www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Wednesday, May 22, 2013

တစ်ရောင်ချင်း ဖြာဆင်းလာသော အရုဏ်ခင်း

`တစ်ရောင်ချင်း ဖြာဆင်းလာသော အရုဏ်ခင်း´
သွေ့နွမ်းပြီးသော မိနစ်များကို ထားခဲ့စို့…
မနက်ဖြန်အတိုင်း မိုးသောက်ရဲပါရဲ့လား။
ပခုံးချင်းဝင်တိုက်ရာက
ကျန်နေတဲ့ နှစ်သုံးဆယ်စာလောက် အတွက်
လက်´ကမ်းထား…
ဖ၀ါးချပ်မျှ လှမ်းချင်မှတော့ လိုက်
အဲဒီ့လမ်းက နည်းနည်း´ကြမ်းချင်တယ်။
ရင်အစုံကို ခိုကိုးပြီး ပွင့်မယ့်ပန်းအတွက်
မိုးကြားလေကြားတော့ ပျံ့သင်းစေရပါ့မယ်
ဒီနေ့မှာ ပထမဆုံး ပျိုးကြဲခဲ့တယ် ပဲ
တွေးထားဖို့
အသိမ့်နွေးဆုံး လူမှုဆက်ဆံရေး အကြောင်း
ဆွေးနွေးကြရအောင်
တံခါးရွက်က ဟ´ထားရုံလေး…
ယုံကြည်ရဲရဲ ဖွင့်လှမ်းရဲဖို့ လို
အဆိုး´ ဆိုတာတွေ ထားပါဦး
ကိုယ်စီ အိပ်မက်အရ
ဘယ်လောက် ခမ်းနားချင်ကြတာက
အခု အထင်ကရ ဖြစ်လာနေ…။ ။
(သိင်္ဂါရ)

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်