www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Wednesday, May 22, 2013

အပယ်ခံနှလုံးသားရဲ့ ပေါက်ကွဲသံ

အမြင်မှားတာလား
အမှားမြင်တာလားတော့မသိဘူး
သေချာတာတော့
ရင်မှာခါးလာတာပဲ
သံသယမြူခိုးတွေ
အုံ့ ဆိုင်းလာတော့
နှလုံးသားကောင်းကင်ကြီးလည်း
မလှပနိုင်တော့ဘူး...
စေတနာအမှားတွေပါလို့ 
ခေါင်းစဉ်မတပ်နဲ့ 
ရင်မှာအထားအသိုမတတ်တော့
ခံရခက်တယ်
ရင်ဘတ်ထဲက
သံယောဇဉ်နဲ့ ချစ်ခြင်းတရား
စကားတစ်လုံးနဲ့ အဆုံးသတ်ဖို့ 
လွယ်ကူရအောင်
နှလုံးသားက
ကစားစရာမဟုတ်ဘူး...ချစ်သူ...

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်