www.luckymyotaw.com သို့
photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....
Wednesday, May 15, 2013
တိုင်ဝမ်နိုင်ငံမှ လ၀န်းတံတားရဲ့ လှပဆန်း ကြယ်သည့် ပုံရိပ်
နက်ခင်းကားမြူနှင်းတို့ အုပ်ဆိုင်းကာ ငြိမ်သက်အေးချမ်းတိတ်ဆိတ်လျက် လေနုအေးကလေးကလည်း
တိုးတိတ်ငြင်သာစွာရှိနေသည်မို့ တိုင်ဝမ်နိုင်ငံမှ စိတ်နှလုံးငြိမ်းချမ်းဖွယ် နေရာကလေးကား အိမ်မက်ထဲမှ
ပုံပြင်ဆန်ဆန်၊ ဂန္တ၀င်ဆန်ဆန်မြင်ကွင်းကဲ့သို့ ပင်ဖြစ်နေပါတော့ တယ်...
ကြည်လင်အေးမြကာ ငြိမ်သက်နေသည့် ရေပြင်ကလည်း ပါတ်ဝန်းကျင်ရှုခင်းအား ထင်ဟပ်သရုပ်ဖော်နေ
ဒီလိုရှုခင်းမျိုးကြောင့် လည်း ထိုင်ဝမ်နိုင်ငံအား အနောက်နိုင်ငံများအတွက်တော့ ဒီလ်ဟာဖော်မိုဆာ၊ သာ
ယာလှပသည့် ကျွန်းဟု နာမည်ကျော်ကြားထင်ရှားခဲ့ တာ မဆန်းပါဘူး...
ကင်နောက်ခံနဲ့ ဓါတ်ပုံအား bbe022001 ဟုသာရေးထားသည့် ပါရမီရှင်ဓါတ်ပုံဆရာတစ်ဦးက Flickr တွင်
တင်ထားခဲ့ တာဖြစ်ပါတယ်...
ဒါတောင်မှ အဆိုပါပန်းဥယျာဉ်ဟာ တိုင်ဝမ်နိုင်ံရဲ့ စက်မှုဇုံတွေအလယ်မှာနီးကပ်စွာတည်ရှိနေတာဖြစ်ပြီး
တိုင်ပေမြောက်ပိုင်း နေဟူးစက်မှုဇုံဟာ အိုင်တီလုပ်ငန်းနဲ့ ရှော့ ပင်းစင်တာအဆောက်အဦးကြီးများတည်ရှိ
တာကြောင့် ထင်ရှားပါတယ်....
သို့ သော်လည်း ထိုဥယျာဉ်၊ နတ်စင်၊ ဘုရားပုထိုးတွေ၊ ဘုန်းကြီးကျောင်းတွေနဲ့  လွမ်းမောဖွယ်ကောင်းတဲ့ 
တိုင်ဝမ်နိုင်ငံမှာ မီတာ ၃၀၀၀ ကျော်အမြင့် ရှိတဲ့ တောင်ပေါင်း ၂၀၀ ကျော်ရှိပြီး တစ်မူထူးခြားတဲ့ တော
တောင်ရေမြေသဘာဝတွေကြောင့် အဆန်းတစ်ကြယ်သာယာလှပတဲ့ ရှုမြော်ခင်းတွေ၊ ပင်လယ်ကမ်းခြေ
တွေ အမြောက်အများရှိနေပါတယ်...
Stunning: The sun cuts through the mist at DaHu park, Taipei, creating a photograph that looks more like a perfect paintingthe mist at DaHu park, Teipei, creating a photograph that looks more like a perfect painting
မြူနှင်းများကြားက ထိုးထွက်လာတဲ့ နေလုံးကြောင့် သက်ငြိမ်ပန်းချီကားတစ်ချပ်လိုဖြစ်နေ
တဲ့  ဓါတ်ပုံ....
Stunning: The sun cuts through the mist at DaHu park, Taipei, creating a photograph that looks more like a perfect painting
Anther world: The dead calm water coupled with the smokey soft atmosphere give an almost perfect reflection int the lake
ပကတိငြိမ်သက်နေတဲ့ ရေပြင်နဲ့ ပါးလွှာတဲ့ မြူနှင်းဝေ့ နေပုံက ကန်ရေပြင်မှာ တစ်သားထဲ
ပေါ်နေ....
Anther world: The dead calm water coupled with the smokey soft atmosphere give an almost perfect reflection int the lake
Breathtaking: The detail in these magnificent, mesmerising pictures allows you to escape into a magical world
အံ့ သြစရာကောင်းလောက်အောင်သာယာလှပတဲ့ ရှုခင်းတွေမို့ အိပ်မက်ထဲက၊ ဒဏ္ဍာရီပုံပြင်
တွေထဲကနေရာတွေများရောက်နေသလိုခံစားရပါလိမ့် မယ်...
Breathtaking: The detail in these magnificent, mesmerising pictures allows you to escape into a magical world
ထိုပုံတွေအားလုံးကြည့် ချင်ယင်တော့ အောက်ပါဖလစ်ကာဆိုဒ်မှာမြင်တွေ့ နိုင်ပါတယ်...
by kopeter
0 comments:
Post a Comment
Blog Archive
လပ်ကီးမြို့တော်