မျက်လုံးမှာ မျက်ရည်စတွေနဲ့
သူ ငိုနေတယ်ဆိုတဲ့ အသိက
နွေခေါင်ခေါင်မှာ မိုးကြိုးပစ်ခံလိုက်ရသလို
ခြောက်ခြားပူလောင်သွားတယ် ……
သူ ငိုနေတယ်ဆိုတဲ့ အသိက
နွေခေါင်ခေါင်မှာ မိုးကြိုးပစ်ခံလိုက်ရသလို
ခြောက်ခြားပူလောင်သွားတယ် ……
သြော်……… ငါ
ငါ…..ငါ့ရဲ့ ပါးပြင်ပေါ်မှာလည်း မျက်ရည်စက်တွေနဲ့ပါလား
ငါ…..ငါ့ရဲ့ ပါးပြင်ပေါ်မှာလည်း မျက်ရည်စက်တွေနဲ့ပါလား
ဒါပေမယ့် တို့နှစ်ယောက် ကွားခြားလှပါတယ်…..
မင်းရဲ့ မျက်ရည်တွေက ဖြူစင်တဲ့
အပြစ်ကင်း မျက်ရည်ဖြူဖြူလေးတွေပါ…….
မင်းရဲ့ မျက်ရည်တွေက ဖြူစင်တဲ့
အပြစ်ကင်း မျက်ရည်ဖြူဖြူလေးတွေပါ…….
ငါ့ရဲ့ မျက်ရည်တွေက
နောင်တနဲ့ ယူကြုံးမရမှုတွေ
တစ်ပြုံကြီးပါတဲ့
သွေးမျက်ရည်ပေါ့……..
နောင်တနဲ့ ယူကြုံးမရမှုတွေ
တစ်ပြုံကြီးပါတဲ့
သွေးမျက်ရည်ပေါ့……..
ငါ့အတွက် ………
ထောင်ပေါင်းများစွာသော စာသားတွေထဲက
ထောင်ပေါင်းများစွာသော စာသားတွေထဲက
ရွေးချယ်စရာ စကားတစ်ခွန်းပဲရှိတော့တယ်
အဲဒါကတော့
“ခွင့်လွှတ်ပါ”
အဲဒါကတော့
“ခွင့်လွှတ်ပါ”
ငါ့ရဲ့ မသိတတ်မှုတွေ
တကိုယ်ကောင်းဆန်မှုတွေ
ဥပေက္ခာပြုမှုတွေ
ကိုယ်ချင်းစာတရားမရှိမှုတွေကို ခွင့်လွှတ်ပါ
ခွင့်လွှတ်ပါကွာ
(ဒါက တကယ်တော့ အသုံးမကျတဲ့ စကားတစ်ခွန်းပါဘဲ
ဒါပေမယ့် ငါ့မှာ ရွေးချယ်ရန် စကားလုံးမရှိ)
0 comments:
Post a Comment