သတင်းနှ့င့်ရသစုံလင်

လပ်ကီးမြို့တော်တွင် မြန်မာသတင်း၊နိုင်ငံတကာသတင်း၊ထူးဆန်းထွေလာ၊အားကစားသတင်း၊ကျန်းမာရေးကဏ္ဍ၊ဟာသလေးများ၊ကာတွန်းနှင့်ရုပ်ပြဟာသ၊ တရားတော်များ၊ဘာသာရေးကဏ္ဍ၊ချက်နည်းပြုတ်နည်း၊အလှအပနှင့်ဖက်ရှင်၊သရဲတစ္စေနာနာဘာဝ၊သိုင်းဝတ္ထုနှင့်စာအုပ်စာပေ၊gtalk custom message၊ ဗေဒင်ကဏ္ဍ၊ဗဟုသုတနှင့်အထွေထွေ..စသည်တို့ကို တစ်စုတစ်စည်းထဲ ဖတ်ရှုနိုင်ပါတယ်....

နည်းပညာများ

ကွန်ပျူတာနည်းပညာများ ANDROID ဖုန်း နည်းပညာများ APPLE (IOS) မိုးဘိုင်းဖုန်းနည်းပညာများ ကို နည်းပညာများနေရာမှာ ဖတ်ရှုနိုင်ပါတယ်

ဒေါင်းလုပ်သီချင်း

သီချင်းဒေါင်းချင်သူမျာအတွက် အသစ်ထွက်တဲ့သီချင်းတွေရော သီချင်းဟောင်လေးတွေပါ " MP3 ဒေါင်းလုပ်" နေရာမှာ ၀င်ဒေါင်းနိုင်ပါတယ် သီချင်းများကို album လိုက်စုစည်းပြီး တင်ပေးထားပါတယ်

ဂီတစက်ခန်း

ဂီတစက်ခန်း စိတ်ညစ်နေသူ...စိတ်ရှုပ်နေသူများ... စိတ်ထွက်ပေါက်ရှာချင်တယ်ဆိုရင် ဂီတစက်ခန်းထဲဝင်ပြီး ၀င်ကလိလိုက်ပါ... ဂီတစက်ခန်းမှာ ဂီတာ၊ဒရမ်၊စန္ဒယား၊တယော၊ဒီဂျေ အပြင်... ရောသမမွှေနိုင်တဲ့ တီးလုံးသံစဉ်လေးများကို အသုံးပြုနိုင်ပါတယ်...

အွန်လိုင်းဂိမ်း

အွန်လိုင်းဂိမ်းများကို အဆင်ပြေပြေနဲ့ အလွယ်တကူကစားချင်တယ်ဆိုရင် ဓါတ်ပုံပြင်ရန်အောက်က..အွန်လိုင်းဂိမ်းနေရာမှာ ၀င်ရောက်ကစားနိုင်ပါတယ်

www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Showing posts with label ချက်နည်းပြုတ်နည်း. Show all posts
Showing posts with label ချက်နည်းပြုတ်နည်း. Show all posts

Thursday, May 23, 2013

မင်္ဂလာခန်း (သို့) Custom Furniture များဖန်တီးခြင်း


ကဲဒီတစ်ခါ ၀ါလကင်းလွတ်သီတင်းကျွတ်ပြီးပြီဆိုတော့ မင်္ဂလာမောင်မယ်တွေ အတွက် အိပ်ခန်းလှလှလေး တစ်ခုလောက်လုပ်ကြည့် ရအောင်။ ဒီသင်ခန်းစာမှာအဓိကပေးချင်တဲ့ Concept ကတော့ မိမိတို့ ကိုယ်ပိုင်စိတ်ကူး ဥာဏ်နဲ့ ပရိဘောဂ လှလှလေးတွေ ဖန်တီးနိုင်စေဖို့ဖြစ် ပါတယ်။ Sample ပေးထားတဲ့အခန်းရဲ့ Layout ကိုမကြိုက်ရင်လဲမိမိဘာသာ နှစ်သက်သလို AutoCAD ထဲမှာ ဆွဲထားလို့ရပါတယ်။ AutoCAD မှ PhotoShop ကိုကူးပြောင်းပုံ ကူးပြောင်းနည်းတွေကိုတော့ အရင်ကတည်းက ပြောထားပြီးသားမို့လို့ ခုချိန်ဆို ကျွမ်းကျင်နေလောက်ပြီထင်ပါ တယ်။ အခု Sample ပေးထားတဲ့ပုံကတော့ Adobe Illustrator 10 ကိုအသုံးပြုပြီးလုပ်ထားတဲ့ PhotoShop (psd) format ပါ။ Resolution 100 ရှိပါတယ်။ Pixel dimension ကတော့ 850 x 734 ပါ။ ဒါတွေကိုပြောပြနေရတာက မိမိဘာသာ Pattern အကွက်တွေကို လိုသလို အတိုး အလျှော့ လုပ်နိုင်စေဖို့ပါ။
Step 1
ပေးထားတဲ့ Sample ကို Download လုပ်ပါ။ ပြီးရင် Open လုပ်လိုက်ပါ။ Layer>New>Layer ကို click လုပ်ပါ။ ဒါဆိုရင် Layer အသစ်တစ်ခု ပေါ်လာမှာပါ။ နာမည်ပေးဖို့မလိုပါ။
အဲဒီ Layer ကို current လုပ်ထားပြီး Layer>New>Layer from Background ကို Click လုပ်ပါ။ Background color မှာ အဖြူရောင်ဖြစ်နေ ရပါမယ်။ ဒါဆိုရင် Background Layer တစ်ခု အဖြူရောင်နဲ့ပေါ်လာပါမယ်။ ပုံကိုကြည့်ပါ။
Step 2
Layer>New>Layer ကို Click လုပ်ပြီး Layer အသစ်တွေကိုနာမည်ပေးပါ။ အောက်မှာပြထားတဲ့ ဇယားမှာ Layer name နဲ့ Layer order တွေကိုတွေ့မှာပါ။
Order Name
1 wall
2 fur
3 carpet
4 floor
အဲဒီအဆင့်ပြီးသွားရင် Layer တွေကိုပုံပါအတိုင်းတွေ့ရမှာပါ။
Step 3
ပေးထားတဲ့ Pattern တွေကို Download လုပ်ပြီး Open လုပ်ပါ။ စုစုပေါင်း Pattern (၇) ခုကိုတွေ့ရမှာပါ။
Pattern1
, Pattern2, Pattern3, Pattern4, Pattern5, Pattern6, Pattern7
Pattern တွေကို Open လုပ်ပြီးရင် Edit>Define Pattern ကို Click လုပ်ပါ။ ဒါဆိုရင် Pattern Name Dialog box ပေါ်လာမှာပါ Ok ကိုနှိပ်ပါ။ ဒါမှမဟုတ်ရင် မိမိနှစ်သက်ရာနာမည်ပေးပြီးမှ Ok လုပ်ရင်လဲရပါတယ်။
အဲဒီလိုနည်းအတိုင်း Pattern တစ်ခုချင်းစီကို လုပ်သွားပါ။ ဒါဆိုရင်မိမိလိုချင်တဲ့ Pattern (၇)ခုဟာ PhotoShop ရဲ့ Pattern တွေဖြစ်သွားပြီပေါ့။ Pattern တွေရဲ့ အလုပ်လုပ်ပုံတွေ သဘောသဘာဝတွေကိုတော့ The Art of Pattern သင်ခန်းစာများ မှာဖတ်ကြည့်ပြီးပြီ လို့ထင်ပါတယ်။
Step 4
ကဲကျွန်တော်တို့ရဲ့ မင်္ဂလာအခန်းဆီကိုပြန်သွားရအောင်။
အခုပထမဦးဆုံးဒီအခန်းထဲမှာရှိတဲ့ ထိုင်ခုံ (၃) ခုအတွက်စပြီးလုပ်ကြည့်ရအောင်။
Layer>New>Layer ကို click လုပ်ပြီး New Layer dialog box ပေါ်လာရင် Layer Name ကို Lower လို့ အမည်ပေးပြီး Ok ကို click လုပ်ပါ။
ပြီးရင်နောက်ထပ် Layer တစ်ခုကို New လုပ်ပြီး Upper လို့အမည်ပေးပါ။
အဲဒီ Layer နှစ်ခုအတွက် Layer order စီပေးစရာမလိုပါဘူး။ Lower က Upper ရဲ့အောက်မှာ ရှိရင်ရပါပြီ။ အရင် setting ချထားတဲ့ Layer တွေနဲ့ ဘယ်လို အခြေအနေဖြစ်ဖြစ်ရပါတယ်။ အောက်ပုံကိုကြည့်ပါ။
Step 5
Upper layer ကို current လုပ်ပါ။ ပြီးရင် Magic wand tool နဲ့ အောက်ဖော်ပြပါ ပုံမှာမြင်ရတဲ့အတိုင်း ဖြစ်အောင် Selection လုပ်ပါ။ မလုပ်ခင် Magic wand tool ရဲ့ setting ကိုကြည့်ပါဦး။
Select လုပ်ပြီးရင် Edit>Fill ကို Click လုပ်ပါ။ ဒါဆိုရင် Fill Dialog box ပေါ်လာမှာပါ။ Use မှာ Pattern ကိုထားပါ။ Custom pattern မှာ Pattern name "1" ကို select လုပ်ပေးပါ။
Select လုပ်ထားတဲ့ area မှာ Pattern တွေ Fill ပြီးရင် Deselect ပြန်လုပ်လိုက်ပါ။
ဒီတစ်ခါက Lower ရဲ့အလှည့်ပါ။ နောက်ဆုံးလုပ်ခဲ့တဲ့ Magic wand setting အတိုင်းထားပါ။ ပြီးရင်အောက်ပါပုံအတိုင်း Selection လုပ်လိုက်ပါဦး။
ပြီးရင်ခုနကဖြည့်ခဲ့တဲ့ Pattern 1 ကိုပဲဖြည့်ပေးပါ။ ပြီးရင် Deselect ပြန်လုပ်ပါ။
Step 6
ဒီတစ်ခါက Layer style ရဲ့အလှည့်ပါ။ ဒီအခန်းတစ်ခုလုံးအတွက်အလင်းကျရောက်မှုညီမျှအောင် Global light ကို Layer style တိုင်းမှာ အသုံးပြုရမှာပါ။ စပြီးလုပ်ကြည့်ရအောင်။
Upper Layer အတွက် Drop Shadow နဲ့ Bevel and Emboss ကိုတွဲပြီးအသုံးပြုပါမယ်။ ပုံမှာပြထားတဲ့ Setting တွေကိုကြည့်ပါ။
ပြီးရင် Lower Layer ကို Current လုပ်ပြီး Bevel and Emboss Layer style သုံးပေးပါ
"fur" layer ကို Current လုပ်ပါ။ ပြီးရင် Upper နှင့် Lower Layer ကို Link လုပ်ပေးပါ။ ပြီးရင် Merge Linked လုပ်ပါ
ဒါဆိုရင် Lower နှင့် Upper Layer နှစ်ခုစလုံးဟာ fur layer ထဲကိုသွားပြီး ပေါင်းစည်းမိမှာပါ။
Step 7
ဒီတစ်ခါက စာကြည့်စားပွဲလေးရဲ့ အလှည့်ပါ။ Layer အသစ်နှစ်ခုကို New လုပ်ပါ။ နာမည်မပေးပဲ Default name ကိုယူလဲရပါတယ်။ ဒါပေမယ့် နာမည်ခေါ်ရလွယ်အောင် Layer "A" နှင့် "B" လို့ ပေးလိုက်မယ်။ Layer order စီပေးဖို့မလိုပါဘူး။ Detail step တွေကိုမပြောတော့ပါဘူး။ အရမ်းရှည်သွားမှာစိုးလို့ပါ။ အောက်ပါပုံတွေကိုကြည့်ပြီး လုပ်ကြည့်ပါဦး။ ရမှာပါ။ Layer "A" ကိုစားပွဲဘောင်အဖြစ်ထားပြီး Pattern "5" ကိုဖြည့်ပါတယ်။ "B" ကို မှန်အကွက် (၃) ကွက်အဖြစ်ထားပြီး အစိမ်းရောင်နုနုလေးဖြည့်ထားပါတယ်။
Layer style သုံးထားပုံကတော့ Layer "A" အတွက် Bevel and Emboss နှင့် "B" အတွက် Inner Glow ကိုသုံးပါမယ်။ Glow color ကိုအဖြူရောင်ထားပေးပါ။
ပြီးရင်ထုံးစံအတိုင်း Layer "A" နှင့် "B" ကို Layer 'fur' ထဲကို Merge လုပ်ပေးပါ။
Step 8
ပြီးရင်အခန်းရဲ့ ဘယ်ဘက်အောက်ထောင့်က Showcase လေးကို Magic wand ကိုအသုံးပြုပြီး Select လုပ်ပါ။ Layer တစ်ခုကို New လုပ်ပြီး"A" လို့ နာမည်ပေးလိုက်ပါ။ Layer "A" ကို current လုပ်ပြီး Pattern "7" ကို Fill လုပ်ပါ။ "A" ရဲ့ Layer style ကိုတော့ Bevel and Emboss သုံးပေးပါ။ ပြီးရင် Layer 'fur' ထဲကို Merge linked လုပ်ပေးဖို့လဲမမေ့ပါနဲ့ဦး။ အခုပြောခဲ့တဲ့ Step 8 အထိပြီးပြီဆိုရင် အောက်ပါပုံ အတိုင်းမြင်ရမှာပါ။ ကိုယ်လုပ်ထားတာနဲ့ တူမတူ ပြန်ကြည့်လိုက်ပါဦး။
Step 9
အခု မင်္ဂလာအခန်းထဲမှာ အရေးအကြီးဆုံး Furniture တစ်ခုပဲကျန်ပါတော့တယ်။ အဲဒါခင်ဗျားတို့ရဲ့ မင်္ဂလာကုတင်ပေါ့။ ဒီလိုအရေးကြီးတဲ့ ပစ္စည်းကို မိမိဖာသာကြိုးစားပြီးလုပ်ကြည့်စေချင်ပါတယ်။ ကျွန်တော်ပဲ အကုန်လုံး Idea ပေးရမယ်ဆိုရင် ကျွန်တော့် မင်္ဂလာအခန်း ဖြစ်သွားမှာ စိုးလို့ပါ။ အောက်မှာပုံ (၂) ပုံပေးထားပါတယ်။ တစ်ပုံက Layer style မထည့်ရသေးခင်ပုံနဲ့ နောက်တစ်ပုံက Layer style ထည့်ထားပြီးသားပါ။ ကြိုးစားကြည့်ပါဦး။ အဆင်မပြေဘူးဆိုရင်နောက် Tutorial မှာ မင်္ဂလာကုတင်အတွက် အသေးစိတ်ပြန်ရေးပေးပါ့မယ်။ ဒါပေမယ့် ရလိမ့်မယ်လို့ ယုံကြည်ပါတယ်။
ပြီးရင် 'fur' layer ထဲကို Merge Linked လုပ်ပေးပါ။ ဒါဆိုရင်အောက်ပါ ပုံအတိုင်းမြင်ရမှာပါ။
Step 10
Layer 'fur' ကို ခဏ visible off လုပ်လိုက်ပါ။ Magic wand နဲ့ Selection တွေပေးတဲ့အခါမှာ တိကျစေဖို့ဖြစ်ပါတယ်။ ပြီးရင် Layer 'wall' ကို current လုပ်ပါ။ walling ကို Magic wand နဲ့ selection ပေးပြီး မီးခိုးရောင် rgb (144,144,144) ကိုဖြည့်ပေးပါ။ ပြီးရင် Deselect ပြန်လုပ်ပါ။
ပြူတင်းပေါက် (၄) ကွက်ကို selection ပေးပြီး အပြာရောင် rgb (189,229,255) ကိုဖြည့်ပါ။ ပြီးရင် Deselect လုပ်ပါ။ အောက်ပါပုံအတိုင်း တွေ့ရပါမယ်။
Step 11
"Carpet" layer ကို current လုပ်ပါ။ အောက်ပါပုံအတိုင်း Rectangular marquee ကိုသုံးပြီး Selection လုပ်ပေးပါ။
ပြီးရင် Pattern '6' ကို Fill လုပ်ပေးပါ။ Deselect ပြန်လုပ်ပါ။
Step 12
"Floor" layer ကို current လုပ်ပါမယ်။ Rectangular marquee ကိုပဲသုံးပြီး Selection လုပ်ပေးပါ။ ပုံကိုကြည့်ပါ။
ပြီးရင် ပန်းနုရောင် rgb(250,199,229) ကိုဖြည့်ပေးပါ။ Deselect ပြန်လုပ်ပါ။ 'fur' layer ကိုပြန်ဖွင့်ပါ။ ဒါဆိုရင်အောက်ပါပုံအတိုင်း တွေ့ရပြီပေါ့။
Step 13
ဒါနောက်ဆုံးအဆင့်ပါပဲ။ Layer style သုံးရမဲ့အဆင့်ပါ။ လုပ်ကြည့်ပါဦး။ "wall" layer အတွက် Drop Shadow ကိုသုံးပါမယ်။
"fur" အတွက်လဲ Drop shadow ပါပဲ။
"carpet" နှင့် "floor" layer အတွက်က Bevel and Emboss ပါ။ Setting တွေကိုနှစ်ခုစလုံးအတွက် အတူတူပဲသုံးပါမယ်။
ဒါဆိုရင်အကုန်လုံးပြီးဆုံးပြီဖြစ်ပါတယ်။ အောက်မှာပြထားတဲ့ပုံလေးအတိုင်းတွေ့ရမယ်ထင်ပါတယ်။
ဒီတစ်ခါ Tutorial ကအတော်လေးရှည်သွားပါတယ်။ ဒါပေမဲ့လည်းမရေးဖြစ်တာကြာပြီဖြစ်လို့ အားရပါးရ ရေးလိုက်တယ်လို့ပဲသဘောထားပေးပါ။ အပတ်စဉ် မှန်မှန်ရေးနိုင်ဖို့ ကြိုးစားပါမယ်။ မင်္ဂလာကုတင်ကို Detail မရေးပြပဲ ကိုယ်တိုင်လုပ်ခို်င်းတဲ့အတွက်လည်း စိတ်မဆိုးကြနဲ့ဦးနော်။ နောက် tutorial မှာပြန်တွေ့ကြရအောင်။ AutoCAD ရဲ့ Image printer အကြောင်းပါ။

Sunday, May 19, 2013

ကော့စမက်တစ် ခွဲစိတ်မှု အကြောင်း သိထားသင့် တဲ့ အချက်များ

ခွဲစိတ်မှု (Cosmetic Surgery) ပြုလုပ်ပြီး သူတို့ရဲ့ မပြုပြင် မီ ပုံ များနှင့် ပြုပြင်ပြီး ပုံများကို တွေ့မြင် ဖူးကြ မှာပါ။ တချို့ကကောင်းပါတယ်။ တချို့ကတော့ ထိတ်လန့်စရာပဲ။ သင့်အနေနှင့် ခွဲစိတ်ပြုပြင်မှုခံယူဖို့ စဉ်းစားနေပြီဆိုရင် ခွဲစိတ်ပြီးနောက် ခံစားရနိုင်တဲ့ ထိတ်လန့်တုန်လှုပ် ခြင်းတွေကိုရှောင်ရှားဖို့ ကြိုတင်ပြင်ဆင်ရမယ့် အချက်အလက် များ သိရှိထားရပါတယ်။
-အလှအပ ခွဲစိတ်ပြုပြင်ခြင်းက စင်းလုံးချောရလဒ်ရရှိစေမှာ မဟုတ် ပါ။ ရုပ်ရှင်သရုပ်ဆောင်တွေလို ဖြစ်လာမယ်လို့ မမျှော်လင့်ထားပါနှင့်။
-ဘာကြောင့် ဒီခွဲစိတ်ပြုပြင်ခြင်းကို လုပ်ချင်သလဲဆိုတာကို သင့်ကိုယ်သင်မေးခွန်းထုတ်ပါ။
သင့်မှာ မိမိကိုယ်ကို ယုံကြည်မှုချို့ တဲ့ခြင်းကြောင့်ဆိုရင် ခွဲစိတ်ပြုပြင်ခြင်းက သင့်ရဲ့ မိမိကိုယ်ကိုတန်ဖိုး ထားစိတ်ကို ပေးနိုင်လိမ့်မှာမဟုတ်ပါ။ ဒါမှမဟုတ် သင့်ရဲ့ယုံကြည်မှု အပေါ် အကျိုးသက်ရောက်မှုရှိတဲ့ ထင်ရှားတဲ့အမာရွတ်တစ်ခု ဒါမှမဟုတ် ကိုယ်အင်္ဂါ ချို့ယွင်းမှုတစ်ခုခုကြောင့်ဆိုရင် နောက်ဆုံး ရလဒ်က ဘာဖြစ်လာလိမ့်မလဲဆိုတာနှင့်ပတ်သက်ပြီး ရှင်းရှင်းလင်း လင်းသိရအောင် ခွဲစိတ်ပေးမယ့် ဆရာဝန်နှင့် စစ်ဆေးမေးမြန်းပါ။ -အလှအပခွဲစိတ်ပြုပြင်ခြင်းက ကုန်ကျစရိတ်ကြီးတယ်။ အဲသလောက် ငွေကြေးကိုသုံးစွဲဖို့ သင်အဆင်သင့် ရှိရဲ့လား။ ခွဲစိတ်ပြုပြင်မှု နောက်ပိုင်း လိုက်ရမယ့် ကုန်ကျစရိတ်များကိုလည်း မမေ့ပါနှင့်။
By Health Digest

Saturday, May 18, 2013

ငှက်ပျောဖူးသုပ်

ပါဝင်ပစ္စည်းများ
ရခိုင်ငှက်ပျောဖူးတစ်ခြမ်း
ကြက်သွန်ဖြူဆီချက်
ကြက်သွန်နီကြော်
မြေပဲဆန်ထောင်း အနည်းငယ်
သံပရာသီး
ပြုလုပ်ပုံအဆင့်ဆင့်
ငှက်ပျော်ဖူးကို အပေါ်ယံပပ်လပ်တွေခွာပြီး အတွင်းပိုင်းအသားနုနုကို ပြုတ်ပါမယ်။ နူးလွယ်တဲ့အတွက် ငါးမိနစ်လောက်ပြုတ်ပြီးရင် ခပ်ရိတ်ရိတ်လေးတွေ လှီးပါမယ်။ လှီးထားတဲ့ ငှက်ပျော်ဖူးကို သုပ်မယ်ဆိုရင်တော့ အပေါ်မှာရေးထားတဲ့ အမယ်တွေစုံလင်အောင်ထည့်ပြီး နယ်ဖတ်သုပ်ရုံပါပဲ။ ခပ်စိမ့်စိမ့်လေးပဲ စားလိုသူတွေအတွက်ကတော့ ငရုတ်သီးစိမ်းထည့်စရာ မလိုပါဘူး။ ချဉ်ချဉ်စပ်စပ်လေးစားလိုသူတွေကတော့ ငရုတ်သီးစိမ်းနဲ့ သံပရာသီးကို ခပ်ကဲကဲလေးထည့်ပေးလိုက်ရုံပါပဲ။
Ref : 7 Day News

ငါးဟင်းထုပ်

ပါဝင်သောပစ္စည်းများ
ရဲယိုရွက် - အနည်းငယ်
ငါးဖယ်ခြစ် - ဆယ့်ငါးကျပ်သား
ငှက်ပျောဖူး - တစ်ခြမ်း
ဆန်မှုန့် - အနည်းငယ်
ပြုလုပ်ပုံအဆင့်ဆင့်
ငါးဟင်းထုပ်ထုပ်ဖို့အတွက် ပထမဦးဆုံး ငှက်ပျောဖူးအတွင်းသားနုနုကို ခပ်ရိတ်ရိတ်လှီး ပါမယ်။ ပြီးရင်ဆား၊ ဆန်စိမ်းမှုန့်တိုနဲ့ နယ်ထားပါ။ ငါးဖယ်ခြစ်ကို ချင်း၊ ကြက်သွန်ဖြူ ဆားထည့်ပြီး ထောင်းထားပါ။ ရဲယိုရွက်နုနုကို သန့်စင်အောင် ရေဆေးပြီးမှ ရေကိုခါကာ ဆီသုတ်ပါမယ်။ ဆီသုတ်ပြီးတဲ့ ရဲယိုရွက်ပေါ်ကို ငှက်ပျောဖူးနဲ့ ဆန်မှုန့်နယ်ထားတာကို အပြန့်လိုက်လေးခင်းပေးပါ။ ပြီးရင် အပေါ်တစ်ထပ်က ခုနက ထောင်းထားတဲ့ ငါးဖယ်ခြစ်ကို အနေတော်ထည့်လိုက်ပါ။
အစာတွေထည့်လို့ပြီးသွားရင်တော့ ရဲယိုရွက်ကို မုန့်ဖက်ထုပ်ထုပ်သလို အထုပ်လေးထုပ် လိုက်ပါမယ်။ ထုပ်ပြီးသား ဟင်းထုပ်တွေကို ရေထည့်ထားတဲ့ ထမင်းပေါင်းအိုးက ပေါင်းခံ ခွက်ထဲကို ဆီထည့်ပြီး နာရီဝက်လောက် ပေါင်းပေးပါ။ နာရီဝက်လောက်ဆိုရင် မွှေးပြီး အရသာစိမ့်တဲ့ ငါးဟင်းထုပ်တွေကိုရပါပြီ။ အဲဒီတော့မှ ငါးဟင်းထုပ်တွေကို အနေတော် အပိုင်းလေးတွေ ဓားနဲ့ လှီးပြီး ပန်းကန်ထဲထည့်ကာ ကြိုက်ရာအချဉ် တစ်မျိုးမျိုးနဲ့ တွဲဖက် စားသုံး လို့ရပါတယ်။
တကယ်လို့ ငါးဖယ်ခြစ်မသုံးဘဲ သက်သတ်လွတ် စားမယ်ဆိုတဲ့ သူတွေကတော့ ငါးဖယ်ခြစ် အစား မုန်လာဥနီနဲ့ မုန်ညင်းထုပ်ကို ခပ်ပါးပါးလှီးပြီး သက်သတ်လွတ် အစာသွပ်လို့ရပါတယ်။
Ref : 7 Day News

ငါးရံ့အစိမ်းသုပ်

ပါဝင်ပစ္စည်းများ
ငါးရံ့ - ၂၅ ကျပ်သား
ကြက်သွန်နီ - ငါးဥ
ကြက်သွန်ဖြူ - ငါးဥ
ငံပြာရည် - စားပွဲဇွန်းတစ်ဇွန်း
ငရုတ်သီးစိမ်း - လေးတောင့်
ကော်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
ဟင်းခတ်မှုန့် - ရွေးကြီး သုံးစေ့စာ
ပဲမှုန့် - လက်ဖက်ရည်ဇွန်း နှစ်ဇွန်း
ဆီ - ၁၀ ကျပ်သား
ကြက်သွန်မြိတ် - ငါးညွန့်
သံပရာသီး - နှစ်လုံး
မုန်လာနီ - နှစ်ဥ
ဆား - သင့်ရုံ
ပြုလုပ်ပုံအဆင့်ဆင့်
ငါးသည် အစိတ်သားကောင်တစ်ကောင်ဖြစ်ရပေမည်။ ၎င်းကို ခေါင်းဖယ်ပြီး အရေခွံ ဆုတ်မည်။ အသားကို ပါးနိုင်သမျှ ပါးပါးလွှာယူကာ သံပရာရည်၊ ဆားနှင့် အချို့မှုန့်ထည့်၍ နာနာနယ်ရမည်။ ပြီးလျှင် ပန်းကန်ဇောက်တွင် ထည့်သိပ်ထားသော ကြက်သွန်နီကို ပါးပါးလှီးပြီး တစ်ဝက်ဖယ်ထားလေ။
တစ်ဝက်ကို ဆီချက်ချက်လေ။ ကြက်သွန်ဖြူကို ကန့်လန့်လှီးလေ။ ပါးနိုင်သမျှပါးပါစေ။ ပင်စိမ်းပင်ကို ကောင်းစွာဆေးကြောပြီးနောက် အရွက်နှင့် အညွန့်ကို နုနုလှီးထားလေ။ ငရုတ်သီးစိမ်းကိုလည်း စွေစွေပါးပါးလှီးထားလေ။
အသုပ်တွင်ထည့်ရန် ပစ္စည်းများအသင့်ဖြစ်ချိန်တွင် ငါးနှင့် အသုပ်ဖက်ပစ္စည်းများ ရောနယ်၍ သုပ်မည်။ ဆီနှင့် ငံပြာရည်မှာ အတိအကျမဟုတ်ပေ။ လိုလျှင် တိုးနိုင်ပေသည်။
Ref : The Flower News

ကဏန်းမဆလာဟင်း

ပါဝင်သောပစ္စည်းများ
ကဏန်း - ၄ ကောင်
ကြက်သွန်ဖြူ/နီ
မန်ကျည်းရေ
ဆား
နနွင်း
ဟင်းခတ်မှုန့်
မဆလာ
ပြုလုပ်ပုံအဆင့်ဆင့်
ခွာပြီးသား ကဏန်းလေးကောင်ကို လက်တွေဖြုတ်၊ ကျောကုန်းပေါ်က ဖော့ဖတ်တွေခွာ၊ ဗိုက်အောက်အနောက်နားက ဖိုမခွဲတဲ့ အဖတ်တွေခွာထုတ် ရေဆေး သန့်စင်ထားပါ။ ရေဆေးပြီးတဲ့အခါ ကဏန်းအလုံးကြီးခဲ့ရင် ကပ်ကြေးနဲ့ အလယ်ခေါင်ကနေ နှစ်ခြမ်းဖြစ်အောင် ညှပ်လိုက်ပါမယ်။ ခုနဖြုတ်ထားတဲ့ လက်တွေထဲက ရှေ့က ကဏန်းလက်မကြီးတွေကို ပြုတ်ပြီး အသားနွှင်ထားပါမယ်။ ခုန ရေဆေးထားတဲ့ ကဏန်းလုံးတွေကို ဆား၊ နနွင်း၊ ဟင်းခတ်မှုန့်တို့နဲ့ နယ်ထားပေးပါ။
ဟင်းစချက်တော့မယ်ဆိုရင် ကြက်သွန်ဖြူနီထောင်းကို အရင်ဆီသတ်ပြီး နွှင်ထားတဲ့ ကဏန်း လက်မသားတွေ ထည့်လိုက်ပါမယ်။ ပြီးရင် ကဏန်းလုံးတွေထည့်ပြီး ပုံမှန် ငါးဟင်းတွေ ချက်သလိုပဲ မွှေပေးပါ။ ရေအနည်းငယ်ထည့်၊ ခဏအုပ်ထားပြီး ရေဆူ လာတဲ့အခါ မန်ကျည်းရေလေးနည်းနည်းထည့်ပေးပါ။ ရေနဲ့ချက်မှာမို့ အရေကို အရသာ ရှိပြီး ဖြစ်အောင် အသားပြုတ်ထည့်ထားတာ ဖြစ်ပါတယ်။ မန်ကျည်းရေထည့်ပြီး ရေဆူ လာရင်တော့ မဆလာလေးအုပ်ပြီး ချလိုက်လို့ရပါပြီ။
မှတ်ချက်
ခွာပြီးသား ကဏန်းကိုပဲဝယ်မယ်ဆိုရင်တော့ လတ်ဆတ်တဲ့ ကဏန်းဖြစ်ဖို့တော့ အရေးကြီးပါတယ်။ အခန့်မသင့်ရင် ဗိုက်နာတတ်တာ ကဏန်းမလတ်ဆတ်လို့ ဖြစ်ပါတယ်။
Ref: 7 Day News

မဲဇလီဟင်းချို

ပါဝင်ပစ္စည်းများ
မဲဇလီရွက် မနုမရင့် - အနည်းငယ်
ငါးရံ့ အနေတော် - တစ်ကောင်
ခရမ်းသီး - အရွယ်တော်တစ်လုံး
ခရမ်းချဉ်သီး - နှစ်လုံး
ဆန်လှော်မှုန့် - အနည်းငယ်
ပြုလုပ်ပုံအဆင့်ဆင့်
ပထမဆုံး မဲဇလီရွက်ကို အခါးထွက်အောင် နှစ်ရေလောက် ပြုတ်ပေးရပါမယ်။ ငါးရံ့ကို လည်း ပြုတ်ပြီး အသားနွှင်ထားပါ။ ခရမ်းသီးကိုတော့ အလုံးလိုက် မီးဖုတ်ပြီး ပါးပါးလှီး ပါမယ်။ ခရမ်းချဉ်သီး နှစ်လုံးကိုလည်း ပါးပါးလှီးပါမယ်။ ကြက်သွန်ဖြူနီကိုလည်း ဆီသတ် ထားရပါမယ်။
လိုသလောက်အနေတော် ရေထည့်ထားတဲ့ ရေအိုးဆူပွက်လာအောင် တည်ထားပေးပါ။ ရေဆူလာပြီဆိုရင် အရိုးနွှင်ထားတဲ့ ငါးအသား၊ ခရမ်းသီး၊ ခရမ်းချဉ်သီးနဲ့ ဆန်လှော်မှုန့် အနည်းငယ်ထည့်လိုက်ပါမယ်။ အရသာအပေါ့အငန်အနေတော်ဖြစ်အောင် ထည့်ပါ။ နည်းနည်းမွှေပေးပြီး အရသာထွက်လာအောင် ခဏလောက်အုပ်ထားပါ။ အဲလိုခဏ အုပ်ထားပြီးမှ မဲဇလီရွက်ပြုတ်တွေကို ထည့်ပါမယ်။ အရွက်ထည့်ပြီး အပြစ်အကျဲ အနေတော်လည်း ဖြစ်ပြီး အရွက်အရသာလည်း ဟင်းချိုရေနဲ့ သမသွားလောက်ပြီ ဆိုရင်တော့ အရသာရှိတဲ့ ဟင်းချိုတစ်ခွက်ရပါပြီ။
Ref : 7 Day News

ဆေးဘဲဥ မာဘိုတိုဟူးသုပ်

ပါဝင်ပစ္စည်းများ
ဆေးဘဲဥ၊
မာဘိုတိုဟူး၊
တရုတ်နံနံ၊
ကြက်သွန်ဖြူ၊
ငရုတ်သီးစိမ်း၊
ငံပြာရည်၊
ရှလကာရည်၊
သကြား၊
ဆီမွှေး၊
ငရုတ်ဆီ။
ပြုလုပ်ပုံအဆင့်ဆင့်
တိုဟူးကို မထူမပါးအရွယ်လေးတွေ ရအောင် လှီးထားပါ။ ပြီးရင် သုံး မိနစ်ခန့် ပေါင်းပါ။ ဆေးဘဲဥကို စောင်းစောင်းလေးတွေ လှီးပါ။ ငရုတ်သီးစိမ်း၊ ကြက်သွန်ဖြူကို ညက်နေအောင် ထောင်းပါ။
အားလုံးပြီးသွားပြီဆိုရင် ပန်းကန် ပြားထဲကို ပါးပါးလှီးထားတဲ့ တိုဟူးထည့်ပါ။ ဆေးဘဲဥကို နောက်မှတိုဟူးဘေးမှာ စီထည့်လိုက်ပါ။ ပြီးရင် ထောင်း ထားတဲ့ ကြက်သွန်ဖြူနဲ့ ငရုတ်သီး စိမ်းကို ထည့်ပါ။ ငံပြာရည်၊ ရှလကာရည်နဲ့ သကြားအနည်းငယ်ထည့်ပါ။ နောက်ဆုံးမှ ဆီမွှေး အနည်းငယ်နဲ့ အရောင်အတွက် ငရုတ်ဆီကို ထည့်ပါ။ အားလုံးထည့်ပြီးမှ ဇွန်းနဲ့ အနည်းငယ်မွှေပါ။ ဒါဆိုရင်တော့ ချဉ်စပ်အရသာနဲ့ ခပ်ဆိမ့်ဆိမ့်လေးခံစားရမယ့် ဆေးဘဲဥ မာဘိုတိုဟူးသုပ်ရပါပြီ။
Ref: The Myanmar Times

မော်လမြိုင်ကြက်ကြော်နှပ်

ပါဝင်သောပစ္စည်းများ
ကြက်သား
ကြက်သွန်နီ/ဖြူ
ချင်း
ကြက်သားမှုန့်
နနွင်းမှုန့်
ဆား
ပြုပုံအဆင့်ဆင့်
ကြက်သားကို သန့်စင်ပြီး အရွယ်တော် အတုံးလေးတွေ တုံးပါ။ ပြီးရင် ဆား၊ ကြက်သားမှုန့်၊ နနွင်းမှုန့် အနည်းငယ်တို့နဲ့ သမအောင် ရောနယ်ပြီး အရသာသွင်းထားပါ။ ကြက်သွန်နီကို ပါးပါးလှီးနနွင်းနဲ့ နယ်ပြီး ဆီပူပူမှာကြော်ပါ။ ကြွပ်ရွလာရင် ဆယ်ပြီး ပန်းကန်းပြားထဲ ထည့်ဖယ်ထားပါ။ ပြီးရင် အရသာသွင်းထားတဲ့ ကြက်သားကို မီးအေးအေးနဲ့ ရွှေဝါရောင် သန်းလာတဲ့အထိ ကြော်ပါ။ ကြော်ပြီးရင် ကြက်သွန်ဖြူ၊နီနဲ့ ချင်းကို ပါးပါးလှီး တောက်တောက် စဉ်းပြီး ဆီသတ်ပါ။ အနံ့မွှေးလာရင် ကြော်ထားတဲ့ ကြက်သွန်နီကြော်ကို ခြေပြီးထည့်ပါ။ ကြက်သားကြော်ထည့်ပါ။ အရသာအပေါ့ အငန်နဲ့ ရေအနည်းငယ်ထည့်ပြီး ဆီပြန်လာရင် ဟင်းအိုးကိုချလို့ ရပါပြီ။
Ref: The Myanmar Times

မုန်လာဥနီသုပ်

ပါဝင်သောပစ္စည်းများ
လတ်ဆတ်တဲ့ မုန်လာဥနီ - ၃ ဥ
မြေပဲဆန် - အနည်းငယ်
ပုစွန်ခြောက် - အနည်းငယ်
ငရုပ်သီးစိမ်း - အနည်းငယ်
ကြက်သွန်နီကြော် - အနည်းငယ်
ပြုလုပ်ပုံအဆင့်ဆင့်
ရေဆေးသန့်စင်ပြီးတဲ့ မုန်လာဥနီတွေကို အပေါ်ယံ အညစ်အကြေးတွေ ဖယ်ပစ်တဲ့ အနေနဲ့ ထုံးစံအတိုင်း ဓားနဲ့ခြစ်လိုက်ပါမယ်။ ပြီးရင်တော့ စိန်ခလုတ်နဲ့ အမျှင်သေးသေးနဲ့ တိုတိုလေးတွေရအောင် ခြစ်ပါမယ်။ အမျှင်သေးပြီး မရှည်မှလည်း သုပ်တဲ့အခါ နူးနူးညံ့ညံ့နဲ့ ထွေးထွေးလေး ဖြစ်နေစေမှာပါ။
မုန်လာဥနီတွေ ခြစ်ပြီးပြီဆိုရင်တော့ ပါးပါးလှီးထားတဲ့ ကြက်သွန်နီ သုံးလုံးလောက်ကို မွှေးပြီး ရဲနေအောင် ကြော်ပေးထားပါ။ ကြက်သွန်နီကြော်ကို သပ်သပ်ဖယ်ထားပြီး ခုနခြစ်ထားတဲ့ မုန်လာဥနီထဲကို ကြက်သွန်ကြော်ထားတဲ့ ဆီချက်လေး နည်းနည်း စမ်းပေးပါ။ ပဲဆီသန့်ဆီချက်နံ့လေး သင်းရုံပဲထည့်မှာ ဖြစ်ပါတယ်။
ပြီးတော့ အသင့်ထောင်းထားတဲ့ မြေပဲဆန်၊ ငရုတ်သီးစိမ်း၊ ပုစွန်ခြောက်တို့ကို ထည့်ပါ။ ငံပြာရည်အနည်းငယ်နဲ့ ဆားလည်း ထည့်ပါမယ်။ သက်သတ်လွတ်စားချင်တဲ့ သူတွေကတော့ ပုစွန်ခြောက်နဲ့ ငံပြာရည်ကို ရှောင်ပြီး သုပ်လို့ရပါတယ်။
အားလုံးထည့်ပြီးသွားလို့ သံပရာသီးနှစ်စိပ်လောက်ညှစ်ပြီး နယ်ဖတ်၊ အရသာ မြည်းကြည့်ပြီး အနေတော်ပဲဆိုရင်တော့ အပေါ်ယံကနေ ကြော်ထားတဲ့ ကြက်သွန်နီတွေကို ဖြူးပေးလိုက်ရုံပါပဲ။
Ref : 7 Day News

ကိုရီးယားစကွစ် ကင်းမွန်ဆားနယ် ပုစွန်သုပ်

ပါဝင်သောပစ္စည်းများ
စကွစ်ကိုင်ပြီးသား - ၂၇ ကျပ်သား (တစ်ကီလို)
ကြက်သွန်ဖြူထောင်း - စားပွဲသုံးဇွန်း
ငရုတ်သီးစိမ်းမှုန့် - လက်ဖက်ရည်နှစ်ဇွန်း
ဆား - အနည်းငယ်
ဟင်းခတ်မှုန့် - လက်ဖက်ရည်တစ်ဇွန်း
ငရုတ်သီးစိမ်း - ၁၀ တောင့်
နှမ်းဆီမွှေး - စားပွဲသုံးဇွန်း
ပြုလုပ်ပုံအဆင့်ဆင့်
စကွစ်များကို အရေခွံခွာ ထက်ခြမ်းခွဲပါ။ နှုတ်သီးဖယ်၍ နှာမောင်းများသာ အသုံးပြုပါ။ အသားကို အထူတစ်မတ်ခန့်လှီးဖြတ်၍ ဆားဖြင့် နယ်ပါ။ စကွစ်ဆားနယ်များကို များများလုပ်ထား၍ အသီးအရွက်အခန်း(သို့မဟုတ်) ရေခဲသေတ္တာသီးနှံထားအဆင့်တွင် ရက်ပေါင်းများစွာ သိမ်းထားနိုင်ပါတယ်။
အနည်းဆုံး တစ်ပတ်ကြာရင် ယင်းစကွစ်ဆားနယ်ကို လိုအပ်သမျှထုတ်၍ ငရုတ်သီးစိမ်း ထက်ခြမ်းပါးပါး စောင်းစောင်းလှီး၍ ဟင်းခတ်မှုန့်၊ ငရုတ်သီးစိမ်းမှုန့်၊ ကြက်သွန်ဖြူ ထောင်း၊ နှမ်းဆီမွှေးတို့ဖြင့် သုပ်စားနိုင်ပါတယ်။
နှမ်းစေ့ကြိုက်ရင် ထည့်သုံးနိုင်ပါသေးတယ်။ အပေါ်မှ ကြက်သွန်ဖြူထောင်းကြော်၊ ကြက်သွန်နီကြော်များ အပေါ်မှာ ဖြူးထည့်ပေးပါ။ သံပရာခြမ်းများလဲ ထည့်ပေးပါ။ ကင်းမွန်ဟာ အချဉ်ဓာတ်ရထား၍ အချဉ်မထည့်လဲ ရပါတယ်။
Ref : The Flower News

ဂျပန်ကြက်အူချောင်း သီးရွက်စုံသုပ်

ပြုလုပ်နည်း
ကြက်အူချောင်းကို မီးအေးအေးမှာ မိနစ် အနည်းငယ်ကင်ပြီး အအေးခံထားပါ။
အသီးအရွက်တွေကို သန့်စင်ပြီး အရွယ်တော်လေးတွေလှီးပါ။
သံလွင် ဆီ၊ ဆား၊ ငရုတ်ကောင်းနဲ့ ဗီနီဂါ ထည့်ပြီး အသီးအရွက်တွေကို ရောနယ်ပါ။
အရသာအနေတော် ဖြစ်ပြီဆိုရင် သီးရွက်စုံသုပ်အပေါ်ကို ချိစ် ထပ်ထည့်ပါ။
နောက်ဆုံးမှအအေးခံထားတဲ့ ကြက်အူချောင်းကို အရွယ်တော်လေးတွေ လှီးပြီး အရွက် သုပ်နဲ့ရောလိုက်ပါ။
ဒါဆိုရင်တော့ လုပ်ရတာလွယ်ကူပြီး အရသာရှိတဲ့ ကြက်အူချောင်း သီးရွက်စုံသုပ် ရပါပြီ။
Ref: The Myanmar Times

မာတွန်အိုက်ရစ်စတူး

ပါဝင်ပစ္စည်းများ
(Mutton) ဆိတ်ပေါင်သား - ၅၀ ကျပ်သား
ကြက်သွန်ဖြူ/နီ - သုံး/ငါးလုံး
Cooking Sauce - နှစ်ဇွန်း
Mustard Powder - အနည်းငယ်
Garlic Sauce - လိုအပ်သရွေ့
ဆီ - ၁၀ ကျပ်သား
ဆား - အနည်းငယ်
ဟင်းခတ်မှုန့် - အနည်းငယ်
ငရုတ်ကောင်းမှုန့် - အနည်းငယ်
ငရုတ်ပွသီး - နှစ်တောင့်
ပြုလုပ်ပုံအဆင့်ဆင့်
ဆိတ်ပေါင်သားကိုရေစင်အောင်ဆေးပြီး လေးထောင့်ပုံသဏ္ဌာန်အတိုင်း မကြီးလွန်းမသေး လွန်းအောင် လှီးဖြတ်ထားပါ။ ပြီးလျှင် ဆား၊ ဟင်းခတ်မှုန့်၊ ငရုတ်ကောင်းမှုန့် (သို့) Garlic Sauce၊ Cooking Sauce အနည်းငယ်တို့နှင့် ၎င်းအသားကို သမအောင် နယ်ထားပေးပါ။
ပြုလုပ်မည့်အိုးတွင် ဆီအနည်းငယ်ထည့်၍ ကြက်သွန်နီ/ဖြူ တို့ကို ဆီသတ်ပါ။ ဆီကျက် လျှင် အထက်ပါ ပြုပြင်ထားသော အသားကို ထည့်မွှေပေးပါ။ တစ်ဆက်တည်းမှာပင် ဆား၊ ဟင်းခတ်မှုန့်၊ ငရုတ်ကောင်းမှုန့်၊ Mustard Powder၊ Cooking Sauce တို့ထည့်ပြီး ကျက်အောင် လုံးပါ။ တစ်ဝက်ကျက်လျှင် Tomato Sauce ကိုထည့်ပါ။ (ရေအနည်းငယ် ထည့်ပေးရမည်။) အသားနူးနပ်လာပါက စားမည့် ပန်းကန်တွင်ထည့်၍ သုံးဆောင်နိုင်ပါပြီ။
Ref : The Flower News

ကိုရီးယားဆာတေး (Bulgogi)

ပါဝင်ပစ္စည်းများ
ဝက်လည်ကုတ်သား၊
ကိုရီးယားငရုတ်ဆီ၊
ချင်း၊
ငရုတ်ကောင်း၊
အရက်၊
ငံပြာရည်၊
သကြား၊
ဆား၊
ဆီမွှေး၊
ကြက်သွန်ဖြူ၊
ရှလကာရည်နဲ့ ကော်မှုန့်။
ပြုလုပ်ပုံအဆင့်ဆင့်
ဝက်သားကိုသန့်စင်ပြီး အရွယ်တော် အတုံးလေးတွေတုံးပါ။ ကြက်သွန် ဖြူ၊ ချင်း၊ ငရုတ်ကောင်း တို့ကို ရှလကာရည်၊ အရက်၊ ငံပြာရည်၊ ဆား၊ သကြားတို့နဲ့ စက်ထဲမှာ ရောမွှေပြီး တစ်ဝက်စီ ခွဲလိုက်ပါ။ ဝက်သားကို ရောမွှေထားတဲ့ အရည်တစ်ဝက်ထဲမှာ ထည့်ပြီး လေးနာရီခန့်နှပ်ထားပါ။ ပြီးရင် ဝက်သားတွေကိုဆယ်ပြီး တုတ်နဲ့ ထိုးထားပါ။
ရောမွှေထားတဲ့အရည်ကျန်တစ်ဝက်ကို မီးဖိုပေါ်တင်ပြီး ပွက်ပွက်ဆူလာ ရင်ကော်မှုန့်ထည့်၊ အနည်းငယ်မွှေပြီးချလိုက်ပါ။ အသားကင်မယ်ဆိုရင် ကျိုထားတဲ့ အရည်ထဲမှာ အသားကို ဆွတ်ဖို့ မမေ့ပါနဲ့။ အပူချိန် ၂၀၀ ဒီဂရီခန့်မှာ ကင်ပြီး ကျက်ခါနီးရင် ကော်ရည်ထဲမှာ နောက် တစ်ကြိမ် ဆွတ်ပါ။ ဒုတိယတစ်ကြိမ် ကင်ပြီးပြီဆိုရင် ဆီမွှေးနံ့သင်းသင်းနဲ့ ကိုရီးယား ဆာတေးကို သုံးဆောင်နိုင်ပါပြီ။ ကင်တဲ့အချိန်မှာ ဆီမွှေးနည်းနည်း သုံးပါ။
Ref: The Myanmar Times

နှမ်းအရသာ ဂျပန်ခေါက်ဆွဲပြုတ်

ပါဝင်ပစ္စည်းများ
ဂျပန်ခေါက်ဆွဲ၊
ကြက်ဥ၊
မုန်ညင်းစိမ်း၊
မှို၊
ကြက်သွန်မြိတ်၊
နှမ်းဖြူ၊
ဂျပန်ကြက်သွန်ကြော်၊
ဂျပန်နှမ်းဆော့စ်၊
chilli paste၊
ကြက်ပြုတ်ရည်၊
ဝက်သား၊
ဂျပန်ငံပြာရည်(shoyu)။
ပြုလုပ်ပုံအဆင့်ဆင့်
ခေါက်ဆွဲကို ရေနွေး ဆူဆူထဲမှာ သုံးမိနစ်ခန့် ပြုတ်ပြီး ပန်းကန်လုံးထဲ ထည့်ထားပါ။ မုန်ညင်းစိမ်းကိုရေနွေးဖျောပြီး ကြက်ဥကို ပြုတ်ထားပါ။ ဝက်သားကို ပြုတ်ပြီးပါးပါးလှီးပါ။
ကြက်ပြုတ်ရည်ကိုဆူအောင်တည်ပါ။ နှမ်းဖြူ၊ နှမ်းဆော့စ်၊ chilli paste၊ ဂျပန်ငံပြာရည် တို့ကို အချိုးကျရောစပ်ပြီး ကြက်ပြုတ်ရည်ထဲထည့်ပါ။ ဟင်းရည် ဆူအောင်ခဏ စောင့်ပြီး အချို၊ အငန် အရသာ အတော်ဖြစ်ပြီဆိုရင် ဟင်းရည်တွေကို ခေါက်ဆွဲထည့်ထားတဲ့ ပန်းကန်ထဲထည့်ပါ။
ခေါက်ဆွဲထဲကို ကြက်ဥ၊ မုန်ညင်းစိမ်း၊ ကြက်သွန်မြိတ်၊ ကြက်သွန်ကြော်နဲ့ ဝက်သားလွှာ တွေကို ထပ်ထည့်လိုက်မယ်ဆိုရင် နှမ်းနံ့လေးနဲ့အစပ်အရသာ မရှိဘဲ အချိုဓာတ်ကဲတဲ့ ဂျပန် ခေါက်ဆွဲတစ်ခွက် ရပါပြီ။
Ref: The Myanmar Times

ဆိမ့်တဲ့အရသာနဲ့ တူနာငါးထမင်းကြော်

ပါဝင်ပစ္စည်းများ
တူနာငါး၊
စည်သွတ်ဘူးတစ်ဘူး၊
ထမင်း၊
ကြက်သွန်နီ၊
ဆီ၊
ဆား၊
ပဲငံပြာရည်(အနောက်ရည်)။
ပြုလုပ်ပုံအဆင့်ဆင့်
ကြက်သွန်ကို ပါးပါးလှီးပြီး ဆီသတ်ပါ။ ကြွပ်လာရင် တူနာငါးထည့်ပါ။ စည်သွတ်ဘူး တစ်ဘူးလုံး ထည့်စရာမလိုပါဘူး။ ကိုယ်ထည့်မယ့် ထမင်းပမာဏနဲ့ လိုက်မယ့် ပမာဏပဲ ထည့်ပါ။ ငါးနည်းနည်း ကြွပ်တာနဲ့ ထမင်းထည့်ပါ။
ပြီးရင် အနောက်ရည် နည်းနည်းဆမ်း၊ ဆား အပေါ့အငန် အနေတော်ဖြစ်အောင် ထည့်ပြီး ကြော်ပါ။ ပြီးရင်တော့ သုံးဆောင်လို့ရပါပြီ။ ဒီထဲကို ဂေါ်ဖီ၊ မုန်ညင်း စတဲ့ အသီးအရွက် တွေလည်း ကိုယ့်စိတ်ကြိုက် ထည့်ကြော်နိုင်ပါတယ်။
Ref: The Myanmar Times

ခေါက်ဆွဲအကြွပ်ကြော်

ပါဝင်ပစ္စည်းများ
ခေါက်ဆွဲခြောက်
မုန်ညင်းဖြူ
ကြွက်နားရွက်
ပုစွန်
ပြည်ကြီးငါး
ဥနီ
ချင်း
ကော်မှုန့်
ခရုဆီ
ကြက်သားမှုန့်
ငံပြာရည်အနောက်
ဆီမွှေး။
ပြုလုပ်ပုံအဆင့်ဆင့်
ခေါက်ဆွဲခြောက်ကို ရေနွေးပွက်ပွက်ဆူမှာ နှစ်မိနစ်လောက်ပြုတ်ပြီး ရေစစ်ထားပါ။ ရေစစ်သွားပြီ ဆိုရင် ခေါက်ဆွဲကို ဆီပူပူမှာကြွပ်နေအောင် ပြန်ကြော်ပြီး ပန်းကန်ပြားထဲ ထည့်ထားပါ။ ပုစွန်၊ ပြည်ကြီးငါးကို သန့်စင်ပြီး ကြွက်နားရွက်၊ ဥနီနဲ့ ချင်းကို အမျှင်လေး ရအောင် လှီးချွတ်ထားပါ။
အားလုံး အဆင်သင့် ဖြစ်ပြီဆိုရင် ဒယ်အိုးထဲကို အသားငါးနဲ့ အသီးအရွက်တွေကို ထည့်ပါ။ အရသာအတွက် ခရုဆီ၊ ဆီမွှေး၊ ငံပြာရည်၊ဆား၊ သကြား၊ ကြက်သားမှုန့်တို့ကို ထပ်ထည့်ပြီး ကျက်အောင် ချက်ပါ။ ကော်မှုန့် ထပ်ထည့်ပြီး အရည်ပျစ်ပျစ် ရလာရင် ပုဂံလုံးထဲ ထည့်ထားပါ။ အားလုံးအဆင်သင့် ဖြစ်ပြီဆိုရင် ခေါက်ဆွဲ အကြွပ်ကြော်ထဲကို ပုစွန်စွပ်ပြုတ်ရည် ဆမ်းပြီး စိတ်ကြိုက်စားလို့ရပါပြီ။
Ref: The Myanmar Times

ဂျပန်ဆာတေး (Teriyaki)

ပါဝင်ပစ္စည်းများ
ကြက်သား (ပေါင်သား)
ဆား
ဂျပန်အရက်
ငံပြာရည်
ငရုတ်ကောင်း
ရှလကာရည်
သကြား
ချင်း
ကြက်သွန်ဖြူ
ပြုလုပ်ပုံအဆင့်ဆင့်
ကြက်သားကိုသန့်စင်ပြီး အရွယ်တော် အတုံးလေးတွေတုံးပါ။ ကြက်သွန်ဖြူ၊ ချင်း၊ ငရုတ်ကောင်းတို့ကို ရှလကာရည်၊ အရက်၊ ငံပြာရည်၊ ဆား၊ သကြားတို့နဲ့ စက်ထဲမှာရော မွှေပြီး တစ်ဝက်စီခွဲလိုက်ပါ။ ကြက်သားကိုမွှေထားတဲ့ အရည်ထဲမှာ အချိန်လေးနာရီခန့် နှပ်ထားပါ။
ပြီးရင် ကြက်သားတွေကို တုတ်နဲ့ ထိုးထားပါ။ ခုနက ရောထားတဲ့ အနှစ်တွေထဲက တစ်ဝက်ကို မီးဖိုပေါ်တင်ပြီး ပွက်ပွက်ဆူလာရင် ကော်မှုန့်ထည့်၊ အနည်းငယ်မွှေပြီး ချလိုက်ပါ။ တုတ်ထိုးထားတဲ့ အသားတွေကို ကျိုထားတဲ့ အရည်ထဲမှာ ဆွတ်ပြီး အပူချိန် ၂၀၀ ဒီဂရီခန့်ရှိတဲ့ လျှပ်စစ်မီးဖိုမှာ ကင်ပါ။
အသားကို ရွှေအိုရောင်ပြောင်းလာရင် တစ်ကြိမ်၊ ကျက်ခါနီးရင် တစ်ကြိမ် ကော်ရည်ထဲမှာ ဆွတ်ပြီးကင်ပါ။ ဒါဆိုရင်တော့ အရသာချိုချိုနဲ့ ခံတွင်းတွေ့မယ့် ဂျပန်ဆာတေးရပါပြီ။
Ref: The Myanmar Times

ငါးရှဥ့်ငှက်ပျောဖူးဟင်း

ပါဝင်ပစ္စည်း
ငါးရှဥ့်အကောင် - ၄၀ ကျပ်သား
ငှက်ပျောဖူး - တစ်ဖူး
ပြုလုပ်ပုံအဆင့်ဆင့်
ငါးရှဥ့်အကောင်လိုက်ကို မန်ကျည်းအနှစ်နဲ့ သေချာဆေးကြောသန့်စင်ပြီးတော့ ခေါင်းဖြတ်၊ ဗိုက်ခွဲဆေးကြောပြီး ဆားနဲ့ နနွင်းအနည်းငယ် ထည့်နယ်ပြီး ပြုတ်ထား လိုက်ပါ။ ငါးရှဥ့်နူးတဲ့အထိ ရေခန်းအောင် ပြုတ်ပေးပြီး၊ အေးသွားတဲ့အခါ အလယ်အရိုးကို ထုတ်ပစ်လိုက်ကာ အသားတွေချည်း ထွင်လိုက်ရပါမယ်။ ငှက်ပျောဖူးကိုလည်း အပြင်သားတွေခွာချပြီး အတွင်းပိုင်း အနုသား ရောက်မှ အလယ်ကနေ ထက်ခြမ်းခွဲ၊ ခပ်ရိတ်ရိတ်လေးလှီးပါမယ်။ လှီးပြီးသား ငှက်ပျောဖူးကို ရေစိမ်ထားပါ။
ကြက်သွန်ဖြူနီနဲ့ ဆီအရင်သတ်ပါမယ်။ ဆီသတ်ရာမှာ စပ်စပ်လေးစာချင်သူတွေက ငရုတ်သီးခွဲခြမ်းထည့်ပြီး သတ်လို့ရပါတယ်။ ဆီသတ်တဲ့အထဲကို ငံပြာရည်အနည်းငယ် ထည့်ပေးပြီး မွှေပြီးတာနဲ့ ပြုတ်ထားတဲ့ ငါးရှဥ့်ကို ထည့်ပါမယ်။ ငါးရှဥ့်ကို ငါးဘတ်မွှေ ချက်သလိုပါပဲ ကြေသွားအောင် မွှေပေးပါ။ ငါးရှဥ့်အသားဖတ်လေးတွေ ကြေသွားပြီး ဆီသတ်ထားတာတွေနဲ့ သမသွားပြီဆိုရင် ရေစိမ်ထားတဲ့ ငှက်ပျောဖူးတွေကို ဆယ်ထည့်ပါ။ ဆားနဲ့ ဟင်းခတ်မှုန့်ကိုလည်း အရသာအနေတော်ဖြစ်အောင် ထပ်ထည့်ပေး ရပါမယ်။ အရသာထည့်ပြီးရင်တော့ ငှက်ပျောဖူးနူးအောင် ရေထည့်ပြီး အုပ်ထားပါ။
ရေထည့်ပြီး အုပ်တဲ့အချိန်မှာ ငရုတ်သီးစိမ်း လေးငါးတောင့်ကို ထည့်အုပ်လိုက်ရင်တော့ အနံ့လေး ပိုမွှေးသွားမှာပါ။ ငှက်ပျောဖူးနူးအိသွားအောင် နှစ်ရေလောက်ထည့်ပြီးပြီ ဆိုရင်တော့ ငှက်ပျောဖူးနဲ့ ငါးရှဥ့်အသားကရောထွေးသွားပြီးပြီဆိုရင်တော့ ငှက်ပျောဖူးနဲ့ ငါးရှဥ့်အသားကရောထွေးသွားပြီး အရသာနှစ်မျိုးကလည်း စိမ့်ဝင်ပေါင်းစပ်သွားမှာပါ။ ရေခန်းသွားပြီး ဆီပြန်လာလို့ ချပြီဆိုရင်တော့ နူးညံ့ပြီးအရသာရှိတဲ့ ငါးရှဥ့်ငှက်ပျောဖူး ဟင်းကို သုံးဆောင်လို့ရပါပြီ။
Ref : 7 Day News

ကြက်သားဆန်လှော်

ပါဝင်ပစ္စည်းများ
ကြက်သား(ဗမာကြက်)
ဆန်လှော်မှုန့်
ဂျင်း
ကြက်သွန်ဖြူ
ငရုတ်သီး
ဖက်ဖယ်
နံနံပင်
ပင်စိမ်း
ကချင်ဟင်းခတ်အမွှေး အကြိုင်
ပြုလုပ်ပုံအဆင့်ဆင့်
ကြက်သားကို သန့်စင်အောင်ဆေးပါ၊ အရွယ်တော် အတုံးလေးတုံးပြီး ဆားအနည်းငယ်နဲ့ နယ်ထားပါ။ အရွက်တွေကိုလည်း သန့်စင်ထားပါ။ ဆီကို ထမင်းစားဇွန်း တစ်ဝက်လောက် ထည့်ပြီး ဆီပူပူမှာကြက်သားကို လှိမ့်လိုက်ပါ။
ဖက်ဖယ်၊ ပင်စိမ်း၊ ဟင်းခတ်အမွှေးအကြိုင်နဲ့ ဆန်လှော်မှုန့်ထည့်ပြီး မွှေပါ။ ကြက်သား မကျက်တကျက် အနေအထားလောက်ဆို ရေနွေး အနည်းငယ် ထည့်ပြီး အဖုံးဖုံး ထားလိုက်ပါ။
ကြက်သားလည်းကျက်ပြီ အရသာလည်း အနေတော်ဖြစ်ပြီဆိုရင် အဖုံးဖွင့်ပြီး နံနံပင်နဲ့ ငရုတ်သီး (ထက်ခြမ်းခွဲ) ထည့်ပြီး ဟင်းအိုးကို မီးဖိုပေါ်က ချလို့ရပါပြီ။
Ref: The Myanmar Times

 

လပ်ကီးမြို့တော်