www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Monday, May 20, 2013

ဟာသအပိုင်း(9)

အစပိုင်းမှာ ဒီလိုပဲ

ခွေးကို နောက်ခြေနှစ်ချောင်းနှင်. ရပ်တတ်ရန် မိန်းမဖြစ်သူ သင်ပေးနေသည်ကို ကြည်.၍ ယောကျာ်း ဖြစ်သူက သဘောမကျသော လေသံဖြင်.ပြောသည်။
‘ဟေ.ကြိုးစားပြီး သင်ပေးမနေနဲ.၊ ဒီကောင်က ခေါင်းမာတဲ. အကောင်၊ လိုက်လုပ်မှာ မဟုတ်ဘူး။’
‘ရှင် ဘာမှ ၀င်မစွတ်နဲ.၊ ရှင်လဲ အစတုန်းက ကျွန်မစကားကို ဘယ်မှာနားထောင်လို.လဲ။’                                             

ကျေးဇူးပဲ

ကိုမြသည် ကပ်ရပ်ခြံမှ ကိုဘလှကို လှမ်းအော်ပြောလိုက်သည်။
‘ဟေ. ကိုဘ၊ ခင်ဗျားခွေးက ကျုပ်မွေးထားတဲ. ကြမ်ဖ ကို ကိုက်စား လိုက်ပါပကောဗျာ။’
‘ခင်ဗျား သတင်းပေးတဲ. အတွက် ကျေးဇူးပဲ၊ ဒီကောင်.ကို ညနေစာ ကျွေးစရာ မလိုတော.ဘူး။’
                                            
ဖေဖေကော ဘယ်တော.လဲ
‘မေမေ သားတို. ဦးလေးကြီးကလေ ဟိုဘက်အိမ်က အန်တီလေးကို ဖက်နမ်း တာဗျ သိလား’ ‘နေပါစေ သားရယ်၊ သူတို.က လက်ထက်တော.မှာပဲ’ ‘ဒါဆို သားတို.ဖေဖေ ရော အိမ်ဖော်ကောင်မလေး ကို လက်ထက်တော.မှာတဲ.လားဟင်’

                                            

မောင်.လက်မှတ်လို.
‘မောင်ရေ ကျွန်မရင်ဘတ် က ရင်ထိုးလေး ခါးပိုက်နိုတ်သွားပြီ ဒုက္ခပါပဲ’ ‘မင်းနှယ်.ကွာ လက်ကြီးတစ်ခုလုံး မင်းရင်ဘတ်လာနိုက်တာ မင်းမသိဘူး လား’ ‘ကျွန်မက မောင်.လက်မှတ်လို. ကြည်hနေလိုက်တာ’

                                            

ယောက်ျားရေ ခေါင်းကိုက်လိုက်တာ

ရဲ ၀န်ထမ်း တယောက် သည် တပတ်လုံး ညဆိုင်း တာဝန်ကျ နေရာ က တရက်မှာ သူ အလုပ်စော ပြီး တာနဲ. အိမ်ကို စောစောပြန်လာ ပါတယ်။ မနက် ၂ နာရီ ခါတိုင်းထက် ၄နာရီ စောပြီး ပြန်လာပါတယ်။
ရဲဝန်ထမ်း ဟာ သူ.မိန်းမ အိပ်နေတာ အိပ်ရေးပျက်မှာ ဆိုးသည်နှင်. မီးမဖွင်.အမှောင်ထဲမှာ တင် ယူနီဖောင်း အင်္ကျီ ကို ချွတ်ချလိုက်ပြီး ကိုယ်လုံး ဗလာဖြင်. ခုတင်ပေါ် တက်လိုက်ပါတယ်။
ဒီအခါမှာ သူ.မိန်းမ က ကယောင်းကတန်းနှင်.
မိန်းမ - “ယောင်္ကျား ရေ ဒီမှာ ခေါင်းကိုက်လိုသေတော.မယ် ။ ဟို ၂၄ နာရီ ဆေးဆိုင်က ခေါင်းကိုက်ပျောက်ဆေးလေး သွားဝယ်ပေးပါလား ဟင်”
ရဲဝန်ထမ်း - “၀ယ်ပေးရမှာပေါ. မိန်းမရယ်၊ ခဏလေးစောင်.နော်”
လို. ဆိုပြီး ကမန်းကတန်း အင်္ကျီ ကောက်ဝတ်ပြီး ဆေးဆိုင်ကိုသွားပါတော.တယ်။
ဆေးဆိုင်ရောက်တော. အရောင်းဝန်ထမ်းက အံ.သြပြီး
အရောင်းဝန်ထမ်း - “ခင်ဗျား က ဟိုဘက်မြို.နယ် က ရဲမဟုတ်လား”
ရဲဝန်ထမ်း - “ဟုတ်တယ်လေ ဘာလို.လဲ”
အရောင်းဝန်ထမ်း - “ဒါဆို ခင်ဗျား ဘာလို. မီးသတ်သမား ၀တ်စုံကြီး ၀တ်ထားရတာလဲ”
ရဲဝန်ထမ်း - “ဟေ”

                                            

                                                   စေတနာရှင်  

တစ်နေ့မှာ ရှေ့နေတစ်ယောက်ဟာ သူ့ရဲ့ ကားကို မောင်းလာရင်း လမ်းဘေးမှာ
လူတစ်ယောက် မြက်စားနေတာကို တွေ့ရပါတယ်။ အဲဒါနဲ့ ရှေ့နေက သူ့ရဲ့
ဒရိုင်ဘာကို ကားရပ်ခိုင်းပါတယ်။ နောက်တော့ အပြင်ကို ထွက်ပြီး အဲဒီလူကို
မေးပါတယ်။
“မင်းဘာလို့ မြက်တွေ စားနေတာလဲ။”
“ကျွန်တော်က အရမ်းပဲ ဆင်းရဲပါတယ်။ ဘာကိုမှ စားဖို့ မတတ်နိုင်လို့ပါ။”
လို့ အဲဒီလူက ဖြေပါတယ်။
“သနားစရာပဲ။ ငါ့အိမ်ကို လိုက်ခဲ့ပါလား။” လို့ ရှေ့နေက ခေါ်ပါတယ်။
အဲဒီလူက “ကျွန်တော့်မှာ မိန်းမနဲ့ ကလေး ၃ယောက်လည်း ရှိသေးတယ်။” လို့
ပြောတော့ ရှေ့နေက သူတို့ကိုပါ ခေါ်ခဲ့ဖို့ ပြောပါတယ်။ သူတို့
အားလုံးကားထဲကို ရောက်တော့ မြက်စားနေတဲ့လူက
“ကျွန်တော်တို့ကို အိမ်ခေါ်သွားတဲ့ အတွက် ကျေးဇူးတင်ပါတယ်။ ခင်ဗျားဟာ
အလွန်ကြင်နာတတ်တဲ့သူပဲ။” လို့ ရှေ့နေကို ပြောပါတယ်။
ရှေ့နေကတော့ “မင်းကြိုက်မှာ သေချာတယ်။ ငါ့အိမ်က မြက်ပင်တွေက ၁
ပေလောက်ရှည်တယ်” လို့ ပြန်ပြောလိုက်ပါတယ်။


                                            

                                                 တရုတ်နဲ့ အတု  

ဒီရက်ပိုင်း တရုတ်က လုပ်တဲ့ ကြက်ဥအတုတွေအကြောင်း.. ဟိုဟိုဒီဒီ သတင်းတွေမှာ.. တွေ့နေရတော့.. တုံးကွမ်က တရုတ်တစ်ယောက် ဖောက်သည်ချတဲ့ တရုတ်လုပ်ပစ္စည်းတွေ အတုအလွန်များတဲ့ အကြောင်းလေး ခေါင်းထဲ မှာ ပေါ်လာတယ်..။ ကျွန်တော်တို့ဝယ်မယ့် စက်ပစ္စည်းတွေရဲ့ Electrical Spare Parts တွေကို.. တရုတ်လုပ်ပစ္စည်းတွေ မလိုချင်ဘူးလို့ ပြောကြရာကနေ.. အဲဒီအကြောင်းကို သူက ရယ်စရာအနေနဲ့ ပြောပြ ခဲ့တာပဲ..။

တရုတ်ပြည်က လုပ်တဲ့ ပစ္စည်းတွေမှာ အတု ဘယ်လောက်များသလဲ ဆိုရင်.. တုံးကွမ်က စက်ရုံပိုင်ရှင်သူဌေးတစ်ယောက်.. အကြွေးမဆပ်နိုင်တော့လို့ အဆိပ်သောက်ပြီး ကိုယ့်ကိုယ်ကို သတ်သေတယ်..။ မိသားစုနဲ့ မိတ်ဆွေ အပေါင်းအသင်းတွေကို.. သူတော့ အကြွေးမဆပ်နိုင်တော့လို့ အဆိပ်သောက်သတ်သေသွားပြီ ဆိုတဲ့အကြောင်း သတင်းစကားစာရေးထားခဲ့ပြီး အဆိပ်တကယ်သောက်ပစ်လိုက်တယ်..။ ဒါပေမယ့်.. အဆိပ်က အစစ်မဟုတ်ဘဲ အတုဖြစ်နေတော့ သူမသေဘူး..။

အဲသလို အဆိပ်အတုနဲ့ တိုးပြီး မသေတော့မှ.. သူလည်း တော်တော်ကြောက်သွားပြီး နောင်တလည်း ရသွားခဲ့တယ်..။ သူ့မိသားစုနဲ့ အပေါင်းအသင်းတွေကလည်း.. “ ကံကြီးပေလို့ သာပဲ ” “ အဆိပ်အတုဖြစ်နေတာ တော်သေးတာပေါ့ ” ဆိုပြီး .. အဲဒီသူုကို ၀မ်းသာအားရ ၀ိုင်းဝန်းနှစ်သိမ့်ရင်း.. သေရွာပြန်အထိမ်းအမှန်အနေနဲ့ ပွဲလုပ်ကြတယ်...။ ဒါပေမယ့် အဲဒီပွဲမှာ သူတို့သောက်တဲ့ အရက်ကျမှ အတုဖြစ်နေလေတော့.. သူတင်မက..သူ့ဘော်ဒါတွေပါ အကုန် သေကုန်ရောတဲ့..။




                                            

လူပျိုကြီးစစ်ရဲ့ ဂုဏ်ကျက်သရေများ


၁။ မိန်းကလေးချောချောမြင်ရင် ( မကြည့်ဘူးလို့ မှင်ဖြင့်နေသည် )
ကျော်သွားမှ ကြည့်သည်။
၂။ ကလေးများနှင့် ပေါင်းဖက်တက်သည် ( လူကြီးချင်းမပေါင်းပါ )
၃။ တစ်ခါတစ်ခါ စိတ်ဆိုးတတ်သည်
၎။ ထမင်းဟင်းချက်တာ အလွန်ထူးချွန်သည်။ ( မိန်မှမမရတာ ကိုယ်ဟာကို ချက်စာရတာပေါ့ )
၅။ ပိုက်ဆံရှိချင်ယောင်ဆောင်ကာ ( ရှိသမျှ ရောင်းစားတက်သည် )
၆။ ကောင်းမလေးတွေနဲ့ တွေ့ရင် အာသွက်လျှာသွက်ရှိတက်သည်
၇။ ဘာပဲရရယူမည်ဟု စိတ်ထဲတွင် တင်းထားသည် ။။။
၈။ ကိုယ်ကိုယ်ကို အသက်မကြီးအောင် နေတက်သည် ။။။။ ( အသက်ကြီးမှန်သိသွားရင်
လူအိုကြီးဟု ပြောမည်ဆိုသောကြောင့်)
9။ အစိုးရကို မကောင်းကြောင်းရှယ်ပြောသည်။
၁၀။ တစ်ခါတစ်ခါပြင်းလျှင် စကားပြောသူ လိုက်ရှာတက်သည် ....
၁၁။ မိန်မမယူဘူးလားမေးလျှင် စပ်ဖြီးဖြီးဖြင့် ( ယူရင် နေစရာမရှိလို့လို့
) စကားလမ်းကြောင်းလွှဲပြောတက်သည်။
၁၁။ ခေတ်ပေါ်အတက်ပညာအကုန်တက်ချင်သည် ( ဥပမာ မာဆတ်သွားချင်း ၊ ကေတီဗွီသွားခြင်း )
၁၂။ ဘယ်သူခေါ်ခေါ် ဘီယာလိုက်သောက်တက်သည် .....
၁၃။ မိတ်ဆွေအလွန်အမင်းများပြားသည် .......
၁၄။ အကိုအမများနှင့် မတည့်တတ်ပါ ( ကျန်သူနှင့် အကုန်တည့်သည် )    

                                            


                                စီးပွားဖြစ် လက်ထပ်ခြင်း   

အဖေ ။    ။ ငါရွေးထားတဲ့ မိန်းကလေးတစ်ယောက်နဲ့ မင်းကို လက်ထပ်လေးမယ်။
သား ။    ။ သား ဘာသာ သားရွေးချင်တယ်အဖေ

အဖေ ။    ။ ကောင်မလေးက ဘီလ်ဂိတ်ရဲ့ သမီးနော်
သား ။    ။ ဒါဆိုရင်တော့ အဖေ့သဘောပါဗျာ

နောက်နေ့မှာ အဖေက ဘီလ်ဂိတ်ဆီကို သွားတယ်။

အဖေ ။    ။ ခင်ဗျားသမီးနဲ့ လက်ထပ်ဖို့ ကျွန်တော့်မှာ ကောင်လေးတစ်ယောက်ရှိတယ်။
ဘီလ်ဂိတ် ။    ။ ကျွန်တော့်သမီးက လက်ထပ်ဖို့ သိပ်ငယ်ဦးမယ်ဗျာ

အဖေ ။    ။ ဒါပေမယ့် အဲဒီကောင်လေးက ကမ်ဘာ့ဘဏ်ရဲ့ ဒုတိယဥက်ကထလေးပါကွ
ဘီလ်ဂိတ် ။    ။ ဒါဆိုရင် တော့ဖြစ်ပါပြီဗျာ

နောက်ဆုံးမှာ အဖေဟာ ကမ်ဘာ့ဘဏ်ရဲ့ ဥက်ကထကို သွားတွေ့ခဲ့တယ်။

အဖေ ။    ။ ခင်ဗျားတို့ ကမ်ဘာ့ဘဏ်မှာ ဒုတိယဥက်ကထအဖြစ်ခန့်အပ်ဖို့ သင့်တော်တဲ့သူ ကို ငါရှာတွေ့ထားတယ်။
ဥက်ကထ ။    ။ ငါလိုအပ်တဲ့ ဒုတိယဥက်ကထကို ရွေးထားပြီ

အဖေ ။    ။ အဲဒီကောင်လေးက ဘီလ်ဂိတ်ရဲ့ သားမက်နော်
ဥက်ကထ ။    ။ ဒါဆိုရင်တော့ ဖြစ်ပါပြီဗျာ

စီးပွားရေးတစ်ခုတော့ ဖြစ်သွားပြန်ပြီပေါ့ဗျာ။

ဥပဒေသ - သင့်မှာ ဘာမှ မရှိဘူးဆိုရင်တောင်မှ သင်အရာရာတိုင်းရနိုင်ပါတယ်။ ဒါပေမယ့် အပြုသဘောဆောင်တဲ့ အတွေးတော့ ရှိရမယ်။

                                            

                               ဒေါ်လာ 800

                                                                   


ဇနီးသည် ရေချိုးပြီးလျှင် ပြီးချင်း ခင်ပွန်းသည်ဟာ ရေချိုးဖို့ အခန်းထဲ ဝင်သွားတယ်။ အဲဒီအချိန် လူခေါ် ခေါင်းလောင်း မြည်လာတာကြောင့် ဇနီးသည်ဟာ ခန္ဓာကိုယ်ကို တဘက်နဲ့ပတ်ပြီး အောက်ထပ်ကို ပြေးဆင်းသွားတယ်။ သူ တံခါးဖွင့်လိုက်တော့ ဟိုဘက်အိမ်က မောင်ဇော်ကို မတ်တပ်ကြီး မြင်လိုက်ရတယ်။ သူ ဘာမှ စ မပြောခင်မှာပဲ မောင်ဇော်က
"ပတ်ထားတဲ့ တဘက်ကို ချွတ်ချလိုက်ရင် အခု ပါလာတဲ့ ဒေါ်လာ ၈၀၀ ပေးမယ်"
လို့ ကမ်းလှမ်းလိုက်တယ်။

ခဏတာ စဉ်းစားလိုက်ပြီး အမျိုးသမီးဟာ ပတ်ထားတဲ့ တဘက်ကို ချွတ်ချလိုက်ပြီး ကိုယ်ဗလာနဲ့ မောင်ဇော်အရှေ့မှာ ရပ်နေလိုက်တယ်။ နည်းနည်းကြာမှ မောင်ဇော်က သူ့မှာ ပါလာတဲ့ ဒေါ်လာ ၈၀၀ကို လှမ်းပေးလိုက်ပြီး အိမ်ပြန်သွားတယ်။ အမျိုးသမီးဟာ ကြမ်းပြင်ပေါ်က တဘက်ကို ပြန်ကောက်ပတ်လိုက်ပြီး အိမ်ပေါ် ပြန်တက်လာတယ်။ သူ အခန်းထဲ ရောက်တော့ သူ့ ခင်ပွန်းသည်က "အောက်က ဘယ်သူလဲ" လို့ လှမ်းမေးလိုက်တယ်။ "တစ်အိမ်ကျော်က မောင်ဇော်ပါ" လို့ ပြန်ဖြေလိုက်တယ်။ အဲဒီတော့ ခင်ပွန်းသည်က အားရဝမ်းသာနဲ့ ပြောလိုက်တာက
"ဟေ ... ဟုတ်လား။ ငါ့ကို ပေးစရာရှိတဲ့ ဒေါ်လာ ၈၀၀ နဲ့ပတ်သက်ပြီး ဘာပြောသွားသေးလဲ" တဲ့။


                                                        


                                            

                                           ကျောင်းသူတစ်ယောက်ရဲ့ ပေးစာ  

သို့ ... ဖေဖေနှင့် မေမေ

ကျောင်းစဖွင့်ကတည်းက မအားတော့တာနဲ့ မေမေ ဖေဖေတို့ ဆီကို စာမရေးဖြစ်တော့ဘူးနော်။
အခုမှပဲ ဖြစ်ဖြစ်သမျှ အကြောင်းတွေကို အားရပါးရ ပြောပြရတော့မယ်။
ဒီစာဖတ်ပြီး တော့လဲ စိတ်ပူမနေကြနဲ့ ဦး။
ဖြစ်ပုံကဒီလို…

ဘာမှတော့ စိုးရိမ်စရာမဟုတ်ပါဘူး။ ပြီခဲ့တဲ့ တစ်ပတ်လောက်ကတော့
ပါတီတစ်ခုကို သွားပြီး အပြန်မှာ ခေါင်းတွေ သွက်သွက်ခါလောက်အောင်ကို
မူးခဲ့တယ်။
ဒါကလည်း ဆေးမှားသောက်မိလို့ ပါ။ အဲဒီဆေးကလဲ ပါတီမှာတွေ့ တဲ့
ကောင်လေးတစ်ယောက်က သမီးကို စမ်းသောက်ကြည့်ဖို့ ပေးတာလေ။

ဒါပေမယ့် အဲဒီနေ့ က အဖြစ်အပျက်တွေကိုတော့ ပြန်ပြောပြလို့ ရလောက်အောင်
သိပ်ပြီး မမှတ်မိချင်တော့ဘူး။
သမီးရဲ့ အဝတ်အစားတွေ အကုန်လုံးကိုတော့ နောက်နေ့ မနက် ပြန်ရှာတွေ့ ပါတယ်။
အဲဒီအတွက်တော့ ဘာမှ စိတ်ပူစရာမလိုပါဘူး။
ဆေးရုံရောက်မသွားတာပဲ တော်သေးတယ် ပြောရမယ်လေ။ အခုတော့ တစ်နေ့ 
သုံးကြိမ်လောက် ခေါင်းတအား ထိုးထိုးကိုက်တာက လွဲလို့ 
ဘာမှမဖြစ်တော့ပါဘူး။

ကျောင်းတက်ခါစက အဆောင်မှာ နေတာဆိုတော့ ဆူဆူညံညံ အသံတွေကြောင့် မလွတ်လပ်ဘူးပေါ့။
အခုတော့ ကောင်လေးတစ်ယောက်နဲ့  လိုက်နေတာ အားလုံး အဆင်ပြေပါတယ်။ သူက
သမီးတို့ ကျောင်းနားက ဓာတ်ဆီဆိုင်မှာ အလုပ်လုပ်တယ်လေ။

သူကသမီးအပေါ်မှာ ကောင်းရှာပါတယ်။ အခုလဲ သူကလက်ထပ်မယ်တဲ့လေ။ ဘယ်နေ
့ဘယ်ရက်လို့ တော့ မရွေးရသေးပါဘူး။
ဒါပေမယ့် သမီးကတော့ သိပ်ကြာကြာ မစောင့်ချင်တော့ဘူး။ ဗိုက်ကလဲ တနေ
့ထက်တနေ့  ပိုပိုပူပူ လာနေပြီ။

ဖေဖေနဲ့  မေမေတို့ ရေ… ဖေဖေတို့ ရဲ့ သမီးက ကလေးအမေဖြစ်တော့မှာ။ အားလုံး
အဆင်ပြေပါတယ်။ တခါတခါတော့ ခေါင်းထဲမူးတူးတူး ရှိတာပေါ့။
ဒါပေမယ်လဲ ဒါက အနာတွေပေါက်နေလို့  ဆေးသောက်နေရလို့ ဖြစ်တာပါ။ အနာတွေက
အာဘ်ဒူဆီက ကူးတာလေ။ ဒါလဲ သူ့ အပြစ်တော့ မဟုတ်ပါဘူး။ အမှန်က
သမီးကိုယ်တိုင် စောစောထဲက ဆင်ခြင်ခဲ့ဖို့ ကောင်းတာပါ။

အာဘ်ဒူကိုတော့ ဖေဖေ မေမေတို့ လက်ခံရလိမ့်မယ်။ သူက ဘာပညာမှတော့ မတတ်ပါဘူး။
ဒါပေမယ့် အရမ်း ရည်ရွယ်ချက်ကြီးတာ။
အခုလဲ သူက ကိုယ်ပိုင်ဓာတ်ဆီဆိုင် ဖွင့်မယ်တဲ့လေ။ သမီးနာမည်နဲ့  ဘဏ်ကနေ
ငွေချေးလို့ ရရင်ပေါ့။ သူကအချုပ် ကျဖူးထားတော့ ဘဏ်မှာ သူ့ နာမည်နဲ
့ငွေချေးလို့ မရဘူးတဲ့လေ။

သူက နိုင်ငံရေးကိုတော့ စိတ်ဝင်စားမှုရှိပါတယ်။ သူက အာရတ်အဖွဲ့ သုံးဖွဲ
့ရဲ့ အဖွဲ့ ဝင်တစ်ယောက်လေ။ ဘင်လာဒင် ထောင်ထားတဲ့ အဖွဲ့ တွေပေါ့။
ဘင်လာဒင်ဆိုတာ တကယ့်ကို ကျိကျိတက်ချမ်းသာတဲ့ မီးခိုးရောင်
မုတ်ဆိတ်ရှည်ကြီးနဲ့ လူလေ။
သမီးက ဒီထက်ပိုပြီးတော့ တော့ သူတို့ အကြောင်းတွေ မသိပါဘူး။ သူတို့ 
စည်ဝေးနေပြီဆိုရင်လဲ သမီးကို သူတို့ အနားကနေ အမြဲ ထွက်သွားခိုင်တယ်လေ။

မနေ့ တနေကတော့ သူ့ ကို သမီးကိုယ်တိုင် ရဲစခန်းမှာ
သွားပြီးရွေးခဲ့ရသေးတယ်။ သူ ရဲတွေကို ပြန်ထိုးနှက်ပြီး
ပြောနေလိုက်တာအမေရယ် ရဲမှူးသုံးယောက်မှာ ပါးစပ်ကို ပိတ်ရောပဲ။

သူကသမီးအတွက် ဂုဏ်ယူတယ်တဲ့။ သမီးက မွတ်စလင်ဘာသာဝင် မိန်းကလေးတွေလို
ခေါင်းပေါင်းဆောင်းထားတာ
(ဟုတ်တယ် အမေ သမီးအဲဒါကို မဆောင်းမနေ ဆောင်းရတယ်) သူ့  အရင်မိန်းမတွေထက်
ပိုပြီး ကြည့်လို့ လှတယ်တဲ့။

ကဲ…

အခုတော့ သမီးရဲ့ ဘဝအခြေအနေ ဘယ်လောက်အထိ ဆိုးဆိုးရွားရွား
ဖြစ်သွားနိုင်တယ်ဆိုတာ အမေတို့ သိပြီမဟုတ်လား။
အမှန်တော့ သမီးပြောခဲ့တဲ့ ခေါင်းကိုက်တာတို့ ၊ ဆေးမှားတာတို့ ၊
ကလေးရတာတို့ ၊ အနာတွေပေါက်တာတို့ ၊ ရည်းစားရနေတာတို့ ဆိုတာ
တကယ်မဟုတ်ပါဘူး။

သမီးဒီလ ဖြေခဲ့တဲ့ စာမေးပွဲ ၅ ဘာသာမှာ နှစ်ဘာသာကကျပြီး နှစ်ဘာသာက ပြန်ဖြေရမှာတဲ့။
ဒါပေမယ့် အခုဏက ပြောခဲ့တဲ့ အဖြစ်အပျက်တွေနဲ့  နှိုင်းယှဉ်ကြည့်ရင်တော့
ဒါဟာ ဘာမှ မပြောပလောက်ပါဘူး လေ… နော်

ချစ်တဲ့ သမီး



                                            

                                  မယုံဘူးတဲ့

နတ်ပြည်နဲ့ ငရဲပြည်သွားမည့် တံခါးပေါက်ရှေ့တွင် သိကြားမင်းက
မိန်းမများကိုစုရုံးစေသည်။
"အားလုံးတန်းစီကြစမ်း . . ကိုင်း . .ဟုတ်ပြီ . .ကိုယ့်ယောက်ျားကို
တစ်ကြိမ်လောက်ပဲ ဖြစ်ဖြစ် သစ္စာဖောက်ခဲ့ဖူးရင်ရှေ့တစ်လှမ်း
တိုးစမ်း"
မိန်းမ အားလုံးရှေ့တိုးလိုက်ကြသည်။သစ္စာ
ရှိသော မိန်းမတစ်ယောက်သာ နေရာတွင်
မရွေ့ဘဲ ကျန်ခဲ့သည်။
သိကြားမင်းက အမိန့်ပေးသည် . .
" အားလုံးကို ငရဲပြည်ပို့လိုက် ၊ ဟို ဆွံ့အ နားမကြားကိုလဲ ပို့လိုက်"

                                            

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်