
အမျိုးအစား(၁)
ဆီးချိုရောဂါ ခံစားနေရသည့် အသက် ၅၅ နှစ်အရွယ်ရှိ လူနာတစ်ဦးသည်
ဆရာဝန်များထံသို့ ရောက်လာသောအခါ သူ့အား စစ်ဆေးသည့်ဆရာဝန်များ အံ့သြတုန်
လှုပ်ခဲ့ရသည်။ သူ၏ ဝမ်းဗိုက်တွင် အမျိုးသမီးများ၏ သားမြတ်ကဲ့သို့
အလုံးကြီးနှစ်လုံး ဖြစ်ပေါ်နေသောကြောင့်ဖြစ်သည်။ တောင်အာဖရိက နိုင်ငံမှလာသော
အဆိုပါလူနာသည် ဆီးချိုရောဂါအတွက် အင်ဆူလင်ကို ယင်းနှစ်နေရာ၌သာ
နေ့တိုင်းထိုး ခဲ့သောကြောင့် ယင်းကဲ့သို့ဖြစ်ပေါ်ခြင်း ဖြစ်သည်ဟုဆိုသည်။
အင်ဆူလင်ဟော်မုန်းသည် အရေပြားလွှာအတွင်း နူးညံ့သော အဆီများဖြစ်ပေါ်ရန်
အားပေးခြင်းကြောင့်ဖြစ်သည်။ ယင်း အခြေအနေကို လစ်ပိုဟိုက်ပါ ထရိုဖီဟုခေါ်ပြီး
သူသည် သုံးနှစ်လုံးလုံး ယင်းနှစ်နေရာတည်း၌ အင်ဆူလင်ထိုးခဲ့ သောကြောင့်
ဖြစ်သည်။
တောင်အာဖရိကနိုင်ငံ ဂျိုဟန်နက်စဘတ်မြို့ ဆီးချို နှင့်ဟော်မုန်း
ဗေဒဆိုင်ရာဌာနမှ ဒေါက်တာစတန်လန်ဒူးက အဆိုပါလူနာအား ကုသပေးခဲ့ပြီး
သူ၏လုပ်သက် နှစ်ပေါင်းများစွာအတွင်း ယင်းကဲ့သို့သော အဖြစ်မျိုး
မကြုံတွေ့ခဲ့ဖူး ဟုဆိုသည်။ ထို့ကြောင့် အဆိုပါ ဆရာဝန်က အင်ဆူလင်ကို
ဝမ်းဗိုက်၊ လက်မောင်း၊ တင်ပါးနှင့် ပေါင်များတွင် ထိုးနိုင်ရာ
ယင်းအဖြစ်မျိုးကို ရှောင်ရှားနိုင်ရန်အတွက် ဆေးထိုးသည့်နေရာများ
ပြောင်းလဲသင့်ကြောင်းနှင့် သေးငယ်သော အပ်များကိုသာ အသုံးပြုသင့်ကြောင်း
အကြံပြုထားသည်။ ၎င်းအပြင် အင်ဆူလင် အမျိုးအစားကိုလည်း ပြောင်းလဲသုံးစွဲသင့်
သည်ဟုဆိုသည်။
0 comments:
Post a Comment