နင့်ကိုမေ့နိုင်အောင် ကူညီပေးမယ့်
တန်ခိုးရှင်မရှိလေတော့
အချိန်တိုင်းလွမ်းနေမိတာခွင့်လွှတ်ပါ…….
နင်ရင်မခုန်တဲ့ rock သီချင်းတွေတစ်ပုဒ်ပြီးတစ်ဒုပ်
ဆိုနေရင်း နင်ပြန်ချစ်မယ့်တနေ့ကို
ရူးရူးမိုက်မိုက်မျှော်လင့်မိတာ ခွင့်လွှတ်ပါ……
နင့်ကိုချစ်ကြောင်းပြောပြဖို့ ကြိုးစားရင်း
နင်နားမလည်တဲ့ ကဗျာတွေရေးလို့
နင်ခံစားတတ်အောင် ကြိုးစားမိတာခွင့်လွှတ်ပါ…….
နင်စိတ်ညစ်အောင်မရည်ရွယ်ပါဘူး

ငါ့အချစ်တွေကနင့်ကိုအဆိပ်သင့်စေခဲ့တဲ့အတွက်
ငါ့ကိုခွင့်လွှတ်ပါ
ငါလွမ်းတာနင့်အတွက်အနှောက်အယှက်ဖြစ်စေခဲ့တဲ့အတွက်
ငါ့ကိုခွင့်လွှတ်ပါ
ငါ့မျှော်လင့်ချက်တွေက နင့်အတွက်ဆူးဖြစ်စေခဲ့တဲ့အတွက်
ငါ့ကိုခွင့်လွှတ်ပါ…….
မမြင်ရတဲ့ကံတရားအရင်းခံကြောင့် တားမရဆီးမရ
ရင်ထဲကအချစ်တွေကို လွန်ဆန်ဖို့မတတ်နိုင်ခဲ့တာမို့
နင့်ကိုချစ်မိတာခွင့်လွှတ်ပါ……..
ငါ့မျှော်လင့်ချက်တွေက နင့်အတွက်ဆူးဖြစ်စေခဲ့တဲ့အတွက်
ငါ့ကိုခွင့်လွှတ်ပါ…….
မမြင်ရတဲ့ကံတရားအရင်းခံကြောင့် တားမရဆီးမရ
ရင်ထဲကအချစ်တွေကို လွန်ဆန်ဖို့မတတ်နိုင်ခဲ့တာမို့
နင့်ကိုချစ်မိတာခွင့်လွှတ်ပါ……..
0 comments:
Post a Comment