ချစ်နှမဒေ၀ီ ပြောသမျှပဟေလီ
နှုတ်မရ ကျွံ့မိသည့်ပမာ
တို့နှစ်ယောက် အလွန်ချစ်ခဲ့တာ……….။
နှုတ်မရ ကျွံ့မိသည့်ပမာ
တို့နှစ်ယောက် အလွန်ချစ်ခဲ့တာ……….။
ခုတော့ ကိုယ်အရူးဖြစ်ကာ
နှလုံးသားမှာ ဒဏ်ရာများစွာ
ချစ်သမျှဟာ ကမ္ဘာတစ်ဖက်မှာ………….။
နှလုံးသားမှာ ဒဏ်ရာများစွာ
ချစ်သမျှဟာ ကမ္ဘာတစ်ဖက်မှာ………….။
ကုမရ ဝေဒနာအသည်းမှာ
ကိုယ့်ဒုက္ခ ဖြေရှာစဲပါ
မေ့မရ ရင်မှာတစ်သက်တာ……………..။
ကိုယ့်ဒုက္ခ ဖြေရှာစဲပါ
မေ့မရ ရင်မှာတစ်သက်တာ……………..။
လုပ်သမျှ ဗွေမယူတဲ့ခါ
မင်းက အနိုင်ယူသွားတာ
ကိုယ်ကတော့ ခွင့်လွှတ်စဲပါ…………….။
မင်းက အနိုင်ယူသွားတာ
ကိုယ်ကတော့ ခွင့်လွှတ်စဲပါ…………….။
0 comments:
Post a Comment