ပါဝင်ပစ္စည်းများ
ငါးရံ့ - ၂၅ ကျပ်သား
ကြက်သွန်နီ - ငါးဥ
ကြက်သွန်ဖြူ - ငါးဥ
ငံပြာရည် - စားပွဲဇွန်းတစ်ဇွန်း
ငရုတ်သီးစိမ်း - လေးတောင့်
ကော်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
ဟင်းခတ်မှုန့် - ရွေးကြီး သုံးစေ့စာ
ပဲမှုန့် - လက်ဖက်ရည်ဇွန်း နှစ်ဇွန်း
ဆီ - ၁၀ ကျပ်သား
ကြက်သွန်မြိတ် - ငါးညွန့်
သံပရာသီး - နှစ်လုံး
မုန်လာနီ - နှစ်ဥ
ဆား - သင့်ရုံ
ပြုလုပ်ပုံအဆင့်ဆင့်
ငါးသည် အစိတ်သားကောင်တစ်ကောင်ဖြစ်ရပေမည်။ ၎င်းကို ခေါင်းဖယ်ပြီး အရေခွံ ဆုတ်မည်။ အသားကို ပါးနိုင်သမျှ ပါးပါးလွှာယူကာ သံပရာရည်၊ ဆားနှင့် အချို့မှုန့်ထည့်၍ နာနာနယ်ရမည်။ ပြီးလျှင် ပန်းကန်ဇောက်တွင် ထည့်သိပ်ထားသော ကြက်သွန်နီကို ပါးပါးလှီးပြီး တစ်ဝက်ဖယ်ထားလေ။
တစ်ဝက်ကို ဆီချက်ချက်လေ။ ကြက်သွန်ဖြူကို ကန့်လန့်လှီးလေ။ ပါးနိုင်သမျှပါးပါစေ။ ပင်စိမ်းပင်ကို ကောင်းစွာဆေးကြောပြီးနောက် အရွက်နှင့် အညွန့်ကို နုနုလှီးထားလေ။ ငရုတ်သီးစိမ်းကိုလည်း စွေစွေပါးပါးလှီးထားလေ။
အသုပ်တွင်ထည့်ရန် ပစ္စည်းများအသင့်ဖြစ်ချိန်တွင် ငါးနှင့် အသုပ်ဖက်ပစ္စည်းများ ရောနယ်၍ သုပ်မည်။ ဆီနှင့် ငံပြာရည်မှာ အတိအကျမဟုတ်ပေ။ လိုလျှင် တိုးနိုင်ပေသည်။
Ref : The Flower News

0 comments:
Post a Comment