www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Wednesday, May 22, 2013

ချစ်တင်းစကား

`ချစ်တင်းစကား´

ချစ်လှစွာသော ကျက်သရေ´သညာလေးရေ…
မြူသီနေသော စုံနံ့သာမြိုင်မှာ
ယုန်ထောင်ရင်း ကြောင်မိနေတတ်တာမျိုး
ကိုယ့်မာယာ နဲ့ ကိုယ် ကျဆုံးနေပြီး
ချိုင့်ဝှမ်း တချို့အကြောင်း…
လွှင့်လွှားနေသော တိမ်ခိုးတွေမှာ
ဇရာ ထောက်မလာခင်
ရောင်ပြေးလေးတွေ လွန့်လူးတတ်ပုံက
လင်းတစ်ခါ မှိတ်တစ်လှည့် ဆိုတဲ့ အကြောင်း…
ရေကန်တိုင်း ကြာပွင့်ဖို့ ထက်
ကြာပွင့်လေသော ရေကန်တိုင်း ရှင်းသန့်ဖို့များ
ဆယ်စုနှစ် တစ်ခုစာ မ´က
နောက်ကျထားပြီး ဖြစ်ကြောင်း…
အဆုံးစွန်…..
ဒီနေ့ သာသော နေ´ ဆိုတာ
အလင်းနှစ်တွေ နောက်မှ
ရောက်လာသော အရင်က အရောင် ဖြစ်ကြောင်း…
မင်းကို ´ ပြောပြချင်ပါသေးတယ်။
(သိင်္ဂါရ)

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်