သတင်းနှ့င့်ရသစုံလင်
လပ်ကီးမြို့တော်တွင် မြန်မာသတင်း၊နိုင်ငံတကာသတင်း၊ထူးဆန်းထွေလာ၊အားကစားသတင်း၊ကျန်းမာရေးကဏ္ဍ၊ဟာသလေးများ၊ကာတွန်းနှင့်ရုပ်ပြဟာသ၊ တရားတော်များ၊ဘာသာရေးကဏ္ဍ၊ချက်နည်းပြုတ်နည်း၊အလှအပနှင့်ဖက်ရှင်၊သရဲတစ္စေနာနာဘာဝ၊သိုင်းဝတ္ထုနှင့်စာအုပ်စာပေ၊gtalk custom message၊ ဗေဒင်ကဏ္ဍ၊ဗဟုသုတနှင့်အထွေထွေ..စသည်တို့ကို တစ်စုတစ်စည်းထဲ ဖတ်ရှုနိုင်ပါတယ်....
နည်းပညာများ
ကွန်ပျူတာနည်းပညာများ ANDROID ဖုန်း နည်းပညာများ APPLE (IOS) မိုးဘိုင်းဖုန်းနည်းပညာများ ကို နည်းပညာများနေရာမှာ ဖတ်ရှုနိုင်ပါတယ်
ဒေါင်းလုပ်သီချင်း
သီချင်းဒေါင်းချင်သူမျာအတွက် အသစ်ထွက်တဲ့သီချင်းတွေရော သီချင်းဟောင်လေးတွေပါ " MP3 ဒေါင်းလုပ်" နေရာမှာ ၀င်ဒေါင်းနိုင်ပါတယ် သီချင်းများကို album လိုက်စုစည်းပြီး တင်ပေးထားပါတယ်
ဂီတစက်ခန်း
ဂီတစက်ခန်း စိတ်ညစ်နေသူ...စိတ်ရှုပ်နေသူများ... စိတ်ထွက်ပေါက်ရှာချင်တယ်ဆိုရင် ဂီတစက်ခန်းထဲဝင်ပြီး ၀င်ကလိလိုက်ပါ... ဂီတစက်ခန်းမှာ ဂီတာ၊ဒရမ်၊စန္ဒယား၊တယော၊ဒီဂျေ အပြင်... ရောသမမွှေနိုင်တဲ့ တီးလုံးသံစဉ်လေးများကို အသုံးပြုနိုင်ပါတယ်...
အွန်လိုင်းဂိမ်း
အွန်လိုင်းဂိမ်းများကို အဆင်ပြေပြေနဲ့ အလွယ်တကူကစားချင်တယ်ဆိုရင် ဓါတ်ပုံပြင်ရန်အောက်က..အွန်လိုင်းဂိမ်းနေရာမှာ ၀င်ရောက်ကစားနိုင်ပါတယ်
www.luckymyotaw.com သို့
photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....
Friday, May 24, 2013
ရေပေါ်၌ ရွေ့လျားသွားလာနိုင်သည့် လေယာဉ်ကွင်းများကို တည်ဆောက်နိုင်
 ယာဉ်ကြောပိတ်ဆို့မှုတွေနဲ့ ယာဉ်ရပ်နားစရာနေရာရှားပါးလာမှု ပြဿနာတွေကို ပြေလည်သွားအောင် ရေပေါ်မှာ ရွေ့လျားသွားလာနိုင်တဲ့ လေယာဉ်ကွင်းတွေကို တည်ဆောက်ဖို့အတွက် အင်္ဂလန်သားတွေက ကြိုးစားနေကြပါပြီ။ သိမ်းမြစ်ထဲမှာ မျောပါနေမယ့် အဲဒီလေယာဉ်ကွင်းတွေဟာ ရေပေါ်မှာ အလွယ်တကူ လှုပ်ရှားသွားလာနိုင်မှာမို့ လေယာဉ်တွေအတွက်သာမက ရေယာဉ်တွေအတွက်ပါ အဆင်ပြေတယ်။ ဘောရစ်ကျွန်း လေယာဉ်ကွင်းမှာ တည်ဆောက်ထားတဲ့ လေယာဉ်ပြေးလမ်းတွေနဲ့ ရထားလမ်းတွေကို မြို့တော်လန်ဒန်အထိပါ သွားလာနိုင်အောင် ချိတ်ဆက်သွားမှာပါ။အဲဒီစီမံကိန်းသာ အကောင် အထည်ပေါ်လာမယ်ဆိုရင် ရေပေါ်မှာ မျောပါနေတဲ့လေယာဉ်ကွင်း ကျွန်းမြောတွေဟာ လူပေါင်း ၃၀၀၀၀၀ကျော်အတွက် စံပျော်ရာနေရာကြီး ဖြစ်လာတော့မှာပါ။
by swesonemedia
အမဲလိုက်စစ် ခွေးစက်ရုပ် အမေရိကားမှတီထွင်
 အမေရိကန်စစ်ဘက်ပစ္စည်း ထုတ်လုပ်ရေးကုမ္ပဏီမှ စစ်ဘက်သုံးခွေးစက်ရုပ်နှစ်ရုပ်ကို တီထွင်ထုတ်လုပ်ခဲ့ပြီးဖြစ်သည်။ ထိုစက်ရုပ်များကို အမဲလိုက်ခွေးကြီးများ ဟုခေါ်ဆိုပြီး ကြည်းတပ်သားများအတွက် ထောက်ပံ့မှုပေးရန် တီထွင်ခဲ့ခြင်းဖြစ်ကာ မည်မျှမြေမျက်နှာပြင် ကြမ်းတမ်းသည်ဖြစ်စေ၊ စစ်သည်များအတိုင်း လိုက်ပါသွားလာနိုင်ပြီး အလေးချိန် ပေါင်၄၀၀ အထိသယ်ဆောင်နိုင်ကာ မိုင်၂၀ခရီးအထိ လောင်စာဆီထပ်မဖြည့်ပဲ သွားလာနိုင်သည်။ ယခုအခါ ထိုစက်ရုပ်နှစ်ရုပ်အတွက် ဆက်သွယ်ရေးစနစ်များ ထပ်မံတပ်ဆင်သွားရန် စီစဉ်လျက်ရှိပြီး ၎င်းမှာ သတင်းအချက်အလက်များကို ရေဒီယိုအော်ပရေတာမှ တစ်ဆင့်ပို့ပေးနိုင်ရန် ရည်ရွယ်ခြင်းဖြစ်သည်။
by swesonemedia
လက်နှစ်စလုံးမရှိသည့် သင်္ချာဆရာမ
မွေးစကတည်းကပင်လက်နှစ်ဖက်စလုံးမပါရှိခဲ့ သည့် အမျိုးသမီးတစ်ဦးဟာ ခြေထောက်နှစ်ဖက်
ကိုအသုံးပြုပြီး စာသင်ကြားပြသနိုင်ခြင်းဖြင့် လူသားတွေအနေဖြင့် (ဆန္ဒရှိမယ်၊ ကြိုးစားမယ်ဆို
လျှင် ) ဘာမဆိုစွမ်းဆောင်ရရှိနိုင်ကြောင်း ကလေးများအား အားကျအတုယူနိုင်စေရန်၊ စိတ်ခွန်
အားများဖြစ်စေနိုင်ရန် ပြသခဲ့ ပါတယ်...
လိတ်ခ်ဝုဒ် အရပ်ရှိ၊ အိုဟိုင်ရို အလယ်တန်းကျောင်းတွင် သင်ကြားပြသနေသည့် မစ္စဂန်နွန်က
သင်ခန်းစာလေ့ ကျင့် ခန်းစာရွက်များအား ဝေငှခြင်းတို့ ကိုပြုလုပ်နိုင်ပါတယ်...
သင်္ချာနှင့် သိပ္ပံဘာသာရပ်များသင်ကြားပြသသည့် မစ္စဂန်နွန်ဟာ မက္ကစီကိုရှိမိဘမဲ့ ကလေး
ကျောင်းတစ်ခုတွင် ကြီးပြင်းလာခဲ့ ရတာဖြစ်ပြီး သူမအသက် ၇ နှစ်အရွယ်မှာ အိုဟိုင်ရိုဒေသမှ
မိသားစုတစ်ခုက မွေးစားခဲ့ တာဖြစ်ပါတယ်...
Inspiring: Mary Gannon, a science teacher who was born without arms, teaches students using her feet လက်မရှိလည်း ရှိတဲ့ ခြေထောက်ကိုရအောင်အသုံးပြုပါတယ်... Inspiring: Mary Gannon, a science teacher who was born without arms, teaches students using her feet
 သူမဟာ ယခုစာသင်ကျောင်းတွင် ယာယီဆရာမအဖြစ် လွန်ခဲ့ သည့် နှစ်က စတင်ဝင်ရောက်ခဲ့ 
တာဖြစ်ပြီး ယခုအခါမှာတော့ ၆ တန်း၊ ၇တန်း၊ ၈တန်းများတွင် အချိန်ပြည့် ဆရာမဖြစ်ကာ "ပျော်
ရွှင်ခြင်းခြေထောက်များ " ဟုမည်ရှိသည့် လိုင်စင်နံပါတ်ပြားနှင့် ကားအားမောင်းကာ ကျောင်းသို့ 
လာရောက်လေ့ ရှိပါတယ်...
" အခုတော့ ကျွန်မက လုပ်ချင်တာ၊ စိတ်ပါဝင်စားတာကိုလုပ်နေနိုင်ပါပြီ... ကိုယ်ဖြစ်ချင်တာတစ်
ခုကို ဘာပဲဖြစ်ဖြစ် လုပ်မယ်လို့ စိတ်ဆုံးဖြတ်ခဲ့ ပြီဆိုယင်တော့ ဘယ်သူတားတားမဖြစ်ဖြစ်အောင်
လုပ်နိုင်မှာပါ..." လို့ သူမကဆိုပါတယ်...
သူမအား မသန်မစွမ်းသူကိုခေါ်တာဟာ မပြုသဘောမဆောင်တဲ့ ၊ နှိမ့်ချတဲ့ သဘောမို့ ထိုကဲ့ သို့ 
ခေါ်ဆိုခြင်းအား မကြိုက်ပါဘူးလို့ သူမကဆိုပါတယ်...
Determined: She said she was glad to be a good example to students that they can achieve their dreams  ဆန္ဒနဲ့ လုံ့ လဇွဲဝီရိယသာရှိယင် ဘာမဆိုဖြစ်နိုင်တယ်ဆိုတာ ကလေးတွေအတွက် နမူနာ ကောင်းတစ်ယောက်ဖြစ်ရတာမို့ သူမအနေနှင့် ဝမ်းသာပါတယ်... Determined: She said she was glad to be a good example to students that they can achieve their dreams
Mary Gannon  လက်မရှိပေမယ့် လည်း ရှိတဲ့ ခြေထောက်နဲ့ ဖြစ်အောင်လုပ်လို့ ရပါတယ်...
Problem solving: Ms. Gannon writes on the board using a pen between her toes
တွေကိုပိုမိုတိုးတက်ကောင်းမွန်အောင်လုပ်ဆောင်နိုင်မယ်ဆိုယင်တော့ သူမအနေနှင့် မသန်မ
စွမ်းလို့ ခေါ်ခံရလည်းကိစ္စမရှိပါဘူးလို့ သူမကဆိုပါတယ်..." 
" ၎င်းတို့ အနေဖြင့် အခက်အခဲများကို အောင်မြင်အောင်ကြိုးပမ်းစွမ်းဆောင်နိုင်ကြောင်း မစ္စဂန်
နွန်က သက်သေပြခဲ့ ပါတယ်လို့ ကျောင်းသားများကဆိုပါတယ်..."
" သင်္ချာမတော်တဲ့ ကျွန်တော့် အတွက် သင်္ချာတော်အောင်၊ ပုစ္ဆာတွေကို ဖြေရှင်းတွက်ချက်နိုင်
အောင် ဆရာမက စိတ်ဓါတ်ခွန်အားတွေဖြစ်စေပါတယ်..." လို့ ၆ တန်းကျောင်းသား ဂျေဒင်ဂျွန်
ဆင် က မြေခွေးသတင်းဌာနကိုပြောပြခဲ့ ပါတယ်....
ဘာလိုအခြေအနေပဲဖြစ်ဖြစ်၊ ဘာကြီးပဲဖြစ်နေဖြစ်နေ သင်သာဆန္ဒရှိနေပါစေ ( ပြင်းပြတဲ့ ဆန္ဒ )
ဖြစ်အောင်လုပ်နိုင်တယ်ဆိုတာ သက်သေပါပဲ လို့ လည်း ၈ တန်းကျောင်းသော ကမ်ဘရီဂရစ်ဖင်
က လိတ်ခ်ဝုဒု ပက်ခ်ျ သတင်းကိုပြောကြားခဲ့ ပါတယ်...
Top teacher: She began working at the school last year as a substitute but now has a full time position ယခင်နှစ်ကတော့ ဒီကျောင်းမှာ ယာယီအဖြစ်ဝင်ရောက်လုပ်ကိုင်ခဲ့ ပြီး ယခုအခါတော့  အချိန်ပြည့် ဝန်ထမ်း ( ကျောင်းဆရာမ ) ဖြစ်ခဲ့ ပါပြီ.... Top teacher: She began working at the school last year as a substitute but now has a full time position
  Proud: The number plate on Ms Gannon's car reads 'Happy Feet'  ကားလိုင်စင်နံပါတ်ပြားကိုက ပျော်ရွှင်နေတဲ့ ခြေထောက်တစ်စုံ...လို့ အမည်ရပါတယ်...  Proud: The number plate on Ms Gannon's car reads 'Happy Feet'
ဟာ့ ဒင်း အလယ်တန်းကျောင်းမှ ဆရာများကတော့ မစ္စဂန်နွန်ဟာ ကျောင်းသားတွေအတွက်
တော့ စံပြနမူနာပါပဲဆိုတာ သဘောတူညီကြပါတယ်...
" သူမတောင်ဖြစ်အောင်လုပ်နိုင်ယင် ငါလည်းဖြစ်အောင်လုပ်နိုင်ရမှာပေါ့ ဆိုတာ လူတိုင်းတွေး
နိုင်ပါတယ်..." လို့ လက်ထောက်ကျောင်းအုပ်ကြီး ဂျိုးတက်ကက် ကပြောကြားခဲ့ ပါတယ်...
by kopeter
ဂင်းနက်စ်စံချိန်ဝင်သွားတဲ့ ကမ္ဘာ့အကြီးဆုံး နံရံပေါ်ကပန်းဥယျာဉ်
 နံရံကိုအလှဆင်ထားတဲ့ နေရာမှာတော့  ကမ္ဘာ့အထူးဆန်းဆုံး နေရာတစ်ခုလို့ ဆိုရပါမယ်။ အီတလီနိုင်ငံ မီလန်ဒေသအနီး ရော်ဇာနိုးမြို့အနီးက ဈေးဝယ်စင်တာကြီးတစ်ခုရဲ့ နံရံကြီးပေါ်မှာ ဆန်းပြားတဲ့စိတ်ကူးတွေနဲ့ သူမတူအောင် ကြိုးစားဖန်တီးထားတာကတော့ ကမ္ဘာ့အကြီးဆုံးနံရံပေါ်က ပန်းဥယျာဉ်လို့ ခေါ်ဆိုလိုက်တဲ့ ဖီရော်ဒါလီဆို စီးပွားရေးအဆောက်အအုံကြီးရဲ့ နံရံပေါ်မှာ စိုက်ပျိုးထားတဲ့ ပန်းဥယျာဉ်ကြီးပဲဖြစ်ပါတယ်။ အကျယ်စတုရန်းပေ ၄၄၅၇၀ခန့်ရှိတဲ့ ထိုပန်းဥယျာဉ်ကို စက်တင်ဘာ၁၇ရက်နေ့က ကမ္ဘာ့အကြီးဆုံးနံရံပေါ်က ဥယျာဉ်ကြီးအဖြစ် ဂင်းနက်စ်မှတ်တမ်းဝင်ဖြစ်ခဲ့ပါတယ်။ထိုဥယျာဉ်ကြီးထဲမှာတော့ သစ်ပင်ပေါင်း ၄၄,၀၀၀ပကျော်နဲ့ ပန်းမန်ပေါင်း ၂၀၀ကျော်ကို ဥယျာဉ်မှူးတွေက ပိုးမွေးသလို တယုတယ ဂရုတစိုက် စိုက်ပျိုးထားကြတယ်လို့ သိရပါတယ်။
by swesonemedia
ကမ္ဘာ့အကြီးဆုံး ကြက်သွန်ဥကြီး
 ပုံမှန်အခြေအနေမှာ ကြက်သွန်ဥတစ်လုံးသည် ကြက်ဥတစ်လုံးပမာဏမျှသာ ရှိသော်လည်း ယခုဖော်ပြပေးလိုက်သည့် ကြက်သွန်ဥကြီးမှာ သာမန်ကြက်သွန်ဥများနှင့် မတူဘဲ တစ်မူထူးခြားစွာ အရွယ်အစား ကြီးမားလွန်းလှသည်။ ယင်းမှာ၁၈ပေါင်ကျော်မျှ လေးလံလှသောကြောင့်လည်း ဂင်းနက်စ်မှတ်တမ်းကပင် ကမ္ဘာ့စံချိန်တင်ပေးလိုက်ရသည်။ အင်္ဂလန်နိုင်ငံ နော်တင်ဟမ်ရှိုင်းယားပြည်နယ်မှ စိုက်ပျိုးရေးလုပ်သားကြီး ပီတာကသူ့ဥယျာဉ်မှာ ယင်းကြက်သွန်ဥကြီးကို ပြုစုပျိုးထောင်ပေးခဲ့သည်။ လုပ်သက် နှစ်၃၀ကျော်အတွင်းမှာ ယင်းသို့စံချိန်တင် ကြက်သွန်ဥမျိုးကိုမတွေ့ဖူးကြောင်း  ပီတာကပြောပြသည်။
by swesonemedia
ရှားပါးကျောက်တုံးများဖြင့် ဖန်တီးထားသော ဟင်းလျာများ
 တရုတ်နိုင်ငံအလယ်ပိုင်းရှိ ဟေနန်ဒေသ၏ နန့်ယန်းပြတိုက်တွင် ရှားပါးကျောက်တုံးများဖြင့် ဟင်းလျာမျိုးစုံကို ပုံဖော်ထားသော ဟင်းခွက်များစွာကို ပြသသည့် ထူးခြားသည့်ပြပွဲတစ်ရပ် စက်တင်ဘာ၂၂ရက်နေ့က ပြုလုပ်ခဲ့ကြောင်းသိရသည်။ ဆန်နှင့်တူသော ကျောက်စရစ်ခဲများဖြင့် ပုံဖော်ထားသည့် ထမင်းပန်းကန် အပါအ၀င် ဟင်းလျားပေါင်းများစွာကို ကျောက်တုံးကျောက်ခဲများဖြင့် ဖန်တီးထားကြောင်းသိရသည်။ ဟေနန်ဒေသခံများအပါအ၀င် ကမ္ဘာလှည့်ခရီးသည်များမှ ထိုပြပွဲကိုစိတ်ပါဝင်စားစွာ လာရောက်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
by swesonemedia
ကမ္ဘာ့သက်တမ်းအရင့်ဆုံးကား ပေါင်သုံးသိန်းဖြင့် လေလံတင်ရောင်းချမည်
 ကမ္ဘာ့ သက်တမ်းအရင့်ဆုံး ကားဖြစ်သော အင်္ဂလန်နိုင်ငံဖို့ဒ်ကား ကုမ္ပဏီမှထုတ်လုပ်သည့်ကားကို ယခုစက်တင်ဘာအတွင်း ကြမ်းခင်းဈေး စတာလင်ပေါင်သုံးသိန်းဖြင့် လေလံတင် ရောင်းချသွားမည်ဖြစ်သည်။ ၁၉၀၃ခုနှစ်နှင့် ၁၉၀၄ခုနှစ်အတွင်းက ထုတ်လုပ်ခဲ့သော သက်တမ်း၁၀၉နှစ်ရှိပြီဖြစ်သည့် အဆိုပါဖို့ဒ်ကား၏ မော်ဒယ်အမည်မှာ Chassis30ဟူ၍ဖြစ်ပြီး ၎င်းနှစ်အတွင်းက အစီးရေ၁၇၅၀စီး ထုတ်လုပ်ထားသော ကားများထဲမှ ရှားပါးစွာ တစ်စီးတည်း ကျန်ရစ်သောကားလည်းဖြစ်သည်။ ၎င်းကားမှာ ဖို့ဒ်ကားကုမ္ပဏီ၏ပထမဦးဆုံး ကားဒီဇိုင်းလည်းဖြစ်ပြီး စတင်ထုတ်လုပ်ရောင်းချစဉ်က အမေရိကန်ဒေါ်လာ ၂၂၃ဒသမ၆၅ဖြင့် ရောင်းချခဲ့ပြီး တစ်နာရီလျှင် ၂၈မိုင်နှုန်း မောင်းနှင်နိုင်သော လူလေးယောက်စီး ကားပုံစံအမျိုးအစားဖြစ်သည်။
by swesonemedia
ကမ္ဘာ့အရှည်ဆုံးဆံပင်ပုံစံ ဂင်းနက်စ်မှတ်တမ်းဝင်
 အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ရှိ မြို့တော်ဥယျာဉ်တွင်ဂျပန်လူမျိုး ဒီဇိုင်နာကာဇူဟီရိုက သူ၏ရှည်လျားလှသော ဆံပင်များထောင်ထားသော ဆံပင်စတိုင်ကို ပြသခဲ့ရာ ကမ္ဘာ့အရှည်ဆုံး ဆံပင်ပုံစံအဖြစ် ဂင်းနက်စ် စံချိန်တင်နိုင်ခဲ့လေသည်။ အဆိုပါဒီဇိုင်နာက သူဤကဲ့သို့ ဆံပင်ပုံစံထားနိုင်ရန် သူ၏ဆံပင်အား၁၅နှစ်ကြာ မညှပ်ဘဲ ထားခဲ့ရသည် ဟုဆိုသည်။
by swesonemedia
လူသားတို့နှင့်အတူနေသည့် ကမ္ဘာ့အရှည်ဆုံးမြွှေကြီး
 အမေရိကန်ပြည်ထောင်စု ကန်ဆက်စီးတီးမြို့တွင် မစ္စတာအက်ဂါဆိုသူ မွေးထားသော အရှည်၂၅ပေရှိသည့် စပါးကြီြးွေမကြီးမှာ လူသားတို့မွေးထားပြီး လူတို့နှင့်အတူတူနေသောြွေမများထဲတွင် အကြီးဆုံြးွေမအဖြစ် ဂင်းနက်ကမ္ဘာ့စံချိန် စာအုပ်တွင် မှတ်တမ်းဝင်ခဲ့ပြီဖြစ်သည်။ မစ္စတာအက်ဂါမှမီဒူဆာဟု အမည်ပေးထားသည့် ဧရာမစပါးကြီြးွေမကြီးကို ၎င်ြးွေမအသက်၈နှစ်နှင့် ၂၄လက်မအရွယ် ရှိစဉ်ကတည်းက မွေးမြူလာခဲ့ပြီး ယခုအခါ ၂၅ပေအထိ ရှည်လျားလာပြီး ပေါင်၃၀၀ ကျော်လေးကာ သူကိုချီမရန်အတွက် အနည်းဆုံး လူ၂၅ ယောက် အတူတကွချီမမှ ရနိုင်မည်ဖြစ်သည်။ ဂင်းနက်စ်ကမ္ဘာ့စံချိန် စာအုပ်မှ လူသားတို့နှင့် အတူနေထိုင်သည့် ကမ္ဘာ့အကြီးဆုံြးွေမကြီးအဖြစ် မီဒူဆာကို အတည်ပြုပေးခဲ့ပြီး ၎င်ြးွေမကြီးမှာ၂၀၁၃ခုနှစ်ထုတ် ဂင်းနက်စ်ကမ္ဘာ့စံချိန်စာအုပ်တွင် ပါလာမည်ဖြစ်သည်။ ယခင်ကထိုကဲ့သို့ လူသားတို့နှင့်အတူနေသည့် ကမ္ဘာ့အကြီးဆုံြးွေမမှာ ကိုလံဘတ်တိရစ္ဆာန်ရုံမှ ဖြစ်ပြီး၎င်ြးွေမ အသက်၁၈နှစ်နှင့် ၂၄ပေအရှည်တွင် သေဆုံးခဲ့ပြီးဖြစ်သည်။
by swesonemedia
ဘင်ကားကို ကြိုးဖြင့်ဆွဲပြနိုင်ခဲ့သည့် အသက်ခုနစ်နှစ် အရွယ်ကလေးငယ်
 တရုတ်နိုင်ငံ ချူဇူးပြည်နယ်က အသက်ခုနစ်နှစ်အရွယ် ကလေးတစ်ယောက်ဟာ အရွယ်နှင့်မလိုက်အောင် သန်မာလွန်းတဲ့အတွက် မိသားစုစီးကားဖြစ်သော ဘင်ကားကိုလမ်းတစ်လျှောက်မှာ ကြိုးဖြင့်ဆွဲပြခဲ့ပါတယ်။ သူဟာသူ့ဖခင်ကိုလည်း ချီပိုးပြနိုင်သလို သန်မာလူကြီး တစ်ယောက်တောင်မှ မ,ဖို့ခက်ခဲတဲ့ ဂျုံအိတ်နဲ့ဘိလပ်မြေအိတ်လို အရာမျိုးတွေကို အလွယ်တကူ မပြနိုင်ခဲ့ပါတယ်။ ပုံမှန်အားဖြင့် အသက်ခုနစ်နှစ်အရွယ် ကလေးတွေဟာ၂၀နဲ့၃၅ကီလိုဂရမ် (၄၄ပေါင်နဲ့၇၇ပေါင်) ကြားမှာ ရှိကြပေမယ့် ယန်ဂျင်လောင်လို့ခေါ်တဲ့ ထိုစွမ်းအားရှင်ကလေးငယ်ဟာ ကိုယ်အလေးချိန် ၅၀ကီလိုဂရမ် (၁၁၀ပေါင်) ရှိတယ်လို့ သိရပါတယ်။ သူရဲ့သန်စွမ်းမှုဟာ လူတကာအတွက် အံ့မခန်းဖြစ်နေတဲ့အတွက် သူနေတဲ့ အနီးအနားဝန်းကျင်က တရုတ်လူမျိုးတွေဟာ ဒီကောင်လေး နောက်တစ်ခါ ဘာမပြမလဲဆိုတာကို စိတ်ဝင်တစားနဲ့စောင့် ကြည့်နေကြပါတယ်။
by swesonemedia
မစ်ကီမောက်စ် အမှတ်တရပစ္စည်း စုဆောင်းသူ ဂင်းနက်စ်စံချိန်တင်
 အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်မှ ဂျာနက်အက်စတီးဖ်ဆိုသူ အမျိုးသမီးသည် မစ်ကီမောက်စ် အမှတ်တရပစ္စည်းများ ၆၀၀၀ကျော်ခန့် စုဆောင်းထားရှိခဲ့ပြီး မစ်ကီမောက်စ် အမှတ်တရ ပစ္စည်းများ အများဆုံးစုဆောင်းသူအဖြစ် စက်တင်ဘာ၂၃ ရက်နေ့က ဂင်းနက်စ် စံချိန်တင်နိုင်ခဲ့သည်။ အက်စတီးဖ်သည် ၂၀၀၆ခုနှစ်ကတည်းက မစ်ကီမောက်စ်အမှတ်တရ ပစ္စည်းများ ၆၀၀၀ကျော်ခန့် စုဆောင်းနိုင်ခဲ့ပြီး သူမ၏ စံချိန်ဟောင်းကို ချိုးဖျက်ကာ စံချိန်သစ်တင်နိုင်ခဲ့သည်။ အက်စတီးဖ်သည် ငယ်စဉ်ကတည်းက မစ်ကီမောက်စ် ဇာတ်ကားများကို အလွန်နှစ်သက်ခဲ့ပြီး မစ်ကီမောက်စ် အမှတ်တရပစ္စည်းများဖြစ်သော မစ်ကီမောက်စ် အရုပ်ကလေးများ၊ ဘောပင်၊ သော့ချိတ်နှင့် အခြားအမှတ်တရပစ္စည်းများကို ၀ယ်ယူစုဆောင်းကာ သူမ၏နေအိမ်တွင် အလှဆင်ထားကြောင်း သိရှိရသည်။
by swesonemedia
ကမ္ဘာ့အကြီးဆုံးစာရင်းဝင် စိန်ကြီးတစ်လုံး ရုရှား၌တွေ့ရှိ
 ရုရှားနိုင်ငံ၏ အကြီးဆုံးစိန်ရှာဖွေတူးဖော်ရေး ကုမ္ပဏီတစ်ခုသည် အလ်လိုဆာကုမ္ပဏီ၏ နံပါတ်၁၆ ညာဘစ်ဆင်မိုင်းတွင်း တည်ရှိရာ ရုရှားအရှေ့မြောက်ပိုင်း ဂျာကူဘီယာဒေသတွင် အလေးချိန် ၁၅၈ဒသမ၂ကာရက်ရှိ ကမ္ဘာ့ရှားပါးဆုံး အကြီးဆုံးစာရင်းဝင် စိန်ကြီးတစ်လုံးကို တွေ့ရှိခဲ့ကြောင်း စက်တင်ဘာ၂၅ရက် ရုရှားပြည်တွင်း သတင်းတစ်ရပ်တွင် ဖော်ပြခဲ့သည်။ ရုရှား၏ အလ်လိုဆာကုမ္ပဏီသည် ယင်းစိန်တုံးကြီးကို ယခုသီတင်းပတ်အတွင်း ကြမ်းခင်းဈေးအဖြစ် အမေရိကန်ဒေါ်လာ ၁ဒသမ၅သန်းဖြင့် လေလံတင် ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။ ထိုစိန်တုံးကို စိတ်ပိုင်းလိုက်ပါက အရည်အသွေးကောင်းမွန်ပြီး တန်ဖိုးရှိသော စိန်တုံးပေါင်းများစွာ ထွက်ရှိမည်ဖြစ်ပြီး ယင်းစိန်တုံးလေးများ၏ တန်ဖိုးသည်ပင် အမေရိကန်ဒေါ်လာ သိန်းနှင့်ချီ၍တန်မည်ဖြစ်ကြောင်း အလ်လိုဆာကုမ္ပဏီမှ စိန်ကျွမ်းကျင်သူတစ်ဦးက ပြောကြားလိုက်သည်။
by swesonemedia
GoogleMapက ပန်းကန်ပြားပျံများအား ရိုက်ကူးထားနိုင်
 မြေပုံများအား သုံးဖက်မြင်အသွင်ဖြင့် ပြောင်းလဲတင်ဆက်ခဲ့သည့် ကမ္ဘာကျော်နည်းပညာပါရဂူ Googleကမကြာသေးမီက ယင်း၏ အင်တာနက်မြေပုံများတွင် ပန်းကန်ပြားပျံများကို အမိအရ ရိုက်ကူးနိုင်ခဲ့သည်။ Googleသည် အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ်တွင် ပန်းကန်ပြားပျံတစ်ခုကို ဦးစွာရိုက်ကူးနိုင်ခဲ့ပြီး နယူးမက္ကဆီကိုတွင် နောက်ထပ် ပန်းကန်ပြားပျံတစ်ခုကိုလည်း ထပ်မံရိုက်ကူးနိုင်ခဲ့သည်။ ယင်းပန်းကန်ပြားပျံများမှာ ကမ္ဘာမြေပြင်အထက် မိုင်ပေါင်း၁၀၀၀ခန့်တွင် ပျံသန်းနေခြင်းဖြစ်သည်ဟု မြေပုံပညာရှင်များက တွက်ဆထားကြသည်။
by swesonemedia
ဘေ့စ်ဘောအရွယ် အမျိုးအမည်မသိ သတ္တ၀ါ၏အပြာရောင် မျက်လုံးတစ်လုံးတွေ့ရှိ
 အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ် ပွန်ပါနိုကမ်းခြေတွင် အောက်တိုဘာလ ၁၀ရက်နေ့က အမျိုးအမည်မသိ သတ္တ၀ါတစ်ကောင်၏ ဘေ့စ်ဘောအရွယ် အပြာရောင်မျက်လုံးတစ်လုံးကို တွေ့ရှိခဲ့ရကြောင်း ဖလော်ရီဒါပြည်နယ် ရေသတ္တ၀ါနှင့် တောရိုင်းတိရစ္ဆာန် စူးစမ်းလေ့လာရေးအဖွဲ့မှ ထုတ်ဖော်ကြေညာခဲ့သည်။ ဂျိုနိုကိုဘာစီဆိုသူသည် အောက်တိုဘာ၁၀ရက်နေ့က ကွန်ပါနိုကမ်းခြေတစ်လျှောက် လမ်းလျှောက်လာစဉ် အဆိုပါဘေ့စ်ဘောအရွယ် မျက်လုံးတစ်ဖက်ကို တွေ့ရှိခဲ့ရခြင်းဖြစ်ပြီး စတင်တွေ့ရှိစဉ်က ထိုမျက်လုံးတွင် သွေးစသွေးနများ ပေကျံနေသည်ကိုပင် တွေ့ရှိရသည်။ ကင်းမွန်ငါးမျိုးအပါအ၀င် အရွယ်အစားကြီးမားသော နှင်းလူကြီးများသည်ပင် ထိုမျှလောက်ကြီးမားသော မျက်လုံးမျိုးမရှိသောကြောင့် သိပံ္ပပညာရှင်များအတွက် ပဟေဠိတစ်ပုဒ် သဖွယ်ဖြစ်လာခဲ့သည်။ ယခုအခါ အဆိုပါအပြာရောင် ဘေ့စ်ဘောအရွယ်မျက်လုံးကို စိန့်ပီတာစဘတ်မြို့ရှိ သဘာဝရေသတ္တ၀ါနှင့် တောရိုင်းတိရစ္ဆာန်အင်စတီကျူသို့ ပို့ဆောင်ကာ စူးစမ်းလေ့လာမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
by swesonemedia
အပြာရောင်နှင့် အစိမ်းရောင်ပျားရည်ကို ပြင်သစ်နိုင်ငံ၌တွေ့ရှိ
ပြင်သစ်နိုင်ငံအရှေ့မြောက်ဘက်ရှိ ပျားမွေးသူများသည် ၎င်းတို့၏ပျားအုံထဲ၌ အပြာရောင်နှင့် အစိမ်းရောင်ပျားရည်များကို တွေ့ရှိခဲ့ရသဖြင့် လွန်စွာအံ့သြခဲ့ရသည် ဟုသိရသည်။ အဆိုပါပျားရည်များသည် ထူးဆန်းသော်လည်း ပြင်သစ်နိုင်ငံ၌ ထုတ်လုပ်သည့် ပျားရည်အဆင့်အတန်းကို မမီသောကြောင့် ဈေးကွက်၌ ရောင်းချနိုင်ခြင်းမရှိပေ။ ဤသို့ဖြစ်ရခြင်းမှာ ထိုရောင်စုံပျားရည်များသည် ပန်းဝတ်မှုန်မှရသည့် ပျားရည်မျိုးနှင့်မတူဘဲ တစ်မူကွဲပြားနေသည်ဟုသိရသည်။ ဤသို့ဖြစ်ရခြင်းမှာ အဆိုပါပျားမွေးမြူရေးခြံမှ ပျားများသည်  ပန်းဝတ်ရည်ကိုမစုပ်ဘဲ သကြားလုံးစက်ရုံမှ စွန့်ပစ်ပစ္စည်းများကို သွားရောက် စားသောက်ကြသောကြောင့်ဖြစ်သည်ဟုသိရသည်။ဤသို့ပျားရည်များ အရောင်ပြောင်းသွားခြင်းကြောင့်  သကြားလုံးစက်ရုံသည် ၎င်းတို့၏စွန့်ပစ်ပစ္စည်းများကို ပျားများလာရောက်စားသောက်ခြင်း မပြုနိုင်စေရန် သိုလှောင်ရုံ၌ စွန့်ပစ်ပစ္စည်းများကို ထိန်းသိမ်းသွားမည် ဟုသိရသည်။
by swesonemedia
လျှပ်စစ်ဗို့အားတစ်သန်း ခန္ဓာကိုယ်ထဲဖြတ်စီးမှုကို ခံနိုင်ရည်ရှိကြောင်း ပြသနိုင်ခဲ့သူ
ပြီးခဲ့သည့် အောက်တိုဘာ၅ရက်နေ့က မျက်လှည့်နှင့်မှော်ဆရာ ဒေးဗစ်ဘရိန်းဆိုသူသည် သူ၏စွမ်းရည်ကို ပြသသည့်အနေဖြင့် လျှပ်စစ်ဗို့အားတစ်သန်းရှိသော လျှပ်စီးစက်ကွင်း၏အလယ်တွင် အောင်မြင်စွာနေပြခဲ့သည်။ ယခုနောက်ပိုင်းတွင် လူသိများထင်ရှားလာသည့် အသက်၃၉နှစ်အရွယ် မျက်လှည့်နှင့်မှော်ဆရာ ဒေးဗစ်ဘလိန်းသည် ၇၂နာရီအကြာ သူ၏ခန္ဓာကိုယ်ပေါ်သို့ လျှပ်စစ်လှိုင်းများ ဖြတ်စီးစေခြင်းကို လူအများရှေ့၌ ရှင်းလင်းထင်ရှားစွာပြသခဲ့သည်။ သူ၏ခန္ဓာကိုယ်ကို ထိုသို့လျှပ်စစ်စီးဝင်နေစဉ် တက်စ်တာအမည်ရှိ လျှပ်စစ်ဗို့အားတစ်သန်း ခန္ဓာကိုယ်ထဲဖြတ်စီးမှုကို ခံနိုင်ရည်ရှိကြောင်း ပြသနိုင်ခဲ့သူ သတ္ထုကွိုင်တစ်မျိုးဖြင့် ပြုလုပ်ထားသောအ၀တ်ကို ၀တ်ထားကာ အထူးတလည်ပြုလုပ်ထားသော ဦးထုပ်ကိုလည်း ဆောင်းထားသည်။ ရာပေါင်းများစွာသော ပရိသတ်များက ထိုစတန့်ပွဲကို လာရောက်ကြည့်ရှုကြပြီး လျှပ်စစ်ဗို့အားတစ်သန်းကြားမှာ အမြဲတမ်းနေထိုင်သွားမည့်သူဟု အမည်ပေးကင်ပွန်းတပ်ခဲ့ကြသည်။
ထိုအဖြစ်အပျက်ကို နောက်ပိုင်းတွင် Youtubeပေါ်၌ အင်တာနက်ကော်ပိုရေးရှင်းတစ်ခုမှ တာဝန်ယူတပ်ဆင်ပေးခဲ့သည်။ ထိုစတန့်ပွဲမပြုလုပ်ခင်က အောင်မြင်စွာပြုလုပ်နိုင်မည်လော ဟူသောပဟေဠိမေးခွန်းများနှင့် စိန်ခေါ်မှုများကိုယခုအခါ ဖြေရှင်းပေးနိုင်ခဲ့ပြီဖြစ်သည်ဟု ဘလိန်း၏ ပြောရေးဆိုခွင့်ရှိသူက ပြောဆိုခဲ့သည်။ သရုပ်ပြပွဲပြီးသောအခါ ဘလိန်းမှာ လမ်းလျှောက်နိုင်ရန်အတွက် လူတစ်ယောက်က တွဲပေးထားရပြီး ထိုပွဲအပြီးတွင် သူ၏ စေ့စပ်ထားသည့်ချစ်သူက သူ့ကို ဆေးရုံတစ်ခုသို့ခေါ်သွားပြီး ကျန်းမာရေးနှင့်ပတ်သက်၍ တစ်စုံတစ်ရာဖြစ်ပျက်မှုရှိမရှိ စမ်းသပ်စစ်ဆေးစေခဲ့သည်။ ''လျှပ်စစ်သံလိုက် စက်ကွင်းတွေကြားမှာ ၇၂နာရီတောင်နေခဲ့ရတာ ဦးနှောက်ကို တစ်ခုခုဖြစ်သွားနိုင်တာပေါ့ ''ဟူ၍ဘလိန်းက ပြောဆိုခဲ့သည်။
by swesonemedia
အသက် ၉၆ နှစ်အရွယ်ဖြင့် ကမ္ဘာ့ အသက် အကြီးဆုံးဖခင်စံချိန်ရှင်...
  • ရမ်ဂျစ်ရာဂေ့ဗ် အမည်ရှိအဘိုးအို အသက် ၉၆ နှစ်အရွယ်တွင်ဒုတိအကြိမ်
     မြောက်အဖြစ် သားယောကျာင်္းလေးတစ်ဦး၏ဖခင်ဖြစ်လာ...
    ၎င်း၏ပထမသားကလေး ကရမ်ဂ်ျကို လွန်ခဲ့ သည့် ၂ နှစ်က အိန္ဒိယနိုင်ငံမြောက်
    ပိုင်း ဟာရီယာနာတွင်မွေးဖွားခဲ့ ...
World's oldest: Ramjit Raghav, 96, holding his second baby Ranjit
ဒုတိယသားကလေး ရန်ဂျစ်ကိုပွေ့ ချီထားသည့် အသက် ၉၆ နှစ်အရွယ်တွင် ကမ္ဘာ့ အသက်
အကြီးဆုံးဖခင်ဖြစ်လာသည့် အဖိုးအို ရမ်ဂျစ်ရာဂေ့ ဗ်
World's oldest: Ramjit Raghav, 96, holding his second baby Ranjit
အိန္ဒိယနိုင်ငံမှ အသက် ၉၆ နှစ်ရှိအဖိုးအိုတစ်ဦးဟာ ဒုတိယအကြိမ်မြောက်အဖြစ်ကမ္ဘာ့ အသက်
အကြီးဆုံး ကလေးအဖေဘွဲ့ ကိုထပ်မံဆွတ်ခူးကာအောင်လံစိုက်ထူနိုင်လိုက်ပြန်ပါတယ်...
၏ပထမသားလေးဖွေးအောင်စွမ်းဆောင်နိုင်ခဲ့ လို့ ကမ္ဘာ့ အသက်အကြီးဆုံးကလေးအဖေဘွဲ့ ပေး
အပ်ခံခဲ့ ရပါသေးတယ်...
သားတစ်ယောက်ရတာလုံလောက်ပါပြီ၊ တော်လောက်ပါပြီလို့ ပြောဆိုခဲ့ သော်လည်း ပင်စင်စား
အဖိုးအိုနှင့် ၎င်း၏အသက် ၅၄ နှစ်အရွယ်ဇနီးဖြစ်သူ သျှကုဏ္ဍလ ( အိန္ဒိယဇတ်တော်ထဲကမင်း
သမီးနဲ့ တော့ နာမည်တူပါပဲ ) တို့ ကတော့ လွန်ခဲ့ သည့် လကပင် ဒုတိယသားကလေး ရန်ဂျစ်ကို
လူ့ လောကထဲ ပွေ့ ပိုက်ဆီးကြိုခေါ်ဆောင်လာနိုင်ခဲ့ ကြပြီဖြစ်ပါတယ်...
 " ဘယ်တတ်နိုင်မလည်းဗျာ... ဒါဟာဘုရားပေးတဲ့ လက်ဆောင်ပေပဲ..." ဟု အဖိုးအိုရမ်ဂျစ်က၎င်း
" ဘုရားသခင်ကကျူပ်ကိုနောက်ထပ် သားသားလေးတစ်ယောက်ထပ်ရှိစေချင်တာကိုး...." လို့ သူ
ကဆိုပါတယ်...
ယခုလအစောပိုင်းက ဟာရီယာန အစိုးရဆေး၇ုံကြီးတွင် ကျန်းမာသန်စွမ်းသည့် သားကလေး
အား သျှကုဏ္ဍလာ တစ်ယောက်မွေးဖွားခဲ့ စဉ် ကလေးအဖေဟာ ရမ်ဂျစ်ဖြစ်ကြောင်းသိကြသည့် 
ဆရာဝန်များအနေဖြင့် ရယ်ပွဲဖွဲ့ ခဲ့ ကြပါတယ်...
" ဆရာဝန်တွေကတော့ ရယ်လည်းရယ် အံ့ လည်းအံ့ သြနေကြပါတယ်..." လို့ အဘိုးအို ရမ်ဂျစ်
ကဆိုပါတယ်...
နှစ်ယောက်အပေါ် မျှော်လင့် ချက်ကြီးကြီးထားရှိနေပါတယ်...
" ကျူပ်ဘ၀တစ်လျှောက်လုံးလယ်သမားလုပ်လာခဲ့ ရတာဗျာ... သူတို့ လေးတွေကိုတော့ အစိုးရ
အရာရှိကြီးတွေဖြစ်စေချင်ပါတယ်... သားယောကျာင်္းလေးတစ်ယောက်ထပ်ရတာလည်းကောင်း
တာပေါ့ ဗျာ... တစ်ကယ်လို့ တစ်ယောက်ဆုံးပါးသွားခဲ့ ယင်တောင် မျိုးရိုးဂုဏ်ဆက်လက်စောင့် 
ထိန်းမယ့် နောက်တစ်ယောက်ရှိနေသေးတာပေါ့ ..." လို့ သူကဆိုပါတယ်...
ရမ်ဂျစ် က၀န်ခံပြောကြားခဲ့ ပါတယ်...
" ကျူပ်ကအသက်ကြီးပေမယ့် မပျက်စီးသေးတော့ တစ်ညကို သုံးလေးကြိမ်လောက်တော့ ဇနီး
မယားလေး သျှကုဏ္ဍလာ နဲ့ ချစ်တင်းနှောနိုင်ပါသေးတယ်.... အဲဒါကိုဗျာ အိမ်နီးနားချင်းတွေက
အားအကျကြီးကျပြီး မနာလိုတွေဖြစ်ကာဘာဆေးကောင်းတွေများမှီဝဲပါလည်း လို့ မေးကြသဗျာ..
ကျူပ်ကတော့ ဘုရားသခင်အလိုတော်အတိုင်းပါပဲလို့ ဖြေခဲ့ ရသဗျာ....
ကျူပ်ကကျန်းမာရေးကလည်းကောင်းတော့ မိန်းမနဲ့ က ချစ်စ၊ ခင်စ၊ ကြင်နာစ ဆိုသလိုပါပဲ...အ
လိုရှိသလို ချစ်ခြင်းတွေဖလှယ်နေနိုင်ပါတယ်.... လင်နဲ့ မယားဆိုတာလည်း အခုလို ပုံမှန် ယုယ
ကြင်နာ မေတ္တာတွေဖွင့် ဟနေနိုင်ဖို့ ကအရေးကြီးတယ်မဟုတ်လား...
ကျူပ်ကတော့ သျှကုဏ္ဍလာ ကသာဆန္ဒရှိပါစေ၊ တောင်းဆိုနေယင်တစ်ညလုံးလည်း ချစ်နေနိုင်
အဖိုးအိုရမ်ဂျစ် ကဆိုပါတယ်...
အခုလို ညရေးညတာကိစ္စတွေမှာ စွမ်းဆောင်ရည်ထက်မြက်နေတာလို့ ကလေး ၂ ယောက်အ
ဖေ ရမ်ဂျစ်ကဆိုပါတယ်...
Daddy duties: Ramjeet Raghav, 96, with his wife Shankuntala, 54, and sons Karamjit, 4, and baby Ranjit, is excited to have become a father again
သျှကုဏ္ဍလာရယ်.... မင်းနဲ့ မှချစ်တတ်ပြီပေါ့ ...လို့ ဆိုရမယ့် ၉၆ နှစ်အထိ အရှိန်မကုန်သေးတဲ့ 
ဘာဘာရမ်ဂျစ် နဲ့ ကြိုးစားအားထုတ်မှုရလာဒ် သားကြီး ကရမ်ဂျစ် ( ၄ နှစ် )၊ သားငယ်လေး
ရန်ဂျစ်....
Daddy duties: Ramjit Raghav, 96, with his wife Shankuntala, 54, and sons Karamjit, 4, and newborn Ranjit, is excited to have become a father again
" ကျူပ်က မိန်းမကိုလည်း ဂရုစိုက်ပြီး သူလိုအပ်တာမှန်သမျှဖြည့် ဆည်းပေးနေလို့ ပျော်ရွှင်တဲ့ 
အိမ်ထောင်ရှင်မတစ်ယောက်ဖြစ်နေပါပြီ..." လို့ လည်း ရမ်ဂျစ်ကဆိုပါတယ်...
ယခုလက်ရှိ ဒုတိယမြောက်အိမ်ထောင်ဆက်ဖြစ်တဲ့ သျှကုဏ္ဍလာနဲ့ တွေ့ တော့ ရမ်ဂျစ်ဟာ မုဆိုး
ဖိုဖြစ်နေခဲ့ တာ ၂၅ နှစ်တောင်ကြာမြင့် ခဲ့ ပြီဖြစ်ပါတယ်...
တစ်ခုတွင် စတင်တွေ့ ခဲ့ မိကြတာဖြစ်ပြီး ရမ်ဂျစ်က သူမအား သူနှင့် အတူလိုက်ခဲ့ ဖို့ ခေါ်ခဲ့ လို့ 
လိုက်လာခဲ့ ပြီးနောက် သူတို့ ၂ ဦး ဘယ်တော့ မှ မခွဲခွာပဲနေခဲ့ ကြတာဖြစ်ပါတယ်...
သူ့ မှာကမိသားစု၊ဆွေမျိုး၊ မိတ်သင်္ဂဟလည်းမရှိတာမို့ ကျူပ်ကသူလေးကို ကူညီစောင်မချင်ခဲ့ 
တာပါလို့ သူကရှင်းပြပါတယ်...
Family: Ramjit and Shankuntala pictured with their oldest son Karamjit in 2010 when Ramjit was named the world's oldest father the first time
ဒါကြောင့် လည်း ယောကျာင်္းများ ဘယ်လောက်ပဲအိုမင်းနေပါစေ...
ဖွဲတစ်ဆုပ်တောင်မနိုင်သေးယင်... ဆိုတဲ့ စကားပေါ်ခဲ့ တာနေမှာထင်တယ်...
 Family: Ramjit and Shankuntala pictured with their oldest son Karamjit in 2010 when Ramjit was named the world's oldest father the first time
ကျူပ်တို့ လည်း ချစ်မိသွားကြတော့ တာပါပဲ...( ရောဂါတွေတက်ကုန်ကြတာပါပဲ...)
အရင်တုံးက ကျူပ်နဲ့ ပါတ်သက်ခဲ့ တဲ့ အမျိုးသမီး ( ဇယားတွေလည်း ) တွေလည်းသေကုန်ကြပြီ
မို့ ဘယ်သူနဲ့ မှလက်မထပ်ဖြစ်ခဲ့ တာနဲ့ သျှကုဏ္ဍလာကို ဇနီးမယားအဖြစ်လက်ခံဖို့ တောင်းဆိုခဲ့ 
တာဖြစ်ပါတယ်..."
အကယ်၍ ဘာဘာရမ်ဂျစ်ကသာ စောင်မ၊ မကြည့် ရှုခဲ့ ယင် သူမအနေနှင့် သေဖွယ်ရာသာရှိခဲ့ 
တယ်လို့ သျှကုဏ္ဍလာ ကယုံကြည်နေဆဲပါပဲ....
" အသက်ဘယ်လောက်ပဲကြီးနေပါစေ...ကျွန်မကတော့ သူ့ ကိုပဲချစ်ပါတယ်... မျက်စေ့ အောက်
ကအပျောက်မခံနိုင်အောင်ပါပဲ...သူကကျွန်မကိုအော်ဟစ်ငေါက်ငန်းတာလည်းဘယ်လိုမှ အမှတ်
မထားဘူး...
ကျွန်မအတွက်တော့ သူဟာ အသက်ကြီးတယ်၊ အိုတယ်လို့ တောင်မထင်မိပါဘူး... သူဟာအ
သက် ၂၅ နှစ်အရွယ်လူငယ်၊ လူလတ်တစ်ယောက်လိုပဲ ပျိုမြစ်သန်စွမ်းတဲ့ အချစ်တွေပေးနေနိုင်
ဆဲပါ... တစ်ညလုံးမအိပ်မနေတောင် ချစ်နေနိုင်တာမို့  လူငယ်တွေထက်တောင်ပိုပါသေးတယ်...
ကလေးတွေကိုလည်းဂရုစိုက်ပါသေးတယ်...." လို့ သျှကုဏ္ဍလာကဆိုပါတယ်....
by kopeter
ကြောင်တစ်ကောင်၏ ခေါ်ဆောင်ရာသို့ လိုက်ပါရင်းလွန်ခဲ့သည့် နှစ်၂,၀၀၀ကျော်က ရောမသင်္ချိုင်းတစ်ခုကိုတွေ့ရှိ
အီတလီနိုင်ငံ ရောမမြို့သားတစ်ဦးဖြစ်သည့် မိုင်ကိုကာပီဆို ဆိုသူသည် အောက်တိုဘာ ၁၆ရက်နေ့ညပိုင်းတွင် အိမ်မွေးကြောင်တစ်ကောင်၏ လမ်းပြခေါ်ဆောင်ရာသို့ လိုက်ပါသွားရာ လွန်ခဲ့သည့် နှစ်၂,၀၀၀ကျော်က ရောမခေတ် ဂူသင်္ချိုင်းတစ်နေရာကို တွေ့ရှိခဲ့ရကြောင်း အောက်တိုဘာ၁၉ရက် သတင်းများတွင် ဖော်ပြခဲ့သည်။ ကာပီနှင့် ၎င်း၏မိတ်ဆွေတစ်ဦးတို့သည် ည၁၀နာရီခန့်တွင် အဆိုပါကြောင်၏ အသံပေး ခေါ်ဆောင်ရာနောက်သို့ လိုက်ပါသွားခဲ့ရာ ၎င်းတို့နေအိမ်နှင့် မကွာဝေးလှသော မာဒီပီထရာလာတာ ရပ်ကွက်အနီးတွင် ရောမသင်္ချိုင်းအတွင်းသို့ မမျှော်လင့်ဘဲ တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ထိုရောမသင်္ချိုင်းသည် ၀င်ပေါက်အတွင်းသို့ ၀င်ရောက်ကြည့်သည့်အခါ ထူးဆန်းအံ့သြဖွယ် ရောမခေတ်ဂူသင်္ချိုင်းတို့၏ အပြင်အဆင်အခမ်းအနားနှင့် လူအရိုးစုများကို တွေ့ရှိရကြောင်း သိရသည်။ ယင်းရောမသင်္ချိုင်းဂူ၏ အစိတ်အပိုင်း အတော်များများသည် ပျက်စီးယိုယွင်းနေပြီဖြစ်ပြီး ဘီစီတစ်ရာစုမှ အေဒီ နှစ်ရာစုခေတ်အတွင်း ရောမတို့၏ အနုပညာလက်ရာများဖြစ်ကြောင်း အီတလီ ရှေးဟောင်းသုတေသန ပညာရှင်များက အတည်ပြုပြောကြားခဲ့သည်။
by swesonemedia
အဆမတန်ကြီးမားသည့် လူရိုးစုများ ဆော်ဒီသဲကန္တာရအတွင်း တွေ့ရှိ
ဆော်ဒီအာရေဘီးယား နိုင်ငံအတွင်းရှိ အိုမန်၊ ယီမင်နိုင်ငံတို့နှင့် နယ်နိမိတ်ချင်းထိစပ်နေသော ဗလာရပ်ကွက်ခေါ် အာရဗီဘာသာစကားနှင့် Rab-uikhaleeအမည်ရှိ ကမ္ဘာ့အကြီးဆုံး သဲကန္တာရအတွင်းတွင် သာမန်လူခန္ဓာကိုယ်ထက် အဆမတန်ကြီးမားသော အရိုးစုကြီးကို တူးဖော်တွေ့ရှိခဲ့ရကြောင်း သိရသည်။ အမေရိကန်ရေနံရှာဖွေတူးဖော်ရေး ကုမ္ပဏီတစ်ခုဖြစ်သော Aramcoကုမ္ပဏီသည် အဆိုပါသဲကန္တာရအတွင်း ရေနံရှာဖွေစဉ် တူးဖော်တွေ့ရှိခဲ့ရခြင်းဖြစ်ပြီး ဆော်ဒီအာရေဘီးယား ဘာသာရေးအသင်းက ထိုနေရာကို သိမ်းဆည်းထားခဲ့ကြောင်း သိရသည်။ သို့သော် စစ်ဘက်သုံး ရဟတ်ယာဉ်များက ယင်းလူရိုးစုများကို မှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးခဲ့သည်။ အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ HydeParkသို့ ပို့ဆောင်ပေးခဲ့သည်။ သိပ္ပံပညာရှင်များက အဆိုပါလူရိုးစုဓာတ်ပုံများကို လေ့လာစူးစမ်းမှုများ ပြုလုပ်ခဲ့ကြသည်။ လေ့လာစူးစမ်းသူများ၏ အဆိုအရ ရှေးခေတ်ထို လူသားမျိုးနွယ်စုများသည် ဆော်ဒီနှင့်အိန္ဒိယနိုင်ငံမြောက်ပိုင်း ဒေသတစ်ဝိုက်တွင် ကျင်လည်ကျက်စားခဲ့ကြောင်း မှန်းဆခဲ့ကြသည်။
by swesonemedia
ကမ္ဘာဂြိုဟ်နှင့် အရွယ်အစားတူညီသော ဂြိုဟ်သားများ နေထိုင်သည်ဟု ယူဆရသည့်နေနှင့် အနီးကပ်ဆုံး ဂြိုဟ်သစ်တွေ့ရှိ
 ကျွန်ုပ်တို့နေစကြာဝဠာအတွင်း နေကိုဗဟိုပြု၍ လှည့်ပတ်နေသည့် ဂြိုဟ်များအနက် အနီးဆုံးဂြိုဟ်သစ်ကို ထပ်မံတွေ့ရှိခဲ့ပြီး ယင်းဂြိုဟ်သည် ကမ္ဘာမြေအရွယ်အစား ပမာဏနှင့်အရွယ်အစား ပမာဏတူညီမှုရှိသည့်အပြင် ဂြိုဟ်သားများ ရှင်သန်နေထိုင်လျက်ရှိသည်ဟု ယူဆရကြောင်း နာဆာအာကာသသိပ္ပံစခန်းမှ အာကာသသိပ္ပံပညာရှင်များက အောက်တိုဘာ ၁၆ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။ယင်းဂြိုဟ်၏အမည်ကို ''အယ်လ်ဖာ ဆန်ကျူရီ ဘီဘီ'' ဟု သိပ္ပံပညာရှင်များက အမည်မှည့်ခေါ်ခဲ့ကြသည်။ အယ်လ်ဖာဆန်ကျူရီဘီဘီသည် ကမ္ဘာမြေမှ မိုင်ပေါင်း၂၅ထရီလျံ ကွာဝေးပြီး မာကျူရီဂြိုဟ်ထက်ပိုမို၍ နေနှင့်နီးကပ်စွာ လှည့်ပတ်လျက်ရှိကြောင်း သိရသည်။
ထိုသို့ နေနှင့်နီးကပ်စွာ လည်ပတ်နေခဲ့သဖြင့် အယ်လ်ဖာဆန်ကျူရီဘီဘီ၏ အပူချိန်သည် လွန်စွာမြင့်မားလျက်ရှိကြောင်း သိရသည်။ ကမ္ဘာမြေပေါ်တွင်ရှိသော နည်းပညာများဖြင့် ယင်းဂြိုဟ်သို့သွားရောက် လေ့လာစူးစမ်းမှုများ ပြုလုပ်ရန် လုံလောက်မှုမရှိသေးဘဲ အကယ်၍ ယနေ့ခေတ် နောက်ဆုံးပေါ် အာကာသယာဉ်များဖြင့် ယင်းဂြိုဟ်သို့ သွားရောက်မည်ဆိုပါက နှစ်ပေါင်း ၄၀၀၀၀ခန့်ကြာမြင့်မည် ဖြစ်ကြောင်း သိပ္ပံပညာရှင်များက ပြောကြားသွားခဲ့ကြောင်း သိရသည်။
ခြေထောက်ပါသော မြွေကို တရုတ်ပြည်တွင် တွေ့ရှိခဲ့
၂၀၀၉ ခုနှစ် စက်တင်ဘာလက ဖြစ်ပါတယ်။ ခြေထောက်ပါတဲ့ မြွေကို တရုတ်ပြည်နေ အသက် ၆၆ နှစ်အရွယ် အမျိုးသမီးတစ်ဦးက သူ့အခန်းမှာ တွေ့ရှိခဲ့ခြင်း ဖြစ်ပါတယ်။ တွေ့ပုံက ဒီလို ဖြစ်ပါတယ်။
ညဘက်အိပ်ပျော်နေစဉ် ထူ
းထူးဆန်းဆန်း အသံကြားရတဲ့အတွက် မီးဖွင့်ကြည့်လိုက်တဲ့အချိန်မှာ နံရံပေါ် တွားသွားနေတဲ့ ထူးဆန်း သတ္တဝါ တစ်ကောင်ကို တွေ့ရှိခဲ့ပါတယ်။ အရွယ်ကလည်း ၁၆ လက်မ ကျော်ဝန်းကျင် ရှည်တဲ့အတွက် အိမ်မြောက်တို့လို သတ္တဝါလည်း မဟုတ်မှန်းသိလိုက် ရပါတယ်။
မြွေဖြစ်နေတာကို သိရှိလိုက်ပြီး ဖိနပ်နဲ့ ပစ်ပေါက်ရိုက်သတ်ခဲ့ ပါတယ်။ ပြီးတော့ ပုလင်းထဲ အရက်နဲ့ စိမ်ပြီး ဒေသခံ အုပ်ချုပ်ရေးတို့ကို သွားပေးခဲ့ပါတယ်။ တရုတ် သုတေသနတို့ရဲ့  စစ်ဆေးချက်အရ ယင်းမြွေဟာ အမြွာကဲ့သို့ မွေးဖွားလာသော မြွေဖြစ်ပြီး တစ်ကောင်က မြွေမဟုတ်ပဲ အခြား သတ္တဝါလို ဖြစ်နေတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ခြေထောက်ပါတဲ့ တစ်ကောင်က မြွေကိုယ်နဲ့ ဆက်နေပြီး လမ်းလျှောက်နိုင်တာ ဖြစ်ပါ တယ်။ ခြေထောက်ပါတဲ့ အကောင်ကို မြိုထားတာ လို့ ထင်ခဲ့ပေမယ့် လမ်းလျှောက်နိုင်တဲ့အတွက် တစ်ကိုယ်တည်း ဆက်နေတဲ့ သတ္တဝါ ဖြစ်နေ ပါတယ်။
သဘာဝ ပတ်ဝန်းကျင်ပြောင်းလဲမှုကြောင့် ဗီဇပြောင်းပြီး မွေးဖွားလာတဲ့ မျိုးဆက်ပျက် မြွေမျိုးလို့လည်း ဆိုပါတယ်။ ဥပမာ- မြွေတစ်ပိုင်း ငါးတစ်ပိုင်း တို့ ရှိခဲ့သလိုမျိုး ဖြစ်ပါတယ်။ ယင်းသို့ မျိုးစိတ်ပျက်မှုက ဓာတုဗေဒ စက်ရုံအနီးဝန်းကျင်နဲ့ ယိုစိမ့်ပျက်ဆီးတဲ့ နေရာတွေမှာသာ ဖြစ်လေ့ ဖြစ်ထ ရှိတာ ဖြစ်ပါတယ်။
သို့ပေမယ့် ခြေထောက်ပါတဲ့ မြွေကတော့ တရုတ်ပြည်မှာသာ ပထမဆုံး တွေ့ရှိလိုက်တာ ဖြစ်တယ်လို့ သိရပါတယ်။
Photo: ခြေထောက်ပါသော မြွေကို တရုတ်ပြည်တွင် တွေ့ရှိခဲ့
၂၀၀၉ ခုနှစ် စက်တင်ဘာလက ဖြစ်ပါတယ်။ ခြေထောက်ပါတဲ့ မြွေကို တရုတ်ပြည်နေ အသက် ၆၆ နှစ်အရွယ် အမျိုးသမီးတစ်ဦးက သူ့အခန်းမှာ တွေ့ရှိခဲ့ခြင်း ဖြစ်ပါတယ်။ တွေ့ပုံက ဒီလို ဖြစ်ပါတယ်။ 
ညဘက်အိပ်ပျော်နေစဉ် ထူးထူးဆန်းဆန်း အသံကြားရတဲ့အတွက် မီးဖွင့်ကြည့်လိုက်တဲ့အချိန်မှာ နံရံပေါ် တွားသွားနေတဲ့ ထူးဆန်း သတ္တဝါ တစ်ကောင်ကို တွေ့ရှိခဲ့ပါတယ်။ အရွယ်ကလည်း ၁၆ လက်မ ကျော်ဝန်းကျင် ရှည်တဲ့အတွက် အိမ်မြောက်တို့လို သတ္တဝါလည်း မဟုတ်မှန်းသိလိုက် ရပါတယ်။ 
မြွေဖြစ်နေတာကို  သိရှိလိုက်ပြီး ဖိနပ်နဲ့ ပစ်ပေါက်ရိုက်သတ်ခဲ့ ပါတယ်။ ပြီးတော့ ပုလင်းထဲ အရက်နဲ့ စိမ်ပြီး ဒေသခံ အုပ်ချုပ်ရေးတို့ကို သွားပေးခဲ့ပါတယ်။ တရုတ် သုတေသနတို့ရဲ့  စစ်ဆေးချက်အရ ယင်းမြွေဟာ အမြွာကဲ့သို့ မွေးဖွားလာသော မြွေဖြစ်ပြီး တစ်ကောင်က မြွေမဟုတ်ပဲ အခြား သတ္တဝါလို ဖြစ်နေတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ခြေထောက်ပါတဲ့ တစ်ကောင်က မြွေကိုယ်နဲ့ ဆက်နေပြီး လမ်းလျှောက်နိုင်တာ ဖြစ်ပါ တယ်။ ခြေထောက်ပါတဲ့ အကောင်ကို မြိုထားတာ လို့ ထင်ခဲ့ပေမယ့် လမ်းလျှောက်နိုင်တဲ့အတွက် တစ်ကိုယ်တည်း ဆက်နေတဲ့ သတ္တဝါ ဖြစ်နေ ပါတယ်။ 
သဘာဝ ပတ်ဝန်းကျင်ပြောင်းလဲမှုကြောင့် ဗီဇပြောင်းပြီး မွေးဖွားလာတဲ့ မျိုးဆက်ပျက် မြွေမျိုးလို့လည်း ဆိုပါတယ်။ ဥပမာ- မြွေတစ်ပိုင်း ငါးတစ်ပိုင်း တို့ ရှိခဲ့သလိုမျိုး ဖြစ်ပါတယ်။ ယင်းသို့ မျိုးစိတ်ပျက်မှုက ဓာတုဗေဒ စက်ရုံအနီးဝန်းကျင်နဲ့ ယိုစိမ့်ပျက်ဆီးတဲ့ နေရာတွေမှာသာ ဖြစ်လေ့ ဖြစ်ထ ရှိတာ ဖြစ်ပါတယ်။ 
သို့ပေမယ့် ခြေထောက်ပါတဲ့ မြွေကတော့ တရုတ်ပြည်မှာသာ ပထမဆုံး တွေ့ရှိလိုက်တာ ဖြစ်တယ်လို့ သိရပါတယ်။
မူရင်း Telegraph သတင်း - http://www.telegraph.co.uk/earth/wildlife/6187320/Snake-with-foot-found-in-China.html
http://www.innewsmyanmar.com/2012/11/blog-post_3625.html
by facebook page
ဘရာဇီးနိုင်ငံမှ ၂၆ပေရှည်သည့် အန်နာကွန်ဒါမြွေကြီး
 ဆွစ်ဇာလန်လူမျိုးြွေမ၀ါသနာရှင်နှင့် သဘာဝလေ့လာရေးသမား ဖရန်ကိုဘန်ဖီသည် ဘရာဇီးနိုင်ငံ မာတိုဂရိုဆိုနယ်အတွင်းတွင် အလျား ၂၆ပေအထိရှည်သော အန်နာကွန်ဒါအမျိုးအစားြွေမကြီးတစ်ကောင်ကို အနီးကပ်မှတ်တမ်း ဓာတ်ပုံများရိုက်ကူးနိုင်ခဲ့သည်။ အဆိုပါရှားပါးမျိုးစိတ်ြွေမကြီး၏ အစာရှာဖွေအပြီးတွင် အဆိုပါအသက်၅၃နှစ်အရွယ် ဆွစ်လူမျိုးဖရန်ကိုမှ အနီးကပ် ဓာတ်ပုံရိုက်ယူနိုင်ခဲ့ခြင်းဖြစ်သည်။မှောင်ခိုဈေးကွက်တွင် အမေရိကန်ဒေါ်လာ သိန်းချီတန်ဖိုးရှိသည့် အဆိုပြါွေမမျိုးကို ဘရာဇီးနိုင်ငံ၌ အတွေ့ရများပြီး ၎င်းတို့သည် ရှည်လျားလှသော အမေဇုန်မြစ်တစ်လျှောက် အပူပိုင်းမိုးသစ်တောများတွင် ပေါက်ဖွားရှင်သန်နေကြသည့်သည့် တွားသွားသတ္တ၀ါ မျိုးစိတ်များထဲတွင် အရွယ်ပမာဏ အကြီးမားဆုံး မျိုးစိတ်တစ်ခုဖြစ်သည်။အဆိုပြါွေမကြီးကို မကြောက်မရွံ့ အနီးကပ်ဓာတ်ပုံရိုက်ခဲ့သူကြွေမကြီးမှာအစာစားပြီးခါစဖြစ်၍ ယခုကဲ့သို့ အန္တရာယ်တစ်စုံတစ်ရာ မပေးခြင်းဖြစ်ကြောင်း ပြောဆိုခဲ့သည်။
by swesonemedia
သက်ရှိများ နေထိုင်နိုင်သည့် ကမ္ဘာသစ်တစ်ခုအား ရှာဖွေတွေ့ရှိထား
 သက်ရှိများနေထိုင်နိုင်ရန် ရေနှင့်လေ အလုံအလောက်ရှိသည့် ကမ္ဘာသစ်တစ်ခုကို HD40307 ကြယ်အနီးမှ တွေ့ရှိခဲ့ကြသည်ဟု ကာနက်ဂျီသိပ္ပံအဖွဲ့အစည်းက နိုဝင်ဘာ၉ရက်က ထုတ်ပြန်ကြေညာလိုက်သည်။ ယခုတွေ့ရှိသည့် ကမ္ဘာသစ်ကိုပါ ထည့်သွင်းတွက်ချက်မည်ဆိုပါက သက်ရှိများ ရှင်သန်နေထိုင်နိုင်သည့် ကမ္ဘာသစ်ပေါင်း သုံးခုထိ ရှိလာပြီဖြစ်သည်။ ယင်းကမ္ဘာသစ်သုံးခုမှာ လူသားများနေထိုင်ရာ ကမ္ဘာထက် အရွယ်အစားအလွန်ကြီးမားသည်။ စကြ၀ဠာထဲတွင် သက်ရှိများနေထိုင်နိုင်သည့် ဂြိုဟ်များတည်ရှိသော်လည်း တခိျု့ဂြိုဟ်များမှာ ကမ္ဘာထက် အရွယ်အစား ပိုမိုသေးငယ်သည်။ နောက်ဆုံးတွေ့ရှိခဲ့သည့် ကမ္ဘာသစ်အနီးမှ ကြယ်သည်နေထက် အရွယ်အစား ပိုမိုသေးငယ်သော်လည်း နေထက်ပိုမိုစူးရှတောက်ပသည်ဟု ယင်းကြယ်ပင်လျှင် ကမ္ဘာမြေမှ အလင်းနှစ် ၄၂သန်း ကွာဝေးသောကြောင့် ကမ္ဘာသစ်သို့လူသားများ ခြေချနိုင်ရေးမှာ အလှမ်းဝေးနေဦးမည်ဖြစ်သည်။
by swesonemedia
ကမ္ဘာ့အသေးဆုံး Projector
သွားလေရာတွင် အလွယ်တကူ သယ်သူသွားနိုင်မည့် မီးခြစ်ဘူးအရွယ်မျှသာရှိသည့် Projector အသေးစားလေးကို လန်ဒန်ကုမ္ပဏီက စတင်တီထွင်လိုက်ပါပြီ။ Projectoဟု နာမည်ပေးထားသည့် အဆိုပါ Projector အသေးစားလေးမှာ  ၁၅ဒေါ်လာမျှသာ ကျသင့်သောကြောင့် အရေးပေါ်အစည်းအဝေး လုပ်လိုသူများအတွက် လွန်စွာအသုံးဝင်သည်။ ယင်းProjectorတွင် LEDမီးအလင်းရောင်များကို အဓိကထား အသုံးပြုထားပြီး ကိုဒက်ဖလင်များဖြင့် လက်တွေ့စမ်းသပ်ပြခဲ့သည်။ ယင်း Projectorအသေးစားလေးကို စတင်တီထွင်ရနု Kickstart၀က်ဘ်ဆိုက်မှ စတင်ကြေညာခဲ့ပြီး ၂၄နာရီအတွင်းမှာ ရန်ပုံငွေရရှိခဲ့သည်။
by swesonemedia
ကမ္ဘာ့ဈေးအကြီးဆုံး ဘီယာ
အနံ့အရသာ ခပ်ပြင်းပြင်းကိုမှ ကြိုက်နှစ်သက်ကြ သူများအတွက် ဆမ်အဒမ် ဘီယာချက်စက်ရုံက ကမ္ဘာ့ဈေးအကြီးဆုံး ယူတိုးပီးယားဘီယာကို ထုတ်လုပ်လိုက်ပါပြီ ဆမ်အဒမ်စက်ရုံက ၎င်းတို့၏ယူတိုးပီးယား ဘီယာထုတ်လုပ်ခြင်း ၁၀နှစ်မြောက်မှာ ဘီယာတစ်ပုလင်းလျှင် ဒေါ်လာ၁၉၀၀န်းကျင်ဖြင့် ရောင်းချခဲ့သည်။ယင်းဘီယာထဲတွင် အယ်လ်ကိုဟောပါဝင်မှု အချိုးအစားမှာ ၂၇ရာခိုင်နှုန်းအထိရှိသည်။ ဆမ်အဒမ် ဘီယာစက်ရုံက ၎င်းတို့၏ ယူတိုးပီးယားဘီယာကို တစ်နှစ်စာအတွက် အလုံးရေ နှစ်သောင်းသာ ထုတ်လုပ်သည် ဟုသိရသည်။
by swesonemedia
ဖားများကို အများဆုံးစုဆောင်းသူ
 အမေရိကတွင် သာယာကျူတာဆိုသည့် အသက်၅၀ခန့်ရှိပြီဖြစ်သည့် အမျိုးသမီးတစ်ဦးမှာ ဖားနှင့်ပတ်သက်သည့် ပစ္စည်းပစ္စယပေါင်း တစ်သောင်းကျော်ကို စုဆောင်းထားသည်။ သူစုဆောင်းထားသည့် ပစ္စည်းများထဲတွင် ဖားရုပ်များ အများဆုံးပါဝင်နေသောကြောင့်  ယင်းအမျိုးသမီးကြီးကို ဖားချစ်သူ အမျိုးသမီးအဖြစ် ဂင်းနက်စ်မှတ်တမ်းတွင် စံချိန်တင်လိုက်ပြီဖြစ်သည်။ ''ဖားတွေက ချစ်ဖို့ကောင်းတယ်။ ဘာကြောင့်သူတို့ကို ချစ်ရတယ်ဆိုတာတော့ ရှင်းမပြတတ်ဘူး''ဟု ယင်းအမျိုးသမီးကြီးက သူ့ခံစားချက်များကို ဖွင့်ဟသွားသည်။
by swesonemedia
ကမ္ဘာ့အရောင်စုံဆုံး သစ်ပင် (သက်တံ့သစ်ပင်)
ကမ္ဘာ့အရောင်အစုံဆုံး သစ်ပင်လို့ သတ်မှတ်ထားတဲ့ သစ်ပင်ကို သက်တံ့ သစ်ပင် (Rainbow Eucalyptus) လို့ခေါ်ပါတယ်။
ပုံမှာ မြင်တွေ့ရတဲ့အတိုင်း ဝါ၊စိမ်း၊နီ၊ပြာ၊ လိမ္မော်၊ခရမ်း အစရှိသဖြင့် အရောင်အသွေး စုံလင်လှပါတယ်။ ပေါက်ရောက်တဲ့ နေရာကတော့ အရှေ့ တောင်အာရှမှာ အများဆုံး ဖြစ်ပြီး ဖိလစ်ပိုင်မှာဆိုရင် စက္ကူလုပ်ဖို့အတွက် သီးသန့်တောင် စိုက်ပျိုးထားပါတယ်။ tropical zone တောတွေမှာ ပေါက်တဲ့ သစ်ပင်မျိုး ဖြစ်ပါတယ်။
အရှည် ၇၀ မီတာအထိ ရှည်နိုင်တဲ့ အပင်ရှည်သစ်ပင်မျိုး ဖြစ်ပြီး ပင်စည် အတွင်းသားကတော့ အစိမ်းရောင် ဖြစ်ပါတယ်။ Rainbow Eucalyptus လို့ခေါ်တဲ့ ယင်းပင်ကို ကမ္ဘာ့အရောင်စုံဆုံး သစ်ပင်အဖြစ် သတ်မှတ် ထားကြောင်း သိရပါတယ်။
by innewsmyanmar
မြွေလည်ဆွဲ (Ringneck snake)
လည်ပင်းမှာ လည်ဆွဲလို အဆင်းကျားပါလို့ မြွေလည်ဆွဲ (Ringneck snake) လို့ခေါ်ဆိုခြင်း ဖြစ်ပါတယ်။
အသွင်သဏ္ဍန်ကတော့ ပုံမှာ မြင်တွေရတဲ့အတိုင်း အရောင်အသွေးစုံ လင်လှပြီး အနီရောင်၊ အဝါရောင်၊ အပြာရောင်၊ လိမ္မော်ရောင်၊ အနက်ရောင် အစရှိသဖြင့် စုံစုံလင်လင်ကို ပါရှိပါတယ်။ ဒါကြောင့် သက်တံ့မြွေလို့လည်း တင်စားကြပါတယ်။ လူသားတွေကို အန္တရယ်ပြုရလောက်အောင် အဆိပ်မပြင်းပါဘူး။ အချို့ ဆို အလှတောင် မွေးထးကြပါသေးတယ်။ အရွယ်ကတော့ ၁၀ လက်မ ကနေ ၁၈ လက်မကြားအထိ ရှည်နိုင်ပါတယ်။ Ringneck မြွေမှာကိုမှ မျိုးစိတ် ၁၄ ခုလောက် ထက်ကွဲနေပါသေးတယ်။
အမေရိကန်နိုင်ငံ၊ မက္ကဆီကိုအလယ်ပိုင်း၊ ကနေဒါနိုင်ငံ အရှေ့ ပိုင်းတို့မှာ သာ တွေ့ရတဲ့ မြွေမျိုး ဖြစ်ပါတယ်။ အမေရိကန်မှာဆိုရင် တက္ကဆက်တို့ လို နေရာမှာပဲ အတွေ့များတဲ့ မြွေ ဖြစ်ပါတယ်။ ပုတ်သင်၊ ပုတက်၊ ကြွက် အစရှိသဖြင့် အကောင်သေး မြေအောင်း သတ္တဝါများ စားသုံးပြီး တစ်ခါခါ မျိုးကွဲ မြွေတွေကိုလည်း စားသုံးပါတယ်။
နေ့ဘက်မှာ မြင်ရခဲပြီး တစ်ခါခါမှ နေပူဆာ ထွက်လုံတတ်တာ ဖြစ်ပါတယ်။ ပုံစံအားဖြင့် အမြင်တင့်တယ်လှတဲ့ Ringneck Snake (မြွေလည်ဆွဲ)ကို ယခု လို မြင်တွေ့ ရပါတယ်။
by innewsmyanmar
ဂျပန်နိုင်ငံမှ သစ်သားဖြင့်ဆောက်သော ဧရာမ ရိုလာကိုစတာကြီး
ကမ္ဘာ့တတိယအရှည်ဆုံး သစ်သား ရိုလာကိုစတာ အဖြစ် မှတ်တမ်း တင်ထားပြီး ကမ္ဘာ့အရှည်ဆုံး ရိုလာကိုစတာ မှာလည်း နံပါတ် ၄ အဖြစ် လည်း တည်ရှိနေပါတယ်။ တည်နေရာကတော့ ဂျပန်နိုင်ငံ တောင် အလယ်ပိုင်းမှာ ဖြစ်ပြီး Nagashima Spa Land က White Cyclone အမည်ရ ရိုလာကိုစတာ ဖြစ်ပါတယ်။
အရှည်ပေပေါင်း ၅၅၇၂.၄၂ ပေ ရှိပြီး အမြင့်ကတော့ ၁၃၉ ပေအထိ မြင့် ပါတယ်။ ရိုလာကိုစတာ ပတ်လမ်းကိုလည်း အထပ်လိုက် ပြုလုပ်ထားပြီး အကွေ့ အကောက်လမ်းများနဲ့ ဖန်တီးထားပါတယ်။ အရပ် ၄ ပေ ၃ လက်မအထက်ပဲ စီးလို့ရပါတယ်။ အသက် ၅၄ နှစ်ကျော်ရင်လည်း စီးခွင့် မပေးပါဘူး။ သူ့ရဲ့ သွားနှုန်းကလည်း တစ်နာရီ ၆၃.၄ မိုင်နှုန်း အထိ မြန်လို့ ဖြစ်ပါတယ်။
၁၉၉၄ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့ပြီး တည်ဆောက်ဖို့ ကုန်ကျတဲ့ သစ်သား အရေအတွက်က အမေရိကန်နိုင်ငံ၊ အလက်စကာပြည်နယ်က သစ်သား အိမ်ခြေပေါင်း ထောင်ချီမကနဲ့ ညီမျှတယ်လို့ ဆိုပါတယ်။ စတီး ရိုလာကိုစတာ များ အစားထိုး တည်ဆောက်မှုကို ဂျပန်တို့ ပြုလုပ်ပေမယ့် White Cyclone ကိုတော့ မပြင်ဆင်ပါဘူး။ ခိုင်ခံ့မှုလည်း ရှိနေသေးပြီး အသုံးပြုရန် အဆင်ပြေလို့ ဖြစ်ပါတယ်။ ဒီဇိုင်းအားဖြင့်လည်း လှပါတယ်။
ယင်း White Cyclone ရိုလာကိုစတာကို တစ်ခါစီးမယ်ဆိုရင် ဂျပန်ယန်း ၁ထောင် ဝန်းကျင် ကုန်ကျကြောင်း သိရပါတယ်။
by innewsmyanmar
ကမ္ဘာ့အကြီးဆုံး နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားစက်ရုံ
အိန္ဒိယနိုင်ငံမှာ တည်ရှိတဲ့ ဆိုလာပယ်နယ် ပန်းခြံကျယ်ကြီး တစ်ခုကို ကမ္ဘာ့အကြီးဆုံး နေရောင်ခြည် စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားစက်ရုံထဲမှာ တစ်ခုအဖြစ် ထည့်သွင်းထားပါတယ်။
တရုတ်ပြည်မှာ တည်ရှိတဲ့ ဆိုလာပန်းခြံထက်တောင်ကျယ်ပါတယ်။ အိန္ဒိယနိုင်ငံ အနောက်ပိုင်း Gujarat ပြည်နယ်မှာ တည်ရှိပြီး လျှပ်စစ်အား ထုတ်လုပ်နိုင်မှုက ၆၀၀ မီဂါဝပ်အား ရှိပါတယ်။ တရုတ်ပြည်က အကြီးဆုံး ဆိုလာပန်းခြံက ထုတ်လုပ်နိုင်မှုထက် သုံးဆလောက်များပါတယ်။ လက်ရှိ အိန္ဒိယနိုင်ငံရဲ့  လျှပ်စစ် စွမ်းအင်လိုအပ်ချက် ၆ ရာခိုင်နှုန်းစားကို ထုတ်လုပ် ပေးနေပါတယ်။ သက္ကရာဇ် ၂၀၂၀ အရောက်မှာတော့ ၁၆ ရာခိုင်နှုန်းသော လျှပ်စစ်စွမ်းအင်လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ဖို့ အတွက် တိုးချဲ့ လျက် ရှိပါတယ်။ ၂၀၁၃ ခုနှစ်မှာလည်း ၁၀၀၀ မီဂါဝပ် အား ထုတ်လုပ်နိုင်အောင် တိုးချဲ့ တည်ဆောက်လျက် ရှိပါတယ်။
ဒါကြောင့် အိန္ဒိယနိုင်ငံရှိ Gujarat Solar Park ဟာ ကမ္ဘာ့အကြီးဆုံး ဆိုလာ ပန်းခြံ တစ်ခုအဖြစ် ၂၀၁၃ မှာ ပြိုင်ဘက်မရှိ မှတ်တမ်းတင်တော့မှာ ဖြစ် တယ်လို့ သိရပါတယ်။
by innewsmyanmar
ဝေလငါး၏ ရေပန်းမှ မီးပန်းများဖြစ်ပေါ်
အမေရိကန်နိုင်ငံ အလက်စကား ပြည်နယ်မှ အပျော်တမ်း ဓာတ်ပုံဆရာတစ်ဦးသည် ပင်လယ်သမုဒ္ဒရာအတွင်း လှည့်လည်သွားလာနေသော ဝေလငါးသုံးကောင်ကို ဓာတ်ပုံလိုက်လံ ရိုက်ကူးနေစဉ် ဝေလငါးတစ်ကောင် ရေပန်းထုတ်လွှတ်လိုက်စဉ် မီးပန်းများ ထွက်ပေါ်လာသည်ကို တွေ့ရှိရ၍ မှတ်တမ်းတင် ရိုက်ကူးထားခဲ့သည်။ ဝေလငါး၏လေရှူပေါက်မှ ထုတ်လွှတ်လိုက်သော ရေငွေ့သည် စိုစွတ်ခြောက်သွေ့သော ဆည်းဆာနေရောင်ကြောင့် မီးပန်းသဏ္ဌာန် ထွက်ပေါ်လာခြင်း ဖြစ်သည်ဟု အသက်၅၅နှစ်အရွယ်ရှိ ယင်းဓာတ်ပုံဆရာ မက်တ်တာနာက ခန့်မှန်းပြောကြားခဲ့သည်။
by swesonemedia
ဟင်းသီးဟင်းရွက်များကို အာကာသထဲ၌ စိုက်ပျိုးသွားမည်
 ဂြိုဟ်များပေါ်မှာ ဟင်းသီးဟင်းရွက်များ စိုက်ပျိုးသွားနိုင်ရန် တရုတ်နိုင်ငံ ဘေဂျင်းမြို့ရှိ အာကာသသိပ္ပံပညာရှင်များက လက်တွေ့စမ်းသပ်နေကြသည်။ ကုဗပေတစ်သောင်းကျော် ကျယ်ဝန်းသော အာကာသစိုက်ခင်းဟု အမည်ပေးထားသည့် သုတေသနစိုက်ခင်းများကို အာကာသထဲမှပင် စိုက်ပျိုးနိုင်ရန် တီထွင်နိုင်လိုက်ပြီဟု တရုတ်သုတေသီများက ဆင်ဟွာသတင်းတွင် အတည်ပြုပြောကြားသွားသည်။ အဆိုပါ အာကာသဓာတ်ခွဲခန်းများတွင် ရေနှင့်လေကို အလုံအလောက် ထောက်ပံ့ပေးထားမည် ဖြစ်သောကြောင့် လတ်ဆတ်သည့် သီးနှံများကို စိုက်ပျိုးသွားနိုင်မည် ဟုဆိုသည်။
by swesonemedia
ကမ္ဘာ့ ရေအနက်ဆုံးတွင် စက်ဘီးမောင်းနင်မှု
(The deepest cycling underwater)
အီတလီနိုင်ငံ၊ Liguria ဆိပ်ကမ်းပြည်နယ်၊ Santa Margherita Ligure ဆိပ်ကမ်းမြို့ငယ်အနီးတွင် ရေအောက်စက်ဘီးမောင်းနင်မှု ကို Vittorio Innocenteအမည်ရအီတလီလူမျိုး တစ်ဦးက  ပြုလုပ်ခဲ့သည်။
ရေအနက် ၂၁၈ ပေ ၂.၁၁ လက်မ အနက် တွင် မောင်းနှင်ခြင်း ဖြစ်သော ကြောင့် အနက်ဆုံး ရေအောက် စက်ဘီးမောင်းနှင်သောလူသား အဖြစ် စံချိန်တင်ခဲ့သည်။
by innewsmyanmar
ကမ္ဘာ့နောက်ဆုံးနေ့အတွက် အသက်ကယ်ဘောလုံး တရုတ်၌ပြုလုပ်
လျှူကွီယန်အမည်ရှိ တရုတ်အမျိုးသားတစ်ဦးသည် မာယာလူမျိုးတို့၏ ကမ္ဘာ့နောက်ဆုံးနေ့အဖြစ် သတ်မှတ်ထားသော ဒီဇင်ဘာလ၂၁ရက်နေ့အတွက် ကြိုတင်ပြင်ဆင်မှုအနေဖြင့် အသက်ကယ်ဘောလုံးပုံစံကို ဒီဇိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။ ယင်းအသက်ကယ်ဘောလုံးကို Noah's arkဟုအမည်ပေးထားပြီး ပေ၃၃ဝကျော် မြင့်မားသော ရေလှိုင်းများ၏ ဒဏ်ကိုပါခံနိုင်ရည်ရှိအောင် ပြုလုပ်ထားသည်။ ယင်းအသက်ကယ်ဘောလုံးတွင် အနည်းဆုံးလူ၁၄ဦး လိုက်ပါနိုင်ပြီး ရေ၊အစားအစာနှင့် အောက်ဆီဂျင်ဘူးများ သယ်ဆောင်နိုင်သည့်အပြင် အိပ်ခန်းများလည်း ပါဝင်ပါသည်။ ထို့အပြင် ထိုအသက်ကယ်ဘောလုံးတွင် လူသုံးဆယ်ခန့်အထိ တင်ဆောင်ထားပါက နှစ်လခန့်အထိ အသက်ရှင်နိုင်ပြီး တောင်နှင့်မြောက်ဝင်ရိုးစွန်းဒေသကဲ့သိုက အအေးဒဏ်ကိုကာလ ရှည်ကြာစွာတွန်းလှန်နိုင်ကြောင်း သိရှိရသည်။
by swesonemedia
ကမ္ဘာ့ဈေးအကြီးဆုံးအိမ်
ကမ္ဘာ့ဈေးအကြီးဆုံးအိမ်အဖြစ် စံချိန်တင်ထားသော အိမ်ကို အန္ဒိယနိုင်ငံ၊ မွန်ဘိုင်းမြို့တောင်ဘက်စွန်းတွင် တွေ့ရမည် ဖြစ်သည်။
ပိုင်ရှင်မှာ (၂၀၁၂စစ်တမ်းအရ) အာရှတိုက်၏ ဒုတိယအချမ်းသာဆုံး ပုဂ္ဂိုလ်၊ တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ၁၉ ဦးမြောက် အချမ်းသာဆုံး ဘီလျံနာ တစ်ဦးဖြစ်သူ Mukesh Ambani ဆိုသူဖြစ်သည်။ Mukesh Ambani သည် အန္ဒိယနိုင်ငံ၏ ဒုတိယအကြီးဆုံး စီးပွားရေးအုပ်စုအုပ်စုပိုင်ရှင်ဖြစ်ပြီး ကမ္ဘာ့အကြီးဆုံး ရေနံချက်လုပ်ငန်းနှင့် အိန္ဒိယနိုင်ငံ၏ အကြီးဆုံး ဓာတ်ငွေ့တူးဖော်ရေးလုပ်ငန်းပိုင်ရှင်လည်းဖြစ်သည်။ စွမ်းအင်၊ ဓာတ်သတ္တု လုပ်ငန်း လုပ်ငန်းများကို Reliance Industries Limited (RIL) အမည်ဖြင့် လုပ်ကိုင်ပြီး အောင်မြင်လျက်ရှိသော စီးပွားရေးလုပ်ငန်းရှင်တစ်ဦး ဖြစ်သည်။
သူပိုင်ဆိုင်သော အိမ်ကို Antilia ဟု အမည်ပေးထားပြီး ကာလတန်ဖိုး အမေရိကန်ဒေါ်လာ တစ်ဘီလျံနှင့် အထက်တွင် ရှိကြောင်း သိရသည်။ Antilia တိုက်သည် ၂၇ ထပ်မြင့်ပြီး လူ၅၀ ဆန့်သော ရုပ်ရှင်ရုံငယ်ကို ရှစ်ထပ်တွင်ထားရှိသည်။ ရေကူးကန်တစ်ကန်၊ သုံးထပ်စာပန်းခြံ၊ ခန်းမကြီးတစ်ခုတို့လည်း ပါဝင်သည်။
စတုရန်းပေ လေးသိန်းကျယ်သော နေထိုင်ရာနေရာ၊ ကား ၁၆၈ စီး ထားသိုနိုင်သော ပါကင်၊ ကားပြင်အလုပ်ရုံကြီး တစ်ထပ်၊ ရဟတ်ယာဉ် ဆင်းသက်ကွင်း ၃ ကွင်း၊ လေကြောင်းထိန်းချုပ်စင်တာ တစ်ခု၊ ကျန်းမာရေး spa တစ်ခု၊ ရောဂျကျင့်ရန်သီးသန့်ခန်း၊ လူလုပ်ရေခဲခန်းတစ်ခန်း၊ ကျောက်ဆောင်၊ ကျောက်ခဲများဖြင့် ပြုလုပ်ဖန်တီးထားသော ပန်းခြံတစ်ခု၊ ကမ္ဘာ့အကြီးဆုံး ရှေးခေတ်အပ်ချုပ်စက်များ ခင်းကျင်းပြသထားသည့် ပြတိုက်ငယ် စသည်တို့လည်းပါရှိသည်။
ဓာတ်လှေကား ၉ ခုပါရှိပြီး အမြင့် ၅၆၈ ပေ ရှိသော Antilia အမည်ရတိုက် တွင် ဝန်ထမ်းပေါင်း ၆၀၀ ကျော်က နေ့စဉ်တာဝန်ထမ်းဆောင်နေရကြောင်း သိရသည်။
တိုက်ကို ကမ္ဘာ့ကုန်ကျစရိတ်အကြီးဆုံး အဆင့် ၁၀တွင်ရှိသော Altamount လမ်းတွင် တည်ဆောက်ထားပြီး ၂၀၀၇ခုနှစ်က စတင်ရာ ၂၀၁၀ ခုနှစ်တွင် ဆောက်လုပ်ပြီးစီးခဲ့သည်။ ၂၀၁၀ အောက်တိုဘာလ ၂၈ ရက်နေ့မှ စတင်နေထိုင်သော ယင်းတိုက်ကို ကမ္ဘာတစ်လွှားမှ ကမ္ဘာကျော်ပုဂ္ဂိုလ်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ နိုင်ငံရေးသမားများကို ဧည့်ခံတွေ့ဆုံလေ့ ရှိကြောင်း သိရသည်။
by innewsmyanmar
ကမ္ဘာ့အ၀ဆုံး မော်ဒယ်များကိုသာ ဓာတ်ပုံရိုက်လိုသူ
အမေရိကန်ပြည်ထောင်စု အီတလီလူမျိုး ဓာတ်ပုံဆရာ အသက်၃၆နှစ်အရွယ်ရှိ ယိုဆီလိုလှိုင်းသည် အများနှင့်မတူ တမူထူးခြားစွာ အ၀လွန်နေသော အမျိုးသမီးများအား ကိုယ်ဟန်ပြမယ်အဖြစ် အသုံးပြုကာ သူ၏၀ါသနာအတိုင်း ဓာတ်ပုံများရိုက်ယူ၍ ပြခန်းတစ်ခု ဖွင့်လှစ်သွားရန် စီစဉ်လျက်ရှိသည်။ အဆိုပါ ဓာတ်ပုံဆရာက ၀နေသော အမျိုးသမီးများ၏ အလှကိုပေါ်လွင်ရန်နှင့် အများပြည်သူတို့မှ အသစ်အဆန်း တစ်ရပ်အနေဖြင့် ကြည့်ရှုရန် ထိုကဲ့သို့ဓာတ်ပုံများ စုဆောင်းရိုက်ကူးခြင်း ဖြစ်သည်ဟုဆိုသည်။ အဆိုပါအမျိုးသမီးများ၏ အလေးချိန်မှာ အနည်းးဆုံး ကိုယ်အလေးချိန် ပေါင်၄၂၀ရှိ၍ အခိျု့မော်ဒယ်လ်များမှာ ကိုယ်အလေးချိန်ပေါင် ၅၆၀အထိရှိကြသည်။ ဓာတ်ပုံဆရာယိုဆီသည် ထိုသို့ မော်ဒယ်များ ရရှိရန်အတွက် ၂၀၀၆ခုနှစ်ကတည်းက စတင်၍ရှာဖွေ စုဆောင်းနေခဲ့သည်။ဝတဲ့သူမှာလည်း ဆွဲဆောင်နိုင်တဲ့ အလှတွေ ကိန်းအောင်းနေတယ်လို့ ကျွန်တော်ယုံကြည်ပါတယ် ဟုဓာတ်ပုံဆရာ ယိုဆီကပြောဆိုခဲ့သည်။
by swesonemedia
ကမ္ဘာ့အမာကြောဆုံး အသားပိုင်ရှင်
တရုတ်နိုင်ငံ၊ ဟူနန်ပြည်နယ်က အသက် ၃၆ နှစ်အရွယ် ကွန်ဖူး သိုင်းပညာ ရှင် ရှောင်လင်ဘုန်းကြီး Hu Qiong ဖြစ်ပါတယ်။ ၂၀၀၆ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့က တရုတ်နိုင်ငံ အလယ်ပိုင်း Xiangfan မြို့  မှာ ယခုလို လက်စွမ်းပြပြီး ကမ္ဘာ့အသိအမှတ်ပြု ခံခဲ့ရပါတယ်။
သံဖောက် စူး၊ သံဖောက်လွ၊ Drill စက် အမျိုးမျိုးနဲ့ ဘော်ဒီ တစ်ခုလုံးကို မိနစ် အတော်ကြာ ဖောက်ပြီး ဘာမှ မဖြစ်တာကို သက်သေပြခဲ့ ပါတယ်။ လည်နေတဲ့ သံဖြတ်လွှနဲ့လည်း ဝမ်းဗိုက်ကို ဖြတ်ပြပြီး ဘာမှ မဖြစ်တာ ကို မြင်တွေ့ခဲ့ကြပါတယ်။ ပုံမှာ မြင်တွေ့ရတဲ့အတွက် အပေါက်ဖောက် မော် တာစက် (Drilling machine) ကို အသုံးပြုပြီး ဦးနှောက် ဖောက်ပြတဲ့ စတန့်ပြကွက်ကတော့ ကမ္ဘာ့ပထမဆုံးပဲ ဖြစ်ပါတယ်။
ဒါကြောင့် သူ့ကို Unbreakable body ပိုင်ဆိုင်သော Superhuman လို့ ခေါ်ဆိုပါတယ်။ တရုတ်ရိုးရာ ကွန်ဖူး သိုင်းပညာရပ်ကို အခြေခံ လို့ လေ့ကျင့်ထားခြင်း ဖြစ်ပြီး သူ့ရဲ့  လက်တွေ့ပြ ဖောက်ပြမှုများ ကို အောက် ပါ လခ့်မှာ ဝင်ရောက် ကြည့်ရှု နိုင်ပါတယ်။
--
http://www.youtube.com/watch?v=JTTSXx1ks0I
by innewsmyanmar
ကမ္ဘာ့အဆိပ်ပြင်းဆုံးြွေမ၏ဥများကို ကြက်ဥနှင့် မှားယွင်းစုဆောင်းသည့် ကလေး ကံကောင်း၍ အသက်မသေ
သြစတြေးလျနိုင်ငံမှ အသက်သုံးနှစ်အရွယ်ရှိ ကလေးတစ်ဦးသည် ကမ္ဘာ့အဆိပ်ပြင်းဆုံးြွေမစာရင်းဝင် အီစတန်ဘရောင်ြးွေမဥများကို ၄င်း၏ အိပ်ခန်းတွင်း ယူဆောင် သိမ်းဆည်းထားခဲ့ရာ ကံကောင်းထောက်မ၍ြွေမအန္တရာယ်မှ ကင်းလွတ်ခဲ့ကြောင်း APသတင်းတစ်ရပ်တွင် ဖော်ပြခဲ့သည်။ ကွင်းစ်လန်းပြည်နယ်၊တောင်းစ်ဗယ်လီမြို့မှ ကိုင်လီအမည်ရှိ အဆိုပါကလေးငယ်သည်ြွေမဥများကို ၄င်း၏အိပ်ခန်းတွင်း သိမ်းဆည်းထားခဲ့ပြီး ရက်အနည်းငယ်အကြာတွင် ၄င်း၏မိခင်ဖြစ်သူက သတိပြုမိခဲ့သဖြင့် အသက်မသေခဲ့ခြင်းဖြစ်ကြောင်း တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းစောင့်ရှောက်ရေး ဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသွားခဲ့သည်။ သိမ်းဆည်းထားသည့်ြွေမဥများအနက် အခိျု့မှာ အကောင်များပေါက်လာပြီဖြစ်သည်။အီစတန်ဘရောင်ြးွေမသည် သြစတြေးလျနိုင်ငံရှိ ကမ္ဘာ့အဆိပ်ပြင်းဆုံြးွေမ ၁၀မျိုးစာရင်းဝင်ြွေမတစ်မျိုးဖြစ်သည်။
by swesonemedia
စွန့်ပစ်ခံရသော ကြောင်ကို မျောက်က မွေးစား
Macaque လို့ခေါ်တဲ့ အမြီးရှည် မျောက်မျိုးမှ အစွန့်ပစ်ခံရတဲ့ ကြောင် တစ်ကောင်ကို ယခုလို ထွေးပွေ့ထား တာ တွေ့ရပါတယ်။
အင်ဒိုနီးရှားနိုင်ငံ၊ Bali ပြည်နယ်က တောတစ်နေရာမှာ ဖြစ်ပြီး Macaque မျောက်အပြင် အခြားတောရိုင်းတိရစ္ဆာန်များ ကျက်စားနေ တဲ့ နေရာ ဖြစ်ပါတယ်။ သခင် စွန့်ပစ်လို့ လျှောက်သွား ရင်း တောထဲ ရောက် သွားတယ်လို့ ယူဆရသော ကြောင်တစ်ကောင် ကို အမြီးရှည် မျောက် ငယ်လေးက ယခုလို ခေါ်ယူမွေးစားထားတာကို အံ့သြဖွယ် တွေ့ ရှိခဲ့ပါတယ်။
လာရောက်လည်ပတ်သူတို့ ဓာတ်ပုံရိုက်တာကို သဘောကျတဲ့ ပုံမပေါ်ပဲ ပွေ့ ထားတဲ့ကြောင်ကို ကာဗာပေးပါတယ်။ မျိုးမတူပေမယ့် ကြောင်အပေါ် သားသမီးလို သံယောဇဉ်ရှိပြီး မွေးစားလိုက်တဲ့ သူတို့ရဲ့  ချစ်စဖွယ် အမူအရာ ဓာတ်ပုံများကို ယခုလို ရိုက်ကူးထားကြပါတယ်။
နဂါးပုပ်သင်
တောင်ပံပါတဲ့အတွက် Little Dragon လို့လည်းခေါ်တဲ့ ပုပ်သင်တစ်မျိုး ဖြစ် ပါတယ်။
 Draco သို့မဟုတ် Gliding Lizard လို့ခေါ်တဲ့ ယင်း ပုပ်သင်ညိုများကို အရှေ့ တောင် အာရှများ အတွ့များတယ်လို့ ဆိုပါတယ်။ ပုံမှာ မြင်တွေ့ရတဲ့ ပုပ်သင်ညို ကိုတော့ အင်ဒိုနီးရှားနိုင်ငံက ကျွန်းတစ်ကျွန်း မှာ တွေ့ရှိထား တာ ဖြစ်ပါတယ်။
ပျံလည်းပျံနိုင်တယ်လို့ ဆိုပါတယ်။ မီတာ ၆၀ ဝန်းကျင်လောက်အထိ ပျံသန်းမှုကို မှတ်တမ်းတင်ထားပြီး အများစုကတော့ ၁၀ မီတာ အမြင့်လောက်ထဲပဲ ပျံသန်းနိုင်တယ်လို့ ဆိုပါတယ်။ အရွယ်အစားကလည်း အရှည် ၃၀ စင်တီမီတာ ပတ်လည်အထိပဲ ရှိပါတယ်။
အကောင်အရေအတွက် တွေ့ရှိမှု အတော်နည်းနေပြီး လေ့လာမှု အားနည်း နေပါသေးတယ်။ နဂါးပုတ်သင်လို့ခေါ်တဲ့ Gliding Lizard ဟာ အတွေ့ရ နည်းသော ရှားပါး တိရစ္ဆာန်တစ်မျိုးလည်း ဖြစ်ကြောင်း သိရပါတယ်။
by innewsmyanmar
မျက်နှာနှစ်ခုနှင့်လူသား Edward Mordake
Edward Mordake အမည်ရ ပုဂ္ဂိုလ်ဟာ ၁၉ ရာစုက ဗြိတိန်မှာ နာမည်ကြီးခဲ့တဲ့ မျက်နှာနှစ်ခုနှင့် ပုဂ္ဂိုလ် ဖြစ်ပါတယ်။
ကြောက်လည်း ကြောက်စရာ ကောင်းပါတယ်။ သူ့နောက်ကြောက မျက်နှာဟာ စကားလည်းမပြောတတ်၊ မစားတတ်ပေမယ့် ရယ်မော်တတ်၊ ငိုတတ်ပါတယ်။ ညဘက်အိပ်တိုင်းလည်း အနောက်ဘက် မျက်နှာကြောင့် နှစ်လရှည်ကြာ အခြောက်လှန့်ခံနေရသလို ဘဝနဲ့ နေရပါတယ်။
ဒါကြောင့် အနောက်ဘက်က အမြွာလို ကပ်ပြီးပါလာတဲ့ မျက်နှာကို ဖယ်ပေးဖို့၊ ခွာပေးဖို့ ဆရာဝန်များကို အကူညီတောင်းခဲ့ပါတယ်။ ကြိုးစားခဲ့ပါတယ်။ သိုပေမယ့် အနောက်ဘက်မျက်နှာက ငိုလည်းငိုတတ်၊ ရယ်လည်းရယ်တတ်မို့ လူတိုင်းကြောက်ပါတယ်။ ဒါကြောင့် ယင်း မျက်နှာကို Demon Face လို့တောင် အမည်ပေးထားပါတယ်။
ဒီလိုနဲ့ Edward Mordake ဟာ အသက် ၂၃ နှစ်ရောက်တဲ့အခါ ကိုယ့်ကိုယ်ကို အဆိပ်သောက် သက်သေသွားပါတယ်။ ယင်းမျက်နှာ နှစ်ခုနဲ့ နေရတဲ့ ဘဝကို ရွံ့ မှုန်း၊ ရှက်ရွံ့ ပြီး ပြုလုပ်ခဲ့ခြင်း ဖြစ်ပါတယ်။ ယင်းဖြစ်ရပ်ဟာ ယနေ့တိုင် ထင်ရှားပြီး အင်္ဂလိပ်ပြဇာတ်တွေထဲမှာ ပုံပြင် တစ်ခုပမာ ပါဝင်နေဆဲ ဖြစ်ကြောင်း သိရပါတယ်။
Photo: မျက်နှာနှစ်ခုနှင့်လူသား Edward Mordake
Edward Mordake အမည်ရ ပုဂ္ဂိုလ်ဟာ ၁၉ ရာစုက ဗြိတိန်မှာ နာမည်ကြီးခဲ့တဲ့ မျက်နှာနှစ်ခုနှင့် ပုဂ္ဂိုလ် ဖြစ်ပါတယ်။ 
ကြောက်လည်း ကြောက်စရာ ကောင်းပါတယ်။ သူ့နောက်ကြောက မျက်နှာဟာ စကားလည်းမပြောတတ်၊ မစားတတ်ပေမယ့် ရယ်မော်တတ်၊ ငိုတတ်ပါတယ်။ ညဘက်အိပ်တိုင်းလည်း အနောက်ဘက် မျက်နှာကြောင့် နှစ်လရှည်ကြာ အခြောက်လှန့်ခံနေရသလို ဘဝနဲ့ နေရပါတယ်။ 
ဒါကြောင့် အနောက်ဘက်က အမြွာလို ကပ်ပြီးပါလာတဲ့ မျက်နှာကို ဖယ်ပေးဖို့၊ ခွာပေးဖို့ ဆရာဝန်များကို အကူညီတောင်းခဲ့ပါတယ်။ ကြိုးစားခဲ့ပါတယ်။ သိုပေမယ့် အနောက်ဘက်မျက်နှာက ငိုလည်းငိုတတ်၊ ရယ်လည်းရယ်တတ်မို့ လူတိုင်းကြောက်ပါတယ်။ ဒါကြောင့် ယင်း မျက်နှာကို Demon Face လို့တောင် အမည်ပေးထားပါတယ်။ 
ဒီလိုနဲ့ Edward Mordake ဟာ အသက် ၂၃ နှစ်ရောက်တဲ့အခါ ကိုယ့်ကိုယ်ကို အဆိပ်သောက် သက်သေသွားပါတယ်။ ယင်းမျက်နှာ နှစ်ခုနဲ့ နေရတဲ့ ဘဝကို ရွံ့ မှုန်း၊ ရှက်ရွံ့ ပြီး ပြုလုပ်ခဲ့ခြင်း ဖြစ်ပါတယ်။ ယင်းဖြစ်ရပ်ဟာ ယနေ့တိုင် ထင်ရှားပြီး အင်္ဂလိပ်ပြဇာတ်တွေထဲမှာ ပုံပြင် တစ်ခုပမာ ပါဝင်နေဆဲ ဖြစ်ကြောင်း သိရပါတယ်။ 
--
Ref: wiki
International news for myanmar
http://www.innewsmyanmar.com/2013/01/edward-mordake.html
--
by innewsmyanmar
ကမ္ဘာ့အကြီးဆုံး ကင်းမွန်ငါး ဂျပန် အိုကာဆာဝါရာကျွန်း အနီးတွေ့ရှိ
 ၁၀ပေခန့် ရှည်လျားသည့် ကမ္ဘာ့အကြီးဆုံး ကင်းမွန်ငါးကြီးကို ဂျပန်နိုင်ငံ တောင်ပိုင်းမှ ၆၂၂မိုင် ကွာဝေးသော ပစိဖိတ်သမုဒ္ဒရာအတွင်းရှိ အိုကာဆာဝါရာ ကျွန်းအနီး၌  ဖမ်းဆီးရမိခဲ့ကြောင်း သိပ္ပံပညာရှင်များက ဂျပန်ပြည်တွင်း သတင်းတစ်ရပ်တွင် ပြောကြားသွားခဲ့သည်။ ကြီးမားသော အနက်ရောင် မျက်လုံးနှင့် ၁၀ပေခန့် ရှည်လျားသော ကင်းမွန်ငါးသည် ပင်လယ် ရေမျက်နှာပြင်အောက် ၂၉၅၃ပေ အောက်၌ ကျင်လည် ကျက်စားလေ့ရှိပြီး ၎င်းကင်းမွန်ငါးကို ဖမ်းဆီးရမိရန် ဂျပန်သိပ္ပံပညာရှင်များက ရေငုပ် သင်္ဘောငယ်များနှင့် အကြိမ်တစ်ရာကျော် (နာရီပေါင်း ၄၀၀ကျော်) ကြိုးစား ဖမ်းယူခဲ့ကြောင်း သိရသည်။ ၁၈ရာစုခန့်က ကြီးမားသော ကင်းမွန်ငါးကြီး တစ်ကောင်ကြောင့် နော်ဝေသင်္ဘော နစ်မြုပ်ခဲ့ရသည့် ဖြစ်ရပ်မှာ ဒဏ္ဍာရီသဖွယ်ဖြစ်ခဲ့ပြီး နှောင်းခေတ် သိပ္ပံပညာရှင်များက ကြီးမားသော ကင်းမွန်ငါးများကို ဖမ်းဆီးရမိရန် ကြိုးပမ်းခဲ့ကြသော်လည်း အောင်မြင်ခဲ့ခြင်းမရှိဘဲ ယခုတစ်ကြိမ် ဖမ်းဆီးရမိသည့် ကင်းမွန်ငါးသည် အကြီးဆုံးဖြစ်သည်ဟု ယူဆရကြောင်း ဂျပန်အဏ္ဏ၀ါဗေဒ သိပ္ပံပညာရှင် တာဆူနီမီကူဘိုဒီရာက အမေရိကန် Discoery Channelတွင် ထုတ်ဖော် ပြောကြားသွားခဲ့သည်။
by swesonemedia
ကမ္ဘာ့အသေးငယ်ဆုံး စက်ဘီးစီးသူ
 ပြင်သစ်နိုင်ငံမှ စက်ဘီး ၀ါသနာအိုးတစ်ဦးသည် ပြင်သစ်နိုင်ငံ၏ အထင်ကရ စက်ဘီးပြိုင်ပွဲဖြစ်သော Tour de France ပြိုင်ပွဲသို့ဝင်ရောက် ဆင်နွှဲရန်အတွက်သူကိုယ်တိုင် အထူးပြုလုပ်ထားသော အလွန်သေးငယ်သည့် စက်ဘီးဖြင့် ၀င်ရောက် စီးနင်းမည်ဖြစ်သည်။ ၎င်းသည် စက်ဘီးအားကစားသမား ၀တ်စုံအပြည့်ဝတ်၍ ခရီးဆောင် ကျောပိုးအိတ်ကိုလွယ်ကာ တာဝေးပြေး စက်ဘီးစီးပြိုင်ပွဲကို ၀င်ရောက် ဆင်နွှဲမည်ဖြစ်သည်။ စက်ဘီးဝါသနာအိုးတစ်ဦးက ၎င်းအား ချီးကျူးဂုဏ်ပြုခဲ့ပြီး ထိုမျှသေးငယ်သော စက်ဘီးပေါ်တွင် ဆက်ကပ်သမား တစ်ဦးသော်မှ ကျွမ်းကျင်စွာ စီးနင်းနိုင်မည် မဟုတ်ဟု မှတ်ချက်ပေး ချီးကျူးခဲ့လေသည်။စက်ဘီးမှာ သေးငယ်လွန်း၍ အရွယ်ရောက်ပြီး သူတစ်ဦးအတွက် အလွန်ခက်ခဲစွာ စီးနင်းရမည်ဖြစ်သည်ဟု ကာယကံရှင်က ပြောဆိုခဲ့သည်။
by swesonemedia
အမျိုးသမီးများအတွက် ကာကွယ်မှု အပြည့်အ၀ပေးနိုင်မည့် ပင့်ကူစက်ရုပ်ဝတ်စုံ
နယ်သာလန်အခြေစိုက် အမျိုးသမီးဝတ်စုံ ဒီဇိုင်နာ အနော့ခ်ဝီပရီချက်ပ်နှင့် ဗီယက်နမ် ဆော့ဖ်ဝဲအင်ဂျင်နီယာတို့ ပူးပေါင်းပြီး အမျိုးသမီးများအတွက် လုံခြုံမှုအပြည့်အ၀ပေးနိုင်ပြီး ဖက်ရှင်ဒီဇိုင်း ကျနသော ပင့်ကူစက်ရုပ်ဝတ်စုံကို ဖန်တီးပြုလုပ်ခဲ့ကြသည်။ ထိုဝတ်စုံသည် လူသားနှင့် စက်ပစ္စည်းများကြား ပိုမိုသဟဇာတဖြစ်အောင် ဖန်တီးပြုလုပ်ထားသည်။ ၀တ်စုံတွင်ပါရှိသည့် ပင့်ကူလက် သဏ္ဌာန်များသည် ၀တ်ဆင်သူ၏အနီးသို့ အန္တရာယ်တစ်စုံတစ်ရာ မချဉ်းကပ်နိုင်စေရန် ကာကွယ်ပေးသွားမည်ဖြစ်သည်။ နောက်ပိုင်းတွင် ဖက်ရှင်လောကတွင် အဆင့်မြင့်စက်ရုပ် နည်းပညာများ ပိုမိုပါဝင်လာဖွယ် ရှိကြောင်း  အနော့ခ်က ဇန်န၀ါရီ ၁၀ရက်က ပြုလုပ်သည့် ဖက်ရှင်ဒီဇိုင်းပြပွဲတွင် ပြောကြားသွားခဲ့သည်။
by swesonemedia
ကမ္ဘာ့ဈေးအကြီးဆုံး မီးဖိုချောင်
အပူဒဏ်ခံနိုင်သည့် ပလတ်စတစ်များ၊ သလင်းကျောက်များနှင့် အလှဆင်ကျောက်များဖြင့် ဖန်တီးထားသည့် မီးဖိုချောင်သုံး ပစ္စည်းများကို အသုံးပြုထားသော မီးဖိုချောင်ကို လန်ဒန်တွင် ကန်ဒေါ်လာ ၁ဒဿမ ၆သန်းအထိ ပေါက်ဈေးပေးဝယ် ခဲ့သောကြောင့် ဂင်းနက်စ် ကမ္ဘာ့မှတ်တမ်းတွင် စံချိန်တင်သွားသည်။ အဆိုပါ မီးဖိုချောင်ကို ဖန်တီးရန် တစ်နှစ်ခွဲမျှ အချိန်ယူခဲ့ရသည်ဟု ဒီဇိုင်နာက လော်ဒီယိုဆယ်လီဘာတီက ရှင်းပြသည်။
by swesonemedia
သခင်ကို ကားဖြင့်ပြန် တိုက်သည့်ခွေး
အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါပြည်နယ်မှ လူတစ်ယောက်ကို သူ့အချစ်တော်ခွေးက ကားဖြင့်တိုက်သတ်ခဲ့သည့် သတင်းကြောင့် ခွေးပိုင်ရှင်များအနေဖြင့် မှင်တက်သွားခဲ့ရသည်။ အသက်၆၈နှစ် ရှိပြီဖြစ်သည့် ဂျိမ်းစ်ကမ်ဘဲလ် ဆိုသူသည် ကားဖြင့် အိမ်သို့ပြန်လာပြီး နေအိမ်ဝင်း တံခါးရှေ့သို့ ရောက်သောအခါ သူ့အိမ်တံခါးကိုဖွင့်ရန် ကားကို စက်မသတ်သေးဘဲ ကားပေါ်မှဆင်းလာစဉ် သူ့အချစ်တော်ခွေးက ကားပေါ်သို့ ရုတ်တရက် ခုန်တက်လိုက်ရာ လီဗာကိုနင်းမိပြီး စက်မသတ်ထားသော ကားမှာအရှိန်ဖြင့် သူ၏သခင် ဂျိမ်းစ်ကို ၀င်တိုက်မိ သွားလေတော့သည်။
အနီးအနားမှ လူများက ကားကိုရပ်တန့်ရန် ကြိုးစားခဲ့သော်လည်း အရှိန်ဖြင့်ဝင်လာသောကားကို မည်သူမျှ မတားဆီးနိုင်ခဲ့ကြပေ။ ကားတိုက်ခံရသူဂျိမ်းစ်ကို အသက်ကယ်တင်ရန် သူ့သူငယ်ချင်းများက ၀ိုင်းဝန်း ကြိုးစားခဲ့ကြသော်လည်း ဂျိမ်းစ်မှာဒဏ်ရာ ပြင်းထန်လွန်းလှသဖြင့် နေရာမှာပင် ပွဲချင်းပြီး သေဆုံးခဲ့ရကြောင်း ဇန်န၀ါရီလ ၁၆ရက်နေ့ထုတ် DailyMail သတင်းစာမှ သိရသည်။ အလားတူဖြစ်ရပ်မျိုး နယူးဇီလန်အတွင်လည်း ပြီးခဲ့သည့်လက ဖြစ်ပွားခဲ့ကြောင်း ထပ်မံသိရှိရသည်။ နယူးဇီလန်တွင် ခွေးများကို ကားမောင်း သင်ပေးနေသူတစ်ဦးကို ကျွမ်းကျင်မှုမရှိဘဲ ကားတက်မောင်းခဲ့သည့် ခွေးက ၀င်တိုက်ခဲ့၍ ထိုသင်တန်းဆရာလည်း သေဆုံးသွားခဲ့သည်။
by swesonemedia
Blog Archive
လပ်ကီးမြို့တော်