- ရမ်ဂျစ်ရာဂေ့ဗ် အမည်ရှိအဘိုးအို အသက် ၉၆ နှစ်အရွယ်တွင်ဒုတိယအကြိမ်
မြောက်အဖြစ် သားယောကျာင်္းလေးတစ်ဦး၏ဖခင်ဖြစ်လာ...
၎င်း၏ပထမသားကလေး ကရမ်ဂျစ်ကို လွန်ခဲ့ သည့် ၂ နှစ်က အိန္ဒိယနိုင်ငံမြောက်
ပိုင်း ဟာရီယာနာတွင်မွေးဖွားခဲ့ ...
ဒုတိယသားကလေး ရန်ဂျစ်ကိုပွေ့ ချီထားသည့် အသက် ၉၆ နှစ်အရွယ်တွင် ကမ္ဘာ့ အသက်
အကြီးဆုံးဖခင်ဖြစ်လာသည့် အဖိုးအို ရမ်ဂျစ်ရာဂေ့ ဗ်
World's oldest: Ramjit Raghav, 96, holding his second baby Ranjit
အိန္ဒိယနိုင်ငံမှ အသက် ၉၆ နှစ်ရှိအဖိုးအိုတစ်ဦးဟာ ဒုတိယအကြိမ်မြောက်အဖြစ်ကမ္ဘာ့ အသက်
အကြီးဆုံး ကလေးအဖေဘွဲ့ ကိုထပ်မံဆွတ်ခူးကာအောင်လံစိုက်ထူနိုင်လိုက်ပြန်ပါတယ်...
လွန်ခဲ့ သည့် ၂ နှစ် ၎င်းအသက် ၉၄ နှစ်တုံးကလည်း အဘိုးအိုရမ်ဂျစ်ရာဂေ့ ဗ်တစ်ယောက် ၎င်း
၏ပထမသားလေးဖွေးအောင်စွမ်းဆောင်နိုင်ခဲ့ လို့ ကမ္ဘာ့ အသက်အကြီးဆုံးကလေးအဖေဘွဲ့ ပေး
အပ်ခံခဲ့ ရပါသေးတယ်...
သားတစ်ယောက်ရတာလုံလောက်ပါပြီ၊ တော်လောက်ပါပြီလို့ ပြောဆိုခဲ့ သော်လည်း ပင်စင်စား
အဖိုးအိုနှင့် ၎င်း၏အသက် ၅၄ နှစ်အရွယ်ဇနီးဖြစ်သူ သျှကုဏ္ဍလ ( အိန္ဒိယဇတ်တော်ထဲကမင်း
သမီးနဲ့ တော့ နာမည်တူပါပဲ ) တို့ ကတော့ လွန်ခဲ့ သည့် လကပင် ဒုတိယသားကလေး ရန်ဂျစ်ကို
လူ့ လောကထဲ ပွေ့ ပိုက်ဆီးကြိုခေါ်ဆောင်လာနိုင်ခဲ့ ကြပြီဖြစ်ပါတယ်...
" ဘယ်တတ်နိုင်မလည်းဗျာ... ဒါဟာဘုရားပေးတဲ့ လက်ဆောင်ပေပဲ..." ဟု အဖိုးအိုရမ်ဂျစ်က၎င်း
နေထိုင်ရာဒေသဖြစ်သည့် ဒေလီမြို့ မှ၃၁မိုင်ကွာဝေးသည့် ဟာရီယာနတွင်ပြောကြားခဲ့ ပါတယ်...
" ဘုရားသခင်ကကျူပ်ကိုနောက်ထပ် သားသားလေးတစ်ယောက်ထပ်ရှိစေချင်တာကိုး...." လို့ သူ
ကဆိုပါတယ်...
ယခုလအစောပိုင်းက ဟာရီယာန အစိုးရဆေး၇ုံကြီးတွင် ကျန်းမာသန်စွမ်းသည့် သားကလေး
အား သျှကုဏ္ဍလာ တစ်ယောက်မွေးဖွားခဲ့ စဉ် ကလေးအဖေဟာ ရမ်ဂျစ်ဖြစ်ကြောင်းသိကြသည့် 
ဆရာဝန်များအနေဖြင့် ရယ်ပွဲဖွဲ့ ခဲ့ ကြပါတယ်...
" ဆရာဝန်တွေကတော့ ရယ်လည်းရယ် အံ့ လည်းအံ့ သြနေကြပါတယ်..." လို့ အဘိုးအို ရမ်ဂျစ်
ကဆိုပါတယ်...
တိုက်ခန်းတစ်ခုတွင်မိသားစုနှင့် အတူနေထိုင်လျှက်ရှိသည့် အဘိုးအိုရမ်ဂျစ်ကတော့ သူ့ ရဲ့ သား
နှစ်ယောက်အပေါ် မျှော်လင့် ချက်ကြီးကြီးထားရှိနေပါတယ်...
" ကျူပ်ဘ၀တစ်လျှောက်လုံးလယ်သမားလုပ်လာခဲ့ ရတာဗျာ... သူတို့ လေးတွေကိုတော့ အစိုးရ
အရာရှိကြီးတွေဖြစ်စေချင်ပါတယ်... သားယောကျာင်္းလေးတစ်ယောက်ထပ်ရတာလည်းကောင်း
တာပေါ့ ဗျာ... တစ်ကယ်လို့ တစ်ယောက်ဆုံးပါးသွားခဲ့ ယင်တောင် မျိုးရိုးဂုဏ်ဆက်လက်စောင့် 
ထိန်းမယ့် နောက်တစ်ယောက်ရှိနေသေးတာပေါ့ ..." လို့ သူကဆိုပါတယ်...
သူဟာ သားယောကျာင်္းလေး ၂ ယောက်တို့ ရဲ့ ဖခင်အဖြစ်ဂုဏ်ယူဝံ့ ကြွားနေရသလို သူ့ ရဲ့ အိမ်
နီးနားချင်းတွေကတော့သူ့ ရဲ့ ဆောင်ကြာမြိုင်အစွမ်းအတွက် မနာလိုအားကျနေခဲ့ ကြပါတယ်လို့ 
ရမ်ဂျစ် က၀န်ခံပြောကြားခဲ့ ပါတယ်...
" ကျူပ်ကအသက်ကြီးပေမယ့် မပျက်စီးသေးတော့ တစ်ညကို သုံးလေးကြိမ်လောက်တော့ ဇနီး
မယားလေး သျှကုဏ္ဍလာ နဲ့ ချစ်တင်းနှောနိုင်ပါသေးတယ်.... အဲဒါကိုဗျာ အိမ်နီးနားချင်းတွေက
အားအကျကြီးကျပြီး မနာလိုတွေဖြစ်ကာဘာဆေးကောင်းတွေများမှီဝဲပါလည်း လို့ မေးကြသဗျာ..
ကျူပ်ကတော့ ဘုရားသခင်အလိုတော်အတိုင်းပါပဲလို့ ဖြေခဲ့ ရသဗျာ....
ကျူပ်ကကျန်းမာရေးကလည်းကောင်းတော့ မိန်းမနဲ့ က ချစ်စ၊ ခင်စ၊ ကြင်နာစ ဆိုသလိုပါပဲ...အ
လိုရှိသလို ချစ်ခြင်းတွေဖလှယ်နေနိုင်ပါတယ်.... လင်နဲ့ မယားဆိုတာလည်း အခုလို ပုံမှန် ယုယ
ကြင်နာ မေတ္တာတွေဖွင့် ဟနေနိုင်ဖို့ ကအရေးကြီးတယ်မဟုတ်လား...
ကျူပ်ကတော့ သျှကုဏ္ဍလာ ကသာဆန္ဒရှိပါစေ၊ တောင်းဆိုနေယင်တစ်ညလုံးလည်း ချစ်နေနိုင်
ပါတယ်.... ကလေးတွေနိုးကုန်မှာစိုးလို့ သာ ကျူပ်တို့ ရဲ့ ဆန္ဒတွေ ဘေးဖယ်ထားရတာပါ..." လို့ 
အဖိုးအိုရမ်ဂျစ် ကဆိုပါတယ်...
၎င်းရဲ့ နေ့ စဉ်အစားအသောက်တွေထဲမှာတော့ မက်မန်းသီး၊ ဗာဒံသီး၊ ထောပါတ်နဲ့ နို့ တွေပါလို့ 
အခုလို ညရေးညတာကိစ္စတွေမှာ စွမ်းဆောင်ရည်ထက်မြက်နေတာလို့ ကလေး ၂ ယောက်အ
ဖေ ရမ်ဂျစ်ကဆိုပါတယ်...
သျှကုဏ္ဍလာရယ်.... မင်းနဲ့ မှချစ်တတ်ပြီပေါ့ ...လို့ ဆိုရမယ့် ၉၆ နှစ်အထိ အရှိန်မကုန်သေးတဲ့ 
ဘာဘာရမ်ဂျစ် နဲ့ ကြိုးစားအားထုတ်မှုရလာဒ် သားကြီး ကရမ်ဂျစ် ( ၄ နှစ် )၊ သားငယ်လေး
ရန်ဂျစ်....
Daddy duties: Ramjit Raghav, 96, with his wife Shankuntala, 54, and sons
Karamjit, 4, and newborn Ranjit, is excited to have become a father
again
" ကျူပ်က မိန်းမကိုလည်း ဂရုစိုက်ပြီး သူလိုအပ်တာမှန်သမျှဖြည့် ဆည်းပေးနေလို့ ပျော်ရွှင်တဲ့ 
အိမ်ထောင်ရှင်မတစ်ယောက်ဖြစ်နေပါပြီ..." လို့ လည်း ရမ်ဂျစ်ကဆိုပါတယ်...
ယခုလက်ရှိ ဒုတိယမြောက်အိမ်ထောင်ဆက်ဖြစ်တဲ့ သျှကုဏ္ဍလာနဲ့ တွေ့ တော့ ရမ်ဂျစ်ဟာ မုဆိုး
ဖိုဖြစ်နေခဲ့ တာ ၂၅ နှစ်တောင်ကြာမြင့် ခဲ့ ပြီဖြစ်ပါတယ်...
သူတို့ ၂ ဦးဟာလွန်ခဲ့ တဲ့ ၂၂ နှစ်ရဲ့ မိုးတွေသည်းနေတဲ့ နေ့ တစ်နေ့ မှာ မွတ်ဆလင်ဝတ်ကျောင်း
တစ်ခုတွင် စတင်တွေ့ ခဲ့ မိကြတာဖြစ်ပြီး ရမ်ဂျစ်က သူမအား သူနှင့် အတူလိုက်ခဲ့ ဖို့ ခေါ်ခဲ့ လို့ 
လိုက်လာခဲ့ ပြီးနောက် သူတို့ ၂ ဦး ဘယ်တော့ မှ မခွဲခွာပဲနေခဲ့ ကြတာဖြစ်ပါတယ်...
သူ့ မှာကမိသားစု၊ဆွေမျိုး၊ မိတ်သင်္ဂဟလည်းမရှိတာမို့ ကျူပ်ကသူလေးကို ကူညီစောင်မချင်ခဲ့ 
တာပါလို့ သူကရှင်းပြပါတယ်...
ဒါကြောင့် လည်း ယောကျာင်္းများ ဘယ်လောက်ပဲအိုမင်းနေပါစေ...
ဖွဲတစ်ဆုပ်တောင်မနိုင်သေးယင်... ဆိုတဲ့ စကားပေါ်ခဲ့ တာနေမှာထင်တယ်...
Family: Ramjit and Shankuntala pictured with their oldest son Karamjit
in 2010 when Ramjit was named the world's oldest father the first time
" အဲဒီလိုနဲ့ သူ့ ကိုကျူပ်ရဲ့ အမိုးအကာအောက်မှာခိုလှုံခွင့် ပေးပြီး ယောဂအကျင့် တွေပေးရာက
ကျူပ်တို့ လည်း ချစ်မိသွားကြတော့ တာပါပဲ...( ရောဂါတွေတက်ကုန်ကြတာပါပဲ...)
အရင်တုံးက ကျူပ်နဲ့ ပါတ်သက်ခဲ့ တဲ့ အမျိုးသမီး ( ဇယားတွေလည်း ) တွေလည်းသေကုန်ကြပြီ
မို့ ဘယ်သူနဲ့ မှလက်မထပ်ဖြစ်ခဲ့ တာနဲ့ သျှကုဏ္ဍလာကို ဇနီးမယားအဖြစ်လက်ခံဖို့ တောင်းဆိုခဲ့ 
တာဖြစ်ပါတယ်..."
အကယ်၍ ဘာဘာရမ်ဂျစ်ကသာ စောင်မ၊ မကြည့် ရှုခဲ့ ယင် သူမအနေနှင့် သေဖွယ်ရာသာရှိခဲ့ 
တယ်လို့ သျှကုဏ္ဍလာ ကယုံကြည်နေဆဲပါပဲ....
" အသက်ဘယ်လောက်ပဲကြီးနေပါစေ...ကျွန်မကတော့ သူ့ ကိုပဲချစ်ပါတယ်... မျက်စေ့ အောက်
ကအပျောက်မခံနိုင်အောင်ပါပဲ...သူကကျွန်မကိုအော်ဟစ်ငေါက်ငန်းတာလည်းဘယ်လိုမှ အမှတ်
မထားဘူး...
ကျွန်မအတွက်တော့ သူဟာ အသက်ကြီးတယ်၊ အိုတယ်လို့ တောင်မထင်မိပါဘူး... သူဟာအ
သက် ၂၅ နှစ်အရွယ်လူငယ်၊ လူလတ်တစ်ယောက်လိုပဲ ပျိုမြစ်သန်စွမ်းတဲ့ အချစ်တွေပေးနေနိုင်
ဆဲပါ... တစ်ညလုံးမအိပ်မနေတောင် ချစ်နေနိုင်တာမို့  လူငယ်တွေထက်တောင်ပိုပါသေးတယ်...
ကလေးတွေကိုလည်းဂရုစိုက်ပါသေးတယ်...." လို့ သျှကုဏ္ဍလာကဆိုပါတယ်....
by kopeter