သတင်းနှ့င့်ရသစုံလင်

လပ်ကီးမြို့တော်တွင် မြန်မာသတင်း၊နိုင်ငံတကာသတင်း၊ထူးဆန်းထွေလာ၊အားကစားသတင်း၊ကျန်းမာရေးကဏ္ဍ၊ဟာသလေးများ၊ကာတွန်းနှင့်ရုပ်ပြဟာသ၊ တရားတော်များ၊ဘာသာရေးကဏ္ဍ၊ချက်နည်းပြုတ်နည်း၊အလှအပနှင့်ဖက်ရှင်၊သရဲတစ္စေနာနာဘာဝ၊သိုင်းဝတ္ထုနှင့်စာအုပ်စာပေ၊gtalk custom message၊ ဗေဒင်ကဏ္ဍ၊ဗဟုသုတနှင့်အထွေထွေ..စသည်တို့ကို တစ်စုတစ်စည်းထဲ ဖတ်ရှုနိုင်ပါတယ်....

နည်းပညာများ

ကွန်ပျူတာနည်းပညာများ ANDROID ဖုန်း နည်းပညာများ APPLE (IOS) မိုးဘိုင်းဖုန်းနည်းပညာများ ကို နည်းပညာများနေရာမှာ ဖတ်ရှုနိုင်ပါတယ်

ဒေါင်းလုပ်သီချင်း

သီချင်းဒေါင်းချင်သူမျာအတွက် အသစ်ထွက်တဲ့သီချင်းတွေရော သီချင်းဟောင်လေးတွေပါ " MP3 ဒေါင်းလုပ်" နေရာမှာ ၀င်ဒေါင်းနိုင်ပါတယ် သီချင်းများကို album လိုက်စုစည်းပြီး တင်ပေးထားပါတယ်

ဂီတစက်ခန်း

ဂီတစက်ခန်း စိတ်ညစ်နေသူ...စိတ်ရှုပ်နေသူများ... စိတ်ထွက်ပေါက်ရှာချင်တယ်ဆိုရင် ဂီတစက်ခန်းထဲဝင်ပြီး ၀င်ကလိလိုက်ပါ... ဂီတစက်ခန်းမှာ ဂီတာ၊ဒရမ်၊စန္ဒယား၊တယော၊ဒီဂျေ အပြင်... ရောသမမွှေနိုင်တဲ့ တီးလုံးသံစဉ်လေးများကို အသုံးပြုနိုင်ပါတယ်...

အွန်လိုင်းဂိမ်း

အွန်လိုင်းဂိမ်းများကို အဆင်ပြေပြေနဲ့ အလွယ်တကူကစားချင်တယ်ဆိုရင် ဓါတ်ပုံပြင်ရန်အောက်က..အွန်လိုင်းဂိမ်းနေရာမှာ ၀င်ရောက်ကစားနိုင်ပါတယ်

www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Thursday, May 23, 2013

ဟိုကခုတ်လို့ ဒီမှာရှုပ်သတဲ့တော်

ဘုရားတရားလေးတွေ ဆက်တိုက်ဆိုသလို လုပ်ဖြစ်နေတယ်...အားတဲ့ တပတ်လောက်လေး တရားရိပ်သာလေးသွားလိုက် ပြန်ပြေးလာလိုက်နဲ့ နေမကောင်းလိုက်..စိတ်ဆင်းရဲစရာလေးတွေ စိတ်ဆင်းရဲလိုက်နဲ့...အမှုပွေတဲ့လောကကြီးကို ဖြတ်သန်းနေဆဲပါ...
ကျွန်မပြောဖူးပါတယ်..ကျွန်မတို့ အခန်းမှာ တစုံတယောက်ရှိတယ်လို့..တခါးပိတ်တာ ဒုံးခနဲ့ပိတ်တာ..ဒါလေးတွေသူလုပ်တက်ပါတယ်...
သိပ်လည်း ဆိုးဆိုးရွားရွားမရှိတဲ့အတွက်..သိပ်မကြောက်တက်သူဖြစ်တဲ့အတွက်..ဒီလိုပဲနေခဲ့တာပါပဲ...ကျွန်မ မေမေကပြောတာတော့ "ဗိုက်ကြီးသည် သေဆုံးသွားပြီ မကျွတ်တာလို့ပြောပါတယ်..ကျွန်မကတော့ မေကြီးရယ် သမီးနေတဲ့အိမ်မှာ ဗိုက်ကြီးသည် သေတယ်လည်း မကြားဖူးပါဘူး...တခါမှကို မကြားဖူးတာပါ ဆိုတော့..အခုမှ ဒါတွေက တိုက်ခန်းတွေဖြစ်လာတာတဲ့..အရင်တုန်းက အိမ်တွေတုန်းက ဘာဖြစ်ခဲ့လည်း သမီးမှမသိတာတဲ့..အဲ့သူက သမီးကို စွဲနေတာတဲ့ "..ကျွန်မ နေမကောင်း ခဏခဏဖြစ်တော့..သိတဲ့အတိုင်းပဲ ယိုးဒယားက
နတ်ဝင်သည်တွေ အာပေတူးတွေပြောတာပေါ့လေ..အမေဆိုတော့လည်း သမီးကိုစိုးရိမ်လို့ပေါ့..ကျွန်မကတော့ပြောလိုက်ပါတယ်.."သမီး တရုပ်တွေမကြိုက်တာ ဘာမှမလုပ်ဘူးလို့..စော်လည်းမစော်ကားဘူး...ပြီးတော့ အဲ့ဗိုက်ကြီးသည်က သမီးကို စွဲရအောင် သမီးလည်း သူ့ကို ဘာမှသွားမပတ်သတ်ထားဘူးလို့ မေကြီး ပေါက်ကရ ငွေလိမ်စားတဲ့သူတွေကို ယုံမနေနဲ့ပေါ့"
ဒါပေသိ ကျွန်မ အခန်းမှာတယောက်ယောက် ရှိကိုရှိသည်..ကျွန်မတို့အိမ်လောက် မနက် ပရိတ်ကြီး ၁၁ သုတ် ရွတ်..ရှိသမျှဘုရားရှိခိုးနည်းမျိုးစုံရွတ်တာ..ညဆိုလည်းဒီလိုပဲ..တခုပဲရှိသည်..မီးကြောက်သော ဦးရှင်ကြီးလား (အိမ်တွင်းနတ် နာမည်မှားသည်ထင်ပါသည် ဦးရှင်ကြီးက ရေထဲမှာနေတာလားမသိပါ) ..ထားပါတော့လေ အိမ်တွင်းမောင်နှမတွေအုန်းသီးတွေတော့မထားပါ..နတ်နှင့်မပတ်သတ်ပါ...အိမ်မှာ အနေများသော ကျွန်မ သူတံခါးပိတ်သည်ဖြစ်စေ..ဖွင့်သည်ဖြစ်စေ..ကောင်မ အေးဆေးနေနော်..ဘုံပျောက်သွားချင်သလား..ဒီလောက်ပါပဲ..
တရက် ကျွန်မ နေ့လည်ဘက် အိပ်နေပါတယ် ( သူတို့တွေ ကျွန်မကို အိပ်နေသောအချိန်တွေပဲ လာရဲသလားမသိပါ ) ကျွန်မ ဘေးမှာ လမ်းလျှောက်ပါတယ်..ကျွန်မလည်း အိပ်မှုန်စုံမွှားနှင့် အိမ်သားတယောက်ယောက်လို့ပဲထင်ပါတယ်..အဲ့အချိန်မှာပဲ....လမ်းလျှောက်နေသောသူအပြင် ကျွန်မ ဆံပင် ခေါင်း တို့မှ လည်ပင်းကို လာသိုင်းကာ တယောက်က ကျွန်မကို စချုပ်ပါတယ်...ပြီးတော့ လက်ကိုလည်းချုပ်ပါတယ်...ကျွန်မအတွေ့ အကြုံတွေများပါတယ်..သိလိုက်ပါတယ် နိုးတ၀က်အိပ်တ၀က်ဆိုပေမယ့်..ဘီလူးစီးတာလား...သွေးသားလည်ပတ်မှုမမှန်လို့လားပေါ့..ကိုယ့်ကိုယ်ကိုယ် နေ့လည် တရေးတမောအိပ်နေမှန်းလည်း သိပါတယ်...မိန်းမပါ..ထိုမိန်းမ ဆံပင်လည်းရှည်ပါတယ်..တဖြည်းဖြည်းချုပ်ပြီး ဘေးကနေ လာပြီး ကျွန်မ ပေါ်ကိုတက်ဖိပါတော့တယ် သရဲတို့ထုံးစံ..ကျွန်မကလည်း ခေသူမဟုတ်ဘူးလေ..သူလက်တဖက်ကို ချုပ်ထားပေမယ့် တဖက်ကလွတ်နေတယ်လေ..ကျွန်မ ဆွဲခွာတာပေါ့..ထိုမိန်းမအားသန်ပါတယ်..ကျွန်မ ခွာလို့မရတော့ ဘေးမှာ လမ်းလျှောက်နေတဲ့သူကို ကျွန်မလှမ်းဆွဲပြီး ငါ့ကို ထူပါ ထူပါလို့ ကျွန်မလှမ်းဆွဲပါတယ်.. ကျွန်မလူထင်တာပါ ( တကယ်ကတော့ ကျွန်မရဲ့အိမ်မှာရှိပြီးသော မမပါ )... ကျွန်မ လှိမ့်လှိမ့်ပြီးသာ ရောက်သွားပါတယ် ဘာအရာကိုမှ ဆွဲကိုင်ထလို့မရပါ...ကိုယ်ပေါ်မှာ မိန်းမကလည်း ချုပ်နေပါတယ်..ထိုအချိန်မှာ ကျွန်မစိတ်ထဲ အင်းးးးးးးးးးးး ဘုရားစာရွတ်တော့မယ်...ဘာမှ မရုန်းတော့ဘူး...နှစ်ဆယ့်လေးပစ္စည်း အခေါက်ခေါက်အခါခါ ကျွန်မ ရွတ်ပါတယ်...ဘယ်နှခေါက်မှန်းမသိတော့တဲ့အချိန်..တဖြည်းဖြည်းပြေလျှော့လာပါတယ်...နောက်ဆုံးကျွန်မ အားကုန်မောပန်းပြီးမှ ထလို့ရပါတယ်...
သိပ်မကြာပါဘူး..အခန်းတံခါးကိုခေါက်လို့ ထွက်ကြည့်တော့...လူတယောက် " အမ ကျွန်တော်တို့ သစ်ပင်ခုတ်တာ တခန်းကို လေးထောင်ကျတယ်တဲ့...ဘာသစ်ပင်လည်းဆိုတော့..နောက်ဖေးက ညောင်ပင်က တိုက်ခန်းတွေပေါ်တက်လာလို့ ခုတ်လိုက်တာပါတဲ့..." ကျွန်မသိလိုက်ပါပြီ...." ရှင်တို့ ဒီတိုင်းပဲခုတ်လိုက်တာလားဆိုတော့ ..ဟုတ်ကဲ့တဲ့" ကျွန်မ ပိုက်ဆံပေးပြီး တခွန်းပဲပြောလိုက်ပါတယ်..." အဲ့ညောင်ပင်မှာနေတဲ့ မိန်းမ တယောက်ခုပဲ ကျွန်မဆီ လာသောင်းကျန်းသွားတယ်လို့..ရှင်တို့ နေရာလေးဘာလေးပေးပြီးမှ ခုတ်ပေါ့လို့...ငုတ်တိုကျန်ရင် အဲ့နားသွားပြီးပြော...ဒီမှာနေတဲ့သူတွေ အဲ့ငုတ်တိုမှာ နေရာပေးတယ် နေကြလို့သွားပြော" လို့..သူပြောတယ်မပြောတယ် ကျွန်မ မသိပါ..ထိုအပင်မှာနေသောသူများ ဒုက္ခရောက်သွားမှာတော့ ကျွန်မ သိလိုက်ပါတယ်...ထိုလောကသားများ ကျွန်မ နှင့် လာရောက် ဆက်သွယ်ကြခြင်းကို ယခင်ကလည်း နားမလည်သလို..ယခုတိုင်လည်း ဘာ့ကြောင့်ဆိုတာ အဖြေရှာရင်း..................


by facebook page

ကြွေလွင့်ခြင်း၏ ကောက်ကြောင်း

ကျော်ကျော်နဲ့ မေသူဆိုတဲ့ မိတဆိုး ကလေးလေးနှစ်ယောက်ဟာ ရွာမှာ လူတိုင်း ဂရုဏာသက်ရတဲ့ မောင်နှမနှစ်ယောက်ပါ..။
တစ်နှစ်ပဲ ကွာတဲ့ သူတို့ မောင်နှမနှစ်ယောက်ဟာ ငယ်ငယ်ကလေးကတည်းက အမေလုပ်သူ ဒေါ်မြသက် မျက်ကွယ်ပြုသွားကတည်းက အဖေလုပ်သူ ဦးချမ်းသာရဲ့အနွံအတာကို ခံပြီး ဘဝကို ကျောင်းနေကြတဲ့ ဆယ်နှစ်တောင် မပြည့်သေးတဲ့ ကလေးတွေပါ..။ မျက်စိနည်းနည်း ရှုပ်သွားမလားပဲ.။ ဟုတ်ပါတယ်..။ ကိုချမ်းသာဟာ နာမည်နဲ့ ဘာမှမဆိုင်အောင် ငွေကြေးမပြည့်စုံတဲ့ကြားက ထန်းရည်လေးက တမြမြနဲ့ အလုပ်အကိုင် လက်ကြောတင်းသူ မဟုတ်ပါဘူး..။ မမြသက်ဆုံးပါးသွားရတာလဲ မိုးထဲ ရေထဲ သားသမီးတစ်ဖက် လင်ဆိုးတစ်ဖက် ဝမ်းရေးခက်တာမို့ မနေမနား အလုပ်လုပ်ရင်းကနေ အပြင်းဖျားပြီး ပြုစုပေးမယ့်သူ သေချာမရှိတာမို့ အရွယ်မရောက်သေးတဲ့ သားသမီးနှစ်ယောက်နဲ့ လင်ဆိုးရဲ့ ဒဏ်ကနေ အပြီးအပိုင် ကျောခိုင်းသွားခဲ့ရတာပါ..။
မယားဖြစ်သူ တိမ်းပါးသွားလို့ အမြင်မှန်ရလာမယ့်အစား ကိုချမ်းသာဟာ ပိုလို့တောင် ဆိုးပေနေခဲ့ပါတယ်.။ မကြည့်ရက်တဲ့ အိမ်နီးချင်းတွေက ကလေးတွေကို တတ်နိုင်တဲ့ဘက်ကနေ ဝိုင်းပြီး ဂရုစိုက်ပေးခဲ့လို့ သူတို့လေးတွေ လူလားမြောက်လာရတာပါ..။ ဒါပေမယ့် ဖခင်ဆိုးကို အပြစ်မမြင်ပဲ သောင်းကျန်းရင် မျက်ရည်လေးတွေ ကျပြီး တိတ်တိတ်လေး ဖက်ငိုနေကြတဲ့ မောင်နှမနှစ်ယောက်ရဲ့ အသွင်က မြင်ရသူ ရင်နဲ့ မချိအောင် ခံစားရစေပါတယ်..။
မိတဆိုးကလေးတွေဖြစ်ပြီး အုပ်ထိန်းမယ့်သူ သေချာမရှိပေမယ့် ကလေးတွေရဲ့ စာရိတ္တဟာ လူအများ အံ့သြချီးကျူးရလောက်အောင်ကို ကောင်းမွန်လွန်းနေပါတယ်.။ တစ်ခါက ရွာလည်ဈေးနားက လဘက်ရည်ဆိုင်သေးသေးလေးမှာ ဆိုင်ရှင် ကိုသံချောင်းဟာ သူ့ရဲ့ စားပွဲထဲက ငွေစတစ်ချို့ပျောက်လို့ ဆူပူသောင်းကျန်းပြီး တရားခံရှာပါတယ်.။ ဖြစ်ချင်တော့ ကျော်ကျော်တို့ မောင်နှမဟာ အဲဒီဆိုင်ကို ရေဆွဲပေးနေချိန်နဲ့ တိုက်ဆိုင်နေပါတယ်.။ ရေစည်ကလဲ ငွေသိမ်းတဲ့ စားပွဲဘေးဆိုတော့ ကိုသံချောင်းရဲ့ မသင်္ကာစိတ်က အဲဒီမောင်နှမနှစ်ယောက်အပေါ် ကျပါလေတော့တယ်.။ အဲဒါနဲ့ပဲ ကိုသံချောင်းဟာ ရေဖြည့်နေတဲ့ မောင်နှမနှစ်ယောက်ကို နင်ပဲငဆ တိုင်းထွာ ဆဲရေးပြီးတော့ လူရှေ့မှာ ရိုက်ပုတ်ပြီး အပြစ်ကို ဝန်ခံစေတော့တယ်.။ ကလေးနှစ်ယောက်ကို သနားတဲ့ ပတ်ဝန်းကျင်ကလူတွေက ဘယ်လိုပဲ ဝင်ပြောပြော ကိုသံချောင်းက ကလေးတွေကို မာန်မဲရိုက်နက်ပါတော့တယ်.။ အဲဒီအချိန်မှာ ကိုချမ်းသာတစ်ယောက် လဘက်ရည်ဆိုင်နားရောက်လာပါတယ်.။ သူ့သားသမီးတွေ အရိုက်အပုတ်ခံနေရတာ ဝင်ဆွဲမယ်ထင်နေကြတာနဲ့ ဆန့်ကျင်စွာပဲ တံတွေးကို ထွီကနဲ တစ်ချက်ထွေးပြီး ချာကနဲ လှည့်ထွက်သွားတယ်.။ တီးတိုး ကျိန်ဆဲသံတွေထွက်လာပေမယ့် ပျောက်သွားတဲ့ငွေကိုလဲ တာဝန်မယူချင်တာကြောင့် ပရိတ်သတ်တွေကလဲ အားမတန်မာန်လျှော့ ဒီတိုင်းကြည့်နေရတယ်.။ ကိုသံချောင်းရဲ့ အမေးကို ကျော်ကျော် ဖြေလိုက်ချိန်မှာတော့ ကိုသံချောင်း ဒေါသတို့ ယမ်းပုံမီးကျ ပေါက်ကွဲသွားတော့တယ်.။ ကိုသံချောင်းမေးတာက ပိုက်ဆံကို ဘယ်နားထားလဲ မေးလိုက်တာ။ ကျော်ကျော်က ကိုသံချောင်းမိန်းမ မမီး ယူတာလို့ ပြောလိုက်လို့လေ..။
လက်ပြန်ရိုက်ချက်နဲ့အတူ ချာကနဲ ကျော်ကျော် ခွေကျသွားတယ်.။ အဲဒီမှာပဲ ကိုသံချောင်းရဲ့ မိန်းမ မမီး အပြေးအလွှားရောက်လာတယ်.။ ဖြစ်ကြောင်းကုန်စင်သိတဲ့အခါ ကိုသံချောင်းကို ဆူပူရိုက်နက်ပါတော့တယ်.။ ကျော်ကျော်ပြောတာ မမှားပါဘူး.။ မမီးဟာ ဈေးအသုံးလိုတာကြောင့် ပိုက်ဆံကို လာနှိုက်သွားတာပါ.။ ကိုသံချောင်း မရှိနေတဲ့အတွက် ရှာမနေပဲ ပြန်လာမှ ပြောမယ်ဆိုပြီး ထွက်သွားလိုက်တာပါ.။ တရားခံရှာတွေ့သွားတော့ လူတွေက စိတ်ဝင်စားနေတာပေါ့.. ။ ဘာဆက်ဖြစ်မလဲဆိုတာ.။ ကိုသံချောင်း ဘာမှ မပြောရသေးခင် ကျော်ကျော်လေးက လဲနေရာကထပြီး ပြောရှာတယ်.။ ကျွန်တော်တို့ကို ရေဆက်ခပ်ခွင့် ပေးပါနော်တဲ့..။ မျက်ရည်မခိုင်သူတွေဆီကနေ ရှိုက်သံသဲ့သဲ့လေး ထွက်လာတယ်.။ ဒီလောက် အပြစ်မရှိပဲ ဆူပူရိုက်နက်တာတောင် စိတ်မဆိုးအားပဲ အလုပ်မလုပ်ရမှာကို စိုးကြောက်နေပုံက အရွယ်နဲ့မမျှလိုက်တာ..။
အဲဒီနေ့ကစပြီး ကိုသံချောင်းလဲ ကျော်ကျော်တို့အပေါ်မှာ တင်သွားတဲ့ အပြစ်ကြွေးတွေအတွက် ရှက်ရွံ့သွားပုံပဲ..။ ဘာကြောင့်လဲဆိုရင် ကျော်ကျော်တို့ မောင်နှမကို လုပ်ခပေးတဲ့အပြင် ဆိုင်မှာ ထမင်းပါ အလကားကြွေးလို့လေ..။ တစ်ရက်တော့ ကျော်ကျော်တို့ မောင်နှမနှစ်ယောက် ပျောက်သွားတယ်..။ တစ်နေကုန် ဘယ်ရောက်သွားမှန်းမသိဘူး.။ ရွာထဲကလူတွေကလဲ စိတ်ပူစပြုနေပြီ..။ ဒီလိုနဲ့ နေဝင်ရီတစ်ရောအချိန်ကျတော့ မောင်နှမနှစ်ယောက်ကို အဝတ်လေးတွေ ပေတိပေစုတ်လေးနဲ့ ပြန်လာတာကို တွေ့လိုက်ရတယ်.။ သူတို့ အလုပ်ကူလုပ်ပေးနေကြ အိမ်တွေကို တစ်အိမ်တက်ဆင်း တောင်းပန်နေတာ.။ ထိပ်ဆုံး ရွာထိပ်က အရီးမြအိမ်ကို ဝင်တယ်..။ အရီးမြထွက်လာတော့ ထင်းခြောက်တွေ ကောက်ပေးနေကြ တောထဲကအကြောင်းကို ပြောပြတယ်.။ တောရဲ့ အရှေ့ဘက်မှာ သစ်ခြောက်ပင်တွေ များတာမို့ အဲဒီဘက်မှာ မပင်မပမ်းပဲ သစ်ခြောက်တွေ ရနိုင်တဲ့အကြောင်း..။ သူတို့မကောက်ပေးနိုင်တဲ့အခါ ကိုယ်တိုင်ရှာရင် လွယ်အောင်လို့ဆိုပြီးပြောရှာတယ်.။ အရီးမြကလဲ ကျော်ကျော်တို့ကို အပြစ်မတင်တဲ့အကြောင်း ပြန်ပြောရတာပေါ့.။ ဒီလိုနဲ့ ကျော်ကျော်တို့ဟာ ရွာလယ်က ဒွေးလေးညိုတို့ အိမ်ကို ဝင်ပြန်တယ်.။ ဒွေးလေးညိုတို့က တစ်ပိုင်တစ်နိုင် ကြက်မွေးတယ်လေ..။ ကျော်ကျော်တို့က ညနေစောင်းရင် ကြက်သိမ်းပေးနေကြ..။ ဒွေးလေးညိုကိုလဲ မှာပြန်တယ်.။ ကြက်သိမ်းချိန်ရောက်ရင် ရွှေလည်ဆံကြီးကို အရင် ခြံထဲသွင်းလိုက်ပါပေါ့..။ ကျန်တဲ့ကြက်တွေ သူ့ဟာသူ လိုက်ဝင်လာမယ့်အကြောင်းပြောတယ်.။ ပြီးတော့ သူတို့ဟာ ညနေစာပြင်ပြီး စောင့်နေတဲ့ ကိုသံချောင်းတို့ဆီကိုသွားတယ်.။ ညနေစာ မစားဖြစ်တော့တဲ့အကြောင်း၊ ရေလိုရင်တော့ ကိုဖိုးစီကိုပဲ ရေဆွဲခိုင်းဖို့အကြောင်းပြောတယ်.။ ထမင်းစားဖို့ခေါ်တော့ အဖေမျှော်နေတော့မယ်ဆိုပြီး အိမ်ကို ကဆုန်စိုင်းပြေးသွားကြတယ်.။
အိမ်ကိုရောက်တော့ ကိုချမ်းသာဟာ ထုံးစံအတိုင်း အိမ်လယ်မှာ မူးပြီး ခွေနေပြီ..။ ကျော်ကျော်က သူ့အဖေကို လှုပ်နိုးတယ်.။ ကိုချမ်းသာ အိပ်မှုံစုံမွှားနဲ့ ထလာတော့ ကျော်ကျော်နဲ့ မေသူတို့ဟာ ကိုချမ်းသာကို လက်အုပ်ချီကန်တော့ရှာတယ်.။ ပြီးတော့ အဖေ ကျွန်တော်တို့ကို ရှင်ပြုနားသ မလုပ်ပေးနိုင်တဲ့အတွက် စိတ်မကောင်းဖြစ်မနေပါနဲ့တဲ့..။ ကလေးတွေ အမူအယာထူးဆန်းလို့ လိုက်ကြည့်ကြတဲ့ ရွာသားတွေအတွက်ကတော့ တော်တော်လေးကို ထူးဆန်းတဲ့မြင်ကွင်းဖြစ်နေတာကိုး.။ ကျော်ကျော်လေးအဲလိုပြောတော့ ကိုချမ်းသာ သူ့သားကို တွေတွေကြီးကြည့်ပြီး မျက်ရည်တွေကျလာတယ်.။ ပြီးတော့ သား.. ဆိုပြီးခေါ်တယ်။ ရွာသားတွေအဖို့ ပထမဆုံး ကြားဖူးတဲ့ ခေါ်သံပေါ့..။ ကျော်ကျော်အတွက်လဲ ပထမဆုံး ဖြစ်မယ့်ပုံပါ..။ ကျော်ကျော်က လက်အုပ်လေးချီပြီး အဖေပြန်အိပ်တော့နော်ဆိုပြီး ပြောတယ်.။ ကိုချမ်းသာလဲ ပြန်ပြီး အိမ်လယ်မှာ လဲအိပ်လိုက်တယ်.။ ကျော်ကျော်တို့ မောင်နှမလဲ တဲအိမ်ရဲ့ မလုံ့တလုံ တံခါးလေးကို စေ့လိုက်တယ်.။ ဒါဟာ ရွာသားတွေအဖို့ ကျော်ကျော်တို့ မောင်နှမကို နောက်ဆုံးမြင်လိုက်ရခြင်းပါပဲ.။
မနက်မိုးလင်းတော့ ရွာထဲကို သူစိမ်းတွေဝင်လာတာကို ရွာသားတွေတွေ့လိုက်ရတယ်.။ လူစိမ်းလေးငါးယောက်လောက်ဟာ ဟိုလူမေး ဒီလူမေးနဲ့ ရွာသူကြီး ဥိးဖိုးထောင်အိမ်ကို ရောက်သွားကြတယ်.။ နောက်တော့ ရွာသူကြီး ဦးဆောင်ပြီး အဲဒီသူစိမ်းနဲ့ ရွာသားလေးငါးယောက်ဟာ ကိုချမ်းသာရဲ့ တဲဘက်ကို ထွက်သွားကြတယ်..။ သိချင်စိတ်တွေနဲ့ ကျန်တဲ့ရွာသားတွေလဲ လိုက်သွားကြတာပေါ့..။ တဲရှေ့ရောက်တော့ မနေ့ကအတိုင်း စေ့လျက်လေး..။ သူကြီးက မောင်ချမ်းသာ နိုးပြီလားဟေ့ လို့ခေါ်တယ်..။ သုံးလေးခါ အော်တော့ ခေါင်းစုတ်ဖွားနဲ့ အရက်နံ့တွေဟောင်ထနေတဲ့ ကိုချမ်းသာ ထွက်လာတယ်.။ ခနနေတော့ လူစိမ်းတွေနဲ့ ရွာသူကြီးတို့ ကိုချမ်းသာကို တစ်ခုခု ကပ်ပြောနေတယ်.။ ဘာ... မဟုတ်တာတွေ .. ဆိုပြီး အော်ထည့်လိုက်တဲ့ ကိုချမ်းသာအသံကြောင့် ဝိုင်းဝန်းစပ်စုနေသူတွေပါ လန့်ကုန်တယ်.။ နောက်တော့ မြေပေါ်ကို ဒူးထောက်ကျသွားပြီး ရှိုက်ကြီးတငင်ကို ကိုချမ်းသာငိုနေတော့တယ်.။ တီးတိုးတီးတိုးနဲ့ ပြောသံကြားမှ ရွာသားတွေ ဇာတ်ရည်လည်သွားတယ်.။ မနေ့မနက်ပိုင်းက ရွာကဘေးနားမှာရှိတဲ့ အဝေးပြေးလမ်းမကြီးပေါ်မှာ ထင်းခြောက်တွေသယ်လာတဲ့ ကလေးနှစ်ယောက်ကို ကားတစ်စီးဝင်တိုက်မိတယ်တဲ့.။ တိုက်မိတဲ့အရှိန်ပြင်းတာမို့ ကလေးနှစ်ယောက်လုံး လမ်းပေါ်မှာပဲ အသက်ပါသွားတယ်တဲ့.။ အသက်မှီလိုမှီငြားနဲ့ အနီးကမြို့ရဲ့ ဆေးရုံကို တင်ခေါ်သွားပေမယ့် လမ်းမှာပဲ ဆုံးသွားတာတဲ့.။ ဘယ်ရွာက ကလေးတွေမှန်းလဲမသိတော့ ဆေးရုံမှာပဲ ခွင့်တောင်းပြီး ရင်ခွဲခန်းထဲ ထည့်ထားရတယ်တဲ့.။ အဲဒီမှာ လုပ်နေတဲ့ ရွာသူ မခင်ထွေးက မြင်တော့မှ ဒီရွာက ကိုချမ်းသာရဲ့ သားသမီးတွေမှန်းသိလို့ လိုက်လာတာတဲ့.. ။ ကြားလိုက်ရတဲ့သတင်းဆိုးကြီးကြောင့် စုတ်တသပ်သပ် ဖြစ်ကုန်တာပေါ့.။ နောက်ပြီး နေဝင်ရီတရောကမှ ရွာကို ပြန်ရောက်လာတဲ့ ကျော်ကျော်တို့ မောင်နှမအကြောင်းကို ပြန်ဆက်စပ်မိသွားပြီး ရှိုက်ငိုသံတွေ ဆူညံကုန်တယ်.။ သူတို့အားလုံးထဲမှာ စိတ်အထိခိုက်ဆုံးကတော့ ကိုချမ်းသာဆိုတာ ပြောဖို့တောင် လိုမယ်မထင်ဘူး.။ လူစိမ်းတွေက လျော်ကြေးပေးမယ် ကျေနပ်သလို ဖြည့်ဆည်းပေးမယ် ပြောတာတောင် လက်မခံပဲ ရွာကထွက်သွားတယ်..။ နောက်ပိုင်း ကုန်သည်တစ်ချို့ပြောပြလို့သိရတာ ကိုချမ်းသာတစ်ယောက် အရက်နဲ့ လူဝတ်ကြောင်ဘဝကို စွန့်လွှတ်ပြီး သာသနာ့ဘောင်ထဲ ဝင်သွားတဲ့အကြောင်းပေါ့.။ သူ့နောက်ဆုံး ဆုံးရှုံးလိုက်ရတဲ့ သားသမီးတွေက သူ့ကို မိုက်တွင်းထဲက ထွက်သွားအောင်တော့ ဆွဲဆောင်နိုင်ခဲ့တယ်လေ..။ ရွာထဲက ကိုသံချောင်းလဲ သူ့လဘက်ရည်ဆိုင်သေးသေးလေးကို ကျော်ကျော် လဘက်ရည်ဆိုင်ဆိုပြီး နာမည်ပြောင်းလိုက်တယ်.။ ဒွေးလေးညိုလဲ ကြက်မမွေးတော့ဘူး..။ ရွာလယ်လမ်းမမှာ ကလေးတွေ ပြေးလွှားဆော့ကစားတာမြင်တိုင်း ကျော်ကျော်တို့ မောင်နှမပုံရိပ်ကို မြင်ယောင်ပြီး ရွာသူရွာသားတွေ ခုထိ လွမ်းလို့ကောင်းတုန်း...။



by facebook page

အာရှမှာ ခွေးမဲ၊ ဥရောပမှာ ကြောင်မဲ

သူသည် အလုပ်အသစ်တွင် ညဖက်၌ တာဝန်ယူရခြင်း
ဖြစ်သည်။ ယာယီ ခေတ္တခဏ နေထိုင်ရာ အိမ်မှ အလုပ်အထိ
ကီလိုမီတာအားဖြင့် ၂၀ ခန့်သာ ဝေးပါသည်။ သို့သော် အိမ်နှင့်
အလုပ်အကြားတွင် သစ်တောတစ်ခု ရှိပါသည်။ သစ်တောအတွင်း
ဖြတ်သန်းရာတွင် အချို့နေရာများ၌ အမြန်နှုန်း ကီလိုမီတာ ၆၀
ခန့်သာ ကားမောင်းခွင့် ပြုထားပါသည်။




ဒိန်းမတ်နိုင်ငံ၏ `ဂစ်ဖ်စကို့´ (Gribskov) သစ်တောသည် အခြား
သော နေရာများထက် သမင် အရေအတွက်သည် အများဆုံး
ဖြစ်ပါသည်။ ကားလမ်းပေါ်ရှိ သတိပေးဆိုင်းဘုတ်များတွင်
ကားလမ်းပေါ်သို့ သမင်များ ဖြတ်ပြေး တတ်ကြောင်း သတိပြု
ရန် ကြေညာထားပါသည်။ သူသည် ပထမက ကိုဂျွန်နှင့် ကရင်လေး
စောဘတိုးတို့ အိမ်၌ နေပါသည်။ ထိုမှတဖန် သူနှင့် မြန်မာနိုင်ငံ
တွင် တရပ်ကွက်တည်းသား ဖြစ်သော ၀ဏ္ဏ အခန်းသို့ ပြောင်း
ရွှေ့နေခဲ့ပါသည်။


`လ´သာသော ညတစ်ညတွင် သူသည် အိမ်မှ ည (၁၁)နာရီ
ကျော်ကျော်ခန့်၌ စတင် ထွက်ခွာခဲ့ပါသည်။ အဝေးပြေးလမ်း
အမှတ်(၂၅၁) ခေါ် Helsinge vej သို့ သူသည် ပုံမှန်ထက်
ပိုပြီး တိုတောင်းသော ဖြတ်လမ်းမှ ၀င်ရောက် မောင်းနှင်
လေ့ရှိပါသည်။ ထိုလမ်းမှာ သစ်တောအတွင်းမှ ကွေ့ပတ်
မောင်းနှင်ရသော လမ်းဖြစ်ပါသည်။ ညဖက်တွင် အလုပ်ဆင်း
ပုံရသည့် ထိုဒေသမှ မော်တော်ကား အများစုလည်း သူ ကဲ့သို့ပင်
သစ်တောအတွင်းမှ ကွေ့ပတ် မောင်းနင်းလေ့ ရှိပါသည်။
ထိုနေ့ညက သူ အပါအ၀င် အခြား မော်တော်ကား သုံး … လေး
စီး ခန့်တို့သည် တစ်နာရီ ကီလိုမီတာ (၇၀)ခန့်အထိ မောင်းခွင့်
ပေးထားသော သစ်တော အတွင်း၌ ကီလိုမီတာ (၈၀) ခန့်နီးပါးနှုန်း
ဖြင့် မလှမ်းမကမ်းဆီ ရှေ့နောက်ဆင့်ပြီး မောင်းနှင်လာခဲ့ကြသည်။
ရုတ်တရက် ကားလမ်း ဂွေ့တစ်ခုသို့ ရောက်သောအချိန်တွင်
သူတို့ ကားတန်းနှင့် မျက်နှာချင်းဆိုင်ဖက်မှာ ကား သုံး ...လေး
စီးခန့် ရှေ့နောက်ဆင့်၍ မောင်းနှင်လာသည်ကို တွေ့လိုက်
ရပါသည်။ ထိုအချိန်တွင် လမ်း၏ ဟိုတဖက်ခြမ်းမှ လမ်းကို
ကန့်လန့်ဖြတ်ပြီး ပြေးလွှားလာသော `ကြောင်´ တစ်ကောင်ကို
ရုတ်တရက် တွေ့လိုက်ရပါသည်။ ထိုသို့ ကားလမ်းကို ဖြတ်ပြေး
လာသော `ကြောင်´သည် တဖက်မှ အရှိန်ပြင်းစွာ မောင်းနှင်လာ
သော ရှေ့ဆုံးကားကို အောင်မြင်စွာ ဖြတ်ပြေးလာပါသည်။
သို့သော် ထို `ကြောင်´သည် လမ်းအလယ်၌ ရပ်တန့် မနေပါ။


သူသည် ကီလိုမီတာ (၈၀)နှုန်းခန့်ဖြင့် မောင်းနှင်းလာသော
သူ့ကားအား ရုတ်တရက် `ဘရိတ်´ အုပ်ဖို့ မလွယ်ပါ။
အကယ်၍ ရုတ်တရက် `ဘရိတ်´ အုပ်နိုင်ခဲ့သည် ထားအုံး
သူ့ကားနောက်ဖက်မှ ပါလာသော ကားများ၏ အရှိန်နှင့်
အန္တရာယ်ကလည်း မသေးပါ။ ကားဟွန်း တီးဖို့ပင် အချိန်
မရလိုက်ပါ။ သူ့ကားသည် တစုံတခုကို ကြိတ်မိသွားသည်ဟု
သေသေချာချာ သိလိုက်ပါသည်။ စိတ်မကောင်းဖြစ်စွာနှင့်
သက်ပြင်းပဲ ချလိုက်နိုင်ပါတော့သည်။


ဤသို့ဖြင့် နောက်တနေ့ မိုးလင်း အလုပ်ပြန်ချိန်တွင် ထိုလမ်း
ပေါ်သို့ သူ ရောက်ခဲ့ပြန်ပါသည်။ ညက ဖြစ်ခဲ့သော နေရာတွင်
သွေးစ သို့မဟုတ် တစုံတခု ကားအကြိတ် ခံထားရသည့်
အနေအထားများ မြင်တွေ့ရမလားဟု ကားကို ခဏရပ်ပြီး
သူ ရှာဖွေနေမိသည်။ မည်သည့် အရာကိုမျှ သူ မတွေ့ခဲ့ရပေ။
ညဖက် ပုံမှန် အလုပ်သွားနေကြ ထိုလမ်းပေါ်သို့ သူ ရောက်
ခဲ့ပြန်ပါသည်။ ညက ဖြစ်ခဲ့သော ထိုနေရာသို့ သူ့ကား ဖြတ်သွား
ချိန် ခဏလေးအတွင်း ကြောင်တစ်ကောင်၏ စူးစူးဝါးဝါး အော်သံ
ကို သူ ကြားလိုက်ရသည်။ သူ့စိတ်ထဲ ဇဝေဇ၀ါဖြင့် ကားကို
ဆက်မောင်းခဲ့ပါသည်။ နောက်ရက်များတွင်လည်း ထိုနေရာသို့
ဖြတ်သွားတိုင်း ကြောင်အော်သံကို ကြားနေရသည်။ ညဖက်
အလုပ် လုပ်ရသောကြောင့် အိပ်ရေးမ`၀´လို့လား၊ သို့မဟုတ်
စိတ်ထဲ စွဲနေလို့လား … လား ပေါင်းများစွာဖြင့် အဖြေရှာမရ။


ဤသို့ဖြင့် ရက်သတ္တပတ် (၂)ပတ်နီးပါးလောက် ညစဉ်ဆက်တိုက်
ကြားလာရသောအခါ ထိုကိစ္စကို အလုပ်ထဲမှ မိတ်ဆွေများအား
ပြောပြမိသည်။ သီရိလင်္ကာ တမီးလ်လူမျိုး သူ့မိတ်ဆွေက …
`တိရိစ္ဆာန်အစား အစား ရောင်းတဲ့ဆိုင်က ကြောင် စားတဲ့
အစား တစ်ထုတ်လောက် ၀ယ်လိုက်ကွာ … ပြီးတော့ ကားနဲ့
တက်ကြိတ်မိခဲ့တဲ့ အဲဒီနေရာမှာ .. .ရောဟေ့လို့ ပြောပြီး
ပြစ်ချပေးခဲ့ကြည့်ပါလား …. ´


ပိုလန်လူမျိုး အဖိုးကြီးကတော့ …
`မင်း ကားနဲ့ ကြိတ်မိခဲ့တဲ့ နေရာက ဟိုအရင်က ရိုးမေးနီးယား ဂျစ်ပစီ
တွေ နေတယ်၊ အဲဒီတောထဲမှာ သူတို့ တရားမ၀င် ခိုး နေလိုက်၊ ဒိန်းမတ်
ရဲက သိတာနဲ့ မောင်းထုတ်လိုက် ပေါ့၊ သူတို့ မွေးထားတဲ့ ကြောင်
ဆိုရင်တော့ မင်း သတိတော့ထားရလိုက်မယ်၊ ရိုးမေးနီးယား ဂျစ်ပစီ
အမျိုးသမီး တော်တော်များများ `မှော်´ ပညာကို တတ်တယ်ကွ၊ မင်းတို့
အာရှတိုက်က `မှော်´ တို့ `ကဝေ´ တို့ `စုန်း´ တို့ ဆိုတာ ရုပ်ရှင်
ထဲမှာပဲ အစွမ်းရှိတာ၊ အပြင် လက်တွေ့မှာ ဘာမှ မစွမ်းဘူး၊
ရိုးမေးနီးယား မှော်ဆရာမတွေက အရမ်း စွမ်းတယ်၊ သူတို့ရဲ့
ကွန်မြူနစ် အာဏာရှင် နီကိုလိုင် ချောင်ရှက်စကူး လက်ထက်က
ဆိုရင် အဲဒီ ဂျစ်ပစီ မှော် ပညာသည်တွေ နေတဲ့ ရွာကို သေနတ်နဲ့
ပြစ်ကြည့်တာ ကျည် မထွက်လို့ အမြှောက်နဲ့ ထုပြီး မြို့နံဘေး
ကနေ မောင်းထုတ်ဖူးတယ်၊ ငါ့သူငယ်ချင်း တစ်ယောက်ရှိတယ်၊
သူ့မိန်းမက ရိုးမေးနီးယားသူ၊ ငါ မေးကြည့်ပေးမယ်၊ အကောင်းဆုံး
ကတော့ အဲဒီ လမ်းကို ဒီရက်ပိုင်း အလုပ်သွား အလုပ်ပြန်
အတွက် မသွားနဲ့ပေါ့ …. ´


ဤသို့ဖြင့် အလုပ်သို့ ၁၅ မိနစ် ကျော်ကျော် မောင်းရသော လမ်း
ကို ကျောခိုင်းပြီး မိနစ် ၂၀ ကျော်ကျော် မောင်းရသော လမ်းကို
သူ အသုံးပြုခဲ့ပါသည်။ နောက် လေးရက်ခန့် ကြာသောအခါ
ပိုလန် အဖိုးကြီးက စာအိတ်တစ်အိတ်ကို ကိုင်လာပြီး ….
`ငါ့သူငယ်ချင်းရဲ့ မိန်းမ ရိုးမေးနီးယားသူက စာ ရေးပေးလိုက်တယ်၊
အဲဒီစာအိတ်ကို မင်း တက်ကြိတ်ခဲ့တဲ့ အချိန်အတိုင်း အဲဒီနေရာကို
သွားပြီး အဲဒီနေရာရောက်ရင် ဒီစာအိတ်ကို ပြစ်ချခဲ့လိုက် တဲ့ …. ´


ပိုလန် အဖိုးကြီး ပြောသည့်အတိုင်း သူ သေသေချာချာ ဆောင်ရွက်
ခဲ့ပါသည်။ ထိုသို့ စာအိတ် ပြစ်ချခဲ့သည့် ညမှ စ၍ ထို တောလမ်း
ကို ဖြတ်ပြီး အလုပ်သွား အလုပ်ပြန် ပုံမှန်အတိုင်း သူ သွားလာခဲ့
ပါသည်။ မည်သည့် ကြောင်အော်သံကိုမှ သူ မကြားရတော့ပါ။
ပိုလန်အဖိုးကြီးအား ကျေးဇူးများစွာတင်ကြောင်း သူ ပြောပြမိသည်။
အဖိုးကြီးက ….
`သူတို့ဖက်က ကျေအေးသွားလို့ ဖြစ်မယ်၊ သို့ပေမယ့် သူတို့
ဘယ်လောက်အစွမ်းရှိကြောင်း တခါလောက်တော့ ပြ တတ်တယ်ကွ၊
စိုးရိမ်းစရာ မရှိပါဘူး၊ အစွမ်းပြတာပဲ ကြုံရင် ကြည့်လိုက်ပေါ့ ကွာ ….´


…..................
…............
…...


တနေ့ညနေ၌ ကိုဂျွန်ထံမှ ဖုန်းဝင်လာပါသည် …
`ဟေ့၊ အိမ်မှာ အမဲသားဟင်း ချက်ထားတာ ရှယ်ပဲ၊ အားရင်
ထွက်လာခဲ့လေ၊ ခင်ဗျားရယ် ကျနော်ရယ် ဦးသောင်းရယ်ပဲ
စားတာ၊ ကျနော်တို့အိမ်ကနေ အလုပ်ကို တန်းသွားလည်း
ရတာပဲလေ …. ´


ထိုနေ့ညက ကိုဂျွန်တို့အိမ်မှ အလုပ်သို့ ယခင်အချိန်အတိုင်း
သူ ထွက်လာခဲ့သည်။ ၀ဏ္ဏ အိမ်မှ အလုပ်သို့ သွားသောလမ်း၌
ထိုတောသို့ ဖြတ်ရသည်မှာ ခဏလောက်သာ ဖြစ်သောလည်း
ကိုဂျွန်တို့အိမ်မှ သွားသောလမ်း၌ ထိုတောသို့ ဖြတ်သန်းရသည်
မှာ အနည်းငယ်ထက် ပိုကြာပါသည်။ ကားမီးကြီးကို ဖွင့်ပြီး `မြူ´
အနည်းငယ်ကျနေသော တောလမ်းအတိုင်း ကီလိုမီတာ (၆၀)
မပြည့်တပြည့် နှုန်းဖြင့် သူ မောင်းနှင်လာခဲ့ပါသည်။ သူ့ကား၏
မီးရောင်အောက်တွင် ဟိုးရှေ့ ခပ်လှမ်းလှမ်း၌ သမင်တစ်ကောင်
ကားလမ်းကို ဖြတ်ပြေးလိုက်သည်ကို တွေ့လိုက်ရပါသည်။ သူ့ကား
အနောက်ဖက်၌ မည်သည့်ကားမျှ ပါမလာသောကြောင့် ကား
အရှိန်ကို အနိမ့်ဆုံးနီးပါး လျှော့ချလိုက်ပါသည်။ သမင်သည် သူ့ကား
မီးရောင်အောက်မှာပင် တဖက်ကမ်းသို့ အောင်အောင်မြင်မြင် ကူးဖြတ်
သွားပါသည်။ ကားမောင်းရင် လမ်းတဖက်ဆီသို့ လှမ်းကြည့်
မိလိုက်သည်။ သမင်သည် တောထဲသို့ မ၀င်သေးပဲ သူ့ကားကို
ကြည့်နေပါသည်။ သမင် ရပ်နေသော နေရာနံဘေးမှ ကားကို
ဖြတ်မောင်းခဲ့ပါသည်။ ရုတ်တရက် နောက်ကြည့်မှန်မှ သမင်ကို
ကြည့်လိုက်မိသည်။ သူ့ပါးစပ်သည် အလိုလို ပွင့်သွားပြီး သူ့ဆံပင်
များလည်း ထိုးထောင်သွားသည်ဟု သူ ခံစားမိသည်။ သူ့ကား၏
နောက်ကြည့်မှန်၌ ခုနက သမင်ကို မမြင်ရပဲ လူတစ်ယောက်
မတ်တပ်ရပ်နေသည်ကို တွေ့လိုက်ရသည်။ နောက်ကြည့်မှန်ကို
သူ သေသေချာချာ ထပ်ကြည့်လိုက်ပါသေးသည်။ ဂျင်းဘောင်းဘီ
ဝတ်ထားသော အမျိုးသမီးတစ်ယောက်ကို သူ့ တွေ့လိုက်ရသည်။
သူ့ညာဖက်ခြေဖ၀ါးသည် ကားအရှိန်မြင့် `လီဗာ´ အား အလိုလို
ဖိနင်း လိုက်မိပါတော့သည် ….....
 by facebook page

နတ်နှင့်နဂါး


ဒီတစ်ခါ သရဲအကြောင်းတော့မဟုတ်ပါ။ အပြောင်းအလဲအနေနှင့်ရယ် ဗဟုသုတအနေနှင့်ရယ် ဒီဇာတ်လမ်းကိုတင်ခြင်းဖြစ်ပါသည်။
,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,
၁၉၃၉ခု အောက်တိုဘာလတွင် ရေးသည်။
ဘိုးချစ်ဦးသည် အသက်၇၀ကျော်အရွယ်ရှိမြွေလမ္ပါယ်ဆရာကြီး ဦးပေတိုးထံတွင် လက်ရင်းတပည့်ခံကာ နှစ်ပေါင်းများစွာ လုပ်ကိုင်ခဲ့သူဖြစ်လေသည်။ မြွေဆရာကြီးဦးပေတိုးကား ဤအလုပ်ကို ကာလသားအရွယ်ကစ၍ ကုန်းကွရွတ်ယို အဘိုးအိုဘ၀အထိ လုပ်ကိုင်လာသော မန္တယားဆရာကြီးတစ်ဦးဖြစ်ရာ ပညာဝါကလည်း အထူးရင့်ခဲ့သူဖြစ်သောကြာင့် ဦးပေတိုးထံတွင် တပည့်ခံရသူ ဘိုးချစ်ဉ်ီးမှာ အခြားသာမန်မြွေဆရာတို့ထက် ပညာအရည်အချင်း အထက်တန်းကျခဲ့လေရာ အရပ်ရပ်အရွာရွာ ရောက်လာပြသခဲ့တိုင်း ဘိုးချစ်ဦးကို အထူးပရိသတ် ကြိုက်ခဲ့သဖြင့် ဘိုးချစ်ဦး၏အမည်သတင်းမှာ တသင်းသင်းမွှေးခဲ့လေ၏။
မြွေလမ္ပါယ်ဆရာကြီးဦးပေတိုး ရောက်လာပြီဆိုလျှင်ပင် ဆရာလေး ကိုဘိုးချစ်ဦးကို တွေ့မြင်ရတော့မည်ဟု တယောက်တပေါက် ကြော်ငြာသတင်းပေးလိုက်ကြခြင်းဖြင့် ရုံတွင်လူပြည့်ကြပ်မြဲဖြစ်လေရာ ဆရာကြီးဦးပေတိုး၏ မြွေပြပွဲကြီးမှာလည်း သာမန် တော်စွာ ရော်စွာ သဒ္ဓါကြေးနှင့်ပြသသော မြွေပြပွဲမျိုးမဟုတ်ဘဲ ဆိုင်းနှင့်ဝိုင်းနှင့် ခုံနှင့်စဉ်နှင့် ရုံနှင့်ကန္နားနှင့် ကျကျနနပြသော မြွေလပ္ပါယ်ပြပွဲမျိုးဖြစ်သောကြောင့် ရုံဝင်ခမှာ တယောက်လျှင် ၂ပဲနှင့်၎ပဲမျှသာထားစေကာမူ တမြို့တမြို့သို့ရောက်လျှင် ကြော်ငြာရိုက်ခ မောင်းသမားခ ရုံငှားခ ဓာတ်ဆီဘိုးစသော စရိတ်များအပြင် အိပ်ဝင်သပိတ်ဝင် အတော် တောင့်တောင့်ကျန်ခဲ့မြဲဖြစ်၍ ဦးပေတိုး၏အိမ်ဝင်ငွေထည်းမှ တပည့်တစုအတွက်ဟူ၍ ဝေစုပေးရသောဘိုးချစ်ဦုး၏အတွက် ကျငွေများမှာလည်း အသားတင်ဝင်ငွေမှ သုံးပုံတစ်ပုံမျှပေးရသဖြင့် ဘိုးချစ်ဦးအတွက် ၀င်ငွေများမှာ ရရစားစားနှင့်ပင် တနှစ်တနှစ်အနည်းဆုံးလေး ငါးရာအပိုစုမိလေ၏။
ရုပ်ရေကလည်းသားနား သင်ထားသောပညာများကလည်း ထက်မြတ်ဆဲဖြစ်၍တကြောင်း မြွေများနှင့်ကစားကပြရာတွင်လည်း အဘိုးကြီးမှာ အသက်ကြီးပြီဖြစ်၍ ဆရာကြီးအဖြစ်နှင့် အနီးအပါးမှ ဖေးဖေးမမရှိရုံထိုင်နေရလျှက် ဘိုးချစ်ဦးသာလျှင် တွင်တွင်ကျယ်ကျယ် လူစွာလုပ်၍ ဇာတ်ထုပ်ကိုဦးစီးရသော ဟီးရိုးဇာတ်လိုက်ပမာဖြစ်နေတော့ရာ ဦးပေတိုး၏အထက်တန်းအဖိုးတန် ပညာရပ်များနှင့်ပတ်သက်၍ စုလိုက်ပုံလိုက်ချီးမွမ်းစရာရှိသမျှမှာ ဘိုးချစ်ဦးသာ တစ်ဦးတည်းကိုယ်စားလည်ခံကာ ယူနေရတော့သဖြင့် အသက်လည်ကြီး သေလုနီးပါးရှိနေရှာသော ဦးပေတိုးမှာ သားသမီးပမာချစ်ခင်နေရှာသော ဘိုးချစ်ဦးအတွက် ပရိသတ်နှစ်သက်ကြသည်ကိုပင် တပြုံးပြုံးနှင့် နှလုံးလေခွေ့သဘောတွေ့၍ နေမိရှာတော့၏။
ဘိုးချစ်ဦးကလည်း မိမိအတွက် ဤမျှလူကြိုက်များ၍ ဤမျှအထက်တန်းကျသော မန္တယားဆရာတို့ထက် သိမှတ်ဘွယ်ရာ အဘိုးတန်ပညာများကို အမွေခံပေး-ပေးသော ကျေးဇူးရှင် ဆရာကြီးဦးပေတိုးအား အနန္တဂိုဏ်းဝင် ဆရာထင်မှတ်ရုံမက မိဘရင်းသဘွယ် တွယ်တာခင်မင်လျှက်ရှိလေ၏။
ဦးပေတိုးကား တနေ့တခြား သက်ရွယ်ကြီးလာသည့်အတွက် ကြွေလှုဆဲဆဲ သစ်သီးမှည့်ကဲ့သို့ရှိနေပြီဖြစ်ရာ မိမိပိုင်မြွေလမ္ပါယ်ပြပွဲကြီးကို ဦးစီးလုပ်ကိုင်သွားနိုင်မည့်သူဆို၍ကား တပည့်ချစ် ဘိုးချစ်ဦးတယောက်သာလျှင် ရှိနေသည့်အပြင် မိမိ၏တဦးတည်းသော အမိမဲ့သမီးကလေး မယ်ဒွေးအဘို့မှာလည်း နောင်ခါနောင်ရေးအတွက် တသက်လုံးစိတ်ချရလေအောင် တပည့်ဦး သမီးဦးနှင့်ပေးစားသည်ဆိုသော ရှေးဟောင်းစကားအရ မယ်ဒွေးအား ဘိုးချစ်ဦးနှင့် မိမိမသေခင် နေရာချထားခဲ့ရန် စီမံစိတ်ကူးရလေတော့၏။
ဘိုးချစ်ဉ်ီးမှာ ယခုမှ အသက်အစိတ်မျှသာ ရှိသေး၏။ ၁၅နှစ်သားက မိမိထံပါးသို့ ပညာသင်ကြားရန်ရောက်လာခဲ့သူဖြစ်၍ မွေးစားသားကလေးနှင့်လည်း မခြားနားအောင် တဦးနှင့်တဦး သံယောဇဉ်ဖွဲ့နှောင်ခဲ့ကြခြင်း ရှိလာကြသူများဖြစ်ရုံမက ဦးပေတိုးသမီးမယ်ဒွေးမှာ ယခုအခါ အသက်အရွယ်အားဖြင့် ၃၅နှစ်ခန့်ရှိ၍ ဘိုးချစ်ဦးထက် ဆယ်နှစ်ခန့်ကြီးနေသည့်အပြင် မယ်ဒွေးမှာ ဘိုးချစ်ဦးကို ငယ်ရွယ်စဉ်ကပင် အမကြီးနေရာမျိုးက အရာရာသြဇာပေးလာရသည့် ငယ်နိုင်ဖြစ်ခဲ့သည့်တကြောင်း၊ အရွယ်ခြင်းမမျှ ရုက်ရေချင်းကလည်း " နတ်သားကလေးနှင့် မျောက်နာမကြီးပမာ " ကွာချင်တိုင်းကွာနေခြင်းကြောင့်တမျိုး၊ အဆိုးဆုံးကား မယ်ဒွေးကိုယ်တိုင်ကလည်း ရူးကြောင်ကြောင် ပေါတောတောဖြစ်နေလျှက် ရူးရုံပေါရုံတွင်မျှမက စုန်းပူးသလိုလို နတ်ကပ်သလိုလိုကလည်း မကြာခဏဖြစ်တတ်ပြီး အခါများစွာမှာလည်း နတ်ကို အထူးရုံစား ၀ါသနာပါသူဖြစ်၍ နတ်ကတော် နတ်ဝင်သည်တို့ကို အထူးပလူးနေကာ ထိုသတ္တ၀ါတွေညာစားသမျှကို ကြေကြေနပ်နပ်ကြီး အမဲကျနေသူဖြစ်ရကား အဖေကြီးရှာဖွေစုဆောင်းပေးထားသမျှကို အိမ်ကနေ၍ မကုန်ကုန်အောင် သုံးဖြုန်းဖြန့်ဖြူးနေတတ်သည်ကို သိရသော ဓာတ်သိဘိုးချစ်ဦးအတွက် ဦးပေတိုးတွင် တမျိုးအပြောခက်၍နေမိလေ၏။
မိမိသမီးကို အနေအထိုင်အပြုအမူများ ပြင်ဆင်ရန် ဆုံးမတန်သမျှဆုံးမသော်လည်းမရ၊ ငယ်စဉ်က အမေသေသော မိတဆိုးကလေးဖြစ်၍ မဆိုရက်-မပြောရက်-အလိုလိုက်ထားခဲ့ရာတွင် မယ်ဒွေးမှာ အူကြောင်ကြောင် ရူးပေါပေါဖြစ်နေရှာသဖြင့်လည်း အဖေကြီးဆိုဆုံးမတန်သမျှကလေးများကိုပင် အရေးမထား၊ ပမာမခန့်၊ နန့်တန့်တန့်ဆောင့်ကြွားကြွားနှင့် ထင်သလိုသာ နေထိုင်စားသုံးလာသူဖြစ်ရကား သက်ရွယ်ကြီးပြင်း အိုမင်းရင့်ရော်ရှာသော ဦးပေတိုးလည်း လူကြီးပြီပြီ နားအေး စိတ်အေးကြိုက်သဖြင့် အလိုက်သင့်ဖြစ်သလို အလိုလိုက်၍လာခဲ့သူဖြစ်လေရာ၊ ကြာသော် မယ်ဒွေးမှာ အဖေကြီးကိုပင် အသက်ရှိသည်မထင် နိုင်ချင်တိုင်းနိုင်ကာ ဆိုးနွဲ့ပေတေနေသော ကလေးဆိုးကြီးပမာ ဖြစ်နေရှာတော့၏။
စီးပွားရေးအတွက် အမြို့မြို့အရွာရွာသို့ထွက်၍ မြွေလမ္ပါယ်ပြပွဲအတွက် ခရီးထွက်နေရသည်ကများသောကြောင့် အိမ်တွင်သမီးနှင့်အတူနေရစ်ရန် အစောင့်အရှောက်အဖော်များကို ခေါ်ယူကျွေးမွေးထားရလေရာ မယ်ဒွေးမှာအိမ်တွင် သူတစ်ဦးတည်းမင်းမူလျှက် သူစိတ်ဝင်စားနေသော နတ်ကတော် နတ်ထိန်းတို့နှင့် တရုံးရုံးနေသည့်အခါနေ၊ အိမ်သူအိမ်သားတွေကို အရေးမထား၊ အိမ်နီးချင်းများနှင့် တ၀ါးဝါးတဟားဟား စားလားသောက်လား ပေးကမ်းစွန့်ကြဲလားနှင့် နေတတ်သဖြင့် သူနှင့်အလွမ်းသင့်အောင်ပေါင်းလျှင် ကောင်းကောင်းကြီးစားပေါက်ပွင့်မှန်းမသိပွင့်ကြသော အိမ်နီးနားချင်းဆင်းရဲသူတို့မှာ မမယ်ဒွေး-မမယ်ဒွေးနှင့် ခလေးကအစလူကြီးများကျအောင် ၀ိုင်းညာချနေသော်လည်း အိမ်တွင်အတူထားသူများမှာ မပြောဝံ့ကြဘဲ လွန်လွန်ကြီးမဖြစ်တန်ဒါ မဖြစ်ရုံလောက်သာ စောင့်ရှောက်နိုင်ကြရှာလေ၏။
ယင်းသို့ မယ်ဒွေးကိုစောင့်ရှောက်ရန် အိမ်တွင်ခေါ်ထားသူများမှာ မကြီးမှုံဆိုသော မုဆိုးမကြီးနှင့် သမီးကလေး မယ်သွဲ့တို့ဖြစ်လေရာ မကြီးမှုံမှာ စုန်းပညာကိုအနည်းအပါးတတ်လျှက် အလွန်ဆင်းရဲသူဖြစ်၍ အရိပ်ထဲတွင်သားအမိနှစ်ယောက် အေးအေးထိုင်စားရမနည်းဘူးဟဲ့ဆိုသောသဘောနှင့် ဦးပေတိုးထံတွင်ခိုဝင်နေထိုင်ခဲ့ကြသည်ဖြစ်ရာ အနေကလည်း ကြာညောင်းလာသောကြောင့် ဖြူဖြူဖွေးဖွေးရေဆေးငါးကလေးလိုလှ၍ အရွယ်ကလည်း၂၀မျှလောက်သာရှိသေးသော မယ်သွဲ့ကလေးနှင့်ဘိုးချစ်ဦးတို့်မှာ တဦးမေတ္တာတဦးမှာ ဆိုသလို လူပျို အပျိုတို့စရိုက် ချစ်ကြိုက်ရည်ငံ ရှိနေကြသည်မှာလည်း အတော်ကြီးကြာခဲ့ပြီ ဖြစ်လေ၏။
+ + +
"ဘိုးချစ်ဦးရေ"
"ဘာလဲအဘ"
"မင့်ကို ငါတခု တိုင်ပင်ချင်သကွယ်။ မင်းအဘစကား နားထောင်မယ်လား။ အဘကတော့ ဒီကိစ္စကို မင့်အပြင်အားထားစရာမရှိဘူးကွယ်။ အဘလဲအိုလှပြီ၊ နေ့ ည သေရတော့မယ်။ ပြီးတော့ ဒီလထဲမှာဘဲ အဘဟာ တယ်ကြီးနေထိုင်ကောင်းလှတယ်မရှိဘူး။ ဒီတော့ အဘဟာ မတော်တဆခေါက်ခနဲသေသွားရင် အဘရင်ထဲမကျတဲ့အပူလုံးကြီးကြောင့် စိတ်မဖြောင့်ဘဲနဲ့ အသက်ထွက်ရမှာ စိုးရိမ်လွန်းလို့ပါကွာ "
" သြော်-အဘရာ စကားတွေဒါလောက် ပလ္လင်ခံစရာမလိုပါဘူး။ ကျွန်တော်ဟာ အဘပြုလို့နုနေရတဲ့လူဘဲ။ အဘကျေးဇူးတွေဟာ ကျွန်တော့်မှာနဲမှတ်လို့အဘရာ။ ဘာမဆို ဒီလိုကဒီလိုရှိတယ်ဟေ့။ ဒီလိုလုပ်လို့။ ခပ်ပိုင်ပိုင်ကြီးအမိန့်ပေးစမ်းပါ အဘရာ။ ကျွန်တော်အသက်နဲ့လဲရတဲ့အလုပ်ဖြစ်ပါစေ။ကျွန်တော်မငြင်းပါဘူး "
" အေး-ဒီလိုကြားရတာ ၀မ်းသာသကွယ်။ ဒါမှဒါမှ ငါ့တပည့်ဦးကြီးပြီသပါပေတယ်။ ဒါဖြင့် အဘပြောတော့မယ်ကွာ။ ငါ့တပည့်ကြီး သဘောထားကြီးကြီးနဲ့သာနားထောင်ပေတော့ "
" ဟုတ်ကဲ့-ပြောပါအဘရာ "
" အဘသမီးအရူးမ မယ်ဒွေးအကြောင်းပေါ့ကွ "
" သြော်-မမယ်ဒွေးဘာလုပ်တယ်ကြားပြန်တုန်း အဘရဲ့။ အဘအရင်တစ်ခေါက်ပေးခဲ့တဲ့ ငွေတွေကုန်အောင်နတ်ကန္နားပေးပစ်ပြန်ပြီတဲ့လား "
" မဟုတ်ပါဘူးကွာ။ သူ့အကြောင်းဘာမှမကြားပါဘူး။ ဒါပေတဲ့ သူ့အတွက် နောင်ရေးစိတ်မအေးမိလို့ပါဘဲ။ ဒီလိုကွဲ့ ဒီလို။ မင်းအမကြီးအကြောင်းလဲ မင်းသိပြီးဘဲ။ အထူးပြောနေစရာမလိုပါဘူးလေ။ ဟုတ်ကဲ့ မဟုတ်လား "
" ဟုတ်ပါတယ် အဘရဲ့။ ကျွန်တော်သိပါတယ် "
" အဲ-ဒီတော့ကွယ်။ ဒီလိုအရူးအပေါမကလေးကို အဘစိတ်ချသွားနိုင်စရာရှိရဲ့လား။ မင်း စဉ်းစားကြည့်စမ်။ အဘသေရင် မယ်ဒွေးဟာ ဘယ်သူ့ကိုသွားပြီး အားကိုးမှီခိုနေထိုင်ရှာမလဲ "
" ဟုတ်ကဲ့အဘ ကျွန်တော်သိပါတယ် "
" အဲ-ဒီတော့။ အဘကမသေခင် စိတ်ချရအောင်ဟာ မယ်ဒွေးကို ငါ့တပည့်ကြီးလက်ထဲအပ်ခဲ့ချင်တယ်။ အဘကိုချစ်ရင် အဘကျေးဇူးတွေမျှော်တွေးမိရင် အဘမျက်နှာထောက်ထားပြီး မယ်ဒွေးရဲ့သည်းညည်းခံစေချင်တာဘဲကွယ် "
" အို-အဘကလဲ ဒါများမှာနေရသေးသလားအဘရဲ့။ ကျွန်တော့်အမကြီးဘဲ ကျွန်တော်မကြည့်ဘဲ အလကားနေပါ့မလားဆို "
" သြော်-အဘပြောလိုတာက ဒီလိုသာမံကြည့်ရှုဘို့မဟုတ်ဘူးကွဲ့။ ဒီလိုတော့အဘမမှာလဲ ငါ့တပည့်ကြည့်မှာဘဲဆိုတာ အဘသိပါတယ်။ အဲ-ဒီလို "မပိုင်ဝက်မွေး"ကြည့်ရှူနေလို့ ငါ့တပည့်က ကိစ္စမရှိဘူး။ မယ်ဒွေးက မင့်ကိုအင်မတန်နိုင်လာတာ။ အစစ အရာရာငယ်နိုင်ဆိုပြီး သူကချည်းဆရာလုပ်နေတော့ မင်းသူ့ကိုဆုံးမပိုင်မှာမဟုတ်ဘူး။ ဒီတော့ ပိုင်ပိုင်နိုင်နိုင်ဖြစ်အောင်ဟာကို မင်းတို့ချင်းအသက်အရွယ်မတူပေမဲ့။ အဘတော့ စိတ်ချရအောင်ဆိုပြီး ပေးစားခဲ့ချင်တာဘဲ။ ဒါမှလဲ ပိုင်ပိုင်နိုင်နိုင်ရှိမယ်ကွဲ့။ နို့မဟုတ်ရင် သူထင်ရာသူလုပ်နေမှာဘဲ။ အဲ-ဒါကြောင့် အဘစီမံသလို ငါ့တပည့်ကြီးက လိုက်နာစေလိုတယ်။ ကိုင်း-ဘယ့်နှယ်လဲကွဲ့ "
"အဘစီမံတာလဲ အင်မတန် သင့်မြတ်ပါတယ်။ ကျွန်တော်ကလည်း နားမထောင်ချင်ပါဘူးလို့ မငြင်းဆန်ဝံ့ပါဘူး။ ဒါပေတဲ့ ကျွန်တော် တခု အစီရင်ခံပါရစေအဘရယ်။ မမယ်ဒွေးနဲ့ကျွန်တော်နဲ့ဆိုတာ ငယ်စဉ်ကတဲက တကဲ့မောင်နှမအရင်းအချာများလိုနေလာတာ၊ ကျွန်တော့်စိတ်ထဲလဲ မမယ်ဒွေးဟာဖြင့် ငါ့အစ်မအရင်းခေါက်ခေါက်ဘဲလို့ထင်နေတော့........."
"အေးပေါ့ကွယ် ဒါတွေလဲ အဘသိပါတယ်။ ဒါပေမဲ့ အဘစီမံရာကိုသာ နာခံမယ်မဟုတ်လားလို့။ လိုရင်းစကား အဘသိချင်တာဘဲ"
ဘိုးချစ်ဦးမှာ အချစ်ကလေးမယ်သွဲ့၏မျက်နှာကို ကွက်ခါမြင်မိလျက် မချိဆွေးကြီးဆွေးမိလေ၏။ သို့နှင့်လည်း ကျေးဇူးရှင်ကြီး၏ စိတ်ကြိုက်ကို မလိုက်၍မဖြစ်သောအခြေသို့ ရောက်နေပြီဖြစ်သောကြောင့် မိမိကိုယ်ရေးကို ဂရုမစိုက် အမှုမထားနိုင်ဘဲ ဦးပေတိုးကြီးလိုလားချက်ကို သွက်လက်စွာ ခေါင်းငြိမ့်လိုက်ရမည်သာ ဦးစွာအရေးကြီးသော ကိစ္စဖြစ်ကြောင်း ကောင်းစွာတွေးမိသည့်အတိုင်း မိမိနှင့်မယ်သွဲ့တို့၏ အချစ်အတွင်းရေးကို ဘေးဖယ်ပြီး အနန္တဂိုဏ်းဝင် ဘခင်နှင့်လည်းမခြားသော ဆရာသမားအတွက် သွက်လက်စွာတာဝန်ယူတော့မည်ဟု ဆုံးဖြစ်ခါ.......
"ကောင်းပါပြီ အဘစီမံသလို ကျွန်တော်လိုက်နာပါမယ် အဘရဲ့ ....."
ဟု ပြောလိုက်ရာ အဘိုးကြီးဦးပေတိုးမှာ များစွာကြေနပ်ဝမ်းမြောက်သွားရှာပြီး-
"အေးကွာ-ဒါဖြင့် ဒီလဆန်းထဲ အိမ်ပြန်ပြီး ငါ့သမီးနဲ့ငါ့သားကြီးကို နေရာချထားမှဘဲ အဘလဲကောင်းကောင်းနေမကောင်းဘူးကွာ"
ဟု ပြောသဖြင့် တနေ့ထက်တနေ့ပြန်ရန်ဘက်သို့ ရက်နီးကပ်လာခဲ့သလောက် ဘိုးချစ်ဦးမှာ အချစ်ကလေးမယ်သွဲ့ကို ဘယ်ကဲ့သို့စိမ်းရက်နိုင်မည်နည်းဟု အတွင်းမီးတငွေ့ငွေ့လောက်ကာ မချိတရိကြီး ဖြစ်နေရှာတော့၏။
"သ္မီးရေ-ဟေ မယ်ဒွေး"
"ဟော-အဘတို့ပြန်လာကြပြီ။ အဘရေ အဘတို့မရှိတုန်း ကျုပ်ကို နတ်ကတော်မဆီဘူးက ဟောတယ်တော့။ ကျုပ်ကိုလေ ပခန်းမင်းကလေးကကြိုက်နေတယ်တဲ့တော့။ ဟီ-ဟိ-ကျုပ်နတ်ကတော်ဖြစ်မယ်တဲ့သိလား အဘ"
"သြော်-ခက်ပါဘိ ငါ့သ္မီးနှယ်။ ခရီးရောက်မဆိုက် ဘာတွေများပြောနေပြန်တယ်မသိပါဘူး။ နေစမ်းပါဦးဟ နတ်ရူးမရဲ့။ ဒါတွေငါ့ပြောရတာမျိုးမဟုတ်ဘူးဟဲ့"
"ဟင်-ငါ့မပြောလို့ ကျုပ်ဘယ်လင်သွားပြောရမှာတုန်းလို့"
"အေး-အေး ဒီလိုတွေ့ကရာဟာတွေ ပြောချင်ပြောရအောင် သ္မီးကို လင်ပေးစားထားမယ်။ အဲ-ဒီတော့မှ ကိုယ့်လင်ကိုပြော"
"ဒါဖြင့် မြန်မြန်ပေးစားပါတော် ကြာတယ်။ ဒါနဲ့ ပခန်းမင်းကလေးကလဲ ကျုပ်ကိုကောက်မယ်လုပ်နေတာတော့။ လင်ယူလို့ဖြစ်ပါ့မလား"
ဟု လုပ်နေပြန်ရာ ဦးပေတိုးမှာ သမီးရူးအတွက်အပြောရခက်လှသဖြင့် စိတ်ပျက်စွာခေါင်းကုတ်ပြီး သက်ပြင်းကြီးချလျက်-
"ခက်လိုက်တာနော်။ ပခန်းမင်းကောက်ကောက် တောင်ပြုံးမင်းကောက်ကောက်၊ လင်တယောက်တော့ ယူနိုင်တာချည့်ဘဲဟဲ့။ နင့်ကိုနတ်ကတော်မိဆီဘူးက ညာလွှတ်လိုက်ပြီထင်ပါတယ်ဟာ"
"အံမာ-မညာဘူးအဘရဲ့။ အဟုတ်ဘဲ။ ကျုပ်ကိုယ်တိုင်မြင်ရတာတော့။ မနေ့ညနေက အိမ်ရှေ့မှာလေ ကျုပ်တယောက်တဲ မှေးမှေး-မှေးမှေးနဲ့ဖြစ်သွားတော့လေ ပခန်းမင်းလေးကိုယ်တိုင် ကျုပ်အနားလာရပ်တယ်တော့။ ကျုပ်မျက်စိနဲ့ တတ်တတ်အပ်အပ်မြင်တာ။ ယောင်ကလေးတစောင်းထုံးလို့ နှုတ်ခမ်းမွှေးကလေးရေးရေးနဲ့ အသားကလေးကလဲဝါလို့တော့။ ချောလိုက်ထာမှ ဘယ်လိုချောမှန်းမသိဘူး။ ပန်းပုဆိုးလေးခါးတောင်းကျိုက်ပြီး မြင်းညိုကြီးစီးလို့ လက်တဘက်က မြင်းဇက်ကိုင်ထားတယ်။ လက်တဘက်ကတော့ အရက်ပုလင်းကလေးကိုင်လိုက်လို့တော့"
"ဟယ်-ဒီကောင်မကလေး တွေ့ကရ ရှောက်ပြောပြန်ပြီ။ အဲ-ဒါနတ်ကတော်မိဆီဘူးအိမ်က ပခန်းမင်းနတ်ရုပ်ကို နင်တွေးကြည့်နေတာဖြစ်မှာဘဲ။ ကဲလေ ဘာဘဲဖြစ်ဖြစ် နတ်ကောက်ကောက် သူရဲကောက်ကောက် ငါကလဲနင့်ကိုလင်ပေးစားရတော့မှာဘဲ"
"ဘယ်သူနဲ့ပေးစားမှာတုန်းတော့ ပေးစားရင်လဲမြန်မြန်ပေးစားပါလားတော်။ ကျုပ်တယောက်ထဲနေရတာ ပျင်းကပျင်းပါဘိနဲ့"
"အေး-အေး-မယ်မင်ကြီးမ မြန်မြန်ဘဲပေးစားပါ့မဗျာ"
"ဘယ်သူတုန်း အဘရ။ ဒါဘဲနော် အရုပ်ဆိုးရင်တော့ မယူဘူးတော့။ နတ်သားလေးလို ချောချောလှလှကလေးမှ ကျုပ်ကြိုက်ချင်တာ"
"အေး-လှပါဗျား-လှပါရဲ့။ သူများတော့မဟုတ်ဘူး။ နင့်ကိုဘိုးချစ်ဦးနဲ့ ပေးစားမှာဘဲ။ နင့်သည်ညည်းကို ဘိုးချစ်ဦးကလွှဲလို့ ဘယ်သူမှခံနိုင်မှာ မဟုတ်ဘူး"
"ဟင်-အဘကလဲ ချစ်ဦးနဲ့ဟုတ်လား။ ချစ်ဦးလှတော့လှသားဘဲ။ ဒါပေတဲ့ဆရာ ချစ်ဦးကငယ်ကငယ်နဲ့ ကြီးကြီးနဲ့ပေးစားပါလားဟင်။ တောင်ပိုင်းက ကိုဘတုတ်တို့အရွယ်ဆိုလဲ ဟုတ်သေးရဲ့"
"အို-ဘိုးချစ်ဦးကမှ သမီးသည်းညည်းခံမှာ ကြီးသော ငယ်သောလုပ်မနေနဲ့။ ဒိပြင်လူနဲ့ဆိုရင် နင့်နေပုံ ထိုင်ပုံနဲ့ အရိုက်ချည့်ခံနေရမှာ။ ဘိုးချစ်ကတော့ ရိုက်မှာနှက်မှာလဲမဟုတ်ဘူး"
"အေး-အေး- ရိုက်မှာနှက်မှာတော့အကြောက်သားဆရာ။ ကျုပ်လေ လင်ယူချင်နေတာတော့ ကြာလှပြီဘရဲ့။ ဒါပေတဲ့ ရွှေညှာရဲ့လင် အောင်ထွားဟာလေ သူ့မယားရွှေညှာကို ကျွဲရိုက်နွားရိုက်ရိုက်တာ မြင်ရပြီးကထဲက လင်ယူရင်ရိုက်ခံရမှာ ကြောက်နေတာကလား။ ချစ်ဦးလေးနဲ့ဆိုရင်တော့ ဟုတ်တယ် ကျုပ်ကို သူကရိုက်မှာမဟုတ်ဘူး။ ကျုပ်ကသာ သူ့ကိုရိုက်ရမှာ။ ဟီ ဟိ အဘကဒီလိုတော့ လိမ်မာသားဘဲနော်"
+++++ +++++ +++++

"ဘယ့်နှယ်မှ မအောက်မေ့နဲ့တော့အသွဲ့ရယ်။ ကျုပ်လဲ အသွဲ့ကို မချစ်လို့မဟုတ်ဘူး။ အသွဲ့ ဘယ်လောက်ချစ်တယ်ဆိုတာလဲ ကျုပ်သိပြီးဘဲ။ အဘကိုလဲညှာရမဲ့ ၀တ္တရားရှိနေတယ်။ သူ့ကျေးဇူးဟာ ကျုပ်အပေါ်မှာ အင်မတန်များတယ်ကွဲ့။ ဒီတော့ အသွဲ့က သဘောကြီးကြီးထားပါ။ မမယ်ဒွေးဆိုတာလဲ အရူးအပေါကြီးဘဲ"
"အကြောင်းကဒီလိုဖြစ်လာတော့ ဘယ်တတ်နိုင်မလဲကိုချစ်ရယ်။ ကိုချစ်ပြောသလို မမယ်ဒွေးက အရူးအပေါကြီးဆိုတာလဲ ဟုတ်ရှာတာပါဘဲ။ အဘကလည်း သူ့သမီးအတွက် စိတ်မအေးလို့စီမံခဲ့တော့ နားထောင်ထိုက်ပါတယ်။ ကျမကဖျက်ဆီးနှောင့်ယှက်လို့မတော်ပါဘူး။ ဒါပေတဲ့ ကိုချစ်ရယ် တယောက်နဲ့တယောက် ဒီလောက်တောင် ချစ်လာကြပြီးမှ....."
"အို-အသွဲ့ ဒီအတွက်မပူပါနဲ့ အသွဲ့ရယ်။ ကျုပ်စိတ်ကူးပြီးသားပါ။ အဘအလိုအတိုင်း မမဒွေးကို လူသိနတ်ကြားမင်္ဂလာဆောင်ယူထားလိုက်ရပကောလို့။ ကျုပ်သူ့ကို လက်ဖျားနဲ့တောင်မတို့ပါဘူး။ မောင်လိုနှမလိုနေမှာပါဘဲ။ အဲ-ဒီလို ကျုပ်ပြောတာကို အသွဲ့မယုံကြည်မရှိနဲ့နော်။ သံသယကင်းပါစေနော်။ ဟုတ်တယ်လေ ကိုယ့်ထက်ကြီး အမအရင်းနဲ့မခြားနေလာရတာလဲဖြစ်တယ်။ အရုပ်ကလဲဆိုးသေး စိတ်ကလဲရူးတူးတူးပေါတောတောကြီးဟာမျိုးကို ဘယ်လိုနီးနီးစပ်စပ်နေရလို့မှ စိတ်၏ကိုယ်၏ပြစ်မှားမိမှာ မဟုတ်တဲ့ဟာကြောင့် သံသယကင်းထိုက်ပါတယ်။ ရွယ်တူရွယ်တန် လှလှပပကလေးဆိုရင်လဲ ချဉ်သီးနဲ့ဆားလို ထိစပ်ရင်ငြိကပ်သွားမှာစိုးလို့ ကျုပ်ကဘယ်လိုဘဲ ယုံလောက်အောင် အာမခံပေစေ အသွဲ့ယုံချင်မှယုံထိုက်ပါတယ်လေ။ ဒီဟာကတော့ အေးလေ အထူးပြောဘို့မလိုပါဘူး။ ဒါကြောင့် အသွဲ့က ဟန်မပျက် စိတ်လက်ချမ်းချမ်းသယောင်နေလိုက်စမ်ပါ။ အဘခမြာဆိုလဲ ကြွေတော့မဲ့သစ်သီးလို အမှည့်ကြီးမှည့်နေရှာပါပြီ။ မသကာ အဘတသက်ကလေး အခြေမပျက်နေသွားရမှာပါ အသွဲ့ရဲ့"
"သြော်-အဘတသက်သာ မမယ်ဒွေးကိုယူမယ်။ အဘမျက်စိမှိတ်သွားရင် မမယ်ဒွေးကိုစွန့်ပစ်ပြီး ကျမနဲ့ယူကြမယ်ဆိုရင် မမယ်ဒွေး သူ့ခမြာ"
"စွန့်ပစ်လိုက်ဘို့လဲမဟုတ်ပါဘူးလေ။ အဘမျက်နှာနဲ့ သူ့ခမြာလဲ ဘယ်မှာမှ အားကိုးရာမရှိရှာတဲ့ ဥစ္စာ သူစိတ်ချမ်းသာသလို ၀တ်ဘို့စားဘို့ မပူရအောင် ကြည့်ရှုစောင့်ရှောက်ထားပြီး ကျုပ်တို့က"
"ဖြစ်ပါ့မလား ကိုချစ်ရယ်"
"ဖြစ်ပါတယ်လေ၊ မမယ်ဒွေးကလဲ ရူးပေါပေါကြီးပါ။ သူ့ဟာသူ နတ်ကတော်တွေနဲ့ နတ်မေး နတ်ပင့် နေရရင်ကြေနပ်မှာပါ။ ကျုပ်တို့က သူ့အလိုလိုက်ထားလိုက်ရင်ပြီးတာဘဲ"
"ဒါဖြင့်လဲ ကိုချစ်ကောင်းသလိုစီမံတော့လေ။ ကျမတော့ ကိုချစ်ပြုမှနုရမှာဘဲ။ နို့ပြီးတော့ အဘကိုလဲ ညှာသင့်ပေတာကိုး"
"အသွဲ့အမေကိုလဲ ဒီအကြောင်း တိုးတိုး တိတ်တိတ်ကြိတ်ပြောထားလိုက်အုံးနော်။ တော်တောကြာ အကြောင်းမသိတော့ စိတ်မကောင်းဖြစ်နေရှာအုံးမယ်"
"ပြောပါမယ်ရှင်။ ပြောပါမယ်။ အမေကလဲ တကယ်ဆိုတော့ အဘရဲ့အရိပ်မှီခိုနေရသူလဲဖြစ်တယ်။ ပညာခံတပည့်မတဦးလဲဖြစ်တယ်။ ဒီတော့ အဘကျေးဇူးတွေထောက်မျှော်ပြီး လူကြီစိတ်ချမ်းသာအောင် ပြုတာကို ချီးမွမ်းမှာပါဘဲကိုချစ်ရယ်"
သို့နှင့် များမကြာမှီ ဦးပေတိုးသည် တပည့် ဘိုးချစ်ဦးအား သမီးမယ်ဒွေးနှင့် လူစုံဘိတ်ကြား၍ ပေးထိမ်းမြားလိုက်လေရာ ဘိုးချစ်ဦးနှင့်မယ်ဒွေးတို့မှာ တရားဝင်သော အကြင်လင်မယားအဖြစ်ရောက်ရှိသွားလေ၏။
အချစ်ဦးမယ်သွဲ့ကလေးမှာလည်း နီးရက်နှင့်ဝေးနေရှာသော ဘိုးချစ်ဦးအတွက် စိတ်လက်မကောင်းမိသည်တိုင်အောင် မိမိတို့အချစ်မှာ အမြစ်အခြေခိုင်ခိုင်နှင့် မယိုင်မလဲ အမြဲတည်တန့်နေမည့် အချစ်မျိုးဖြစ်သောကြောင့် ဖြေမနိုင်ဆည်မတန့်နိုင်စရာ အကြောင်းမဟုတ်၍ ခပ်ကုတ်ကုတ်ကလေး က္ကုနြေ္ဒမပျက်နေနိုင်ခဲ့သလို ဘိုးချစ်ဦးမှာလည်း မယ်ဒွေးနှင့် အမည်အားဖြင့် လင်မယားဆိုရစေကာမူ လူချင်းကား မောင်နှမလိုသာနေထိုင်ခဲ့လျှက် တချက်တချက် မယ်ဒွေးက "နိုင်ချင် ကြက်လို"မကြာခဏ ခေါင်းဆိပ်ခံရသည်မှတပါး များစွာပူပင်ကြောင့်ကြရန် အရေးမကြုံရှိခဲ့လေ၏။
သို့သော် ဦးပေတိုးကြီးမှာမူကား တခါတရံတွင် ပြောရမှန်းမသိ မပြောရမှန်းမသိ ရူးပေါပေါနှင့်ထင်ရာဇွတ်တွန်းပြောတတ်သော မယ်ဒွေး၏ပါးစပ်မှ-
"အဘရေ....."
"ဟေ-ဘာတုန်းဟ"
"ကျုပ်နဲ့ချစ်ဦးနဲ့ ဘာတော်တုန်း"
"လင်မယားလဟာ"
"လင်မယားဆိုတာ အရှေ့ဘက်အိမ်က မိထူးနဲ့ဘိုးမှန်းတို့လိုမှ လင်မယားတဲ့တော့။ ဘိုးမှန်းတို့လင်မယား အိပ်ကြတာဟုတ် အရင်တခါတုံးက ကျုပ်ရယ် ဘိုးညှင်းအမမိပုဆိုတဲ့ အပျိုကြီးရယ် အသာကလေး ထရံပေါက်ကချောင်းကြည့်တယ်တော့။ ဘိုးမှန်းကလေ မိထူးကိုယ်ပေါ်ခြေထောက်တဘက်တင်ပြီးဘက်လို့။ စောင်တထည်တည်းခြုံပြီးအိပ်ကြတယ်။ နို့ပြီးတော့လဲ ဘိုးမှန်းက မိထူးကိုလေ-ဟိုလေ-
"ဟဲ့-တော်စမ်း-တော်စမ်း။ ဒါတွေ ငါ့လာပြောရတာမဟုတ်ဘူး"
"အို-ငါ့လာမပြော ဘယ်လင်သွားပြောရမလဲလို့"
"ချစ်ဦးကိုသွားပြောလေ ချစ်ဦးဟာနင့်လင်ဘဲ"
"ဟီ-ဟိ တယ်ဟုတ်ပါလိမ့်။ မဟုတ်လို့ ကျုပ်ကအခုပြောနေတာ။ ကျုပ်နဲ့ချစ်ဦးလေ တခန်းထဲအိပ်ပေတဲ့ ဘိုးမှန်းနဲ့မိထူးတို့လိုမဟုတ်ပါဘူးဆိုနေ"
"ခက်ပါပြီဟဲ့-သွားစမ်း-သွားစမ်း။ ငါနေထိုင်မကောင်းတဲ့အခါ တွေ့ကရဟာတွေလာပြောမနေစမ်းနဲ့။ ဟေ့-ဘိုးချစ်ဦးရေ လာစမ်းပါအုံးကွာ ဟောဒီမှာ မယ်ဒွေးစကားများလွန်းလို့ လာခေါ်စမ်းပါအုံး"
ဟု ပြောလိုက်မှ ဘိုးချစ်ဦးပေါက်လာကာ-
"အို-မမယ်ဒွေး လာပါဗျာ။ အဘနေမကောင်းပါဘူး။ သူ့ဟာသူအေးအေးနေပါစေ။ လာပါ မမယ်ဒွေးရဲ့"
ဟု ချော့ချော့မော့မော့ ခေါ်သည်တိုင်အောင် မယ်ဒွေးမှာ ပမာမခန့်နေမြဲနေရာက-
"အမာ-ဘာလဲ ချစ်ဦးက ငါ့ဖာသာငါပြော နင်နဲ့ဘာဆိုင်တုံး။ နင်ကငါ့လင်မို့ပြောရတာလားလို့"
"အို-မမယ်ဒွေးနှယ်ဗျာ။ ကျွန်တော်ပြောမယ် ဒီလာစမ်းပါအုံး"
"ငါ့ဆီ နင်လာပြောပါလားဟဲ့ ချစ်ဦးရဲ့။ နင့်ဆီငါဘာလို့လာရမှာလဲ"
"ကဲ-နေဗျာဒါဖြင့်။ ဟိုအကြောင်းပြောမလို့ ကျုပ်ကခေါ်တာ။ ပခန်းမင်းကလေးအကြောင်းလေ"
"ဟေ-ဟုတ်လား။ ငါအိပ်ရာနား ပခန်းမင်းကလေး ကြွလာပြန်ပြီလား။ ဒီလိုဆို စောစောကလာပြောရောပေါ့ ချစ်ဦးရယ်"
ဟု ဆိုကာ အခန်းထဲသို့ ခုန်ပေါက်ခါပြေးလေ၏။ ချစ်ဦးကား မယ်ဒွေးအကြိုက်နှင့်မျှားခေါ်လိုက်ပြီးနောက် အခန်းထဲတွင် နှစ်ယောက်သားတွေ့ကြမှ-
"ဒီမယ်ဗျ မမယ်ဒွေး။ အဘကို မဟုတ်ကဟုတ်ကတွေ ဘာလို့သွားပြောနေရတာလဲ။ ဒီစကားမျိုးဆိုတာ အဘေနဲ့သမီးပြောကောင်းတာမဟုတ်ဘူးဗျ။"
ဟဲ့-ငါသိပါ့မလား။ ပြောချင်ပြောမှာပေါ့။ ဘာလဲ နင်နဲ့ငါနဲ့ လင်မယားဆိုပြီး တခန်းထဲအတူနေပေတဲ့ ဘိုးမှန်းနဲ့မိထူးတို့လို့-"
"အို-ဒါက ဒီလိုမမယ်ဒွေးရဲ့။ မိထူးကမိထူးဘဲ။ မမယ်ဒွေးကမမယ်ဒွေးဗျ။ မမယ်ဒွေးမှာ သူများနဲ့တူတာမဟုတ်ဘူး။ ပခန်းမင်းကလေးက အင်မတန်ကြိုက်နေတာဗျ"
"အေး-အေး-ဟုတ်လိုက်ထာဟယ်။ ငါ့ကို ပခန်းမင်းကလေးကြိုက်နေတယ်ဆိုတာ နင်သိတယ်နော်ချစ်ဦး။ အေး-နင်တော်တယ်-တော်တယ်"
"အဲဒါပြောမလို့ပေါ့။ ပခန်းမင်းကလေးနဲ့ကျုပ်နဲ့တွေ့တယ်ဗျ"
"ဟေ-ဟုတ်လား ပြောစမ်းပါအုံး ချစ်ဦးရဲ့။ နင်နဲ့ဘယ်တုံးကတွေ့ကြသလဲ။ ငါ့အကြောင်းကောဘာပြောသွားသေးလဲ"
"ပြောတာပေါ့ဗျ။ ဒါနဲ့နေအုံးနော်။ ဒီအကြောင်းကို ဘယ်သူ့မှမပြောရဘူးတဲ့ ပခန်းမင်းကလေးက မှာသွားတယ်။ ကုန်ကုန်ပြောလိုက်မယ်လေ။ သူနဲ့တွေ့ကြတယ်ဆိုတာကို နတ်ကတော် မဆီဘူးတို့တောင် မသိပါစေနဲ့တဲ့။ အဲ-ဒါဘဲ။ ခင်ဗျားသွားပြောမိရင်တော့ ပခန်းမင်းကလေးက စိတ်ဆိုးလိမ့်မယ်"
"အေးပါဟယ်-ငါနားလည်ပါတယ် မပြောပါဘူး။ ဟိုကမှာသွားတာသာ ငါ့ကိုမြန်မြန်ပြောစမ်းပါ"
"ဒီလိုဗျ ဒီလို။ ကျုပ်နဲ့ပခန်းမင်းကလေးနဲ့ဟာ ခဏခဏတွေ့တယ်။ တွေ့တိုင်း တွေ့တိုင်း ပခန်းမင်းကလေးက ကျုပ်ကိုမျက်နှာထားဆိုးကြီးနဲ့ အမြဲကြည့်နေတယ်။ ဒီတော့ ကျုပ်လဲကြောက်ကြောက်နဲ့ပေါ့လေ "ကျွန်တော့ကို ဘာအပြစ်ရှိလို့ ဒီလိုကြည့်ရပါသလဲခင်ဗျာလို့"မေးတော့ကာ "ဟဲ့ ချစ်ဦး နင်ဟာ ငါ့မယားလောင်းကို ဘာပြုလို့ယူထားသလဲ မယ်ဒွေးကိုငါအင်မတန်ကြိုက်နေလို့ မကြာခင် ကောက်တော့မယ်ဆိုတာ နင်မသိဘူးလား"တဲ့။ ဒီတော့ ကျုပ်ကလဲ "မသိပါဘူး ပခန်းမင်းကလေးရယ်။ အဘကလဲပေးစားတာနဲ့ယူလိုက်ရပါတယ်။ ကျွန်တော့ကိုချမ်းသာပေးပါ"လို့ တောင်းပန်တော့မှ "အေး-မသိလို့ယူမိရင်ရှိစေတော့။ ဒါပေမဲ့ နင် ငါ့မယားလောင်းကို လက်ဖျားနဲ့မှမထိရဘူး။ တအိပ်ရာထဲလဲမအိပ်ရဘူး။ တခန်းထဲနေပေမဲ့ တနေရာစီ ခွဲအိပ်ရမယ်။ အဲဒါ ငါ့စကားနားမထောင်လို့ရှိရင် နင့်ကိုစီးတော်မြင်းနဲ့ တိုက်သတ်မယ်။ ယောက်ဖတော် ရွှေပြုံးမင်းကလေးဆီက စီးတော်ကျားကိုငှားပြီး ကိုက်သတ်ပစ်မယ် သိရဲ့လား။ ငါ ဒီလိုပြောသွားတာကိုလဲ မယ်ဒွေးမှတပါး ဘယ်သူ့ကိုမှမပြောရဘူး"တဲ့ သိရဲ့လား။ အဲဒါကြောင့် ကျုပ်မှာကြောက်လွန်းလို့ မမယ်ဒွေးအနားသိတ်မကပ်ဝံ့တာဗျ။ ခင်ဗျားကြီးက ဘာမသိ ညာမသိနဲ့ အဘကို ဘာဘာညာညာဟ၀ှါမပြုတာတွေသွားပြောနေလို့ ခုမှခေါ်ပြောရတာ သိလား"
ဟု ပြောလိုက်သည်တွင် မယ်ဒွေးမှာ မိမိအကြိုက်ဆုံးသောအလုံးဖြစ်၍ ပြုံးပြုံး ပြုံးပြုံးနှင့် နားထောင်၍ မအီမမုန်းနိုင်အောင်ဖြစ်သွားကာ-
"ငါမသိလို့ပါ ချစ်ဦးရာ။ ဒါဖြင့် ပခန်းမင်းကလေးဟာ ငါ့ကိုတကယ်ကြိုက်နေရှာတာဘဲနော်။ အို-ငါကလဲသိတ်ကြိုက်တာဘဲဟယ်။ သူကလဲကြိုက်နေလို့ရှိမှ မြန်မြန်ကောက်လိုက်ပါလားလို့။ ဒါနဲ့ ချစ်ဦးရ ပခန်းမင်းကလေးကမကြိုက်ဘူးဆိုရင် နင် ငါ့အနားသိပ်မကပ်နဲ့နော် သိလား။ နင့်ကို စီးတော်ကျားနဲ့တိုက်သတ်ထာကအရေးမကြီးဘူးဟဲ့ ငါ့ကိုမကောက်တော့ဘဲနဲ့ စိတ်ပျက်သွားမှာ စိုးရတယ်"
"စိတ်ချပါ။ မကပ်ပါဘူး။ ခင်ဗျားကြီးကသာ အဘကိုသွားမပြောပါနဲ့။ ဒါထက် ပခန်းမင်းကလေးအကြောင်းနဲ့ပတ်သက်ပြီး နတ်ကတော်ကြီးမဆီဘူးက မမယ်ဒွေးကို ဘာပြောသေးသလဲဟင်"
"မဆီဘူးကလား ပခန်းမင်းကလေးက ငါ့ကိုသိတ်ကြိုက်နေတယ်တဲ့။ ဒါပေတဲ့ ငါ့မှာ ဘာဆိုလားရှိနေလို့မကောက်သေးတာတဲ့။ အဲဒါမြန်မြန်ကောက်အောင် နတ်ဆေးတိုက်ပေးမယ်တဲ့။ နတ်ဆေးမတိုက်ခင် နတ်ကန္နားပေးရသေးတယ်တဲ့။ နတ်ကန္နား တခါတခါပေးတယ်ဆိုရင် ဆိုင်းနဲ့ဝိုင်းနဲ့ ကန်တော့ပွဲတွေ ဗောင်းတော်ပုဝါတွေ ပုဆိုးတွေ အရက်တွေ ကြက်တွေဝယ်ရလို့ ငွေနှစ်ရာ သုံးရာကုန်တယ်တဲ့"
"နို့-အရင်နှစ်ထဲကတခါ ဒီနှစ်ထဲမှာတခါ အဘပေးပစ်ခဲ့တဲ့ငွေထဲက ခင်ဗျားကြီးနတ်ကန္နားပေးပစ်ထာ နှစ်ခါရှိပြီမဟုတ်လား။ အဲဒီတုန်းက ခင်ဗျားတောင် နတ်ကန္နားပေးတဲ့အထဲ နတ်ပူးပြီး ၀င်ကသေးတယ်ဆို"
"ဟဲ့-နင်က ကမှန်းမသိဘဲနဲ့ အရမ်းမပြောနဲ့အုံး။ အဲဒီတုန်းက နတ်ကန္နားနှစ်ခါပေးတာဟာ ဒီကိစ္စအတွက်မဟုတ်ဘူး။ ပထမတခါနတ်ကန္နားပေးတာက ငါ့ကို နတ်တွေ အရှင်သခင်တွေ ချစ်ကြအောင် အရေးယူကြအောင်ဆိုပြီး နတ်ကတော်ကြီး ဒေါ်ဆီဘူးက မိတ်ဆက်နတ်ကန္နားပေးပေးတာတဲ့။ နောက်တခါ နတ်ကန္နားပေးတာကတော့ ငါ့လိပ်ပြာကလေးလှလာအောင် ငါ့လိပ်ပြာကလေးလှလာမှ အရှင်သခင်တွေက ပိုပြီးချစ်ကြမှာကိုး။ ဒါကြောင့် လိပ်ပြာလှအောင်ဆိုပြီး နတ်ကန္နားပေးရတာ။ အခုတော့ ငါ့လိပ်ပြာလှလို့ ပခန်းမင်းကလေးကိုယ်တိုင် ချစ်ကြိုက်လာပြီ။ အဲဒါ မြန်မြန်ကောက်အောင် နတ်ဆေးမတိုက်ခင် နတ်ကန္နားသုံးခါပေးရမယ်တဲ့။ အခုငါ့ဆီမှာ အဘအပ်ထားတဲ့ငွေသုံးရာထဲရှိတယ်။ နတ်ကန္နားသုံးခါပေးဘို့မဆိုထားနဲ့ တခါပေးဘို့တောင် မလောက်ချင်သေးဘူး"
ဟု ပြောရာ ဘိုးချစ်ဦးမှာ
"အင်း-ခက်တော့တာဘဲ။ အဘိုးကြီး ပင်ပင်ပမ်းပမ်းရှာဖွေရသမျှတော့ မဆီဘူးတို့မြှိုက်ချတိုင်း ဒီမမတဘက်တလမ်းက သရမ်းနေတာနဲ့"ဖို့မလောက်"ဖြစ်နေပြီဟု စိတ်တွင်းက ညည်းညူမိသည်တိုင်အောင် မိမိနှင့်အသွဲ့တို့၏နောင်ရေးနှင့်တကွ ယခုလက်ငင်း မိမိခေါင်းဆင်နင်းခံရမည့်အရေးများအတွက် တဘက်တလမ်းမှကာကွယ်ရန် လမ်းပေါက်ပွင့်နေသည့်အလျှောက် မယ်ဒွေးအလိုကို အနှောင့်အယှက်မပေးဘဲ ခပ်အေးအေးမြုံနေလိုက်ခါ.....
""အေးလဗျာ။ ဒါဖြင့်လဲ ဒီတခါ အဘနဲ့ကျွန်တော်နယ်ထွက်ရင် ငွေရလာမှာဘဲ။ အဲဒီတော့ ခင်ဗျားလုပ်ချင်တာလုပ်ထာပေါ့"
ဟု အလျှော့ပေး၍ ကြိုက်ဆေးနှင့် ခပ်လိုက်မှ မယ်ဒွေးပါးစပ်ငြိမ်လေတော့၏။
********* ************* **************
by facebook page

နတ်နှင့်နဂါး (ဇာတ်သိမ်း)


ဦးပေတိုးလည်း
သမီးကိုအိမ်ထောင်ပေးစားလိုက်ပြီးသည့် အချိန်ကစ၍ နဂိုကလူကြီးနာနှင့်
သယိုသရီမမာလာသော ဝေဒနာအခံမှာ တနေ့တခြား တလတပါးဆိုသလို တိုး၍လာခဲ့လေ၏။
သမီးဖြစ်သူမယ်ဒွေးမှာ အရူးအပေါဖြစ်ရှာသည့်အလျောက် အဘေဖြစ်သူအတွက်
တခွန်းတစက်မျှ ပူရကောင်းစေမသိ မိမိဝါသနာပါလှသည့် အရှင်ကြီးများကိစ္စနှင့်သာ
အချိန်ကုန်ခဲ့သလောက် ဘိုးချစ်ဦးမှာ ဆရာတပိုင်း အဘတပိုင်းဖြစ်နေရှာသော
ဦးပေတိုးအား ကြိုးကြိုးစားစား ခြေဆုပ်လက်နယ် ပြုစုယုယနေလေတော့၏။
"ငါ့သားကြီး အဘတော့မနေရဘူး။ ဒီဝေဒနာနဲ့သေရတော့မယ်။ အဘမရှိတဲ့နောက်
အဘရဲ့အလုပ်ကြီးကို ငါ့သားအုပ်စီးပြီး အဘလက်ထက်ကလို
ဆက်လက်လုပ်ကိုင်ရလိမ့်မယ်နော်"
"ဟုတ်ကဲ့အဘ ကျွန်တော်တို့ဟာ ဒီအလုပ်ကို သားစဉ်မြေးဆက်ဆိုတာလို
အားထားလုပ်ကိုင်သွားကြရမှာဘဲ အဘရဲ့"
"အေး-ဒီအတွက်တော့ ဟုတ်ပါပြီ။ ငါ့သားကိုအဘေ မသေခင်အရေးကြီးတဲ့ အချက်အလက်ကလေးတွေ မှာချင်သေးတယ်ကွဲ့"
"မှာပါ အဘရဲ့-မှာပါ"
"အေးအေး သေသေချာချာနားထောင်နော်။ အဘတို့အလုပ်ဟာ စုန်း နတ် တစ္ဆေဆိုတဲ့ဟာတွေကို အတော်ရင်းနှီးဆက်ဆန်ရတယ်ဆိုတာ ငါ့သားအသိဘဲမဟုတ်လား။ အဲဒီလို ရင်းနှီးဆက်ဆန်တာမှာလဲ ဒီစုန်း နတ် တစ္ဆေတွေရဲ့အပေါ်မှာ အဘတို့က ခပ်စွာစွာနဲ့အပေါ်ကစီးပြီး ဆက်ဆန်လာကြတယ်ဆိုတာလဲ မောင်အသိဘဲ"
"ဟုတ်ကဲ့ အဘ"
"နေအုံးကွဲ့။ အဲဒီ စုန်း နတ် တစ္ဆေတွေရဲ့ အပေါ်မှာ အဘတို့က ဘာကြောင့် အထက်ကနေပြီး စွာနိုင်သလဲဆိုတော့ အဘတို့မှာ သူတို့ထက်သာတဲ့ မန္တာန်ဆရာများဖြစ်တာတကြောင်း ကတိသစ္စာတည်ကြည်ခိုင်ခန့်တာတကြောင်း ဆိုပါတော့ကွယ်"
"ဟုတ်ကဲ့ ခင်ဗျာ"
"မန္တာန်တွေ မန္တရားတွေစွမ်းတာလဲ တမျိုးပေပေါ့။ သို့သော်လဲ မန္တာန်ဘယ်လောက်စွမ်းစွမ်း ကတိသစ္စာမတည်ရင်လဲ အလကားဘဲ မောင်ချစ်ဦးရဲ့"
"ဟုတ်ကဲ့ ခင်ဗျ"
"နတ်နဲ့ နဂါး-မလှည့်စားနဲ့"ဆိုတဲ့ စကားပုံလဲရှိတယ်။ သည်တော့ကာ ငါတို့အလုပ်ကိစ္စနဲ့ ပတ်သက်လာသမျှမှာ အမြဲကတိသစ္စာတည်ပါစေ။ အလုပ်နဲ့ပတ်သက်တဲ့ကတိကိုပြောတာနော်။ အပြင်ကတိကို မဆိုလိုဘူး။ ဥပမာကွယ်-အဘသမီးမယ်ဒွေးကို မင်းတသက်လုံးစောင့်ရှောက်ပါမယ်ဆိုတဲ့ကတိမျိုးက ကိုယ်ရေးကိစ္စနဲ့ပတ်သက်တဲ့အပြင်ကတိမျိုးခေါ်တယ်ကွဲ့။ အလုပ်ကိစ္စနဲ့ပတ်သက်တဲ့ကတိက ငါတို့အလမ္မာယ်ပြဘို့ မြွေဘမ်းကြတဲ့အခါ စုန်း နတ် တစ္ဆေတွေနဲ့တကွ မြွေကိုပါ တိုင်တည်သစ္စာပြုပြီး "ဘယ်အရပ်က ဘယ်မြွေကို ဘယ်နှစ်နှစ်ခိုင်းပြီးပြန်ပို့ပါ့မယ်ဆိုတဲ့ ကတိပေါ့။ အဲဒီကတိမျိုးကို အဘဆိုလိုတာဘဲ ကြားလား"
"ဟုတ်ကဲ့ အဘ-ကျွန်တော် နားလယ်ပါတယ်"
"နတ်နဲ့နဂါး-မလှည့်စားနဲ့"ဆိုတဲ့ စကားထဲမှာ မိစ္ဆာနတ်ဆိုတာတွေဟာလဲ ကောင်းကျိုးကိုသာမပေးနိုင်ရှိရမယ်။ ဆိုးကျိုးပေးဘို့တော့ အင်မတန်လွယ်ကြတယ်။ စုန်း ကဝေဆိုတာတွေကတော့ သာဆိုးသေးတာပေါ့။ သူတို့ထက်စာရင် တစ္ဆေ သူရဲတွေက စိတ်ပြော့ကြသေးတယ်။ အဲဒီသတ္တ၀ါတွေနဲ့ နဂါးမျိုးနွယ်အဆက်ဖြစ်တဲ့ မြွေများဟာလည်း အမြဲတန်းအပမှီပြီး တဦးနဲ့တဦး အထူးဆက်သွယ်တတ်တဲ့ ဓလေ့ရှိတယ်။ တကဲ့နဂါးမျိုး တန်ခိုးက္ကုဒ္ဓိနဲ့ပြည့်စုံတဲ့ဟာတွေဆိုတာမှာတော့ ပြောစရာမရှိတော့ဘူးကွယ်။ အဲဒါကြောင့် သူတို့ကို ငါတို့ကလက်ကိုင်ပြုပြီး ပစ္စည်းရှာဖွေနေရတဲ့ လူတွေဆိုတော့ "ကျီးဘုတ်ရိုသေမှ-ဘုတ်ကျီးရိုသေ"ဆိုတာလို သူတို့အပေါ်မှာ စွာချင်သရွေ့စွာပြီး ဆရာလုပ်ချင်သရွေ့လုပ်နေနိုင်အောင်ဟာ မန္တာန်ကောင်း မန္တယားကောင်းတွေနဲ့ အားထားရုံ အားထားမနေဘဲ ကတိသစ္စာကိုလဲ မြဲရလိမ့်မယ်နော်"
"ဟုတ်ကဲ့အဘ"
"ကဲ-ကဲ ဒါဖြင့် အဘလဲ နေ့ ည သေရတော့မယ်။ ဒီတော့ကာ အဘကတိသစ္စာခံပြီး ဘမ်းထားတဲ့ မြွေများရဲ့ကတိတာဝန်ကို ငါ့သားကိုလွှဲရတော့မယ်။ ဒီလိုမလွှဲခဲ့ဘဲနဲ့ အဘသေသွားရှိရင် ဒီမြွေတွေကို ငါ့သားသြဇာမပေးနိုင်ဘူး။ သြဇာအာဏာပေးလို့လဲ သူတို့က ခံကြမှာမဟုတ်ဘူး။ ဒါကြောင့် ငါ့သားကို အဘမသေခင် စုန်း နတ် တစ္ဆေအများနဲ့ ဘမ်းထားတဲ့မြွေများကို အာဏာလွှဲဘို့ကတိသစ္စာပြောင်းပေးစရာ နက်ဖြန်ကို ကန်တော့ပွဲ အုန်းပွဲ ရှာနီအုတ် ဆန် ပန်း ပေါက်ပေါက်မှစပြီး အစစအသင့်ပြင်ဆင်ထားပေတော့ကွဲ့"
"ဟုတ်ကဲ့အဘ"
"ဟို-ပချုပ်အနက်ထဲက ငန်းဝါကြားကြီးဟာ အကြီးလဲအကြီးဆုံး အဆိုးလဲအဆိုးဆုံးနော်။ သူ့ကိုကြပ်ကြပ်သတိထားနေစမ်း။ နေစမ်း- အဲဒီအကောင်းကြီးဘမ်းတုန်းက သုံးနှစ်ထဲခိုင်းပါမယ်လို့ ကတိထားခဲ့သနော် မှတ်ထားမောင်ချစ်ဦး။ အခုသူ့ကိုခိုင်းခဲ့တာ နှစ်နှစ်နဲ့ သုံးလရှိပြီ။ သူ့ပြန်ပို့ဘို့ ကိုးလထဲလိုတော့တယ် မှတ်ထား"
"ဟုတ်ကဲ့ အဘမှတ်ပြီးပါပြီ"
"အေး-အေး ဟုတ်ပြီ။ နောက်ပြီး ပချုပ်နီထဲကစပါးအုန်းကြီးလဲ သုံးနှစ်ဘဲ သူလဲငန်းဝါကြားကြီးနဲ့ တလသာနောက်ကျတယ်။ ဟို-ငန်းစောင်းညီအစ်ကိုနှစ်ကောင်နဲ့ မပွေးမီးတိုကြီးကတော့ နှစ်နှစ်လောက်လိုပါသေးတယ်။ ပချုပ်ဖြူထဲကမြွေဟောက်သုံးကောင်ကိုလဲ ကောင်းကောင်းမွေးဟေ့။ သူတို့ကရှေ့အလားအလာအများကြီး မျှော်လင့်စရာတွေရှိနေတယ်။ သူတို့အတွက် သုံးနှစ်တောင်လိုပါသေးတယ်။ ကဲ-ဒါတွေ သေသေချာချာ ရေးမှတ်ထားနော်"
"ဟုတ်ကဲ့ အဘရေပြီးပါပြီ"
"အေး-အေး နက်ဖြန်ကတိလွဲပွဲမှာ ကန်တော့ပွဲတွေပြင်ပြီးရင် ဒီမြွေပချုပ်တွေကိုလဲ အားလုံးထုတ်ပြီး ကန်တော့ပွဲနဲ့ အတူပြင်ထားရလိမ့်မယ်။ ဟေ့-ကတိယူပြီးတဲ့အခါ ငါ့သားကိုယ်တိုင် မြွေပချုပ်တွေကို စေ့အောင်ကတိပေးရလိမ့်အုံးမယ် ကြားလား။ ကဲ-ကဲ သွား-သွား ညဥ့်နက်ပြီ အိပ်ချေတော့"
++++++++++++++++ +++++++++++++++++++ +++++++++++++++



ဘိုးချစ်ဦးသစ္စာကတိ အလွှဲခံပြီးသော အချိန်မှစ၍ နောက်ဆယ့်ငါးရက်ခန့်မျှအကြာတွင် အလမ္မာယ်ဆရာကြီး ဦးပေတိုးမှာ စွဲကပ်ရင်း လူကြီးနာနှင့်ပင် ကွယ်လွန်သွားရှာပြီဖြစ်ရာ ဘိုးချစ်ဦးသာလျှင် ဆရာကြီးခြေရာနင်း၍ အရပ်ရပ်ကိစ္စမှန်သမျှ တာဝန်ယူရတော့လေ၏။
အရူးအပေါကြီး မယ်ဒွေးကား ထူးမခြားနားဆိုသလို နဂိုဝါသနာအတိုင်း နတ်ရူးမကြီးတပိုင်းဖြစ်ခါ နတ်ကတော်ကြီးမဆီဘူးထံသို့သာ သွားလာဝင်ထွက်မြဲ သွားလာဝင်ထွက်၍နေပြီး လက်ထည်းရှိသမျှ ပိုက်ဆံကြေးငွေများကိုလည်း တပြားမကျန် မဆီဘူးလက်သို့ အပ်နှံကာ နတ်ကန္နားပွဲအတွက် အားတက်သရော စုဆောင်းနေလေ၏။
မယ်သွဲ့မှာလည်း မိမိချစ်ရည်းစားအတွက် နီးကွက်ပေါ်သည်ထက်ပေါ်လာပြီဖြစ်သောကြောင့် ဘိုးချစ်ဦးမြန်မြန်ငွေရှာရလျှင် မယ်ဒွေးပခန်းမင်းကလေးနှင့် လက်ထပ်နိုင်မည်။ မယ်ဒွေးနတ်ကတော်အထင်ကရဖြစ်သွားမှ မိမိနှင့်ဘိုးချစ်ဦးတို့လည်း အတင့်အတယ်နေနိုင်ရန် အခွင့်အလမ်းသာမည်ဟု ဘိုးချစ်ဦးနှင့် နှစ်ကိုယ်ကြား တိုင်ပင်ထားသည့်အတိုင်း သိနေပြီဖြစ်ရုံမက တခါကမူ ဘိုးချစ်ဦးကိုယ်တိုင်ပင်-
"ဒါနဲ့ မမယ်ဒွေးရာ ခင်ဗျားကတော့ နတ်ကတော်ကြီးဖြစ်ရမှာကြောင့် ၀မ်းသာနေတယ်။ ကျုပ်တော့ ခင်ဗျားနဲ့မင်္ဂလာဆောင်ထားရတာနဲ့ ဘယ်သူ့မှလဲမယူရတော့ဘူး။ ဘယ်သူကမှလဲမကြိုက်ဝံ့တော့ဘူး။ ကျုပ်မှာအလကားနေရင်း ကြားထဲက ထားစာခံလုပ်နေရတယ်။ ကျုပ်လဲမိန်းမလေးဘာလေး ယူချင်သေးတယ်ဗျ"
ဟု တမင်တကာ စကားအောက်နှင့် ငါးခြောက်ဝယ်လေရာ ဘယ်သူသေသေ ငတေမာရင်ပြီးရော ဆိုသောစကားအတိုင်း မိမိနတ်ကတော်ဖြစ်ရလျှင် ကြေနပ်နေသော မယ်ဒွေးက ခပ်အေးအေးပင်.......
"အေးဟာ- နင်မယားယူချင်လည်းယူလေ ပခန်းမင်းကလေးကလဲ နင်နဲ့ငါနဲ့အတူနေတာမကြိုက်ဘူးဆိုတော့ နင်လဲနင်ယူချင်တဲ့မိန်းမယူပေါ့။ ဒါပေတဲ့ ငါ့ကို နင်ရှာရတဲ့ပိုက်ဆံတွေ အကုန်ပေးရမှာတော့ သိလား..........."
"ပေးပါ့မယ်ဗျာ။ ဒါတော့မပြောတောင်ပေးမှာပါ။ ဒါပေတဲ့ ကျုပ်ကိုခင်ဗျားနဲ့ ရပ်သိရွာသိဖြစ်နေတော့ ဘယ်သူကယူဝံ့မှာလဲဗျ။ ကျုပ်ကကြိုက်ပါတယ် သွားပြောရင် အကြောင်းမသိတော့ ပါးချလွှတ်မှာပေါ့။ ဒီတော့ ကိုယ်နိုင်တဲ့အထဲက တယောက်တယောက်နဲ့ ခင်ဗျားပဲကြည့်ပြောပေးပါလားဗျ"
ဟု အသားလို၍ အရိုးတောင်းလိုက်ခြင်းကြောင့် မယ်ဒွေးကလည်း မိမိနိုင်သူဆို၍ မယ်သွဲ့တဦးကိုသာ ကြည့်၍မြင်သည့်အလျှောက်....."
"အေးကွာ-ငါလဲတခြားတော့ သွားရှာမပေးတတ်ဘူး။ နင်လိုချင်တယ်ဆိုရင် မယ်သွဲ့လေးကို ငါပြောပေးမယ်လေ။ ယူမလား........."
ဟု စကားစထွက်လာလျှင်ပင်-
"ဟင်-ဒါတော့ ကျွန်တော်ဘယ်ပြောတတ်မလဲ မမယ်ဒွေးရ။ ခင်ဗျားက သူ့ကိုယူဆိုရင် ယူရမှာဘဲလေ"
ဟု ဘိုးချစ်ဦးက ပြောလိုက်၍-
"အေးပါဟာ သူ့ကိုဘဲယူပါ ငါပြောပေးပါ့မယ်"
ဟု တာဝန်ခံသည်တွင်
"ဒီလိုဆို ခင်ဗျားဘဲမယ်သွဲ့ကိုပြောပေးလေ။ ကျုပ်တော့မပြောချင်ဘူး"
ဟု စူဠလိပ်မာယာမျိုး လုပ်နေပြန်သောကြောင့် အရူးအပေါကြီးမယ်ဒွေးမှာ မယ်သွဲ့အားဘိုးချစ်ဦးကိုယူရန် နားချပေးသဖြင့် မယ်သွဲ့ကလည်း အတွင်းကြိတ်ပြုံးကာ-
"ကျမတော့ ဘာသိမလဲလေ။ မမဒွေးကြေနပ်သလိုစီမံတာခံရမှာပေါ့"
ဟု ပြောလိုက်သောကြောင့် ဘိုးချစ်ဦးနှင့်မယ်သွဲ့တို့မှာ မယ်ဒွေးအသိအမြင် ချစ်ခင်စုံမက်သူများ ဖြစ်လာကြပြန်လေတော့၏။
သို့နှင့် မယ်သွဲ့၏မိခင်မကြီးမှုန် မယ်သွဲ့၊ ဘိုးချစ်ဦးတို့မှာ မယ်ဒွေးကိုလည်း ကြင်ကြင်နာနာစောင့်ရှောက်ခါနှင့် သူ့အလိုလိုက်၍ သူ့စိတ်ကြိုက်ကိုဆောင်ရွက်နေကြရှာလေရာ မယ်ဒွေးမှာလည်း နတ်ကတော်ကြီးဒေါ်ဆီဘူးလှည့်စားသည့် ပိုက်ကွန်တွင် အမိကြီးမိ၍ အငြိကြီးငြိကာ ဘိုးချစ်ဦးရှာစာ ဖွေစာထည်းမှ နှစ်ကြိမ်တိတိ နတ်ကန္နားပေးပြီးသည့်အချိန်အခါသို့ ရောက်လာလေ၏။
ဘိုးချစ်ဦးမှာ မိမိနှင့်မယ်သွဲ့တို့ လူသိရှင်ကြား အကြင်လင်မယားအဖြစ်ပေါင်းသင်းနေထိုင်ရန်မှာ မယ်ဒွေးအားနတ်ကြိုက်အောင် နတ်ကပ်ဆေးတိုက်ရန် သုံးကြိမ်နတ်ကန္နားပေးပြီးမှ ကိစ္စပြီးနိုင်မည်ဖြစ်သောကြောင့် ဒေါ်ဆီဘူးလိမ်လည်လှည့်ဖြား ညာလှိုင်းစားနေမှန်းသိလျှက်နှင့်ပင် မယ်ဒွေးအလိုအတိုင်း သုံးကြိမ် သုံးခါ နတ်ကန္နားပေးစရာငွေများကို ကြိုးကြိုးစားစားရှာဖွေလျှက် အထက်အခါများကထက် နယ်တွေသို့ထွက်၍ မြွေပြပွဲများကို မရပ်မနားလှည့်လည်ပြသလာရသည်အလျှောက် အိမ်သို့တစ်ကြိမ်တစ်ခေါက် ခေတ္တပြန်ရောက်သည်တိုင်အောင် ရက်ကြာကြာမနားဘဲ တသွားထဲသွား၍နေလေတော့၏။
ယင်းသို့ ဘိုးချစ်ဦးမှာ ငွေရဘို့အတွက်ကိုသာ အရေးတကြီးလုံးပမ်း၍နေရရှာသောကြောင့် ဦးပေတိုးမှာသော အလုပ်နှင့်ပတ်သက်သမျှ ကတိစကားများကိုပင် သတိမထားနိုင်အောင်ရှိလေ၏။ ပွဲပြသသော လက်ရှိမြွေများအနက် အလှဆုံး အကြီးဆုံး အဆိုးဆုံးနှင့် လူကြိုက်အများဆုံးဖြစ်သော "ငန်းဝါကြား"ကြီးမှာ ရက်စေ့မှန်းမသိစေ့လာလေ၏။ ဘိုးချစ်ဦးကား လူကြိုက်အများဆုံးဖြစ်သော ထိုမြွေကြီးကို ရက်စေ့တော့မည်ဟု သတိမထားမိဘဲ မြွေပွဲများတွင် အထူးစိတ်ဝင်စားစွာ ပြသလာခဲ့သလောက် ပရိသတ်များကလည်း အခြားသောမြွေများထက် အဆိုပါ ငန်းဝါကြားကြီးကိုသာ တမ်းတမ်းစွဲဖြစ်နေပြီး ငန်းဝါကြားကြီးမပါလျှင်ပင် ဘိုးချစ်ဦး၏မြွေပြပွဲကြီး ပျက်စီးရတော့မည်ကဲ့သို့ရှိနေလေ၏။
သို့နှင့် ဘိုးချစ်ဦးမှာ ငွေရဘို့လောဘဇောနှင့် အဆက်မပြတ် ပြသလာခဲ့လေရာမှ တနေ့သောည ဘိုးချစ်ဦးအိပ်ပျော်နေစဉ် ငန်းဝါကြားကြီးသည် သူ၏ပချုပ်ထဲမှ တလှုပ်လှုပ်တရွရွနှင့် ထွက်လာပြီး ဘိုးချစ်ဦးအနီးသို့ လျှောတိုက်ခါရောက်၍လာပြီး အနီးသို့ရောက်သည်နှင့်တပြိုင်နက် လူတရပ်စာမျှမြင့်သော ပါးပျဉ်းကြီးကိုထောင်ခါ ဘိုးချစ်ဦးကို စိမ်းစိမ်းပါအောင်ကြည့်နေရာမှ မြွေကြီးပါးပျဉ်းနေရာတွင် လူကဲ့သို့သဏ္ဍန်ပေါ်လွင်ပြီး စောစောကမြွေခေါင်းကြီးမှာလည်း မျက်ထောက်နီနီနှုတ်ခမ်းပြဲပြဲ လူတဦး၏ဦးခေါင်းပုံဖြစ်သွားကာ ခေါင်းတွင်လည်း ရှာနီစကို နှစ်ဘက်မိတ်ချ၍ပေါင်းလျှက် လက်နှစ်ဘက်တွင် သစ်ရွက်စိမ်းများကိုင်ကာ ဘိုးချစ်ဦးကို ခက်ထန်စွာ စူးစိုက်ကြည့်လျှက်ရှိလေ၏။
ဘိုးချစ်ဦးသည်လည်း အရိပ်မြင်သဖြင့် ထိုဏ္ဍန်ကို မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေမိရာ အဆိုပါ အပေါ်ပိုင်းနတ်စိမ်းလိုလို အောက်ပိုင်းကမြွေ၏ကိုယ်နှင့်ပြောင်းလဲနေသော ငန်းဝါကြားကြီးသည် အသံနက်ကြီးကိုထုတ်ခါ-
"ဟေ့-ဆရာ ငါရက်စေ့တော့မယ်။ မေ့နေသလား"
ဟု တခွန်းထည်း ခပ်ထန်ထန်ကြီးပြောပြီးနောက် နတ်စိမ်းလိုလိုအသွင်သဏ္ဍန်ပျောက်ခါ ငန်းဝါကြားကြီးအဖြစ်သို့်ပြောင်းလဲလျှက် သူ၏ပချုပ်ထည်းသို့ ပြန်ဝင်သွားသည်ကို တွေ့မြင်ရလေ၏။ ဘိုးချစ်ဦးလည်း ဤတွင်မှ အိပ်ရာကဖျပ်ခနဲလန့်နိုးပြီး ငန်းဝါကြားကြီးအတွက် လွှတ်ရန်ရက်နီးတော့ကြောင်း သတိရလေတော့၏။ "အင်း-ငါမေ့နေလို့သတိပေးတာဘဲ။ ဟုတ်ပါရဲ့ ငါကလဲခုမှဘဲသတိရတော့တယ်။ သြော် ဒီအကာင်ကြီးနဲ့ အင်မတန်စီးပွားဖြစ်နေတာ လွှတ်ရမှာနှစ်မြော-မြောဘဲလေ။ သူမရှိရင် ဒါလောက်လူကြိုက်များတော့မှာမဟုတ်ဘူး။ ရှိတဲ့မြွေသုံးကောင်နဲ့ စပါးအုံးကြီးဟာလဲ သင်လို့ပြလို့တော်တော်တိုးနေတာပဲ။ ဒါပေမဲ့လဲ သူတို့ကို လူကြိုက်နည်နေတော့ အခက်သားဘဲ" ဟု တယောက်ထဲတွေး၍ နှစ်မြောနေမိလေ၏။
ထို့နောက် ငန်းဝါကြားကြီး၏ ရက်များကိုရေတွက်ကြည့်ရှုရာ နောက်ထပ်လေးရက်သာ ကျန်တော့သည်ကိုတွေ့ရလေ၏။ ဤတွင်မှအခက်ကြုံချေပြီ။ ဤမြို့ဤဇာတ်ရုံတွင် ကပြရန်ကြော်ငြာထားသည်မှာ ငါးညတိတိဖြစ်လေရာ ထိုငါးညအနက်မှ နောက်ဆုံးတညမှာ အထူးပြသရန်ကြော်ငြာထားမိရုံမက ထိုညအဘို့မှာ ရုံဝင်ခကိုလည်း လေးပဲကတကျပ်အထိ သုံးစားထားကာ တတ်သမျှပညာကို အိတ်သွန်ဖာမှောက် ပြသမည့် အထူးပွဲကြီးဖြစ်၍ မြို့ပေါ်တွင်မက တနယ်လုံးက လူကြီးလူကောင်းများကိုပါဘိတ်ကြားပြသရန် လက်မှတ်များ ရောင်းချထားပြီဖြစ်ရကား ထိုညအဘို့ရရမည့် ၀င်ငွေမှာလည်း အနည်းဆုံးငါးရာလောက်ရှိမည်ဖြစ်လျှက် လူကြီးလူကောင်းများ အရာရှိများထံမှလည်း ဂုဏ်ထူးဆောင်လက်မှတ်များ ဆုတံဆိပ်များရရှိဦးမည်ဖြစ်သောကြောင့် ထိုညပြရက်ကို မစွန့်ပစ်ရက်နိုင်အောင် ရှိလေ၏။
ဤတကြိမ် နယ်ထွက်လာမှလည်း မိုးလေဖျက်၍ ကပြရက်ကောင်းစွာမရခဲ့သည်နှင့် မိမိထံတွင် ငွေနှစ်ရာလောက်မျှသာရသေးသည်ဖြစ်ရာ မိမိပြန်သွား၍ အသုံးလိုသည့်ငွေများမှာ မယ်ဒွေးနောက်ဆုံး နတ်ကန္နားပေးရေးအတွက်နှင့် နတ်နှင့်လက်ထပ်ဘို့ အခြားသူသုံးဖြုန်းလိုရာသုံးဖြုန်းဘို့ စုစုရရငွေငါးရာလောက် မှန်းထားပြီး မယ်သွဲ့နှင့်မိမိတို့လူသိရှင်ကြားညားကြပြီး အေးအေးအနားယူကာ စားသောက်နေထိုင်ကြရာက ငါးရာနှစ်ခုပေါင်းတထောင်လောက်ရမှသာဖြစ်မည်ကြောင့် နောက်ဆုံးပွဲကို အထူးအားခဲထားရခြင်းဖြစ်လေ၏။
ပြရသော် တော်လေမလား မတော်လားဟု အခါများစွာ ချင့်ချိန်ရင်းနှင့်ပင် ပွဲလေးရက်က ကုန်မှန်းမသိကုန်လာခဲ့ကြပြီး နောက်ဆုံးညသို့ ဗြုံးကနဲ ရောက်လာတော့သည်တိုင်အောင် ဘိုးချစ်ဦးမှာ မဆုံးဖြတ်နိုင်သေးဘဲရှိလေ၏။ သို့နှင့် နေ၀င်မိုးချုပ်၍ ဇာတ်ရုံတွင်ဓာတ်မီးများ လင်းထိန်ပြီး ရုံထဲသို့လူတွေဝင်စပြုနေသည်တိုင်အောင်လည်း ငန်းဝါကြားကြီးပြရေးမပြရေး ဆုံးဖြတ်ခြင်းမပြုနိုင်သေး။ သို့နှင့် နောက်ဆုံးပြပွဲချိန်စေ့၍ ဇာတ်ခုံရှေ့သို့ထွက်ခဲ့ရသောအချိန်အထိ ဘိုးချစ်ဦးစိတ်ဒွိဟဖြစ်နေလျှက်သာ လက်ရှိမြွေကြီး မြွေငယ် အသွယ်သွယ်တို့နှင့် အဆက်မပြတ်ကစားပြသနေလေသေးရာ ပရိသတ်အများလည်း အထူးသဖြင့် ကြိုးစားအသုံးတော်ခံသလောက် တဖျောက်ဖျောက်လက်ခုတ်တီး၍ သြဘာကြီးပေးလျှက်ရှိကြလေ၏။ သို့နှင့်ပြနေကြမြွေများနှင့် တခါတရံမှ ပွဲထုတ်ဘူးသည့်မြွေများကိုပါ တကောင်ပြီးတကောင် ဆက်ခါဆက်ခါ ကစားပြနေရာက အချိန်တ၀က်ကျိုးလာသောအခါ တထောင့်က ပရိသတ်များမှာ"ငန်းဝါကြားကြီး မပြသေးဘူးလား။ ခါတိုင်းဆိုရင် ငန်းဝါကြားကြီးကို များများပြတယ်။ ဒီညဘာပြုလို့ မထုတ်သေးသလဲ" ဟု တယောက်တပေါက် ပါးစပ်ဆူစ ပူစ ပြုလာကြလေ၏။
ဘိုးချစ်ဦးကား မပြဘဲဖြစ်လျှင်လည်းဖြစ်စေတော့ဟု ငန်းဝါကြားကြီးကို ပေကပ်ချန်ထားခဲ့သည်ဖြစ်ရာ ယခုမှာမူမပြလျှင် မနေသာတော့သောအခြေသို့ ရောက်လာကြောင်းသိရသဖြင့် ပရိသတ်များအဆူငြိမ်သွားစေခြင်းငှာ-
"တဆိတ်သည်းခံကြပါခင်ဗျာ။ ငန်းဝါကြားကြီးကို ဒီညအတွက် အထူးပြရမှာဖြစ်လို့ နောက်ဆုံးချန်ပြီးမှ အားရပါးရကြီးပြမယ်လို့ပါ။ မပြမှီဆုတံဆိပ်များလဲ ခံယူထားချင်ပါသေးတယ်ခင်ဗျာ"
ဟု ပြောလိုက်မှ ပရိသတ်များ ငြိမ်သွားလေ၏။ ထိုခဏ၌ဇာတ်ခုံအတွင်းဘက်ရှိ ပချုပ်နက်အတွင်းမှ ငန်းဝါကြားကြီးသည် ရွှီကနဲ ရွှီကနဲ နှစ်ချက်သုံးချက်ဆက်ခါ မတွန်စဘူးတွန်သံပေးလိုက်လျှင် ဘိုးချစ်ဦးမှာ အထူးသဖြင့် စိတ်လေးလျှက် မျက်နှာအနည်းငယ် ပျက်သလိုလိုဖြစ်သွားသည်ကို ဘိုးချစ်ဦး၏တပည့်ကလေးမောင်အေးသည် ဇာတ်ခုံဘေး ကားလိပ်ကြားမှနေ၍မြင်လိုက်ရသောကြောင့် မိမိဆရာဘိုးချစ်ဦးအတွက် အကြောင်းမဲ့ စိတ်လေးသွားမိလေ၏။
ထို့နောက်ကား ကြွလာသောမင်းပရိသတ်များထံမှ ဆုတံဆိပ်ဂုဏ်ထူးဆောင်လက်မှတ်များကိုခံယူပြီး ငန်းဝါကြားကြီးကိုပြသရန် ပြင်ဆင်ရလေ၏။ ဘိုးချစ်ဦးမှာ လက်မှတ်ရောင်းခငွေများ ဆုတံဆိပ်မှစ၍ အဘိုးတန်ပစ္စည်းများထည့်ထားသော သေတ္တာကလေးကို တပည့်မောင်အေးလက်သို့အပ်ခါ-
"ကဲ-တပည့်ရေ။ ဒီဟာကလေး ကောင်းကောင်းသိမ်းထားကွာ တကယ်လို့ ငါတစုံတခုဖြစ်တောင်မှ ဒီသေတ္တာကလေးကို မယ်သွဲ့နဲ့မမယ်ဒွေးတို့ဆီရောက်အောင်ပို့ပေးပါ။ ဟောဒီလွယ်အိတ်ထဲကဟာတွေကတော့ မင်းသိတဲ့အတိုင်း မြွေဆိပ်ဖြေဆေး မြွေနိုင်ဆေးတွေနော်။ ငါ့တပည့်လဲ ဆရာ့နည်းတွေအတော်ရနေမှဘဲ အထူးမှာစရာမလိုပါဘူး။ အရေးဆိုရင်ဘယ်လိုလုပ်ရမယ်ဆိုတာတွေ အသိဘဲမဟုတ်လား"
ဟု မှာကြားနေလေရာ တပည့်မောင်အေးမှာ မိမိဆရာအတွက် စိတ်လေးသည်ထက်လေးလာရှာတော့၏။"ဆရာ-ဆရာ ဒီညဘာဖြစ်ချင်လို့ပါလိမ့်နော်" ဟု ရင်တထိတ်ထိတ်နှင့်စဉ်းစားမိကာ အရေးရှိလျှင် မိမိဆရာအတွက် အသက်ကိုစွန့်ရန် သန္နိဌာန်ချထားမိလေ၏။
ထိုညအဘို့မြွေများကား အတော်ထူးခြားနေလေ၏။ တကြိမ်မျှမတွန်ဘူးသော ငန်းဝါကြားကြီးမှာ သုံးခါတိတိတွန်သံပေးလျက် အခြားသောမြွေကလေး မြွေကြီးအသီးသီးတို့မှာလည်း မကြာခဏတပြစ်ပြစ်နှုင့် ချေးပါချနေသည်ကိုတွေ့မြင်လေ၏။ အလမ္ပါယ်ဆရာတို့၏အရေးအကြီးဆုံးသော အထိမ်းအမှတ်တခုမှာ ပြသနေစဉ် မြွေချေးပါမူ ရွာသူနှင့်အပမှီကာ မိစ္ဆာနတ်များအနှောက်အရှက်ပြုလိုကြောင်း သိနိုင်သည်ဖြစ်ရာ ဘိုးချစ်ဦးမှာ အထူးစိတ်လေးနေရှာ၏။ သို့ရာတွင် မိမိမှာ သာမာန်မြွေဆရာမျိုးတို့ထက် ထက်မြတ်စွမ်းဆောင်နိုင်သူဖြစ်သည်ဟု ယုံကြည်သူဖြစ်သည်တကြောင်း မန္တာန်ကောင်း မန္တယားကောင်း ဆေးဝါးအဆောင် လက်ဖွဲ့ကောင်းများကို လက်ကိုင်ရထားသူဖြစ်သည်တကြောင်း ထိုညအဘို့ ငန်းဝါကြားကြီးကို ပွဲမထုတ်၍လည်း မဖြစ်တော့သည့်အပြင် မယ်သွဲ့နှင့်မယ်ဒွေးတို့၏ အရေးကိုလည်း အမြန်ပြီးပြတ်စေခြင်းငှာ ဤတကြိမ်အိမ်အပြန်တွင် ငွေသားတထောင်နီးပါး ပါမှဖြစ်တော့မည်ကြောင့်တကြောင်း ငန်းဝါကြားကြီးလွှတ်ရက်စေ့သော်လည်း ဤနေ့တနေ့နှင့်တော့ အကြောင်းမထူးတန်ရာ ဟု စိတ်ပိုင်းဖြတ်လိုက်သည်တကြောင်းတို့ကြောင့် ပရိသတ်ပွဲတောင်းသည့်အလျောက် နောက်ဆုံးအကြိမ်တွင် မြွေပချုပ်ကြီးကို ဇာတ်ခုံရှေ့သို့ဆွဲထုတ်လာလေရာ တပည့်မောင်အေးမှာလည်း အရေးကြီးသော ဆေးဝါးလက်ဖွဲ့များကိုဆောင်ကာ ဆရာ့အနီးမှ ထက်ချပ်မကွာရပ်ကြည့်နေရှာလေ၏။
ဘိုးချစ်ဦးလည်း ထုံးစံအတိုင်း တီးဝိုင်းကို နတ်ဒိုးတီးစေပြီး ရွတ်နေကျ ဂါထာမန္တာန်များကို ဥုံ-ခံ၍ရွတ်ဘတ်မန်းမှုတ်ခါ မြွေပချုပ်ကိုဖွင့်လျက် တချက် နှစ်ချက်လက်နှင့်ပုတ်၍ဆွပေးလိုက်ရာ ပချုပ်တွင်းမှ ငန်းဝါကြားကြီးမှာ ရှူးကနဲဒေါထကာ လူတရပ်စာမျှရှိသော ပါးပျဉ်းကြီးဖြင့်ထောင်ပြပြီး လျှာနှစ်ခွကလေးကို မကြာခဏထုတ်ခါ စိမ်းစိမ်းကြည့်၍ နေလေ၏။ ဘိုးချစ်ဦးမှာ ခါတိုင်းလိုပင်မြွေကို ပါးပျဉ်းထောင်စေသည်တိုင်အောင် ယခုအကြိမ်မြင်ရပုံကား ပကတိငန်းဝါကြားကြီး ပါးပျဉ်းထောင်နေသည်ဟုမထင် အိမ်မက်တွင်တွေ့ရသည့်အတိုင်း ရှာနီစနှစ်ဘက်မိတ်ချပေါင်းထားသော နတ်စိမ်းနတ်ဝါးတစ်ဦးက စူးရှခက်ထန်စွာကြည့်နေသည်ဟု ထင်မိမြင်မိသဖြင့် ရုတ်တရက် ကျီးတိကြောင်တောင်ဖြစ်နေမိလေ၏။
နောက်မှ စိတ်ကိုအမြန်တင်းလိုက်ခါ ငန်းဝါကြားကြီးကို နှစ်ကြိမ်သုံးကြိမ်မျှ ဟန်မပျက် ပွေ့ယူမျှောက်ချီကစားလိုက်လျှင် ပရိသတ်များကား တအုံးအုံး တရုံးရုံးသဘောကျသွားပြီး လက်ခုပ်လက်ဝါးတီး၍ ကောင်းချီးပေးကြသည်တိုင်အောင် ဘိုးချစ်ဦးစိတ်တွင် ဤတစ်ကြိမ်မြွေကြီးကိုင်ရသည်မှာ ခါတိုင်းထက်ပိုမိုလေးလံနေသည်ထင်ရုံမက မြွေကြီးကိုမျှောက်ချီပွေ့ကိုင်လိုက်တိုင်းပင် ရှာနီစပေါင်းထားသော နတ်စိမ်းကောင်ကြီးကိုသာ ထိကိုင်နေသလိုထင်မိလျှက် လက်နေလက်ထားများပင် တခါတခါလွဲမှားသွားမိလေတော့၏။
ပရိသတ်တို့ကား သဘောကျသလောက် သြဘာလက်ခုပ်တွေ ချီးမြှောက်နေကြသည်တိုင်အောင် အနားကတပည့်မောင်အေးမှာ ဆရာဖြစ်သူ အတိမ်းအရှောင် လက်နေလက်ထား မကြာခဏမှားနေသည်ကိုမြင်ရသောကြောင့် နဂိုကစိတ်လေးရာတွင် ထပ်မံစိတ်မကောင်းစရာကြုံနေကာ အရေးဆိုလျှင် အဆင်သင့်ကူညီနိုင်အောင် အဆောင်ဆေးများကို တင်းကြပ်စွာဆုပ်ကိုင်ထားမိလေ၏။ ထိုခဏ၌ ဒုတိယအကြိမ် ဘိုးချစ်ဦးနှင့်ငန်းဝါကြားကြီးလှည့်ပတ်ကစားရာမှ-
"အောင်မယ်လေးဗျ"
ဟု အော်သော ဘိုးချစ်ဦးအသံနှင့် ခြေသလုံးကြားမှ လျှောခနဲဖြစ်သွားသော ငန်းဝါကြားကြီးကို မြင်ရသည်နှင့်တပြိုင်နက် မောင်အေးမှာ ( ဟိုက် ) ဟုအော်ပြီး မြွေကြီးကို ဆေးအင်းနှင့်ပေါက်လိုက်ပြီး အမြှီးဖျားကိုလည်း ဆေးကြော့ကွင်းနှင့်စွပ်ထားလိုက်ရာ မြွေကြီးမှာစူိးုင်မ၀ါးသောအသံနှင့် ဟစ်အော်ကာ လူးလှိမ့်နေရာက ဒေါသခက်ထန်စွာနှင့် အနီးတွင်ရုတ်တရက်လဲနေသော ဘိုးချစ်ဦးအား အညှိုးကြီးနှင့်လက်စားချေဘိအလား ခြေသလုံးနှစ်ဘက်ကို ဆက်ခါဆက်ခါ တအားပေါက်ပြီးမှ ပါးပျဉ်းကြီးသိမ်းကာ ဘိုးချစ်ဦးခြေရင်းမှာပင် အဆုံးစွန်ငြိမ်သက်သွားရှာလေ၏။ အမယလေးဗျဟု တခွန်းတည်း ခပ်အုပ်အုပ်အော်ပြီး လူးလှိမ့်နေသော ဘိုးချစ်ဦးမှာလည်း မြွေကြီးငြိမ်သွားသည်နှင့်တပြိုင်နက် တကိုယ်လုံးမှာ မီးသွေးတုံးတမျှ မဲမှောင်သွားပြီး တဟင်းတဟင်း ညည်းညူလျှက်ရှိတော့၏။
စက္ကန့်ပိုင်းမျှဖြစ်သော အချိန်ကလေးအတွင်းတွင် ဖြစ်ပျက်လိုက်သော ထိုအဖြစ်အပျက်မှာ ပွဲကြည့်ပရိသတ်များတွင် ရုတ်တရက်သော် ကြောင်တက်တက်ဖြစ်ပြီးမှ တရုံးရုံးတအုံးအုံးနှင့်ရုတ်ရုတ်ရက်ရက်ဖြစ်ခါ ထိတ်လန့်တကြားပြေးလွှားစပြုလာတော့၏။ တပည့်မောင်အေးကား ဆရာကိုပွေ့ထူထားပြီး အဖြေဆေးများနှင့် ကြိုးစားပြုစုလျှက်ရှိရာ တရုံလုံးရှိပရိသတ်များ ပြေးလွှားဆူပူနေကြသည်ကိုပင် သတိမထားနိုင်တော့ဘဲ ရှိလေ၏။
"ဆရာ-ဆရာ- ကျွန်တော်ဘာလုပ်ရမလဲဆရာရဲ့"
ဟု ဘိုးချစ်ဉ်ီးနားနားကပ်ခါမေး၍-
"မောင်အေး-မောင်အေး ဆရာ့အတွက်တော့ မမျှော်လင့်နဲ့တော့။ လက်လွန်ကုန်ပြီကွဲ့။ ကျန်တဲ့မြွေတွေကို ဆေးအင်းနဲ့ မြန်မြန်ချုပ်ထားလိုက်တော့ မောင်အေးရဲ့။ ဆရာ့အတွက် ငါ့တပည့် ဆောင်ရွက်ရမဲ့ ကိစ္စကတော့ ဆရာ့သေတ္တာကလေးကို မမယ်ဒွေးနဲ့မယ်သွဲ့တို့လက်ရောက်အောင်သွားပေးလိုက်ပေတော့ကွယ်။ အော် လောဘ လောဘ-လောဘကြောင့် မှားပြီအဘရေ။ အဘမှာစကား ကျွန်တော်သတိမထားမိဘဲ လောဘဇောဆွဲငင်မှုကြောင့် "နတ်နှင့်နဂါး မလှဲ့စားနဲ့" ဆိုတဲ့ အဘဆုံးမစကားကို နားမထောင်မိလို့ မှားပြီအဘရဲ့"
ဟု ပြောဆိုညည်းညူကာ နောက်ဆုံး၌ အငြိမ်ကြီးငြိမ်သွားတော့သဖြင့် တပည့်မောင်အေးမှာ ကျန်သောမြွေများကို ကဗျာကရာ ခြေချုပ်ဆေးနှင့် ချုပ်ထားလိုက်ရ၍ ဘိုးချစ်ဦး၏အလောင်းကို ကောင်းစွာ ပြင်ဆင်သဂြိုဟ်ပြီးနောက် တရွာတွင် ကျန်ရစ်ရှာသော မမယ်ဒွေးနှင့်မယ်သွဲ့တို့အား သွားရောက်အကြောင်းကြားကာ ပစ္စည်းသေတ္တာကလေးကို သစ္စာရှိသော တပည့်ကလေးဖြစ်သည့်အားလျှော်စွာ လက်ထိလက်ရောက် ပေးအပ်လိုက်ရရှာသည်တွင် ကျန်ရစ်သူ အရူးအပေါကြီးမယ်ဒွေးနှင့်ဘိုးချစ်ဦး၏ချစ်သူကလေးမယ်သွဲ့တို့မှာ ကံဆိုးရရှာသူ ဘိုးချစ်ဦးအတွက် မျက်ရေမစဲနိုင်အောင် ရှိရှာကြလေတော့သတည်း။
************************************************************************************
ပြီး၏။
by facebook page


ဆေးလိပ်တစ်ဖွာဖွာနဲ့ ကျွေးမှာစောင့်သူ

ဒီနေ.တော.ကျမရေးမဲ.အကြောင်းကကျမကိုယ်တွေ.မဟုတ်ပါဘူး၊ကျမအဖွားရဲ.ညီမအငယ်အကြောင်းပါ......
ကျမတို.ကတော.သူ.ကိုဖွားလေးလို.ခေါ်ပါတယ်၊အချိန်ကတော.၀န်ကြီးချုပ်ဦးနုရဲ.လက်ထက်ကပေါ.......၊
အဲ.ဒီအချိန်ကဦးနုကနွားမသတ်ရ၊အမဲသားမရောင်းရလို.အမိန်.ထုပ်ထားတဲ.အချိန်ပေါ......၊
အဲတော.ပေါ်ပေါ်တင်တင်မရောင်းရလဲ.ခိုးသတ်ပြိးခိုးရောင်းကြပါတယ်၊မြို.ပေါ်မှာတော.မဟုတ်ဘူးပေါ.၊
ရွာတွေဘက်မှာသတ်ပြီးတိုးတိုးတိတ်တိတ်နဲ.ရောင်းကြရပါတယ်......မြို.ပေါ်ကလူတွေလည်းရွာတွေဘက်
သွားဝယ်ပြီးသိုသိုသိပ်သိပ်နဲ.ယူလာပြီးစားကြပါတယ်။အဲ.ဒီမှာအဖွားလေးတို.လည်းပါတာပေါ.....
သူတို.အမျိုးတွေကမန္တလေးအမရပူရနားကရွာတရွာမှာနေကြပါတယ်...၊။တရက်....ရွာကအမျိုးတွေက
ဖွားလေးဆီလာအကြောင်းကြာတယ်...ဘယ်နေ.ဘယ်ရက်တော.နွားသတ်မယ်၊အမဲသားလိုခြင်ရင်လာခဲ.ပေါ.၊
ဒါနဲ...အဲ.ဒီနေ.ရောက်တော.ဖွားလေးလည်းအမဲသားဝယ်ဖို.သူအမျိုးတွေရှိရာရွာကိုမြင်းလှည်းငှါးပြီးထွက်လာသတဲ.၊
သူနဲ.ပါလာတာကတော.သုံးနှစ်သားတယောက်နဲ.အငယ်နို.ဆို.လေးပေါ.၊ဟိုရောက်တော.အမျိုးတွေနဲ.တွေ.ပြီး
စကားကောင်းရင်းထမင်းပါစားသောက်ပြီးမှပြန်ဆိုတာနဲ့...အဖွားလေးတို.သားအမိသုံးယောက်လည်းနေ.
လည်တနာရီလောက်မှရွာကနေပြန်ထွက်လာဖြစ်သတဲ.အဲ......အမဲသားတွေရောဝယ်လာခဲ.သတဲ.နော်၊အမဲသားတွေကိုတော.
ဂျိုင်.ကြီးတလုံးထဲထည်.ပြီးနောက်ဈေးခြင်းတောင်ကြီးတလုံးထဲထည်.ယူလာခဲ.သတဲ...........
.နေကလည်းပူ...မြင်လှည်းတစီးမှလည်းမတွေရတော.ဖွားလေးလည်းလမ်းဘေးမြေဂမူးလေးပေါ်ထိုင်ရင်...
.ကလေးအငယ်လေးနို.တိုက်ရင်.....မြင်းလှည်းထိုင်စောင်.နေသတဲ.၊သူ.အမဲသားတွေထဲထားတဲ.ခြင်းကြီးကတော.
သူ.ဘေးနားမှာပဲချထားတယ်၊သုံးနှစ်သားလေးကလည်းသူ.ရှေ.တင်ကစားနေတော.သူလည်းစိတ်အေးလက်အေး
ကလေးနို.ထိုင်တိုက်ရင်..မြင်းလှည်တွေလိုတွေညားစောင်.ရင်းးးးငိုက်ခြင်သလိုလိုဖြစ်နေသတဲ.......
အဲ.လိုနေရင်းတအောင်.လောက်ကြာတော.အဖွားလေးတကိုယ်လုံးကြက်သီးတွေတဖြန်းဖြန်းထလာသတဲ.
ခေါင်းထဲကပါကြက်သီးတွေထလာတော.ဖွားလေးလဲဘာဖြစ်တာပါလိမ်.ဆိုပြီးစဉ်းစားမိတာပေါ.
ဒါနဲ.ပတ်ဝန်းကျင်ကိုသေသေချာချာကြည်.တော.မှ......သူ.အမဲသားတွေထည်.ထားတဲ.ခြင်းတောင်း
 ကြီးတင်ထားပြီးသူထိုင်နေတာကရိုးရိုးမြေဂမူလေးမဟုတ်ဘူးတဲ.............မြေပုံမို.မို.လေးဖြစ်နေသတဲ.၊
ဒါနဲ.သူလည်းခြင်းတောင်းကြီးဆွဲယူပြီးလမ်းမကြီးပေါ်ထွက်လာလိုက်သတဲ.....တော်တော်လေးကြာမှမြင်းလှည်းရတာနဲ.
မန္တလေးဘက်ကိုပြန်လာခဲ.တယ်၊အပြန်လမ်းတလျှောက်မှာမြင်းလှည်းသမားကကွက်ကြည်.ကွက်ကြည်.နဲ.
မို.ဖွားလေးမှာဒေါသတွေဖြစ်ရသေးတယ်တဲ......၊အဲ.ဒါကတော.အမဲသားဝယ်ပြန်လာခဲတဲ.အဖွာလေးရဲ.ဇာတ်လမ်းအစလေးပေါ......
ရှေးလူကြီးတွေကသားသမီများတယ်အဲ.ဒီအချိန်မှာဖွားလေးမှာကလေးခုနှစ်ယောက်လောက်ရနေပြီဆိုတော.
ဖွားလေးကတော.ကလေးအငယ်တွေနဲ.အိပ်ပြီးဖွားလေးရဲ.ယောက်ျားအဖိုးလေးကတော.နဲနဲကြီးတဲ.သားသမီးတွေနဲ.
ဖွားလေးရဲ.ကုတင်ခြေရင်းဘက်ကကုတင်တလုံးမှာအိပ်သတဲ...အဲ.ဖိုးလေးကဆေးပြင်းလိပ်ကလည်းအရမ်းကြိုက်သတဲ.
ညတရေးနိုးရင်တောင်ဆေးပြင်လိပ်ဖွာပြီးမှပြန်အိပ်တတ်တာဆိုတော.ဖွားလေးနဲ.ခဏခဏစကားများရသတဲ.၊အဲ.ဒီနေ.
ညကဖွားလေးကလေးအငယ်နို.ဆို.လေးကငိုပြီးတော်တော်နဲ.မအိပ်တာနဲ.ဖွါးလေးတို.လည်းအိပ်ရေးပျက်ခဲ.ရသတဲ.....၊
ညတရေးနိုးဖွားလေးထတော.အဖိုးလေးခြင်ထောင်ဘေးမှာဆေးပြင်လိပ်ကြီးကတရဲရဲနဲ.မီးဖွါးတွေကျနေအောင်ဖွာနေတာ
တွေ.တော...ဖွားလေးစိတ်ထဲ..အဖိုးလေးလို.ထင်ပြီးအပြန်မှမေးမယ်ပေါ.ဒီအချိန်ကြီးထိမအိပ်သေးဘူးဆေးလိပ်ထိုင
်ဖွါနေရသလားလို.ဗြစ်တောက်ဗြစ်တောက်နဲ.တွေးနေသတဲ.၊အပြန်ကျတော.မရှိတော.ဘူးတဲ.ဒါနဲ.ဖွားလေးလဲ
ဝင်အိပ်လိုက်သတဲ.၊မနက်တော.လဲမေ.နေတာနဲ.မပြောဖြစ်ကြဘူးတဲ.၊ညနေတော.ကျန်တဲ.
အိမ်သူအိမ်သားတွေရှေ.မှာအဖိုးလေးကသူမိန်းမကိုစနောက်ပြီးညကသူဆေးပြင်လိပ်ကိုယူသောက်သလား
လို.မေးသတဲ...အဲတော.ဖွားလေးကလည်းကြံကြီါ်စည်ရားမသောက်ပေါင်တော်လိုဖြေလိုက်သတဲ....။
ဒီလိုနဲ.ညရောက်တော.တရေးနိုးဖွားလေးထတော.ဖိုးလေးခြင်ထောင်ဘေးမှာဆေးပြင်းလိပ်ကြီးကိုရဲခနဲ.ရဲ.
ခနဲ.ဖွါနေတာတွေ.ပြန်ရော......ဖွားလေးလဲပြောမယ်လို.ကြံနေပေမဲ.အာစေးးးးနေသတဲ.၊
အပြန်ကျတော.မတွေ.ရတော.ပြန်ဘူးတဲ...အဲ.လိုနေလိုက်တာ....နောက်နှစ်ရက်နေပြီးတော.
ဖိုးလေးကမေးလာတယ်တဲ.သူဆေးပြင်းလိပ်ကြီးကမနက်ဆိုတိုတိုလေးပဲကျန်နေတယ်ဘယ်သူများ
သောက်သလဲမသိဘူးဆိုတော.ဖွားလေးကတော.ရှင်သောက်နေတာပဲ၊ဘယ်သူသောက်မလဲပေါ...
ဒါနဲ.ညကျရင်တော.သတိထားကြည်မယ်ဆိုပြီးဖွားလေးလည်းစိတ်ထဲမှာတေ.ထားလိုက်တယ်၊
ညကျတော.ဖွားလေးလဲတေ၇းနိုးရောမထသေးပဲအရိပ်အခြေကြည်.လိုက်တော.အရင်ညတွေလိုပါပ
ဲတဲဖိုးလေးကုတင်ဘေးမှာဆေးပြင်းလိပ်ကြီးကိုရဲနေအောင်ဖွါနေတာတွေ.ပြန်ရော.....အဲ.တော.ဖွားလေးက
ခြင်တောင်လှန်ပြီးအ ပြင်ကိုကိုယ်တပိုင်းထုပ်ပြီးဘယ်သူလဲလို.အော်တာပေါ.......
အဲ.ဒီမှာဆေးပြင်းလိပ်ကြီးကဖွါနေရက်တန်းလန်းကြီးဖွားလေးဆီပြေးဝင်လာသတဲ.၊
ဖွားလေးလည်းကြောက်အားလန်.အားနဲ.ခြင်ထောင်ကြီးနဲ.ဝှေ.၇န်းရင်းအော်တော.မှ
အဖိုးလေးလဲအပြေးအလွှားရောက်လာပြီးဘာဖြစ်လဲမေးတော.အစတော.အဖွားလေးကကြောင်နေသတဲ....
ဟိုဟိုဒီဒီပဲလက်ညိုးထိုးပြနေတာပေါ၊နောက်လူများလာမှသူလည်းအကြောက်ပြေပြီးအကြေင်းစ
ုံပြောပြရင်သူတို.လည်းမိုးလင်းခဲ.ပါရော...........အဲ.တော.မှဖွားလေးနဲ.ဖိုးလေးတို.နှစ်ယောက်လည်း
အကြောင်းစုံကိုနဲနဲရိပ်မိလာတယ်...ကျန်တဲ.အိမ်သားတွေကလေးတွေရှေ.မှာတော.မပြောဘူး၊
သူတို.ဟာသူတို.ကြိတ်ကြံရတော.တာပေါ...ဘယ်လိုလုပ်မလဲ....ဒါနဲ.ဖိုးလေးအသိတွေထဲကတတ်ကျွမ်းတဲ.
သူတဦးရှိနေတာနဲ.ခေါ်လာကြည်.ခိုင်းတော.မှ.......အကြောင်းစုံသိရတော.တာပဲတဲ........၊
သူကအမဲသားစားခြင်လို.လိုက်လာတာပါပေါ.၊အဲ.ဒီဆရာကပဲနှင်ပေးလိုက်လို.ဖွားလေးတို.နောက်ထပ
်ဘာမှအနှောင်.အယှက်ထပ်မဖြစ်တော.ကြောင်း...
ဖွားလေးဆီမှတဆင်.ကျမကြားဘူးသလောက်ကိုပြန်ပြောပြလိုက်ပါကြောင်းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

by facebook page

စည်းအကျိုးမှာ ပြေးလိုက်တာတစ်ချိုးထဲ

ရွာထဲမှာ စာတွေဖတ်ရင်းကနေ ကျွန်တော် ကိုယ်တိုင် ကြုံလာရတာကို မျှပေးချင်ပါတယ်.။ ဖြစ်သွားခဲ့တာကတော့ ၂၀၀၉ ထဲမှာပါ..။ ရက်နဲ့လကိုတော့ အတိအကျ မမှတ်မိတော့ဘူး...။ ကျွန်တော်က ကေအမ်ယူတပ်ဖွဲ့ဝင်ဟောင်းတစ်ဦးပါ..။ ကရင်ပြည်နယ်မှာနေပါတယ်..။ စစ်မှုထမ်းတုန်းကတော့ အမှတ်တစ် တပ်မဟာမှာပေါ့..။ ကျွန်တော့မှာ အချစ်ဆုံး သူငယ်ချင်း ငါးယောက်ရှိတယ်ဗျ..။ ငယ်ကတည်းက အတူတူကြီးလာတာဆိုတော့ အသေချစ်ကြတယ်...။ အဲ.. ကျွန်တော်တို့နယ်မှာဖြစ်သမျှလဲ ကျွန်တော်တို့ကောင်တွေ မသိတာ မရှိသလောက်ပဲဗျ..။ ဘာတွေဘယ်လိုဖြစ်တယ်ဆိုတာမပြောခင် ကျွန်တော်တို့ သူငယ်ချင်းတွေအကြောင်းကို နည်းနည်း ဖောက်သည်ချပါရစေဗျာ..။ ပိုပြီး မြင်ယောင်ရလွယ်အောင်လို့ပါ..။ အားလုံးထဲမှာ ကျွန်တော်ကတော့ အသက်အငယ်ဆုံးပေါ့..။
ကိုစောကြီး..။ သူကတော့ အသက်အကြီးဆုံးပေါ့ဗျာ.. ။ အဲ ကျွန်တော်တို့ရဲ့ လက်ဝှေ့နဲ့ ကိုယ်ခံပညာဆရာဆိုလဲမမှားဘူး..။ ဆရာဆိုပေမယ့် ကျွန်တော်တို့နဲ့က ညီရင်းအစ်ကိုလိုနေတာ..။ အဲ..။ သူက ကြွက်တွင်း.။ သိတယ်မလား..။ အသောက်အရမ်းကြမ်းတာ..။ အဲ..။ သူကတော့ ကျွန်တော်တို့ရွာမှာ နာမည်အကြီးဆုံး သိုင်းဆရာပေါ့..။
စောမောင်လှ...နဲ့ စောမောင်သာ...။ သူတို့ကတော့ ဓားရေးထက်တဲ့ ညီအစ်ကို..။ ဓားသိုင်းမှာ ပြိုင်စံရှားတယ်.။ နောက်တစ်ယောက်ကတော့ စောမင်း..။ သူကတော့ တပ်ထဲဝင်ကတည်းက အေကေဖော်တီးဆဲဗင်းနဲ့ လက်ထပ်ထားတဲ့သူ။ ဘယ်သွားသွား သေနတ်ကို လက်ကမချဘူး..။ နာမည်ကိုက အေကေစောမင်းတဲ့..။ အဲဒီကောင်ကတော့ ကျွန်တော်နဲ့ အသက်တူပဲ..။ ဒီကောင်က အသောက်ဆိုးသလောက် အပေါက်လဲဆိုးတယ်..။ မူးရင် မြွေဖမ်းတဲ့ကောင်..။ ကောင်းမှု မကောင်းမှုတွေ သိပ်ဂရုစိုက်နေတတ်တဲ့ သူမျိုးမဟုတ်ဘူး..။ သူနဲ့ ကျွန်တော်ကတော့ လက်ဝှေ့ထိုးဘက်တွေပေါ့.။ အဲဒီတုန်းက မြဝတီမှာ အသက်ဆယ့်ရှစ်နှစ်အောက် ချံပီယံတွေဆိုတော့ မသိတဲ့သူ မရှိသလောက်ပဲ..။
ကျွန်တော်တို့ နေတာက လိန်ဘွဲရွာလေးမှာ..။ ကျွန်တော်တို့ ရွာဘေးမှာ ရွာသုံးရွာရှိတယ်..။ ပိန္နဲတော၊ ငှက်ပျောတောနဲ့ ဝီးလေး...။ ပြဿနာက အဲဒီ သုံးရွာအတွက် ဘုံသချိုင်းတစ်ခုပဲ ရှိတာ..။ နောက် အဲဒီသချိုင်းက နာမည် ခပ်ကြီးကြီးရယ်..။ နောက်ထပ်တစ်ခုက အဲဒီ သချိုင်းမှာ ငါးရှဉ့်တွေ ရှိတယ်.။ အင်မတန်ထွားတာ..။ ဘာစားလို့လဲတော့မသိဘူးပေါ့..။ အဲ...။ အဲဒီ ငါးရှဉ့်တွေကို ကျွန်တော်တို့ကောင်တွေကလွဲလို့ ဘယ်သူမှ မစားရဲဘူးဗျာ..။
တစ်ရက်တော့ ကျွန်တော်တို့ကောင်တွေ ခွင့်ရတယ်..။ အကြောင်းက ဗမာ စစ်ကြောင်းကို နိုင်လာလို့ပေါ့..။ အဲတော့ တာဝန်က နားရက်ရတဲ့အခါ ကျွန်တော်တို့ အောင်ပွဲခံဖို့စီစဉ်တယ်.။ ကျွန်တော်တို့ဆိုတာ ရဲဘော်ခြောက်ယောက်ပေါ့.. ။ အောင်ပွဲအတွက်က ငါးရှဉ့်သားနဲ့ သချိုင်းမှာ ညသွားအိပ်ပြီး သောက်စားပျော်ပါးကြမယ်ပေါ့..။ အဲဒီတော့ အစီအစဉ်တွေဆွဲတယ်. ။ အောာင်ပွဲမခံခင် တစ်ညကတည်းက ကြိုပြီး စောမောင်လှနဲ့ စောမောင်သာ ညီအစ်ကိုကို ငါးရှဥ့်သွားထောင်ထားခိုင်းတယ်.။ ဇာတ်လမ်းက အဲဒီကတည်းက နိမိတ်ပြနေတယ်ပြောမလားပဲ.။. ဒီလောက် ဘာမကြောက် ညာမကြောက် ညီအစ်ကိုနှစ်ယောက်က စိတ်ထဲမှာ မသိုးမသန့်ကြီးဆိုပြီး ပြောလာတော့လေ..။ ဒါပေမယ့် သိတယ်မလား.။ ကျွန်တော်တို့ခြောက်ယောက်က ပေသီးတွေလေ..။ ကြောက်ဖို့ကို သတိမရတဲ့ကောင်တွေ..။ အဲဒီတော့ ညခြောက်နာရီလောက်လူစုပြီး သချိုင်းကို ခုနစ်နာရီလောက်မှာ ချီတက်ကြတယ်.။ ကျွန်တော်တို့က သရဲမကြောက် လူမကြောက်တွေလေ..။ ဘယ်သူမှ ကိုယ့်ကို ဘာမှ မလုပ်နိုင်ဘူးဆိုပြီး သွေးနားထင်ရောက်နေတဲ့ လူတွေဆိုပါတော့..။
အဲ... မကြောက်တတ်ပေမယ့် ကကျိုးကကြောင်တွေလာရင် ဆော်ပလော်တီးလွတ်ဖို့ လက်နက်ကိုယ်စီတော့ ယူသွားကြတယ်.။ ကျွန်တော်က ကျွန်တော့်အဖေရဲ့ သုံးကီလိုလောက်လေးမယ့် ဝက်သတ်တဲ့ လှံကြီးကို မသွားတယ်.။ အဲ..။ ဟိုဓားဆရာညီအကိုကတော့ ဓားကိုယ်စီနဲ့ပေါ့.။ အေကေမင်းကတော့ သူ့ကြင်ယာတော် အေကေဖိုတီးဆဲဗင်းပေါ့..။ ကျည်ကပ်ကိုလဲ လွယ်လို့..။ ဟိုမှာ သောက်စားပျော်ပါးမယ်ဆိုတော့ အိုးခွက်တွေရယ်၊ ခြောက်ယောက်စာ ဗိုက်ရိုက်စားနိုင်လောက်တဲ့ ထမင်းရယ်၊ နောက် မစို့မပို့ အရက် နှစ်ဂါလံရယ် ပါသွားကြတယ်.။ နောက် ညလုံးပေါက် ဖိုထားဖို့ ထင်းတွေလဲ သယ်သွားတာပေါ့..။
စတည်းချတာကတော့ သချိုင်းအလယ်က ဇရပ်ကြီးမှာပေါ့..။ အဲဒီကိုရောက်တော့ ည ရှစ်နာရီလောက် ရှိပြီထင်တယ်..။ မှောင်တာမှ မဲနေတာပဲ..။ တစ်ယောက်နဲ့တစ်ယောက် မနည်း ပြူးပြဲကြည့်ယူရတယ်..။ ကျွန်တော်နဲ့ စောမင်းက ထောင်ထားတဲ့ ငါးရှဉ့်ထောင်ချောက်တွေကို သွားသိမ်းတယ်.။ အားလုံးပေါင်း ရှစ်ကောင်ရတယ်.။ အဲဒါနဲ့ လေးကောင်ကို ညအတွက် ချက်လိုက်ပြီး လေးကောင်ကို အိုးထဲထည့်ြ့ပီး အရှင်လိုက်သိမ်းထားလိုက်တယ်.။ မနက်စာပေါ့.. ။ ညစာလဲ ချက်ပြီးသွားပြီဆိုတော့ ထမင်းစားဖို့ ပြင်ကြတာပေါ့..။
ဒီလိုနဲ့ ဝိုင်းဖွဲ့ပြီး သောက်လိုက် စားလိုက်နဲ့ ပျော်နေလိုက်တာ ညဆယ့်နှစ်ကျော်လောက်ကျတော့ ပြဿနာက စလာတယ်.။ မိုးရွာလာတာလေ..။ အဲဒီတော့ ဖိုထားတဲ့ မီးပုံကို မီးအားပိုမြင့်အောင် လုပ်လိုက်တယ်.။ အလင်းအားလဲ ပိုကောင်းလာတာပေါ့... ။ တစ်ယောက်ကို တစ်ယောက် ကောင်းကောင်း မြင်ရအောင် လုပ်လိုက်တာ..။ အဲဒီနောက် ထွေရာလေးပါး အာရိုက်နေကြတာပေါ့..။ အဲဒီအချိန်မှာပဲ အသက်ရှူသံ ခပ်ပြင်းပြင်းနဲ့အတူ လူတစ်ယောက်ကို ကျွန်တော်တို့နဲ့ မလှမ်းမကမ်းမှာ ရပ်နေတာကို တွေ့လိုက်ရတယ်.။ ကျွန်တော်တို့က ဇရပ်ထဲမှာ..။ သူက ဇရပ်ပြင်မှာပေါူ့....။ မနက်စားဖို့ သိမ်းထားတဲ့ ငါးရှဉ့်အရှင်တွေထည့်ထားတဲ့အိုးကို စိုက်ကြည့်နေတယ်.။ ကိုစောကြီးက လှမ်းပြီးတော့ ဘာလိုချင်လို့လဲ၊ အပြင်မှာ ရပ်နေတာ အေးပါတယ်.။ လာ ငါတို့နဲ့ တူတူ လာထိုင်ဆိုပြီး လှမ်းခေါ်တယ်..။ အဲဒီတော့ အဲဒီငနဲက ကျုပ်ခင်ဗျားတို့နဲ့ တူတူ ထိုင်လို့ မဖြစ်ဘူး..။ ခင်ဗျားတို့ကို ကြည့်နေတာကြာပြီ..။ အခု ဗိုက်ဆာလာလို့..။ တစ်ခုခု ကျွေးပါလား ဆိုပြီး ပြန်ပြောတယ်ဗျာ..။ ကိုစောကြီးကလဲ ကျုပ်တို့မှာ ငါးရှဉ့်ပဲရှိတယ်.။ မချက်ရသေးတာနဲ့ ချက်ပြီးတာ.. လို့ လှမ်းပြောလိုက်တယ်.။ အဲဒီတော့ အဲဒီငနဲက အစိမ်းစားမယ်လို့ ပြောလာတယ်.။
ကျွန်တော်တို့ ဒက်ခနဲ သိလိုက်ပြီ..။ ဒီငနဲက သာမာန်တော့မဟုတ်မှန်း..။ ဒါပေမယ့် သူက တစ်ယောက်ထဲ ..။ ကျွန်တော်တို့က ခြောက်ယောက်မလား..။ အဲဒီတော့ ကြောက်စရာမလိုဘူးဆိုပြီး ငါးရှဉ့်အရှင်တစ်ကောင် လှမ်းပေးလိုက်တယ်.။ ကျွန်တော်တို့ မျက်စိရှေ့တင် အဲဒီ ငါးရှဥ့်ကို ကောက်ဝါးနေတာ အသည်းယားဖို့ကောင်းသဗျ..။ အဲ..။ ငါးရှဥ့်ဒီလောက် အကောင်ကြီးကြီးကို စားထည့်လိုက်တာ မြန်သလားမမေးနဲ့..။ ပါးစပ်မှာလဲ သွေးစတွေနဲ့..။ အဲဒီ ငနဲက အာသာပြေသေးပုံမရဘူး..။
ဒါနဲ့ ကျွန်တော်လဲ လှမ်းမေးလိုက်တယ် ဝပလားပေါ့..။ သကောင့်သားက မဝသေဘူးတဲ့..။ ဒါနဲ့ ကျွန်တော်လဲ နောက်တစ်ကောင်ကို ယူပြီး တမင် ပစ်ပေးလိုက်တယ်.။ အဲဒါလဲ တီးထည့်လိုက်တာ သွက်သလားမမေးနဲ့..။ ဒီတစ်ခါတော့ ကိုယ်တွေ မမေးရသေးခင် မဝသေးဘူး နောက်ထပ် တစ်ကောင်လောက်ဆိုပြီး ခပ်တည်တည် တောင်းလာတယ်.။ ဘယ့်နှယ်ဗျာ..။ ငါးရှဉ့်လေးကောင်ကို လူခြောက်ယောက် အေးဆေး စားလို့တောင်ရတဲ့ကိစ္စ အခုက သူ့တစ်ယောက်ထဲနဲ့တင် နှစ်ကောင် ကိစ္စချောနေပြီ..။ တင်းလာတာပေါ့.  ။ အဲဒါနဲ့ ထအော်လိုက်တယ်.။ ခင်ဗျားက ဘာကောင်မို့လို့ ဒီလောက် အစားငမ်းနေတာလဲပေါ့..။ ပိုးစိုးပက်စက်တွေ ဆဲပြီး ရွတ်ဖတ်ပေးလိုက်တယ်.။ ဒါပေမယ့် သကောင့်သားက အခွက်ပြောင်ကောင်းတုန်း.။ ငါးရှဥ့်မပေးတော့ရင်လဲ အရက်တော့ တိုက်ပါတဲ့..။ စိတ်ထဲက တင်းနေပေမယ့် အေးရာအေးကြောင်းဆိုပြီး အရက်ကို ပုလင်းထဲ ဖြည့်ပြီး ပစ်ပေးလိုက်တယ်.။ ပြီးတော့ မင်း ငါတို့ကို ထပ်ပြီး မနှောင့်ယှက်နဲ့တော့ ..။ ဒီတစ်လုံးမော့ပြီး လစ်တော့ဆိုပြီး ပြောလိုက်တယ်..။ သကောင့်သား အရက်ကို သောက်တာများ အချိုရည် သောက်နေသလား အောက်မေ့ရတယ်.။ မနားတမ်းကို မော့ချလိုက်တာ တစ်လုံး ပြောင်ရောပဲ..။ ပြီးတော့ ဇရပ်နားမှာ ပတ်လျှောက်ပြီးတော့ ကျွန်တော်တို့ကို ပြန်ရွတ်နေတာဗျား.. ။ ငါ့နေရာမှာလဲ လာနေသေးတယ်၊ ငါ့ကိုလဲ အစားဝအောင်မကျွေးဘူး..။ ဘာဖြစ်တယ် ညာဖြစ်တယ် ဆိုပြီး မအေနှမတွေပါ ကိုင်တုပ်တာ.။
ကိုယ်တွေရဲ့ သည်းခံနိုင်စွမ်းကလဲ တာကျိုးပြီလေ..။ စောမင်းက ထပြီးပြောတယ်.။ မင်း သတ္တိရှိရင် ဇရပ်ပေါ်တက်ခဲ့စမ်းပါပေါ့..။ ဒီတော့ သကောင့်သားက ပြန်ပြောတယ်.။ ငါတက်လို့ ရရင်မင်းတို့ကောင်တွေ သေနေတာကြာပြီတဲ့..။ သတ္တိရှိရင် ဆင်းခဲ့စမ်းပါဆိုပြီး ပြန်စိမ်ခေါ်တယ်.။ စောမင်း မရတော့ဘူး..။ သေနတ်ကြီးကို သကောင့်သားဘက် ထိုးချိန်လိုက်ပြီး လျှောက်ချသွားတယ်.။ အဲ..။ ဇရပ်ထောင့်နားလဲရောက်ရော စောမင်း တုန့်ကနဲရပ်သွားပြီး သကောင့်သားကို သေချာ ကြည့်နေတယ်.။ ပြီးတော့ ခြေတစ်လှမ်းချင်း နောက်ပြန်ဆုတ်လာတယ်.။ ကျွန်တော်တို့လဲ ကြောင်ကုန်တာပေါ့.။ ဒီကောင်က သေနတ်နဲ့..။ ဟိုကောင်က လက်ဗလာ.။ ဒါကို နောက်ပြန်ဆုတ်လာတယ်ပေါ့..။ တွေးလို့မှ မဆုံးသေးဘူး စောမင်းက လှမ်းမေးလာတယ်။ ဟကောင်တွေ မင်းတို့ ဒီကောင်ကို နိုင်မှာ သေချာလားတဲ့.။ ဟာဗျာ..။ ကတောက်ကတဲ့..။ ခြောက်ယောက်တစ်ယောက်ကို မနိုင်ရှိပါ့မလား.။ အဲဒါနဲ့ တက်ခဲ့စမ်းပါ ငါတို့ခွင့်ပြုတယ်.. လာခဲ့ဆိုပြီး ထ စိန်ခေါ်လိုက်တယ်.။ အဲဒါနဲ့ သကောင့်သားက ချက်ချင်းကို မေးတာ.။ ဒါက ခွင့်ပြုတာလားတဲ့.။ ကျွန်တော်တို့ကလဲ အေးဟုတ်တယ် ခွင့်ပြုတယ်လဲ ပြောလိုက်ရော ဝုန်းဆို ဇရပ်ပေါ် ခုန်တက်လာတယ်..။ ကျွန်တော်ကလဲ တော်တော်လေးကို တင်းနေပြီဆိုတော့ ချက်ချင်း ထပြီး လှံနဲ့ ကောက်ထိုးတာပေါ့..။ ဇကမသေးဘူးလေ.. ။ ဒါပေမယ့်ဗျာ.. လူကို ထိုးမိရက်သားနဲ့ ရာဘာတုံးကြီးကို ထိုးနေရသလိုပဲ လှံက ဖောက်ထွက်မသွားနိုင်ဘူး ဖြစ်နေတယ်.။ ကျွန်တော်လဲ ဆက်တိုက်ကို တက်ထိုးတာပေါ့..။ မထူးနေဘူး..။ ဓါးညီနောင်လဲ ဝင်ပိုင်းတယ်.။ တိုးမပေါက်ဘူး.။ စောမင်းကတော့ ဒီအချိန်မှာ အသုံးမဝင်တော့ဘူး.။ ကျွန်တော်တို့တွေက အနီးကပ် ဆော်နေတာဆိုတော့ သူ့သေနတ်နဲ့ ပစ်လို့မဖြစ်ဘူးလေ..။ အချင်းချင်း ထိကုန်မှာမို့..။ ကျွန်တော်တို့ ဝိုင်းတွယ်လဲ သကောင့်သားကမမှုဘူး.။ တစ်ချက် ပြန်လုပ်ထည့်လိုက်ရင် ကိုယ်တွေပဲ နောက်လှန်ထွက်ကုန်တယ်.။
ရုတ်တရက် ဘာမပြောညာမပြောနဲ့ စောမင်း ထိပ်ဆုံး ထွက်ပြေးတယ်.။ ဦးတည်ရာက ရွာဘက်..။ သူ့နောက်မှာ ကျန်တဲ့သူတွေ ထပ်ချပ်မကွာလိုက်ပြေးတယ်.။ ရုတ်တရက်ဆိုတော့ ကြောင်ပြီး ကျွန်တော်တစ်ယောက်ထဲ အဲဒီ သကောင့်သားနဲ့ ကျန်ခဲ့တယ်။ လှမ်းကြည့်လိုက်တော့ အသေဆော်တော့မယ့် မျက်ခွက်ကြီး.။ အဲဒါနဲ့ ကျွန်တော်လဲ အသားကုန် သုတ်တာပေါ့.။ ကျွန်တော်တို့ အုပ်စုမှာ ကျွန်တော် ပြေးတာ အနှေးဆုံးပဲ.။ ကျွန်တော့်နောက်မှာတော့ သကောင့်သား ထပ်ချပ်မကွာလိုက်လာတယ်.။ ကျွန်တော့်ခေါင်းထဲဝင်ဆောင့်တာက လူကြီးတွေ ပြောဖူးတဲ့စကား.။ နာနာဘဝတွေရဲ့ အရိုက်အပုတ်ကို ခံလိုက်ရရင် မင်းလဲ ကိစ္စတုံးမယ်မှတ်ဆိုတာကိုပါ.။ ဒါကြောင့် နောက်ကလိုက်လာတဲ့ သကောင့်သား ကျွန်တော့်ကို မှီမှာ အသေကြောက်ပြီး အားကုန်သုတ်တာပေါ့.။ ရွာနားရောက်တော့ တံခါးက ပိတ်နေပြီလေ.။ ရွာတံခါးက ခြောက်ပေလောက်မြင့်တယ်။ ကျွန်တော့မျက်စိရှေ့မှာတင် ကိုယ်တော်ချောတွေ ခုန်ဝင်သွားတာ ကျန်ကျောင်းအတိုင်းပဲ..။ ကျွန်တော်လဲ ရွာတံခါးနားရောက်တော့ ကြောက်ကြောက်နဲ့ ဇွတ်ခုန်လိုက်တာ တစ်ချက်ထဲနဲ့ ရွာထဲရောက်တယ်.။ အထဲလဲရောက်ရော အာခေါင်ခြစ်အော်ြ့ပီး ကျွန်တော်လဲ သတိလစ်ရောပဲ..။ ပြီးတော့ဗျာ ဖျားလိုက်တာမှ သုံးရက်တောင်ကြာတယ်.။
နောက်မှ စောမင်းပြန်ပြောပြလို့သိတာ အဲဒီသကောင့်သားက တစ်ခြားသူမှမဟုတ်တာ..။ ငှက်ပျောတောရွာက ကေအန်ယူ သူလျှိုဖြစ်နေတာကိုး.။ အဲ..။ သူက မှော်ပညာတွေလဲ လေ့လာတတ်ကျွမ်းတယ်လို့ အဆိုရှိတယ်...။ ဗမာ့တပ်မတော်က မိသွားပြီး မီးရှို့သတ်လိုက်တာတဲ့..။ စောမင်းက သေချာမှတ်မိနေတာ အဲဒီမျက်နှာကို..။ ဒါကြောင့် ဒီကောင်စောမင်း သကောင့်သားမျက်နှာကို မြင်လိုက်တော့ နောက်ဆုတ်လာတာကိုး.။ အဲဒီနေ့ကစပြီး ကျွန်တော်တို့လဲ သချိုင်းမှာ အရက်သွားမသောက်ရဲတော့ဘူးဗျာ..။ ကံကောင်းလို့ ဘာမှမဖြစ်တာ..။ ကျွန်တော် ကြုံခဲ့ရတာကတော့ ဒါပါပဲ..။ အားလုံးကို ကျေးဇူးပါဗျာ..။



by တစ္ဆေရွာ

သူလဲထင်းခွဲ ပျော်နေမြဲ...

ကျွန်တော်ကတော့ မွန်လူမျိုးတစ်ယောက်ပါ...။ ၂၀၁၀ ခုနစ်လောက်တုန်းကပေါ့..တနင်္သာရီတိုင်း ရေဖြူမြို့နယ်ဘက်က အမျိုးတွေဆီကို သွားလည်ဖြစ်ရင်း အဲဒီက သစ်ခုတ်သမားအစ်ကိုတစ်ယောက်နဲ့ အသိမိတ်ဆွေဖြစ်သွားတယ်.။ ဖြစ်ပုံကဒီလို..။ အဲဒီတုန်းက သူက တောထဲမှာ သစ်သွားခုတ်ဖို့ သစ်ခုတ်သမားအကူတစ်ယောက် လိုက်ရှာနေတဲ့အချိန်ပေါ့..။ ကျွန်တော်ဆိုတဲ့ကောင်ကလဲ တောကြီးမျက်မည်းထဲကို အသားကုန်သွားလေ့လာချင်တဲ့သူကိုး..။ ဆိုတော့ အဲဒီအစ်ကိုနဲ့ စကားစပ်မိရင်း သစ်ခုတ်ရင် တောနက်ထဲ ဝင်ရမှာပေါ့ဆိုတဲ့ အမေးကနေ ကျွန်တော် လိုက်ဖြစ်ဖို့ ဖြစ်သွားတာ..။ တစ်ကယ်တော့ အဲဒီဘက်မှာ သစ်ခုတ်တယ် သစ်ခွဲတယ်ဆိုတာ သိပ်မခက်လှပါဘူး.။ လက်ကိုင် လွှစက်နဲ့ ဖြတ်တာဆိုတော့ နှစ်ယောက် ဆွဲရင် လွယ်လွယ်လေးပါ..။ ဒါကြောင့် သစ်ခုတ်သမား သိပ်အများကြီးမလိုပဲ ခရီးတွင်တာပေါ့..။ သူကိုယ်တိုင်ကလဲ နေ့စားသစ်ခုတ်သမားတစ်ယောက်ဗျ..။ ကရင်ရွာက သူ့ကို လာငှားထားတာ..။ သူက ဝါရင့်ဆိုတော့ သူ့ကို ဆရာတင်ပြီး ကျွန်တော်လိုက်ဖို့ဖြစ်သွားတယ်.။
ဒီလိုနဲ့ သစ်ခုတ်ထွက်မယ့်မနက်ရောက်တော့ အဲဒီ ကရင်ရွာကို ရောက်အောင် သွားရတယ်ဗျ..။ အဲဒီရွာက ကလိန်အောင် ကန်ဘောက်ဘက်မှာရှိတယ်.။ တောထဲ လိုက်ပို့ပေးမယ့်သူရောက်လာတော့မှ ကျွန်တော်တို့ တောထဲကို စထွက်ဖြစ်တယ်.။ မလွယ်ရေးချ မလွယ်ပါဗျာ.။ ခြောက်နာရီကျော်ကျော်လောက် လမ်းလျှောက်မှ သစ်ခုတ်ရမယ့် နေရာကိုရောက်တယ်.။ လူနေအိမ်နဲ့ကတော့ လှမ်းသလားမမေးနဲ့..။ တောနက်ထဲကို အဲဒီအခါမှ ကိုယ်တိုင်ကိုယ်ကျ ရောက်ဖူးတယ်ဗျာ.။ သစ်ခုတ်တဲ့ စခန်းရောက်တော့ အဲဒီမှာ သစ်ဆွဲလုပ်သားတွေနေတဲ့ တဲတစ်လုံးကို တွေ့တယ်.။ တဲထဲမှာ သစ်ဆွဲတဲ့ ကရင်လူမျိုး ငါးယောက်နေတယ်.။ ကျွန်တော်ရယ် ကျွန်တော့ဆရာရယ်. လမ်းပြရယ်ပေါင်း သုံးယောက်ထပ်ဝင်ရင် ရှစ်ယောက်..။ ညအိပ်လို့တော့ဖြစ်တယ်.. ဒါပေမယ့် အရမ်းကြပ်မယ်ပေါ့..။ ပြီးတော့ လူရှစ်ယောက်မှာ မွန်က ကျွန်တော်ရယ် ကျွန်တော့အာစရိရယ် နှစ်ယောက်ပဲကိုး..။ ဒါနဲ့ ကျွန်တော်တို့နှစ်ယောက်ကလဲ အဲဒီနားတစ်ဝိုက်မှာ ကိုယ့်ဟာကိုယ် တဲထိုးအိပ်ဖို့ လုပ်တယ်..။ အဲဒီတော့ နေရာလိုက်ရှာတာပေါ့..။ စမ်းချောင်းတစ်ခုနားအရောက်မှာတော့ ကျွန်တော်တို့ စိတ်ကြိုက်နေရာကိုတွေ့တယ်..။ အင်မတန်နက်တဲ့တောထဲမှာ ဒီလို ကွင်းပြင်လေး တွေ့ရတယ်ဆိုတော့ ရွှေပေါ့..။ ဒါနဲ့ပဲ အဲဒီနေရာမှာ တဲထိုးဖို့ စတိချထားလိုက်တယ်..။
ဒါပေမယ့် သစ်ခုတ်တဲ့တဲက ကျွန်တော့်အာစရိကို ငှားထားတဲ့ ကရင်ကြီးရဲ့ တဲဆိုတော့ အဲဒီမှာပဲတည်းဖို့ သစ်ဆွဲသမားတွေက အတင်းတိုက်တွန်းတာနဲ့ ကျွန်တော်တို့လဲ သစ်ခုတ်စခန်းက တဲလေးမှာပဲ ညအိပ်ဖြစ်တယ်..။ ကျွန်တော်တို့နားနေတုန်း အရင်လူတွေက အနီးအနားတစ်ဝိုက်နဲ့ စမ်းချောင်းမှာသွားပြီး သားငါးရှာတယ်.။ သူတို့ပြန်လာတော့ ည ဆယ့်တစ်နာရီလောက် ရှိတော့မယ်ထင်တယ်.။ ရလာတာလေးနဲ့ ချက်ပြုတ်ပြီးတော့ ညစာစားကြတယ်.။ ညစာစားတဲ့အချိန်ကျတော့ ညဆယ့်နှစ်လောက်ရှိနေပြီ...။ အားလုံးလက်စုံ စားနေတုန်းမှာပဲ ကျွန်တော်တို့ တဲအရှေ့ဘက်နားလောက်မှာ လူတွေ လမ်းလျှောက်နေတဲ့အသံကြားလာရတယ်.။ ပြီးတော့ သစ်ခုတ်တဲ့အသံရော ကြားရတယ်..။ အဆိုးဆုံးကတော့ ကျွန်တော်တို့ တဲနဲ့ ကပ်နေတဲ့ ဝါးရုံထဲမှာ ဝါးလာခုတ်နေတာပဲ..။ မကြာဘူး ဝါးကျိုးကျတဲ့အသံတွေပါ ကြားလာရတယ်..။
အခုမှ ရောက်ဖူးတဲ့ ကျွန်တော့်အတွက်ကတော့ ကြက်သီးထစရာပေါ့..။ ကျန်တဲ့သူတွေကို ကြည့်လိုက်တော့ အေးဆေးပဲ ဖြုံတဲ့ပုံတောင် မပေါ်..။ အဲဒါနဲ့ သိချင်ဇောကို မထိန်းနိုင်လို့ မေးလိုက်တော့မှ သိလိုက်ရတယ်..။ ဆယ့်နှစ်ကျော်ရင် နာနာဘဝတွေက အဲ့လိုပဲ လုပ်နေကြတဲ့..။ နောက်ပြီး အပြင်မှာ တဲထိုးမအိပ်မိတာ ကံကောင်းလို့ ပြောရမယ့် အချက်ကိုပါ သိလိုက်ရတယ်.။ အဲဒါကတော့ ခုနက တဲထိုးမယ်လို့ ပြင်ထားတဲ့ ကွင်းပြင်ကြီးက အရင် မှောင်ခိုခေတ်တုန်းက ထမင်းဆိုင်ကြီးတစ်ဆိုင် ရှိခဲ့ဖူးတဲ့နေရာတဲ့.။ တောနက်ထဲမှာဆိုတော့ ဖျားသူတွေ နာသူတွေ လာပြီး တည်းကြ ဆေးကုကြတဲ့နေရာတဲ့..။ ဒါပေမယ့် တောနက်ထဲမှာ ဆေးမစုံတာနဲ့ သေတဲ့သူများတယ်တဲ့..။ အဲဒီတော့ မြေလဲ ကြမ်းတယ်တဲ့..။ အဲဒီခါမှ ဘုရားတမိတယ်..။ အဲလိုနဲ့ ညကို အသံဗလံတွေကြားမှာ အတင်းထိုးအိပ်ရင်း ကျော်ဖြတ်ရတယ်..။ ညတိုင်း ညတိုင်း ဆယ့်နှစ်ဆိုရင် အဲဒီအသံတွေ စကြားရပြီ.. ။ တစ်ခါတစ်ခါ ဝါးရုံကြီးထဲမှာ တုတ်တစ်ချောင်းနဲ့ လိုက်ရိုက်နေတဲ့အသံတွေပါ ကြားရတယ်.။ ဝါးပင်တွေ ဘယ်လောက်ကျိုးသံပေးပေး မနက်လင်းလို့သွားကြည့်ရင် အားလုံးအကောင်းအတိုင်းပဲ..။ ဒါကတော့ ကျွန်တော့်ရဲ့ တောတွင်းအတွေ့အကြုံလေးပါ..။


by တစ္စေရွာ

သရဲခြောက်သော ရုပ်ရှင်ရုံကြီး

ဒိန်းမတ်နိုင်ငံ ကိုပင်ဟေဂင် မြို့တော်အနီးရှိ သရဲခြောက်
သည်ဟု နာမည်ကြီးနေသော `တို့ရ်စတုပ်´ (Tåstrup) ရုပ်ရှင်ရုံ
အဟောင်းကြီးနှင့် လက်ရှိ ကျနော့် (စာရေးသူ) အိမ်သည်
အကွာအဝေးအားဖြင့် ကီလိုမီတာ ၅၀ ခန့်သာ ကွာဝေး
ပါသည်။ ဥရောပ ရှေးဟောင်းမြို့တော် စာရင်းဝင်ဖြစ်သည့်
ကိုပင်ဟေဂင်မြို့ အနီးအနားတ၀ိုက်တွင် သရဲတစ္ဆေ ခြောက်လှန့်
သည်ဟု နာမည်ကြီးသော နေရာ အတော်များများ ရှိပါသည်။
ထိုနေရာများထဲတွင် `တို့ရ်စတုပ်´ ရုပ်ရှင်ရုံအဟောင်းသည်
ထိပ်တန်းစာရင်းဝင် နေရာတစ်ခုဖြစ်ပါသည်။
…........ …... ….


ကျနော်တို့ လက်ရှိ နေထိုင်ရာ ရပ်ကွက်ထဲတွင် ပင်စင်စား
ဝန်ထမ်းများ၏ အပျော်တမ်း လမ်းလျှောက်အသင်း ဆိုသည့်
အဖွဲ့တစ်ဖွဲ့ ရှိပါသည်။ ထိုအဖွဲ့၏ ရုံးခန်းသည် ကျနော်တို့
တိုက်နှင့် မလှမ်းမကမ်းတွင် ရှိပါသည်။ ကျနော်သည် ထိုအဖွဲ့
မှ `ပေါလ်´ ဟု ခေါ်သော ဒိန်းမတ်လူမျိုး အဖိုးအို တစ်ဦးနှင့်
ရင်းနှီးနေပါသည်။ `ပေါလ်´ သည် ယခင်က ဒိန်းမတ် ရုပ်မြင်သံကြား
လိုင်း တစ်ခုဖြစ်သည့် `TV 3´ ၏ သရဲတစ္ဆေ၊ နာမ် ၀ိညာဉ်
များနှင့် ပက်သက်သော ပရိုဂမ်တစ်ခုတွင် သတင်းမုဆိုး
(hunter) အဖြစ် ကာလရှည်ကြာ ထမ်းဆောင်ခဲ့သူ ဖြစ်ပါသည်။
ယခုအချိန်အထိလည်း ရုပ်မြင်သံကြား အစီအစဉ် တော်တော်
များများတွင် သူ့မိတ်ဆွေ အချို့နှင့် တွဲဖက်၍ သူတို့၏ ထူးခြား
အံသြဖွယ် အတွေ့အကြုံများအကြောင်း ပြောပြလေ့ရှိပါသည်။


ကျနော်တို့ နေထိုင်ရာ ဒေသ၏ အနီးတ၀ိုက်တွင် သဘာဝ
သစ်တောဖြစ်သည့် ဒိန်းမတ်အမျိုးသား ဥယျာဉ်`ဂစ်စကို့´
(Gribskov) သစ်တောနှင့် သဘာဝအရ မဟုတ်ဘဲ ၁၇- ရာစုခေတ်
ဒိန်းမတ်ဘုရင်များ အမဲလိုက်ရန်အတွက် သမင်၊ ဒရယ်များအား
မွေးမြူထားခဲ့သော `စတိုးဝါ ဒွိရော်ဟဲဘန်း´ (Store Dyrehave)
ဟု ခေါ်ဆိုသော သစ်တော နှစ်ခု ရှိပါသည်။ ထိုသစ်တောများ
အတွင်း လေ့လာ အပန်းဖြေသူများ၊ မုဆိုးများအတွက် တစ်ည
တာ တည်းခို အိပ်စက်နိုင်သည့် တဲငယ် များ ရှိပါသည်။ ကျနော့်
မိတ်ဆွေ အဖိုးအို `ပေါလ်´ ၏ ပြောပြချက်အရ ….
`နေရာတိုင်းတော့ မဟုတ်ဘူး၊ တချို့ တဲငယ်တွေမှာ
ဝိညာဉ်တွေ၊ မကောင်းဆိုးဝါးတွေ တွဲကပ်နေတယ်ဆိုတဲ့
သတင်းတွေ ကျနော် ကြားရတယ်၊ ထုံးစံအတိုင်းပေါ့ ကျနော်တို့
က သတင်းမုဆိုးဆိုတော့ အဲဒီနေရာမှာ အသံဖမ်းစက်တွေ
ဘာတွေ သွားထားပြီး သတင်းယူဖို့ ကြိုးစားပါတယ်၊
သုံး၊ လေးရက်လောက်နေတော့ သွားပြန်ကြည့်တာ ကိုယ့်
အသံဖမ်းစက် ပျောက်တာပဲ အဖက် တင်တယ်၊ တောထဲ
အပျော်တမ်း ခရီးထွက်တဲ့ လူငယ်တွေက ကျနော်တို့ အကြံ
အစည်ကို ကြို သိလို့လား မပြောတတ်ဘူး၊ သရဲ အသံတော့
မရဘူး၊ စက် ပျောက်တာပဲ အဖက်တင်တယ် …. ´
ဟု `တဟားဟား´ ရယ်မောပြီး ပြောပြပါသည်။


လွန်ခဲ့သော အပတ် သောကြာနေ့ ညနေခင်းတစ်ခုတွင်
အဖိုးအို `ပေါလ်´သည် ကျနော်ထံသို့ ရောက်လာပြီး
`ကျုပ်မိတ်ဆွေ တစ်ဦးထံက သတင်းတစ်ခု ရတယ်ဗျ၊
`တို့ရ်စတုပ်´ (Tåstrup) ဖက်က ရုပ်ရှင်ရုံအဟောင်းကြီးမှ
ခုတလော သရဲတစ္ဆေတွေ ပြန်ပြီး ခြောက်လှန့်နေတယ်ဆိုတဲ့
သတင်းပဲ၊ အဲဒါ ပင်စင်စား အပျော်တမ်း လမ်းလျှောက်အသင်း
က နောက်ထပ် မိတ်ဆွေ နှစ်ဦးလည်း ပါမယ်၊ ခင်ဗျားပါ လိုက်မယ်
ဆိုရင် လေးယောက်ပေါ့၊ အဲဒီမှာ တစ်ညတာ အိပ်စက် လေ့လာဖို့
ရုပ်ရှင်ရုံက တာဝန်ရှိသူတွေထံ ကျနော် ခွင့်တောင်းပြီးပြီ၊ ဘယ်လိုလဲ
သရဲနဲ့ မတွေ့ရတော့လည်း ရုပ်ရှင်ရုံထဲက ခန်းမထဲမှာ ကျနော်
တို့အုပ်စု ပျော်ပျော်ပါးပါး ဘီယာ သောက်ကြမယ်လေ ဗျာ … ´
…...... …... …


ရုပ်ရှင်ရုံ၏ ခန်းမသည် သိပ်အကျယ်ကြီးတော့ မဟုတ်ပါ၊ သာမန်
အငယ်စား ဇာတ်စင်လောက်သာ ဖြစ်ပါသည်။ သရဲတစ္ဆေ ၀ိညာဉ်
အရိပ်များ ပေါ်လာတတ်သည်ဟု လူပြောများသော `မှန်´ ပြတင်း
ပေါက်သည် ခပ်မြင့်မြင့် နေရာများတွင် ရှိပါသည်။ ကျနော်တို့ လေးဦး
သည် ခန်းမအတွင်း စရောက်သည်နှင့် ဖွင့်လိုက် ပိတ်လိုက် ဖြစ်တတ်
သည်ဟု နာမည်ကြီးသော နံရံပေါ်မှာ မီးခလုတ်အားလုံး၏ ထိန်းချုပ်ရာ
ဖြစ်သော ပင်မ မီးခလုတ်အား ပိတ်ထားလိုက်ပါသည်။ အပေါ့အပါး
သွားရန် အိမ်သာအခန်း မီးနှင့် ဇာတ်စင်ပေါ်က မီးများအားလုံးကို
ထိန်းထိန်းတောက်နေအောင် ထွန်းထားလိုက်ပါသည်။


ရုံထဲ ရောက်ကာစက အနည်းငယ် သတိထားနေမိသော်လည်း
ရယ်စရာ ပြောပြတတ်သည့် အဖိုးအို တစ်ဦးကြောင့် သရဲတစ္ဆေဆီ
စိတ်မရောက်ပဲ သူ့စကားအတွင်း နှစ်မျောနေပါသည်။ ည ၁၁ နာရီ
ခန့် တွင် ကျနော်တို့ အုပ်စု ထိုင်နေသော ဇာတ်စင်၏ ဘေးဖက်
လှေကား အတက်အဆင်းတွင် ရှိသည့် အမှိုက်ပုံးသည် တစုံတယောက်
ခြေထောက်ဖြင့် ခပ်ပြင်းပြင်း လာကန်လိုက်သလို ခပ်ကျယ်ကျယ်
အသံတစ်ခု ထွက်လာပါသည်။ ကျနော်တို့ လေးဦး အလျင်အမြန်
သွားကြည့်ခဲ့ပါသည်။ အမှိုက်ပုံးသည် သူ မဟုတ်သလိုပင်၊ တစ်ခုခု
ချိုင့်ဝင်သွားသလိုလည်း မရှိ၊ ပုံးနံဘေးတွင် ခြေရာလက်ရာလည်း
မပျက်ပါ။ စဉ်းစားလို့ အဖြေထွက်မလာပါ။ ကျနော်တို့ စကားဝိုင်းသည်
ခေတ္တ တိတ်ဆိတ်သွားပြီး တစ်အုပ်စုလုံး ဟိုနေရာ ဓါတ်မီးဖြင့် ထိုး
ကြည့်လိုက်၊ ဒီနေရာ ထိုးကြည့်လိုက်ဖြင့် စူးစမ်းကြည့်ပါသည်။ ဘာမျှ
မမြင်ရပါ။ နောက်ထပ် တစ်နာရီနီးပါးလောက် ဟိုအကြောင်း ပြောလိုက်၊
ဒီအကြောင်းပြောလိုက်ဖြင့် တစုံတခုကို သတိ အနေအထားဖြင့် ကျနော်
တို့ စကားဝိုင်းကို ဆက်ခဲ့ပါသည်။ သို့သော် အားလုံးသည် ထူးထူးခြားခြား
အသံဗလံများ ထပ်ကြားမရလား ဟူသော် မျှော်လင့်ချက်ဖြင့် ဘေးဘီသို့
မကြာခဏ လှည့်ပတ် ကြည့်နေမိပါသည်။ ည ၁၂ နာရီ ကျော်ကာစတွင်
ကျနော်တို့ လေးဦးစလုံး နံဘေးချင်း တန်းစီးပြီး အိပ်စက်ခဲ့ကြပါသည်။
အပူချိန်သည် သုညအထိ ထိုးကျနေသောကြောင့် ခန်းမနံဘေးမှ အပူစက်
များကို နံပါတ် (၄) အထိ ဖွင့်ထားရပါသည်။ ကျနော့်နံဘေး အစွန်းဆုံး
တွင် အဖိုးအို `ပေါလ်´ အိပ်စက်ပြီး တစ်ဖက်တွင် ကျန် အဖိုးအို နှစ်ဦး
တို့ အိပ်စက်နေပါသည်။ အိပ်ဖို့ အိပ်ယာနှင့် ကျော ထိစပ်လိုက်သည့်
နှင့် ချက်ချင်း အိပ်မပျော်တတ်သည့် ကျနော်သည် သူတို့၏ ဟောက်သံ
များကို နားထောင်ရင်း နောက်ထပ် ၁၅ မိနစ်ခန့်တွင် အိပ်ပျော်သွား
ပါသည်။


ရုတ်တရက် စကားပြောသံ ခပ်ကျယ်ကျယ်များကြောင့် အိပ်ပျော်
နေရာမှ ကျနော် နိုးလာပါသည်။ အဖိုးအိုများ၏ ပြောပြချက်အရ
အိမ်သာနှင့် ကျနော်တို့ အုပ်စု အိပ်စက်နေရာ ဇာတ်စင်တို့အကြား
လူသွားလမ်းတွင် လူ နှစ်ဦး၊ သုံးဦးခန့် စကား စုပြောသံ၊ လမ်းလျှောက်သံ
များ ကြားရကြောင်း၊ ခန်းမနှင့် အိပ်သာအကြားတွင် ရှိသော
အ၀င်အထွက် တံခါးကို တစုံတဦး တွန်းဖွင့်လိုက်သံကို ပီပီသသ
ကြားရကြောင်း ပြောပြပါသည်။ နောက်ထပ် နှစ်နာရီ နီးပါးလောက်
ကျနော်တို့ တစ်အုပ်စုလုံး ပုံစံမျိုးစုံဖြင့် စူးစမ်းကြည့်ပါသေးသည်။
အရာရာသည် တုပ်တုပ်မျှ မလှုပ်ရှားပါ။


နောက်ဆုံးတွင် ကျနော်တို့တစ်စုလုံး အိပ်ယာထဲ ပြန်အိပ်ခဲ့ကြ
ပါသည်။ အဖိုးအို သုံးဦးထံမှ `ဟောက်သံ´များ ချက်ချင်း ထွက်
မလာတော့ပါ။ တစုံတခုအတွက် သူတို့ ဇဝေဇ၀ါ ဖြစ်နေပုံ
ရပါသည်။ ကျနော်သည် ငယ်စဉ်က ကျနော့်အမေဖက်မှ အဖွား
ဖြစ်သူ နူတ်တိုက် သင်ကြား ရှင်းပြခဲ့သော ဗုဒ္ဓဘာသာဝင်အများစု
မှီခိုအားထားရဖြစ်သည့် `ဓာရဏ ပရိတ်´ ကို သုံးခေါက်ခန့် ရွတ်ဆို
ရင်း ကျနော်တို့ လေးဦး အိပ်စက်ရာ နံဘေးတွင် စည်းပုံစံ
တားခဲ့ပါသည်။ နောက်ထပ် နံနက်ခင်းအထိ ကျနော် မနိုးတော့ပါ။
နံနက်ခင်း အိမ်အပြန်တွင် အိမ်နံဘေးက သူတို့ လမ်းလျှောက်အသင်း
၏ ရုံးခန်းထဲ၌ ကော်ဖီသောက်ရင်း ညက ထိန့်လန့်စရာများကို
ပြန်ပြောင်း ပြောနေခဲ့ကြပါသည် …. ။


…..... ….. ….


ဆက်စပ်နိုင်မည့် သတင်း-


(Dansk … )
Det spøger på Tåstrup Amatørscene
Da Tåstrup Amatørscene overtager Tåstrups gamle biograf,
er det for at spille teater og ikke film. De underholder publikum
med Shakespeare, Ipsen og Brecht, men det er ikke uden
problemer, for de er ikke altid alene på de skrå brædder.


Teaterleder Tine og hendes nærmeste tre medarbejdere oplever
uforklarlige ting alle steder på teatret. På første sal oplever lys-
og lydteknikeren, hvordan han bliver overvåget og ser skygger
nede på scenen.

I teatersalen oplever instruktøren, hvordan der bliver talt til
hende, og at alle de papirer hun har hængt op på opslagstavlen,
bliver revet ned, i det hun går forbi. Kostumieren er blevet lukket
ude, og hendes kjoler er blevet smidt på gulvet i kælderen.
De er helt klar over, at der er noget galt og tror selv, at det er den
gamle biografdirektør fru Nielsen, der går igen. Mediet Marion
kommer dem til hjælp, og giver Ibi Støving spor, der leder til
en forklaring.


(English …. )


It haunted Tåstrup Amateur Scene

Since Tåstrup Amateur Scene takes over Taastrup's old cinema,
it is to play theater and not film. They entertain the audience
with Shakespeare, Ibsen and Brecht, but it is not without problems,
because they are not always alone on the stage.

Theatre Manager Tina and her closest three employees experiencing
unexplainable things everywhere in the theater. On the first floor
are experiencing light and the sound, how he will be monitored
and sees shadows down on the stage.

In theater experience director, how people talk to her, and that
all the papers she has hung up on the bulletin board, will be
torn down as she walks past. Kostumieren have been shut out,
and her dresses were thrown on the floor in the basement.

They are quite aware that something is wrong and believe it,
it's the old theater director Mrs Nielsen, who goes again.
The medium Marion come to their aid, and gives Ibi trail
that leads to an explanation.


by facebook page

သွေးသွင်းပေးမလားဆိုမှ သဲနဲ့ပက်လို့ ပြေးရရှာ

စစ်ကိုင်းမှာကအမျိုးတွေရှိတော.ခဏခဏသွားဖြစ်တယ်၊ဦးလးတွေ၊အဒေါ်တွေကအနော်တို
.ကလေးတွေကျာင်းပိတ်ရင်စစ်ကိုင်းသွားတာများတယ်၊သူတို.တွေပျော်သလို၊ကျမတို.လည်းပျော်တယ်။
သူတို.လူကြီးတွေကတော.ဖဲရိုက်ကြတာပေါ.။ကျမတို.မောင်နှမ၀မ်းကွဲတွေကတော.မျောက်ရှုံးအောင်ဆော.ကြတာပေါ.၊
အိမ်ကမင်းလမ်းထဲမှာဆိုတော.စစ်ကိုင်းမြစ်ဆိပ်နဲ.လဲနီးတယ်၊ဓူပါရုံဘုရားနဲ.လဲနီးတယ်.........
ဆော.တာတော.အိမ်ရှေ.မှာဆော.ကြတာပေါ.နော်...ဆော.ရင်းဆော.ရင်းနဲပြေးကြလွှားကြတော.
မြစ်ဆိပ်ဘက်ရောက်လိုရောက်၊ဓူပါရုံဘုရားဝန်းကြီးနားရောက်လိုရောက်ပေါ.။မောင်နှမတွေကစုံတော.
ပျော်စရာကြီးပဲကစားတာမှတနေ.လုံးလူကြီးတွေမခေါ်မခြင်းအိမ်ထဲမ၀င်ကြဘူး။တနေ.တော.
ကစားရင်းညနေတော်တော်စောင်းနေပြီ၊နေရာကဓူပါရုံဘုရားဘေးလမ်းကြားထဲမှာပေါ.၊စိန်ပြေးတမ်းကစားနေကြတာပါ......၊
သိတဲ.အတိုင်းပဲအော်ကြဟစ်ကြနဲ.ပေါ.လိုက်တဲ.သူကလိုက်ပြေးနေတဲ.သူကပြေး၊ကျမကတော.
ပြေးရင်းလွတ်မဲ.တနေရာကနေရပ်ကြည်.နေတာပေါ.ကိုယ်.လာမဖမ်မှီပြေးနိုင်အောင်အဆင်.လဲလုပ်ထားတာပေါ....
အဲ.ဒီမှာ.ကျမရပ်နေတာကဘုရားအုတ်တံတိုင်းကြီးနဲ.ဝေးတယ်၊သူတို.ကစားနေတဲ.နေရာကတော.
ဘုရားဝိုင်းကိုကာထားတဲ.အုတ်တံတိုင်းကြီးနဲနီးတယ်....။အဲဒီမှာသူတို.ရုပ်တရက်အော်ပြီးထွက်ပြေးကြတယ်....
အရှူးမကြီး၊အရှူးမကြီး...ဆိုပြီးတော.ဒါလဲကျမရပ်ကြည်.နေတာပဲဘာမှမမြင်ဘူး.....
အုတ်တံတိုင်းကြီးနားမှာကျမအမ၀မ်းကွဲသူလည်းမလှုပ်မယှက်နဲ.ရပ်နေတုန်းပဲ...
သူရှာနေတယ်၊ဘာမှမတွေလို.ဘယ်မှာလဲ..ဘယ်မှာလဲလို.သူကအ်ာနေတယ်၊
နဲနဲဝေးအောင်ပြေးသွားတဲ.သူတွေတသိုက်လုံးကသူ.ကိုပြေးပြေးနင်.နားကိုလာနေတယ်လို.
အော်နေကြပေမဲ.သူလဲဘာမှမမြင်ရဘူး၊ကျမလဲဘာမှမမြင်ရဘူး....ကြောင်တောင်တောင်ဖြစ်နေမိတယ်၊
အော်နေတဲ.သူတွေကတော.အသဲအသန်ပေါ.နော်.ပြေးပြေးဆိုပြီ။သူတို.ထဲကတယောက
်(မြို.ခံ)ကအိမ်ပြေးပြီးသူတို.အကိုကြီးကိုခေါ်လာတယ်၊ကျမတို.ထက်ကကြီးတာပေါ.နော်...၊
သူကလည်းမြင်ရတယ်၊ဟိတ်..ထွက်သွားဆိုပြီးသဲနဲ.ပက်ပါလေရော........
သူတို.တွေအားလုံးသဲတွေနဲဝိုင်းပက်နေကြတာကိုကျမလဲရပ်ကြည်.နေမိတယ်
၊ကျမအမကလည်းရပ်ကြည်.နေတယ်။နောက်အကိုကြီးကသူတို(မြို.ခံမောင်နှမ)တွေကိုဆူတာပေါ.
ဒီအချိန်ကြီးဒီနားမှာကစားရသလားသွားဆိုတော.ကိုယ်တွေလည်းအိမ်ပြန်လာကြတယ်၊
နားမလည်တာတွေနဲ.ရင်ထဲမှာကမေးခွန်းတွေအများကြီးပေါ.နောက်အားလုံးအိမ်ပြန်ရောက်ပြီး
အေးဆေးဖြစ်သွားတော.မှတယောက်တပေါက်မေးကြတော...သူတို.တွေ.တာမိန်မကြီးတယောက်တဲ.
လက်ထဲမှာသွေးပုလင်းကြီးတလုံးကိုင်ထားတယ်တဲ...လက်သည်းတွေကလည်းအရှည်ကြီးတွေတဲ.၊
နောက်သူတို.တွေသဲနဲ.၀ိုင်းပက်ကြတော.ဘုရားတံတိုင်းကြီးထဲကိုထိုးဖေါက်ပြီးဝင်သွားတယ်တဲ.၊
ဘာအပေါက်မှမရှိပဲအုတ်တံတိုင်းကြီးထဲဝင်သွားတာတဲ.။အံသြစရာကသူတို.အားလုံးတွေလိုက်ရပြီး...
ကျမနဲ.ကျမအမနှစ်ယောက်ကလုံးဝကိုမတွေလိုက်ရဘူး။တနေရာထဲမှာကျမတို.အားလုံးတူတူရှိနေပြီး၊
တူတူကစားနေကြတာပဲ..သူတို.ကတွေရပြီး၊ကျမတို.နှစ်ယောက်ကမတွေရဘူးဆိုတာ....................................................................။

နောက်တခုကကျမအမတယောက်ကပြန်ပြောပြတာပါ..........................
အမကတခါတလေသူ.အဖေရှိတဲ.စစ်ကိုင်ကိုအလည်သွားတတ်ပါတယ်၊သူ.သမီးလေးကသုံးလေးနှစ်လောက်ပေါ...
တညသူတို.အိပ်နေတုန်းသူ.သမီးလေးကထပြီးအိပ်ယာဘေးပြူတင်းပေါက်ကနေအောက်ကိုလှမ်းကြည်.ပြီး
......အမေကြီး....အမေကြီး........ဟိုအောက်မှာလူတစ်ယောက်ငုတ်တုတ်ထိုင်နေတယ်ဆို.ပြီး..........
အမကိုဇွတ်နှိုးပြီးပြပါလေရော.........၊အမလဲထပြီးလှမ်းကြည်.လိုက်တာပေါ........
သူတို.အိမ်ကနှစ်ထပ်အိမ်၊သူတို.အိပ်တာကအပေါ်ထပ်နောက်ဆုံးခန်းမှာဆိုတောနောက်ဖေးကအိမ်သာကိုလှမ်းမြင်နေရတယ်လေ.........
အိမ်သာဘေးကစဉ်.အိုးဘေးနားမှာမျက်နှာကိုမမြင်ရဘူးလူတစ်ယောက်ထိုင်နေတာတွေ.တော.အမလဲအရမ်းကိုကြောက်သွားပြီး
အမြန်ပြူတင်းတံခါးကိုပိတ်ပြီးသူသမီးကိုလည်းအိပ်အိပ်ဆိုပြီးဇွတ်အိပ်ခိုင်းရသတဲ...သူခမျာအိပ်သာအိပ်နေတာတညလုံး
လုံးးးးဝအိပ်မပျော်ခဲ.ရပါဘူးတဲ.........၊နောက်ကျန်ပါသေးတယ်အချိန်ရရင်ပြောပြပါမယ်။။။။။။။။။။။။။။။။ဒီနေ.တော.ဒီလောက်ပဲကွယ်။

by facebook page

ကြားဖူးနားဝ အပိုင်းအစများ

မန္တလေးမှာအရင်ကမြင်းလှည်းတွေကပေါမှပေါ.........မှတ်မိကြမှာပေါ.နော်။ကျမတို.အိမ်ရှေ.တည်.တည်.မှာက
ဆိုက်ကားဂိတ်၊အိမ်ရဲမျက်စောင်းထိုးလမ်းရဲ.တဘက်မှာကမြင်းလှည်းဂိတ်ရှိတယ်။ပြီးတော.တောင်ကြီး
ကားဂိတ်လည်းရှိတော.ထမင်းဆိုင်လေးတဆိုင်လည်းရှိတယ်၊တောင်ကြီးကားတွေဆိုက်လာရင်တော.
မြင်းလှည်းသမားတွေကအလုအယက်ခရီးသယ်တွေကိုသူတို.မြင်းလှည်းငှါးဖို.အတွက်ခေါ်ကြတယ်၊ပြီးတော.
မြင်းလှည်းတိုင်းမှာကလူနှစ်ယောက်စီရှိကြတယ်၊မြင်းလှည်သှါးလိုက်ပြီဆိုရင်တော.ခရီးသယ်တွေရဲ.ပါလာတဲ.
ကုန်ပစ္စည်းတွေကိုအရင်မြင်းလှည်းပေါ်တင်ကြတယ်ပြီးမှလူကအနောက်ကတက်ထိုင်ပြီး
လိုရာဟော်တယ်ကိုပို.ကြတယ်။အဲဒီမြင်းလှည်းဂိတ်ဟာမကြာပါဘူးပစ္စည်းခိုးတယ်လို.နာမည်ထွက်ပါလေရော..............။
မြင်းလှည်းသမားတိုင်းတော.မဟုတ်ပါဘူး၊တယောက်ထဲပါသူနာမည်ကမြထွေး၊ပါးစပါကလည်းကြမ်းသလားမမေးနဲ.
၊မြင်းလှည်းဂိတ်မှာသူရှိရင်အမြဲတယောက်မဟုတ်တယောက်ယောက်နဲရန်ဖြစ်မယ်၊စကားများမယ်။
တောင်းကြီးကလာတဲခရီးသယ်တိုင်ရဲ.အထုပ်ဖေါက်ခိုးမယ်၊ဒါပဲသူ.အလုပ်ကျမတို.အိမ်ဘေးမျာကဟော်တယ်တလုံးရျိတယ
်အမြဲနိုင်ငံခြားသားတွေတည်းတယ်၊တရက်တော.နိုင်ငံခြားသားတွေလေးငါးယောက်ကရန်ကင်းတောင်သွားဖို.
ကိုမြထွေးမြင်းလှည်းနဲ.ဈေးတဲ.သွားတော.တယ်။ညနေစောင်းတော.သတင်းတခုရောက်လာတယ်......
.မြင်းလှည်းသမားမြထွေးတစ်ယောက်ရန်ကင်းတောင်ပေါ်ကနေပြုတ်ကျလို.သေသွားပြီဆိုတာပါပဲ.။သတင်းကဘာမှန်း
မသေချာသေး။နှစ်ရက်လောက်နေပြီးမှသတင်းကကြားရတာ..မြထွေးတယောက်နိုင်ငံခြားသားတွေနဲ.အတ
ရန်ကင်းတောင်ပေါ်တက်ခဲ.သတဲ.၊တက်ရင်းတက်ရင်းငါးရန်.တွင်နေရာကိုလွန်လာပြီး.လှေကားအတက်ကို
အရောက်အောက်ကိုငုံ.ကြည်.ပြီးအော်နေတာကတော.ဟေးးးးးရတနာတွေအများကြီပဲ.
..ရတနာတွေ...ရတနာတွေလို.အော်နေရင်းကနေအောက်ကိုခုန်ချလိုက်တော.သတဲ.......။
မြင်းလှည်းသမားကိုမြထွေရဲ.ဘ၀လေးချုပ်ငြိမ်းသွားခဲ.ပါတယ်....သူနဲ.အတူလိုက်ပါသွားတဲ.
မြင်းလှည်းသမားအဖေါ်လေးရဲ.ပြန်လည်ပြောပြချက်ပါအဲ.ဒါတကယ်အဖြစ်မှန်လေးပါ။။။



နောက်တစ်ခုက
ကျမအဒေါ်နဲ.သူ.သူငယ်ချင်းလေးရောက်ရွှေလီတက်ကြတယ်၊သူတို.ကတက္ကသိုလ်ကျောင်းသူတွေ၊
သူတို.ထဲကအမကြီးတစ်ယောက်ရဲ.အိမ်ကကားနဲ.တက်ကြတာပါဒရိုင်ဘာတစ်ယောက်ရောပါတယ်။
သူတို.ရွှေလီတက်ပြီးမကြာဘူးမေမြို.လမ်းမှာမီးသတ်သင်တန်းဆင်းလာတဲ.သူတွေကားမှောက်ပြီးသေကြပါတယ်။
သူတို.ရွှေလီကနေဆင်းတော.လားရှိုးကမှာတညအိပ်ကြတယ်၊နောက်ရက်မျာခရီးပြန်စတော.
မေမြို.ရောက်တော.ညမိုးချုပ်နေပြီ..သူတို.ဆက်ဆင်းလာခဲကြတာလမ်းတလျှောက်မှောင်မှောင်နဲမဲမဲ။
မီးသတ်တွေကားမှောက်တဲ.နေရာနားရောက်တော.သူတို.စီးလာတဲ.ကားပျက်သွားတယ်၊
ဒရိုင်ဘာကြီးကလည်းပြင်နေတာပဲမရဘူးတဲ.သူတို.လည်းကားပေါ်ကဆင်းမလို.လုပ်တုန်းလမ်းဘေးက
နေမီးသတ်သမားတွေအများကြီးလမ်းပေါ်တက်လာကြတာမြင်တာနဲ.မဆင်းသေးပဲစောင်.နေလိုက်သတဲ.၊
အဲ.ဒီထဲကမီးသတ်သမားတစ်ယောက်ကကားပြင်နေတဲ.ဒရိုင်ဘာဦးလေးကြီးနဲ.စကားပြောနေတာနဲ.
သူတို.လဲကားထဲကနေပဲစောင်.ကြည်.နေလိုက်သတဲ.တအောင်.နေတော.ဒရိုင်ဘာကကားထဲဝင်ထိုင်လာတော.
သူတို.လဲအလျင်စလိုဝိုင်းမေးကြတာပေါ.နော်ကားကရပြီလား၊ပြင်ပြီးပြီလားဘာညာပေါ......
ဒရိုင်ဘာကရမှာပါမပူပါနဲ.ကျနော်စက်နှိုးကြည်.မယ်နောက်ကနေသူတို.၀ိုင်းတွန်းပေးလိမ်မယ်ဆိုပြီး။
အရှေ.ကဒရိုင်ဘာကစက်နှိုးတယ်၊.နောက်ကနေမီးသတ်သမားတွေက၀ိုင်းတွန်းပေးကြတယ်။။။
ဒါနဲ.၀ူးးးးးးးဆိုပြီးကားစက်ကလည်းနှိုးသွားတော.ဒရိုင်ဘာဦးလေးကြီးကလည်းလက်ထုပ်ပြီးပြလိုက်သလို...
သူတို.ကတောင်ကားနောက်မှန်ထဲကနေလက်ပြလိုက်ကြသေးသတဲ.......
တခါးဘက်ထိုင်နေတဲ.တယောက်ကတော.ခေါင်းထုပ်ပြီးကျေးဇူးတင်ကြောင်းတောင်ပြောလိုက်သတဲ..................
ဒါနဲ.မန္တလေးရောက်တော.ကျမအဒေါ်ကဖြစ်ကြောင်းကုန်စင်ပြောပြတော.သူအိမ်ကလူတွေကဟဲ........
.မီးသတ်သမားတွေသင်တန်းဆင်ကအပြန်ကားမှောက်သေတာနင်တို.မကြားဘူးလာဆိုတော.မှ.
အဒေါ်ခမျာခဏကြာအောင်ကြောင်ပြီးပါးစပ်ဟနေတယ်...။ကျမအဒေါ်ကတော.ဒီလောက်ပါပဲ..............
သူရဲ.သူငယ်ချင်းမတယောက်ကတော.အဲ.အကြောင်းကိုကြားပြီးသတိမေ.လဲသွားတဲ.ထိဖြစ်ခဲရတယ်.......။။။။



နောက်ပြီး

 ဘကြီးတစ်ယောက်ပြောပြတာလေးပါ...............
ဟိုးးးးးလွန်ခဲ.သောနှစ်လေးဆယ်လောက်ကပေါ.၊ဘကြီးကကိုယ်ပိုင်ကုန်တင်ကားတစ်စီးဝယ်ပြီး
ရန်ကုန်၊မန္တလေး၊ရန်ကုန်၊မော်လမြိုင်...အဲ.ဒီဘက်တွေကိုကုန်ကူးတယ်။သူများကုန်တွေပဲသယ်သယ်၊
သူ.ကိုယ်ပိုင်ကုန်တွေပဲသယ်သယ်၊သူကတော.ကားနဲ.အမြဲလိုက်တယ်။တရက်တော.သူတို.မန္တလေးက
နေရန်ကုန်ကိုအပြန်လမ်းမှာ.....ကားပေါ်မှာလဲကုန်တွေအပြည်.နဲ.တဲ.။သူနဲ.အကူကောင်လေးနဲ.ကုန်ကားမောင်းတဲ.
သူသုံးယောက်ကရှေ.ခန်းမှာတူတူထိုင်ရင်းလိုက်ခဲကြသတဲ.။တနေရာအရောက်မှာ...
ကားကရုတ်တရက်ကြီးထိုးရပ်သွားလေရော။ဒါနဲ.အားလုံးအောက်ဆင်းပြီးဘကြီးနဲ.ကားမောင်းတဲ.
သူနှစ်ယောက်ကကားစက်ကိုဖွင်.ကြည်.နေကြတယ်၊အကူကောင်လေးကတော.အပေါ.သွားဖို.လမ်းဘေးကို
ပြေးဆင်းပြီးဝင်သွားတာတွေလိုက်တယ်..ဒါပေမဲ.အမှု.မဲ.၊အမှတ်မဲ.ပဲပေါ........
သူတို.ကတော.ကားကိုပဲမဲနေမိတော.ဘာကိုမှသတိမထားမိကြဘူးတဲ.၊ညတော်တော်မိုးချုပ်နေတော.
ကားအသွားအလာကလဲမရှိသလောက်ကိုပဲလမ်းမကြီကရှင်းလင်းနေတာပဲတဲ.၊။။။။
သူတို.လည်းကားကိုဟိုဟာဖြုတ်ကြည်.၊ဟီဟာဖြုတ်ကြည်.နဲနှစ်ယောက်သားခေါင်းငုံပြီးလုပ်ြကည်.နေတုန်း
အကူကောင်လေးကပြေးတက်လာပြီးအထစ်အထစ်နဲ.ဆရာ..ဆရာ..ဟိုမှာလို.လက်ညိုးထိုးပြနေတာနဲ.
သူတို.လဲခေါင်းထောင်ပြီးသူပြနေတဲ.နေရာကိုလှမ်းကြည်.လိုက်တာ.........လားလားးးးးးးးးးးးးး
သူတို.သုံးယောက်သားမှင်တက်ပြီးခဏကြာအောင်ကြည်.နေမိသတဲ.သူတို.မြင်နေတာကနွားလှည်တွေ
တဲလေးငါးရာလောက်ရှိမယ်၊ဖုန်တွေတထောင်းထောင်းထနေအောင်ဟိုအဝေးကနေသူတို.ဆီကိုလာနေကြတာ၊
မီးအိမ်တွေကလည်းလင်းထိန်နေအောင်ထွန်းထားတာပဲ၊မျက်စိတစုံးဘယ်လောက်ကြည်.ကြည်.မီးအိမ်လဲ.လဲ.တွေနဲ.
နွားလှည်းတွေပဲတဲ.။သူတို.နဲ.တော.နဲနဲဝေးသေးတယ်ဒါပေမဲသူတို.ပုံစံကြည်.ရတာဒီဘက်လမ်းကနေဟိုဘက်ကိုဖြတ်ကူးကြမဲ.
ပုံတဲ.ဦးတည်ပြီးလာနေတာလဲသူတို.ဆီကိုတဲ.။။။သူတို.လည်းဇောချွေးတွေချက်ချင်းပြန်လာကြတော.ကားပေါ်တက်ပြီး
ကားစက်ကိုပဲဖိနှိုးနေသတဲ.အကူကောင်လေးကတော.အသက်ငယ်သူမို.ကြောက်ပြီးငိုရောတဲ.။ဘကြီးကတော.
လူကြီးပီပီအားတင်းရင်းနှိုးထား...နှိုးထားအားမလျော.နဲကွလို.ပြောရင်းပါစပ်ကနေလဲဘုရားစာတွေတွင်တွင်ရွတ်နေရသတဲ...
.ကားစက်ကလည်းနှိုးသွားရင်းပြန်ငြိမ်သွာရင်းနဲ.နွားလှည်းတွေကလည်းနီးသထက်နီးနီးလာနေသတဲ.၊
လမ်းစပ်နားတောင်ရောက်နေပြီ၊အဲ.ဒီအချိန်မှာကားစက်ကလည်းနိုးသွားတော.ဘကြီးကမောင်းမောင်းလိုပြောရင်
သူကရောကားစတီရီယာကိုကိုင်ထားရသတဲ....အဲ.ဒီမှာကားကမောင်းထွက်လာခဲ.ရော.
..သူတို.ကားရှေ.ကိုဗြုန်းးးးးးးးးးဆိုပြီးနွားလှည်းတစ်စီးကရုတ်တရက်ကြီးလမ်းပေါ်ဆွဲတက်လာတာတွေ.သတဲ.၊
အဲ.ဒီမှာကားဒရိုင်ဘာကရှောင်ဖို.ရာကားကိုဘေးဆွဲချလိုက်ရောတဲ.၊ကားကြီးကလမ်းဘေးကိုထိုးဆင်းဖိုဦးတည်သွာလေရော....။
ဘကြီးကလည်းကိုင်ထားတော.ချက်ချင်းဆိုသလို.ပဲအတွေ.အကြုံရှိသူပီပီမရှောင်နဲ..မရှောင်နဲ.ရှေ.တည်.တည်.သာကြည်.
မောင်းဆိုပြီးကားကိုလမ်းပေါ်ပြန်တင်လိုက်တော.နွားလှည်းကြီးကိုတည်.တည်.ကြီးဝင်တိုးလိုက်သလိုဖြစ်တော.
နွားကြီးနှစ်ကောင်ကခေါင်းကြီးတွေကိုမော.ပြီးကိုကားရှိရာဝင်လာသတဲ.ဘကြီးကလွဲလို.ကျန်နှစ်ယောက်ကတော
.အမလေးသေပါပြီဗျာလို.အသာကုန်အော်ပြီးခေါင်းတွေကိုကားခေါင်းထဲငုံ.ထားလိုက်ကြသတဲ။
နွားလှည်းကြီးကလည်းကားရှိရာကိုသာတန်းတန်းမတ်မတ်ဝင်လာသလိုဘကြီးကတော.ကားကိုလမ်းပေါ်တည်.တည်.ရောက်အောင်
သာစတီရီယာဂွေကြီးကိုထိန်းထားလိုက်သတဲ.၊ကားနဲ.နွားလှည်းကြီးထိသွားပေမဲ.ဘာအသံမှမထွက်လာပါဘူးတဲ.၊
ဘကြီးကဘရိတ်အုပ်လိုက်ဘရိတ်အုပ်လို.ဆိုတော.မှအဲမှာဒရိုင်ဘာကဘရိတ်အုတ်လိုက်တော.ကားကတော.
လမ်းပေါ်တည်.တည်.ကြီးရပ်သွားပြီးတော.ဘကြီးကတော.အရှိန်လွန်ပြီးအရှေ.ထိုးကျပြီးနဖူးနဲ.တိုက်မိသွားသတဲ.
(နဖူးကြီးကိုဖူးယောင်သွားသတဲ)နောက်သူတို.လည်းသတိဝင်လာပြီးမှအရှေ.အနောက်ဘေးဘီဝဲယာကိုကြည်.လိုက်တော.
ပကတိငြိမ်သက်ပြီးသူတိုကားတစ်စီးထဲသာရှိသတဲ.၊ခုနကသူတို.မြင်နေရတဲ.နွားလှည်းအုပ်ကြီးကတော.
ပျောက်ခြင်းမလှပျောက်သွားပြီးဘာမီးရောင်မှမတွေရတော.ဘူးတဲ.သူတို.လည်းလမ်းဘေးနှစ်ဘက်စလုံးကိုသေချာကြည်.တာ
ဘာမှမရှိတော.ဘူတဲ...သူတို.သုံးယောက်လုံးကတော.ချွေးတွေပြန်ပြီးတယောက်နဲ.ယောက်ကြောင်ကြည်.နေမိတယ်၊ဒါနဲ.
ဘကြီးကမောင်းတော.ကွားမောင်းတော.ဆိုတော.မျသူတို.လည်းအဲ.ဒီနေရာကနေမောင်းထွက်လာခဲကြသတဲ........
ဒါကတော.ဘကြီးကပြောပြတာပါအဲ.ဒါကြတ်တွေရွာ.ပြောင်းကြတာနေမှာတဲ...
အခန်.မသင်.ရင်ဘကြီးတိုသုံးယောက်လုံးသေးသွားနိုင်တယ်တဲ.ဘကြီးကအရင်ကလည်းဒီလိုလမ်းခရီးမှာ
ကြတ်တွေနဲ.ကြုံတွေ.နေကြမို.အကြောင်းသိပြီးအသက်ဘေးကနေလွတ်လာကြတာတဲ.၊ဘကြီးသာမပါရင်တော.
အဲ.ဒီဒရိုင်ဘာနဲ.အကူစပါယ်ယာနှစ်ယောက်ကားမှောက်ပြီးသေနိုင်တယ်တဲ၊
ကြတ်တွေကမာယာပရိရယ်နဲသတ်တတ်တာတဲ..............မှတ်သားဖွယ်ရာပါပဲနော်.........

by facebook page

" ကိုးထပ်ကြီးဘုရားထဲက နတ်ရုပ်အဟောင်းတွေထားတဲ့ အခန်း "

စမ်းချောင်းမြို့နယ်ရဲ့ အထင်ကရ ကိုးထပ်ကြီးဘုရားဆိုတာ
လူတော်တော်များများသိကြမှာပေါ့ . . ။ အဲဒီ ကိုးထပ်ကြီးဘုရားထဲမှာ
နတ်ရုပ်အဟောင်းတွေထားတဲ့ အခန်းတစ်ခုရှိတယ် ။ကျနော်တို့အမေတို့
ငယ်ငယ်တုန်းက ရပ်ကွက်ထဲမှာ ဓလေ့တစ်ခုရှိတာက . . ရပ်ကွက်ထဲ ဆိုးသွမ်းတဲ့လူ
သူခိုး စတဲ့သူတွေကို ရပ်ကွက်ရုံးတို့ ရဲစခန်းတို့ မပို့ဘူးဆိုပဲ . . . ။
ဘယ်ကိုပို့လဲဆိုတော့ အဲဒီ ကိုးထပ်ကြီးဘုရားထဲက နတ်ရုပ်အဟောင်းတွေထားတဲ့အခန်းထဲကိုပို့တာ ။ တစ်ချို့ကတော့ ရီမှာပေါ့ . . . ပို့ပေါ့ .. အိပ်နေရုံပေါ့ .. ဒါမျိုး . . .။
ဒါမယ်. မထင်နဲ့ဆရာ . . အဲခေတ်က အဲဒီဓလေ့ကြောင့် စမ်းချောင်းထဲမှာ သူခိုး ဂျပိုး
အတော်နည်းသွား ဆိုပဲ . . ။ အခုပြောမှာက အမေနဲ့ခင်တဲ့ မောင်ကြွက် ဆိုတဲ့သူခိုးက ပြန်ပြောပြတာ . . နားထောင်ကြည့်ကြပေါ့ .. :) ။

မောင်ကြွက်ဆိုတာ စမ်းချောင်းထဲမှာ နာမည်တစ်လုံးနဲ့နေတာ . . ။ သူ သူခိုးအလုပ်မှာ နာမည်နဲ့လိုက်အောင် သိပ်ကျွမ်းကျင်တာပေါ့ ။ ပြီးတော့ သူခိုးဆိုတဲ့အတိုင်း သရဲလောက်ကတော့ သရဲအမ ဆို ခြောက်သာခြောက်တဲ့အထဲကပဲ . . ။ မခန့်တာ . . . ။ ပြေးလိုက်ရင်လဲ လိုက်ဖို့မလွယ်ဘူး .. လုံးနေအောင်ပြေးတာ . . . ။ ဒါပေမယ် . သူနောက်ဆုံးတော့ မိသွားတယ် . . ။ ထုံးစံအတိုင်း ရပ်ကွက်ကဝိုင်းဖမ်းတာပေါ့ . . ပြီးတော့ ရပ်ကွက်လူကြီးက သူ့ကို "နတ်ရုပ်အဟောင်း" တွေထားတဲ့ အခန်းထဲ ပို့လိုက်ဖို့ဆုံးဖြတ်လိုက်တော့ သူ သိပ်ပျော်သွားတာပေါ့ . . ။ ဒီဓလေ့ကို သူသိတယ် . . ။ သူ့ကို အဲဒီအခန်းထဲမှာ တစ်ညသော့ခပ်ထားခဲ့ကြမယ် . . မနက်မိုးလင်းရင် ပြန်လွှတ်မယ် . . ။ အဲတော့ အေးဆေးအိမ်ပြန်မယ် . . နောက်နေ့ညတွေကျ ထပ်ခိုးမယ်ပေါ့ . . ။ သူ့အတွေးနဲ့သူ ပျော်နေတာ .. . ။
ရှေ့ဆက်ဘာတွေဖြစ်မယ်ဆိုတာ သူမသိဘူး . . ။

ဒီလိုနဲ့ အဲနေ့ညမှာပဲ သူ့ကို အဲဒီနတ်ရုပ်အဟောင်းတွေထားတဲ့အခန်းထဲပို့လိုက်ကြတယ် ... ။ ည ရှစ်နာရီလောက်မှာပေါ့ . . . ။ သူမမှုဘူး အေးဆေးပဲ . . ။ အပြင်က အသံတွေကြားနေရသေးတာကိုး ။ အခန်းထဲကို တစ်ချက်သူ ဝေ့ကြည့်လိုက်တယ် ... ။ တစ်ခါမှာ မဖြစ်ဘူးတဲ့ ခံစားချက်တစ်ခု သူခံစားလိုက်ရသလိုပဲ .. . ကျက်သီးကလဲ ဖြန်းကနဲထ . . . ။
" ဟာ '
လို့ သူလွှတ်ကနဲ တုန်တုန်ရင်ရင်အအော်လိုက်မိတယ် ... သူလှည့်အကြည့် . . လက်မာမာကြီးတစ်ခုက သူ့ပခုံးကို လာထိတာကိုး .. " အာ . . လတ်ညိုးထိုးနေတဲ့ အရုပ်ကြီးပဲ " . . ။

သူ ဖြည်းဖြည်းညည်းရင်း ရီချင်သွားတာ . . ။ လူ့စိတ်ကအဲလိုပဲ . . ဒီနေရာက ဒါတွေရှိတယ်လို့ပြောထားရင် . . စိတ်ထဲမှာ မသိုးမသန့်နဲ့ . . . ။ မီးကတော့ အခန်းထဲမှာ ဝါကျင်ကျင်နဲ့ ခပ်မှိန်မှိန်ပေါ့ .. 5watt မီးလုံးအဟောင်းလေးတစ်လုံးထဲရယ် . . နတ်ရုပ်တွေကတော့ နေရာအနှံ့ပဲ . . . ပြီးတော့ ပေါင်းစုံ . . ။ အလှူစာရင်းထိုင်မှတ်နေတဲ့ လူကြီးရုပ်ရှိတယ် . . လက်ညိုးထိုးနေတဲ့ အရုပ်ကြီးတစ်ခုရှိတယ် . . လဒအရုပ်တွေ လူသေရုပ်တွေ . . ငှက်ရုပ်အကြီးကြီးတွေ . . အို .. အစုံပဲ ... သူစိတ်ထဲမှာ တစ်မျိုးဖြစ်လာတာနဲ့ .. အဲဒါတွေကို မကြည့်တော့ဘူး အားတင်းပြီး ထိုင်ချလိုက်တယ် ..။

အချိန်က ကိုးနာရီလောက်တော့ရှိပြီနဲ့တူတယ် လို့ သူစဉ်းစားတယ် ။ သူ ကြောက်တော့ မကြောက်ပါဘူး . . ဒါပေမယ်. စိတ်ထဲမှာ တစ်မျိုးပဲ . . ဒီလိုနဲ့ ဟိုကြည့် ဒီကြည့် .. ။ ဒီအခန်းထဲမလဲ လုပ်စရာဆိုလို့ ဒီအရုပ်ကြီးတွေပဲ ထိုင်ကြည့်စရာရှိတာ . . ။ သူကလဲ ခပ်ရွတ်ရွတ်ရယ် .. ။ ဒါနဲ့ ထိုင်နေရင်း နတ်ရုပ်ကြီးတွေကို လိုက်ကြည့်နေတယ် ။ အချိန်တွေက တစ်ဖြည်းဖြည်း ညည့်နက်သထက်နက် . . ။

ကိုးနာရီ ..

ဆယ်နာရီ ...

ဆယ်.တစ်နာရီ

. . .
" ဒင် . . . ဒင် . . . ဒင် ... "
. . . ဆိုပြီး ဘုရားထဲက သံစုံနာရီအိုကြီးကထိုးသံအက်ကွဲကွဲ ဆယ်.နှစ်ချက် ကြားရတယ် ။

" ဟူးးးးးးးးးးးး "

ည .. အဲဒီညက အရင်ညတွေထက်ကို ပိုခြောက်သွေ့လွန်းပါလား လို့ ... မဆီမဆိုင်
သူတွေးရင်း .. သူနဖူးက ချွေးစီးတွေကျလာသံတောင် သူကြားရသလိုပဲ . . ။
အဲဒီအချိန်မှာ "ဖျတ်" ကနဲ မီးကပျက် . . ။

" ဒါ ... ဒါ တမင်လုပ်တာ .. " လို့ သူထိတ်ခနဲ ရေရွတ်လိုက်တယ် ။ အခန်းထဲမှာ ဘာမှမမြင်ရဘူး ... မှောင်မဲလို့ ။ မီးကပျက်လေ့ပျက်ထရှိတယ်ဆိုပေမယ်. သူ့စိတ်က ဒီမီးကိုမပျက်စေချင်တော့ဘူး .. ။ တော်တော် တုန်လှုပ်နေပြီ .။ ဘာကြောင့်မှန်းမသိ တစ်ခုခုကို စိုးရိမ်နေသလိုပဲ ဒီအရုပ်တွေက ဘာမှမလုပ်နိုင်ဘူးဆိုတာသိရက်နဲ့ ကြောက်နေမိတယ် ။ ဒါပေမယ် သူ.ဆုတောင်းပြည့်သွားပါတယ် ။ မီးကပြန်လာတာကိုး ။

"ဟူးးးးးးးးးးးးးးးး ' ခနဲသက်ပြင်းရှည်ကြီးချရင်း သူ ဟိုကြည့်ဒီကြည့်ကြည့်တယ် ။ မီးကပြန်လာပေမယ်. အားမပြည့်သလိုပဲ ။ 5watt မီးသီးလေးက ပိုမှိန်လွန်းနေတယ် ။ အလင်းရ ရတယ်ဆိုရုံ တစ်ကယ်.မှိန်မှိန်လေး ။ အားလုံးက ဝိုးတဝါးနဲ့ ။ အရေးထဲ ရှေ့ကနတ်ရုပ်က သူနဲ့တည့်တည့်ဆိုတော့ သူ့ကိုစိုက်ကြည့်နေသလိုဖြစ်နေတယ် ... ဘေးက လူသေအရုပ်ကောပဲ ဇာတ်ကျိုးနေရင်းနဲ့သူ့ဘက်လှည့် လျှာကြီးထုတ်ပြနေသလိုပဲ .. ။ ပြီးတော့ ဘေးက လက်ညိုးထိုးရုပ်ကြီး .. ပြီးတော့ ထိုင်ရုပ်ကြီး . . အားလုံးပဲ ..

" ဟာ "
သူ ထိတ်ခနဲဖြစ်သွားတယ် ... ရင်ဘတ်ထဲ အလုံးကြီးစို့တက်လာတယ် ... လားလား ..
အရုပ်တွေအားလုံးကသူ့ကို စိုက်ကြည့်နေတာကိုး .. ။
ချွေးစီးတွေကျနေတယ် ဒါပေမယ်. သူမသုတ်ရဲဘူး ။ မဟုတ်ဘူး ... မလှုပ်ရဲတာ ..

" ဒါ မဖြစ်နိုင်ဘူး " လို့ ရေရွတ်လိုက်ပေမယ်. အားလုံးက သူ့ကိုဝိုင်းကြည့်နေတာပဲ ..

အလှူခံရုပ်ကြီး ပေလွှာကြီးကိုင်လို့ .. စာရေးနေတဲ့အရုပ်ကြီး စာတွေထရေးနေပြီ ... မျက်လုံးက သူ့ကိုကြည့်နေတယ် ..

"အားးးးးးးးးးးးးးးးး "

သံကုန်ခြစ်ပြီးအော်ပေမယ်. အသံကထွက်မလာတော့ဘူး ..

ဝိုင်းကြည့်နေကြတယ် ဘာမှမလုပ်ဘူး ...

အဲလိုဝိုင်းကြည့်နေကြတာကို သူမကြိုက်တာ ..

" ဖွင့်ပေးပါ .. ကျုပ်ကို တံခါးဖွင့်ပေးကြပါ "

ဒုန်းဒုန်းမည်အောင် တံခါးကိုထုတယ် .. အကြိမ်ကြိမ်ထုတယ်

"ဘယ်သူမှလာဖွင့်ပေးမှာမှ မဟုတ်ပဲ .. " လို့ တုန်တုန်ရင်ရင် နဲ့ သူသိလိုက်ပြီ ..
ထုံးစံအရ မိုးလင်းမှ ဖွင့်ပေးတော့မှာပဲ ...

တံခါးကို ထုရိုက်နေရင်း အရုပ်တွေကိုကျောပေးထားရင်း သူလှည့်မကကြည့်ချင်ပေမယ်.
ကျောကမလုံဘူး ... လှည့်ကြည့်လိုက်ချင်နေတလ .. ကြည့်မှဖြစ်မယ် ..
သူတို့ ကြည့်နေတုန်းပဲလားဆိုတာ သိချင်တယ် ...

"ဟာ "

အားလုံးက သူ့ နောက်ကျော မလှမ်းမကမ်းကို ရောက်နေကြပြီပဲ .. ဝိုင်းကြည့်လို့ ..

တံခါးချောင်မှာ ကပ်နေရင်း "သွား သွား .. မလာကြနဲ့ သွား" .. လို့ သူ သံကုန်ခြစ်အော်နေတယ် .။

အရုပ်တွေကတော့ မလှုပ်တော့ဘူး .. ဝိုင်းတော့ ကြည့်နေကြတုန်းပဲ ...
သဘောက သူ အရုပ်တွေကို မျက်ခြေပျက်တာနဲ့ သူမမြင်တာနဲ့ .. အဲအရုပ်တွေကသူ့အနားကို ဝိုင်းလာကြတဲ့သဘောပဲ ..

သူ အရုပ်တွေကို မျက်လုံးကြီးပြူးပြီး ကြည့်နေတယ် အချိန် တော်တော်ကြာကြာပဲ ..

မလှုပ်ကြတော့ဘူး ...

ကြောက်စိတ်ကြောင့်လဲ သူ နွမ်းလာတယ် . . အားလုံးကို မျက်နှာလွှဲပြီး အိပ်လိုက်ချင်တယ် .. မီးရောင်မှိန်မှိန်အောက်မှာ အရုပ်တွေအောက်မှာ သူ မျက်လုံးမှိတ်လို့မရတာသိပေမယ်. အိပ်ငိုက်လာတယ် .. ။ ၂နာရီလောက် တောက်လျှောက် စိုက်ကြည့် နေရင်း မျက်လုံးတွေ တစ်ချက် မှေးခနဲ ဖြစ် ... ပြီးတော့ .. ပြန်လန့်အနိုး ..

သူမြင်လိုက်ရတဲ့မြင်ကွင်းက .. သူ့အသည်းတွေ ကလီဇာတွေတောင် တုန်လှုပ်သွားမတပ်ပဲ ..

အားလုံး သူ့ဘေးနားအထိကို ရောက်နေပြီ ...

" အားးးးးးးးးးးးးးးးးးးးးး " .. " သွားကြ သွားကြ " ..

သူ လိပ်ပြာတောင် လွင့်ချင်နေပြီ .. တစ်ချို့မတ်တပ်အရုပ်တွေက သူ့ဘေးနားမှာ ထိုင်လို့ ..

စိုက်ကြည့်နေကြတာ ...

" အားးးးးးးးးးးးးး ... "

...........
...........
...........
...........
...........

မနတ် ဝေလီဝေလင်းလောက်မှာတော့ ရပ်ကွက်လူကြီးတွေ . . တာဝန်ရှိသူတွေက ..
" နတ်ရုပ်အဟောင်းတွေထားတဲ့ အခန်း" . ကို တံခါးဖွင့်ကြတဲ့အချိန်မှာ ..
မျက်ရည်တွေစီးကျလို့ ... နတ်ရုပ်တွေကို မမှိတ်မသုန်စိုက်ကြည့်နေတဲ့ ကိုကြွက်ကို တွေ့ကြရတယ် ... ။
ဟုတ်တယ် ... အဲနေ့ကစလို့ .. ကိုကြွက်တို့ သူများပစ္စည်း ယောင်လို့တောင် မခိုးတော့ဘူးတဲ့ ...

ကဲ သူငယ်ချင်းတို့ .. ကိုးထပ်ကြီးဘုရားဘက်ရောက်ရင် ဂေါပကတွေကိုမေးပြီး အဲ. အခန်းကိုရောက်ဖူးတယ်ရှိအောင် သွားကြည့်ကြပါလား ... ????

( ကာယကံရှင် ဦးကြွက်မှ ကျနော်.အမေကိုပြောပြဖူးသမျှအား စီလျော်သလိုပြန်ရေးပါသည် )

by သရဲသစ္စေ facebook page

 

Blog Archive

လပ်ကီးမြို့တော်