www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Friday, May 17, 2013

ရင်တွင်းစကား

မျက်ဝန်းရေ….မငိုနဲ့တော့
ငါ့ဒါဏ်ရာက မင်းထက်ပိုပါတယ်။
မင်း ငိုပေးယုံနဲ့
ငါဖြေသိမ့်တဲ့ ညတွေ
ရေတွက်လို့ မရခဲ့ပါဘူး။

နေ့တွေ တရွေ့ရွေ့ဖြတ်ခဲ့တာ
ခုဆို နှစ်တွေကူးလာပြီ။

အသည်းနာတယ်…
ရင်ကွဲပတ်လက်
ကြေကွဲရက်တွေ
တစ်စစနဲ့ လောင်မြိုက်တဲ့ရင်…
နာကျင်ပါစေတော့လေ။
ရှုံးပြီးရင်းရှုံး
အမုန်းနိဂုံးနဲ့
အဝေးဆုံးကို ပြေးထွက်သွားတာ
နှစ်နှစ်ရှိပြီနော်။
မေ့ပစ်ဖို့
ဒီရင်ကို ဘယ်လိုအမိန့်မျိုး
ပေးရပါ့မလဲ။
အိပ်မက်တော့ မဟုတ်ခဲ့ပါဘူးလေ။
နိုးလာတော့
ငါ့မျက်ဝန်းမှာ မျက်ရည်တွေနဲ့။
မငိုပါနဲ့တော့ မျက်ဝန်းရယ်…
ငါ့ဒဏ်ရာက မင်းထက်ပိုပါတယ်။

0 comments:

Post a Comment

 

Popular Posts

Blog Archive

လပ်ကီးမြို့တော်