www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Wednesday, May 22, 2013

စာနာပါ

ညအမှောင် လရောင်ကို တမ်းတ
လွမ်းရတဲ့ ညတွေ တသက်မက
 နွမ်းရတဲ့ရက်တွေ ခဏခဏပဲမို့
တိုးတိတ်တိတ် ရင်ခုန်သံ
 စည်းချက်ကျမှန်မှန် ထွက်နေတယ်။
အသက်ထက်ချစ် လို့
 ရက်၊လ၊နှစ်တို့ ပြောင်းပါစေ
မဟောင်းနွမ်းဘူး အချစ်
အမြဲတမ်း မင်းအတွက် အသစ်ပဲ။
 ရင်ထဲကနွေ
 နင်မသိအောင် ငိုနေလိုက်တာ
ခိုနားရာမဲ့ ရပ်ဝန်း
 နှလုံးသားရဲ့ ကျွန်းတစ်နေရာ။
 လွမ်းကဗျာ တစ်ပုဒ်
သင်ခန်းစာကို အဖြေထုတ်သလို
မှုန်ကုတ်ကုတ် မျက်ဝန်းနဲ့
မခနဲ့ကြပါနဲ့ မလှောင်ပြုံးကြပါနဲ့
ငါသုံးထားတာ copyမဟုတ်လို့
 တော်ပြီဆိုလည်း နားလည်တယ်
 ဒီကဗျာ တစ်ပုဒ်က သက်သေပဲ။

 နေတိမ်တိုက်(စစ်မင်းနေ)

0 comments:

Post a Comment

 

Popular Posts

Blog Archive

လပ်ကီးမြို့တော်