www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Tuesday, May 21, 2013

အမျိုးသမီး များနှင့် သွေး ပေါင်ချိန် ပြောင်း လဲမှု

သွေးပေါင် ချိန် (blood pressure) တိုင်းတာ ခြင်း ကို လူတိုင်း နီးပါး သိပြီး ဖြစ်ကြ သည်။ ချိန်လည်းချိန်ဖူးကြသည်။ အကြောင်းအမျိုးမျိုးကြောင့် မိသားစု ဆရာဝန်များ၊ အထူးကုများနှင့် ဆေး ခန်း၊ ဆေးရုံပြင်ပလူနာဌာနများသို့သွား ရောက်ပြသတိုင်းသွေးခုန်နှုန်း (Pulse) သွေးပေါင်ချိန်နှင့်ကိုယ်အလေးခိန် စသည်များကို တာဝန်ကျသူနာပြုများ မှလည်းကောင်း၊ ဆရာဝန် ကိုယ်တိုင် သော်လည်းကောင်း၊ တိုင်းတာမှတ်သား လေ့ရှိသည်။ သွေးတိုး၍ သွေးတိုးအ တွက်သွားရောက်ပြသခြင်းမဟုတ်သည့် တိုင် အခြေခံလိုအပ်ချက်အရတိုင်းတာ လေ့ရှိကြသည်။
သွေးပေါင်ချိန်ဆိုသည်မှာ အကြမ်း ဖျင်းအားဖြင့် နှလုံးရှိ ဘယ်ဘက် အောင် ပိုင်းခန်းမကြီးမှ ညှစ်ထုတ်လိုက်သော သွေးပမာဏ Cardiac Out put) ကိုယ်တွင်းရှိသွေးကြောနံရံများ၏ တောင့် ခံထားမှုနှင့် တစ်ကိုယ်လုံးမှ ပြန်လာ သော သွေးပြန်ကြောသွေးပမာဏ (Venous Return) တို့အပေါ်တွင် တည်မှီပြီး ဖြစ်ပေါ်လျက် ဇီဝကမ္မဖြစ် စဉ် လုပ်ဆောင်ချက်ဖြင့် အတက်အ ကျပြောင်းလဲနေရသည်။
ကျား/မမရွေး (၂၄) နာရီအတွင်း တွင်ကိုယ်လက်လှုပ်ရှားမှု၊ စိတ်ဓာတ် ပြောင်းလဲမှုအရှိန်အဟုန်များကြောင့် တစ်သမတ်တည်း တစ်ပြေးညီရှိမနေဘဲ အနည်းငယ်စီတက်လိုက် ကျလိုက် ပြောင်းလဲနေသည်။ အိပ်ရာထိချိန်၊ ထမင်းစားသောက်ပြီးချိန်၊ ရေမိုးချိုးပြီး ချိန်၊ လမ်းလျှောက်ပြီးပြန်လာချိန် စသည့် အခြေအနေများတွင် တိုင်းတာချိန်တွယ်ကြည့်ပါက တစ်ပြေး ညီရှိမနေဘဲ အနည်းနဲ့အများ ပြောင်းလဲ နေသည်။ (၂၄) နရီကာလပတ်လုံး တူညီခြင်းမရှိပေ။ အထူးသဖြင့် စိတ်ဆိုး ဒေါကန်ခြင်း၊ အော်ဟစ်ပျော်ရွှင်ခြင်း၊ စိတ်ဓာတ်ကျဆင်းခြင်းဟူသော စိတ် အပြောင်းအလဲများတွင်ပို၍ သိသာနိုင် သည်။
အပေါ်သွေး(systolic pressure) နှင့်အောက်သွေး(Diastolic pressure) မျိုးတွင်အပေါ်သွေးက သိသိသာသာ ပြောင်းလဲလေ့ရှိသည်။ ၄င်းအပေါ်သွေး နှင့်အောက်သွးခြားနားချက်ကို (Pulse Pressure)ဟုခေါ်သည်။ အချို့သော အခြေအနေနှင့် ရောဂါတွင် ဤခြားနား မှုနှင့်ရောဂါကို မှန်းဆနိုင်သည်။ တစ်ဖန်သွေးပေါင်ချိန်တိုင်းတာသည့် အနေအထားနှင့်သွေးပေါင်ချိန် ကိရိယာ မတူညီမှု တစ်ခုတည်းနှင့်ပင်အပြောင်း အလဲရှိနေပေသည်။
ဥပမာထိုင်၍ချိန် ခြင်း၊ အိပ်လျက်ချိန်ခြင်း ဘယ်ဘက်/ ညာဘက် လက်မောင်းစသည့်နေရာ ပြောင်းလဲချိန်ခြင်းများကပင်မတူညီနိုင် ဘဲဖြစ်နေတတ်သည်။ အနေအထားတူ ချိန်သည့်တိုင် အနားယူပြီးမှချိန်ခြင်း နှင့် ဆေးခန်းသို့ရောက်လျှင်ရောက်ချင်း ချိန်တွယ်တိုင်းတာမှုများကကွဲပြားမှုရှိ နေနိုင်ပေသည်။ ဤအချက်များကို ထောက်ရှုခြင်း အားဖြင့် လူသားတစ်ဦး၏ သွေးပေါင် ချိန်သည်ရှိနေကျဝန်းကျင်တွင်ရှိနေပါက မူမှန်ရှိနေသည်ဟု ယူဆသင့်ပေသည်။ တစ်ကြိမ်တည်း တစ်ခါတည်းတိုင်းတာ ခြင်းဖြင့်အတည်ပြုကာ အယူအဆမှား ၍ မလိုလားအပ်သော ကုသမှုများပေး ရန် မသင့်ပေ။
အထက်တွင်ဆွေးနွေးခဲ့ သော အခြေအနေများဖြင့် ချိန်ကိုက် ကြည့်သင့်ဥည်။ ဤသို့ တိုင်းတာကိုင် တွယ်ကြည့်ရာတွင် သတ်မှတ်ထားသော ကိန်းဂဏန်းများအတွက်ရှိနေကျထက် များနေခြင်းက ရှိနေကျထက်ကျဆင်း လျော့ကျနေခြင်းက ပိုမိုအဖြစ်များသည်။ အပေါ်သွေးအောက်သွေး နှစ်မျိုးလုံးကျ နေသလို နှစ်မျိုးလုံးတက်နေခြင်းလည်း ဖြစ်နိုင်သည်။
ဤအခြေခံများကိုသိရှိနားလည်ပြီး ပါက အမျိုးသမီးများတွင် သွေးပေါင် ချိန်နှင့်ပတ်သက်သော သိထားသင့်သည် များကို အသိပေးလိုပါသည်။ နဂိုမူလ အချိန်၊ ကိုယ်ဝန်ဆောင်ချိန်နှင့်သွေးဆုံး ချိန်ဝန်းကျင်တို့တွင်ပြောင်းလဲတတ်ခြင်း များကို နားလည်ထားပါက အမျိုးသမီး ထုအတွက် များစွာအကျိုးရှိနိုင်သည်ဟု ယူဆပါသည်။ သဘာဝနှင့်ဇီဝကမ္မလုပ်ဆောင်ချက် များကလည်း လူသားများအပေါ် အကူ အညီ အကာအကွယ်ပေးလေ့ရှိပါသည်။ ဥပမာ-ကျန်းမာနေသောကျား/မ အရွယ် ကောင်းများသည် သွေးနှစ်ပုလင်းစာ (၁၀ဝ၀ မီလီလီတာ) သွေးသွန်ခြင်း။
သွေးထွက်ခြင်းအကြောင်းတစ်ခုခုဖြစ် ပါက ရုတ်တရက် သွေးပေါင်ချိန်မကျ ပါ။ ဇီဝကမ္မဖြစ်စဉ်များကြောင့်သွေးခုန် နှုန်းသာမြန်လာပြီး တုံ့ခံထားနိုင်သည်။ ၄င်းပမာဏထက်များမှသာလျှင် သွေး ပေါင်ချိန်ကျလေ့ရှိပါသည်။ ဤနည်းသေး သည်။ ဆေးပညာရှင်များအတွက် မမြင် ရသောကိုယ်တွင်းသွေးသွန်၊ သွေးထွက် လူနာများကိုကုသရာတွင်မှားယွင်းတတ် သည်။တစ်ဖန် သွေးတိုးရောဂါအတွက် သွေးတိုးကျဆေး၊ ဒုတိယအဆင့် တစ် မျိုးမျိုး (အပြင်းစား) (betablockers) သောက်သုံးနေသူများဖြစ်ပါက ထိုင် လျက်တစ်ကြိမ်၊ အိပ်လျက်တစ်ကြိမ် လေးနာရီမှ ခြောက်နာရီခြားပြီးတိုင်း နေမှသာလျှင် အနီးစပ်အဖြေမှန်ကို ရနိုင်သည် တစ်မျိုးတည်းတိုင်းရုံမျှနှင့် မလုံလောက်ပါ။
အမျိုးသမီးများအတွက် သိထားသင့်သည်များ
(၁) သွေးပေါ် (ဓမ္မတာသွေး) ခါ နီးရက်ပိုင်းအလိုတွင် စိတ်လှုပ်ရှားမှု၊ စိတ်မတည်ငြိမ်မှုများကြောင့်သွေးပေါင် ချခိန်အနည်းငယ် တက်နေနိုင်သည်။
(၂) သွေးပေါ် (ဓမ္မတာသွေး) ပေါ် နေစဉ်တွင် နဂိုရှိမြဲထက် အနည်းငယ် ကျနိုင်သည်။
(၃) သွေးအားနည်းရောဂါ၊ နှလုံး ရောဂါနှင့်နာတာရှည်ရောဂါများနှင့် ယှဉ် တွဲပြီး နဂိုရှိရင်းထက်ကျနေနိုင်သည်။
(၄) ကိုယ်ဝန်ဆောင်နေစဉ်တွင် ဒုတိယသုံးလ အချိန်ကာလပိုင်းတွင် ပရိုဂျက်စရုံးဟော်မုန်းများကြောင့် သွေးကြောနံရံများပျော့ပျောင်းလာမှု ကြောင့်သွေးပေါင်ချိန်ကျနေတတ်သည်။ အချို့လူနာများတွင် ၉၀/၆၀-၈၀/၅၀လောက်အထိတောင်လျော့ကျ နိုင်သည်။ ကုသမှုပေးရန် မလိုပါ။
(၅) ကိုယ်ဝန်ဆောင်စဉ် သွေးတိုး ရောဂါ၊ ကိုယ်ဝန်ဆိပ်တက်ရောဂါဟု သတ်မှတ်ရာတွင် အထွေထွေသတ်မှတ် ချက်နှင့်မတူဘဲ ထူးခြားမှုရှိသည်။ အထွေထွေလူထုအတွက် သွေးတိုးရှိနေ သည်ဟုယူဆရန် အပေါ်သွေး (၁၄၀) နှင့်အထက်ရှိရပါမည်။ အောက်သွေး (၉၀) နှင့်အထက်ရှိရပါမည်။ ကိုယ်ဝန် ဆောင်အမျိုးသမီးများအတွက် ထိုသို့ မဟုတ်ပါ။ နဂိုရှိရင်းထက် (သို့မဟုတ်) ကိုယ်ဝန်ရှိခါစ ဗိုက်အပ်ခါစက တိုင်း သည့်သွေးပေါင်ချိန်ထက် အပေါ်သွေး (+၃၀) ဖြစ်စေ၊ အောက်သွေး (+၁၅) ဖြစ်စေများနေပါက သတ်မှတ်ထားသော ၁၄၀/၉၀ ထက်မကျော်စေကာမူ သွေးတိုးဟုယူဆလေ့ရှိပါသည်။
(၆) ကိုယ်ဝန်ခုနစ်လကျော်မှ လ စေ့သည်အထိ ပက်လက်လှန်အနေအ ထားဖြင့်သွေးပေါင်ချိန် တိုင်းပါက ရှိရင်း ထက်လျော့ကျနေတတ်ပါသည်။ အမှန် မရနိုင်ပါ။ ကိုယ်ဝန်ဆောင်၏ (သားအိမ် ကြီးထွားမှု+ ရေမြွှာ+အချင်း+သန္ဓေသား) အလေးချိန်က သွေးပြန်ကြောမကြီးကို ဖိနေသော ကြောင့် နှလုံးသို့သွေးပြန် ပမာဏလျော့နည်းပြီးသွေးပေါင်ချိန်ကျ နေတတ်ပါသည်။ (supine Hypotension Syndrome) ဟုခေါ်သည်။ ထိုနည်းတူ ကိုယ်ဝန်ဆောင်အမျိုးသမီး များကိုယ်ဝန်လရင့်စဉ်ပက်လက်လှန် အိပ်ချိန်ကြာလျှင် မူးမော်ပြီးရင်ကျပ် တတ်၊ အသက်ရှူကျပ်ဖြစ်တတ်သည်။ မွေးဖွားရန် ဗိုက်နာနေချိန်တွင် ဘယ်ဘက်၊ ညာဘက်အနေအထားနှင့် နေပါက သွေးပေါင်ချိန်ကျပြီးသန္ဓေသား ဆီသို့အချင်းမှတစ်ဆင့် သွေးပို့လွှတ်ခြင်း နည်းပြီးသန္ဓေသားဒုက္ခရောက်ခြင်း (Fetal Distress) မှ ကာကွယ်နိုင်သည်။ ထုံဆေး၊ မေ့ဆေးနှင့် ဗိုက်ခွဲမွေးရန်လို အပ်သော ကိုယ်ဝန်ဆောင်များကိုလည်း မေ့ဆေးပါရဂူများမှ ကလေးမွေးထုတ် ပြိးသည်အထိ ဘယ်ဘက်သို့ အောက်ခံ ခုတုံးဖြင့် အနည်းငယ်စောင်းထားလေ့ရှိ ပါသည်။
(၇) သွေးဆုံးကိုင်ချိန်ကာလသည် ခြောက်လမှ ခြောက်နှစ်ထိ ကြာမြင့် နိုင်သည်။ ゞင်းအချိန်ကာလအတွင်း စိတ်သောကရောက်မှုနှင့် အစိုးရိမ်လွန် မှုအိပ်မပျော်မှုများကြောင့် ယာယီအား ဖြင့်သွေးတိုးတက်နေတတ်သည်။ သွေးတိုးရောဂါ၊ အစစ်မဟုတ်ပါ။ သွေးဆုံးပြီးပါက ကုသမှုမလိုဘဲ အလိုလို ပုံမှန်ဖြစ်သွားလေ့ရှိသည်။
(၈) အမျိုးသမီးများသွေးအားနည်း ခြင်း (Anaemia) ၊ နာတာရှည်ရောဂါ အကြောင့် အစားအအိပ်မမှန်ကန်ပါက သွေးပေါင်ချိန်နေတတ်ပါသည်။ ဦးနှောက်သို့သွေးဖြန့်ဝေမှု နည်းပါးခြင်း ထက် စိတ်ဓာတ်ကြောင့် မူးဝေခြင်း၊ ချည့်နဲ့ခြင်းစသည့်ခံစားမှုများဖြစ်ပေါ်နိုင် သည်။ နောင်တွင် ဤသို့ယာယီသွေး ပေါင်ချိန်ကျတိုင်း ရောဂါကဲ့သို့ ခံစားရ ကာကုသမှုတစ်ခုခုပေးမှသာ ပျောက် ကင်းသွားလေ့ရှိပါသည်။
(၉) သွေးတိုးရောဂါရှိနေသူများ အပြင်းစားသွေးတိုးကျဆေးများနှင့် ကုသမှုခဲယဉ်းနေချိန်တွင် ထိုင်ရာမှ ရုတ်တရက်ထခြင်း၊ အိပ်ရာမှ ရုတ်တ ရက်ထခြင်းများရှောင်သင့်ပြီး တဖြည်း ဖြည်းချင်းထသင့်သည်။ မူးဝေမျက်လုံး ပြာပြီး(Postural Hypotension) ဖြစ်တတ်သည်။ ဤသည်တို့က သွေး တိုး၊ သွေးကျရောဂါအခံရမရှိပဲ အခြား အကြောင်းအမျိုးမျိုးကြောင့်သွေးပေါင် ချိန် ပြောင်းလဲခြင်းဖြစ်သောကြောင့် တစ်ကြိမ်တစ်ခါ(သို့မဟုတ်) ယာယီ ပြောင်းလဲခြင်းအတွက် စိတ်ပူရန်မလို ပဲ မိသားစုဆရာဝန်များ၊ အထူးကု ဆရာဝန်များက ညွှန်းသောအရံဆေးများ၊ အဟာရများနှင့် ထိန်းသိမ်းပေးနိုင် ကြောင်း စေတနာကောင်းနှင့် ကျန်းမာ ရေးအသိပညာပေးလိုက်ရပါသည်။
ဒေါက်တာမြင့် မောင်မောင်

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်