ပါဝင်သောပစ္စည်းများ
ကဏန်း - ၄ ကောင်
ကြက်သွန်ဖြူ/နီ
မန်ကျည်းရေ
ဆား
နနွင်း
ဟင်းခတ်မှုန့်
မဆလာ
ပြုလုပ်ပုံအဆင့်ဆင့်
ခွာပြီးသား ကဏန်းလေးကောင်ကို လက်တွေဖြုတ်၊ ကျောကုန်းပေါ်က ဖော့ဖတ်တွေခွာ၊ ဗိုက်အောက်အနောက်နားက ဖိုမခွဲတဲ့ အဖတ်တွေခွာထုတ် ရေဆေး သန့်စင်ထားပါ။ ရေဆေးပြီးတဲ့အခါ ကဏန်းအလုံးကြီးခဲ့ရင် ကပ်ကြေးနဲ့ အလယ်ခေါင်ကနေ နှစ်ခြမ်းဖြစ်အောင် ညှပ်လိုက်ပါမယ်။ ခုနဖြုတ်ထားတဲ့ လက်တွေထဲက ရှေ့က ကဏန်းလက်မကြီးတွေကို ပြုတ်ပြီး အသားနွှင်ထားပါမယ်။ ခုန ရေဆေးထားတဲ့ ကဏန်းလုံးတွေကို ဆား၊ နနွင်း၊ ဟင်းခတ်မှုန့်တို့နဲ့ နယ်ထားပေးပါ။
ဟင်းစချက်တော့မယ်ဆိုရင် ကြက်သွန်ဖြူနီထောင်းကို အရင်ဆီသတ်ပြီး နွှင်ထားတဲ့ ကဏန်း လက်မသားတွေ ထည့်လိုက်ပါမယ်။ ပြီးရင် ကဏန်းလုံးတွေထည့်ပြီး ပုံမှန် ငါးဟင်းတွေ ချက်သလိုပဲ မွှေပေးပါ။ ရေအနည်းငယ်ထည့်၊ ခဏအုပ်ထားပြီး ရေဆူ လာတဲ့အခါ မန်ကျည်းရေလေးနည်းနည်းထည့်ပေးပါ။ ရေနဲ့ချက်မှာမို့ အရေကို အရသာ ရှိပြီး ဖြစ်အောင် အသားပြုတ်ထည့်ထားတာ ဖြစ်ပါတယ်။ မန်ကျည်းရေထည့်ပြီး ရေဆူ လာရင်တော့ မဆလာလေးအုပ်ပြီး ချလိုက်လို့ရပါပြီ။
မှတ်ချက်
ခွာပြီးသား ကဏန်းကိုပဲဝယ်မယ်ဆိုရင်တော့ လတ်ဆတ်တဲ့ ကဏန်းဖြစ်ဖို့တော့ အရေးကြီးပါတယ်။ အခန့်မသင့်ရင် ဗိုက်နာတတ်တာ ကဏန်းမလတ်ဆတ်လို့ ဖြစ်ပါတယ်။
Ref: 7 Day News

0 comments:
Post a Comment