သတင်းနှ့င့်ရသစုံလင်
လပ်ကီးမြို့တော်တွင် မြန်မာသတင်း၊နိုင်ငံတကာသတင်း၊ထူးဆန်းထွေလာ၊အားကစားသတင်း၊ကျန်းမာရေးကဏ္ဍ၊ဟာသလေးများ၊ကာတွန်းနှင့်ရုပ်ပြဟာသ၊ တရားတော်များ၊ဘာသာရေးကဏ္ဍ၊ချက်နည်းပြုတ်နည်း၊အလှအပနှင့်ဖက်ရှင်၊သရဲတစ္စေနာနာဘာဝ၊သိုင်းဝတ္ထုနှင့်စာအုပ်စာပေ၊gtalk custom message၊ ဗေဒင်ကဏ္ဍ၊ဗဟုသုတနှင့်အထွေထွေ..စသည်တို့ကို တစ်စုတစ်စည်းထဲ ဖတ်ရှုနိုင်ပါတယ်....
နည်းပညာများ
ကွန်ပျူတာနည်းပညာများ ANDROID ဖုန်း နည်းပညာများ APPLE (IOS) မိုးဘိုင်းဖုန်းနည်းပညာများ ကို နည်းပညာများနေရာမှာ ဖတ်ရှုနိုင်ပါတယ်
ဒေါင်းလုပ်သီချင်း
သီချင်းဒေါင်းချင်သူမျာအတွက် အသစ်ထွက်တဲ့သီချင်းတွေရော သီချင်းဟောင်လေးတွေပါ " MP3 ဒေါင်းလုပ်" နေရာမှာ ၀င်ဒေါင်းနိုင်ပါတယ် သီချင်းများကို album လိုက်စုစည်းပြီး တင်ပေးထားပါတယ်
ဂီတစက်ခန်း
ဂီတစက်ခန်း စိတ်ညစ်နေသူ...စိတ်ရှုပ်နေသူများ... စိတ်ထွက်ပေါက်ရှာချင်တယ်ဆိုရင် ဂီတစက်ခန်းထဲဝင်ပြီး ၀င်ကလိလိုက်ပါ... ဂီတစက်ခန်းမှာ ဂီတာ၊ဒရမ်၊စန္ဒယား၊တယော၊ဒီဂျေ အပြင်... ရောသမမွှေနိုင်တဲ့ တီးလုံးသံစဉ်လေးများကို အသုံးပြုနိုင်ပါတယ်...
အွန်လိုင်းဂိမ်း
အွန်လိုင်းဂိမ်းများကို အဆင်ပြေပြေနဲ့ အလွယ်တကူကစားချင်တယ်ဆိုရင် ဓါတ်ပုံပြင်ရန်အောက်က..အွန်လိုင်းဂိမ်းနေရာမှာ ၀င်ရောက်ကစားနိုင်ပါတယ်
www.luckymyotaw.com သို့
photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....
Friday, May 24, 2013
မစ်ကီမောက်စ် အမှတ်တရပစ္စည်း စုဆောင်းသူ ဂင်းနက်စ်စံချိန်တင်
 အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်မှ ဂျာနက်အက်စတီးဖ်ဆိုသူ အမျိုးသမီးသည် မစ်ကီမောက်စ် အမှတ်တရပစ္စည်းများ ၆၀၀၀ကျော်ခန့် စုဆောင်းထားရှိခဲ့ပြီး မစ်ကီမောက်စ် အမှတ်တရ ပစ္စည်းများ အများဆုံးစုဆောင်းသူအဖြစ် စက်တင်ဘာ၂၃ ရက်နေ့က ဂင်းနက်စ် စံချိန်တင်နိုင်ခဲ့သည်။ အက်စတီးဖ်သည် ၂၀၀၆ခုနှစ်ကတည်းက မစ်ကီမောက်စ်အမှတ်တရ ပစ္စည်းများ ၆၀၀၀ကျော်ခန့် စုဆောင်းနိုင်ခဲ့ပြီး သူမ၏ စံချိန်ဟောင်းကို ချိုးဖျက်ကာ စံချိန်သစ်တင်နိုင်ခဲ့သည်။ အက်စတီးဖ်သည် ငယ်စဉ်ကတည်းက မစ်ကီမောက်စ် ဇာတ်ကားများကို အလွန်နှစ်သက်ခဲ့ပြီး မစ်ကီမောက်စ် အမှတ်တရပစ္စည်းများဖြစ်သော မစ်ကီမောက်စ် အရုပ်ကလေးများ၊ ဘောပင်၊ သော့ချိတ်နှင့် အခြားအမှတ်တရပစ္စည်းများကို ၀ယ်ယူစုဆောင်းကာ သူမ၏နေအိမ်တွင် အလှဆင်ထားကြောင်း သိရှိရသည်။
by swesonemedia
ကမ္ဘာ့အကြီးဆုံးစာရင်းဝင် စိန်ကြီးတစ်လုံး ရုရှား၌တွေ့ရှိ
 ရုရှားနိုင်ငံ၏ အကြီးဆုံးစိန်ရှာဖွေတူးဖော်ရေး ကုမ္ပဏီတစ်ခုသည် အလ်လိုဆာကုမ္ပဏီ၏ နံပါတ်၁၆ ညာဘစ်ဆင်မိုင်းတွင်း တည်ရှိရာ ရုရှားအရှေ့မြောက်ပိုင်း ဂျာကူဘီယာဒေသတွင် အလေးချိန် ၁၅၈ဒသမ၂ကာရက်ရှိ ကမ္ဘာ့ရှားပါးဆုံး အကြီးဆုံးစာရင်းဝင် စိန်ကြီးတစ်လုံးကို တွေ့ရှိခဲ့ကြောင်း စက်တင်ဘာ၂၅ရက် ရုရှားပြည်တွင်း သတင်းတစ်ရပ်တွင် ဖော်ပြခဲ့သည်။ ရုရှား၏ အလ်လိုဆာကုမ္ပဏီသည် ယင်းစိန်တုံးကြီးကို ယခုသီတင်းပတ်အတွင်း ကြမ်းခင်းဈေးအဖြစ် အမေရိကန်ဒေါ်လာ ၁ဒသမ၅သန်းဖြင့် လေလံတင် ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။ ထိုစိန်တုံးကို စိတ်ပိုင်းလိုက်ပါက အရည်အသွေးကောင်းမွန်ပြီး တန်ဖိုးရှိသော စိန်တုံးပေါင်းများစွာ ထွက်ရှိမည်ဖြစ်ပြီး ယင်းစိန်တုံးလေးများ၏ တန်ဖိုးသည်ပင် အမေရိကန်ဒေါ်လာ သိန်းနှင့်ချီ၍တန်မည်ဖြစ်ကြောင်း အလ်လိုဆာကုမ္ပဏီမှ စိန်ကျွမ်းကျင်သူတစ်ဦးက ပြောကြားလိုက်သည်။
by swesonemedia
GoogleMapက ပန်းကန်ပြားပျံများအား ရိုက်ကူးထားနိုင်
 မြေပုံများအား သုံးဖက်မြင်အသွင်ဖြင့် ပြောင်းလဲတင်ဆက်ခဲ့သည့် ကမ္ဘာကျော်နည်းပညာပါရဂူ Googleကမကြာသေးမီက ယင်း၏ အင်တာနက်မြေပုံများတွင် ပန်းကန်ပြားပျံများကို အမိအရ ရိုက်ကူးနိုင်ခဲ့သည်။ Googleသည် အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ်တွင် ပန်းကန်ပြားပျံတစ်ခုကို ဦးစွာရိုက်ကူးနိုင်ခဲ့ပြီး နယူးမက္ကဆီကိုတွင် နောက်ထပ် ပန်းကန်ပြားပျံတစ်ခုကိုလည်း ထပ်မံရိုက်ကူးနိုင်ခဲ့သည်။ ယင်းပန်းကန်ပြားပျံများမှာ ကမ္ဘာမြေပြင်အထက် မိုင်ပေါင်း၁၀၀၀ခန့်တွင် ပျံသန်းနေခြင်းဖြစ်သည်ဟု မြေပုံပညာရှင်များက တွက်ဆထားကြသည်။
by swesonemedia
ဘေ့စ်ဘောအရွယ် အမျိုးအမည်မသိ သတ္တ၀ါ၏အပြာရောင် မျက်လုံးတစ်လုံးတွေ့ရှိ
 အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ် ပွန်ပါနိုကမ်းခြေတွင် အောက်တိုဘာလ ၁၀ရက်နေ့က အမျိုးအမည်မသိ သတ္တ၀ါတစ်ကောင်၏ ဘေ့စ်ဘောအရွယ် အပြာရောင်မျက်လုံးတစ်လုံးကို တွေ့ရှိခဲ့ရကြောင်း ဖလော်ရီဒါပြည်နယ် ရေသတ္တ၀ါနှင့် တောရိုင်းတိရစ္ဆာန် စူးစမ်းလေ့လာရေးအဖွဲ့မှ ထုတ်ဖော်ကြေညာခဲ့သည်။ ဂျိုနိုကိုဘာစီဆိုသူသည် အောက်တိုဘာ၁၀ရက်နေ့က ကွန်ပါနိုကမ်းခြေတစ်လျှောက် လမ်းလျှောက်လာစဉ် အဆိုပါဘေ့စ်ဘောအရွယ် မျက်လုံးတစ်ဖက်ကို တွေ့ရှိခဲ့ရခြင်းဖြစ်ပြီး စတင်တွေ့ရှိစဉ်က ထိုမျက်လုံးတွင် သွေးစသွေးနများ ပေကျံနေသည်ကိုပင် တွေ့ရှိရသည်။ ကင်းမွန်ငါးမျိုးအပါအ၀င် အရွယ်အစားကြီးမားသော နှင်းလူကြီးများသည်ပင် ထိုမျှလောက်ကြီးမားသော မျက်လုံးမျိုးမရှိသောကြောင့် သိပံ္ပပညာရှင်များအတွက် ပဟေဠိတစ်ပုဒ် သဖွယ်ဖြစ်လာခဲ့သည်။ ယခုအခါ အဆိုပါအပြာရောင် ဘေ့စ်ဘောအရွယ်မျက်လုံးကို စိန့်ပီတာစဘတ်မြို့ရှိ သဘာဝရေသတ္တ၀ါနှင့် တောရိုင်းတိရစ္ဆာန်အင်စတီကျူသို့ ပို့ဆောင်ကာ စူးစမ်းလေ့လာမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
by swesonemedia
အပြာရောင်နှင့် အစိမ်းရောင်ပျားရည်ကို ပြင်သစ်နိုင်ငံ၌တွေ့ရှိ
ပြင်သစ်နိုင်ငံအရှေ့မြောက်ဘက်ရှိ ပျားမွေးသူများသည် ၎င်းတို့၏ပျားအုံထဲ၌ အပြာရောင်နှင့် အစိမ်းရောင်ပျားရည်များကို တွေ့ရှိခဲ့ရသဖြင့် လွန်စွာအံ့သြခဲ့ရသည် ဟုသိရသည်။ အဆိုပါပျားရည်များသည် ထူးဆန်းသော်လည်း ပြင်သစ်နိုင်ငံ၌ ထုတ်လုပ်သည့် ပျားရည်အဆင့်အတန်းကို မမီသောကြောင့် ဈေးကွက်၌ ရောင်းချနိုင်ခြင်းမရှိပေ။ ဤသို့ဖြစ်ရခြင်းမှာ ထိုရောင်စုံပျားရည်များသည် ပန်းဝတ်မှုန်မှရသည့် ပျားရည်မျိုးနှင့်မတူဘဲ တစ်မူကွဲပြားနေသည်ဟုသိရသည်။ ဤသို့ဖြစ်ရခြင်းမှာ အဆိုပါပျားမွေးမြူရေးခြံမှ ပျားများသည်  ပန်းဝတ်ရည်ကိုမစုပ်ဘဲ သကြားလုံးစက်ရုံမှ စွန့်ပစ်ပစ္စည်းများကို သွားရောက် စားသောက်ကြသောကြောင့်ဖြစ်သည်ဟုသိရသည်။ဤသို့ပျားရည်များ အရောင်ပြောင်းသွားခြင်းကြောင့်  သကြားလုံးစက်ရုံသည် ၎င်းတို့၏စွန့်ပစ်ပစ္စည်းများကို ပျားများလာရောက်စားသောက်ခြင်း မပြုနိုင်စေရန် သိုလှောင်ရုံ၌ စွန့်ပစ်ပစ္စည်းများကို ထိန်းသိမ်းသွားမည် ဟုသိရသည်။
by swesonemedia
လျှပ်စစ်ဗို့အားတစ်သန်း ခန္ဓာကိုယ်ထဲဖြတ်စီးမှုကို ခံနိုင်ရည်ရှိကြောင်း ပြသနိုင်ခဲ့သူ
ပြီးခဲ့သည့် အောက်တိုဘာ၅ရက်နေ့က မျက်လှည့်နှင့်မှော်ဆရာ ဒေးဗစ်ဘရိန်းဆိုသူသည် သူ၏စွမ်းရည်ကို ပြသသည့်အနေဖြင့် လျှပ်စစ်ဗို့အားတစ်သန်းရှိသော လျှပ်စီးစက်ကွင်း၏အလယ်တွင် အောင်မြင်စွာနေပြခဲ့သည်။ ယခုနောက်ပိုင်းတွင် လူသိများထင်ရှားလာသည့် အသက်၃၉နှစ်အရွယ် မျက်လှည့်နှင့်မှော်ဆရာ ဒေးဗစ်ဘလိန်းသည် ၇၂နာရီအကြာ သူ၏ခန္ဓာကိုယ်ပေါ်သို့ လျှပ်စစ်လှိုင်းများ ဖြတ်စီးစေခြင်းကို လူအများရှေ့၌ ရှင်းလင်းထင်ရှားစွာပြသခဲ့သည်။ သူ၏ခန္ဓာကိုယ်ကို ထိုသို့လျှပ်စစ်စီးဝင်နေစဉ် တက်စ်တာအမည်ရှိ လျှပ်စစ်ဗို့အားတစ်သန်း ခန္ဓာကိုယ်ထဲဖြတ်စီးမှုကို ခံနိုင်ရည်ရှိကြောင်း ပြသနိုင်ခဲ့သူ သတ္ထုကွိုင်တစ်မျိုးဖြင့် ပြုလုပ်ထားသောအ၀တ်ကို ၀တ်ထားကာ အထူးတလည်ပြုလုပ်ထားသော ဦးထုပ်ကိုလည်း ဆောင်းထားသည်။ ရာပေါင်းများစွာသော ပရိသတ်များက ထိုစတန့်ပွဲကို လာရောက်ကြည့်ရှုကြပြီး လျှပ်စစ်ဗို့အားတစ်သန်းကြားမှာ အမြဲတမ်းနေထိုင်သွားမည့်သူဟု အမည်ပေးကင်ပွန်းတပ်ခဲ့ကြသည်။
ထိုအဖြစ်အပျက်ကို နောက်ပိုင်းတွင် Youtubeပေါ်၌ အင်တာနက်ကော်ပိုရေးရှင်းတစ်ခုမှ တာဝန်ယူတပ်ဆင်ပေးခဲ့သည်။ ထိုစတန့်ပွဲမပြုလုပ်ခင်က အောင်မြင်စွာပြုလုပ်နိုင်မည်လော ဟူသောပဟေဠိမေးခွန်းများနှင့် စိန်ခေါ်မှုများကိုယခုအခါ ဖြေရှင်းပေးနိုင်ခဲ့ပြီဖြစ်သည်ဟု ဘလိန်း၏ ပြောရေးဆိုခွင့်ရှိသူက ပြောဆိုခဲ့သည်။ သရုပ်ပြပွဲပြီးသောအခါ ဘလိန်းမှာ လမ်းလျှောက်နိုင်ရန်အတွက် လူတစ်ယောက်က တွဲပေးထားရပြီး ထိုပွဲအပြီးတွင် သူ၏ စေ့စပ်ထားသည့်ချစ်သူက သူ့ကို ဆေးရုံတစ်ခုသို့ခေါ်သွားပြီး ကျန်းမာရေးနှင့်ပတ်သက်၍ တစ်စုံတစ်ရာဖြစ်ပျက်မှုရှိမရှိ စမ်းသပ်စစ်ဆေးစေခဲ့သည်။ ''လျှပ်စစ်သံလိုက် စက်ကွင်းတွေကြားမှာ ၇၂နာရီတောင်နေခဲ့ရတာ ဦးနှောက်ကို တစ်ခုခုဖြစ်သွားနိုင်တာပေါ့ ''ဟူ၍ဘလိန်းက ပြောဆိုခဲ့သည်။
by swesonemedia
အသက် ၉၆ နှစ်အရွယ်ဖြင့် ကမ္ဘာ့ အသက် အကြီးဆုံးဖခင်စံချိန်ရှင်...
  • ရမ်ဂျစ်ရာဂေ့ဗ် အမည်ရှိအဘိုးအို အသက် ၉၆ နှစ်အရွယ်တွင်ဒုတိယအကြိမ်
     မြောက်အဖြစ် သားယောကျာင်္းလေးတစ်ဦး၏ဖခင်ဖြစ်လာ...
    ၎င်း၏ပထမသားကလေး ကရမ်ဂျစ်ကို လွန်ခဲ့ သည့် ၂ နှစ်က အိန္ဒိယနိုင်ငံမြောက်
    ပိုင်း ဟာရီယာနာတွင်မွေးဖွားခဲ့ ...
World's oldest: Ramjit Raghav, 96, holding his second baby Ranjit
ဒုတိယသားကလေး ရန်ဂျစ်ကိုပွေ့ ချီထားသည့် အသက် ၉၆ နှစ်အရွယ်တွင် ကမ္ဘာ့ အသက်
အကြီးဆုံးဖခင်ဖြစ်လာသည့် အဖိုးအို ရမ်ဂျစ်ရာဂေ့ ဗ်
World's oldest: Ramjit Raghav, 96, holding his second baby Ranjit
အိန္ဒိယနိုင်ငံမှ အသက် ၉၆ နှစ်ရှိအဖိုးအိုတစ်ဦးဟာ ဒုတိယအကြိမ်မြောက်အဖြစ်ကမ္ဘာ့ အသက်
အကြီးဆုံး ကလေးအဖေဘွဲ့ ကိုထပ်မံဆွတ်ခူးကာအောင်လံစိုက်ထူနိုင်လိုက်ပြန်ပါတယ်...
၏ပထမသားလေးဖွေးအောင်စွမ်းဆောင်နိုင်ခဲ့ လို့ ကမ္ဘာ့ အသက်အကြီးဆုံးကလေးအဖေဘွဲ့ ပေး
အပ်ခံခဲ့ ရပါသေးတယ်...
သားတစ်ယောက်ရတာလုံလောက်ပါပြီ၊ တော်လောက်ပါပြီလို့ ပြောဆိုခဲ့ သော်လည်း ပင်စင်စား
အဖိုးအိုနှင့် ၎င်း၏အသက် ၅၄ နှစ်အရွယ်ဇနီးဖြစ်သူ သျှကုဏ္ဍလ ( အိန္ဒိယဇတ်တော်ထဲကမင်း
သမီးနဲ့ တော့ နာမည်တူပါပဲ ) တို့ ကတော့ လွန်ခဲ့ သည့် လကပင် ဒုတိယသားကလေး ရန်ဂျစ်ကို
လူ့ လောကထဲ ပွေ့ ပိုက်ဆီးကြိုခေါ်ဆောင်လာနိုင်ခဲ့ ကြပြီဖြစ်ပါတယ်...
 " ဘယ်တတ်နိုင်မလည်းဗျာ... ဒါဟာဘုရားပေးတဲ့ လက်ဆောင်ပေပဲ..." ဟု အဖိုးအိုရမ်ဂျစ်က၎င်း
" ဘုရားသခင်ကကျူပ်ကိုနောက်ထပ် သားသားလေးတစ်ယောက်ထပ်ရှိစေချင်တာကိုး...." လို့ သူ
ကဆိုပါတယ်...
ယခုလအစောပိုင်းက ဟာရီယာန အစိုးရဆေး၇ုံကြီးတွင် ကျန်းမာသန်စွမ်းသည့် သားကလေး
အား သျှကုဏ္ဍလာ တစ်ယောက်မွေးဖွားခဲ့ စဉ် ကလေးအဖေဟာ ရမ်ဂျစ်ဖြစ်ကြောင်းသိကြသည့် 
ဆရာဝန်များအနေဖြင့် ရယ်ပွဲဖွဲ့ ခဲ့ ကြပါတယ်...
" ဆရာဝန်တွေကတော့ ရယ်လည်းရယ် အံ့ လည်းအံ့ သြနေကြပါတယ်..." လို့ အဘိုးအို ရမ်ဂျစ်
ကဆိုပါတယ်...
နှစ်ယောက်အပေါ် မျှော်လင့် ချက်ကြီးကြီးထားရှိနေပါတယ်...
" ကျူပ်ဘ၀တစ်လျှောက်လုံးလယ်သမားလုပ်လာခဲ့ ရတာဗျာ... သူတို့ လေးတွေကိုတော့ အစိုးရ
အရာရှိကြီးတွေဖြစ်စေချင်ပါတယ်... သားယောကျာင်္းလေးတစ်ယောက်ထပ်ရတာလည်းကောင်း
တာပေါ့ ဗျာ... တစ်ကယ်လို့ တစ်ယောက်ဆုံးပါးသွားခဲ့ ယင်တောင် မျိုးရိုးဂုဏ်ဆက်လက်စောင့် 
ထိန်းမယ့် နောက်တစ်ယောက်ရှိနေသေးတာပေါ့ ..." လို့ သူကဆိုပါတယ်...
ရမ်ဂျစ် က၀န်ခံပြောကြားခဲ့ ပါတယ်...
" ကျူပ်ကအသက်ကြီးပေမယ့် မပျက်စီးသေးတော့ တစ်ညကို သုံးလေးကြိမ်လောက်တော့ ဇနီး
မယားလေး သျှကုဏ္ဍလာ နဲ့ ချစ်တင်းနှောနိုင်ပါသေးတယ်.... အဲဒါကိုဗျာ အိမ်နီးနားချင်းတွေက
အားအကျကြီးကျပြီး မနာလိုတွေဖြစ်ကာဘာဆေးကောင်းတွေများမှီဝဲပါလည်း လို့ မေးကြသဗျာ..
ကျူပ်ကတော့ ဘုရားသခင်အလိုတော်အတိုင်းပါပဲလို့ ဖြေခဲ့ ရသဗျာ....
ကျူပ်ကကျန်းမာရေးကလည်းကောင်းတော့ မိန်းမနဲ့ က ချစ်စ၊ ခင်စ၊ ကြင်နာစ ဆိုသလိုပါပဲ...အ
လိုရှိသလို ချစ်ခြင်းတွေဖလှယ်နေနိုင်ပါတယ်.... လင်နဲ့ မယားဆိုတာလည်း အခုလို ပုံမှန် ယုယ
ကြင်နာ မေတ္တာတွေဖွင့် ဟနေနိုင်ဖို့ ကအရေးကြီးတယ်မဟုတ်လား...
ကျူပ်ကတော့ သျှကုဏ္ဍလာ ကသာဆန္ဒရှိပါစေ၊ တောင်းဆိုနေယင်တစ်ညလုံးလည်း ချစ်နေနိုင်
အဖိုးအိုရမ်ဂျစ် ကဆိုပါတယ်...
အခုလို ညရေးညတာကိစ္စတွေမှာ စွမ်းဆောင်ရည်ထက်မြက်နေတာလို့ ကလေး ၂ ယောက်အ
ဖေ ရမ်ဂျစ်ကဆိုပါတယ်...
Daddy duties: Ramjeet Raghav, 96, with his wife Shankuntala, 54, and sons Karamjit, 4, and baby Ranjit, is excited to have become a father again
သျှကုဏ္ဍလာရယ်.... မင်းနဲ့ မှချစ်တတ်ပြီပေါ့ ...လို့ ဆိုရမယ့် ၉၆ နှစ်အထိ အရှိန်မကုန်သေးတဲ့ 
ဘာဘာရမ်ဂျစ် နဲ့ ကြိုးစားအားထုတ်မှုရလာဒ် သားကြီး ကရမ်ဂျစ် ( ၄ နှစ် )၊ သားငယ်လေး
ရန်ဂျစ်....
Daddy duties: Ramjit Raghav, 96, with his wife Shankuntala, 54, and sons Karamjit, 4, and newborn Ranjit, is excited to have become a father again
" ကျူပ်က မိန်းမကိုလည်း ဂရုစိုက်ပြီး သူလိုအပ်တာမှန်သမျှဖြည့် ဆည်းပေးနေလို့ ပျော်ရွှင်တဲ့ 
အိမ်ထောင်ရှင်မတစ်ယောက်ဖြစ်နေပါပြီ..." လို့ လည်း ရမ်ဂျစ်ကဆိုပါတယ်...
ယခုလက်ရှိ ဒုတိယမြောက်အိမ်ထောင်ဆက်ဖြစ်တဲ့ သျှကုဏ္ဍလာနဲ့ တွေ့ တော့ ရမ်ဂျစ်ဟာ မုဆိုး
ဖိုဖြစ်နေခဲ့ တာ ၂၅ နှစ်တောင်ကြာမြင့် ခဲ့ ပြီဖြစ်ပါတယ်...
တစ်ခုတွင် စတင်တွေ့ ခဲ့ မိကြတာဖြစ်ပြီး ရမ်ဂျစ်က သူမအား သူနှင့် အတူလိုက်ခဲ့ ဖို့ ခေါ်ခဲ့ လို့ 
လိုက်လာခဲ့ ပြီးနောက် သူတို့ ၂ ဦး ဘယ်တော့ မှ မခွဲခွာပဲနေခဲ့ ကြတာဖြစ်ပါတယ်...
သူ့ မှာကမိသားစု၊ဆွေမျိုး၊ မိတ်သင်္ဂဟလည်းမရှိတာမို့ ကျူပ်ကသူလေးကို ကူညီစောင်မချင်ခဲ့ 
တာပါလို့ သူကရှင်းပြပါတယ်...
Family: Ramjit and Shankuntala pictured with their oldest son Karamjit in 2010 when Ramjit was named the world's oldest father the first time
ဒါကြောင့် လည်း ယောကျာင်္းများ ဘယ်လောက်ပဲအိုမင်းနေပါစေ...
ဖွဲတစ်ဆုပ်တောင်မနိုင်သေးယင်... ဆိုတဲ့ စကားပေါ်ခဲ့ တာနေမှာထင်တယ်...
 Family: Ramjit and Shankuntala pictured with their oldest son Karamjit in 2010 when Ramjit was named the world's oldest father the first time
ကျူပ်တို့ လည်း ချစ်မိသွားကြတော့ တာပါပဲ...( ရောဂါတွေတက်ကုန်ကြတာပါပဲ...)
အရင်တုံးက ကျူပ်နဲ့ ပါတ်သက်ခဲ့ တဲ့ အမျိုးသမီး ( ဇယားတွေလည်း ) တွေလည်းသေကုန်ကြပြီ
မို့ ဘယ်သူနဲ့ မှလက်မထပ်ဖြစ်ခဲ့ တာနဲ့ သျှကုဏ္ဍလာကို ဇနီးမယားအဖြစ်လက်ခံဖို့ တောင်းဆိုခဲ့ 
တာဖြစ်ပါတယ်..."
အကယ်၍ ဘာဘာရမ်ဂျစ်ကသာ စောင်မ၊ မကြည့် ရှုခဲ့ ယင် သူမအနေနှင့် သေဖွယ်ရာသာရှိခဲ့ 
တယ်လို့ သျှကုဏ္ဍလာ ကယုံကြည်နေဆဲပါပဲ....
" အသက်ဘယ်လောက်ပဲကြီးနေပါစေ...ကျွန်မကတော့ သူ့ ကိုပဲချစ်ပါတယ်... မျက်စေ့ အောက်
ကအပျောက်မခံနိုင်အောင်ပါပဲ...သူကကျွန်မကိုအော်ဟစ်ငေါက်ငန်းတာလည်းဘယ်လိုမှ အမှတ်
မထားဘူး...
ကျွန်မအတွက်တော့ သူဟာ အသက်ကြီးတယ်၊ အိုတယ်လို့ တောင်မထင်မိပါဘူး... သူဟာအ
သက် ၂၅ နှစ်အရွယ်လူငယ်၊ လူလတ်တစ်ယောက်လိုပဲ ပျိုမြစ်သန်စွမ်းတဲ့ အချစ်တွေပေးနေနိုင်
ဆဲပါ... တစ်ညလုံးမအိပ်မနေတောင် ချစ်နေနိုင်တာမို့  လူငယ်တွေထက်တောင်ပိုပါသေးတယ်...
ကလေးတွေကိုလည်းဂရုစိုက်ပါသေးတယ်...." လို့ သျှကုဏ္ဍလာကဆိုပါတယ်....
by kopeter
ကြောင်တစ်ကောင်၏ ခေါ်ဆောင်ရာသို့ လိုက်ပါရင်းလွန်ခဲ့သည့် နှစ်၂,၀၀၀ကျော်က ရောမသင်္ချိုင်းတစ်ခုကိုတွေ့ရှိ
အီတလီနိုင်ငံ ရောမမြို့သားတစ်ဦးဖြစ်သည့် မိုင်ကိုကာပီဆို ဆိုသူသည် အောက်တိုဘာ ၁၆ရက်နေ့ညပိုင်းတွင် အိမ်မွေးကြောင်တစ်ကောင်၏ လမ်းပြခေါ်ဆောင်ရာသို့ လိုက်ပါသွားရာ လွန်ခဲ့သည့် နှစ်၂,၀၀၀ကျော်က ရောမခေတ် ဂူသင်္ချိုင်းတစ်နေရာကို တွေ့ရှိခဲ့ရကြောင်း အောက်တိုဘာ၁၉ရက် သတင်းများတွင် ဖော်ပြခဲ့သည်။ ကာပီနှင့် ၎င်း၏မိတ်ဆွေတစ်ဦးတို့သည် ည၁၀နာရီခန့်တွင် အဆိုပါကြောင်၏ အသံပေး ခေါ်ဆောင်ရာနောက်သို့ လိုက်ပါသွားခဲ့ရာ ၎င်းတို့နေအိမ်နှင့် မကွာဝေးလှသော မာဒီပီထရာလာတာ ရပ်ကွက်အနီးတွင် ရောမသင်္ချိုင်းအတွင်းသို့ မမျှော်လင့်ဘဲ တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ထိုရောမသင်္ချိုင်းသည် ၀င်ပေါက်အတွင်းသို့ ၀င်ရောက်ကြည့်သည့်အခါ ထူးဆန်းအံ့သြဖွယ် ရောမခေတ်ဂူသင်္ချိုင်းတို့၏ အပြင်အဆင်အခမ်းအနားနှင့် လူအရိုးစုများကို တွေ့ရှိရကြောင်း သိရသည်။ ယင်းရောမသင်္ချိုင်းဂူ၏ အစိတ်အပိုင်း အတော်များများသည် ပျက်စီးယိုယွင်းနေပြီဖြစ်ပြီး ဘီစီတစ်ရာစုမှ အေဒီ နှစ်ရာစုခေတ်အတွင်း ရောမတို့၏ အနုပညာလက်ရာများဖြစ်ကြောင်း အီတလီ ရှေးဟောင်းသုတေသန ပညာရှင်များက အတည်ပြုပြောကြားခဲ့သည်။
by swesonemedia
အဆမတန်ကြီးမားသည့် လူရိုးစုများ ဆော်ဒီသဲကန္တာရအတွင်း တွေ့ရှိ
ဆော်ဒီအာရေဘီးယား နိုင်ငံအတွင်းရှိ အိုမန်၊ ယီမင်နိုင်ငံတို့နှင့် နယ်နိမိတ်ချင်းထိစပ်နေသော ဗလာရပ်ကွက်ခေါ် အာရဗီဘာသာစကားနှင့် Rab-uikhaleeအမည်ရှိ ကမ္ဘာ့အကြီးဆုံး သဲကန္တာရအတွင်းတွင် သာမန်လူခန္ဓာကိုယ်ထက် အဆမတန်ကြီးမားသော အရိုးစုကြီးကို တူးဖော်တွေ့ရှိခဲ့ရကြောင်း သိရသည်။ အမေရိကန်ရေနံရှာဖွေတူးဖော်ရေး ကုမ္ပဏီတစ်ခုဖြစ်သော Aramcoကုမ္ပဏီသည် အဆိုပါသဲကန္တာရအတွင်း ရေနံရှာဖွေစဉ် တူးဖော်တွေ့ရှိခဲ့ရခြင်းဖြစ်ပြီး ဆော်ဒီအာရေဘီးယား ဘာသာရေးအသင်းက ထိုနေရာကို သိမ်းဆည်းထားခဲ့ကြောင်း သိရသည်။ သို့သော် စစ်ဘက်သုံး ရဟတ်ယာဉ်များက ယင်းလူရိုးစုများကို မှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးခဲ့သည်။ အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ HydeParkသို့ ပို့ဆောင်ပေးခဲ့သည်။ သိပ္ပံပညာရှင်များက အဆိုပါလူရိုးစုဓာတ်ပုံများကို လေ့လာစူးစမ်းမှုများ ပြုလုပ်ခဲ့ကြသည်။ လေ့လာစူးစမ်းသူများ၏ အဆိုအရ ရှေးခေတ်ထို လူသားမျိုးနွယ်စုများသည် ဆော်ဒီနှင့်အိန္ဒိယနိုင်ငံမြောက်ပိုင်း ဒေသတစ်ဝိုက်တွင် ကျင်လည်ကျက်စားခဲ့ကြောင်း မှန်းဆခဲ့ကြသည်။
by swesonemedia
ကမ္ဘာဂြိုဟ်နှင့် အရွယ်အစားတူညီသော ဂြိုဟ်သားများ နေထိုင်သည်ဟု ယူဆရသည့်နေနှင့် အနီးကပ်ဆုံး ဂြိုဟ်သစ်တွေ့ရှိ
 ကျွန်ုပ်တို့နေစကြာဝဠာအတွင်း နေကိုဗဟိုပြု၍ လှည့်ပတ်နေသည့် ဂြိုဟ်များအနက် အနီးဆုံးဂြိုဟ်သစ်ကို ထပ်မံတွေ့ရှိခဲ့ပြီး ယင်းဂြိုဟ်သည် ကမ္ဘာမြေအရွယ်အစား ပမာဏနှင့်အရွယ်အစား ပမာဏတူညီမှုရှိသည့်အပြင် ဂြိုဟ်သားများ ရှင်သန်နေထိုင်လျက်ရှိသည်ဟု ယူဆရကြောင်း နာဆာအာကာသသိပ္ပံစခန်းမှ အာကာသသိပ္ပံပညာရှင်များက အောက်တိုဘာ ၁၆ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။ယင်းဂြိုဟ်၏အမည်ကို ''အယ်လ်ဖာ ဆန်ကျူရီ ဘီဘီ'' ဟု သိပ္ပံပညာရှင်များက အမည်မှည့်ခေါ်ခဲ့ကြသည်။ အယ်လ်ဖာဆန်ကျူရီဘီဘီသည် ကမ္ဘာမြေမှ မိုင်ပေါင်း၂၅ထရီလျံ ကွာဝေးပြီး မာကျူရီဂြိုဟ်ထက်ပိုမို၍ နေနှင့်နီးကပ်စွာ လှည့်ပတ်လျက်ရှိကြောင်း သိရသည်။
ထိုသို့ နေနှင့်နီးကပ်စွာ လည်ပတ်နေခဲ့သဖြင့် အယ်လ်ဖာဆန်ကျူရီဘီဘီ၏ အပူချိန်သည် လွန်စွာမြင့်မားလျက်ရှိကြောင်း သိရသည်။ ကမ္ဘာမြေပေါ်တွင်ရှိသော နည်းပညာများဖြင့် ယင်းဂြိုဟ်သို့သွားရောက် လေ့လာစူးစမ်းမှုများ ပြုလုပ်ရန် လုံလောက်မှုမရှိသေးဘဲ အကယ်၍ ယနေ့ခေတ် နောက်ဆုံးပေါ် အာကာသယာဉ်များဖြင့် ယင်းဂြိုဟ်သို့ သွားရောက်မည်ဆိုပါက နှစ်ပေါင်း ၄၀၀၀၀ခန့်ကြာမြင့်မည် ဖြစ်ကြောင်း သိပ္ပံပညာရှင်များက ပြောကြားသွားခဲ့ကြောင်း သိရသည်။
လပ်ကီးမြို့တော်