သတင်းနှ့င့်ရသစုံလင်

လပ်ကီးမြို့တော်တွင် မြန်မာသတင်း၊နိုင်ငံတကာသတင်း၊ထူးဆန်းထွေလာ၊အားကစားသတင်း၊ကျန်းမာရေးကဏ္ဍ၊ဟာသလေးများ၊ကာတွန်းနှင့်ရုပ်ပြဟာသ၊ တရားတော်များ၊ဘာသာရေးကဏ္ဍ၊ချက်နည်းပြုတ်နည်း၊အလှအပနှင့်ဖက်ရှင်၊သရဲတစ္စေနာနာဘာဝ၊သိုင်းဝတ္ထုနှင့်စာအုပ်စာပေ၊gtalk custom message၊ ဗေဒင်ကဏ္ဍ၊ဗဟုသုတနှင့်အထွေထွေ..စသည်တို့ကို တစ်စုတစ်စည်းထဲ ဖတ်ရှုနိုင်ပါတယ်....

နည်းပညာများ

ကွန်ပျူတာနည်းပညာများ ANDROID ဖုန်း နည်းပညာများ APPLE (IOS) မိုးဘိုင်းဖုန်းနည်းပညာများ ကို နည်းပညာများနေရာမှာ ဖတ်ရှုနိုင်ပါတယ်

ဒေါင်းလုပ်သီချင်း

သီချင်းဒေါင်းချင်သူမျာအတွက် အသစ်ထွက်တဲ့သီချင်းတွေရော သီချင်းဟောင်လေးတွေပါ " MP3 ဒေါင်းလုပ်" နေရာမှာ ၀င်ဒေါင်းနိုင်ပါတယ် သီချင်းများကို album လိုက်စုစည်းပြီး တင်ပေးထားပါတယ်

ဂီတစက်ခန်း

ဂီတစက်ခန်း စိတ်ညစ်နေသူ...စိတ်ရှုပ်နေသူများ... စိတ်ထွက်ပေါက်ရှာချင်တယ်ဆိုရင် ဂီတစက်ခန်းထဲဝင်ပြီး ၀င်ကလိလိုက်ပါ... ဂီတစက်ခန်းမှာ ဂီတာ၊ဒရမ်၊စန္ဒယား၊တယော၊ဒီဂျေ အပြင်... ရောသမမွှေနိုင်တဲ့ တီးလုံးသံစဉ်လေးများကို အသုံးပြုနိုင်ပါတယ်...

အွန်လိုင်းဂိမ်း

အွန်လိုင်းဂိမ်းများကို အဆင်ပြေပြေနဲ့ အလွယ်တကူကစားချင်တယ်ဆိုရင် ဓါတ်ပုံပြင်ရန်အောက်က..အွန်လိုင်းဂိမ်းနေရာမှာ ၀င်ရောက်ကစားနိုင်ပါတယ်

www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Monday, May 20, 2013

လင်မယား ဟာသများ

သိနေတယ်လေ
'' မိန်းမရယ်၊ ကိုယ်သွားမယ့်ခရီးက ၅ ရက်ထဲကြာမယ့်ဟာကို ဘာဖြစ်လို့ ဒီလောက်တောင် ၀မ်းနည်းပက်လက် ငိုနေရတာလဲဟင်''
'' ရှင် ဒီလိုပဲပြောပြောပြီး ညနေမိုးချုပ်ရင် လာပြန်ချောင်းမှာ မဟုတ်လား၊ ဟင်းဟင်း သိနေတယ်လေ''
မိန်းမဆိုတာ
'' ယောက်ျားရေ၊ ကျုပ် ထီပေါက်တယ်တော်၊ သိန်းတစ်ထောင်ဆုကြီး''
'' ၀မ်းသာလိုက်တာ မိန်းမရယ်၊ ကိုယ်တို့ သူဋ္ဌေးဖြစ်ပြီပေါ့နော်''
'' ၀မ်းသာတာနောက်မှလုပ်၊ လောလောဆယ် ရှင့် အ၀တ်အစား အားလုံး အိတ်ထဲထည့်လိုက် ''
'' ထီဆု ထုတ်ဖို့ ခရီးထွက်မယ်ထင်တယ်၊ အ၀တ်အစားသစ်တွေချည်းပဲ ထည့်ခဲ့မယ်နော် မိန်းမ ''
''  အသစ် အဟောင်း အကုန်ထည့်၊ ရေလဲပုဆိုးပါမကျန် အိတ်ထဲထည့်ပြီး နေမစောင်းခင် အိမ်ပေါ်က ဆင်းပေတော့''
ကြွားရဲလိုက်တာ
'' မနေ့ညတုန်းက ငါ့မိန်းမ ငါ့ရှေ့မှာ ဒူးထောက်ရတယ်ကွ''
'' အံမယ်၊ အံမယ်၊ တယ်ဟုတ်ပါလား။ မင်းက ဘယ်လိုပညာပေးလိုက်လို့လဲ ''
'' ငါ့ကို ဒူးထောက်ပြီး ခေါ်တာလေ၊ ဟဲ့ကောင် ကုတင်အောက်မှာ ၀င်ပုန်းမနေနဲ့၊ အခုထွက်လာခဲ့စမ်း တဲ့ ''
မျက်စိမှုန်နေပြီထင်ရဲ့
'' ဗျို့ ဘုရားဒကာကြီး၊ ပုဆိုးပြဲတာ မိန်းမကိုမချုပ်ခိုင်းဘဲ ဘာဖြစ်လို့ ကိုယ်တိုင်ချုပ်နေရတာတုန်းဗျ''
'' ကျောင်းဒကာကြည့်ရတာ မျက်စိမှုန်နေပြီထင်ပါရဲ့၊ ကျုပ်ပုဆိုးပြဲကို ချုပ်နေတာ မဟုတ်ဘူးဗျ၊ ကျုပ်မိန်းမ ဘော်လီကြိုးပြုတ်တာကို ပြန်တတ်ပေးနေတာ၊ သိလည်းသိပဲနဲ့၊ ဟွန့် ''
အဓိကနဲ့ သာမည
'' ငါတို့ လင်မယား အိမ်ထောင်သက် ၁၀ နှစ်ရှိပြီ၊ တစ်ခါဖူးမှ ရန်မဖြစ်ဖူးသေးဘူးကွ''
'' ဟုတ်လား၊ ဘာကြောင့်ရန်မဖြစ်လဲဆိုတာ ရှင်းစမ်းပါဦး သူငယ်ချင်းရယ် ''
'' အိမ်ထောင်ရေးကိစ္စတွေမှာ အဓိကနဲ့ သာမည ခွဲထားလိုက်တယ်လေ၊ အဓိက ကိစ္စမှန်သမျှ ငါပဲဆုံးဖြတ်တယ်၊ ငါ့မိန်းမက အသေးအဖွဲ သာမညကိစ္စလေးတွေ ဆုံးဖြတ်တယ်''
''  ဘယ်လို အဓိကနဲ့ သာမညလဲ၊ ရှင်းပါဦးကွ ''
'' ဒီလိုလေ၊ ကလေးကျောင်းအပ်တဲ့ကိစ္စ၊ မီတာခ၊ အိမ်လခ၊ အိမ်အသုံးစရိတ်၊ ငါ့ရဲ့လစာငွေ အစရှိတဲ့ သာမညအသေးအဖွဲတွေကို ငါ့မိန်းမက စီမံခန့်ခွဲတယ်။ လာမယ့်ရွေးကောက်ပွဲမှာ ဘယ်သူ အမေရိကန်သမ္မတဖြစ်သင့်သလဲ၊ ကမ္ဘာ့ရွှေဈေးနှုန်း ဘယ်လောက်အထိ ဆက်တက်နိုင်မလဲ၊ မိုးလေ၀သဂြိုဟ်တုကို ဘယ်နေ့လွှတ်တင်သင့်သလဲ ဆိုတာတွေကျတော့ သိပ်အရေးကြီးတာမို့ ငါပဲ ဆုံးဖြတ်တယ်''
အဲသလောက်တောင် ကြောက်ရသည်
'' ဟေ့ကောင် ဒီမနက်အိပ်ရာထတာ မင်းမျက်နှာမကောင်းပါလား၊ ဘာဖြစ်လို့လဲကွ''
'' ညက အိပ်မက်ထဲမှာ ကွယ်လွန်သွားတဲ့ ငါ့မိန်းမနဲ့ ဘီလူး သုံးကောင် နပန်းလုံးတာ ငါ့မိန်းမ နိုင်သွားတယ်။ ငါ့မှာ အိပ်ရာနိုးတာတောင် တကယ်ထင်ပြီး ကြောက်နေမိသေးလို့ပါကွာ ''
မင်းဘုရား ဘာသိတုန်း
'' ဟဲ့ အာဏာပါးကွက်သားမောင်လုံး၊ မင်းတရားကြီးရာဇမာန်ရှပြီးသေဒဏ်ပေးလိုက်တဲ့ ရာဇ၀တ်သားကို ဒီညနေ သတ်ပေးရမယ်ဟဲ့''
'' မှန်ပါ့၊ ဆုတော်ငွေဘယ်လောက်များ ပေးသနားမှာလဲ ဘုရား''
'' ဒီတစ်ခါတော့ မင်းတရားကြီးက နင့်ကို လူသတ်ခအဖြစ် ဆုတော်ငွေ ငါးရာပေးလိုက်တယ်ဟဲ့''
'' ရွေ့ နိပ်ဟ၊ ဆုတော်ငွေ ငါးရာထဲက အမေအတွက်လက်ဖက် ငါးပြားဖိုးဝယ်ပေးပြီး ကျန်တာအားလုံး မိန်းမကို ပေးရမယ်''
''  အင်း တယ်ကောင်း၊ ကိုယ့်မွေးထုတ်ပေးတဲ့မအေကိုတော့ နို့ဖိုးကျေအောင်မဆပ်ချင်ဘူး။ လက်ဖက် ငါးပြားဖိုးနဲ့ ကန်တော့ပြီး မိန်းမကျတော့ ကျန်တာအကုန်ပေးမယ်ဆိုပါလား၊ အတော်မိုက်တဲ့အကောင်ပဲကိုး''
''  မင်းဘုရားဘာသိတုန်း၊ အမေ့နို့က ၃ နှစ်ထဲ စို့ရတာဗျ ''
ကော်ဖီဆိုရင် ခါးခါးသောက်မိတယ်
''  လူတစ်ယောက်ဟာ တစ်နေ့ကိုကော်ဖီ ဘယ်နှခွက် သောက်နိုင်သလဲ ဒေါက်တာ''
'' ရပါတယ်၊ ဘယ်လောက်သောက်သောက် ကိစ္စမရှိပါဘူး၊ ဘာဖြစ်လို့လဲ ''
'' အင်း ကျွန်တော့်မိန်းမက အိမ်ကို တစိမ်းယောက်ျားတစ်ဦးရောက်လာပြီဆိုရင် ကျွန်တော့်ကို နောက်ဖေးချောင်ထဲသွားနေခိုင်းပြီး ကော်ဖီသောက်ခိုင်းတတ်လို့ပါ။ တစ်နေ့ကို အနည်းဆုံး ကော်ဖီ ၂၅ ခွက်လောက် သောက်နေရတယ် ဒေါက်တာရယ်''
ငါးပြားတန်
'' ယောက်ျားရေ၊ အခုတစ်ပတ် ချောင်းသာကိုအပန်းဖြေခရီးထွက်တော့ ရှင်မလိုက်ဖြစ်တာသိပ်ကောင်းတာပဲ''
'' ဘာဖြစ်လို့လဲ မိန်းမ''
'' ဘာဖြစ်ရမှာလဲ၊ ကောင်လေး ငယ်ငယ်ချောချောလေးတွေနဲ့ ထည်လဲ တွဲရတယ်လေ၊ ဟဲဟဲ ''
'' အောင်မယ်၊  လာကြွားမနေနဲ့၊ နင့်လို ပုံပျက်ပန်းပျက်ကြီးကို ဘယ်ကောင်ကမှ ငါးပြားထက် ပိုမပေးဘူး''
'' ကျုပ်ကလည်း တစ်ယောက်ကို ငါးပြားထက် ပိုမယူပါဘူးတော်''
ကောင်းကြသေးရဲ့လား
'' ယောက်ျားရေ၊ ကမ်းနားမှာ ရေဆင်းချိုးတာ ကျွန်မထမီ ရေထဲ ကျွတ်ကျကျန်ခဲ့တယ် ''
'' ဟင် အဲဒါ မင်းဘယ်လို အိမ်ပြန်လာခဲ့သလဲ မိန်းမ''
'' အိုတော်၊ ကျုပ်အရှက်ကြီးတာ ရှင်လည်း သိသားပဲဟာ၊ ဘယ်လိုပြန်လာရမှာလဲ၊ မျက်နှာကို လက်ဝါးနဲ့ အုပ်ပြီး ဒုန်းစိုင်းပြန်လာတာပေါ့တော့''
မွေးနေ့လက်ဆောင်
'' ကျွန်မအတွက် မွေးနေ့လက်ဆောင်အဖြစ် စိန်တစ်ဆင်စာ ပေးတာကျေးဇူးတင်ပါတယ်၊ ဒါပေမဲ့ ကျွန်မ ရှင့်ကို ပူဆာထားတာက ဆလွန်းကားလေ''
'' အေးပါ မိန်းမရယ်၊ ကိုယ်လည်း ကြိုးစားရှာကြည့်ပါသေးတယ်။ ဒါပေမဲ့ ဆလွန်းကားက အတုမရှိဘူးကွ''
ဘာကြာသေးလို့လဲ
မောင်ရေ ၊ ရုပ်ရှင်လေးဘာလေး လိုက်ပြပါဦးလားဟင်''
'' မိန်းမရယ်၊ ဟိုတစ်ခါ လိုက်ပြထားတာ ဘာကြာသေးလို့လဲ''
'' အင်း အဲဒီ အသံတိတ်ကား နောက်ပိုင်း အခုဆို အသံထွက်ရုပ်ရှင်တို့ ဆေးရောင်စုံရုပ်ရှင်တို့၊ သရီးဒီရုပ်ရှင်တို့တောင် ပေါ်နေပြီဆိုပဲ''
(ရဲစတိုင်း)

ဟာသအတိုအထွာများ (၅)

၁)ရှက်လို့
ဒီနေ့ အရှက်ပြိုင်ပွဲကျင်းပတာ သမီးပထမရတယ် မေမေ
ဟုတ်လား ။ ဘာတွေဆုချသလဲ သမီး...
မသိဘူး မေမေ ... ရှက်တာနဲ့ ဆုတက်မယူခဲ့ဘူး....
[?][?][?][?][?][?][?][?][?][?][?][?][?]

(၂)ရောဂါဟောင်း
ဆေးကျောင်းဆင်းကာစ ဆရာဝန်တစ်ယောက်သည်
သူ့ဆေးခန်းသို့ပထမဆုံးရောက်လာသည့်လူနာကို စမ်းသပ်ရင်း ရောဂါရှာမရသဖြင့်
ချွေးပြန်လာသည်။
ထို့နောက် အကြံတစ်ခုရပြီး လူနာကိုမေးလိုက်တယ်...
ခင်ဗျား အရင်က ဒီရောဂါဖြစ်ဖူးလားတဲ့
ဟုတ်ကဲ့။ လွန်ခဲ့တဲ့ သုံးနှစ်လောက်က ဖြစဖူးပါတယ်
ဟုတ်ပြီ။ ဒါဆို အဲဒီရောဂါ ပြန်ထတာပဲ
[?][?][?][?][?][?][?][?][?][?][?][?][?][?][?][?][?][?][?][?][?][?][?]

(၃)ရပ်မပေးနိုင်ပါ
ဗျို့ ကားဆရာခဏရပ်ပါဦး။ နောက်က တွယ်စီးတဲ့ လူတစ်ယောက် ပြုတ်ကျကျန်ရစ်ခဲ့လို့။
ကိစ်စမရှိဘူး။ သူ့ဆီက ကားခရပြီးသားပါ။
[?][?][?][?][?][?][?][?][?][?][?][?][?][?][?][?][?][?][?][?][?][?][?][?]

(၄)မောင့်အချစ်ကပိုပါတယ်
ရှင်က ကျွန်မထက် အရက်ကို ပိုချစ်တယ်ပေါ့လေ ၊ ပြောစမ်း။
မိန်းမရယ် မင်းကိုတစ်ရက်မှာ ၂၄ နာရီလုံးချစ်တာပါ။ အရက်ကိုတော့ တစ်နေ့မှ
တစ်ပုလင်းတည်း ချစ်တာပါ။
[?][?][?][?][?][?][?][?][?][?][?][?][?][?][?][?][?][?][?][?][?][?][?][?][?][?][?][?]

(၅)ဒီလောက်ပဲတက်ဖို့လိုတယ်
ငါ့သား မင်းကျောင်းနေတာ ကြာလှပြီ။ ၁ ကနေ ၁၀ အထိပဲ ရေတက်ပြီး၊ ဒီထက်
ပိုမရေတက်သေးဘူး။ ကြီးလာရင် ဘာလုပ်စားမှာလဲ ။
လက်ဝှေ့ပွဲမှာ ဒိုင်လူကြီးလုပ်စားမယ်။
[?][?][?][?][?][?][?][?][?][?][?][?][?][?][?][?][?][?][?][?][?][?][?][?][?][?][?]

(၆)ကယ်တော်မူပါ
သူငယ်ချင်း၊ ဘာတွေ အလိုမကျ ဖြစ်ပြီး မျက်နှာရှုံမဲ့နေရတာလဲ။
ငါ့ညီလေကွာ ၊ ဆိပ်ကမ်းမှာ အလုပ်သမားဝင်လုပ်နေတယ်လို့ သတင်းကြားတယ်။
ဒါများဗျာ၊ အလုပ်လုပ်တာပဲဟာကို ၀မ်းသာရမှာပေါ့ ။
ဘယ်ဟုတ်မလဲဗျ ၊ ဒီကောင့်ကြောင့် ကျုပ်တို့တမျိုးလုံး အပြောခံရမှာ။
ကျုပ်တို့ အမျိုးထဲမှာ ဘယ်သူမှ အလုပ်လုပ်စားတာ မရှိဘူး။
[?][?][?][?][?][?][?][?][?][?][?][?][?][?][?][?][?][?][?][?][?][?][?][?][?][?][?][?][?][?][?]

(ရ)ဒါလည်းဟုတ်သားပဲ
ကျွန်တော် ခရီးပန်းလာလို့၊ ဒီမှာတစ်ညလောက် တည်းခွင့်ပြုပါဗျာ။
ဟင့်အင်း... အိမ်မှာ လူမရှိဘူးရှင့်။
ခင်ဗျားက လူမဟုတ်ဘူးလား။
ကျွန်မ ဆိုလိုတာက ယောကျာ်းသား မရှိတာကို ပြောတာပါ။
ကျွန်တော်က ယောကျာ်း မဟုတ်လို့လားဗျာ။
[?][?][?][?][?][?][?][?][?][?][?][?][?][?][?][?][?][?][?][?][?][?][?][?][?][?][?][?][?][?][?][?][?]

(၈)သူ့ကြောင့်မိုပါ
မင်းတို့ဆိုင်က ကြက်ဥတွေ သေးလှချည်လား၊ ခပ်ကြီးကြီးလေးလုပ်စမ်းပါ။
ဒါကတော့ ကျွန်တော်တို့ ဥတာမဟုတ်လို့၊ ကြက်မကို သွားပြောပါ ခင်ဗျာ။
[?][?][?][?][?][?][?][?][?][?][?][?][?][?][?][?][?][?][?][?][?][?][?][?]

(၉)မှားတက်ပလေ
ဝတ်ချင်သလို ၀တ်နေကြတဲ့ခေတ်ပဲ၊ ဟိုကလာနေတာ အင်္ကျီအကျား၊
ဆံပင်ဖားလျား၊ဘောင်းဘီတို နံ့နံ့ နဲ့ အထီးလား၊ အမလားတောင်
ခွဲလို့မရဘူး။
အဲ့ဒါ... ငါ့သမီးပါ။
အော်... ခွင့်လွှတ်နော်။ ဦးလေးသမီးမှန်း မသိလို့ပြောမိတာပါ။
ဟကောင်ရ... ငါက သူ့အမေကွဲ့။

နာဆာရဲ့ဘောပင်ပြသနာ

အာကာသထဲရောက်သွားရင် ဘောပင်တွေက မှင်မထွက်တော့ဘူးတဲ့

လေဖိအားမရှိတော့လို့ တဲ့

အဲဒါနဲ့  နာဆာလည်း လေဟာနယ်မှာ မှင်ထွက်တဲ့ ဘောပင်ကို

ငွေကုန်ကြေးကျခံပြီး သုတေသနပြုသတဲ့

အမေရိကန်တွေဘောပင်တစ်ချောင်းနဲ့ ယောက်ယက်ခက်နေတဲ့အချိုန်မှာ

ရုရှားတွေကတော့အေးဆေးပဲတဲ့

ဒါနဲ့ အမေရိကန်တွေကရုရှားတွေအာကာသမှာဘယ်လိုမျိုး

နဲ့ အဆင်ပြေနေလဲလို့ လူလွှတ်ပြီးစုံစမ်းတော့

ဘောပင်မှင်မထွက်တော့

ခဲတံကိုသုံးပါတယ်တဲ့ဗျာ

ဟက်ကာတို့ ရဲ့ဆရာစူပါဟက်ကာ

ကျွှန်တော်လည်းအခုတလောအလုပ်တွေကများ
နဲ့ ပို့ စ်အသစ်တွေမတင်နိုင်ဘူးဖြစ်နေမိတယ်ဗျာ။လာလည်တဲ့မိတ်ဆွေတွေကို
လည်းအာနာမိပါတယ်။ တူဂျီးရေပြောင်းပေးလိုက်ပြီနော်
အခုတော့ဖိုရမ်တစ်ခုမှာဖတ်မိတဲ့ဟာလေးတစ်ခုပြန်လည်ပြောပြချင်ပါတယ်။


တစ်နေ့ သောအခါကမ္ဘာပေါ်မှာအရမ်းတော်တဲ့။အရမ်းတတ်တဲ့ဟက်ကာဆရာကြီး
လို့ ခံယူတားကြတဲ့သူတွေ
စုပြီး(ဆိုရှယ်နက်ဝပ်ခ်)လို့ခေါ်တဲ့ဟက်ကာဖိုရမ်ကြီးတစ်ခုရှိပါတယ်။
အဲ့ဒီမှာကတော့မိတ်ဆွေတို့ သိတဲ့အတိုင်းဘဲ။
ဘယ်ဟာကိုဘယ်လိုဟက်။ဘယ်ဟာကိုဘယ်လိုပြောင်းနဲ့ 
ဟက်ကင်းပညာတွေကိုဖလှယ်နေကြတာပေါ့။
တစ်နေ့ လည်းကျရောအဲ့ဟက်ကာဖိုရမ်ကြီးမှာလူတစ်ယောက်ကလာရေးသွားပါတယ်
အဲ့ဒါကတော့။

ဟေ့ကောင်တွေအရူးတွေမင်းတို့ ကိုကြည့်မရဘူးဘာတော်တာလည်း။ဘာတတ်တလည်း။

ဘာမှအသုံးမကျကြဘူး။ဘာမှအရည်အချင်းမရှိဘဲနဲ့ ဆရာလုပ်နေကြတယ်။

ငါ့နာမည်=ပီတာကွ။ငါ့ဂျီမေးလ်က You are not allowed to view links. Register or Login ကွ

မင်းတို့ တော်တယ်ဆိုရင်လာဟက်ချေ။

အဲ့ဒီမှာဟက်ကာဖိုရမ်မော်ဒီရေတာတွေကော။အက်ဒမင်တွေပါတော်တော်တင်းသွားတယ်။

ကဲဒီလောက်တောင်ကွာငါတို့ ပေါင်းဟက်ကြရအောင်ချကြမယ်ဆိုပြီး။
နေ့ မအိပ်ညမအိပ်အဲ့ဂျီမေးလ်အကောင့်ကိုအကုန်ပေါင်းပြီးဟက်ကင်းလုပ်ကြပါတော့တယ်။
ကံအားလျှော်စွာနဲ့ ဘဲအဲ့ဂျီမေးလ်အကောင့်ကိုသူတိုတွေအားလုံးရရှိသွားပါတော့တယ်
လာခဲ့ပီတာဆိုတဲ့ကောင်ငါတို့ ကိုလာစော်ကားသွားတာ။
ဆိုပြီးpeter12345@gmail.com အကောင့်ကိုဖိုရမ်မျက်နှာစာမှာယူရှာနိမ်းကောပါ့စ်ဝပ်ကော
ကိုအောင်မြင်စွာနဲ့ တင်ထားကြပါတယ်။နောက်နေ့ မှာတော့စာတစ်ကြောင်းလာရောက
်ထပ်ရေးသွားတာတွေ့ ရပါတယ်။

ဟီးငါ့နာမည်တကယ်တော့ နေမင်းထွန်း ကွ

ငါအဲ့ပီတာဆိုတဲ့ကောင်ကိုကြည့်မရတာကြာနေပြီ
သူ့ ဂျီမေးလ်ကိုလည်းဟက်ချင်တာကြာနေပြီဒါကြောင့်ငါမဟက်တတ်လို့ 
မင်းတို့ ကိုဟက်ခိုင်းတာ။
မင်းတို့  ဟက်ကာပညာတော်ပါတယ်ကွာ

ဒါပေမဲ့မင်းတို့ အကုန်လုံးကိုခိုင်းနိုင်တဲ့ငါပိုတော်သလိုဘဲဒါကြောင့်

ငါကစူပါဟက်ကာပေါ့နော်အခု

ငါလိုချင်နေတဲ့ဒီကောင့်ပါစ်ဝပ်ယူသွားပြီတဲ့။

ဟာသအတိုအထွာများ (၆)

ကူညီပါ့မယ်

ဟင်းသီးဟင်းရွက်သည်ကို အဘွားကြီးကပြောသည်

"အားလူးငါးပိဿာဝယ်မလို့ သမီးရယ်။ ဒါပေမယ့် မသယ်နိုင်မှာ စိုးတယ်ကွယ်။"

"မပူပါနဲ့ အဘွား။ အဘွား သယ်နိုင်အောင် ကျွန်မချိန်ပေးလိုက်ပါ့မယ်"



မတိုင်နဲ့လေ

အိမ်ထောင်ပရိဘောဂဆိုင်သို့ လူကြီးတစ်ယောက် ၀င်လာပြီး ဆိုင်ရှင်ကို
မကျေမနပ် ပြောသည်။

"မနေ့က ခင်ဗျားဆိုင်က ကျွန်တော် ကုလာထိုင်ဝယ်သွားတယ်။ ဒီနေ့ ကျိုးသွားပါပကော။"

"မဟုတ်မှလွဲရော၊ တစ်ယောက်ယောက် တက်ထိုင်လိုက်ပြီ ထင်တယ်။"



နောက်ဆုံးပေါ်အိမ်သားသုံးစက္ကူ

ကမ္ဘာ့အကောင်းဆုံး အိမ်သားသုံးစက္ကူ ပြိုင်ပွဲကျင်းပသည်။ အမေရိကန်
ကိုယ်စားလှယ်က ခလုတ်ကို နှိပ်လိုက်သည်။ စက္ကူလိပ် အလိုအလျောက် လည်လာပြီး
လိုသလောက် ဖြတ်ပေးသည်။ ပရိသတ်အားလုံး အံ့သြတကြီး လက်ခုပ်တီး
သြဘာပေးကြသည်။

ပြင်သစ်ကိုယ်စားလှယ် မိမိနိုင်ငံထုတ်စက္ကူကို ပြသည်။ စက္ကူသည် Channel No.5
ရေမွှေးကဲ့သို့ သင်းပျံ့ထုံကြိုင်နေသည်။ ပရိသတ်များ အလုအယက် နမူနာ
တောင်းကြသည်။

ဂျပန်နိုင်ငံမှ ကိုယ်စားလှယ် စင်မြင့်ပေါ်မှ ဆင်းလာပြီး အကဲဖြတ်
ဒိုင်လူကြီးများကို ဆေးပြားတစ်ပြားစီ ပေးသည်။ ဒိုင်လူကြီးများ နေရာမှ
ထသွားကြသည်။

"ဘယ်လိုလဲ၊ ဘယ်နှယ့်လဲဟင်"

"ထုပ်ပိုးပြီးသား အိတ်ကလေးနဲ့ ပြန်ထွက်လာတယ်။ အံ့ရော"



လူစကား

လူစကားပြောတတ်သော ကြက်တူရွေးကို မိန်းမကြီး ၀ယ်လာသည်။
အိမ်သို့ရောက်ရောက်ချင်း ကြက်တူရွေးကို ပြောသည်။

"ငါပြောတဲ့အတိုင်း လိုက်ပြောစမ်း၊ ကျွန်ုပ်သည် လူဖြစ်သည်။ လူစကားကို
ပြောတတ်သည်လို့"

ကြက်တူရွေးက အံ့သြတကြီး ပြန်မေးသည်။

"ဘာ ဘာ. ခင်ဗျားလည်း လူစကား ပြောတတ်တယ် ဟုတ်လား"


တွေးပြီးပိုပြီးရယ်ရတဲ့ ဟာသ
နေရာ ... စိတ္တဇဆေးရုံ>
ဆေးရုံအုပ်.... "မနက်ဖြန်က အရေးကြီးတဲ့နေ့ တစ်နေ့နော်။ ဘာလို့လဲ သိလား?
  နိုင်ငံတော် အကြီးအကဲ လာစစ်ဆေးလိမ့်မယ်။ လာစစ်ဆေးပြီး ငါက "အဟမ်း" လို့
  ချောင်းဟန့်လိုက်ရင် မင်းတို့အားလုံး လက်ခုပ်တီးရမယ် ကြားလား..
  လက်ခုပ်တီးတဲ့လူကို အသားဟင်းကျွေးမယ်"

  နောက်တစ်နေ့ ....
  နိုင်ငံတော် အကြီးအကဲ လာရောက်စစ်ဆေးခဲ့သည်။ မိန့်ခွန်းပြောအပြီးတွင်
  ဆေးရုံအုပ်က ကြိုတင်မှာကြားထားသည့်အတိုင်း ချောင်းဟန့်လိုက်သည်နှင့်
  လူနာအားလုံး လက်ခုပ်တီးကြသည်။ ထိုအချိန်တွင် လူနာတစ်ယောက်က
  ရုတ်တရက်ရှေ့ထွက်ပြီး အကြီးအကဲကို ပါးတစ်ချက်ရိုက်လိုက်ပြီး
  ပြောလိုက်သည်မှာက "မင်းဘာလို့ လက်ခုပ်မတီးတာလဲ? အသားဟင်း
  မစားချင်ဘူးလားကွ" ဟူတည်း။


တပတ်အတွင်းအထူးသတင်း
တပတ်အတွင်းရရှိထားတဲ့အထူးသတင်းတွေပါတိုးတိုးနော်
လက်တို့ ပြောမှာ

၁။ မျဉ်းဝါမှတစ်ဆင့်
လမ်းဖြတ်ကူးသူများ ဖိနပ်စီး၍ လမ်းလျှောက်လျှက်ရှိ။
၂။ AIDS ရောဂါကို လူတိုင်း ကြောက်ရွှံ့။
၃။ တရားသူကြီးများ တရားစီရင်ရေးကိစ္စ ဆွေးနွေး။
၎။ နှာခေါင်းတွင် အပေါက်နှစ်ပေါက် မပါရှိပါက လူအများ အသက်ရှူရာတွင် အခက်အခဲများ တွေ့နိုင်ဟု သိပ္ပံပညာရှင်များဆို။
၅။ အခိုးခံရသော ပန်းချီကားများ ပျောက်ဆုံးလျှက်ရှိ။
၆။ ကျောင်းသားတစ်ဦး ကျောင်းကား ပေါ်တွင် ကျောင်းသားများနှင့် စာအကြောင်းများကို ဆွေးနွေး။
၇။ နားမကြားသူများ နားကြားကိရိယာ အသုံးမပြုပါက နားကြားရမည် မဟုတ်ဟု ကျွမ်းကျင် သူများ ပြောကြား။
၈။ ခရီးသည်တင် ကားများတွင် ထိုင်ခုံမရပါက မတ်တပ်စီး၍ လိုက်ပါနိုင်။
၉။ မဆင်မခြင် သောက်သုံးမှုကြောင့် အရက်သမားတစ်ဦး အမူးလွန်။
၁၀။ ရထားစီးစဉ် ပြတင်းပေါက်များ ဖွင့်ထားပါက လေကောင်း၊ လေသန့် ရနိုင်။
၁၁။ မိုးရွာသောနေ့များတွင် လူအများစု ထီးများ ဆောင်း၍ သွားလာလှုပ်ရှားလျှက်ရှိ။

ဟာသအတိုအထွာများ (ရ)

မီးသတ်ကပါ
ဟုတ်ကဲ့။ ......လေယာဉ်လက်မှတ် ဌာနကပါ။
"x x x x x x x x x x x x x x"
အော်... ဟုတ်ကဲ့.. ၀မ်းနဲပါတယ်ခင်ဗျာ ...ခုတစ်လော..လေယာဉ်လက်မှတ် ကြပ်နေပါတယ်။ ဘုတ်ကင်တစ်ပတ်တောင်မှ မရတော့ပါဘူး။
"x x x x x x x x x x x x x x"
ဟင်....အော်.. ဟုတ်ကဲ့...ဗိုလ်ကြီးလား... အော်..ဟုတ်ကဲ့.. အော်... ရပါတယ်။ ရှိမှာပါ..ကျွန်တော် ရအောင်လုပ်ပေးပါ့မယ်။ ဒီနေ့ပဲ အိမ်အရောက် လာပို့ပါ့မယ်ခင်ဗျာ...ရမှာပေါ့..ရမှာပေါ့.. ဟဲဟဲ..ဒါက ဒီလိုရှိတယ်လေ..
ဒါနှင့်... ဗိုလ်ကြီးက... ဘယ်တပ်ကလဲ....
"မီးသတ်ကပါ"
တောက် ! ...သောက်ရေးမပါတာ... ခွပ် . . .!!! ဟု.. (ဖုန်းချသံ)


သူ့အလှ
သူငယ်ချင်း နှစ်ယောက်စကားပြောနေကြသည်။
‘သူငယ်ချင်း… ခုငါကြိုက်နေတဲ့ ကောင်မလေးက တော်တော်ကို လှတာကွ’
‘ဟုတ်လား’
‘အေး .. သူ့မျက်ခုံးလေးတွေက ဇင်ယော်တောင်လေးတွေလိုပဲ။
မျက်လုံးလေးကလည်း ရွှေသမင်မျက်လုံးလေး သူ့လည်တိုင်ကလေးဆိုရင် ဗျိုင်းကလေးလိုပဲ။ လမ်းလျှောက်ရင်လည်း ဆင်မယဉ်သာလေး’
‘ဟင်.. ဟုတ်လား .. ဒါဆို မင်းကောင်းမလေးက လူနဲ့မတူဘူးပေါ့’


မမှတ်မိတော့ဘူး
အသက် (၈၀) အရွယ်အဘိုးကြီးက ဂေါက်ကစားနေတယ်။ ခက်တာက သူမျက်စိမကောင်းတော့ဘူး။
ဂေါက်သီးကို ထိအောင်ရိုက်နိုင်ပေမယ့် အဲဒီဂေါက်သီး ဘယ်ကိုကျသွားတယ်ဆိုတာ သူမမြင်ရဘူး။
အဲ့ဒါကြောင့် သူ့ဆရာဝန်က သူ့အတွက် ဂေါက်သီးရောက်ရာ ကြည့်ပေးနိုင်မယ့် အဖော်တစ်ဦးကို ရှာပေးပါတယ်။
အဲဒီအဖော်က အသက်(၉၀)ရှိပါပြီ။ ဒါပေမယ့် မျက်စိကတော့ အံ့အားသင့်စရာကို ကောင်းနေတုန်းပါ။
အဲဒီလိုနဲ့ ဂေါက်သီး စကစားပါတယ်။ အဘိုးကြီးက ဂေါက်သီးကိုလွှဲရိုက်လိုက်တယ်။ ပြီးတော့ သူ့အဖော်ကိုမေးတယ်။
‘ ဂေါက်သီး ဘယ်မှာကျသွားသလဲ ’ အဖော်အဘိုးကြီးက ပြန်ဖြေပါတယ်။ ‘ ကျုပ်မမှတ်မိတော့ဘူးဗျာ’


လေထီးလို့ ထင်သွားတယ်
လေယာဉ်ပျံတစ်စင်းပေါ်မှာ ဟီလာရီကလင်တန်ရယ်၊ ဂျော့ဒဗလျူဘုရှ်ရယ်၊ ပြင်သစ်သမ္မတဆာကိုဇီရယ်၊ ပြီးတော့ ခရစ်ယာန် ဘုန်းကြီးတစ်ပါးရယ်၊ ချာတိတ်တစ်ယောက်ရယ် ပါလာပါတယ်။
အဲဒီအချိန်မှာ လေယာဉ်ပျံက စက်ချွတ်ယွင်းပြီး ပျက်ကျမလိုဖြစ်ပါတယ်။ လေထီးက လေးလုံးပဲပါတယ်။ ဘယ်သူအရင်ခုန်ဆင်းမလဲ။ ဟီလာရီက သူကမိန်းမသားမို့ အရင်ဆုံး ဆင်းပါရစေဆိုပြီး လေထီးတစ်လုံးဖွင့်ပြီး ဆင်းသွားတယ်။
အဲဒီနောက် ဂျော့ဒဗလျူဘုရှ်က “ကျုပ်က ကမ္ဘာပေါ်မှာ စမတ်အကျဆုံးလူဗျ။ လူတိုင်းက ကျုပ်ကိုလိုအပ်တယ်။ ကျုပ်ဆင်းပြီဗျာ” ဆိုပြီး ခုန်ဆင်းသွားတယ်။
အဲဒီနောက် ဆာကိုဇီကလဲ ပြင်သစ်လို ဘာတွေပြောမှန်းမသိပြောပြီး လေထီးယူဆင်းသွားပြန်ရော။ ဘုန်းကြီးနဲ့ ချာတိတ်လေးဘဲကျန်တော့တယ်။
“သားရယ်၊ ကျန်တဲ့လေထီးတစ်လုံးယူပြီး မင်းပဲ ဆင်းပါတော့။ ဘဘုန်း သေရဲပါတယ်ကွယ်” ဆိုပြီး ကလေးကိုပြောတယ်။ ကလေးက “ဘာတွေပြောနေတာလဲ။ တပည့်တော်တို့ နှစ်ယောက်စလုံး တစ်ပြိုင်တည်း ခုန်ဆင်းလို့ရပါတယ်” လို့ပြန်ပြောတယ်။ ဘုန်းကြီးက နားမလည်ဘူးဖြစ်သွားတယ်။ ချာတိတ်က ရှင်းပြပါတယ်။
“လေထီးနှစ်လုံးကျန်ပါသေးတယ်။ ဟိုစမတ် သိပ်ကျတယ်ဆိုတဲ့ ဘုရှ်က သားရဲ့ကျောပိုးလွယ်အိတ်ကို လေထီးထင်ပြီး ယူချသွားတာလေ”


မဖြစ်နိုင်လို့
ဆရာဝန် - ခင်ဗျား တစ်နေ့ကို ရေ (၁၀) ခွက်သောက်ရမယ်။
လူနာ - အဲဒါတော့ မဖြစ်နိုင်ပါဘူး။ ဆရာ။
ဆရာဝန် - ဘာဖြစ်လို့လဲဗျ။
လူနာ - ကျွန်တော့်အိမ်မှာ ဖန်ခွက် (၄) လုံးလဲရှိလို့ပါ။


ချောကလက် စားဖူးသလား
ဆေးထိုးခံရမှာကြောက်၍ မိခင်အား ဖက်တွယ်ထားသည့် ကလေးငယ်ကို ဆရာဝန်ကြီးက ချော့မော့စဉ် -
“သားသားကို ဆေးထိုးပြီးရင် ဘဘမုန့်တွေ အများကြီးကျွေးမယ်။ ဘာမုန့်ကြိုက်သလဲ ပြော”
“ချောကလက်”
“ဟုတ်ပြီ.. သားကြိုက်တဲ့ ချောကလက်က ဘာအရောင်ရှိလဲကွ”
“အညိုရောင်”
“နောက်ပြီး အရသာ ဘယ်လိုနေလဲ”
ထိုအခါ သားက မိခင်ဖြစ်သူကို ပြောလိုက်သည့်စကားကြောင့် ဆရာဝန်ကြီးခမျာ ပါးစပ်အဟောင်းသား ဖြစ်သွားတော့သည်။
“မေမေ ဘဘဆရာဝန်ကြီးက ချောကလက်တစ်ခါမှ မစားဖူးဘူးနဲ့ တူတယ်”


စောစောက ပြောရောပေါ့
မျက်မှန်အရောင်းဆိုင် တစ်ဆိုင်တွင် မျက်မှန်ကျွမ်းကျင်သူက -
“အန်ကယ့်ရှေ့တည့်တည့်နံရံပေါ်က စာတွေဖတ်ပြပါ”
“ x x x x x x x ”
“ဒါဆို ဘယ်ဘက်မျက်လုံးကို လက်ဝါးနဲ့ပိတ်ပြီး ညာဘက်မျက်လုံးနဲ့ ဖတ်ပြပါဦး”
“ x x x x x x x ”
“ဟုတ်ပြီ။ ညာဘက်မျက်လုံးလေးကို ပိတ်ပြီး ဘယ်ဘက်မျက်လုံးနဲ့ တစ်လှည့် ဖတ်ကြည့်ပါဦး”
“ကျွန်တော့် ဘယ်ဘက်မျက်လုံးက အတုကြီးဆရာ”
“ဟိုက်”


အာဂ ယမကာလုလင်
အရက်စွဲ၍ အရက်ကြောင်နေသော လူနာတစ်ဦး ဆေးခန်းလာပြစဉ် ဆရာဝန်က
“ ခင်ဗျား ဒီလိုအရက် ဆက်သောက်နေရင် သေမင်းဆီ တဖြည်းဖြည်းသွားနေသလိုပဲမှတ် ”
“ ဒါဆို ဟန်ကျလိုက်တာ ဆရာရယ် ”
“ သေမင်းဆီသွားရမှာကို ဘာလို့ ဟန်ကျတာလဲဗျ ”
“ ဟုတ်ကဲ့ဆရာ..ကျွန်တော်ကလည်း ဖြည်းဖြည်းပဲသွားချင်တာပါ။ အမြန်သွားဖို့ စိတ်ကူးမရှိလို့ပါ ”
“ ဟိုက် ”


ခဏကလေး
ဆံညိုမလေးက ဒဲလ်တာလေကြောင်းလိုင်းကို ဖုန်းဆက်စုံစမ်းတယ်။
“ကျေးဇူးပြုပြီးရှင် ဆန်ဖရန်စစ္စကိုကနေ နယူးယောက်ကို လေယာဉ်ပျံသန်းချိန် ဘယ်လောက်ကြာမလဲရှင့်”
တစ်ဖက် လေကြောင်းလိုင်းက စာရေးက အလုပ်သိပ်များနေတယ်။
အခြားတစ်ဦးနဲ့ ဖုန်းပြောနေတယ်။ အဲဒါကြောင့် ‘ ခဏကလေးခင်ဗျာ ’ လို့ပြောလိုက်တယ်။
“အခုလိုသိရတာ ကျေးဇူးတင်ပါတယ်ရှင်” လို့ ဆံညိုမလေးက သဘောကျသွားပြီး ဖုန်းချလိုက်ပါတယ်။



ပါတီ၏ ညွှန်ကြားချက်
မေး- ဆိုဗီယက် ဝန်ကြီးချုပ်နဲ့ ပုပ်ရဟန်းမင်းကြီးတို့ တရားဝင် သဘောတူညီမှု ရသွားပြီ ဆိုတာ ဟုတ်ပါသလား။
ဖြေ- ယေဘုယျအားဖြင့်တော့ ဟုတ်တယ်ပြောနိုင်ပါတယ်။ ဒါပေမယ့် နိဒါန်းပိုင်းမှာ အငြင်းပွားနေတာ အချို့ရှိနေတုန်း ဖြစ်ပါတယ်။ ပုပ်ရဟန်းမင်းကြီးက ဘုရားသခင်သည် လူသားကို ဖန်ဆင်းတယ်လို့ ပြောပါတယ်။ ဝန်ကြီးချုပ်က “ပါတီ၏ ညွှန်ကြားချက်အရ” ဆိုတဲ့ စာသား ထပ်ဖြည့်ချင်နေပါတယ်။



သူ့မနော
မကြာခင်ထွက်မယ့် လေ့လာရေးခရီးမှာ အန္တရာယ်ကင်းစေဖို့အတွက် အတန်း ခေါင်းဆောင်တွေနဲ့ ဆရာတွေ တိုင်ပင်ဆွေးနွေးနေကြတယ်။
``ကျောင်းသားတစ်ယောက်ယောက်များ မတော်တဆ လှေပေါ်က ပြုတ်ကျသွားရင် ဘာလုပ်မလဲ´´
ဆရာကြီးက မေးလိုက်တယ်။ ဖရက်ဒီက မဆိုင်းမတွဘဲ…
``အော်ပြီး ချက်ချင်း လှေကို ရပ်ခိုင်းပါမယ်´´
ဆရာကြီး ကျေနပ်သွားတယ်။
``ဟုတ်ပြီ၊ တကယ်လို့ ဆရာတွေထဲက တစ်ယောက်ယောက်များ ပြုတ်ကျရင်ရော´´
``ဟို… ဘယ်တစ်ယောက်လဲဟင်´´



အလေးသာတဲ့ဘက်
ကျောင်းသားသုံးယောက်ဟာ နေသာတဲ့ နေ့ခင်းတစ်ခုမှာ ကျောင်းကနေ အိမ်ပြန်လာကြတယ်။
``ငါတို့ ဘာလုပ်ရင် ကောင်းမလဲ´´
တစ်ယောက်က မေးလိုက်တယ်။
``ခေါင်းပန်းလှန်ကြည့်ကြတာပေါ့´´တဲ့။
ကျန်တဲ့တစ်ယောက်က အကြံပြုတယ်။
``ခေါင်းကျရင်… ငါတို့ ဘောလုံးသွားကန်မယ်။ ပန်းကျရင်တော့… ရေသွားကူးကြမယ်´´
``ဒီအကြံကောင်းတယ်။ တကယ်လို့ ပိုက်ဆံက ပစ်လိုက်တဲ့အခါ တည့်တည့်သွား ထောင်နေရင်တော့ ငါတို့ အိမ်ပြန်ပြီး စာမေးပွဲအတွက် စာကျက်ကြတာပေါ့´´



အကြောင်းသိပြီးသား
ဓာတုဗေဒဆရာမက အက်ဆစ်ရဲ့ ဂုဏ်သတ္တိတွေကို ရှင်းပြနေတယ်။
သူဟာ အက်ဆစ်ထည့်ထားတဲ့ခွက်ကို ယူလိုက်ပြီး သူ့လက်က လက်စွပ်ကိုပါ ချွတ်လိုက်တယ်။
``အခု ဆရာမ လက်စွပ်ကို အက်ဆစ်ထဲ ထည့်လိုက်မယ်။ လက်စွပ်ဟာ အက်ဆစ်ထဲမှာ ပျော်ဝင်သွားမှာလား´´
``မပျော်ဝင်နိုင်ပါဘူး ဆရာမ´´တဲ့။
ဘာတီက သွက်သွက်လက်လက်ဖြေတယ်။
``ဟုတ်တယ်… မင်းဘယ်လို သိသလဲကွယ့် ဘာတီ´´
``ပျော်ဝင်နိုင်မှဖြင့် လက်စွပ်ကို အက်ဆစ်ခွက်ထဲ ဆရာမ ဘယ်ထည့်လိမ့်မလဲ´´



ဘယ်မှမသွားတဲ့မျက်နှာ
ကျောင်းပြောင်းလာတဲ့ဂျော်နီ့ကို သူအသစ်ကြုံရတဲ့ဆရာက ပြောတယ်။
``မင်းမျက်နှာကို ငါ အရင်က တစ်နေရာရာမှာ တွေ့ခဲ့ဖူးသလိုလိုပဲ´´
``မဖြစ်နိုင်ဘူးနဲ့တူတယ် ဆရာ၊ ကျွန်တော့်မျက်နှာဟာ ကျွန်တော့် နားရွက် နှစ်ဖက်ကြားမှာ အမြဲရှိနေတာပဲ´´



ကတ်သီးကတ်သပ်
ဆရာဝန်က အန်ဒီလေးကို စမ်းသပ်အပြီးမှာ ပြောတယ်။
ဆရာဝန် - မင်းက ဘာမှဖြစ်တာမဟုတ်ပါဘူး။ အပျင်းလွန်တာလေးသက်သက်ပါ။
အန်ဒီ - အဲဒါကို ဆေးပညာသုံးဝေါဟာရနဲ့ ဘယ်လိုခေါ်သလဲဆိုတာ ပြောလိုက်ပါ ဆရာ။ ဒါမှ ကျွန်တော် ဆရာမကို ပြန်ပြောပြီး ခွင့်တိုင်နိုင်မှာမို့လို့ပါ။



သူသိတာက

ဆရာမ - အိန်ဂျလာ.. ဆရာမကို တစ်ကနေ တစ်ဆယ်အထိ ရေတွက်ပြပါ။
အိန်ဂျလာ - ဟုတ်ကဲ့.. ဆရာမ၊ တစ်၊ နှစ်၊ သုံး၊ လေး၊ ငါး၊ ခြောက်၊ ခုနစ်၊ ရှစ်၊ ကိုး၊ တစ်ဆယ်။
ဆရာမ - တော်လိုက်တာ၊ တစ်ဆယ်ပြီးရင်ရော ဘာဆက်လာသေးလဲ။
အိန်ဂျလာ - ဂျက်၊ ကွင်း၊ ကင်း။



တူသလိုလိုပဲ

ဒါရန့်ရုပ်ရည်က ကြည့်ရ နည်းနည်းဆိုးပါတယ်။
သူဟာ သူ့သူငယ်ချင်း အသစ်ဖြစ်တဲ့ ရှရွန်ကို သူ ကျောင်းပိတ်ရက် ခရီးထွက်တုန်းက ဓာတ်ပုံတွေ ပြနေတယ်။
သူ့ပြတဲ့ပုံက ပင်လယ်ကမ်းခြေမှာ မြင်းစီးရင်း ရိုက်ထားတဲ့ပုံပါ။
ရှရွန် - ဒါ… မင်းပုံလား။
ဒါရန် - ဟုတ်တယ်လေ။
ရှရွန် - ဟင်… မင်းကျောပေါ်က ဘယ်သူလဲ။



ပြောမိတာ မှားပါတယ်

တစ်နေ့မှာ မူလတန်းကျောင်းတစ်ကျောင်းကို သက်ဆိုင်ရာ တာဝန်ရှိသူက လာရောက် စစ်ဆေးတယ်။ သူက ကျောင်းသားတစ်ယောက်ကို မေးလိုက်တယ်။
``ရောမ အင်ပါယာကြီး ပြိုပျက်သွားစေတဲ့ အဓိက လက်သည်ဟာ ဘယ်သူလဲ´´
ကျောင်းသားက ပျာပျာသလဲနဲ့…
``ကျွန်တော်လုပ်တာ မဟုတ်ပါဘူး´´တဲ့။
တာဝန်ရှိသူက အတန်းပိုင်ဆရာကို ဒီအကြောင်းပြောပြတော့ ဆရာကလည်း
``ဟုတ်ပါလိမ့်မယ်။ ဒီကလေး မလုပ်လောက်ပါဘူး။ သူဟာ လူရိုးလေးပါ´´
တာဝန်ရှိသူ တော်တော် မကျေမနပ်ဖြစ်သွားပါလေရော။ ဒါနဲ့ ကျောင်းအုပ်ကြီးကို သွားတိုင်တော့…
``အဲဒီ ဆရာရော၊ ကျောင်းသားပါ အင်မတန် ရိုးကြပါတယ်။ သူတို့ပြောတာ မှန်ပါလိမ့်မယ်´´
တာဝန်ရှိသူက အတတ်ပညာရေးဆိုင်ရာ ဘုတ်အဖွဲ့ကို ဒီအကြောင်း တင်ပြပါလေရော။ ခဏနေတော့ ဘုတ်အဖွဲ့က ဆုံးဖြတ်ချက် ကျလာတယ်။
``ပျက်ပြီးသား ရောမအင်ပါယာကြီးလည်း ပျက်ပါစေတော့။ ဟိုကျောင်းသားလေး လုပ်တာဆိုရင်လည်း ဘယ်သူမှ မသိအောင် ဒီကိစ္စ ဒီမှာတင် ရပ်ပါတော့´´



သူမြန်ပုံက

ကျောင်းမှာ ကျောင်းသားလေး သုံးယောက်ဟာ သူတို့ အဖေတွေရဲ့ အပြေးမြန်ပုံကို အပြန်အလှန် ပြောရင်း ကြွားနေကြတယ်။
ပထမကျောင်းသားလေးရဲ့ အဖေက မြားပစ်သမား ဖြစ်ပါတယ်။
ပထမကျောင်းသား - ငါ့အဖေက အပြေးသိပ်မြန်တာကွ၊ သူ့လေးနဲ့ ပစ်မှတ်ကို ပစ်လိုက်ပြီး ပစ်မှတ်ဆီ မြား မရောက်ခင် သူက အရင်ရောက်အောင် ပြေးသွားနိုင်တယ်ကွ။
ဒုတိယကျောင်းသားလေးရဲ့ အဖေဟာ ရထားမောင်းတဲ့သူပါ။
ဒုတိယကျောင်းသား - ဒါလောက်များကွာ၊ ငါ့အဖေဆို ရထားမောင်းနေရင်း ရထားပေါ်က ခုန်ချပြီး ဆင်းပြေးတာ ရထား ရောက်မလာခင် နာရီဝက်လောက်အလိုကတည်းက ဘူတာ ကြိုရောက်နေတာကွ။
တတိယကျောင်းသားလေးရဲ့ အဖေကျတော့ ရုံးဝန်ထမ်းပါ။ သူကလည်း အားကျမခံပါပဲ။
တတိယကျောင်းသား - မင်းတို့ မဟုတ်တာတွေ ပြောပြီး လာမကြွားနဲ့ကွာ။ ငါ့ အဖေကမှ တကယ်မြန်တာ၊ ငါ့အဖေရဲ့ ရုံးဆင်းချိန်က ညနေ ၅ နာရီ ပေမယ့် နေ့တိုင်း ၄ နာရီ ၁၅ မိနစ်လောက်ဆို အိမ်ပြန်ရောက်နေရောကွ။



မဖြစ်နိုင်ဘူးထင်တယ်

ဆရာတစ်ယောက်ဟာ တပည့်တွေကို လူဦးရေ တိုးပွားနှုန်းအကြောင်း သင်ကြားပို့ချနေတယ်။
ဆရာ - ကမ္ဘာပေါ်မှာ တရုတ်ပြည်ဟာ လူဦးရေ တိုးပွားနှုန်း အများဆုံးပဲကွ။
တရုတ်ပြည်ရဲ့ လူဦးရေ တိုးပွားနှုန်းဟာ ဘယ်လောက်မြန်သလဲဆိုရင် တရုတ်ပြည်က လူတွေကိုသာ လေးယောက်စီ တန်းစီပြီး
တောင်တစ်တောင်ကို ကျော်ခိုင်းရင် အဲဒီ လူတန်းကြီးဟာ ဘယ်တော့မှ ဆုံးမှာကို မဟုတ်ဘူး။
ပို့ချချက်အဆုံးမှာ အတန်းရဲ့ရှေ့ဆုံးမှာ ထိုင်နေတဲ့ ဆမ်ဟာ ဆရာပြောသွားတာကို နားမလည်သလို ပြူးကြောင်ကြောင် ကြည့်တယ်။ ဒါနဲ့ ဆရာလည်း သူ့စကားကို ထပ်ရှင်းရတာပေါ့။
ဆရာ - ဒီလိုလေကွာ၊ သူတို့ရဲ့ လူဦးရေ တိုးပွားနှုန်းဟာ သူတို့ တောင်ပေါ်တက်သွား နိုင်တာထက်တောင် မြန်နေသေးတယ်က
လူတစ်တန်း တောင်ပေါ် တက်သွားချိန် လောက်မှာပဲ နောက်ထပ် လူတစ်တန်းက ထပ်ဖြစ်(ထပ်မွေးဖွား)နေပြီ။
ဒီအထိလည်း ဆမ်က ပြူးကြောင်ကြောင် ဆက်ကြည့်နေတုန်းပါပဲ။ စိတ်မရှည်တော့တဲ့ ဆရာက ဆမ့်ကို လက်ညှိုးထိုးပြီး လှမ်းမေးလိုက်တယ်။
ဆရာ - မင်းက ဘာကြည့်နေတာလဲ ဆမ်။ ဆရာပြောတာကို နားမလည်ဘူးလား။
ဆမ် - ဟို… သူတို့ တောင်ပေါ် ဖြတ်သွားနေကြချိန်မှာ လူဦးရေတိုးပွားဖို့ကိစ္စတွေ အတွက် အချိန်မှ ရပါ့မလားဟင်။


menu ထဲမှာရှိတဲ့ဟင်းပဲ မှာပါ
ဆရာဝန်တစ်ဦးကစားသောက်ဆိုင်တစ်ဆိုင်မှာ ထမင်းစားဖို့ ရောက်လာခဲ့တယ်။ ဟင်းမှာနေတုန်း မထင်မှတ်ဘဲ စားပွဲထိုး
တင်ပါးကုတ်နေတာကို တွေ့လို့ မေးလိုက်တယ်။
"လိပ်ခေါင်းရှိသလား!"
ဆရာဝန်စကားကိုစားပွဲထိုးပြန်ဖြေလိုက်တာက "ဆောရီး.. menu ထဲမှာရှိတဲ့ဟင်းပဲ မှာပါ"ဟူတည်း။


ချက်တုန်း
ယောက်ျား။ ။ မိန်းမရေ ချက်လို့မပြီးသေးဘူးလား ဗိုက်ဆာလာပြီနော်။
မိန်းမ။ ။ ချက်(chat) ပြီးတော့မှာပါတော်။ ဒီတစ်ယောက်နဲ့ စကားပြတ်ရင်..
ယောက်ျား။ ။ (..) ????

ကောလိပ်ကျောင်းရောက် သားထံမှ မိဘများသို့ ပေးစာ

ကောလိပ်ကျောင်းရောက် သားထံမှ မိဘများသို့ ပေးစာ


အဖေနဲ့ အမေ ခင်ဗျား ... ကျန်းခံ့သာလို့ မာပါစ။
ဒီမှာတော့ ကျောင်းရောက်တဲ့ ပထမတစ်လလုံးလုံး ဘာစာမှ မသင်ရပါဘူး။ စာသင်ခန်းတွေဆီမှ မသွားဖြစ်လို့၊၊ သွားဖြစ်တဲ့ တစ်ရက်ကလည်း ညဘက် ဖြစ်နေတယ်။ အဲဒီညက မီးမလာဘူး။ ပြီးတော့ ဆရာလည်း မလာဘူး။

စာသင်တဲ့ တစ်နေ့မှာကျတော့ ဆရာက အတန်းထဲမှာ ပြောတယ်၊ `ဒီအခန်းထဲမှာ နလပိန်းတုံးရှိရင် မတ်တတ်ရပ်စမ်းဟေ့´တဲ့။ သားတို့ တစ်တန်းလုံးငြိမ်ပြီး ဘယ်သူမှ မလှုပ်ကြဘူး။ ဒါနဲ့ ခဏနေတော့ သား မတ်တတ်ရပ်လိုက်တယ်။ အခန်းထဲမှာ ဆရာတစ်ယောက်တည်း ရပ်နေတာကို အားနာလို့။

ကောလိပ်ကျောင်းသားဆိုပြီး ဘောင်းဘီနဲ့ ရှူးဖိနပ်နဲ့ ကျောင်းတက်လို့ မရပါဘူးဗျာ။ သချာင်္တွက်ချိန်ကျလို့ ဆယ်ဂဏန်းကျော်သွားရင် ရှူးဖိနပ်ကို ချွတ်ပစ်နေရတာ အလုပ်ရှုပ်လွန်းလို့။

ကောလိပ်ကျောင်းမှာ ကျောင်းသူလေးတွေ ချောတယ်။ အဖေတို့ အမေတို့အတွက် ချွေးမလောင်းကိုရွေးပြီး ရည်းစားစာတစ်စောင် အင်္ဂလိပ်လိုရေးပြီး ပေးလိုက်တယ်။ သားကို အင်္ဂလိပ်လို တက်လှပြီမထင်နဲ့။ သားမရေးတတ် ပါဘူး။ ဒါပေမယ့် ကိစ္စမရှိဘူး။ ကောင်မလေးကလည်း အင်္ဂလိပ်လို မဖတ်တတ်ဘူး။

စာရေးတာ နားဦးမယ်။ သား သိပ်နေမကောင်းဘူး။ ဟိုတစ်ပတ်က ဆရာက `မင်းတို့ အပြင်စာတွေ များများ ဖတ်ရမယ်´ဆိုတာနဲ့ ညဘက်အပြင်ထွက်ပြီး စာဖတ်တာ အအေးမိသွားတယ်။ နေမကောင်းဖြစ်လိုက်တာ ပိန်သွားလို့ ရွာကယူလာတဲ့ ဦးထုပ်တောင် မတော်တော့ဘူး။ အဲဒါ နောက်စေ့ကို တူနဲ့ ထုထားရတယ်။ ဒီတော့မှ နောက်စေ့မှာ ဘုထွက်ပြီး ဦးထုပ်က ကျွတ်မကျတော့ဘူးပေါ့။
ပြီးတော့ မနက်ဖြန်မှာ သားတို့ကို Blood Test စစ်မယ်ဆိုလို့ ဒီည တစ်ညလုံး စာကြည့်ရဦးမယ်။


ချစ်သား
စာကြွင်း ။ ။ ဒါနဲ့ အမေ၊ နောက်တစ်ပတ်မှာ ဘရစ်နေးစပီးယားစ်အကြောင်း အရေးတကြီး လေ့လာရဦးမယ်။ အဲဒါပိုက်ဆံလိုတယ် ပို့ပေးပါဦး။ 8)



ကောလိပ်ကျောင်းရှိ သားထံ အမေ့ပေးစာ

ချစ်စွာသောသား....
အမေ အသက်ရှင်နေဆဲပဲ ရှိသေးတယ်ဆိုတာ သားသိရအောင် စာလှမ်းရေးလိုက်တာပါ။ မင်း စာမြန်မြန် မဖတ်နိုင်မှန်းသိလို့ အမေ ဒီစာကို ဖြည်းဖြည်းပဲ ရေးလိုက်တယ်။
မင်း အိမ်ပြန်လာရင် အိမ်ဘယ်မှာမှန်းသိမှာ မဟုတ်ဘူး။ အမေတို့ ပြောင်းသွားကြပြီ။
မင်းအဖေလား။ အခု အလုပ်ကောင်းကောင်း တစ်ခုရနေပြီ။ သူ့အောက်မှာ လူ ၅၀၀ လောက်ရှိတယ်။ သချိုင်းမှာ မြက်ရိပ်နေရတယ်လေ။
အခု အမေတို့အိမ်အသစ်မှာ အ၀တ်လျှော်စက်တစ်လုံးရှိတယ်။ သိပ်တော့ မကောင်းလှပါဘူး။ ပြီးခဲ့တဲ့ အပတ်က အမေအဲဒီထဲ ရှပ်အကျီ ၁၄ထည် ထည့်တယ်။ ပြီး ခလုပ်နှိပ်လိုက်တာ အဲဒီအကျီတွေကို အဲဒီကတည်းက ပြန်မတွေ့ရတော့ပါဘူး။
သားအမ မမရီလည်း ဒီနေ့မနက်ပဲ ကလေးမွေးတယ်။ သားလေးလား၊ သမီးလေးလားတော့ အမေ မသိသေးဘူး။ အဲဒီတော့ မင်းက အန်တီဖြစ်မလား၊ အန်ကယ်လ်ဖြစ်မလား အမေလည်း မပြောတတ်ဘူး။
ပြီးခဲ့တဲ့အပတ်ထဲမှာ မင်းရဲ့ အန်ကယ်ချစ်လည်း တို့မြို့က အရက်ချက်စက်ရုံမှာ ၀ီစကီကန်ထဲ ကျပြီးနစ်လို့ သူ့လုပ်ဖော်ကိုင်ဖက်အချို့က ခုန်ဆင်းပြီးကယ်ကြသေးတယ်။ ဒါပေမယ့် သူက ကယ်တဲ့သူအားလုံးကို သတ္တိရှိရှိ တွန်းလှန်နိုင်ခဲ့တယ်။ သူ့ကို သဂြိုဟ်တော့ အဲဒီမီးကို ငြိမ်းရတာ ၃ ရက်ကြာတယ်။
ပြီးခဲ့တဲ့အပတ်က မိုး ၂ ခါရွာတယ်။ တစ်ခါက ၃ ရက်ကြာပြီး နောက်တစ်ခါက ၄ ရက်ကြာတယ်။ တနင်္လာနေ့တုန်းကများ လေတွေတိုက်လိုက်တာ ခြံထဲက ကြက်မတစ်ကောင်ဟာ ကြက်ဥတစ်လုံးတည်းကို လေးခါ ဥရတယ်။
အသုဘအလောင်းပြင်ဆင်ပေးတဲ့ အိမ်က စာတစ်စောင်မနေ့က ရတယ်။ သူက အမေတို့ပေးစရာရှိတဲ့ ကြွေးကျန်ကို ၇ ရက်အတွင်း မပေးရင် မင်းဘွားအေကြီးကို ပြန်ထအောင် လုပ်လိုက်မယ်တဲ့။
ချစ်တဲ့ အမေ
P.S : အမေ သားအတွက် ငွေ၅ထောင်-ထည့်ပို့မလို့ပဲ။ ဒါပေမယ့် စာအိတ်က ပိတ်ပြီးသွားပြီ။
ပြုံးပျော်နိုင်ပါစေ..  ^-^

အိမ်ထောင်ပြုခြင်းနဲ့ ပတ်သက်တဲ့ ဟာသလေးတွေ

ရယ်ဖို့သက်သက်ပါ။ အိမ်ထောင်ပြုတာ မကောင်းဘူးလို့ ပြောတာမဟုတ်သလို အိမ်ထောင်ပြုဖို့ ပြင်ဆင်ဆဲ၊ အိမ်ထောင်ပြုလတ္တံ့သော သူများကိုလည်း လုံးဝလုံးဝ မတားပါဘူး ...ဘာလို့ လဲဆိုတော့ .နဒီ လဲ တစ်နေ့ ကျရင်အိမ်ထောင်ပြုမှာမို့ ပါ... ဟဲဟဲဟဲ..ကြော်ငြာဝင်လိုက်တာလေ..အဟိ ...( အားလုံး ပြုံးပျော်ရွှင်လန်းနိုင်ကြပါ စေရှင်...) (၁ )အသက်ရှည်ရှည် နေချင်စိတ် လူနားး အသက်ရှည်ရှည် နေနိုင်ဖို့ နည်းလမ်းလေးများ ရှိလားဆရာ? ဆရာဝန်းး အိမ်ထောင်ပြုလိုက်ပါ... လူနားး အဲဒါက တကယ်အသက်ရှည်စေတယ်လား ဆရာ? ဆရာဝန်းး အသက်တော့ မရှည်ပါဘူး။ အသက်ရှည်ရှည် နေချင်စိတ်တော့ ထပ်ဖြစ်လာတော့မှာ မဟုတ်ဘူး။ ( ၂ )လက်ဝှေ့သမားထုံးတမ်းအစဉ်အလာ အမေး ~ မင်္ဂလာပွဲမှာ စုံတွဲတွေ ဘာလို့ တစ်ယောက်လက်ကို တစ်ယောက် ကိုင်လေ့ရှိကြသလဲ။ အဖြေ ~ ဒါက ထုံးတမ်းအစဉ်အလာ တစ်ခုပါပဲ။ လက်ဝှေ့သမားတွေ မသတ်ပုတ်ခင်မှာ လက်ဆွဲနှုတ်ဆက်ကြသလိုမျိုးပေါ့။ (၃ ) ၀မ်းနည်းခြင်း အထိန်းအမှတ် ဇနီးးး မောင် ဒီနေ့က ခင်တို့ရဲ့ မင်္ဂလာနှစ်ပတ်လည်နော်။ ဘာလုပ်ကြရင် ကောင်းမလဲဟင်? ခင်ပွန်းးး (၂)မိနစ်လောက် (၀မ်းနည်းခြင်း အထိန်းအမှတ်နဲ့) ငြိမ်သက်နေကြတာပေါ့ကွာ။ ( ၄ )ဘယ်ဟာပိုကောင်းလဲလို့ မေးတာနဲ့ အလားသဏ္ဍာန် တူတယ် လူတွေ “ချစ်လို့လက်ထပ်တာ” နဲ့ “မိဘတွေစီစဉ်မှုကြောင့် လက်ထပ်တာ” ကွာခြားပုံအကြောင်း ဆွေးနွေးနေရင် ရယ်စရာ ကောင်းပါတယ်။ ဘာလို့လည်းဆိုတော့ အဲဒါက လူတစ်ယောက်ကို “ကိုယ့်ကိုကိုယ် သတ်သေတာ” နဲ့ “အသတ်ခံရတာ” ဘယ်ဟာပိုကောင်းလဲလို့ မေးတာနဲ့ အလားသဏ္ဍာန် တူလို့ပါ။ ( ၅ )ဘယ်မှာလဲကိုယ်စောင့်နတ်ကြီးရယ် လူတစ်ယောက် လမ်းပေါ်မှာ လျှောက်လာရင်း သူ့အနောက်ဘက်က အသံတစ်သံ ကြားလိုက်ရပါတယ်။ “မင်း နောက်တစ်လှမ်းလျှောက်ရင် ခေါင်းပေါ်ကို အုတ်ခဲတစ်လုံးပြုတ်ကျပြီး မင်းသေလိမ့်မယ်”။ အသံကြောင့် လူလည်း လမ်းလျှောက်တာ ရပ်လိုက်တဲ့အချိန်မှာ သူ့အရှေ့တည့်တည့်ကို တကယ်ပဲ အုတ်ခဲတစ်လုံး ပြုတ်ကျလာလို့ အရမ်းအံ့အားသင့်သွားပါတယ်။ အဲဒီလူ ဆက်လျှောက်လာရင်း လမ်းဖြတ်ကူးရမယ့် နေရာအရောက်မှာ စောစောကအသံ ထွက်လာပြန်ပါတယ်။ “ရပ်လိုက်။ လုံးဝဆက်မလျှောက်နဲ့။ နောက်ထပ်တစ်လှမ်း လှမ်းလိုက်ရင် မင်းကိုကားကြိတ်ပြီး သေလိမ့်မယ်။” လူလည်း အသံခိုင်းတဲ့အတိုင်း ရပ်နေစဉ်မှာပဲ လမ်းထောင့်ကကားတစ်စီး ရုတ်တရက် ထွက်လာပြီး သူသီသီလေး လွတ်သွားပါတယ်။ လူလည်း သိချင်စိတ်နဲ့ “ခင်ဗျား ဘယ်သူလဲ” လို့ အသံကို မေးလိုက်ပါတယ်။ အသံက “ငါက မင်းရဲ့ ကိုယ်စောင့်နတ်ကွ” လို့ ပြန်ဖြေပါတယ်။ အဲဒီအခါမှာ လူက စိတ်ပျက်လက်ပျက်နဲ့ မေးလိုက်ပါတယ်... “ဒါနဲ့များ ကျွန်တော် မင်္ဂလာဆောင်တုန်းက ကိုယ်စောင့်နတ်ကြီး ဘယ်များရောက်နေခဲ့လည်းဗျာ.....”

မေးချင်အုံး!!!!!!!

အသက်၅၀ကျော်အရွယ်ဒေါ်ဆီတူးတစ်ယောက်ငယ်ရွယ်နုပျိုချင်လွန်
သဖြင့်တစ်ကိုယ်လုံးကို ပလတ်စတစ်ဆာဂျရီ လုပ်လိုက်သည်။ခွဲစိတ်မှုအားလုံးပြီးဆုံး
သွားသောအခါ ဒေါ်ဆီတူးတစ်ယောက် သူ့ ကိုယ်လုံးကိုမှန်ထဲကြည့်ပြီးအလွန်အံ့အား
သင့်သွားသည်။အသက်ထက်ဝက်လောက်ငယ်သွားသည်ဟုထင်ရလောက်အောင်အ
လွန်နုပျိုလှပသွားသည်။ဒေါ်ဆီတူး တစ်ယောက်အလွန်ကျေနပ်သွားသည်။

နောက်နေ့ တွင်ဆေးရုံကဆင်းလာပြီး ရှော့ပင်းစင်တာတစ်ခုထဲသို့ ဝင်လိုက်သည်။
ထို့ နောက်ဆိုင်တဆိုင်တွင် မိတ်စကပ် ၀င်ဝယ်သည်။မိတ်စကပ်ဝယ်ြ့ပီးသောအခါ
ထိုဆိုင်မှအရောင်းဝန်ထမ်းမလေးအာ

`သမီးအန်တီ့အသက်ဘယ်လောက်ရှိပြီလဲခန့် မှန်းကြည့်ပါးလား´ဆိုပြီးမေးလိုက်သည်။

ထိုအခါအရောင်းဝန်ထမ်းမလေးက`အန်တီ့အသက်အလွန်ဆုံးရှိ၃၀ကျော်ပေါ့´ဟုခန့်မှန်း
လိုက်လေသည်။ ဒေါ်ဆီတူးလဲသဘောကျပြီး`အန်တီ့အသက်က၅၀ကျော်ပြီ´ ဟုပြောကာ
ပြုံးဖြီးဖြီးနှင့်လှည့်တွက်လာခဲ့သည်။ထို့ နောက်အအေးဆိုင်သို့ ဝင်ကာအအေးမှာသောက်
လေသည်။အအေးလာချပေးသောစားပွဲထိုးမလေးအားထပ်မေးလေသည်။

`သမီးအန်တီ့အသက်ကိုခန့်မှန်းကြည့်ပေး၊မှန်ရင်သမီးကိုအန်တီမုန့် ဖိုးပေးမယ်´ဆိုပြီး
ပြောလိုက်သည်။စားပွဲထိုးမလေးက `အန်တီ့အသက်က၃၅လောက်တော့ရှိပြီနဲ့တူတယ်´
ဆိုပြီးပြောလိုက်သည်။ဒေါ်ဆီတူးကြီးက`အန်တီ့အသက်က၅၀ကျော်ပြီကွယ့်...ဒါပေမယ့်
သမီးကိုအန်တီမုန့်ဖိုးတော့ပေးခဲ့ပါ့မယ်´ ဆိုပြီးပိုက်ဆံရှင်းပြီး အားရ၀မ်းသာသောမျက်
နှာပိုးနဲ့ လှည့်ထွက်လာခဲ့သည်။ထို့ နောက်ဒေါ်ဆီတူးဗိုက်ဆာလာသဖြင့်ဟမ်ဘာဂါ
ဝယ်စားရန် ဟမ်ဘာဂါ ဆိုင်တွင်တန်းဆီိလိုက်သည်။ သူဝယ်ရန်အလှည့်ရောက်လာ
သည်။ ဟမ်ဘာဂါ တစ်လုံးဝယ်ပြီးရှေ့က နည်းတူဆိုင်က ကောင်မလေးကို
`သမီးအန်တီ့အသက်ဘယ်လောက်ရှိပြီလဲခန့်မှန်းကြည့်ပါလား´ဆိုပြီးမေးလိုက်
သည်။ `အန်တီ့အသက်၄၀မပြည့်သေးဘူး´ဟုဖြေလိုက်လေသည်။အဲ့နောက်
ဒေါ်ဆီတူး ကြီးလဲမှိုရတဲ့မျက်နှာနဲ့ သဘောတွေကျပြီး `အန်တီ့အသက်က၅၀
ကျော်နေပြီကွယ့်´ဟုပြောကာလှည့်ထွက်လာလေသည်။ ဈေးဝယ်ပြီးသောအခါ
ဒေါ်ဆီတူး ကြီးတစ်ယောက်အိမ်သို့ taxi ငှားပြန်ရန်ဆုံးဖြတ်လိုက်လေသည်။

taxi တစ်စီးကိုလှမ်းတားလိုက်သည်။ `ဒီမှာ...ကျမအသက်ကိုခန့်မှန်းနိုင်ရင်
ကျမသွားချင်တဲ့နေရာကိုရှင်ကြိုက်သလောက်တောင်းကျမပေးမယ် ´ဆိုပြီး
taxiသမား ကိုဘိုနိုး(Bo No) ကိုပြောလိုက်လေသည်။ထိုအခါ ကိုဘိုနိုး တစ်
ချက်စဉ်းစားလိုက်သည်။

ပြီးမှ ` ကျနော်မှာငယ်ငယ်လေးထဲကကျွမ်းကျင်တဲ့ပညာတခုရှိတယ်ဗျ။
အဲဒါ ဘာလဲဆိုတော့ မိန်းကလေးတွေရဲ့ ရင်သားကို
အင်္ကျီအတွင်းပိုင်းကိုလက်ထည့်ပြီးစမ်းသပ်လိုက်တာနဲ့ အဲ့မိန်းကလေး
ရဲ့ အသက်ကိုအနီးစပ်ဆုံးမှန်ကန်အောင်ပြောနိုင်တယ်ဗျ။ကဲ ဘယ်လိုလဲ
ခင်ဗျားသဘောတူတယ်ဆိုရင်တော့ခင်ဗျားရဲ့ အသက်ကိုအနီးစပ်ဆုံးမှန်
အောင်ပြောပြမယ် ok လား´

ဒေါ်ဆီတူးကြီးတချက်စဉ်းစားသွားသည်။
သူကိုဟိုဒင်းပြုတာလဲခံရအုံးမယ်...အင်း..ဒါပေမယ့်သိကလည်းအရမ်း
သိချင်နေတာကိုဘယ်တတ်နိုင်ပါ့မလဲ ။ အဲဒါနဲ့  ပဲ .......

`ok ကျမသဘောတူတယ်၊ရှင်ကျမအသက်ကိုမှန်အောင်မခန့်မှန်းနိုင်လို့ 
ကတော့ပါးရိုက်ခံရမယ်လို့ သာအောင့်မေ့ထား´ဆိုပြီးပြောလိုက်လေသည်။
အဲ့ဒါနဲ့ပဲကို ဒေါ်ဆီတူးကို စပြီးစမ်းသပ်ပါတော့တယ်။ ကိုဘိုနိုး ကြီးမျက်လုံးကြီး
စဉ်ဲးပြီးသေသေချာချာစမ်းသပ်နေသည်။

အချိန်အနည်းငယ်ကြာလာတော့ဒေါ်ဆီတူးကြီးဒေါသထွက်လာသည်။
` ဟဲ့... နင့်ဟာကခုထိမသိနိုင်သေးဘူးလား´ ဟုဒေါသ တကြီးဖြင့်အော်လိုက်တော့
မှ ကိုဘိုနိုး တယောက် လှန့်ပြီးသတိပြန်ဝင်လာသည်။ ထိုအခါမှ

`အန်တီ့အသက်၅၀ကျော်ပြီ ´ဟုပြောလိုက်သဖြင့် ဒေါ်ဆီတူးကြီးတယောက်မျက်လုံး
ပြူးမျက်ဆံပြူးဖြစ်ပြီးတော်တော်အံ့သြသွားသည်။အဲ့ဒါနဲ့ ကိုဘိုနိုးကြီးကို

` ရှင်..ရှင်.. ဘယ်လိုသိတာလဲ ကျမကိုပြောပြပါလား...ပြောပြပါလားဟင် ´
အဲဒါနဲ့ ကိုဘိုနိုးကြီးကလည်း `ok ခင်ဗျားကျနော့်ကိုဘာမှမလုပ်ဘူးဆိုတဲ့ဂတိ
တော့ပေးရမယ်..အဲဒီဂတိကိုသဘောတူရင်ခင်ဗျားကိုကျူပ်ပြောပြမယ်ဘယ်လိုလဲ`

ဒေါ်ဆီိတူးကြီးလည်းအရမ်းသိချင်နေတာနဲ့ချက်ချင်းပဲသဘောတူလိုက်တယ်။ အဲဒါနဲ့ 
ကိုဘိုနိုးက `ဟုတ်ပြီဒါဆိုခင်ဗျားကိုကျူပ်ပြောပြမယ်...ခင်ဗျား ဟမ်ဘာဂါဝယ်ဖို့ တန်းဆီ
တုန်းကခင်ဗျားနောက်ကတန်းဆီနေတာကျနော်လေဗျာ´ တဲ့...........
:PPPPPPPPPPPPPPPPPPPPPPPPPPPPPPPPPPPPPPPP

ရိုင်းသောအသုံးအနှုန်းများပါခဲ့ပါကနားလည်ခွင့်လွှတ်ပေးကြပါရန်.........

သူငယ်ချင်းတွေအပျင်းပြေဖို့ဟာသေ­လးတွေပါ

ဖခင်…..သား မတတ်တာ ဘာရှိလဲ ဖေဖေ့ကို ပြောပြ။
>>> သား…..ဒီကမ္ဘာပေါ်မှာ သားမတတ်တာ (၂)ခုပဲရှိတယ်။
ဖခင်…..ဟာ….ငါ့သား တယ်တော်ပါလား…ဘယ်(၂)ခု မတတ်တာလဲ။
သား…..သား “ဒီဟာ” လဲ မတတ်ဘူး။ သား “ဟိုဟာ” လဲ မတတ်ဘူး။
ဖခင်………. ^&(*&!”)(!_)£$”
ဖခင်……….. သား ၁ နဲ့ ၁ ပေါင်း ဘယ်လောက်ရလဲ
သား……….. မသိဘူး ဖေဖေ
ဖခင်……… လူအ..၂ ရတယ်…ဟင်း…ဒါလေးတောင်မသိဘူး။ ဒါဆိုရင်
ဖေဖေနဲ့ သားပေါင်းရင် ဘာရလဲ။
သား……….. ဖေဖေနဲ့ သားပေါင်းရင် လူအ နှစ်ယောက်ရတယ်။
ဖခင်………..&^!*”^!%”$!£”)(*
“နင့်အမှတ် ဘယ်လောက်ရလဲ”
“သုည ..နင်ကော”
“ငါလဲ သုညပဲရတယ်”
“အမှတ်ချင်း တူနေပြန်ပြီ ဆရာက ငါတို့ကို ခိုးကြည့်တယ် ပြောဦးမလား မသိဘူး"
>>> ဖခင်……..ဟင်း….ကျောင်းဖွင့်ခါစပဲ ရှိသေးတယ်။ ရမှတ်က သုညတဲ့…ဟင်း
>>> သား…….. ဆရာမက ပြောတယ်..ဘယ်အရာမဆို သုညက စရမယ်တဲ့။
>>> ဖခင်…………&*!^”!%”!^%”!08
>>> ဖခင်………. ကျောင်းကောင်းကောင်းထားပေးတာ စာမကြိုးစားချင်ဘူး။ ဖေဖေ့
>>> တုန်းက ဆင်းရဲလို့ ကျောင်းတက်ချင်တာတောင် မတက်ခဲ့ရဘူး။
>>> သား……….. ဖေဖေ….သားတို့ ဘယ်တော့ ပြန်ဆင်းရဲမှာလဲဟင်….
> ဖခင်…………&*!^”!%”!^%”!08

 

လပ်ကီးမြို့တော်