www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Saturday, May 18, 2013

ငါ နိုင်မတဲ့လား

တစ်ခါတုန်းက ကြက်ဖနှစ်ကောင်ဟာ တစ်ကောင်နဲ့တစ်ကောင် အကြိတ်အနယ်ခွပ်ကြတယ်။

နောက်ဆုံးမှာတော့ တစ်ကောင်ကထွက်ပြေးသွားပါတယ်။

ပြိုင်ပွဲအပြီးမှာ တစ်ကောင်တည်းဗိုလ်စွဲကျန်ရစ်တဲ့ ကြက်ဖအနီးကို

ခြံထဲက ကြက်မတွေ ဝိုင်းရံလာပြီး ချီးမွမ်းစကားဆိုကြတာပေါ့။

အဲဒီအခါ ကြက်ဖက ဘဝင်တွေမြင့်ပြီးသွေးနထင်ရောက်သွားတယ်။

ဒါနဲ့ဘဲ အနီးအနားကြက်ခြံများကပါလှမ်းမြင်နိုင်တဲ့ စပါးကျီခေါင်မိုးပေါ်တက်ပြီး

တောင်ပံတစ်ဖျပ်ဖျပ်ခတ်ကာ ဟစ်ကြွေးတွန်ကျူးလိုက်ပါတယ်။
“ဟော ဒီမှာ ကြည့်ကြဟေ့!

ဒီခြံမှာ ငါဗိုလ်ကွ၊

တခြားကော ဘယ်ခြံက ဘယ်ကောင်လာယှဉ်ချင်သလဲ?

အတက်ချွန်တယ်ထင်တဲ့အကောင် ထွက်ခဲ့၊ ငါ့အကြောင်း……သိသွား………..”

ကြက်ဖခမျာ…ဆုံးအောင်မတွန်လိုက်ရပါ။

သားကောင်ရှာနေတဲ့သိမ်းငှက်တစ်ကောင်က သန်မာလှတဲ့လက်သည်းကြီးများနဲ့

ထိုးသုတ်၊ကုတ်ဆွဲကာ အသိုက်ကို ချီသွားပြီး သတ်ဖြတ်စားသောက်တာကို

ကြက်ဖကြီး ခံလိုက်ရပါတော့တယ်။

“ ငါနိုင်တယ်၊

ငါအောင်မြင်တယ်၊

ငါ ထိပ်ရောက်တယ်

ဆိုတာဟာ တဒင်္ဂကိစ္စမျှသာဖြစ်ပါတယ်။

ဘယ်လောက်ပဲ ကြာသလဲဆိုတော့ ငါ့ကိုနိုင်သူမပေါ်သေးတဲ့ကာလမျှသာကြာပါတယ်။

ငါက သူတို့တွေကို နိုင်တယ်ဆိုရင် ငါ့ကို နိုင်တဲ့သူကရှိနှင့်ပြီးသားပါ။

လတ်တလော မပေါ်သေးလို့ ငါ ဘဝင်မြင့်နေတာပါ။ ငါ ကြွားနေနိုင်တာပါ။

သမိုင်းကိုပြန်ကြည့်ရင် သိနိုင်ပါတယ်။

သမိုင်းကို သင်ခန်းစာမယူတတ်ရင် ငါ့ဇာတ်သိမ်းကောင်းမှာမဟုတ်ပါဘူး။

အခြားသူတွေက မနိုင်ဘူးဆိုအုန်းတော့ သေမင်းနဲ့ရင်ဆိုင်တွေ့ရင်…..

ငါ နိုင်မတဲ့လား? ”

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်