ဖုန်းကို fastboot ၀င်လိုက်ပါ။ fastboot ၀င်ပြီးရင် computer နဲ့ကြိုးထိုးလိုက်ပါ။ computer ကသိပြီဆိုရင်
zip ဖြည်ထားတဲ့အထဲမှာပါတဲ့ bat ဖိုင်လေးကို run လိုက်ပါ။ computer က မသိဘူးဆိုရင်တော့ driver ပြန်စစ်ပါ။
10 15 စက္ကန့်လောက်တော့ကြာပါတယ်။ finish လို့ပေါ်အတဲ့အထိစောင့်ပါ bat ဖိုင်မှာ။
finish လို့ပေါ်လာပီဆိုရင် ကျွန်တော်တို့လိုချင်တဲ့ cwm လေးရလာပါပီ။ အာ့ဆိုရင် root ဖောက်ဖို့အတွက် ဆက်လုပ်ကြပါမယ်။
vol up + power နဲ့ recovery ကိုဝင်လိုက်ပါ။ recovery mode ရောက်ပီဆိုရင် ထုံးစံအတိုင်း ခုနက sd ထဲ ထည့်ထားတဲ့ superuser.zip ကို install ပေးလိုက်ပါ။
ဖုန်းလေးကို reboot ချပီး ပြန်တက်လာရင်တော့ လိုချင်တဲ့ superuser လေးကို အခန့်သားတွေ့မြင်ရမှာပါ။
အားလုံးပဲပျော်ရွှင်ကြပါစေ။ အော်မေ့လို့ ဒါလေးကတော့ အပိုမေတ္တာလက်ဆောင်ပေါ့နော် ဘာတွေလည်းသိချင်ရင် ၀င်ကြည့်လိုက်ပေါ့ :P

by  myanmarmobileapp

android ဖုန်းဆိုင်ရာ အမေးနဲ့အဖြေစုံ

ကျွန်တော့်ရဲ့ဖုန်းက Samsung ဖုန်းပါ။ ကျွန်တော့်ဖုန်းမှာ ဓာတ်ပုံရိုက်တဲ့အခါ ဖုန်းထဲမှာရှိနေတဲ့ Memory Card ထဲမှာ Save လုပ်ပါတယ်။ အရင်တုန်းကတော့ ဓာတ်ပုံရိုက်တဲ့အခါမှာ သိပ်ပြီးပြဿနာရှိပေမယ့် ဓာတ်ပုံတွေကို သိမ်းဆည်းတဲ့အခါမှာတော့ Memory Card ထဲမှာ ဓာတ်ပုံတွေရဲ့ Temp ဖိုင်တွေကျန်ခဲ့ပါတယ်။ ဖုန်းရဲ့ Memory Card ပြည့်လုနီးပါး ဖြစ်သွားတဲ့အချိန်မှာဆိုရင် ဓာတ်ပုံတွေရဲ့ Temp ဖိုင်တွေကိုဖျက်လိုက်ရင် အဆင်ပြေသွားပါတယ်။ ဒါပေမဲ့ ခုနောက်ပိုင်းမှာတော့ Memory Card ဟာခဏလေးနဲ့ ပြည့်ပြည့်သွားပြီး Temp ဖိုင်တွေဟာ ခဏလေးနဲ့ များများသွားပါတယ်။ နောက်ပိုင်းမှာ ဘယ်လောက်အခြေအနေ ဆိုးလာသလဲဆိုရင် ဓာတ်ပုံတစ်ပုံပဲ ရိုက်ရသေးတယ် Temp ဖိုင်က 2GB လောက်ဖြစ်သွားပါတယ်။ အဲဒါဘာကြောင့်ပါလဲ။ ဘယ်လိုလုပ်ရပါမလဲ။ Temp ဖိုင်တွေ အများကြီး ဖြစ်မလာအောင် ဘယ်လိုလုပ်ရင် အဆင်ပြေနိုင်ပါမလဲ။

ဒီလိုအဖြစ်အပျက်မျိုးတွေက Samsung ဖုန်းတွေမှာမှ မဟုတ်ပါဘူး။ အခြား Android OS စနစ်သုံး ဖုန်းတွေမှာဆိုရင်လည်း ဒီလိုမျိုးဖြစ်တတ်ပါတယ်။ ဖုန်းထဲမှာ Temp ဖိုင်တွေများလာပြီး ဖုန်းရဲ့မှတ်ဉာဏ်ဟာ ခဏလေးနဲ့ ပြည့်ပြည့်သွားတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒါကတော့ Wipe Cache Partition ဆိုတဲ့စနစ်ကြောင့် ဖြစ်တတ်ပါတယ်။ ဖုန်းထဲမှာ ဒီလိုမျိုး Temp ဖိုင်တွေ များလာပြီဆိုရင်တော့ SD Card ကို ကွန်ပျူတာနဲ့ချိတ်ပြီး Format လုပ်ထားရင်တောင်မှ ပြန်ပြီးပြည့်လာတတ်ပါတယ်။ ဒါကြောင့်ဖုန်းရဲ့ Recover Mode ထဲမှာရှိနေတဲ့ Wipe Cache Partition ဆိုတဲ့ စနစ်ထဲမှာ သွားပြီးတော့ ဖျက်လိုက်ရင် အဆင်ပြေသွားနိုင်ပါလိမ့်မယ်။ ပြုလုပ်ချင်တယ်ဆိုရင်တော့ Samsung ဖုန်းတွေမှာဆိုရင် ဖုန်းရဲ့ Volume Up Key, Home Key နဲ့ Power Key သုံးခုကို တစ်ပြိုင်နက် ဖိထားလိုက်ရင် ဖုန်းရဲ့ Recover Mode ထဲကို ရောက်ရှိပါလိမ့်မယ်။ အဲဒီထဲမှာ Wipe Cache Partition ဆိုတာရှိပါတယ်။ အဲဒါကိုရွေးချယ်ပြီး နှိပ်လိုက်ပါ။ ဒီနေရာမှာ ဂရုစိုက်ရမယ့် အချက်ရှိပါတယ်။ အဲဒါကတော့ Wipe Cache Partition ဆိုတဲ့စနစ်နဲ့ ကပ်လျက်မှာပဲ Wipe Cache Factory Reset ဆိုတဲ့စနစ်လည်း ရှိနေပါတယ်။ ဒါကြောင့် စနစ်နှစ်ခုကို မှားနှိပ်မိလို့မရပါဘူး။ မှားနှိပ်မိရင် Factory Reset ဖြစ်ပြီး ဖုန်းထဲက အချက်အလက်တွေ အကုန်ပျက်သွားနိုင်ပါတယ်။

ကျွန်တော့်ဖုန်းက Galaxy Note II ဖုန်းပါ။ ဖုန်းမှာ ဘယ်နေရာကို သွားထိမိတယ်မသိပါဘူး။ ဖုန်းတစ်ခုလုံးမှာ မျဉ်းကြောင်းတွေပေါ်နေပါတယ်။ ဖုန်းရဲ့  Setting  ထဲမှာဆိုရင်လည်း  စနစ်တွေအားလုံးကို လေးထောင့်ကွက်တွေ မျဉ်းကြောင်းတွေနဲ့ ဖြစ်နေပါတယ်။ ဒါ့အပြင် Home Screen ပေါ်မှာလည်း Icon တွေကို လေးထောင့်ကွက်တွေနဲ့ ဘောင်ခတ်ထားတာမျိုးတွေ ဖြစ်နေပါတယ်။ ဖုန်းစနစ်တွေအားလုံးကိုဝင်လိုက်တိုင်း မျဉ်းကြောင်းတွေနဲ့ဖြစ်နေပါတယ်။ အဲဒါ ဘာဖြစ်သွားတာပါလဲ။ ဘယ်လိုပြန်လုပ်လို့ရပါသလဲ။ ဖုန်းကတော့ သုံးရတာဘာမှမဖြစ်ပါဘူး။ အားလုံးကောင်းနေပါတယ်။ ဒါပေမယ့် မျဉ်းကြောင်းတွေနဲ့ရှုတ်ယှက်ခက်နေပါတယ်။


Samsung Galaxy Note II ဖုန်းက Android OS Version 4.1 ဖြစ်ပါတယ်။ ဒီဗားရှင်းထဲမှာပါဝင်တဲ့ Show Layout ဆိုတဲ့စနစ်ကြောင့် ဖြစ်နေတာ ဖြစ်နိုင်ပါတယ်။ Show Layout Boundaries ဆိုတဲ့စနစ်ကို အသုံးပြုထားမယ်ဆိုရင် ဖုန်းမှာ အဲဒီလိုမျိုး မျဉ်းကြောင်းတွေ လိုက်ပေါ်နေတတ်ပါတယ်။ ဒါက ဖုန်းကိုဖွဲ့စည်းထားတဲ့ Layout ပုံစံကို ပြသတဲ့ပုံစံမျိုး ဖြစ်ပါတယ်။ ဒီစနစ်ကြောင့် ဖြစ်နေတာဖြစ်နိုင်ပါလိမ့်မယ်။ ဒီစနစ်ကတော့ ဖုန်းတစ်လုံးရဲ့ ဖွဲ့စည်းမှုနေရာတိုင်းမှာရှိနေတဲ့ Layout ပုံစံတွေကို ပြသနေတဲ့အတွက်ကြောင့် Home Screen ပေါ်မှာရှိနေတဲ့ Icon တွေမှာရော Setting ထဲမှာရှိနေတဲ့စနစ်တွေအားလုံးကိုပါ မျဉ်းကြောင်းဘောင်တွေခတ်ပြီး ပြသနေတာဖြစ်ပါတယ်။ ဒီစနစ်ကို ပိတ်ချင်တယ်ဆိုရင်ရပါတယ်။ ပိတ်မယ်ဆိုရင်တော့ ဖုန်းရဲ့ Setting ထဲကိုသွားလိုက်ပါ။ Setting ထဲမှာ Developer Option ဆိုတဲ့စနစ်ရှိပါတယ်။ Developer Option ထဲကို ၀င်လိုက်မယ်ဆိုရင် အဲဒီထဲမှာ Show Layout Boundaries ဆိုတဲ့စနစ် ရှိပါတယ်။ ဒီစနစ်နေရာမှာ အမှတ်ကလေးရှိနေတယ်ဆိုရင် အဲဒီအမှတ်ကလေးကို ဖျက်လိုက်ပါ။ ဒါဆိုရင် ဖုန်းမှာပေါ်နေတဲ့ မျဉ်းကြောင်းတွေ ပျောက်သွားပါလိမ့်မယ်။


 ကျွန်တော့်ရဲ့ဖုန်းက Samsung ဖုန်းပါ။ Android OS Version ကတော့ 4.0.4 နဲ့ဖြစ်ပါတယ်။ ဖုန်းကိုလက်နဲ့ Touch စနစ်ကိုသုံးလိုက်တိုင်း Screen ပေါ်မှာ မျဉ်းကြောင်းတွေ ပေါ်ပေါ်လာပါတယ်။ ပြီးတော့ လက်ထောက်ပြီး ဆွဲလိုက်တဲ့ နေရာတိုင်းမှာလည်း Touch စနစ်နဲ့ စာရေးသလိုမျိုး လက်နဲ့ဆွဲလိုက်တဲ့ မျဉ်းကြောင်းတွေ ပေါ်ပေါ်နေပါတယ်။ အဲဒါဘာဖြစ်တာပါလဲ။ ဘယ်လိုပြန်လုပ်လို့ ရနိုင်ပါသလဲဆိုတာ သိပါရစေ။ အဲဒီလိုဖြစ်နေတဲ့အချိန်မှာ ဖုန်းရဲ့ Screen ထိပ်ဘက်မှာလည်း ဂဏန်းတွေပေါ်နေပြီး မျဉ်းကြောင်းတွေ ရွေ့သွားတဲ့နေရာတိုင်းကိုလိုက်ပြီး အဲဒီဂဏန်းတွေက ပြနေပါတယ်။


Android OS ဖုန်းတွေရဲ့ Screen ပေါ်မှာ မျဉ်းကြောင်းတွေပေါ်နေပြီး လက်နဲ့ဆွဲလိုက်တဲ့ Screen ပေါ်မှာ လက်နဲ့ဆွဲလိုက်တဲ့တစ်လျှောက် လိုက်ပြနေရတာကတော့ ဖုန်းထဲမှာရှိနေတဲ့ Show Pointer Location စနစ်ကို အသုံးပြုထားလို့ ဖြစ်နေတာဖြစ်ပါတယ်။ ဒီစနစ်က Android OS Version 4.0.4 တွေမှာပါဝင်တဲ့ စနစ်တစ်ခုလည်း ဖြစ်ပါတယ်။ Screen ရဲ့ထိပ်ဘက်မှာ ဂဏန်းတွေပြနေပြီး မျဉ်းကြောင်းတွေ ပြသလောက်ကို ဂဏန်းတွေ လိုက်ပြီးရွေ့နေရတာကလည်း ဒီစနစ်ကြောင့်ပဲဖြစ်ပါတယ်။ ဒါကို ဖျောက်လိုက်လို့ရပါတယ်။ Show Pointer Location ဆိုတဲ့စနစ်ကို မှားယွင်းပြီး ထိထားမိတဲ့အတွက်ကြောင့် ဖြစ်လာရတာပါ။ ဒီလိုဖြစ်နေတာကို ဖျောက်ချင်တယ်ဆိုရင်တော့ ပထမဆုံးဖုန်းရဲ့ Setting ထဲကိုဝင်လိုက်ပါ။ ပြီးရင်တော့ အဲဒီထဲက Developer Option ဆိုတဲ့ထဲကို သွားလိုက်ပါ။ Developer Option ထဲမှာ Show Pointer Location ဆိုတဲ့စနစ် ရှိပါတယ်။ အဲဒီနေရာလေးမှာ ကြည့်လိုက်ပါ။ ဘေးနားက Box လေးထဲမှာ အမှတ်ကလေး ပေးထားတယ်ဆိုရင် ဖြုတ်ပေးလိုက်ပါ။ ဒါဆိုရင်တော့ ဖုန်းမှာဖြစ်နေတဲ့ Touch မျဉ်းကြောင်းတွေ ပျောက်သွားပါလိမ့်မယ်။ ဒီစနစ်ဟာ ကိုယ်ကဖုန်းကို Touch စနစ် အသုံးပြုသမျှ နေရာအားလုံးနဲ့ လက်ထောက်သမျှ Point တွေအားလုံးကို ပြသပေးနေတာ ဖြစ်တဲ့အတွက်ကြောင့် ဖုန်းရဲ့ Screen ပေါ်မှာ မျဉ်းကြောင်းတွေ လိုက်ပြနေရတာ ဖြစ်ပါတယ်။


 ကျွန်တော့်ရဲ့ဖုန်းကို အိမ်က ကလေးကဆော့လိုက်ပါတယ်။ ကျွန်တော် ဖုန်းကိုပြန်ကြည့်လိုက်တဲ့အချိန်မှာ ဖုန်းရဲ့ Lock Screen မှာ Pin Lock ဆိုပြီးပေါ်နေပြီး Password တောင်းနေပါတယ်။



Password ကလည်း ဘာမှရိုက်လို့မရဘူးဖြစ်နေပါတယ်။ ဒါ့အပြင် ဖုန်းရဲ့အပေါ်ထိပ်ဘက် Notification နေရာမှာလည်း Sim Card ပုံပေါ်နေပြီး လိုင်းကတော့အပြည့်ဖြစ်နေပါတယ်။ ဒါပေမယ့် Emergency Call ပဲပေါ်နေပြီး ဘာမှနှိပ်လို့မရဘူးဖြစ်နေပါတယ်။ Sim Card ကို ထုတ်ပြီးစမ်းကြည့်တော့ ဟန်းဆက်က ကောင်းပါတယ်။ ဟန်းဆက်က Galaxy Ace ပါ။ ကတ်ကိုထုတ်လိုက်ရင် Password မတောင်းတော့ပါဘူး။ တခြား ကတ်တွေကိုထည့်ပြီးသုံးရင်လည်း အဆင်ပြေပါတယ်။ အဲဒါဘာဖြစ်တာပါလဲ။ ဘယ်လိုလုပ်ရင် ပြန်ကောင်းနိုင်ပါသလဲ။

Samsung Galaxy Ace ဖုန်းမှာ ဖုန်းရဲ့ Lock Screen စနစ်မှာ Pin Lock ဖြစ်ပြီး ဖုန်းရဲ့ Sim Card ပုံလည်း ပေါ်နေတယ်ဆိုရင်တော့ ဒါက ဖုန်းကတ် Lock ကျတယ်လို့ ဆိုနိုင်ပါတယ်။ လိုင်းကအပြည့်ဖြစ်နေတယ်ဆိုတာကလည်း ဖုန်းလိုင်းက Menual ကနေ Digital ဖြစ်သွားပြီး Auto Service ဖြစ်နေလို့ တိုင်အပြည့်ပြနေတာဖြစ်ပါတယ်။ တိုင်ပြည့်နေတာမဟုတ်ပါဘူး။ ပုံမှန်အတိုင်းဆိုရင် ကွန်ရက်ချိတ်နေတဲ့ ဖုန်းတွေရဲ့ လိုင်းဆွဲအားတိုင်နှုန်းဟာ ငြိမ်မနေတတ်ပါဘူး။ အမြဲလှုပ်ရှားနေတတ်ပါတယ်။ တိုင်က အဲဒီလိုမျိုးမလှုပ်တော့ဘဲနဲ့ငြိမ်နေတာဆိုရင် လိုင်းမရှိတော့တဲ့သဘောပါပဲ။ ဟန်းဆက်ထဲကို တခြားကတ်တွေထည့်ပြီး အသုံးပြုတဲ့အချိန်မှာ ရတယ်ဆိုရင်တော့ ဒါက Card Lock ကျတာ သေချာပါတယ်။ Lock ကျနေတဲ့ Sim Card ကို ထည့်လိုက်တဲ့အချိန်မှာ ဖုန်းက Lock ကျနေတယ်ဆိုတာကိုပြနေပြီး Password တောင်းနေတာလည်းဖြစ်ပါတယ်။ ဒီလိုမျိုး Sim Card Lock ကျသွားတယ်ဆိုရင်တော့ Password ကိုသိမှပဲ ပြန်လုပ်လို့ရနိုင်မှာပါ။ အဲဒီလိုမှမဟုတ်ဘူးဆိုရင်တော့ ပြန်လုပ်ဖို့မလွယ်ကူပါဘူး။ ဒါကမြန်မာ့ဆက်သွယ်ရေးမှာသွားပြီး ကတ်အသစ်ပြန်လျှောက်မှပဲ အဆင်ပြေနိုင်ပါလိမ့်မယ်။ မြန်မာ့ဆက်သွယ်ရေးမှာ Card Lock ကျတာကို အသစ်သွားပြန်လျှောက်ရပါလိမ့်မယ်။ ကတ်ပျက်တယ်လို့လည်းဆိုနိုင်ပါတယ်။


Android OS ဖုန်းမှာ မိုဘိုင်းဖုန်း အင်တာနက်စနစ်ကို အသုံးပြုပါတယ်။ ဒီလိုမျိုး 3G အင်တာနက်စနစ်ကို အသုံးပြုတဲ့အခါမှာ ကျွန်တော်က ဖုန်းကနေ WiFi ပြန်လွှင့်ပြီးတော့ Laptop ကနေတစ်ဆင့် ပြန်ပြီးတော့ အသုံးပြုပါတယ်။

ဒီလိုမျိုး WiFi ပြန်လွှင့်ပြီး အသုံးပြုတယ်ဆိုရင် ကိုယ့်ရဲ့ WiFi ကို Password ခံထားရတယ်လို့ ပြောကြပါတယ်။ အဲဒီလိုမျိုး Password မခံထားရင် ကိုယ့်ရဲ့ WiFi ကို ဘေးကလူတွေ ၀ိုင်းပြီးသုံးလို့ ရနေတဲ့အတွက် ကိုယ့်အတွက် လိုင်းဆွဲအားကျတယ်လို့ ပြောပါတယ်။ အဲဒါဟုတ်ပါသလား။ WiFi ကို Password ခံထားချင်ရင် ဘယ်လိုလုပ်ရပါသလဲ။ ကျွန်တော့်ဖုန်းက Android OS Version 4.1.1 ပါ။

မိုဘိုင်းဖုန်း အင်တာနက်စနစ်ဖြစ်တဲ့ 3G အင်တာနက်စနစ်ကို ဖုန်းကနေတစ်ဆင့် WiFi ပြန်လွှင့်ပြီး အသုံးပြုတဲ့နေရာမှာ ကိုယ်အသုံးပြုနေတဲ့ WiFi ကို Password ခံထားသင့်ပါတယ်။ ဘာကြောင့်လဲဆိုရင်တော့ ကိုယ်က WiFi ကို Password မခံထားဘူးဆိုရင် ကိုယ့်ဖုန်းကနေ ထုတ်လွှင့်ထားတဲ့ WiFi ဧရိယာအတွင်းမှာရှိနေတဲ့ Device တွေက ကိုယ့်ရဲ့ WiFi ကို အသုံးပြုလို့ ရနေပါလိမ့်မယ်။ ဒီလိုမျိုး Device တွေစုပြုံပြီး အသုံးပြုနေမယ်ဆိုရင်တော့ ကိုယ့်ဆီမှာ WiFi က Speed ကျဆင်းသွားနိုင်ပါတယ်။ Android OS Version 4.1.1 မှာ WiFi အတွက် Password ခံထားချင်တယ်ဆိုရင်တော့ ပထမဆုံးအနေနဲ့ Setting ထဲက More ထဲကိုသွားပါ။ More ထဲက Tethering and portable hotspot ဆိုတာကို တွေ့ရပါလိမ့်မယ်။ Tethering and portable hotspot ဆိုတဲ့ထဲကို ထပ်ဝင်လိုက်ပါ။ ဒါကတော့ ကိုယ့်ဖုန်းရဲ့ 3G စနစ်ကို WiFi အဖြစ် ပြန်လွှင့်ပေးတဲ့ စနစ်နေရာပဲဖြစ်ပါတယ်။ ဒီထဲမှာမှ Portable WiFi Hotspot ဆိုတာရှိပါတယ်။ အဲဒါကို နှိပ်လိုက်ပါ။ ဒါဆိုရင်တော့ နောက်ထပ်စာမျက်နှာတစ်ခုကို မြင်တွေ့ရမှာဖြစ်ပြီး အဲဒီစာမျက်နှာရဲ့ အောက်ဘက်မှာ Allowed Devices နဲ့ Configure ဆိုတဲ့ စနစ်နှစ်ခုကို မြင်တွေ့ရပါလိမ့်မယ်။ ဒီထဲကမှ ကိုယ်က Password စနစ်ကို အသုံးပြုချင်တယ်ဆိုရင်တော့ Configure ဆိုတာကို နှိပ်လိုက်ပါ။ ဒါဆိုရင်တော့ ကိုယ့်ဖုန်းရဲ့ Network  SSID တွေ၊ Security တွေအပြင် Password စနစ်တွေကိုပါ မြင်တွေ့ရမှာဖြစ်ပါတယ်။ ဒီနေရာမှာ ကိုယ့်စိတ်ကြိုက် Password စနစ်ကို အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ဒါကတော့ Android OS Version အားလုံးအတွက်မဟုတ်ဘဲ Version 4.1.1 နဲ့ 4.1.2 တွေအတွက်ပဲ ပြုလုပ်ရမယ့် လုပ်ဆောင်ချက် အဆင့်ဆင့်ဖြစ်ပါတယ်။ အခြားဗားရှင်းတွေနဲ့ လုပ်ဆောင်ချက်ခြင်း မတူညီပါဘူး။

 ကျွန်တော့်ဖုန်းက Samsung Galaxy SIII ဖုန်းပါ။ ဖုန်းထဲမှာပါတဲ့ Drop Box စနစ်ကို အသုံးပြုချင်ပါတယ်။ Dropbox စနစ်ကို အသုံးပြုတဲ့နေရာမှာ အကောင့်လုပ်ရမယ်လို့ ပြောပါတယ်။ အကောင့်လုပ်တဲ့နေရာမှာ Email လို့ရေးထားတာ တွေ့ပါတယ်။ အဲဒီလိုမျိုး အကောင့်လုပ်တဲ့အခါမှာ ကိုယ့်ရဲ့ Gmail နဲ့ပဲ အကောင့်လုပ်လို့ ရနိုင်ပါသလား။ ပြီးတော့ အကောင့်လုပ်တဲ့နေရာမှာ Gmail နဲ့ပဲ လုပ်လို့ရတယ်ဆိုရင် password ပေးတဲ့နေရာမှာရော Gmail ရဲ့ပက်စ်ဝက်ဘ်ကိုပဲ ပေးရမှာပါလား။ အဲဒါလေးသိပါရစေ။

Samsung Galaxy SIII ဖုန်းမှာပါတဲ့ Dropbox စနစ် အသုံးပြုချင်တယ်ဆိုရင် အသုံးပြုလို့ ရနိုင်ပါတယ်။ Dropbox ကိုအသုံးပြုချင်တယ်ဆိုရင် အကောင့်လုပ်ရမယ်ဆိုတာလည်း ဟုတ်ပါတယ်။ အွန်လိုင်း အသုံးပြုနိုင်ဖို့အတွက်လည်း WiFi ဒါမှမဟုတ် မိုဘိုင်းဖုန်းအင်တာနက်စနစ် တစ်ခုခုကိုလည်း လိုအပ်ပါတယ်။ အကောင့်လုပ်တဲ့နေရာမှာတော့ Email လို့ရေးထားပေမယ့် Gmail လိပ်စာတွေနဲ့ လုပ်လို့ရပါတယ်။ Gmail အကောင့်နဲ့ပဲ လုပ်တဲ့နေရာမှာလည်း password ပေးတဲ့နေရာမှာ ကိုယ့်ရဲ့ Original Gmail password ကိုပေးဖို့ မလိုအပ်ပါဘူး။ ကိုယ်အသုံးပြုချင်တဲ့ နောက်ထပ် password အသစ်ကို ပေးလို့ရနိုင်ပါတယ်။

 Android OS ဖုန်းမှာအသုံးပြုဖို့အတွက် ဂိမ်းတွေကို 1Mobile Market ကနေ Download ဆွဲပါတယ်။ ဒါပေမဲ့ ဖုန်းထဲကို Download ဆွဲပြီးထည့်ထားတဲ့ ဂိမ်းတွေ ကစားလို့မရဘူး ဖြစ်နေပါတယ်။ အဲဒါဘာဖြစ်တာပါလဲ။ အချို့ဂိမ်းတွေဆိုရင်လည်း အွန်လိုင်းတောင်းနေပါတယ်။ အဲဒါလေးသိပါရစေ။

Android OS ဖုန်းတွေအတွက် ဂိမ်းတွေကို 1Mobile Market ကနေ Download ပြုလုပ်တဲ့အခါမှာ ဖိုင်တွေကိုသေချာစစ်ဆေးပြီးမှ Download ပြုလုပ်သင့်ပါတယ်။ ဘာကြောင့်လဲဆိုရင်တော့ ကိုယ်ရှာဖွေတဲ့ ဂိမ်းတစ်ခုအတွက် စုံလင်တဲ့ဖိုင်တွေကို သူကထုတ်ပေးမှာဖြစ်တဲ့အတွက် တကယ်ဂိမ်းကစားနိုင်မယ့် App ဖိုင်ကို ရယူနိုင်ဖို့အတွက်တော့ လိုအပ်ပါလိမ့်မယ်။ အချို့ဖိုင်တွေက ဂိမ်းအတွက်ပေးထားတဲ့ Wallpaper လိုမျိုး ဓာတ်ပုံဖိုင်တွေဖြစ်ပြီး အချို့ဖိုင်တွေကတော့ အွန်လိုင်းကနေချိတ်ဆက်ပြီး အွန်လိုင်းစနစ်နဲ့ ကစားရမယ့် ဖိုင်တွေဖြစ်နေတဲ့အတွက် ဒါတွေကို သေချာဂရုစိုက်ရပါလိမ့်မယ်။ ဂိမ်းကစားဖို့ အတွက်လည်း ဂိမ်းဖိုင်တွေရှိပါတယ်။ ဖိုင်ရဲ့အရွယ်အစားကို ကြည့်ပြီးတော့မှပဲ Download ပြုလုပ်သင့်ပါတယ်။

 Huawei Ascend G300 ဖုန်းမှာ အသုံးပြုလို့ ရတယ်လို့ပြောတဲ့ Beat Music ဆော့ဖ်ဝဲကို Download လုပ်ပြီး ဖုန်းထဲကို ထည့်လိုက်ပါတယ်။ ဆော့ဖ်ဝဲကို ထည့်ပြီးသွားတဲ့အချိန်မှာ ဖုန်းကို Restart ချဖို့ပြောလို့ Restart ချလိုက်တာ ဖုန်းက Firmware ပြန်တက်မလာတော့ပါဘူး။ အဲဒါဘာဖြစ်သွားတာပါလဲ။ Huawei ဆိုတဲ့ စာတန်းနားထိပဲတက်ပြီး ဆက်မပေါ်လာတော့ပါဘူး။ ဘယ်လိုပြန်လုပ်လို့ ရနိုင်ပါမလဲ သိပါရစေ။

 
Huawei ဖုန်းအချို့မှာ ခုလိုမျိုး ဆော့ဖ်ဝဲ မှားယွင်းထည့်သွင်းခြင်းတွေကြောင့် အခက်အခဲနဲ့ ပြဿနာတွေ ဖြစ်လာတတ်ပါတယ်။ ဒါကတော့ ဖုန်းရဲ့ Kernal Version တွေ၊ ဖုန်းရဲ့ Firmware တွေ ROM တွေနဲ့ မကိုက်ညီတဲ့ ဆော့ဖ်ဝဲတွေကို ထည့်သွင်းမိတဲ့အတွက်ကြောင့် ဖြစ်လာတာဖြစ်ပါတယ်။ ဆော့ဖ်ဝဲတစ်ခုကို မှားယွင်းထည့်သွင်းမိတဲ့အခါမှာ ဖုန်းရဲ့ Firmware ကျသွားတာမျိုးတွေထိ ဖြစ်တတ်ပါတယ်။ ဒါက ပြန်လည်ပြုလုပ်လို့ ရနိုင်မယ်မရနိုင်တော့ဘူးဆိုတာကတော့ ဖုန်းရဲ့ ဖြစ်စဉ်အခြေအနေပေါ်မှာ မူတည်ပါသေးတယ်။ ပထမဆုံးဖုန်းရဲ့ Boot Setting ထဲဝင်ပြီး ဖုန်းကို Factory Reset လုပ်ကြည့်လိုက်ပါ။ ပြီးရင်တော့ Reboot ပြန်ခေါ်ပြီး ကြည့်လိုက်ပါ။ ဒီအခြေအနေထိမှ ဖုန်းရဲ့ Firmware ကတက်မလာဘူးဆိုရင်တော့ ဖုန်းကို Firmware အသစ် ပြန်ရေးရမှာဖြစ်ပါတယ်။ Firmware အသစ်ပြန်ရေးတယ်ဆိုတဲ့ နေရာမှာလည်း ကိုယ့်ရဲ့ ဖုန်းက Download Mode ပေါ်သေးလား၊ မပေါ်တော့ဘူးဆိုတာပေါ်မှာ မူတည်ပါသေးတယ်။ Download Mode ပေါ်သေးတယ်ဆိုရင်တော့ Firmware အသစ်ပြန်တင်လို့ ရနိုင်ပါသေးတယ်။ ဖုန်းရဲ့ဖြစ်ပျက်မှုက Download Mode ပါ မပေါ်တော့ဘူးဆိုရင်တော့ ဖုန်းကို Firmware အသစ်ပြန်တင်ဖို့တောင် ခက်ခဲသွားနိုင်ပါတယ်။ Download Mode မပေါ်တော့ဘူးဆိုရင်တော့ ဖုန်းကို ခွာပစ်ရမယ့်အခြေအနေထိ ဖြစ်လာနိုင်ပါတယ်။ ဒါတောင်မှ Huawei တွေမှာ အဆင်ပြေနိုင်မယ် မပြေနိုင်ဘူးဆိုတာကို တိတိကျကျပြောနိုင်ဖို့ မလွယ်ကူပါဘူး။ ဒါကြောင့် ဖုန်းကို Factory Reset လုပ်ကြည့်ပါ၊ မရရင်တော့ Download Mode ခေါ်ကြည့်ပါ။ ဒါဆိုရင်တော့ ပြန်လုပ်လို့ရနိုင်မယ်၊ မရနိုင်ဘူးဆိုတာ သိရမှာဖြစ်ပါတယ်။


 Sony Ericsson ဖုန်းမှာ ဖုန်းကသုံးနေရင်းနဲ့ ဘာဖြစ်သွားလဲမသိပါဘူး။ ပါဝါပိတ်သွားပါတယ်။ ပြီးတော့ ပြန်ဖွင့်တော့ ခဏလေးပြန်လာပါတယ်။ ပြီးတော့ ပြန်ပိတ်သွားပါတယ်။ နောက်ပြီးတော့ လုံးဝဖွင့်လို့မရတောပဲ မီးအနီးလေးပဲ လင်းနေပါတယ်။ ဘာမှလုပ်လို့ မရတော့ပါဘူး။ အဲဒါဘာဖြစ်တာပါလဲ။ ပြန်ပြီးပြုပြင်လို့ ရနိုင်ပါသေးသလား။

Sony Ericsson ဖုန်းတွေမှာ ပါဝါပိတ်သွားပြီး ပြန်မပွင့်တော့ဘဲ မီးနီလေးပဲ လင်းနေတယ်ဆိုရင်တော့ ဒါကပြန်လည်ပြုပြင်နိုင်ဖို့ ခက်ခဲနိုင်ပါတယ်။ ဘာကြောင့်လဲဆိုရင်တော့ ဒီလိုပြဿနာမျိုးက ဟိုးအရင်ကတည်းက ရှိခဲ့ဖူးပါတယ်။ Sony Ericsson ဖုန်းတွေမှာ ပါဝါသေသွားရင် လုံးဝဘာမှမလာတော့ဘဲနဲ့ သေသွားတာမျိုးနဲ့ မီးနီလေးပဲလင်းနေပြီး ဖုန်းက ပါဝါမလာတော့တာမျိုး ရှိပါတယ်။ ဘာမှမလင်းတော့ဘူးဆိုရင်တော့ ဒါက ဖုန်းထဲက Hardware ပိုင်းဆိုင်ရာ တစ်ခုခုချွတ်ယွင်းသွားလို့ ဖြစ်နိုင်တယ်လို့ ကျွမ်းကျင်သူတွေကပြောကြပါတယ်။ မီးနီလေးပဲ လင်းတော့တယ်ဆိုရင်တော့ ဒါကဖုန်းရဲ့ Hardware ကဖြစ်တာဖြစ်နိုင်သလို ဆော့ဖ်ဝဲပိုင်းက ဖြစ်တာလည်းဖြစ်နိုင်ပါတယ်။ Hardware ပိုင်းက ဖြစ်တာဆိုရင်တော့ ဒါက အိုင်စီနဲ့သက်ဆိုင်လိမ့်မယ်လို့ ဆိုကြပါတယ်။ အိုင်စီပျက်သွားရင် ဒီလိုပဲ ပါဝါပေးနှုန်း မမှန်တော့တာမျိုး ဖြစ်တတ်ပါတယ်။ ဆော့ဖ်ဝဲပိုင်းက ဖြစ်တာဆိုရင်တော့ ပြုလုပ်ဖို့ခက်ခဲတယ်လို့ ပြောကြပါတယ်။ Hardware ပိုင်းဖြစ်တာဆိုရင်တော့ အိုင်စီပိုင်းကို စစ်ဆေးလိုက်ပြီး အသစ်ပြန်လဲရမယ်ဆိုရင်လည်း လဲလို့ရနိုင်ပါတယ်။ ဒါပေမယ့် ဒီနေရာမှာ တစ်ခုပြောချင်တာကတော့ ဖုန်းထဲက Hardware တစ်ခုခုကိုဖြုတ်ပြီး အသစ်ပြန်လဲလိုက်ပြီဆိုရင်တော့ ဖုန်းက နဂို Original အတိုင်း ပြန်ကောင်းနိုင်ဖို့၊ မကောင်းနိုင်ဖို့ မသေချာပါဘူး။ ဘာဖြစ်လို့လဲဆိုရင်တော့ ဖုန်းထဲကအိုင်စီကို ဖြုတ်လဲတယ်ဆိုရင်တောင် ဖုန်းတွေရဲ့ ဆားကစ်ပြားတွေက စက်တွေနဲ့ပြုလုပ်ထားတာ ဖြစ်တဲ့အတွက် ပြည်တွင်းက ဆားဗစ်သမားတွေက လက်နဲ့ပြန်ပြီး ခဲဆော်တာတို့ ဖြုတ်တာတို့လုပ်ရတဲ့အခါမှာ အခက်အခဲတွေရှိပါတယ်။ ဒါကြောင့် ပြန်လည်တပ်ဆင်တဲ့အခါမှာဆိုရင်လည်း အခက်အခဲရှိပါတယ်။ ပစ္စည်းအသစ် လဲလိုက်တဲ့ဖုန်းတွေမှာဆိုရင် ပါဝါသုံးစွဲမှုနှုန်း အနည်းငယ်ကွာဟသွားတာမျိုးတွေလည်း ဖြစ်တတ်ပါတယ်။ ဒါကြောင့် ပြုပြင်ချင်တယ်ဆိုရင် ပြုပြင်လို့ရနိုင်ပေမယ့် ဖြစ်လာမယ့် အကျိုးဆက်လေးတွေတော့ အနည်းငယ်ရှိနေပါတယ်။

 Samsung Galaxy SII ဖုန်းကို Android OS ပြောင်းလဲထည့်သွင်းကြည့်တာ မရဘူးဖြစ်နေပါတယ်။ ဖုန်းအတွက်လိုအပ်တဲ့ OS ဖိုင်ကိုလည်း Download လုပ်ထားပါတယ်။ Odin ဆော့ဖ်ဝဲကိုလည်း ထည့်ထားပါတယ်။ ဒါပေမဲ့ ကွန်ပျူတာနဲ့ချိတ်ပြီး Odin ဆော့ဖ်ဝဲကို ဖွင့်လိုက်ပေမယ့် Odin က ဖုန်းကိုချိတ်ထားတာကို မသိဘူးဖြစ်နေပါတယ်။ Odin ထဲမှာလည်း ဖုန်းရဲ့ ROM က မပေါ်ဘူးဖြစ်နေပါတယ်။ ROM ကိုနှိပ်ပြီးကြည့်တော့လည်း ကျွန်တော် Download ဆွဲထားတဲ့ Firmware ဖိုင်ကိုလည်း Odin ထဲမှာ မမြင်ရဘူးဖြစ်နေပါတယ်။ Firmware ဖိုင်ကတော့ ကွန်ပျူတာထဲမှာ ရှိနေပါတယ်။ ဒီတိုင်းကြည့်ရင် မြင်ရပြီး Odin ထဲကနေ Browse လုပ်ပြီးကြည့်ရင် မမြင်ရဘူးဖြစ်နေပါတယ်။ အဲဒါဘာကြောင့်ပါလဲ။

 Samsung Galaxy SII ဖုန်းအတွက် Android OS ပြောင်းလဲထည့်သွင်းတဲ့နေရာမှာ လိုအပ်ချက်တွေကို ဖော်ပြပေးခဲ့ဖူးပါတယ်။ ကိုယ်ထည့်သွင်းမယ့် OS ROM ဖိုင်၊ Odin ဆော့ဖ်ဝဲတွေ လိုအပ်တယ်လို့ ပြောခဲ့ပါတယ်။ ဒါတွေပြည့်စုံနေလျက်နဲ့ မရဘူးဆိုရင်တော့ ပြန်လည်ဆန်းစစ်ရပါမယ်။ ပထမဆုံးအနေနဲ့ ဖုန်းကို Download Mode ခေါ်ပြီး ကွန်ပျူတာမှာချိတ်ပါ။ ပြီးရင်တော့ Odin ဆော့ဖ်ဝဲကို ဖွင့်လိုက်ပါ။ ဒီနေရာမှာ Odin ထဲမှာ ဖုန်းချိတ်ထားတာကို မသိဘူးဖြစ်နေတယ်ဆိုရင်တော့ ဖုန်းရဲ့ USB စနစ်နေရာကို စစ်ဆေးရပါမယ်။ USB ကိုစစ်ဆေးတဲ့နေရာမှာ ကွန်ပျူတာမှာဖုန်းရဲ့ USB က Data D, Data E အစရှိသဖြင့် မပေါ်ဘဲနဲ့ i9100 ဆိုပြီးပဲ ပေါ်နေတယ်ဆိုရင်တော့ ဒါက Samsung Driver လိုအပ်နေတာဖြစ်ပါတယ်။ Driver run လိုက်ပြီး ပြန်ချိတ်ကြည့်လိုက်ရင် အဆင်ပြေနိုင်ပါလိမ့်မယ်။ Driver ထည့်သွင်းပြီး Odin နဲ့ပြန်ချိတ်ကြည့်တဲ့အခါမှာ ဖုန်းရဲ့ ROM ကိုမြင်ရပြီဆိုရင်တော့ ရပါပြီ။ ဒုတိယတစ်ခုဖြစ်တဲ့ ဖုန်းထဲကိုထည့်သွင်းမယ့် ကိုယ့်ရဲ့ Firmware ဖိုင်ကို မမြင်ရဘူးဆိုတာကလည်း Driver မရှိရင် ဖြစ်တတ်တဲ့ပြဿနာပါပဲ။ တစ်ခါတစ်ရံမှာတော့ ကိုယ်ဆွဲထားတဲ့ Firmware Download ဖိုင်ရဲ့ File Format ဟာ ကိုယ့်ရဲ့ကွန်ပျူတာကမသိတဲ့ Format မျိုးဖြစ်နေတယ်ဆိုရင်လည်း ဒီလိုမျိုး မမြင်ရတာမျိုး ဖြစ်တတ်ပါတယ်။ Firmware ဖိုင်ဟာ Zip ဖိုင်ဖြစ်နေတယ်ဆိုရင်လည်း တစ်ခါတစ်ရံမှာ မမြင်ရတတ်ပါဘူး။ Zip ဖိုင်ဆိုရင် ပြန်ဖြည်လိုက်ပါ။ ဒါဆိုရင် အဆင်ပြေသွားပါလိမ့်မယ်။

Samsung Galaxy S ဖုန်းကို Android OS Version 4.0.4 ကိုမြှင့်တင်လိုက်တာ ဖုန်းက Security စနစ်တွေ ဘာမှအသုံးပြုလို့ မရတော့ဘူးဖြစ်နေပါတယ်။ အဲဒါဘာကြောင့်ပါလဲ။ ဘယ်လိုလုပ်ရင် Security စနစ်တွေကို အသုံးပြုလို့ ရနိုင်ပါမလဲ။ Screen Lock စနစ်တွေနဲ့ အခြား Screen Pattern Lock, Screen Pin Lock စနစ်တွေ ဘာကိုမှ အသုံးပြုလို့မရဘူး ဖြစ်နေပါတယ်။ ပြီးတော့ ဖုန်းထဲမှာအစက Proximity Talk ဆော့ဖ်ဝဲကို အသုံးပြုထားပါတယ်။ ဗားရှင်းတင်လိုက်ပြီးတော့ ဒီဆော့ဖ်ဝဲက အသုံးပြုလို့မရတော့ဘူး ဖြစ်နေပါတယ်။ ဆော့ဖ်ဝဲကို ဖွင့်လိုက်တာနဲ့ ဖုန်းက ဟန်းနေပါတယ်။ အဲဒါဘာကြောင့်ပါလဲ။

Samsung Galaxy S ဖုန်းကို ICS တင်လိုက်ရုံနဲ့ ဒီလိုဖြစ်သွားတယ်ဆိုရင်တော့ ဒါက ဖုန်းနဲ့မသက်ဆိုင်ပါဘူး။ ဖုန်းထဲကို ထည့်သွင်းလိုက်တဲ့ OS ရဲ့ဗားရှင်း ဒါမှမဟုတ်ရင် OS ရဲ့ Error အစရှိတဲ့ အချက်တွေနဲ့ပဲ သက်ဆိုင်နိုင်ပါတယ်။ ICS ရဲ့ အချို့ဗားရှင်းတွေမှာ ဒီလိုမျိုးတွေရှိတတ်သလို အချို့ဖုန်းတွေမှာဆိုရင်လည်း ICS နဲ့ လုံးဝအဆင်မပြေတာမျိုး တွေ့ရတတ်ပါတယ်။ အချို့ Samsung Galaxy SII ဖုန်းအချို့မှာလည်း ဒီလိုပြဿနာမျိုးကို မြင်ဖူးပါတယ်။ ဖုန်းရဲ့ Screen Lock စနစ်တွေကို ဘယ်လိုမှ အသုံးပြုလို့မရတော့ဘဲနဲ့ ဖုန်းက Security စနစ်တွေ အလုပ်မလုပ်တာမျိုး ရှိပါတယ်။ ဒါ့အပြင် ဖုန်းမှာ ဒီလိုဖြစ်နေတယ်ဆိုရင် ဖုန်းကို ပါဝါပိတ်ကြည့်လိုက်ပါ။ ပါဝါပိတ်တဲ့အချိန်မှာ Android OS ဖုန်းတွေရဲ့ထုံးစံအတိုင်း Airplain Mode လုပ်မလား၊ Silent Mode လုပ်မလား၊ ပါဝါပိတ်မလား အစရှိသဖြင့် မေးတာမျိုး မတွေ့ရတော့ဘဲ YES or NO မရှိတော့ဘဲ တိုက်ရိုက်တန်းပြီး ပါဝါပိတ်သွားတာမျိုး ဖြစ်တယ်ဆိုရင်တော့ ဒါက OS နဲ့ဖုန်းနဲ့က အဆင်မပြေလို့ဖြစ်နေတယ်ဆိုတာ သေချာပါပြီ။ ဒါဆိုရင်တော့ နောက်ထပ် ICS OS Version အသစ်တစ်ခုကို ပြောင်းလဲအသုံးပြုသင့်ပါတယ်။ ဒါမှပဲ ကိုယ်အသုံးပြုချင်တဲ့ စနစ်တွေကို အကောင်းဆုံး အသုံးပြုနိုင်မှာဖြစ်ပါတယ်။ Proximity Talk ဆော့ဖ်ဝဲကို အသုံးပြုလို့ မရတာကလည်း OS နဲ့ဖုန်းနဲ့ အဆင်မပြေလို့ဖြစ်တဲ့ OS Error ကြောင့် ဖြစ်နိုင်ပါလိမ့်မယ်။ အချို့ OS တွေမှာ ပြင်ပကနေ ထည့်သွင်းအသုံးပြုတဲ့ဆော့ဖ်ဝဲ Application တွေကို အသုံးပြုလို့မရတဲ့ အခက်အခဲတွေလည်း ရှိပါတယ်။ ဒါမျိုးကတော့ အများစုအနေနဲ့ Custom ROM တွေမှာပဲ အဖြစ်များတတ်ပါတယ်။ Official ROM တွေမှာတော့ ဒီလိုအဖြစ်မျိုး ရှားပါတယ်။


by ကိုသက် 

တစ်သောင်းတန် ဖုန်းကတ်ကို ပိုက်ဆံမကုန်အောင် ဟတ်နည်း(သယ်ရင်းတော်တော်များများ လုပ်တတ်ကြမှာပါ)




သူငယ်ချင်းများအသုံးပြုနေကြတဲ့ မိုဘိုင်း ဖုန်းများတွင်ထည့်သွင်းအသုံးပြုလာရသည့် တစ်သောင်းတန် ကတ် များကို ဟတ်မယ်
ဆိုရင်တော့ ပထမဆုံး..... ငွေကတ်ဖြည့်ရင် *123*ရိုတ်ရမဲ့နေရာမှာ *123* ရဲ့ရှေ့မှာ မိမိဖုန်းနံပါတ်ကို အရင်ဦးဆုံး
ရိုတ်ထည့်လိုက်ပါ....ဦးစားပေးစဉ်းစားရမှာတစ်ခုက နံပါတ်တွေများနေတဲ့အတွက် မမှားအောင်ဂရုစိုက်ရမှာပဲဖြစ်ပါတယ်......
ကျွန်တော်ပြောတာရှုပ်နေရင် ပြန်ပြောပြပါ့မယ်.... *123*......passwod........# ဆိုတာဖုန်းကတ်သွင်းတိုင်း ရိုတ်ရတာ ထုံးစံပါ...
ကျွန်တော်ပြောချင်တာက *123*......passwod........# ရဲ့ရှေ့မှာ မိမိဖုန်းနံပါတ် ကို 09........ ဆိုပြီးရိုတ်ထည့်ပြီး ဖုန်းတစ်ခါ ဆက်ပြီးတိုင်း
09........*123*......passwod........#ကိုခေါ်ဖို့မမေ့ပါနဲ့...အဲဒါဆိုရင်တော့ ဖုန်းမခေါ်ခင်ထဲက မိမိဖုန်းထဲမှာ ရှိတဲ့ ပိုက်ဆံကို နဂိုမူလ
အတိုင်း ဆက်လက်ကျန်ရှိနေမှာဖြစ်တယ်လို့ မနေ့က  ထဲကအကြောင်းကိုဖောက်သည်ပြန်ချလိုက်ရပါတယ်

by androidlulin

ဖုန်းဖြင့် အင်တာနက် အသုံးစရိတ်အား မကျအောင်ပြု့ လုပ်နည်း

http://img.wonderhowto.com/img/98/25/63478911316828/0/have-nfc-enable-phone-hack-could-hijack.w654.jpg

ဒီနည်းလေးက လွန်ခဲ့တဲ့ ၂ ပတ် လောက်က ကျွန်တော် ဖုန်း error လေးတစ်ချို့ ကနေ ဆက်ဆက် တွေးမိသွားတာဖြစ်ပါတယ်..
အခုဆိုရင် MPT (ဆက်သွယ်ရေး) လိုင်းအား တိုက်ခိုက်မူများဖြစ်ပေါ်နေပါတယ်.. လွန်ခဲ့တဲ့ လအနည်းငယ်က ဖုန်း ဘေလ် စနစ်အား ပို မို ဖျက်တောက်မှုများဖြစ်ခဲ့ပါတယ်.. ဥပမာ ၁မိနစ် ၅၀ ကျပ်အား ၁၀မိနစ်လျှင် ၂၀၀၀ လောက်ကို ငွေဖျက်ချသွားပါတယ်..
ဒီလိုနဲ့  ဆက်သွယ်ရေးမှ တာဝန်ရှိသူတစ်ချို့ ပြောတာကတော့ သူတို့ မှာ ဖုန်းဘေလ် ကုန်ကျမှုကို တွက်ချက်သောစနစ်မှာ မှားယွင်း မူ တစ်ချို့ ရှိနေခဲ့တယ်လို့ သိရှိလိုက်ရပါတယ်.. လွယ်လွယ်ပြောရင် စက်တွေကစုတ်ပြီး ကြောင်ကျား ဖြစ်နေ
တယ်ပေါ့ဗျာ... ကျွန်တော် စတင်တွေး မိတာက ဖုန်းကို ငွေဖျက် စနစ်တောင် error တွေရှိနေတယ်ဆိုတော့ တစ်ခြားတွေမှာလဲ အယ်ရာတွေရှိနိုင်တယ်ဆိုတာပါဘဲ။ စတင် စမ်းသပ်တုန်းက တစ်ခြား ပာာပါ ဒါပေမယ့် တစ်နေ့ မှာတော့ ကျွန်တော် ဖုန်းကို Computer နဲ့ ချိတ်ဆက်ပြီး အင်တာနက်အသုံးပြု့ နေချိန်မှာ ဖုန်းက ပါဝါကုန်ပြီး ပိတ်သွားခဲ့ပါတယ်.. ကျွန်တော်ပိန်းချက် ဘာမှန်းမသိညာမှန်းမသိနဲ့ .. SIM Card တွေဘာတွေထုတ်ကြည့် မိပါသေးတယ်.. နောက်ပြီး ကျွန်တော် ဘတ်ထရီ ကုန်တယ်ထင်ပြီးအားပြန်သွင်းကာ သူငယ်ချင်းတစ်ယောက်အား ဖုန်းဆက်ရင် ဖုန်းဘေလ် မည်မျှရှိမည်ကို ကြည့်မိချိန်မှာတော့ အားအား သင့်စရာတစ်ခု ၇ှိလာပါတယ်တစ်ခြားမပာုတ်ပါဘူး ။ ကျွန်တော် အင်တာနက် မသုံးခင်က ဖုန်းတွင်းရှိငွေပာာ 600 ကျော်လေးဘဲကျန်ပါတယ်.. ၂နာရီလောက်သောက်ပြီး ပြန်ကြည့်ချိန်မှာ ၆၀၀ ကျော်ပါဘဲ.. ဒါနဲ့ စတင် အယ်ရာ ကို ရှာဖွေပါတော့တယ်..
ကျွန်တော်ယောင်ဝါးဝါး ပါဘဲ ဒါပေမယ့် လွန်ခဲ့တဲ့ရက်အနည်းငယ်က facebook မှာ အစ်ကိုတစ်ယောက်က အခုနည်းကို လာပြောပြတော့ ကျွန်တော်ပြန်သိလိုက်ရတာက ဒါလုပ်လိုက်လို့ ဒီလိုဖြစ်သွားတယ်ဆိုတာပါဘဲ..
ကျွန်တော့ဖုန်းက GSM ပါ ကျွန်တော်လက်ရှိသုံးနေတဲ့အမျိုးအစားက Samsung ဖုန်းပါ ပုံလေးတည်းကဖုန်းနဲ့ တူတူပါဘဲ.. ကျွန်တော်တို့  မှာ တစ်နေ့ တစ်နေ့ ဘလော့ တင်ဖို့  ဖုန်းကနေ အင်တာနက် အသုံးစရိတ်ကုန်ကျမှုများပါတယ်.. ဒီလို မကုန်ကျရအောင်ဒီနည်းလေးကို မျှဝေပေးလိုက်ပါတယ်..
အရင်ဆုံး သင့် ဖုန်းနဲ့  ကွန်ပျူတာကို အင်တာနက် ကွန်နရှင် ချိတ်ဆက်ပေးပါ..
ပြီးရင် ၀အောင် သုံးပါ..သုံးလို့ ဝပြီဆိုရင်တော့ Disconnet လို့ မလုပ်ပါနဲ့ .. ဖုန်းကို ဘတ်ထရီ ဖြုတ်လိုက်ပါ.. ပြီးရင် ပိုတိကျသွားအောင် SIM Card ပါ ထုတ်ပြီးပြန်ထည့်လိုက်ပါ..
ခဏစောင့်ပါ .. ပြီးရင် ဘတ်ထရီကို ပြန်ထည့်ပါ power ကိုပြန်ဖွင့်ပြီး ဖုန်း တည်းမှာလက်ကျန်ငွေကို စစ်လိုက်ပါ.. ပထမ အတိုင်း ဘဲမြင်ရပါမယ်.. အင်တာနက်သုံးလို့ ကျသင့်တဲ့ ငွေ ကို ဖျက်သွားခြင်းမ၇ှိပါဘူး.. ကျွန်တော်အခု စမ်းသပ်ရာမှာအသုံးပြု့ သွားတဲ့ဖုန်းတွေကတော့ Samsimg , Nokia , VG စတဲ့ဖုန်းသုံးမျိုးမှာ စမ်းသပ်တာအောင်မြင်ထားပါတယ်.. ညီကို တို့ ခင်ဗျာ.. ဆက်သွယ်ရေးမှ အခု Error ကို fix မလုပ်ခင်လေး စမ်းသပ်ပါ... ရအောင် လုပ်ကြပါ.. ဖ၇ီးပေါ့ဗျာ.. :-) :-)

စာဖတ်သူ ညီကိုမောင်နှမ အားလုံးကိုလေးစားလျှက်ပါ..

by androidlulin

Samsung Galaxy Tab 2 7.0 P3100ကို Official jelly bean 4.1.2တင်ပြီး Rootလုပ်ကြမယ်

Samsung Galaxy Tab 2  P3100ကို Firmwareတင်နည်းလေးပါ။ ကျနော်နဲ.အတူလိုက်လုပ်ကြည်.ရအောင်နော်။

P3100XXCLL2_P3100XEFCLK1_XEF.zip 
                  OR
 P3100 4.1.2 XXCLJ3 Jelly Bean
Samsung USB Driver 
Odin 3.0.7 


Settings> Developer Options>USB Debuggin onထားပါ။
မိမိTabletထဲရှိတဲ.ဖိုင်တွေကို Back upလုပ်ထားလိုက်ပါ။
မိမိ Tablet Battery Level ကိုအနည်းဆုံး 70%လောက်ရှိနေပါစေ။
Samsung USB Driverကို PC မှာ Run ထားလိုက်ပါ။ ကျန်တဲ.ဖိုင်တွေကိုလည်း Rarဖြည်ထားလိုက်ပါ။


ကဲစကြမယ်နော်။

မိမိ Device ကို စက်ပိတ်လိုက်ပါ။ ပြီးရင်Download Modeထဲကိုဝင်ဖို.အတွက် Volume Down+Power buttons ကို တပြိုင်နက်တည်းကြာကြာလေးဖိနှိပ်ထားလိုက်ပါ။ Samsung logo လေးပေါ် လာပြီးရင်တော. download mode ထဲကိုရောက်သွားပါပြီ။ 

 Odin 3.0.7.exeလေးကို Runလိုက်ပါ။ 
မိမိDeviceကို PC နဲ.ချိတ်ဆက်လိုက်ပါ။ ဒေါင်းထားတဲ. P3100XXCLL2_P3100XEFCLK1_XEF.zip ဖိုင်ကို extraလုပ်လို.ရလာတဲ.  tar.md5 ဖိုင်ကို Odin မှာရှိတဲ. PDA ထဲကိုထည်.လိုက်ပါ။
Re-Partitionကို အမှန်ခြစ်မလုပ်ထားဖို.လို.ပါတယ်။ လုပ်ထားတယ်ဆိုရင် ဖြုတ်လိုက်ပါ။

Starကိုနှိပ်လိုက်ပါ။ဒါဆိုရင်တော. Firmware လေးကိုသူ.ဘာသာသူinstall လုပ်နေပါပြီ။  
PASS! ဆိုပြီး အပေါ်မှာ ပြထားတဲ.အတိုင်း အစိမ်းရောင်လေးနဲ.ပေါ်လာပြီဆိုရင်တော. မိမိ Galaxy Tab 27.0 P3100လေးဟာ Official Jelly Bean 4.1.2လေးကို installလုပ်ပြီးပါပြီ။ Rebootကျသွားပြီး ပြန်တက်လာပါက Firmwareမြှင်.တင်တာအောင်မြင်သွားပြီဖြစ်ပါတယ်။ 



Rootလုပ်မယ် 

 CF-Auto-Root-espressorf-espressorfxx-gtp3100.tar

CF-Auto-Root-espressorf-espressorfxx-gtp3100.tar ဒေါင်းလိုက်ပါ။

Odinကိုပြန်ဖွင်.လိုက်ပါ။

Volume Down+Power buttonကို တွဲပြီးစောစောကအတိုင်း ခပ်ကြာကြာလေးဖိနှိပ်ထားပါ။ Samsung logo လေးပေါ်လာပြီး warning ဆိုပေါ်လာရင် Volume upကိုနှိပ်ပြီး Download Modeထဲသို.၀င်ပါ။


CF-Auto-Root-espressorf-espressorfxx-gtp3100.tar ဖိုင်ကို Odin ရှိ PDA ထဲကို ထည်.လိုက်ပါ။ 

Start ကိုနှိပ်လိုက်ပါ။Deviceက Rebootကျသွားပါလိမ်.မယ်။ပြန်တက်လာရင်တော. မိမိ Galaxy Tab 2 P3100 4.1.2ကို Rootလုပ်လို.အောင်မြင်ပြီဖြစ်ပါတယ်။ 
အားလုံးအဆင်ပြေနိုင်ကြပါစေခင်ဗျာ။ 

by androidfreeapklover

Samsung Galaxy Tab 2 10.1 GT-P5100 ကို Android 4.1.1 Jelly Bean တင်ကြမယ်

Samsung Galaxy Tab 2 10.1 GT-P5100ကို Official Jelly Bean 4.1.1မြှင်.တင်ချင်သူများအတွက်ပါ။ အသေးစိတ်လုပ်နည်းကတော. ဒီ Link မှာရေးသားထားတဲ. Galaxy Tab 2 P-3100ကိုမြှင်.တင်နည်းနဲ.အတူတူပါပဲ။ Firmware တွေကတော. ကြိုက်နှစ်သက်ရာ Firmwareကိုဒေါင်းလုပ်လုပ်နိုင်ပါတယ်။



p5100-galaxy-tab-2-10.1 
Firmware- P5100XXCLL2_P5100OLBCLL2_SMA.zip 


Romania (Vodafone): P5100BUCLL1_P5100VFGCLL1_CNX.zip
Switzerland (Swiss): P5100BUCLL1_P5100VFGCLL1_SWC.zip
Germany (Vodafone): P5100BUCLL1_P5100VFGCLL1_VD2.zip
Czech Republic (Vodafone): P5100BUCLL1_P5100VFGCLL1_VDC.zip
Ireland (Vodafone): P5100BUCLL1_P5100VFGCLL1_VDI.zip
United Kingdom (Vodafone): P5100BUCLL1_P5100VFGCLL1_VOD.zip


ဒါကတော. Root လုပ်ဖို. Firmwareလေးပါ။
အားလုံးအဆင်ပြေနိုင်မယ်လို.မျှော်လင်.ပါတယ်။ ပြေရင် comment ပေးခဲ.ပါ။

by androidfreeapklover

Samsung Galaxy Tab 2 7.0 and Galaxy Tab 2 10.1 (All Models)Jelly Beanကို Rootနဲ. CWMသွင်းကြမယ်

Samsung Galaxy Tab All Modelတွေကို Rootလုပ်ပြီး CWMသွင်းနည်းလေးပါ။Root and Install CWM Recovery on Samsung Galaxy Tab 2
ဒီ Modelတွေအားလုံးကို ကျနော်ပြောပြမယ်.နည်းနဲ.လုပ်နိုင်ပါတယ်။


Galaxy Tab 2 7.0 GT-P3100 (3G + WiFi)
Galaxy Tab 2 7.0 GT-P3110 (WiFi)
Galaxy Tab 2 7.0 GT-P3113 (WiFi U.S.)

Galaxy Tab 2 10.1 GT-P5100 (3G + WiFi)
Galaxy Tab 2 10.1 GT-P5110 (WiFi)
Galaxy Tab 2 10.1 GT-P51113 (WiFi U.S.)

Samsung USB Driver ကိုလည်းဒေါင်းပြီး PCပေါ်မှာ Runထားလိုက်ပါ။

မိမိ Tabletထဲရှိ ဖိုင်တွေကို Back upလုပ်ထားလိုက်ပါ။

မိမိ Tabletကိုအနည်းဆုံး Battery 50% လောက်တော.ရှိနေပါစေ။

မီမိTablet Setting>Developer options>USB Debugging onထားလိုက်ပါ။

CWMသွင်းနည်း

ကျနော်အခုပြောမှာကတော. Samsung Galaxy Tab 2 7.0 နဲ.Tab 2 10.1 all model အတွက်ပါဝင်ပါတယ်။ မိမိTabletနဲ.သက်ဆိုင်တဲ. Firmwareကိုဒေါင်းပါ။

မိမိDeviceကိုစက်ပိတ်လိုက်ပါ။ Download Mode ၀င်နိုင်ဖို.အတွက် Volume down+Power Button ကို တပြိုင်နက်တည်းခပ်ကြာကြာလေးဖိနှိပ်ထားလိုက်ပါ။Volume upကိုဆက်နှိပ်လိုက်ရင် Download Modeထဲကိုဝင်သွားပါပြီ။

zipဖိုင်ကို Desktopပေါ်မှာ extraလုပ်လိုက်ပါ။ odin.exeလေးကို PCပေါ်မှာ Runလိုက်ပါ။ 
မိမိ Deviceကို USB Cableဖြင်. PCနဲ.ချိတ်ဆက်လိုက်ပါ။

Odinက PDAမှာ စောစောကzipဖြည်ထားတဲ. .md5ဖိုင်လေးကို ထည်.ပေးလိုက်ပါ။ .md5က odin မှာ error ဆိုပြီးပေါ်လာပါက.md5ကိုဖြုတ်ပြီး File ကို .tarနဲ.သတ်မှတ်ပေးလိုက်ပါ။
 
 ပြီးရင်တော. Start လေးကိုနှိပ်လိုက်ပါ။ Auto Rebootကျသွားပါလိမ်.မယ်။ Rebootပြန်တက်လာရင်တော. မိမိSamsung Galaxy Tabလေးဟာ CWM Recoveryသွင်းပြီးသားဖြစ်သွားပါပြီ။ 

Rootလုပ်မယ်

ကျနော်အခုပြောမှာကတော. မိမိတို. Samsung Galaxy Tab 2 7.0နဲ.Tab 2 10.1တို.ကို rootလုပ်နည်းလေးပါ။
 

Galaxy Tab 2 7.0 GT-3100 or Tab 2 7.0 GT-5100အတွက် CWM-SuperSU-v0.96.zip ပါ။

Galaxy Tab 2 7.0 GT-3110, GT-3113, GT-5110 or GT-5113 အတွက် Superuser-3.1.3-arm-signed.zip ပါ။ 

ဒေါင်းလိုရလာတဲ.မိမိ Deviceနဲ.သက်ဆိုင်တဲ. zipဖိုင်ကို SD Cardထဲကို ကူးထည်.လိုက်ပါ။ 

CWM Recovery ထဲကိုဝင်ဖို. မိမိDevice Volume upနဲ.Power Buttonကိုတပြိုင်နက်တည်း 10sec လောက်ဖိနှိပ်ထားလိုက်ပါ။ Samsung logo လေးပေါ်လာပြီး Screen Flashဖြစ်သွားပြီးရင် CWM Recovery Modeထဲကိုရောက်သွားပါပြီ။

volume up and down buttonတွေကို အထက်အောက်ရွေးချယ်ဖို.အတွက်နဲ.Power buttonကို enterလုပ်ဖို.အတွက်အသုံးပြုရပါမယ်။

“install zip from sd card> choose zip from sd card ကနေမိမိစောစောကထည်.ထားတဲ. zipဖိုင်ကို ရွေးပြီး Power Buttonကိုနှိပ်လိုက်ပါ။ Confirmလုပ်ဖို.အတွက် "yes"ကိုထပ်နှိပ်လိုက်ပါ။ 

Flashဖြစ်သွားတဲ.အထိ ခဏလောက်စောင်.လိုက်ပါ။ ပြီးရင် main menuကိုပြန်သွားလိုက်ပါ။

reboot system now ကိုရွေးလိုက်ပါ။ rebootကျသွားလိမ်.မယ်။ပြန်တက်လာရင် မိမိSamsung Galaxy Tabလေးဟာ Super Userလေးနဲ.Rootလုပ်လို.အောင်မြင်တာကိုတွေ.ရပါလိမ်.မယ်။

အားလုံးအဆင်ပြေကြပါစေခင်ဗျာ။ 

by androidfreeapklover

Galaxy S3[GT-I9300] ကို official v4.1.2 တင်ပြီး Rootမယ်


Samsung Galaxy S3 ပိုင်ရှင်များအတွက် official 4.1.2 တင်နည်းလေးနဲ.Root လုပ်နည်းများကို အဆင်.ဆင်.ဖော်ပြပေးလိုက်ပါတယ်။ စမယ်နော်။

  1.  Odin-3 
  2. Samsung USB Drive
  3.   I9300XXELL6_I9300OXFELL1_COA.zip 
                        OR
          I9300XXELL6_I9300OXFELL1_COA.zip
  1. သုံးခုစလုံးကိုဒေါင်းပြီး Desktopပေါ်မှာ extra လုပ်ထားလိုက်ပါ။Samsung USB Driver ကို PCမှာ Runထားပါ။
  2. မိမိဖုန်း Phone USB debugging mode ကို Enable လုပ်ဆောင်ထားပါ။ (Settings –> Applications –> Development –> USB Debugging) 
  3. Batteryကို အနည်းဆုံး 50%လောက်ရှိပါစေ။

မိမိဖုန်းကိုပိတ်လိုက်ပါ။ Download Modeထဲကိုဝင်နိုင်ဖို.အတွက် Volume Down+ Home+Power buttonတွေကို တပြိုင်နက်တည်း 10 sec လောက်ကြာအောင်ဖိထားပါ။ Warningဆိုတာလေးပေါ်လာပြီဆိုရင် Volume Upကိုနှိပ်လိုက်ပါ။ Download Modeထဲကိုရောက်သွားပါလိမ်.မယ်။

 ပြီးလျှင် မိမိဖုန်းကို USB Cableဖြင်. PCနဲ.ချိတ်ဆက်လိုက်ပါ။Odin.exe လေးကိုဖွင်.လိုက်ပါ။ Odinမှာရှိတဲ. PDAထဲမှာ I9300XXELL6_I9300OXFELL1_COA.zip  ကို extraလုပ်လို.ရလာတဲ.ထဲက
.tar.Md5 ဖိုင်ကိုထည်.လိုက်ပါ။

ပြီးရင်တော. startကိုနှိပ်လိုက်ပါ။ခဏစောင်.ပြီး PASS ဆိုတဲ.အစိမ်းရောလေး Odinမှာပေါ်လာရင် Firmware တင်လို.အောင်မြင်ပြီဖြစ်ပါတယ်။ဖုန်းက rebootဖြစ်သွားပါလိမ်.မယ်။ခဏကြာလို. reboot ပြန်တက်လာရင် မိမိတို. S3 လေးဟာ Official 4.1.2 လေးနဲ.လန်းနေပါလိမ်.မယ်။

Root လုပ်မယ်

 I9300 Root လေးကိုဒေါင်းလိုက်ပါ။

စောစောကအတိုင်း Volume Down+ Home+Power တွဲနှိပ် Download Modeထဲကိုဝင်လိုက်ပါ။

ပြီးရင် PCနဲ.ချိတ် Odinကိုဖွင်.လိုက်ပါ။ PDAမှာပဲ ဒေါင်းလို.ရလာတဲ. tar.md5 လေးကိုသွင်းလိုက်ပါ။

Startကိုနှိပ်လိုက်ပါ။ Rebootကျသွားမယ်။ပြန်တက်လာရင် မိမိတို.S3 4.1.2လေးကို rootလုပ်လို. အောင်မြင်ပြီဖြစ်ပါတယ်။

Samsung Galaxy S2 GT-I9100G ကိုOfficial 4.1.2တင်ပြီး Rootလုပ်ကြမယ်

ကျနော်အခုပြောမှာက Samsung Galaxy S2 GT-I9100g အတွက် Official 4.1.2တင်နည်းလေးပါ။ မိမိဖုန်းမော်ဒယ်ကို သေချာအောင် Setting>About phoneကိုဝင်စစ်ကြည်.ပါ။သေချာပြီဆိုစကြမယ်နော်။

  1. I9100GXXLSR_I9100GXEFLSR_XEF.zip  or I9100GXXLSR_I9100GXEFLSR_XEF.zip
  2.  Odin-3 
  3. Samsung USB Driver 
  1. ဖိုင်သုံးခုစလုံးကို Desktopပေါ်မှာ extra လုပ်ထားလိုက်ပါ။Samsung USB Driver ကို PCမှာ Runထားပါ။ 
  2. မိမိဖုန်း Phone USB debugging mode ကို Enable လုပ်ဆောင်ထားပါ။ (Settings –> Applications –> Development –> USB Debugging) 
  3. Batteryကို အနည်းဆုံး 50%လောက်ရှိပါစေ။
မိမိဖုန်းကိုပိတ်လိုက်ပါ။ Download Modeထဲကိုဝင်နိုင်ဖို.အတွက် Volume Down+ Home+Power buttonတွေကို တပြိုင်နက်တည်း 10 sec လောက်ကြာအောင်ဖိထားပါ။ Warningဆိုတာလေးပေါ်လာပြီဆိုရင် Volume Upကိုနှိပ်လိုက်ပါ။ Download Modeထဲကိုရောက်သွားပါလိမ်.မယ်။

 ပြီးလျှင် မိမိဖုန်းကို USB Cableဖြင်. PCနဲ.ချိတ်ဆက်လိုက်ပါ။Odin.exe လေးကိုဖွင်.လိုက်ပါ။

Odinမှာရှိတဲ. PDAထဲမှာ I9100GXXLSR_I9100GXEFLSR_XEF.zip ကို extraလုပ်လို.ရလာတဲ. I9100GXXLSR_I9100GXXLSP_I9100GXEFLSR_HOME.tar.md5′ ဖိုင်ကိုထည်.လိုက်ပါ။ 
Odinက ‘Re-Partition’ ကို အမှန်ခြစ်ထားရင် ဖြုတ်ဖြစ်အောင်ဖြုတ်ပါ။

ပြီးရင် startကိုနှိပ်လိုက်ပါ။ခဏစောင်.ပြီး PASS ဆိုတဲ.အစိမ်းရောလေး Odinမှာပေါ်လာရင် Firmware တင်လို.အောင်မြင်ပြီဖြစ်ပါတယ်။ဖုန်းက rebootဖြစ်သွားပါလိမ်.မယ်။ခဏကြာလို. reboot ပြန်တက်လာရင် မိမိတို. Samsung Galaxy S2 GT-I9100G လေးဟာ Official 4.1.2 လေးနဲ.လန်းနေပါလိမ်.မယ်။ 

Root လုပ်မယ်

ဒီဖိုင်လေးကိုဒေါင်းလိုက်ပါ။
SU-BB-Installer.zip

မိမိဖုန်း external SD ထဲကိုထည်.လိုက်ပါ။

phone ကို ပိတ်လိုက်ပါ။

Recovery Modeထဲကိုဝင်ဖို. Volume up+Home+Powerကိုတဲပြီး 10sec လောက်ဖိနှိပ်ထားလိုက်ပါ။

Samsung logoလေးပေါ်လာပြီးရင် Recovery Modeထဲကို ရောက်သွားပါပြီ။

အထက်အောက်ရွေးချယ်ဖို. Volume Buttonsတွေကို အသုံးပြုရမှာဖြစ်ပြီး Select လုပ်ဖို.အတွက်တော. Power Buttonကိုရွေးချယ်ရမှာဖြစ်ပါတယ်။

 'apply update from external storage'ကိုရွေးလိုက်ပါ။ စောစောမိမိထည်.ထားတဲ.
SU-BB-Installer.zip ဖိုင်လေးကိုရွေးချယ်လိုက်ပါ။ confirmလုပ်ဖို. မေးလာရင် yesကိုနှိပ်လိုက်ပါ။
ခဏစောင်.လိုက်ပါ။ ပြီးရင် Main Menu ကိုback နဲ.ပြန်ထွက်လိုက်ပါ။

Reboot System Nowကိုနှိပ်လိုက်ပါ။ Reboot ပြန်တက်လာရင် မိမိတို. S2 GT-I9100G 4.1.2လေးကို Rootလုပ်လို.အောင်မြင်ပြီဖြစ်ပါတယ်။

Source-XDA Developers

by  androidfreeapklover

Samsung Galaxy Note 10.1 N8000 (3G+WiFi)ကို Official 4.1.2 တင်ပြီး Rootကြမယ်

 Samsung Galaxy Note 10.1 N8000 ကို official 4.1.2တင်ပြီး Rootလုပ်နည်းလေးပါ။
  1.  Odin-3 
  2. Samsung USB Drive
  3. N8000XXCMA1_N8000OXACMA1_DBT.zip
                           OR  
     N8000XXCMA1_N8000OXACMA1_DBT.zip

  • ဖိုင်သုံးခုစလုံးကို Desktopပေါ်မှာ extra လုပ်ထားလိုက်ပါ။Samsung USB Driver ကို PCမှာ Runထားပါ။ 
  • မိမိဖုန်း Phone USB debugging mode ကို Enable လုပ်ဆောင်ထားပါ။ (Settings –> Applications –> Development –> USB Debugging) 
  • Batteryကို အနည်းဆုံး 50%လောက်ရှိပါစေ။ 
မိမိTabletလေးကိုပိတ်လိုက်ပါ။  Download Modeထဲကိုဝင်နိုင်ဖို.အတွက် Volume Downနဲ.Power buttonကို တပြိုင်နက်တည်း 10 sec လောက်ကြာအောင်ဖိထားပါ။ Warningဆိုတာလေးပေါ်လာပြီဆိုရင် Volume Upကိုနှိပ်လိုက်ပါ။ Download Modeထဲကိုရောက်သွားပါလိမ်.မယ်။




ပီးလျှင် မိမိTablet ကို USB Cableဖြင်. PCနဲ.ချိတ်ဆက်လိုက်ပါ။

Odin.exe လေးကိုဖွင်.လိုက်ပါ။

 Odinမှာရှိတဲ. PDAထဲမှာ N8000XXCMA1_N8000OXACMA1_DBT.zip ကို extraလုပ်လို.ရလာတဲ. 
KIES_HOME_N8000XXCMA1_N8000OXACMA1_777916_REV00_user_low_ship.tar.md5 သွင်းထည့်လိုက်ပါ။Odinက ‘Re-Partition’ ကို အမှန်ခြစ်ထားရင် ဖြုတ်ဖြစ်အောင်ဖြုတ်ပါ။

ပြီးရင် startကိုနှိပ်လိုက်ပါ။ခဏစောင်.ပြီး PASS ဆိုတဲ.အစိမ်းရောလေး Odinမှာပေါ်လာရင် Firmware တင်လို.အောင်မြင်ပြီဖြစ်ပါတယ်။ဖုန်းက rebootဖြစ်သွားပါလိမ်.မယ်။ခဏကြာလို. reboot ပြန်တက်လာရင် မိမိတို. Samsung Galaxy Note 10.1 N8000 လေးဟာ Official 4.1.2 လေးနဲ.လန်းနေပါလိမ်.မယ်။ 

 Rootလုပ်မယ် 

N8000 Root.tar လေးကိုဒေါင်းလိုက်ပါ။

စောစောကအတိုင်း Volume Down+Power Buttonကို နှိပ်လိုက်ပါ။Warning လေးပေါ်လာပါက Volume upကိုနှိပ်လိုက်ပါက Download Mode ထဲကိုရောက်သွားပါမယ်။ 

Odin မှာရှိတဲ. PDAထဲကို စောစောကဒေါင်းထားတဲ. tar ဖိုင်လေးကိုထည်.လိုက်ပါ။ 

Start ကိုနှိပ်လိုက်ပါ။ Odinမှာ PASS! ဆိုတဲ.အစိမ်းရောင်လေးပေါ်လာရင် rootလုပ်လို.အောင်မြင်ပြီ ဖြစ်ပါတယ်။ ဖုန်းကRebootကျသွားပါမယ်။ပြန်တက်လာရင် Samsung Galaxy Note 10.1 N8000 4.1.2ကို Rootလုပ်လို.အောင်မြင်ပြီဖြစ်ပါတယ်။ 

 

လပ်ကီးမြို့တော်