www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Wednesday, May 22, 2013

ငွေချစ်သူ

မင်းရဲ့ခါးသီးမှု မမြင်နိုင်လောက်အောင်
ငါ့ရဲ့စိတ်က ကန်းတယ်။
ငါ့ရဲ့အရိပ်မမြင်ချင်လောက်အောင်
မင်းရဲ့အမုန်းက ကြမ်းတယ်။
လူလူချင်းပဲကွာ
နံရံအဆင့်တွေ မခြားသင့်ဘူး။
ဒီရင်ဘတ်အုံကြီးနဲ့
မင်းဘ၀လုံခြုံစေရမယ်။
မင်းအတွက် ဘေးမှန်သမျှ
ပြေးကာပေးချင်သူပါ။
ငါ့စိတ်ကိုခွဲကြည့်
မင်းမှမင်းပဲရှိတယ်။
ငါ့မေတ္တာနဲ့
လစ်ဟာမှုမရှိအောင် ယုယချင်လိုက်တာ။
ငါကွာ………..
မင်းလိုလားတဲ့ ပိုက်ဆံတွေရှိချင်တယ်။

ဇူဇူးစံ

0 comments:

Post a Comment

 

Popular Posts

Blog Archive

လပ်ကီးမြို့တော်