www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Wednesday, May 22, 2013

“ ဆိုရိုးစကားတွေ နဲ့ ရင့်မှည့်လာတဲ့ ပန်းသီး ”


ခုနစ်ထပ်လောက် ဆင့်ထားတဲ့ ဆံပင်နဲ့
ရောင်ပြေးလေး လျှမ်းပြတော့
သာသာယာယာတွေးမိ
ဖန်စီမကျတာအထိ အခုမှ စတယ်….
အားလုံး….. တွေ ချည်းပါပဲကွယ်
မီးတစ်ချက် တောက်’ ကစားပြရင်
ရင်သပ်ရှုမောသွားတတ်မြဲ…။
ဆန် နဲ့ စပြီး ဆန် နဲ့ ဆုံးတယ်
နှစ်လေးငါးဆယ် တွေးကြည့်တဲ့အခါကျ
လှော်တက်ကို တစ်ချက်မကူနိုင်တောင်
လှေဝမ်းထဲက ရေ’ ခပ်ထုတ်ရုံတတ်မှ
ငါတို့လည်း ဘာမှ မကူနိုင်ဘူး
မင်းက
ဒါလေးတစ်ခုတော့
သူလိုငါလိုသာ တွေးလိုက်ပါ။ ။
( သိင်္ဂါရ )

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်