သတင်းနှ့င့်ရသစုံလင်

လပ်ကီးမြို့တော်တွင် မြန်မာသတင်း၊နိုင်ငံတကာသတင်း၊ထူးဆန်းထွေလာ၊အားကစားသတင်း၊ကျန်းမာရေးကဏ္ဍ၊ဟာသလေးများ၊ကာတွန်းနှင့်ရုပ်ပြဟာသ၊ တရားတော်များ၊ဘာသာရေးကဏ္ဍ၊ချက်နည်းပြုတ်နည်း၊အလှအပနှင့်ဖက်ရှင်၊သရဲတစ္စေနာနာဘာဝ၊သိုင်းဝတ္ထုနှင့်စာအုပ်စာပေ၊gtalk custom message၊ ဗေဒင်ကဏ္ဍ၊ဗဟုသုတနှင့်အထွေထွေ..စသည်တို့ကို တစ်စုတစ်စည်းထဲ ဖတ်ရှုနိုင်ပါတယ်....

www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Monday, May 20, 2013

အမျိုးသမီးများ မြုံခြင်း

မုံခြင်း ဆိုတာ ဟာ တစ်နှစ်ကြာ အကာ အကွယ်မဲ့ လိင် ဆက်ဆံ သော် လည်း ကိုယ်ဝန် ရမလာ ခြင်းကို ဆိုလို ပါတယ်။ အမေရိကန်ပြည်ထောင်စု မှာရှိတဲ့ စုံတွဲ ၁၀ ရာခိုင်နှုန်းလောက် ဟာ ကလေးမရနိုင်ခြင်းပြဿနာကို ခံစားနေကြရပါတယ်။ အမျိုးသားရော၊ အမျိုးသမီးနှစ်ယောက်စလုံးဟာ မြုံ ခြင်းပြဿနာကို ခံစားရနိုင်ပါတယ်။ ကလေးမရခြင်းများရဲ့ သုံးပုံတစ်ပုံဟာ အမျိုးသမီးမြုံခြင်းကြောင့် ဖြစ်ပြီး ကျန် သုံးပုံတစ်ပုံကတော့ အမျိုးသားမြုံခြင်း ကြောင့်ဖြစ်ပါတယ်။ နောက်ဆုံးသုံးပုံ တစ်ပုံကတော့ နှစ်ယောက်စလုံးရှိ ချို့ ယွင်းချက်များ ပူးပေါင်းသွားလို့ပဲ ဖြစ် ပါတယ်။ ၂၀ ရာခိုင်နှုန်းသော စုံတွဲ များကတော့...

HIV ပိုး ရှိသော အမျိုး သမီးများနှင့် မီးယပ် ရောဂါများ

HIV ပိုးရှိသူ အမျိုး သမီး များ တွင် မရှိသော အမျိုး သမီး များထက် အမျိုး သမီး ရောဂါ များ ပို အဖြစ်များပြီး ပို၍ ပြင်းထန်တတ်သည်။ ကုသရန်လည်း ပိုခက်ခဲပါသည်။ - အချို့သော မိန်းမကိုယ် ပိုးဝင် သောရောဂါများ (ဥပမာ- မှိုစွဲခြင်း) - ဗက်တီးရီးယားပိုးကြောင့် မိန်းမ အင်္ဂါ ရောင်ရမ်းခြင်း - အဖြစ်များသော လိင်မှတစ်ဆင့် ကူးစက်တတ်သောရောဂါများ (ဂနို၊ ကလာမိုင်းဒီးယားနှင့် Trichomoniasis) - ရေယုန် - ဆီးခုံရောင်ရမ်းခြင်း - HIV ပိုးရှိသူ အမျိုးသမီးများတွင် ရာသီသွေးပုံမမှန်ခြင်းများ၊ မီးယပ်သွေး ဆင်းမှုလွန်ကဲခြင်းများလည်း တွေ့ရ တတ် သည်။ Ref: Internet By Health Digest...

ပြတ်ရှ ဒဏ်ရာ ကို ဖုံးအုပ် ထားရင် အနာ ကျက်နှုန်း ၄၀ ရာခိုင်နှုန်း ပိုမြန် ပါတယ်

ပတ်ရှ ဒဏ်ရာကို ကုသဖို့ အကောင်းဆုံး နည်းလမ်း ဟာ ဒဏ်ရာ ကိုသန့်ရှင်း အောင် ထားပြီး ဖုံးအုပ်ထားပါလို့ ယူကေက သုတေသနပြု သူတွေကဆိုပါတယ်။ ဒဏ်ရာကို ဖုံးအုပ်ထားတာကြောင့် အနာဖေး တွေ မဖြစ်ပေါ်တော့ဘဲ အနာကျက်နှုန်းမြန်သွားပါတယ်။ အပူလောင် ဒဏ်ရာတွေ မီးလောင်ဒဏ်ရာတွေကိုလည်း ဖုံးအုပ်ထားရမှာဖြစ်ပြီး အကောင်းဆုံးကတော့ ပိုးသတ်ထားတဲ့ Gauzee နဲ့ ပျားရည်ကို အသုံးပြုရင် အနာကျက်နှုန်းလေးရက်လောက်ပိုမြန်ဆန်တယ်လို့ နယူးဇီလန်တက္ကသိုလ်မှ ဒေါက်တာပီတာက ဆိုပါတယ်။ ပျားရည်မှာ ပါဝင်တဲ့ Enzyme တွေက အရေပြားပေါ်မှာ Hydrogen Peroxide တွေ ထုတ်လုပ်ပေးပြီး ဃနူ အသစ်တွေ ကြီးထွားဖို့ လှုံ့ဆော်ပေးတာကြောင့်လို့သိရပါတယ်။ ဒေါက်တာ...

အစာအိမ် ကင်ဆာ

ကမ္ဘာပေါ်မှာ ကင်ဆာရောဂါကြောင့် သေဆုံးမှု့တွေထဲမှာ ဒုတိယ အများဆုံးဖြစ်တဲ့ အစာအိမ်ကင်ဆာဟာ မြန်မာနိုင်ငံမှာလည်း အဖြစ်အများဆုံး ကင်ဆာတွေထဲမှာ ပါနေပါတယ်။ ဒါပေမဲ့ ကင်ဆာ ဖြစ်နှုန်းကျလာအောင်  ကြိုတင်ကာကွယ်ရေးအတွက် အစားအသောက် လတ်လတ်ဆတ်ဆတ်၊ သန့်သန့်ရှင်းရှင်း၊ အာဟာရဖြစ်အောင်စားတာနဲ့ ဒီ ရောဂါကို အဓိကဖြစ်စေနိုင်တဲ့ ဘက်တီးရီးယားပိုးတမျိုးကို စစ်ဆေးပြီး၊ တွေ့ရှိပါက ကြိုတင်ဖယ်ရှားတာတွေ လုပ်ပေးနိုင်ပါတယ်။ အခုလို ကာကွယ်နိုင်တဲ့ကြားထဲက ရောဂါဖြစ်လာရင်လည်း ဒီရောဂါကြောင့် သေနှုန်းတွေ ကျလာအောင် ရောဂါလက္ခဏာတွေကို သိထားပြီး ဒီလက္ခဏာတွေ ဖြစ်လာရင် ချက်ချင်းဆေးစစ်တာတွေ...

ချောကလက် ပုံမှန်စားခြင်းဖြင့် ခန္ဓာကိုယ် သွယ်လျမှုကို အထောက်အကူ ဖြစ်စေနိုင်

ချောကလက် ပုံမှန် စားသူများသည် ခန္ဓာကိုယ် ပိုမို သွယ်လျ လာဖွယ် ရှိကြောင်း သုတေသန တစ်ရပ်က ဖော်ပြ သည်။ ခန္ဓာကိုယ် ဝဖြိုးမှုကို တိုင်းတာချက် တစ်ရပ်ဖြစ်သည့် ခန္ဓာကိုယ်ထု အညွှန်း (BMI)၊ ကယ်လိုရီ ပါဝင်မှုနှင့် အာဟာရ ဓာတ်စာ တို့ကို ကြည့်ရှု စစ်ဆေးသည့် အမေရိကန် နိုင်ငံသား ၁၀ဝ၀ နီးပါးတို့ကို လေ့လာမှုတစ်ရပ်မှ တွေ့ရှိချက်များ ပေါ်ထွက်လာခြင်း ဖြစ်သည်။ တစ်ပတ်လျှင် အကြိမ်အနည်းငယ်မျှ ချောကလက်စားသူများသည် ပျမ်းမျှအားဖြင့် ရံဖန်ရံခါသာ ချောကလက် စားသုံးသူများထက် ခန္ခာကိုယ် ပိုမိုသွယ်လျမှုရှိသည်ကို ရှာဖွေတွေ့ရှိ ခဲ့သည်။ ချောကလက်သည် ကယ်လိုရီများ များပြားစွာပါဝင်သော်လည်း...

ဆေးရုံတက် နေရသူ အတွက် အစားအသောက် ပြင်ဆင်သော အခါ

သင့်မိသားစုဝင်တစ်ဦး၊ ခင်မင်ရတဲ့ မိတ်ဆွေတစ်ဦး ဆေးရုံ တက်ရတဲ့အခါ သူ အမြန်ဆုံးပြန်လည်နေကောင်း လာစေဖို့နဲ့ အာဟာရပြည့်ဝစွာ ကျန်းမာစေဖို့ အတွက် အစားအသောက်တွေပြင်ဆင်ပေးတဲ့အခါ သိထားသင့်တဲ့ အ ချက်တွေ ရှိပါတယ်။ အစားအသောက် မပြင်ဆင်ခင် ဆရာဝန်၊ သူနာပြုဆရာမတို့ကို အရင်မေးမြန်းပါ ဆေးရုံတက်နေရတဲ့ လူနာက ကူးစက်ပိုးဝင်တာကြောင့် ကျန်းမာရေး ထိခိုက်နေတာလား ဒါမှမဟုတ် သီးသန့်အစားအသောက် (ဥပမာ- အူရောင် ငန်းဖျား တိုက် ဖွိုက်ရောဂါဖြစ်ရင် အဖတ်မပါတဲ့ အရည်)ကို စားဖို့ လိုတာလား ဆိုတာကို သိဖို့လိုပါတယ်။ တချို့အခြေအနေတွေမှာ တချို့အစား အ သောက်တွေထဲမှာပါတဲ့ ပုံမှန်ဘက် တီးရီးယားပိုးတွေ၊...

အရွယ်တင် နုပျိုစေသည့် ဓာတ်တိုး ဆန့်ကျင် ပစ္စည်းများ

ကင်ဆာရောဂါ ဗီတာမင်အေ၊ အီး၊ စီနဲ့ သတ္တုဓာတ် ဆီလီနီယမ် အစရှိတဲ့ ဓာတ်တိုးဆန့် ကျင်ပစ္စည်းတွေဟာ တချို့ကင်ဆာ ရောဂါတွေကို ကာ ကွယ်နိုင်တယ်လို့ Arizona Health Sciences Centre မှ Dr. Ronald Ross Watson ကပြောပါတယ်။ လေ့လာမှုတွေအရ အောက်ပါ အတိုင်း တွေ့ ရှိခဲ့ပါတယ်။ - ရေနဲ့ မြေဆီလွှာမှာ ဆီလီနီယမ် သတ္တုဓာတ်ပါဝင်မှု လျော့နည်းတဲ့ဒေသတွေမှာ အစာမျိုပြွန်၊ အစာအိမ်နဲ့ စအိုကင်ဆာကြောင့် သေဆုံးနှုန်း ပိုများပါတယ်။ - ဗီတာမင်အေဓာတ် ချို့တဲ့တာကြောင့် အဆုတ်၊ အသံအိုး ၊ ဆီးအိမ်၊ အစာမျိုပြွန်၊ အစာအိမ်အူမကြီး ၊ စအို နဲ့ ဆီးကျိတ်ကင်ဆာဖြစ်နိုင်ခြေ ပိုများပါတယ်။ - ဗီတီတာမင် စီဟီဟာ...

အသက်ကြီးမှ ကိုယ်ဝန်ဆောင်ရ ခက်ခြင်းကို သားဥပြွန်အေး ခဲခြင်း နည်းဖြင့် ဖြေရှင်းနိုင်ပြီ

အသက် အရွယ် ကြီးရင့် လာသည့် အခါ ကိုယ်ဝန်ဆောင်ရန် အခက် အခဲ ရှိလာနိုင်ခြင်း ကို ငယ်ရွယ်စဉ်အခါတွင် သားဥြွပန် များအား အေးခဲ ထားခြင်းဖြင့် ဖြေ ရှင်းနိုင်တော့ မည်ဖြစ်ကြောင်း စင်ကာပူနိုင်ငံ Mount Elizabeth ဆေးရုံကြီးမှ အတိုင်ပင်ခံသားဖွားနှင့် မီးယပ် အထူးကု ဆရာဝန်ကြီး  Dr.Suresh Nair ကပြောသည်။ "အမျိုးသမီးတွေအနေနဲ့ ငယ် ရွယ်တဲ့အချိန်မှာ မျိုးပွားအင်္ဂါတွင်းက သားဥြွပန်တွေကို ထုတ်ပြီးဆေးရုံမှာ အေးခဲပြီး သိမ်းထားလို့ရတယ်။ အသက်ကြီးသွားသို့ သားဥမထုတ် လုပ်နိုင်တဲ့အခါကျလို့ကိုယ်ဝန်ဆောင် ချင်တယ်ဆိုရင် အဲဒီသားဥနဲ့ကိုယ် ဝန်ဆောင်လို့ရတယ်။ စင်ကာပူနိုင်ငံ မှာတော့...

လက်ဖက်ရည်ကြမ်း သောက်ခြင်းကြောင့် မမျိုးဥအိမ်ကို ကာကွယ်နိုင်

ခွက် ဒါမှမဟုတ် ဒါထက် ပိုသောက်တာကြောင့် မမျိုးဥအိမ်ကင် ဆာ ဖြစ်နိုင်ခြေ ၄၀ ရာခိုင်နှုန်း လျှော့ချနိုင်တယ်လို့ ဩစတြေးလျနိုင်ငံမှ အမျိုးသမီးပေါင်း ၃၀ဝ၀ နီးပါးကို မကြာခင်ကပြုလုပ်တဲ့လေ့လာမှုအရ သိရပါတယ်။ By Good Health...

အလွယ်ကူဆုံး ဝိတ်ချနည်းများ

ခန္ဓာကိုယ် အလေးချိန်ကျစေဖို့ ခန္ဓာကိုယ်ရဲ့ ဇီဝရုပ်ဖြစ်ပျက်မှုဟာ အဓိက ကျလှပါတယ်။ ဇီဝရုပ်ဖြစ်ပျက်မှုဆိုတာ ခန္ဓာကိုယ်ရဲ့ ကယ်လိုရီကို လောင် ကျွမ်းစေဖို့ ခန္ဓာကိုယ်ရဲ့ ဇီဝရုပ်ဖြစ်ပျက် မှု ကောင်းတာကြောင့် အဆီတွေကို လောင်ကျွမ်းစေနိုင်ကာ ခန္ဓာကိုယ် အ လေးအချိန်ကို ထိန်းရာရောက်စေပါတယ်။ ခန္ဓာကိုယ်အတွက် ဇီဝရုပ်ဖြစ် ပျက် မှုကိုကောင်းစေဖို့ ကျန်းမာရေးနဲ့ ညီညွတ် တဲ့ဘဝနေထိုင်မှု ပုံစံလို အပ်ပါတယ်။ ကျန်း မာတဲ့ဘဝနေ ထိုင်မှုဖြစ်ဖို့လေ့ လာကြည့်ပါ။ ကောင်းမွန်သော နံနက်စာ မနက်စာစားဖို့ပြောတာက လွယ်ပါ တယ်။ မစားမိတာက ပြဿနာပါ။ မနက် စာထဲမှာ ဗီတာမင်နဲ့ သတ္တုဓာတ်တွေပါ တာကို စားသုံးပေး...

နှလုံးအစားထိုး ကုသရာ၌ ဂီတက ပြင်ပ တစ်သျှူးများ တိုက်ခိုက် ခံရမှုကို လျှော့ချပေးနိုင်

ကွက်များတွင် စမ်းသပ်ကြည့်ရာ၌ ဂီတသည် ကိုယ်ခံအားစနစ်အပေါ် ဩဇာသက်ရောက်မှုရှိပြီး နှလုံးအစားထိုး ကုသမှု၌ပြင်ပတစ်သျှူးများ တိုက် ခိုက် ချေ ဖျက်ခံရမှုကို လျှော့ချပေးနိုင်ကြောင်း တွေ့ရှိ ခဲ့ရသည်ဟု ဗြိ တိန်နိုင်ငံ နှလုံးနှင့် ရင်ခေါင်းပိုင်း ခွဲစိတ်ကုသမှုဂျာနယ်က မတ်လ ၂၃ ရက်နေ့တွင် ဖော်ပြခဲ့သည်။ ဂျပန်နိုင်ငံမှ သုတေသနပညာရှင်များက ယင်းစမ်းသပ် ချက်ကိုပြုလုပ် ခဲ့ခြင်းဖြစ်ပြီး သူတို့သည် နှလုံးအစားထိုးကုသမှုပြုလုပ် ထားသောကြွက် များကို ဂီတနားထောင်စေကာ စမ်းသပ်ခဲ့ခြင်းဖြစ်သည်။ပြင်ပမှ တစ်သျှူး များကို ခန္ဓာကိုယ်တွင်းရှိ ကိုယ်ခံ Rejection ဟုခေါ်သော ဖြစ် စဉ်ကြောင့်...

စိတ်ဖိစီးမှု ကင်းစင်စေမည့် အကောင်းဆုံး သဘာဝအစာ

နေ့စဉ် ခံစားရနေတဲ့ စိတ်ဖိစီးမှုမှန်သမျှ ကင်းစင်စေဖို့ တစ်နေ့တာ စားသောက်တဲ့ အစာတွေထဲမှာ အောက်ပါသဘာဝ အစာလေးမျိုးကို ထည့် သွင်းစားသင့်ပါတယ်။ (၁) ငါး စိတ်ဖိစီးမှု လျော့ကျစေဖို့ သင်စားတဲ့ အစာထဲမှာ အိုမီဂါ ၃ ဖက်တီးအက် စစ် ပါဝင်အောင် ထည့်စားသင့်ပါတယ်။ ဒီမရှိ မဖြစ်အဆီဟာ စိတ်ဖိစီး မှုဖြစ်စေတဲ့ ဟော် မုန်းကို လျော့ကျစေပြီး စိတ်ကျရောဂါ မဖြစ်အောင် ကာ ကွယ်ပေးနိုင်ပါတယ်။ ငါး အဆီဖြည့်စွက်ဆေးကိုလည်း မှီဝဲပေးနိုင် ပါတယ်။ သဘာဝအစာကနေ အိုမီဂါ၃ ဖက်တီးအက်စစ်ရရှိစေဖို့ တစ်ပတ်မှာ အနည်း ဆုံးနှစ်ကြိမ်ခန့် အဆီပါတဲ့ ငါးသုံးအောင်စ ဒါမှမဟုတ် သစ်ကြားသီး လက် တစ်ဆုပ် စာပမာဏကို...

နွေကာလတွင် သောက်လေ့ရှိသော သံပုရာရည်၏ စွမ်းပကား

နွေနေပူမှာအေးမြတဲ့ သံပရာရည်ကို ကိုသောက်လေ့ ရှိကြပါတယ်။ သံပရာ ရည်ကို သောက်တာကြောင့် အရသာကို တိုးစေတဲ့အပြင် ခန္ဓာကိုယ်အတွက် ကျန်းမာရေးအကျိုးကျေးဇူးအမြောက် အများကိုလည်း ပေးစွမ်းနိုင်ပါ တယ် ။ ရေဓာတ်ခန်းခြောက်မှု ကို လျော့ကျ စေတယ်၊ အသည်းကို သန့်စင်ပေး တယ်၊ အစာကြေညက်စေတယ်၊ ဇီဝရုပ်ဖြစ်ပျက်မှု (Metabolism)ကို အားကောင်းစေပါတယ်။ ဒီလို အကျိုး ကျေးဇူးတွေအပြင် ကိုယ်အလေးချိန် ကို လည်း လျော့ကျစေ ပါတယ်။ ဒီလို အကျိုးကျေးဇူးတွေ ရရှိတာက သံပရာသီးမှာ ဗီတာမင်စီများ စွာ ပါဝင် လို့ပါ။ ဗီတာမင်စီဟာ ရေမှာ ပျော်ဝင် တဲ့ ဗီတာမင်ဖြစ်ပြီး အစွမ်း ထက် အင်တီ အောက်ဆီးဒင့်တစ်မျိုး...

ကင်ဆာရောဂါ ဝေဒနာရှင်များ ပြုလုပ်သင့်သော ကာယလှုပ်ရှားမှုများ

လေ့လာ မှုတွေ အရ  လေ့ကျင့်ခန်း ပြုလုပ် တာကြောင့် (အနည်း ငယ်လေးပြု လုပ် တာတောင်) ကင်ဆာရောဂါ ရှိတဲ့ လူတွေ မှာဝေဒနာသက် သာနှုန်းမြန် ဆန်ကြောင်း သိရ ပါတယ်။ ကင်ဆာရောဂါရှိ သူတွေအနေ နဲ့အောက် ပါလေ့ကျင့် ခန်းတွေပြု လုပ်သင့်ပါတယ်လို့ သုတေသနပြု သူတွေက အကြံပေး ထားပါတယ်။ လမ်းလျှောက်ခြင်း နေ့စဉ် မိနစ် ၃၀ခန့်နှုန်းနဲ့ တစ်ပတ် ကို သုံးရက်မှ ငါးရက်ထိ လမ်းလျှောက် လေ့ကျင့်ခန်းလုပ်တာဟာ ကင်ဆာရောဂါ ဝေဒနာရှင်တွေအတွက် များစွာအကျိုးရှိ တယ်လို့ ဆိုပါတယ်။ လမ်းလျှောက်လေ့ ကျင့်ခန်းကို ဆေးကုသစဉ်ကာလအတွင်း မှာလည်း ပြုလုပ်နိုင်ပါတယ်။ အလွန်မော ပန်းတာဖြစ်စေတဲ့ ပြင်းထန်တဲ့...

ကိုယ်အလေးချိန် တိုးဖို့ လိုအပ်နေ သလား

ကိုယ်အလေးချိန် လျော့နည်းခြင်း ဆိုသည်မှာ လေ့လာမှုတွေ အရ လူတွေ မှာ ကိုယ်အလေးချိန်က ပုံမှန်အတိုင်းအတာအ တွင်းရှိနေရင် အသက်ရှည် ရှည် နေရနိုင်ပြီး အကောင်းဆုံးကျန်းမာရေးကို ရရှိစေတယ်လို့ သိရပါတယ်။ ကိုယ်အလေး ချိန်လျော့နည်းပါက ကျန်းမာရေး၏ အန္တရာယ်ရှိနိုင်ပါတယ်။ သင့်အနေနဲ့ ကိုယ်အလေးချိန်ပုံ မှန်အောက် လျော့နည်း ပြီး ပိန်နေ သလားဆိုတာကို ဆန်းစစ်နိုင်ဖို့ ခန္ဓာ ကိုယ်ထုထည်အညွှန်းကိန်း (BMI) ကို တိုင်းတာပြီး စစ်ဆေးရပါမယ်။ ကမ္ဘာ့ကျန်း မာရေးအဖွဲ့ (WHO) ရဲ့ အဆိုအရ BMI က ၁၈ ဒသမ ၅ အောက်ဆိုရင် ကိုယ် အလေးချိန်နည်းတယ်လို့ သတ်မှတ်ထား ပါတယ်။ ကိုယ်အလေးချိန် လျော့နည်းပါက...

ခပ်စပ်စပ်ဟင်းတွေစားရင် နှလုံးရောဂါ ကာကွယ်နိုင်တယ်လို့ ဖော်ထုတ်

မကြာ သေးခင် ရက်ပိုင်း အတွင်းက ဟောင်ကောင် တက္ကသိုလ် ကနေ ဖော်ထုတ် လိုက်တဲ့ စစ်တမ်း တစ်ခုအရ ငရုတ်သီး စပ်စပ် ဟင်းလျာတွေ စားသုံးလေ့ ရှိသူတွေ ဟာ နှလုံးရောဂါ ဖြစ်ပွားမှုကို ကာကွယ်နိုင်စွမ်း မြင့်မား ကြကြောင်း သိရှိလာရပါပြီ။ ငရုတ်သီးမှာ အဓိက အားဖြင့်ပါဝင်တဲ့ အပူဓာတ်တစ်မျိုး ဟာ သွေးတိုးခြင်းအပြင် သွေးတွင်း ကိုလက်စရော များပြားခြင်းကိုပါ ချေ ဖျက်နိုင်တဲ့အတွက် နှလုံးရောဂါ ဖြစ်ပွား မှုကိုပါ ထိထိရောက်ရောက် ကာကွယ် နိုင်ဖွယ်ရှိကြောင်း အဆိုပါ တက္ကသိုလ် ကလေ့လာမှုကို ဦးဆောင်ခဲ့သူ ဒေါက် တာဇန်ယူချွမ်ကဆိုခဲ့ပါတယ်။ "ငရုတ်သီး ထဲမှာ အဓိက အားဖြင့် ပါဝင်တဲ့ capsaicinoids...

အမျိုးသားများတွင် အသည်းကင်ဆာ အများစု ဖြစ်ပွားလျက်ရှိ

ကျွမ်းကျင်သူ ဆရာဝန်ကြီးများ၏ ပြောကြားချက်အရ အသည်းကင်ဆာရောဂါဟာ အမျိုးသားများတွင် အများဆုံး ဖြစ်ပွားလျက်ရှိတယ်လို့ သိရပါတယ် ။ အဆိုပါ အသည်းကင်ဆာရောဂါဟာ အသားဝါရောဂါပိုးနဲ့ ကင်ဆာဖြစ်စေနိုင်သော အစားအသောက်များဖြစ်သော ငါးပိရည် ၊ ဝက်အူချောင်း ၊ အသားချဉ် ၊ ကင်ထားတဲ့အစားအစာများ ၊ နေ့စဉ်အရက်သောက်ခြင်း ၊ မှိုပါတဲ့ ငရုတ်သီးမှုန့် ၊ ငရုပ်သီးခြောက်တို့ကို စားသုံးခြင်းကြောင့်ဖြစ်ကြောင်း သိရသည် ။ အသည်းကင်ဆာရောဂါ စဖြစ်ဖြစ်ချင်းမှာ ရောဂါလက္ခဏာ ပြလေ့မရှိဘဲ ရောဂါစပြပါက အစားအသောက်ပျက်ခြင်း ၊ နွမ်းနယ်အားပြတ်ခြင်း ၊ ညာဘက်နံရိုးကိုက်ခြင်း...

နေပူထဲ အကာ အကွယ်မဲ့ သွားခြင်း မပြုရန် ပညာရှင် သတိပေး

မြန်မာပြည် မြောက်ပိုင်းနှင့် ကမ်းရိုးတန်း ဒေသများမှ လွဲ၍ ကျန်ဒေသများရှိ နေရောင်ခြည်တွင် UV Index တန်ဖိုးမှာ ၈ မှ ၁၀ ထိရှိနေသဖြင့် အကာအကွယ် မရှိဘဲ နေရောင်ခြည်ထဲ သွားလာမှုမှ ရှောင်ရှားရန် မိုးလေ၀သ ပညာရှင် ဒေါက်တာထွန်းလွင်က ပြောသည်။   “ကောင်းကင်မှာ တိမ်တွေ နည်းလို့ဖြစ်တာ၊ မြန်မာပြည် အလယ်ပိုင်း ဒေသတွေမှာ အပူချိန်တွေက အိအိ တက်နေတယ်”ဟု ဦးထွန်းလွင်က ဆိုသည်။ နေရောင်ခြည် ဖြာထွက်မှု အနည်း အများကို UV Index (သို့မဟုတ်) Solar Index   တို့ဖြင့် ဖော်ပြပြီး၊ အမြင့်ဆုံးမှာ ၁၁ နှင့် အထက်ဖြစ်သည်။ ကမ်းရိုးတန်း ဒေသမှ လွဲ၍ ကျန်ဒေသများတွင် UV...

ဆပ်ပြာကြမ်းကြောင့် နှင်းခူဖြစ်နိုင်

ဆပ်ပြာ ကြမ်း သုံးခြင်း ဟာ နှင်းခူ (Eczema) ဖြစ် ရခြင်း ရဲ့ အကြောင်း ရင်းဖြစ်နိုင် ပါတယ်လို့ ဂရိတ်အော် စထရိကလေးဆေးရုံမှ သုတေသီတို့က ဆိုကြပါတယ်။ ဆပ်ပြာကြမ်းက အရေ ပြားမှ သဘာဝဆီများကို ခန်းခြောက် စေတာကြောင့် ရောဂါပိုးဝင်လွယ်ပါ တယ်။ ဗြိတိသျှအရေပြားရောဂါ ကုဆရာဝန်အသင်းမှ နီနာဂုဒ်က နှင်းခူဝေဒနာရှိသူများ ဒါမှမဟုတ် အသားအရေခြောက်သူများဟာ အမွှေးရနံ့မပါတဲ့ အစိုဓာတ်ခံလိမ်း ဆေး (Moisturizer) တစ်မျိုးမျိုးကို သုံးပေးသင့်ကြောင်း အကြံပေးထား တယ်။ ဒါ့အပြင် အမြှုပ်ထစေတဲ့ ပစ္စည်းဖြစ်တဲ့ Sodium Lauryl Sulphate က အရေပြားကို ခြောက် သွေ့စေတဲ့အတွက် အဲဒီပစ္စည်းပါဝင်တဲ့...

ဒေါသကြီး သူများ စာသင့်တဲ့ အစားအစာ

လေ့လာမှု များ အရ အိုမီဂါ-၃ (Omega - 3) ချို့တဲ့ခြင်း ဟာ ရန်လို တဲ့ အပြု အမူ များ နဲ့ ဆက်စပ် နေကြောင်း တွေ့ရပါတယ်။ ဇင့် (Zinc) ဓာတ်ဟာ လည်း အမျိုးသမီးများမှာ ဒေါသထွက် ခြင်းကို သက်သာစေကြောင်းတွေ့ခဲ့ ပါတယ်။ ဆတ်ဆတ်ထိမခံဒေါသကြီး သူများ၊ အသေးအဖွဲလေးနှင့် ပေါက် ကွဲတတ်သူများဟာ ဇင့်(Zinc) နှင့် အိုမီဂါ-၃(Omega-3) နှစ်မျိုးလုံးပါဝင် တဲ့ အစားအစာများ ဖြစ်တဲ့ အစေ့ အဆန်များကို စားသုံးပေးပါ။ ဥပမာ သစ်ကြားသီးနှင့် မိကျောင်းလျှော်စေ့ Flexseeds ဖြစ် ပါတယ်။ By Health Digest...

ပေါက်ပေါက်စားပါ

ဟင်းသီး ဟင်းရွက်နှင့် သစ်သီး ဝလံများ မှာ ထက် ပေါက်ပေါက် မှာ အင်တီ အောက်စီးဒင့် ပါဝင်မှု ပိုမို များပြားတယ်လို့အမေရိကန်သုတေသီ များကဆိုပါတယ်။ များစွာသော ဟင်းသီးဟင်းရွက်များမှာ ပါဝင်တဲ့ ပေါ်လီဖီနောလ်ဟာ ရေဓာတ် ၉၀ ရာခိုင်နှုန်းဖြင့် ရောနှောနေပါတယ်။ ပေါက်ပေါက်မှာတော့ ပေါ်လီဖီနောလ် များဟာ ရေ ၄ ရာခိုင်နှုန်းနှင့်သာ ရောနှောနေပြီး ပိုမို ပြင်းအားများ နေပါတယ်။ ပေါက်ပေါက်မှာ အင်တီအောက်စီးဒင့်များြွကယ်ဝ နေသော်လည်း ဗီတာမင်နဲ့ အခြား အာဟာရဓာတ်များြွကယ်ဝနေတဲ့ လတ်ဆတ်တဲ့ သစ်သီးဝလံ ဟင်းသီး ဟင်းရွက်တွေနဲ့ အစားထိုးလို့တော့ မရပါဘူးလို့ သုတေသီများက ထောက်ပြထားပါတယ်။...

ဝမ်းနည်း နေသလား အဆီထူ ငါးကိုစား

မပျော်ရွှင် ဘဲ ဝမ်းနည်း နေသလို ခံစား ရရင် အဆီထူ ငါးများ ကိုစားပါ။ အဆီထူငါးတွေဟာ ဦးနှောက် ကျန်းမာရေးနှင့် စိတ်ခံစားမှု Mood ကို မြှင့်တင်ပေးပါတယ်။ အဆီထူ ငါးတွေမှာပါဝင်တဲ့ Omega - 3 fatty Acid ဟာ စိတ်ကျရောဂါ၊ အဆိုးမြင် ခြင်း၊ စိတ်ခံစားမှု မကောင်းခြင်းတို့ကို သက်သာစေရုံသာမက စိတ်ခံစားမှု များကို ပုံမှန်ဖြစ်အောင် လုပ်ပေးနိုင် သော ဗီတာမင် B12ြွကယ်ဝစွာ ပါဝင် ပါတယ်။ ဒါကြောင့် မပျော်မရွှင်ခံစား နေရရင်အဆီထူငါးများဖြစ်တဲ့ငါးသလောက်၊တူနာငါးစသည်တို့ကိုများများစားပေးပါ။ By Health Digest...

ကျန်းမာရေး ပြဿနာများ ဖြစ်ပေါ် စေနိုင်သော ဆေးဝါး များ

ဆေးဝါးတွေ ဟာ ခံစား နေရတဲ့ ရောဂါ ဝေဒနာကို သက်သာ ပျောက် ကင်းအောင် ပြုလုပ် ပေးနိုင် သလို တချို့သောဆေးဝါးတွေဟာ တစ်ခါ တစ်ရံ အလွန်အကျွံသုံးစွဲ၍သော် လည်းကောင်း၊ ကြာရှည်စွာ သုံးစွဲ၍ သော်လည်းကောင်း ကျန်းမာရေး ပြဿနာတွေကို ဖြစ်ပေါ်စေနိုင် ပါတယ်။ ဒါကို ဆေးဝါးကြောင့် ဖြစ် ပေါ်လာစေနိုင်သော ရောဂါများ (Drug Induced Diseases) လို့ ခေါ်ပါတယ်။ ဆေးဝါးကြောင့်ဖြစ်ပေါ် လာနိုင်တဲ့ ရောဂါများထဲမှ အဖြစ် များလေ့ရှိပြီး စိုးရိမ်စရာရောဂါများ ထဲတွင် ဆေးဝါးကြောင့် ဖြစ်ပေါ်စေ သော အသည်းရောဂါ (Drug Induced Liver Disease) လည်း ပါဝင်ပါ တယ်။ အသည်းဟာ ဆေးဝါးများ ဇီဝ ရုပ်ဖြစ်ပျက်မှုနှင့်...

ဆီးချို သွေးချို ရောဂါရှိသူ များ သိထားသင့်သော ခြေထောက် ကျန်းမာရေး

သင့်မှာ ဆီးချို သွေးချို ရောဂါ ရှိရင် ခြေထောက် ကို ကြည့်ရှု စစ်ဆေးပြီး ခြေထောက် အရေပြား ကို အမြဲ ခြောက် သွေ့သန့်စင်အောင် ထားဖို့ အရေးကြီး ပါတယ်။ ဒီလိုနည်းတွေနဲ့ ထိန်းသိမ်းပေးမှ သာ ခြေထောက်မှာ ကူးစက်ပိုးဝင်နိုင်ခြေ ကို လျော့ကျစေပြီး ခြေထောက်ကို ကျန်း မာနေအောင် ကာကွယ်ထိန်းသိမ်းရာ ရောက်ပါတယ်။ (၁) ခြေထောက်က်ကို နေ့စဉ် စစ်ဆေးပါ။ ဆီးချိုသွေးချိုရောဂါရှိသူတွေမှာ နာ့ဗ်ကြောထိခိုက်မှုဖြစ်နိုင်ခြေ များတာ ကြောင့် ခြေထောက်မှာ အနာတွေ၊ အက်ရာတွေရှိရင်တောင် သိဖို့ ခက်ခဲပါ တယ်။ "ဆီးချိုသွေးချိုရောဂါရှင်တွေအ နေနဲ့ ခြေထောက်မှာ အက်ရာရှိသလား၊ အရေပြား ခြောက်သွေ့နေသလား၊...

တီဘီရောဂါအကြောင်းသိကောင်းစရာ

တီဘီရောဂါသည် သေးငယ် သော (Mycobacterium Tuberculosis) ဘက်တီးရီးယားပိုးကြောင့်ဖြစ်သည့် ရောဂါဖြစ်ပြီး မျိုးရိုးလိုက်သည့်ရောဂါ မဟုတ်ကြောင်း၊ လူ့ခန္ဓာကိုယ်ရှိ အဆုတ်တွင် အဓိကအဖြစ်များပြီး အဆုတ် ပြင်ပအင်္ဂါအစိတ်အပိုင်းများ အနက် အဆုတ်မြှေး၊ အကျိတ်၊ ကျောရိုးမ၊ အရိုးအဆစ်၊ ဆီးလမ်းကြောင်းနှင့် မျိုးပွားအင်္ဂါအစိတ်အပိုင်း၊ ဦးနှောက်နှင့် အူလမ်းကြောင်းအင်္ဂါအစိတ်အပိုင်း များတွင်လည်း ဖြစ်လေ့ရှိသည်ဟု ကျန်းမာရေးဦးစီးဌာန အမျိုးသား တီဘီရောဂါတိုက်ဖျက်ရေးစီမံချက်မှ လက်ထောက်ဆရာဝန် ဒေါက်တာ မျိုးစုကြည်က ဆိုသည်။ "တီဘီရောဂါဟာ ကျား၊ မ အသက်အရွယ်မျိုးစုံဖြစ်နိုင်ပါတယ်။ အထူးသဖြင့်...

ကျန်းမာရေး အတွက် ကောင်းသော မကောင်းသည့်အကျင့်များ

ပီကေ ဝါးခြင်း ပီကေ ဝါးခြင်း သည် မိမိ၏ ရှိရင်း စွဲ မှတ်ဥာဏ် စွမ်းရည် ကို တိုးမြင့်စေ သည်။ ဥာဏ်ကို လွှာသုံးရသောကိစ္စ များ (ဥပမာ-သင်္ချာပုစ္ဆာတွက်ခြင်း) တွင်စဉ်းစားတွေးခေါ် ဥာဏ်ကိုမြှင့်တင် ပေးသည်။ သို့သော် ゞင်းသည် ၁၅ မိနစ်၊ မိနစ် ၂၀ ခန့်သာ တာရှည်ခံသည်။ ကျိန်ဆဲခြင်း တံခါးကြား လက်ညပ်သောအခါ ခလုပ်တိုက်၍ ခြေခေါက်သွားသော အခါစသည့် ရုပ်ပိုင်းဆိုင်ရာ နာကျင်ခံ စားရသောအခါများတွင် ကျိန်ဆဲသော စကားအချို့ ပေါက်ကွဲလွှတ်ထုတ်ပေး ခြင်းသည် နာကျင်မှုကို လျော့ပါးသက် သာစေသည်။ အိပ်ရာမသိမ်းခြင်း ကျွန်ုပ်တို့ အိပ်ရာတွင် ၁ ဒသမ ၅ သန်းမျှသော အဏုဇီဝပိုးမွှားများ သည် ခန္ဓာကိုယ်မှထွက်သော...

အနှိပ်ခံခြင်းကြောင့် ရရှိနိုင်သော ထိပ်တန်း အကျိုးကျေးဇူး ၁၁ ရပ်

အနှိပ်ခံ တာက သွေးလှည့်ပတ်မှု ကောင်းစေတာ၊ စိတ်ဖိစီးမှု လျော့ကျ စေတာနဲ့ ကြွက်သားတွေရဲ့ တင်းအားကို ပြေလျော့ စေတာ စတဲ့ ရုပ်ပိုင်းဆိုင်ရာ ကောင်းကျိုး တွေ အပြင် စိတ်တည်ငြိမ်စေတာ၊ အာရုံစူး စိုက်နိုင်စွမ်း ကိုကောင်း မွန်စေတာ၊ စိတ်ပါဝင်စားမှု ရှိစေတာနဲ့ လန်းဆန်းတက်ကြွမှု ရှိစေတာစတဲ့ စိတ်ပိုင်း ဆိုင်ရာကောင်းကျိုးတွေကိုပါ ရရှိစေပါတယ်။အနှိပ် ခံချိန်မှာ ညင်ညင် သာသာဖြစ်ဖို့နဲ့ သက်သောင့်သက်သာရှိတဲ့ အနေ အထားဖြစ်ဖို့ ဂရုစိုက်ရပါမယ်။ (၁) အသက်ပြင်းပြင်းရှူဖြစ်အောင် အားပေးပါတယ် အနှိပ်ခံတာကြောင့် အသက်ပြင်း ပြင်းရှူဖြစ်စေပါတယ်။ အသက်ပြင်းပြင်း ရှူသွင်းတာကြောင့်...

ကိုယ်တွင်း အဆိပ်များ ဖယ်ရှားသော နည်းဖြင့် ကိုယ်အလေးချိန် လျှော့ချရအောင်

ကိုယ်အလေးချိန်တက်တာနဲ့ ခန္ဓာကိုယ်တွင်း အဆိပ်ရှိတာအကြား ဆက် စပ်မှုရှိနေတတ်ပါတယ်။ အဆိပ်တွေက အဆီဆဲလ်တွေထဲမှာ သိုလှောင်နေ တာကြောင့် ခန္ဓာကိုယ်က အဆိပ်တွေ ပိုရှိလေလေ၊ အဆိပ်တွေကို သိုလှောင်ဖို့ အဆီတွေကို ပိုမိုထုတ်လုပ်ရလေလေဖြစ်ပါတယ်။ ဒါကြောင့် အဆီ ဆဲလ်တွေထဲမှာ စုပုံနေတဲ့ အဆိပ်တွေ လျော့ကျအောင် လုပ်ဆောင် တဲ့နည်းဟာ အဆီဆဲလ်ပမာ ဏကို လျော့နည်းစေသလို ကိုယ်အလေး ချိန် ကိုလည်း လျှော့ချနိုင်ပါတယ်။ ရေသောက်ပါ ရေဟာ ခန္ဓာကိုယ် အတွက် မရှိမ ဖြစ်အရေးပါပြီး ခန္ဓာကိုယ်အလေးချိန်ရဲ့ ၆၀ရာ ခိုင်နှုန်းကျော်က ရေတွေနဲ့ ဖွဲ့စည်း ထားပါတယ်။ ဆဲလ်တိုင်းဟာ အ သက် ရှင်ဖို့ရာအတွက်ရေကို...

မံသ Diet များအကြောင်း သိကောင်းစရာ

လတ်ဆတ်တဲ့ သစ်သီး သစ်ဖုတွေ ကိုရှောင် အသားတွေ ကိုချည်း လှိမ့်စား ခိုင်းတဲ့ Diet တစ်မျိုး ရှိပါတယ်။ ကြက်သား၊ ဝက်သား၊ အမဲသား တွေချည်း စားခိုင်း ထားတဲ့ Diet တစ်မျိုးပဲ ဖြစ်ပါတယ်။ ဒီ Diet ရဲ့ သဘောတရားက သဘာဝ ကာဗိုဟိုက်ဒရိတ်စားသုံး မှုကို ရပ်ဆိုင်းလိုက်တဲ့ အခါမှာ လူ တစ်ယောက်ဟာ အလေးချိန်ကျ ဆင်းလာပါတယ်။ ဒါပေမဲ့ အဲဒီကျ သွားတဲ့ အလေးချိန်တွေဟာ စင်စစ် အားဖြင့်တော့ "ရေအလေးချိန်" ပဲ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် အ သားနဲ့ နို့ထွက် ပစ္စည်းတွေက နေရတဲ့ ပရိုတင်းတွေကို ခန္ဓာကိုယ်က အစာ ချက်ပြီး နိုက်ထရိုဂျင် အညစ်အ ကြေးအဖြစ် ဆီးပုံစံနဲ့ စွန့်ထုတ်လိုက် ခြင်းပဲဖြစ်ပါတယ်။ ဒီလို...

ကျန်းမာစေရန် စားသုံးသင့်သော သစ်သီးသုံးမျိုး

ဗီတာမင်စီ၊ ပိုတက်စီယမ်တွေ ကြွယ်ဝပြီး ကယ်လိုရီ အနည်းသာ ရရှိစေ တာ ကြောင့် ကျန်းမာရေးနဲ့ ညီညွတ်စေလို့ အောက်ပါ သစ်သီးတွေ ကို စား သုံးသင့် တယ်လို့ University of Pittsburgh Medical Centre ကပြော ထားပါတယ်။ စောင်းလျားသီးသည် နှလုံးရောဂါ ကာကွယ်မှုမှ ကာကွယ်ပေးတယ် စောင်းလျားသီးမှာ ကယ်လိုရီပါဝင် မှုနည်းပြီး ဗီတာမင် အေ၊ အမျှင်ဓာတ်နဲ့ ပိုတက်စီယမ်တွေ များစွာပါဝင်ပါတယ်။ ပိုလီဖီနောနဲ့ အင်တီအောက်ဆီး ဒင့်တွေ ပါဝင်ပြီး နှလုံးနဲ့ သွေးကြောတွေ ရောင် ရမ်းမှုကို တွန်းလှန်ပေးနိုင် ပါတယ်။ ဇောင်းလျားသီးရဲ့ အရသာက ဘာနဲ့မှ မတူဘဲ တစ်မူထူးခြားပါ တယ်။ အခွံနွှာစ ရာမလိုဘဲ လှီးစားပါက...

လက်ဖက် ရည်ကြမ်း ရဲ့ ထူခြားတဲ့ အာနိသင် သစ်

လူသားများ အသက်ရှည် ကျန်းမာ ရေးအတွက် လက်ဘက် ရည်ကြမ်း သောက်သုံး ခြင်းသည် များစွာ အထောက် အကူဖြစ်စေသည်ကို ရှေးနှစ်ပေါင်းများ စွာ ကာလကတည်းက သိရှိခဲ့ပြီးဖြစ် သော်လည်း ယခုလေ့လာတွေ့ရှိချက် သစ်တစ်ခုအရ တက်စထရိုစတိရုန်း (testosterone)ကို ဖုံးကွယ်ထားနိုင် သည်ကို တွေ့ရပြန်ရာ အားကစားလော ကသားများအား တားမြစ်မူးယစ်ဆေး ဝါးစစ်ဆေးရေးနှင့် ပတ်သက်၍ အခက် အခဲသစ်တစ်ရပ်ပင်ဖြစ်သည်ဟုအေပီ သတင်းကဖော်ပြလာပါသည်။ မကြာ ခင် ကျင်းပတော့မည့် လန်ဒန်အိုလံ ပစ်ပြိုင်ပွဲကော်မတီရှင်အတွက်လည်း တဲ့အကျပ်ရိုက်စေသည့် အချက်တစ်ချက် လည်းဖြစ်ပေသည်။ ကမ္ဘာ့မူးယစ်ဆေးဝါးဆန့်ကျင် ရေး အေဂျင်စီ (WADA)...

အသက်ကြီးသူများ ၀မ်းချုပ်ခြင်း သက်သာစေရန်

ဝမ်းချုပ်တာက သင်ထင်သလို အလွယ်တကူ ဖြေရှင်းဖို့တော့ မလွယ်ပါဘူး။ အူလှုပ်ရှားမှု နည်းတာနဲ့ အထိုင်များတာကြောင့် ၀မ်းချုပ်တာကို ဖြစ်စေနိုင်ပါတယ်။ အသက်ကြီးလာတဲ့အခါမှာ ၀မ်းချုပ်တာက ပိုအဖြစ်များတတ်ပါတယ်။ အသက်ကြီးချိန်မှာ ၀မ်းချုပ်တာက ဆေးဝါးသောက်သုံးရတာ၊ ခွဲစိတ်ကုသမှုခံယူရတာစတဲ့ အခြေအနေတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။ စားတဲ့ အစားအသောက်ထဲမှာ အမျှင်ဓာတ်ပါဝင်မှု နည်းတာ၊ အရည် သောက်သုံးမှု နည်းတာတွေကြောင့်လည်း ၀မ်းချုပ်ရတတ်ပါတယ်။ ဒါကြောင့်ဝမ်းချုပ်တာ သက်သာစေဖို့ အမျှင်ဓာတ်ပါတဲ့ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံ(အထူးသဖြင့် သစ်သီးခြောက်)၊ အခွံချွတ်မထားတဲ့ ကောက်နှံစာ (ဥပမာ-...

ဘောလုံးကို ခေါင်းဖြင့်တိုက်ခြင်းဖြင့် ဦးနှောက်အား ဒဏ်ရာရရှိစေနိုင်

ကမ္ဘာ့အကျော်ကြားဆုံး အားကစားနည်းဖြစ်သည့် ဘောလုံးကစားခြင်းတွင် ဘောလုံးအား ဦးခေါင်းဖြင့်တိုက်သည်မှာ မဖြစ်မနေ ပါဝင် ရသည့် အရာပင်ဖြစ်သည်။ သို့သော်လည်း အမေရိကန်ပညာရှင်များ၏ နောက်ဆုံးလေ့လာ တွေ့ရှိချက်များအရ ဘောလုံးအား ဦးခေါင်းဖြင့်တိုက်ခြင်းသည် တစ်နေ့လျှင် အကြိမ်အနည်းငယ်သာ ဖြစ်စေကာမူ ဦးနှောက်အား ဒဏ်ရာရရှိစေနိုင်ကြောင်း သိရှိရသည်။ အမေရိကန်ပညာရှင်များသည် နောက်ဆုံးပေါ် ဓာတ်မှန်ကိရိယာများ (MRI) ကို အသုံးပြုကာ အပျော်တမ်း ဘောလုံးသမား ၃၈ ဦးအား ပြီးခဲ့သည့်နှစ်အတွင်း ယင်းတို့ ဘောလုံးကစားစဉ် ခေါင်းတိုက်မှု အရေအတွက်ကို တွက်ချက်ကာ လေ့လာခဲ့ခြင်းဖြစ်သည်။...

ကလေး ကျန်းမာရေးပြဿနာ အဖြေရှာ

ကလေးက အမြဲလိုလို ဗိုက်ဆာနေရင် ဒါမျိုးကဖြစ်တတ် တဲ့ အခြေအနေပါပဲ။ ကလေးအများစုက အစားအစာနဲ့ ပတ်သက်ပြီးငြင်းဆန်တာနဲ့ အစားအသောက်တွေကို မရပ်မနား စားချင်စိတ်ဖြစ်ပေါ်နေ တာမျိုး ဖြစ် တတ်ပါတယ်။ ကလေးက ကိုယ်အလေး ချိန်ပုံ မှန်ထက် ပိုမများဘူးဆိုရင် ကလေးဗိုက်ဆာတဲ့ အခါတိုင်း ကယ်လိုရီ နည်း တဲ့ သရေ စာတွေဖြစ်တဲ့ ပဲအမျိုးမျိုး၊ အပူပေးချက်ပြုတ် ထားတဲ့ ဟင်းသီး ဟင်းရွက်တွေနဲ့ သစ်သီးတွေကိုကျွေးသင့်ပါတယ်။ ကလေးတွေက အစားအသောက်တွေ နဲ့ ပတ်သက်ရင် အရောင် အ ဆင်းလှပတာကို သဘော ကျတတ်ကြပါတယ်။ ကလေးအတွက် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာ တွေကို အရောင်အဆင်း လှပအောင်ပြင် ဆင် ပြီး ကျွေးသင့်ပါတယ်။...

အချင်း ဘယ်လို အလုပ်လုပ် သလဲ

အချင်း(Placenta)ဟာ ကိုယ်ဝန်ဆောင်ချိန် အတောအတွင်းမှာ အရေးပါ တဲ့ တာဝန်တစ်ရပ်ကို ဆောင်ရွက်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ အချင်းက ဘယ်လိုအလုပ်လုပ်သလဲ၊ ဘယ်အချက်တွေက အချင်းကို ထိခိုက်စေနိုင်သလဲ စတဲ့အချက်တွေကို သိထားသင့်ပါတယ်။ အချင်းက ဘာအလုပ်လုပ်သလဲ အချင်းဟာ ကိုယ်ဝန်ဆောင်ချိန်အ တောအတွင်း သားအိမ်ထဲမှာ ဖွံ့ဖြိုးနေတဲ့ အစိတ်အပိုင်းတစ်ရပ်ဖြစ်ပါတယ်။ အ ချင်းဟာ ကြီးထွားနေတဲ့ သန္ဓေသားဆီ ကို အောက်ဆီဂျင်နဲ့ အာဟာရဓာတ်တွေ ပို့ပေးပြီး သန္ဓေသားရဲ့ သွေးမှ စွန့်ပစ် ပစ္စည်းတွေကို ဖယ်ရှားပေးပါတယ်။ အချင်းဟာ သားအိမ်နံရံနဲ့ တွယ်ဆက်ထား ပြီး သန္ဓေသားရဲ့ အချင်းကြိုးဟာ သားအိမ်နံရံကနေ...

ဗိုက်ခေါက်ထူ/ဗိုက်ပူလို့ အလှပျက်နေသူများအတွက်

မိန်းခလေးဘဲဖြစ်ဖြစ် ယောင်္ကျားလေးဘဲဖြစ်ဖြစ်... အလှအပကို မြတ်နိုးတတ်ကြတာ... သဘာဝပါ... ဒါ့ကြောင့် ဗိုက်ခေါက်ထူ/ဗိုက်ပူပြီး အဆီ များနေသူတွေအတွက်... လက်တွေ့... ၇ ရက်အတွင်း... သိသိသာသာ ဗိုက်ချပ်ပြီး အဆီကျစေတဲ့ဆေးနည်းလေးကို မျှဝေလိုက်ပါတယ်... ဆေးနည်းက အလွန်လွယ်ပြီး အကုန်အကျလည်း အလွန်သက်သာပါတယ်... အိမ်မှာရှိတတ်တဲ့ ပစ္စည်းလေးတွေကို ရောစပ်ပြီး အသုံးပြုရမှာပါ.. ပါဝင်တဲ့ ပစ္စည်းတွေကတော့... သံပုရာသီး၊ အုံးဆီ၊ ဆေးပူ(ဒဏ်ကြေလိမ်းဆေး) တို့ကို တစ်ခါလိမ်းရုံ... ရောစပ်ပြီး လိမ်းပေးရမှာပါ... ဖေါ်စပ်နည်း သံပုရာသီး တစ်လုံးရဲ့ ၅ ပုံ တစ်ပုံလောက်ကို လှီးပြီး... အကြမ်းပုဂံလုံးထဲကို...

ရှက်တတ် သူများ အတွက် အစား အစာ

ရှက်တတ် သူများ အတွက် ကိုယ့် ကိုယ်ကို ယုံကြည် စိတ်ကို တဖြည်း ဖြည်း တည်ဆောက်နိုင် ဖို့ အစား အစာ က ကူညီပေးနိုင်ပါတယ်။ မွန်ထရီ ယယ် Mc Gill တက္ကသိုလ်မှ သုတေ သီများရဲ့ အဆိုအရ Tryptophan ဆိုတဲ့ အမိုင်နိုအက်စစ် Essential Amino Acid ပါဝင်တဲ့ အစားအစာ များဟာ လူတွေကိုပိုပြီး ကိုယ့်ကိုယ် ကို ယုံကြည်စိတ်ရှိအောင် လုပ်ပေး နိုင်ကြောင်း တွေ့ရပါတယ်။ Tryptophanြွကယ်ဝစွာပါဝင်တဲ့ အစာ အစာတွေထဲမှာ အသား(အထူးသဖြင့် ကြက်သား)၊ ငါး (ဆယ်လ်မွန်၊ တူနာ)၊ ပဲတောင့်ရှည်တို့ ပါဝင်ပါတယ်။ By Health Digest...

သင့်နှလုံးအတွက် အဆိုးရွားဆုံး အလေ့ အထများ

ဘဝ နေထိုင် စားသောက်မှု ပုံစံဟာ နှလုံးရောဂါ ထတဲ့ အန္တရာယ် ကို ၉၀ ရာခိုင်နှုန်း ကျော် သက်ရောက် မှုရှိတယ်လို့ညေိာမေု လေ့လာမှုတစ်ရပ်အရ သိရပါတယ်။ နေ့စဉ်နေထိုင်မှုဆိုင်ရာ အလေ့အထတွေကို ကျန်းမာရေးနဲ့ ညီညွတ်အောင် နည်းနည်း ချင်းပြောင်းလဲပေးရင် နှလုံးကျန်းမာရေးကို ကောင်းမွန်စေရုံသာ မက အသက်ကိုတောင် ကယ်တင်ပေးနိုင်ပါတယ်။ ဒါကြောင့် နေ့စဉ် သင်လုပ်မိနေရင် ရှောင်သင့်တဲ့ အလေ့အထ ခြောက်ရပ် ကို ဖော်ပြပေးလိုက်ပါတယ်။ (၁) တီဗီကို အချိန်ကြာကြာ ကြည့်ခြင်း တီဗီရှေ့မှာ ထိုင်ပြီး အချိန်အကြာကြီး တီဗီကြည့်တာက အသက်အန္တရာယ်ရှိပါတယ်လို့ အမေရိကန်နှလုံးကျန်းမာရေး ကောလိပ်က ထုတ်ဝေတဲ့...

ကိုယ်ဝန်ဆောင်ချိန် ဝမ်းမချုပ်စေရန်

ကိုယ်ဝန် ဆောင်ချိန်          မှာ ဟော်မုန်း အပြောင်း အလဲ     တွေကြောင့် ဝမ်းချုပ် ခြင်း ဖြစ်တတ် ပါတယ်။ ဝမ်းချုပ်တာကို ကာ ကွယ်နိုင်ဖို့ တစ်နေ့ကို ရေရှစ်ခွက်လောက် သောက်ပါ။ ရေဆိုရာမှာ တခြားသစ်သီး ဖျော်ရည်တွေအနေနဲ့လည်း ပါဝင်သောက် သုံးနိုင်ပါတယ်။ ရေဟာ အမျှင်ဓာတ်တွေ ရဲ့ လုပ်ငန်းတာဝန်တွေကို ပိုပြီးအ ထောက်အကူဖြစ်စေပါတယ်။ အဆီနည်း ဒိန်ချဉ်သောက်ပါ။ ကိုယ်လက်လှုပ်ရှားမှု နေ့စဉ် ပုံမှန်ပြုလုပ်ပေးပါ။ လမ်းလျှောက် တာ၊ ရေကူးတာ၊ ယောဂကျင့်တာတွေကို တစ်ပတ်မှာ သုံးကြိမ် တစ်ကြိမ်မှာ မိနစ် ၂၀ လောက် လေ့ကျင့်ပေးပါ။...

အသစ်တွေ့ ရှိသော တွဲဖက်မစားသင့်သည့် အစားအစာ (၂)မျိုး

ထိုင်ဝမ်နိုင်ငံမှာ အမျိုးသမီးတစ်ဦးဟာ မမျှော်လင့်ဘဲ သူမရဲ့ နား၊နှာခေါင်း၊ ပါးစပ်နဲ့  မျက်လုံး တွေကနေ သွေးတွေထွက်ပြီး ရုတ်တရက် သေဆုံးသွားခဲ့ပါတယ်။လူသတ်မှုလို့ ထင်တဲ့အတွက် ရဲတွေက အပြင်းအထန် စစ်ဆေးမှု တွေ လုပ်ပါတော့တယ်။သူမရဲ့ ရုပ်အလောင်းကို ခွဲစိတ်ပြီး စစ်ဆေးတဲ့အခါ Arsenic (အာဆင်းနစ်လို့ ခေါ်တဲ့ စိန်ဖြူ)အဆိပ်သင့်လို့  သေဆုံးရကြောင်း အဖြေထွက် လာပါတယ်။ အဲဒီ အာဆင်းနစ် အဆိပ် ဟာ ဘယ်က လာပါသလဲ ။ ဆေးတက္ကသိုလ် တစ်ခု ရဲ့ ပါမောက္ခဆရာဝန်ကြီးတစ်ဦး ကိုလည်း ဒီပြဿနာ ကိုအဖြေရှာဖို့  ဖိတ်ခေါ်ခဲ့ ပါတယ်။ ပါမောက္ခကြီးဟာ သေသူရဲ့ အစာအိမ်ထဲမှာ ပါဝင်တဲ့ အစိတ်အပိုင်းတွေ...

ဆီးလမ်းကြောင်း ပိုးဝင်ခြင်း အတွက် အိမ်တွင်း ကုထုံးများ

ဆီးလမ်းကြောင်း ပိုးဝင်တာက အမျိုးသားတွေမှာလည်း ဖြစ် တတ်ပေမယ့် အမျိုးသမီးတွေမှာ ပိုမိုအဖြစ်များပါတယ်။ ဆီးလမ်း ကြောင်း ပိုးဝင်ချိန် မှာ သက်သာစေ မယ့် အလွယ်နည်းတွေကို ရေး သားလိုက်ရပါတယ်။ (၁) ဆော်ဒါမှုန့် ဆီးလမ်းကြောင်းပိုးဝင်တာကို စနစ်တကျ ဆေးကုသမှုခံယူဖို့ လိုအပ်ပါ တယ်။ ဆေး ကုသမှုမခံယူ ဘဲနေရင် ကျောက်ကပ် ပိုးဝင် နိုင်ခြေရှိပြီး ပိုမိုပြင်းထန်တဲ့ ကျန်းမာရေးပြဿနာတွေ ကို ဖြစ်စေ နိုင်ပါတယ်။ ဆေးကုသမှုမခံယူခင် အတောအတွင်းမှာ ဆီး လမ်း ကြောင်းပိုးဝင်မှု အန္တရာယ် လျော့ကျစေ ဖို့ ရေတစ်ဖန် ခွက်ထဲကို ဆော်ဒါမှုန့် လက်ဖက်စားဇွန်း တစ်ဇွန်းစာ ပမာဏထည့်ပြီး သောက်ပေးပါ။...

Kegel exercises for Men ယောက်ျားများ စိတ်ဝင်စားကြသည်

သည်းခြေကြိုက် ခေါင်းစဉ်ဆိုတာ ကျန်းမာရေး နယ်ပယ်မှာလဲ ခေတ်စားပါတယ်။ “(ကီးဂယ်လ်) လေ့ကျင့်ခန်းဖြင့် ကျား-အင်္ဂါ ကျန်းမာရေး နှင့် ကြီးထွားနည်း”။ “အမျိုးသမီးများအကြား ရေပန်းစားပေမဲ့ ယောက်ျားလေးများ မသိသူ ကျော်သွား၊ သိသူ ဖေါ်စားနည်း” လဲပါတယ်။ ကိုယ်ဝန်ဆောင် နဲ့ ကလေးဖွါးပြီးသူ အမျိုးသမီးတွေ မ-အင်္ဂါအတွင်းမှာ ရင်းစားပြန်ရဘို့ Pelvic Floor exercise တင်ပါးဆုံတွင်း ကြွက်သား လေ့ကျင့်ခန်းကို ဆရာဝန်တွေက ထောက်ခံချက် ပေးယုံသာမကာ လုပ်ခိုင်းတဲ့နည်းလဲ ဖြစ်ပါတယ်။...

Men's Cancer Symptoms ယောက်ျား-ကင်ဆာ

ယောက်ျားတွေမှာ ကင်ဆာ ဖြစ်နေတာ စောစောသိဘို့ လိုအပ်တာ (၁၅) ချက် ရှိပါတယ်။ တချို့ရောဂါလက္စဏာတွေက ယောက်ျားတွေမှာသာ သီးသန့် ခံစားရတာတွေ ဖြစ်တယ်။ No.1 - Breast Mass ရင်သား အကျိတ် စမ်းမိသလား ယောက်ျားတွေမှာ ရင်သား-ကင်ဆာ မဖြစ်ပါဘူးထင်တာ မမှန်ပါ။ အဖြစ်တော့ မများပါ။ အကျိတ်သာမက အပေါ်ယံ အရေပြား ခွက်နေ-ချိုင့်နေတာ၊ နို့ထိပ်ဖျား အထဲဝင်နေတာ၊ နီရဲပြီး အရေပြား ခြောက်ကွာနေတာ၊ ထိပ်ဖျားက တခုခု ထွက်တာတွေ ရှိနေရင် ဆရာဝန်ပြပါ။ No. 2 - Persistent Pain or Discomfort in Any Body Area ကိုယ်ခန္ခာ တနေရာရာမှာ မပြတ်တမ်း နာနေသလား လူတိုင်း အသက်ကြီးလာရင် ဟိုကဒီက နာကြမယ်။ နာနေတာ...

Pelvic floor exercises အမျိုးသမီးတိုင်းအတွက် လေ့ကျင့်ခန်း

အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၆၇) “တသားမွေး တသွေးလှ” ဆိုတာ အပေါ်ယံကြည့် ပြောကြတာများတယ်။ အတွင်းအင်္ဂါတွေပါ ကျန်းမာ သန်စွမ်းဘို့ လိုသေးတယ်။ အမျိုးသမီး ကြီး-ငယ်မဟူ၊ အပျိုရော အအိုပါ၊ တဒ်ါလာမှ မကုန်ဘဲ၊ အထဲက အင်္ဂါမှန်သမျှ ပြန်ကောင်းအောင် လုပ်လို့ရတဲ့နည်း၊ အသုံးများပေမဲ့ အသစ်နဲ့မခြား အားကောင်းနေစေမဲ့ နည်းကို ရေးပါမယ်။ Kegel exercises လို့ပိုပြီး လူသိများတယ်။ ကိုယ်ဝန် တခါဆောင်ရင် တခါ အတွင်းအင်္ဂါတွေ အားနဲစေတယ်။ ကြာရင် အိမ်ထောင်ရေးကိုပါ ထိခိုက်နိုင်တယ်။...

 

Blog Archive

လပ်ကီးမြို့တော်

Error loading feed.