တခါက....လူတယောက်ဟာထင်းခွေဖို့အတွက်
တောထဲကိုထွက်ခဲ့သတဲ့ ထ္မင်းထုတ်၊ ရေဘူး၊ ဓါးစသဖြင့် ပစ္စည်း ပစ္စယစုံလင်စွာနဲ့ပေါ့ ဒီလိုနဲ့တောထဲကိုရောက်တော့
ထင်းခုတ်ခြင်းအမှုကိုပြုပါတယ်။ ဒါပေမယ့်လတ် တလောစိုက်လို့ရတဲ့ ထင်ခြောက်ဆိုတာကလဲ မိုးတွင်းဆိုတော့
အတော့်ကိုရှား ပါးနေတဲ့အချိန်ပေါ့...
ဒီလိုနဲ့
သူလည်းထင်းခြောက်ကို ရှာရင်းနဲ့ တောတွင်းရဲ့အတော်နက်နက်ထဲကို ရောက်မှန်းမသိရောက်သွား
ပါတယ်။
တနေရာကိုရောက်တော့
ဗြုန်းဆို...ကျားကြီးတကောင်နဲ့ ပက်ပင်းတိုးပါလေရော...ပထမတော့ကျားကြီးရော သည်လူပါ ကြောင်တက်တက်ဖြစ်ပြီး
တယောက်ကိုတယောက်ကြည့်ရင်း မှင်သက်မိနေကြပါတယ်။ အရင်ဦး ဆုံးသတိဝင်လာတာကတော့ လူပါပဲ
"အား" ကနဲအော်ပြီး တချိုးတည်း နောက်လှည့်ပြောပါတော့တယ်။
သူပါလာတဲ့
ပစ္စည်းပစ္စယတွေလည်း ဘယ်နေရာမှာ ကျကျန်ခဲ့မှန်းမသိအောင် စွတ်ပြေးတော့တာပေါ့။ ကျား ကလည်း
အစာမစားရတာ ရက်သတ္တပါတ် ဘယ်လောက်ကြာပြီမှန်းမသိဘူး သည်လူပြေးတဲ့နောက်ကိုတ စိုက်မတ်မတ်
လိုက်လာပါတယ်....
လူကရှေ့ကပြေး
ကျားကနောက်ကလိုက်နဲ့ ခဏလည်းနေရော ရှေ့ကပြေးနေတဲ့လူဟာ တွင်းကြီးတတွင်းထဲ ကိုရုတ်တရက်
ပြုတ်ကျသွားပါလေရော။ ကြောက်ကြောက်လန့်လန့်နဲ့ ဆွဲမိဆွဲရာကို ဆွဲလိုက်တာတွင်းနံရံမှာ
ကပ်ပေါက်နေတဲ့ သစ်ပင်ရဲ့ အကိုင်းတခုကိုဆွဲမိပြီး တွဲလောင်းကြီးဖြစ် နေပါတယ်....
တွင်းရဲ့အောက်ခြေကို
ငုံ့ကြည့်လိုက်တော့ အားပါးပါး လူ့ပေါင်လုံးလောက် လုံးပတ်လောက်ရှိမယ့် မြွေကြီးတ ကောင်အကျအနခွေနေတာကို
တွေ့လိုက်ရပါတယ်။ ပြုတ်ကျလိုက်ရင်တော့ အတော့်ကိုမလွယ်တဲ့ အခြေအ နေပါ။ အပေါ်ကိုမော့ကြည့်လိုက်တော့လည်း
သူ့နောက်က တစိုက်မတ်မတ်လိုက်လာတဲ့ ကျားကြီးဟာတွင်း ဘောင်မှာ ဇွဲနပဲနဲ့ ထိုင်စောင့်နေပါတယ်။
သည်လိုနဲ့
ဟိုကြည့်နဲ့ လျှောက်ကြည့်လိုက်တာ သူဆွဲခိုထားတဲ့သစ်ကိုင်းမှာ ပျားအုံတခုကိုတွေ့လိုက်ပါတယ်။
ပျားရည်တွေဟာလည်း ရွှန်းစိုဝင်းအိ ပြီးစားချင်စဘွယ် မွှေးကြိုင်နေပါတယ်။ မနက်ကတည်းက ဘာမှမစားရ
သေးပဲကြောက်ကြောက်နဲ့ စွတ်ပြေးလာလိုက်တာ ပျားအုံကိုတွေ့တော့ ဘေအန္တရယ်တွေ့နေပေမယ့်မေ့သွား
ပြီးအဲ့သည့် ပျားအုံက ပျားသလက်တွေကို လွတ်နေတဲ့ လက်တဖက်နဲ့ တဖဲ့ခြင်းယူစားနေပါတော့သတဲ့...
ပုံပြင်ကတော့
သည်နေရာမှာဆုံးသွားပါတယ်...မဆုံးသေတာကတော့ ကျနော့်ရဲ့ အတွေးတွေပါ
လူသားဆိုတဲ့သတ္တ၀ါဟာ
အပေါ်မှာလည်းအန္တရယ် အောက်မှာလည်းသေမင်း သည်လိုအကျပ်အတည်းတွေ့ နေချိန်မျိုးမှာတောင် ပျားရည်နဲ့တူတဲ့
အမြိုက်အရသာကိုတွေရင် မနေနိုင်ပါဘူး ရအောင်ခံစားပါတယ်ပြော ချင်တာကတော့ လူသားဟာ လူပီသစွာပဲ
အခက်အခဲတွေဘယ်လောက် တွေ့နေပါစေ။ အချစ်ဆိုတဲ့အမြိုက် ပျားရည်ကို ရှာဖွေပါတယ်။ မရှာဖွေရင်တောင်မှ
မျှော်လင့်မိတတ်ကြပါတယ်။









0 comments:
Post a Comment