သတင်းနှ့င့်ရသစုံလင်

လပ်ကီးမြို့တော်တွင် မြန်မာသတင်း၊နိုင်ငံတကာသတင်း၊ထူးဆန်းထွေလာ၊အားကစားသတင်း၊ကျန်းမာရေးကဏ္ဍ၊ဟာသလေးများ၊ကာတွန်းနှင့်ရုပ်ပြဟာသ၊ တရားတော်များ၊ဘာသာရေးကဏ္ဍ၊ချက်နည်းပြုတ်နည်း၊အလှအပနှင့်ဖက်ရှင်၊သရဲတစ္စေနာနာဘာဝ၊သိုင်းဝတ္ထုနှင့်စာအုပ်စာပေ၊gtalk custom message၊ ဗေဒင်ကဏ္ဍ၊ဗဟုသုတနှင့်အထွေထွေ..စသည်တို့ကို တစ်စုတစ်စည်းထဲ ဖတ်ရှုနိုင်ပါတယ်....

www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Tuesday, May 21, 2013

စားခံလိုက်ရတဲ့ဘဝ

ဂိမ်းထဲက ရုတ်တရက်ထွက်လာတဲ့ စက်သေနတ်နဲ့လူကြီးက အိတ်ထောင်ထဲက တစ်ထောင်တန်တွေကို လှမ်းယူစားသွားတယ်...... Chat ထဲက အမည်ဝှက် နတ်မိမယ်က နှုတ်ခမ်းပါးလေးနဲ့ သားရေအိတ်ထဲက ခြင်္သေ့တွေကို ကောက်ခါငင်ကာ ယူစားသွားတယ်... ရပ်ကွက်ထဲက ဆံပင်ရှည်ရှည် ဘော်ဒီလှလှ မယ်မဒီလေးက နေ့တိုင်းနေ့တိုင်း အလီတွေလာရွတ်ပြလို့ သေတ္တာထဲက အမေ့အသဲနှလုံးကိုပေးလိုက်ရတယ်...... လက်ဖက်ရည် မကြိုက်ပါဘူး လုံးနေတဲ့ ဘောလုံးကြိုက်တာပါလို့ အားတက်သရော ပြောခဲ့မိပါမှ အိမ်ပြန်လာတော့ ထိုင်စရာပါမလာတော့ဘူး စီးတော်ယာဉ်လေး လက်ဖက်ရည်ဆိုင်ရှေ့ ငုတ်တုတ်ကျန်နေခဲ့တယ်........ စိတ်မပူနဲ့ကိုယ့်လူ ဘယ်သူမှ မကယ်ရင်နေ ကိုယ်ကယ်မယ်ဆိုပြီး ဝတ်ဖြူစင်ကြယ်ကို စုံလုံးပုံ.........ခြုံကိုဝင်တိုးလိုက်ခါမှ..... ပြန်စရာအိမ်မရှိတော့တဲ့ဘဝ ကဲ...

ဟက်ပီ ဘက်ဒေးပါ ဂျူး

ဟက်ပီးဘတ်ဒေးပါ ချစ်သူ ဒီကနေ့မွေးနေ့လက်ဆောင်အဖြစ် တယုတယသိမ်းဆည်းထားသော အလွမ်းများ................ သုံးရာသီစာ ပေးပို့လိုက်ပါတယ်။ ကောင်းကင်ကိုမော့ကြည့်မိတဲ့အခါ မျက်လုံးများ ခေတ္တမှိတ်ထားပေးပါ အလွမ်းတွေငွေ့ရည်ဖွဲ့ပြီး အချစ်မိုးများရွာသွန်းဖြိုးခိုက် ချစ်သူရဲ့ဘဝတစ်သက်တာလုံး အေးမြငြိမ်းချမ်းပါစေသား.............

မနေ့က ဆောင်း

မနေ့က ဆောင်းမောင်လှမျိုး ရွက်ကြွေသမျှ မျက်ရည်မကျခဲ့ပါ ။ရွက်ဟောင်းသမျှ ရင်နှောင်းလလွန် မျက်ရည်သွန်းဖျန်း မလွမ်းခဲ့ပါ ။ နွေဟူသမျှ ပူရမှန်းမသိ ပကတိအသည်း ရင်ထဲဟောက်ပက် အနေခက်မှ နွေရက် .. အကြွေ နှင်းမှုံဝေအား ရင်ကိုထွေးတဲ့ ဆောင်းလေပြေသွေ့ ထိုတနေ့ကို သတိရလို့ ၊ ငိုမိတယ်။ တမ်းတမိလို့ ၊ လွမ်းဖြစ်တယ်...

အလွမ်းကဗျာ

နှလုံးသားကို သီချုပ် ကဗျာတစ်ပုဒ် လုပ်မိ....။ မမေ့နိုင်သော နေ့ရက်တွေကြား လုံးပါးပါးလု အသည်း..တမ်းတဆဲသာ..။ မေ့မရပြီ...ဆွေးတိတ်ပန်းချီ ဝေရီအိပ်မက် ဆက်မက်နေမိ..။ အို... တောင်ပံတွေနဲ့အဝေးသို့ မင်းပျံ ဒဏ်ရာတွေနဲ့ တစ်ယောက်တည်းကျန်ခဲ့..။ ဖော်မဲ့သောလမ်း..အလွမ်းကြမ်းကြမ်းတွေနဲ့ကျော်ဖြတ် ရင်ခွင်ဟာတော့ ဒဏ်ရာတွေနဲ့ ကွဲ......ရှ......ဟက်...တက်...။ ခရီးကြမ်းမှာစီးမျောခဲ့တဲ့ ငါ့ရင်ခွင်သဘောင်္ ၀မ်းနည်းခြင်းနဲ့ရင်မောလှပြီ...။ တိမ်လွှာကိုခြုံ...သိပ်လုံခြုံတော့ ငါ့မှာ မင်းကို ဘယ်လိုတွေ့နိုင်ပါလိမ့်..။ ကောင်းကင်ကိုမျှော်.. တမ်းတာခေါ်လည်း...မင်းမှာဘယ်လိုကြားနိုင်...

ဝမ်းနည်းခြင်း အထိမ်းအမှတ်

"မီး" လောင်ပြီးစ တစပြင် တစ်ခုလို ပြာကျ ကျန်ရစ်ခဲ့မယ်...လို့၊ ထင်သလား။ "အချစ်" ကို မီးရှူးတိုင်လို ကိုင်မြှောက်ပြီး ..., လမ်းလျှောက်ခဲ့သူပါ။ မီးစာကုန် ဆီခမ်း အချစ်က ညာနမ်းသွား... လို့ နည်းနည်းတော့ လွမ်းတတ်ပါတယ်။ ငါ.. ကံကောင်းတာက "မီး" သေသွားပေမယ့်၊ နေမင်း... လမင်း ကြယ်, ပန်းခင်းတွေက ငါ့ မနက်ခင်းကို လင်းစေတယ်။ ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် အချစ်ကို... သံသယတွေနဲ့ ပစ်ပေါက်မိတယ်။ ။ မောင်လှမျိုး (ချင်းချောင်းခြံ) မီးပြဇာတ် ကဗျာစာအုပ်...

ကျွန်တော်ကြိုက်မိသော ပုံပြင်

ဒီပုံပြင်လေးကို ဘလော့တစ်ခုမှ တွေ့လို့ ခေါင်းစဉ်ကိုလည်း မသိပါဘူး အဲ့ဘလော့မှာလဲ ကျွန်တော်ကြိုက်သော ပုံပြင်လို့ ရေးထားလို့ အဲလိုပဲ ပြန်ရေးပြီး တင်ပေးလိုက်ပါတယ်... ရှေးတုန်းက ရုရှားပြည်ရဲ့  ပင်လယ်ကမ်းစပ်အနီးက ကျွန်းကလေး တစ်ကျွန်းပေါ်မှာ တရားကျင့်ကြံ အားထုတ်နေတဲ့  ရသေ့ ကြီး သုံးပါးရှိသတဲ့ ။ တစ်ပါးက ကိုယ်လုံးကိုယ်ထည် သေးသေးလေး ရှိပြီး ခါးကိုင်းနေပါပြီ။ သူက ခရစ်ယာန် ဘုန်းကြီးတွေ ဝတ်တဲ့  အတွင်းခံ အကျီရှည် ဝတ်ထားပါတယ်။ သူ့ အသက်ဟာ အသက်တစ်ရာကျော်လောက် ရှိပြီး မုတ်ဆိတ်မွှေးရှည်ဟာလည်း အစိမ်းဖြူရောင် ဖြစ်နေပါပြီ။ သူဟာ အမြဲတမ်း ပြုံးရွှင်နေပြီး ကြည်လင်အေးမြတဲ...

ချစ်သူများနေ့

မင်းအကြောင်း စဉ်းစားလိုက်ရင် လုပ်နေကြ အလုပ်တွေမေ့ကုန်တယ် မင်းရဲ့ အသံလေး ကြားလိုက်ရင် ကြားနေကြ ဂီတသံတွေပျောက်ကုန်တယ် မင်းပုံရိပ်လေး မြင်လိုက်ရင် ဆွဲလက်စ ပန်းချီကားတွေ ပျက်ကုန်တယ်။ မနီးစပ်တဲ့ မင်းအကြောင်း မနီးစပ်တဲ့ မင်းအသံလေး မနီးစပ်တဲ့ မင်းပုံရိပ်လေး အခါခါ ငါလွမ်းနေမိတယ် ။ ချစ်သူရေ (ဒါမှမဟုတ်) ချစ်ရသူရေ ချစ်သူများနေ့ရောက်တိုင်း သီချင်းမဆိုတော့ဘူး အလုပ်မလုပ်တော့ဘူး ပန်ချီမဆွဲတော့ဘူး။ တွေ့တဲ့သက်ရှိ သက်မဲ့တိုင်းကို အကူအညီတောင်းမယ် ကျနော်...

ဆောင်းမီးဖို

မပြောလိုက်ရတဲ့ စကားတွေ မရေးဖြစ်တဲ့ စာတွေ မသိခဲ့ရတဲ့ စိတ်ကူးတွေ မမက်ဖြစ်သေးတဲ့ အိပ်မက်တွေ မသွားခဲ့ ရတဲ့ လမ်းတွေ အားလုံး အားလုံး အစအဆုံးဟာ နှလုံး ခုန်သံ နှစ်ချက် အတွင်းမှာ ရှိတယ်။ မနက်ခင်းတစ်ခုကို ဝေမျှမယ် ကော်ဖီတစ်ခွက်ကို ဝေမျှမယ် အိမ်တစ်လုံးကို ဝေမျှမယ် ဘ၀တစ်ခုကို ဝေမျှမယ် အိပ်မက်တစ်ခုကို ဝေမျှမယ် အားလုံး အားလုံး အစအဆုံးဟာ ဘ၀နှစ်ခု အတွင်းမှာ ရှိမယ်။ ခိုင်မာတဲ့ နားလည်မှုတွေ သန့်စင်တဲ့ချစ်ခြင်းတွေ ကိုယ်ကျိုးမဖက်တဲ့ ကာကွယ်မှုတွေ ထပ်တူဖြစ်တဲ့ သိမြင်ခြင်းတွေ အားလုံး အားလုံး အစအဆုံးဟာ လူနှစ်ဦး ကြားမှာ...

နွေဦးချစ်သူ

အချစ်ကိုစတွေ့တဲ့ နွေဦး ပန်းပွင့်လေးရေ မင်းရဲ့ ကနွဲ့ကလျ ၀တ်မှုံတွေနဲ့ ငါ့နှလုံးသားကို ရစ်ပတ် ဖမ်းစားသွားခဲ့ပေါ့... ငါ့ရဲ့ မြူခိုး ချစ်ခြင်းတွေလဲ မင့်ရဲ့ သတ္တမမြောက် အကြည့်တွေထဲ အလဲအကွဲပေါ့.....။ ...

ဗီးနပ်စ်

ခဏခဏ ချော်လဲမိပါရဲ့ ပြန်မထမိဘူး.... တဘ၀လုံးပေးဆပ်တော့မယ်ဆိုမှ တောမီးကတ၀ုန်းဝုန်း.... တသက်လုံးတောကျခဲ့ပြီးမှ ခုတော့မြို့ဆန်ချင်ပြန်ရော... ဒီလိုနဲ့ပဲ..... ချစ်သူရေ...နင့်ကိုငါချစ်တယ်... (ဟင့်အင်း) ငါပြောမိလိုက်သလား ဒါမှမဟုတ် သူမကြားဘူးလား... (ရောခက်လိုက်တာ) ထပ်အော်ပြောလိုက်တယ် ကောင်မလေး..ရေ.. နင့်ကိုငါ အရမ်းချစ်တယ်... ၀ုန်း....(အခန်းတံခါးပိတ်သံ) အော်...သူဘယ်ကြားမလဲ ငါက...အိပ်မက်ထဲမှာပဲ...။ ...

ဂျိုကာ

အချို့ကလည်း ဒီကောင်ငကြောင်တဲ့ ဟုတ်မှာပါ.... အားလုံးထက်ပိုနေတဲ့ အခါ လူတွေပြောလေ့ရှိတာပေါ့...... အချို့ကလည်း ပြောကြတယ် ဒီကောင် အရူးပါတဲ့ ဟုတ်မှာပါ... အားလုံးထက် ပိုခံစားမိတဲ့အခါ ရူးသွားလေ့ရှိတာပေါ့..... အချို့ကလည်း ပြောကြတယ် ဒီကောင် ဟာသပဲတဲ့ ဟုတ်မှာပါ... အားလုံးကို ပျော်ရွင်စေချင်တဲ့အခါ ပေါတောတောတွေ လုပ်ပြရတာပေါ့.... တကယ်တမ်းတော့ ကိုးယို့ကားယား အ၀တ်အစားတွေနဲ့ မျက်နှာပေါ် ရောက်စုံချယ်သထားတဲ့ ဒီလူတယောက်ရဲ့ နှလုံးသားထဲမှာ တည်ငြိမ် ညင်သာပြီး.. တိတ်ဆိတ်နေတဲ့ တစုံတရာ ကြေကွဲမှုတွေ ရှိနေလိမ့်မယ်ဆိုတာကိုရော လူတွေ သတိထားမိမှာလား လူတွေ...

မနက်ဖြန်တွေထဲက

ကောင်မလေး          လူတချို့က ပြောတယ်          ငွေဟာ ဒုတိယ ဘုရားသ္ခင်တဲ့...          အဲသည့်ထဲမှာ နင်မပါပါစေနဲ့ ။ ကောင်မလေး လူတချို့က အပေါ်ယံတွေကို ကိုးကွယ်တတ်ကြတယ်... အဲသည့်ထဲမှာ နင်မပါပါစေနဲ့။          ကောင်မလေး          လူတချို့က တို့ရဲ့စိတ်ကို          နားမလည်ကြဘူး...         ...

ချစ်သူများနေ့ ကိုဖြတ်သန်းခြင်း

နေထွက်နေ၀င် စက်ဘီးလေး စီးရတဲ့ ညနေပိုင်းလေး။ နောက်မကျပေမယ့် နောက်ကနေခဲ့ရတယ် လောကရဲ့ မမျှမတဖြစ်ပုံများ။ ဘယ်လိုယှဉ်ယှဉ်ပါ ဘယ်နေရာယှဉ်ယှဉ်ပါ အများသုံးနေကျ မသုံးတတ်တဲ့ကောင်လေ..။ ချိန်းခဏခဏ ကျတတ်တဲ့ (အများပိုင်) စက်ဘီးလေးကိုလည်း ချိန်း ကိုပြန်မတင်ဖြစ်တော့တဲ့ အကြောင်း ညနေတိုင်း ညနေတိုင်း ခတ်နေကြခြင်းဝိုင်းကိုလည်း မသွားဖြစ်တော့တဲ့ အကြောင်း.. ပြောနေကျ စကားတွေကိုလည်း လူစုံတက်စုံဖြစ်လာတဲ့ အခါတိုင်း စကားဝိုင်းဖြစ်တဲ့ အခါတိုင်း ယစ်ရွှေရည်လေး အာစွတ်မိတဲ့ အခါတိုင်း မပြောဖြစ်တော့တဲ့ အကြောင်း.. အရာရာ တိတ်ဆိတ် ငြိမ်းချမ်းမှုတွေရှိလာတဲ့အခါ လောက...

အပြုံး..............

ကောင်းကင်တစ်စုံ ငါ့အလွမ်းတွေကို အဖော်ပြုရင်းနဲ့ တိတ်တဆိတ်ညတွေမှာ ငါက နင့်ရဲ့ မာယာတွေကို လွမ်းမိတာ အပြစ်လား.................. နင့် အတွက်ဖြစ်ခဲ့တဲ့ အရာတွေကို ငါ့နလုံးသားနဲ့ ရင်းပြီး တည်ဆောက်ခဲ့ရတာပါ အရာရာကို မုန်းလိုက်ဖို့ နင့်ရဲ့ အပြုံးတစ်ပွင့် ငါ့အတွက်ပွင့်ဖို့ လိုနေလေတယ်ချစ်သူ........................ ...

အွန်လိုင်းကဗျာ

ရုပ်ကမလှ ရည်းစားမရတော့ အွန်လိုင်းမှာ ဖွန်တပိုင်းဖြစ် မနှစ်ကတည်းက ကြိုးစား တည်းထားတာလေးတွေ လွဲကာသွားတော့ နောက်... ဘယ်တစ်ယောက်များကြိုက်လေမလားနဲ့ logoပုံမှာ ဓါတ်ပုံရိုက်ကာတင် ကွန်ပြူတာနဲ့ အလှဆုံးပြင် ခန့်ညားစွာပင် ချက်တင်ဝင်ပေါ့ ``အပျိုလှလှ အိုနှမငယ် အကိုကလေ တစ်လကိုဒေါ်လာငါးရာစားကွယ်´´ ဟုတ်ဟုတ်မဟုတ်ဟုတ် လိုက်ကာရွီး ကြိုက်လာပြီးနေမလားရယ်လို့ တစ်နာရီကိုလေးရာပေးကာထိုင် စိတ်ကမအေးနိုင် ချွေးပြန်အောင်ထိုင် တက်လာတဲ့ အပျိုမမ အအိုကွကွတွေကို လက်ကသွက် ကြိုးစားချက်မြဲပေါ့လေ...

အွန်လိုင်းဟာသ ကဗျာ

မနက်ကလေ ဈေးထဲမှာပြောနေတဲ့စကား အွန်လိုင်းသွားရင်ရည်းစားရတယ်တဲ့  ကျွန်တော့အဖြစ်ကမစွံ အပျိုတိုင်းကရွံသတဲ့ ကျွန်တော့်မျက်နှာမဲသဲသော်လည်း ကျွန်တော့်မှာလဲ အသဲနဲ့လေ ဒါကြောင့်.... ကျွန်တော့်အသဲကိုထောင်ချဖို့ နောင်ဘ၀မရောက်ခင် အင်တာနက်မှာ ချက်နည်းသင်ခဲ့တယ် မိန်းကလေးအကောင့်အကုန်ယူ ဆမူဆာသည်အွန်လိုင်းတက်လဲ မလပ်စေဘဲ ကျွန်တော်စာရိုက်ကာ `ဟိုင်း´ သိုင်းဝိုင်းဖွဲ့တာစာစီကုံး တစ်ဖက်ကအပျိုချောပြုံးနေမလားလို့ ဟာသစာအုပ်တွေအကုန်ဖတ် မရပ်မနားချက်တာများတော့ ကောင်မလေးတစ်ယောက်ကလေ ``ချက်တင်မှာဘ၀င်မကျ အပြင်ကတွေ့ရအောင်လားလို့´´ dateကာလာတော့ (ကလု ကလု ..........) အလှပြင်ဆိုင်ကိုမောင်ထိုင် မျက်နှာချင်းဆိုင်စကားပြောရင်...

'ဒီဇင်ဘာအလွမ်း

်ချစ်သောသူ ငါ့လက်ကမင်းကမ်းလာဖို့လက်တဖက်ကိုကမ်းပေးခဲ့ပါတယ် မင်းဘက်ကမှပြန်မလှမ်းလို့ငါပြန်ရုတ်သိမ်းခဲ့တာပဲ မမှားလောက်ပါဘူး နင့်ဘက်ကအကြောင်းတွေမျိုးစုံပြပီးငါ့အနားကနေရှောင်ပြေးနေတယ် စိတ်ချပါ.....ငါလည်းသူများမကမ်းချင်တဲ့လက်ကိုအတင်းမဆွဲပါဘူး အခုတော့လည်း တစ်ယောက်တစ်နေရာဆီမှာပေါ့ နင်ပျော်သလိုနေပါ အပျော်တွဲတာမဟုတ်ပေမဲ့ မပျော်လို့ပြတ်သွားတယ်လို့ နင်ပြောနိုင်ပါတယ် ငါ့ဘာငါ အေးချမ်းလှတဲ့ဒီဇင်ဘာသန်ခေါင်ယံညတွေမှာ နင်ထွက်သွားလို့ လစ်ဟာနေတဲ့ ငါ့ရင်ဘတ်ထဲကအနာလေးကို ငါ့ဘာငါဆေးကြောနေပါမယ် အသည်းကွဲသမားတိုင်းအတွက် သမားတော်ယမကာနဲ့ပေါ့ နောင်ဘ၀ဆိုတာရှီခဲ့လို့ပြန်စုံရင် ငါနဲ့မတွေ့ခင်အချိန်အထိ...

တောင်ကိုရီးယား အခြေစိုက် KIA ကားကုမ္ပဏီ၏ တရားဝင် ကားအရောင်းပြခန်း မေ ၁၉ ရက်တွင် ဖွင့်လှစ်

ကမ္ဘာအေးဘုရားလမ်းရှိ KIA ကားကုမ္ပဏီ၏ ပထမဦးဆုံး ကားအရောင်းပြခန်းကို တွေ့ရစဉ် တောင်ကိုရီးယား အခြေစိုက် KIA ကားကုမ္ပဏီ၏ ပထမဦးဆုံး ကားအရောင်းပြခန်းကို မေ ၁၉ ရက်က ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်း အမှတ် (၂၂-ဘီ၊ ၂၃-အေ) (Micasa Hotel Apartments) အနီးတွင် ဖွင့်လှစ်ခဲ့သည်။ KIA ကားကုမ္ပဏီ၏ မြန်မာနိုင်ငံဆိုင်ရာ တရားဝင် ကိုယ်စားလှယ်အဖြစ် Super Seven Star Co.,Ltd (SSS) သည် ၂၀၁၂ ခုနှစ် စက်တင်ဘာက လုပ်ကိုင်ခွင့်ရရှိခဲ့ပြီး ယခုပထမဦးဆုံး ကားအရောင်းပြခန်းကို...

အပြုံးလှလှ

ချစ်သူရယ်.......... အပြုံးပန်းတွေ  အမြဲလှိုင်တဲ့ အပြစ်ကင်းတဲ့  မင်းမျက်နှာလေး ပုံပမာနှိုင်းယှဉ်ကာပြရင် ကောင်းကင်ယံမှာ မြူတိမ်လေးများ ကင်းစင်နေပြီး  ကြည်လင်လှတဲ့ ကောင်းကင်အလား ထင်မှတ်ရတယ် ချစ်ရသူရယ်........ အပြုံးတွေနဲ့  လှပနေတဲ့ မင်းမျက်နှာလေး နှလုံးသားထဲက စွဲလန်းမိတော့ တစ်နေ့မတွေ. မမြင်ရရင်ပေါ့ တောတောင်တန်းတွေ မစိမ်းလန်းဘဲ ခြောက်ခန်းသလို ကြည်နူးစရာ မရှိပါလို့ ထင်မှတ်မိတယ် ချစ်ရသူရယ်.......                           ...

ချစ်ဦးသူသို့

ငါ့ဘ၀မှာ...... အရမ်းချစ်ပြီး  မြတ်နိုးရသူ မင်းတစ်ယောက်က ငါ့အချစ်ကို မညှာမတာ ရက်စက်စွာ ကြိမ်ကြိမ်ခါခါ မချစ်နိုင်ဘူး မုန်းတယ်ပြောလည်း မေ့မရဘဲ သတိရသူ နှလုံးသားကို မျှဝေခံစား နားလည်ပေးပါ ချစ်ရသူရယ်...... ငါချစ်ရသူ မြတ်နိုးသူက ငါ့ရဲ့ရှေ့မှာ တခြားသူနဲ့ တွဲနေရင်လည်း အပြစ်မမြင်ဘဲ ခွင့်လွှတ်နိုင်တဲ့  ငါ့ဖြစ်အင်ကို စာနာပေးပါ  ချစ်ရသူရယ်......... သြော်......ဒါပေမဲ့လည်း ပြောပြချင်တယ် ချစ်ရသူရယ် ငါ့ရဲ့ချစ်ခြင်း  မြတ်နိုးခြင်းကို မတုံပြန်ချင်နေပါ အသိအမှတ်တော့ပြုပေးပါ တောင်းပန်ပါတယ် ချစ်ရသူရယ်.....                      ...

ချစ်မိလို့ 

ချစ်ခဲ့ပါတယ် မင်းတစ်ယောက်တည်း... အပြစ်ဖွဲ့ ပါတယ် ငါ့ကို.... စိတ်ဆင်းရဲအောင်လုပ်တယ်... မကျေနပ်အောင်လုပ်တယ် စိတ်ပူအောင်လုပ်တယ် အရွှဲ့ တိုက်တယ် ဒါပေမဲ့  ။ ချစ်ပြီးခဲ့ပါပြီ ဇာတ်လမ်းလည်းပြီးခဲ့ပါပြီ ဘာကြောင့်မေ့မရတာလည်း ချစ်ခဲ့ဘူးတဲ့လူပဲမမေ့သင့်ပါဘူး အာရုံထဲမှာတစ်ခါတစ်ခါပေါ်လာတယ်။ မင်းအတွက်ငါပဲလို စဉ်းစားခဲ့တဲ့ အကြောင်းတွေကလည်း အပေါစား ကော်ဖီတစ်ခွက်လို.... ဖြစ်ကုန်ပြ...

My GIrl

if i have a chance to stay i’m sure that i will not go away i love u more than yesterday tomorrow will be more than today… play the melody with my heartbeats write the poem for u to read give all of my times to fulfill ur wish i’m afraid to tell it “i love u indeed”… i wish i can be with u together until no more days in the calendar i wish i can be with u forever with ur smile, all the troubles can be conquered… my tears are flowing like a river when u treat me like a stranger why i cannot be your lover i dunt want to be like the month December… i’m...

December (Dead Romeo)

this has been a hell week including the weekends, my days are sick unpretendable feelings are dropping so deep day by day i realized tat i had become a dead meat… Time is moving too slow to meet each other but it will pass like a light ray when we are together Girl, i wish i can let ur chin to rest on my shoulder after grabbing ur hand, i came to know the meaning of forever… life is not a movie clip cuz there is no ending the days of being in here are like a day dreaming the smile beneath ur mask make me disgusting cuz of the cruel ppl the...

December Dream

Things my heart, used to know, Is now a dream of december. Everything seems not so long ago, Why aren’t they last forever. ………. Looking into your tender eyes, Dreaming about the furture, My face was bright with smiles. But now, everything disappear. ………. Street lights are glittering, Wind of night is cold. One lonely heart is shivering, Missing the days of old. ………....

တစ်ချိန်ကချစ်သူ..အခုတော့.မုန်းသူ

သို့ ချစ်သူ ခက်ခဲလို့ ရပ်ဆဲမယ်ဆို အပ်ကွဲတဲ့အသည်းနဲ့ တစ်ထပ်တည်းကျအောင် လက်တွဲထားချင်တယ် သို့ မုန်းသူ ခက်ခဲလို့ ရပ်ဆဲမယ်ဆို အရက်ပုလင်းဆွဲပီး တစ်ချက်တည်း ကွဲအောင် ရိုက်ခွဲပစ်ချင်တ...

လွမ်းစေတီ

တို့ထိခွင့်လည်းမရှိတော့ ဆုပ်ကိုင်ခွင့်လည်းမရှိတော့ မင်းရင်ခုန်သံကိုလုံအောင် ဖုံးပေးပိုင်ခွင့်လည်းမရှိတော့ မင်းလည်းမေ့လျော့လိုက်ရုံ ပုံပြင်ကိုပုံပြင်အတိုင်းထားလိုက်ရုံ ဒီလောက်ပဲတို့တတ်နိုင်ခဲ့..။ သူ့ကိုမင်း မချစ်ပဲနဲ့ မင်းကိုသူ ဘာလို့သိမ်းပိုက်ခဲ့တာလည်း မင်းနဲ့ငါနဲ့ ချစ်ရက်သားနဲ့ ငါတို့ဘာလို့ ဝေးကွာခဲ့တာလည်း ရာဇ၀င်ခေတ် ပဒေသရာဇ်တို့ရာဂမီး အတားအဆီးမဲ့ ကာမပိုင်ဝတ္ထုမှာ ချစ်ရသူတို့ ဇာတ်နာခဲ့ရဖူးပါပြီ။ အဖြစ်အပျက်တွေ ဖြစ်ပျက်ခဲ့ပြီးတဲ့နောက် အငွေ့အသက်တွေ ကျန်ရစ်ကြရမယ် ရှုမဆုံးတဲ့အလွမ်းတွေငါပွေ့ရင်း တောင်ကုန်းလေးပေါ် ငါတက်ခဲ့တယ်။ ညောင်ပင်က ဓမ္မတေးကိုဆိုနေရဲ့ ရိုးပြတ်တောက နေပူထဲမှာငိုနေရဲ့ ငါ့နှလုံးသားက...

ကမ္ဘာမြေနှင့် မာဖီ သတိုးသမီးများ

(၁) အတုအယောင်များတဲ့ ကျူပ်တို့ခေတ်မှာ ကောင်းကင်က ရေမပါဘဲ မိုးရွာတတ်သလို စမ်းချောင်းက ရေမပါဘဲ စီးဆင်းတတ်တယ်။ (၂) တေးမသီငှက်တွေ ကောင်းကင်မှာ မြင့်မြင့်ပျံမှတော့ ငါ ကလှောင်အိမ်ထဲ ဘာလို့တေးဆိုပြနေရမှာလဲ။ (၃) တံခါးဝမှာ အပြင်လူ မ၀င်ရတဲ့ ငါ က အပြင်လူလား၊ အတွင်းလူလား သေချာအောင် ငါ့အဘိဓာန်မှာ ပြန်ကြည့်ရမယ်။ (၄) သိက္ခာမရှိတဲ့ လေပြေညှင်းက ရနံ့အတုနဲ့ အပျော်ကျူးနေပြီ ဒီလေထုကို ရှုရှိုက်နေတဲ့ငါ ရှင်သန်ခြင်းက ဘယ်လိုဖြူစင်နိုင်တော့မှာလဲ။ (၅) နာကြည်းမှုတို့ရဲ့ အန်ဖတ် ဘင်လာဒင် ခါးခါးတစ်ခွက် ကမ္ဘာမြေကို ဧည့်ခံ လိုက်ကြပြီ။ (၆) အမှန်တရားနဲ့ ဆေးကုပေးတာတောင် ငြိမ်းချမ်းခြင်းက...

မိသားစု

မိသားစုဆိုတာ တစ်ယောက်ရှေ့ရောက်ဖို့ တစ်ယောက် နောက်ဆုတ်ရတယ် သစ်ကိုင်းတစ်ကိုင်းတိုးထွက်ဖို့ သစ်ကိုင်းတစ်ကိုင်း အခုတ်ခံရတယ် မိသားစု သီချင်းဟာ အတက်အဆင်းရှိတယ် သံစုံမြည်တယ်။ မိသားစုဆိုတာ လူခြောက်ယောက်ရှိ လူခြောက်ယောက် လက်၁၀ချောင်းရှိ လက်ဆယ်ချောင်း ခေတ်က တောင်းဆိုတဲ့အတိုင်း လှုပ်ရှားရတယ် အိမ်ရှိလူအကုန်။ လဲကျသွားတဲ့ ငါ့အဖေနေရာကို ငါ့ညီလေးဝင်ခဲ့တယ် ယိုင်နဲ့သွားတဲ့ ငါ့အမေရဲ့ နေရာကို ငါ့ညီမလေး ၀င်ခဲ့တယ် မိသားစုကို ငါမမြင်ခဲ့ဘူး။ ငါ့အတွေးအခေါ်က သားသမီးဆိုတာ သီးခြားရှင်သန်ရတဲ့ ဘ၀တစ်ခု ငါက လမ်းပေါ်မှာကြီးပြင်းခဲ့လို့ လမ်းနဲ့ သွေးသားတော်စပ်တယ်လို့ ထင်တယ်။ ငါ့မိသားစုမှာ...

နောက်ဆုံးမှာတော့

သူ့မှာ ကိုယ့်မှာ လက်ဆယ်ချောင်းပါတယ်...။ ဒီလက်ဆယ်ချောင်း သူ့အကြောင်းနဲ့သူ...။ တချို့က လက်ငါးချောင်းသုံးတတ် ကျောသပ်ရင်သပ် ခေါင်းကလေးကိုသပ်ကာ မေတ္တာပွားတဲ့သူက ပွား... မာယာများတဲ့သူက များ...။ တချို့ကတော့ လက်ညှိုးနဲ့လက်ခလယ် လွယ်လွယ်လေးထောင်ပြ ကြည်ကြ... အေးကြ...။ တချို့က တစ်မျိုး ဆိုးဆိုးကောင်းကောင်း အကြောင်းသိဖို့ လက်တို့ သတိပေးကြသေး။ တချို့ကလည်း ပြိုင်ပွဲတိုင်းမှာ အနိုင်ရ လက်မတထောင်ထောင်...။ တချို့ကဆို ငြိုငြိုငြင်ငြင် အပြစ်တင် စိတ်ဆိုး လက်ညှိုးထိုး ရန်ရှာ...။ တချို့ တချို့မှာ.. လက်ဖျားခါပြီး ကောင်းချီးပေးတဲ့သူကပေး လက်ဖျားခါရင်း ဟင့်အင်း ငြင်းတဲ့သူကငြင်း...။ အင်း... သူရောကိုယ်ပါ လက်ဆယ်ဖြာစုံမိုး ရှိခိုးရင်း...

ပွန်းပဲ့နေတဲ့ငှက်တစ်ကောင်

အပြင်မှာ  မှောင်တော့မယ် ညီမလေးရေ. . .။  ခုလိုညနေခင်းတွေဆို  ခိုကိုးရာမဲ့ငှက်တွေကို အစာချကျွေးရင်း  ကိုယ့်ညီမလေးလည်း  လောကကို တစ်ဆုံးတွေးနေတော့မယ်။  အေးကွာ . .  မြို့ကြီးပြကြီးဆိုတာလည်း  တောကြီးမျက်မည်းလိုပါပဲ  လမ်းမနဲ့တူတဲ့ကိုယ့်ဘ၀ကို  ငုံ့ကြည့်ပြီး လျှောက်တာတောင်  လမ်းပျောက်လိုပျောက်  သစ်ပင်နဲ့တူတဲ့ လူရဲ့အောက်မှာရပ်ရင်း  မျက်လုံးနဲ့မတူတဲ့ အကြည့်တွေကို ရှောင်ဖယ်ရင်း  ကိုယ့်ညီမလေးချကျွေးတဲ့  အစာဗန်းလေးထဲမှာ  ငှက်တစ်ကောင်ဖြစ်ချင်ပါတယ်။  အခုလို အမှောင်တွေ တရစ်ချင်းဆင်းလာပြီဆို  ကိုယ့်ကိုယ်ကို ညဥ့်နက်ထားရတဲ့နေ့တွေဟာ  ခေါင်းပေါ်ကဆံပင်တွေလို ရှည်လျားဆဲ  ဒုက္ခဆိုတာကလည်း  တစ်ခါတစ်လေ ဖီးသင်သပ်ရပ်လိုက်  တစ်ခါတစ်လေ ရှုပ်ထွေးပွယောင်းလိုက်မဟုတ်လား  ငှက်တွေအိပ်တန်းဝင်ကြပြီ ညီမလေးရေ  "ငါလည်းဒီည ဘယ်အကိုင်းမှာနားမလဲ" အတွေးထူထူ တိရစ္ဆာန်ရုံနဲ့တူတဲ့  ဆူဆူညံညံ အရက်ဆိုင်လေးထဲက ထွက်လာခဲ့တယ်။  ကဲ ....

ရဲရင့်တဲ့ သစ်ပင်

ဓားနဲ့ခုတ်ထားတဲ့ အကိုင်းမှာ အရွက်ပျိုတွေ စို့လို့ အားမတန်လို့ မာန်လျော့သွားတာ မဟုတ်ဘူး။ ကောင်းကင်မှာ တိမ်မည်းတွေပြည့်နှက် မကြာမီ ရွာတော့မယ့် မိုး လေတိုက်လို့ လွင့်ပါးသလိုမျိုး သူလည်း သူ့ကိုယ်သူ ဖျဉ်ခဲ့ရတာ ဖြစ်မယ်။ သူ့ ခြေထောက်တွေ သေကုန်ပြီ သူ့လက်တွေ ကျန်သေးတယ်လို့ လှုပ်ယမ်းပြလေရဲ့။ သူ့လက်တွေ သေကုန်ပြီ သူ့ပါးစပ်တွေ ကျန်သေးတယ်လို့ ရွတ်ဆိုပြတယ်။ သူ့ပါးစပ်တွေ သေကုန်ပြီ သူ့နားတွေ ကျန်သေးတယ်လို့ ထိုးဖောက်တယ်။ သူ့နားတွေ သေကုန်ပြီ သူ့ မျက်စိတွေ ကျန်သေးတယ်လို့ စူးရဲပြတယ်။ သူ့မျက်စိတွေ သေကုန်ပြီ သူ့ ဦးနှောက်တွေ ကျန်သေးတယ်လို့ ဦးမော့ပြတယ်။ သူ့ ဦးနှောက်တွေ...

ပိတောက်ပန်း

ပိတောက်ပန်း မခူးချင်စမ်းပါနဲ့ နှစ်ဆန်းခါတော်မီမို့ ဇမ္ဘောရည်ပြေပြေလိမ်းကာပါ့ ခပ်သိမ်းနယ်စုံစုံသို့ ပွင့်ငုံကို လင့်ကုန်ကြတော့လို့ ခေါင်းကြွကာ ဆာဝေေ၀နဲ့ သူလည်းလေ လောကီသားလိုပါ့ ကြွားချင်လှပေလိမ့်မယ် …။ တသိန်တင့်ပါဘိ တိမ်မြင့် ရီပြာပြာက ကြည်သာသာပင့်လေအဖြူးတွင်ဖြင့် တီတာတာပွင့်ရွှေဖူးငယ်တို့ လည်ယှက်ကာ ဘယ်ညာလူးလေတော့ သူတို့လို ဘယ်သူမြူးနိုင်ပါ့ ထူးပါဘိတယ် …။ တ၀ါဝါ ဆင်သင်္ကန်းရယ်က ကမ္ဘာမှာ ဘ၀င် ချမ်းစေတဲ့ သာသနာ ရွှင်ရွှင်လန်းအောင်လို့ တမင် မှန်းကာပါ့ သတိစွယ် ရည်ရွယ်တော့ သလား …။ ခူးပါနဲ့ကွယ် ပွင့်ဖူးမှာ အ၀ါခြယ်၍ မာလာအလယ်မှာ နွှဲချင်တဲ့ နှလုံးရယ်ကြောင့် နှစ်ဆုံးကုန်အတာဝင်သို့ မာန်အင်ကို...

December 31

ကျွမ်းသွားတဲ့ မီးသီးတစ်လုံးလို့ ၂၀၁၁ ဆိုတဲ့ ခရစ်နှစ်ပြက္ခဒိန်တွေလည်း မလင်းလက်နိုင်တော့… မနက်ဖြန် ပြောင်းသွားမယ့်နှစ်တစ်နှစ် မနေ့ကတော့ကျန်ခဲ့တဲ့နှစ်တစ်နှစ်…. ငယ်ငယ်ကဆို မျှော်လင့်ချက်တွေ အသစ်ဖြစ်မိတယ် နောက်လာမယ့်နှစ်မှာ ပိုကောင်းအောင်နေမယ် တကယ်တော့ အဲလိုတစ်နှစ်ပြီးတစ်နှစ်ပေါ့ ဘယ်မှာ ပိုကောင်းလာလို့လည်း… ကိုယ့်အကြောင်းနဲ့ကိုယ်မှ… နှစ်ကာလတွေ ခေတ်စနစ်တွေမကောင်းတာလို့ တရားခံရှာမိတယ်… ဘာပဲဖြစ်ဖြစ် မျက်စိမှိတ်ပြီး ဒြပ်မဲ့ အရာတွေပေါ် အပြစ်တင်မိတာ ကိုယ့်အတ္တအတွက်တော့ ထွက်ပေါက်ပဲပေါ့ အခုတော့ နှစ်သစ်ကူးလေညှင်းမှာ ဘီယာချမ်းတွေ ဈေးကျနေတာကို...

နှင်းများ

နှင်းများသည် သိပ်သည်းဝေးလံလွန်းလှချည်ရဲ့ ရေခဲရန် ရာစုတစ်ဝက်အလိုအထိ ငေးစိုက်ကြည့်နေမိတုန်းပဲ… နှင်းတွေ တဖွဲဖွဲကျလာမလားလို့… ခေါင်မိုးအုတ်ကြွပ်ပြားတွေ တောင့်တင်းသွားရတဲ့ မနက်ခင်းကို မြင်ချင်တဲ့ဆန္ဒနဲ့ စာတိုက်ပုံးလေးကို ငုံထားတဲ့နှင်းဖတ်တွေကို ငါ့ကင်မရာထဲ ထည့်သွင်းထားဖို့ ဒီဇင်ဘာ… ဇန်န၀ါရီနှစ်လလုံးလုံး `နှင်းတွေပိတ်နေလို့ ကျွန်တော် အလုပ်မဆင်းနိုင်တော့ဘူး´ အဲဒီတယ်လီဖုန်းကို ငါ အဆက်ချင်ဆုံးပဲ သတင်းစာပို့တဲ့ကောင်လေးက တုန်တုန်ရီရီနဲ့ လူခေါ်ဘဲလ်ကို နှိပ်တယ် လာ… မင်း ဘာအရေးကြီးနေတာလဲ ငါနဲ့ ကော်ဖီအတူသောက်တာပေါ့… မစ္စတာဂျွန်က မနက်( ၇ )နာရီမှာ...

အချစ်တေးသွား

မိုးရွာပြီးစ နေရောင်ခြည်ထဲမှာ ငါ့ကို ထည့်လျှော်ပါ။ သစ်ပင် တစ်ပင်လုံးနဲ့ အကိုင်းအခက် အရွက် အစုံအလင်နဲ့ ငါ ပြန်လာမယ်။ ရေကူးကန် တစ်ကန်လုံး ကြည်ပြာရောင် အပြည့်အလျှံနဲ့ ငါ ပြန်လာမယ်။ ဇောက်ထိုးမိုးမျှော် မိုးဟာ နှင်းဆီပွင့်ရဲ့ ကိုယ်ပေါ်မှာ ဦးခေါင်း မြဲမြံသကဲ့သို့ ငါ ပြန်လာမယ်။ ငါ့ အလိုမကျမှုတွေနဲ့ ငါ့ အချစ်တွေ အခြေအတင် ဖြစ်နေပုံပါပဲ။ မီးသင့်ခဲ့တဲ့ သစ်တုံး မဟော်ဂနီရောင် တောက်ပလာဦးမယ်ဆိုတာ အကောင်းဆုံး သီချင်းတပုဒ်ပေါ့။ ။ သုခမိန်လှိုင် (ပင်လယ်မှာ ပျောက်ဆုံးသွားသောအရာ) ကဗျာစာအုပ်မှ...

ဧဒင်ရဲ့ အပြင်ဖက်ကအိမ်

မြွေဟာထင်ရှူးသေတ္တာထဲမှာ ခွေခွေကလေး လှဲနေတယ် အသက်ပြင်းတဲ့ သက်ပြင်းချသံက တော်တော်နဲ့ မသေနိုင်ဘူး စားပွဲပေါ်မှာ ပန်းသီးတစ်လုံးက မေ့လျော့မှုရဲ့ စားသောက်ခြင်းကို စိတ်ရှည်လက်ရှည် စောင့်နေတယ် မိုးစက်တွေက စိတ်မှန်ပြူတင်းပေါ် တပေါက်ပေါက်ကျရောက်လို့ ပိတ်ကားပေါ်က ဒဏ်ရာကြီးမှာ သွေးစသွေးနတွေ ခြောက်ကပ်သွားပါပြီ နာကျင်မှုကတော့ တစက်စက် စီးထွက်နေတာပေါ့ အပြင်ဖက်က ရှုခင်းတစ်ခုလုံးက ဖိတ်ဖိတ်ထအောင် စိမ်းတောက်နေတယ် ကိုယ်လုံးပေါ်မှန်ထဲမှာ တစ်ကိုယ်လုံးဖော်ထားရတဲ့ အရသာ ရှင်သန်မှုရဲ့ တငွေ့ငွေ့ တနွေးနွေး တိုးနေတဲ့အသိ ပီယာနိုထဲမှာ အဖြေတစ်ခုခုက မေးခွန်းတစ်ခုခုကို မျှော်လင့်နေတုန်းပဲ တံစက်မြိတ်မှာ...

ညမှာ ပင်လယ်

ညမှာ ပင်လယ်၊ အားလုံး မည်းနက် ကောင်းကင်ကတော့ ခွဲလို့ရ၊ အားလုံးမည်းနက်။ ပင်လယ်အထက် ကပ်ရက်၊ ထောင်လိုက် တံစဉ် မီးလျှံဝါဝါ လဆန်း လ အထက် တည့်တည့်မှာက ဂန္ဓမာ ဝါဝါ ကြယ်၊ သောက်ရှူးကြယ်။ အားလုံး မျဉ်း တစ်ဖြောင့်တည်း ဒီတော့ ငါတို့ တွေးမိ ဒါ ညတိုင်း ဖြစ်သလား၊ နှစ်တစ်ရာမှ တစ်ကြိမ်လား ငါတို့တွေးမိ၊ အဲဒီ အချိန် ပင်လယ် ယိမ်းလှုပ်၊ ကောင်းကင် ရွှေ့ပြောင်း လ လှည့်ကွေ့၊ ကြယ် ချော်လဲကျ အချိန်မရတော့ဘူး ဓါတ်ပုံ မရိုက်မိ အချိန်မရ၊ ဒါနဲ့ ကြည့်နေကြရ တစ်ညလုံး အိပ်မရကြတော့ ငြိမ်ငြိမ် လှဲမနေနိုင် စကားပြော ရပ်မပစ်နိုင် ..... သုဇာတာ ဘတ္တဒ "မျောက်အရိပ်များ" ၊ ၁၉၉၁  မောင်သာနိုး...

ချစ်ခြင်း

ချစ်သူကိုချဉ်းကပ်ဖို့ ... နှလုံးသားကို အရည်ဖျော်ခဲ့ရတဲ့ ... လူ အိပ်မက်ကို ထမ်းပိုးပြီး ဝေဒနာကို ထုပ်ပိုး နံရိုးကို အရည်ကျိုခဲ့သူ တိမ်တွေရဲ့ နံရံတံခါးပေါက် လူးလိမ့်ဝင်လာကြတဲ့ ပူဆွေးမှုနဲ့ သောကတွေ ... ခေါက်သိမ်း ခေါင်းအုံး အိပ်ခဲ့သူ ရေဆန်ကို လှန် ပွက်ပွက်ဆူ လှိုင်းလုံးတွေကြား ကဗျာတွေနဲ့ တောင်ပံဆန့်ဖြန့်ချင်ခဲ့သူ ... ချစ်သူရဲ့ ပါး ပင်လယ်တံခါးဝ ကမ်းခြေတစ်ခုလို အပန်းဖြေရာ ညနေခင်းတိမ်တွေ ရောင်စုံခြယ်လို့ မိုးကာထားတော့ ဒီကောင့်ရင်မှာ ကမ္ဘာပျက်သလို စကားလုံးတွေ ပြာကျသွားခဲ့သူ .. ချောအိမာန် ( မန္တလေး...

လေးဆယ် ကျော် တို့၏ ကျန်းမာရေး ပြဿနာများ (အပျိုကြီး အလုံး ၁)

ကျွန်မတို့ တတွေ ယုံကြည် လက်ခံ ထားကြတဲ့ ကံ,ကံ၏အကျိုးပေး အတိုင်း လူသားအချင်းချင်း တစ်ယောက် နဲ့ တစ်ယောက် ဘဝနဲ့ကြမ္မာ ကွဲပြားကြ ပေမယ့် လူသား အားလုံး အတွက်တူညီ တဲ့အချက်တစ်ခုကတော့ လူတိုင်းရဲ့နှလုံး သားမှာ မိခင်ဆိုတဲ့ပုံရိပ်-ထာဝစဉ်ရှိ ကြတာပါပဲ။ လူတိုင်းမှာ မိခင်ဆိုတာရှိသ လိုပဲ-အမျိုးသမီးတိုင်းမှာ မိခင်ဖြစ်ခွင့်နဲ့ မိခင်စိတ်ဆိုတာ ရှိကြပါတယ်။ မိခင် လောင်းလျာများဖြစ်ကြတဲ့ အမျိုးသမီး များမှာ ပုရိသယောကျာ်းများနဲ့မတူ-ခြား နားစွာပဲ အာဝေဏိက ဒုက္ခတရားငါးပါးကို ခံစားကြရပါတယ်။ အာဝေဏိကဒုက္ခ တရားငါးပါးကတော့ ပရိသတ်ကြီးသိပြီး ဖြစ်တဲ့အတိုင်း- (၁)တစ်လတစ်ခါဓမ္မတာရာသီသွေး...

အော့အန်ခြင်း (VOMITING)

မေး-အော့အန်တယ်ဆိုတာဘာ ကြောင့်ဖြစ်ရတာပါလဲ။  ဖြေ-အန်တာဟာ နှစ်မျိုး ရှိပါတယ်။ အစာအိမ် အူ လမ်းကြောင်း ထဲက မကောင်း တာတွေ ကိုပြန် စွန့်ထုတ် တဲ့ကောင်းတဲ့ အန် ခြင်းရှိသလို အတွင်းရောဂါတစ်ခုခုကြောင့် ပြန်အန်ထုတ်တဲ့မကောင်းတဲ့ အကြောင်း လည်းရှိပါတယ်။ ဒီလိုအန်ဖို့ရာကို ဦး နှောက်ထဲမှာရှိတဲ့ MEDULLA ဆိုတဲ့ အင်္ဂါတွေမှာအန်ခြင်းကိုဖြစ်စေတဲ့ ဗဟို ဌာနနဲ့ လေလမ်းကြောင်း သွားရည် ထွက် ခြင်း၊  သွေးကြောနှုန်းများ ကိုထိန်းချုပ်ထား ခြင်း စတာတွေနဲ့ ဆက်စပ်မှုရှိနေပါတယ်။ မေး-ဘယ်လိုအခြေအနေမှာအော့ အန်ခြင်းဖြစ်ရပါသလဲ။ ဖြေ- လှိုင်းမူးတာတို့ ကားမူးတာတို့ ဖြစ်တဲ့Motion...

ဆေးကိုပိုင်းခြမ်း၍ သောက်ခြင်းသည် ဆေးအာနိသင်ပမာဏ လွဲမှားနိုင်

သောက်ဆေးများ သောက်ရာတွင် ဆေးကိုတစ်လုံးလုံး သောက်ခြင်း မဟုတ်ဘဲ တစ်ခြမ်းခြမ်း၍ သောက်သုံးပါက ဆေးချိန်ပမာဏ လွဲမှားမှုများ ဖြစ်ပေါ်စေပြီး ဆိုးရွားသည့် ကျန်းမာရေး အကျိုး ဆက်များ  ဖြစ်နိုင်ခြေ ရှိကြောင်း ဆေးပညာရှင်များ၏ လေ့လာချက်အရ သိရသည်။ အဓိက ကတော့ ရောဂါတစ် ခုဖြစ်လို့ ဆေးပေးရင် တစ်လုံး လုံး သောက်တာ ပိုကောင်းတယ်။ တစ် ခြမ်းပဲသောက်တော့ ဆေးရဲ့ အာနိ သင်ကလျော့သွားပြီး ထိရောက်မှု ပိုင်းမှာလည်း နှောင့်နှေးသွားနိုင်တာ ပေါ့။ လူတော်တော်များများက တော့ ဒါကို သိပ်သတိမထားမိ ကြဘူး။ အမှန်ကတော့ လိုပါတယ်။ အကျိုးဆက်ဘာတွေဖြစ်နိုင်လဲဆို တော့ အာနိသင်တစ်ဝက်ပဲရှိတော့...

မိခင်နို့အစား ချိုလိမ်စို့တတ်သည့် ကလေးငယ်များ နားရောဂါခံစားရနိုင်

မိခင်နို့အစား ချိုလိမ်စို့တတ်သည့် ကလေးငယ်များ နားအတွင်းသို့ ရောဂါပိုး ကူးစက်ဝင်ရောက်မှု ဖြစ်စေနိုင်သဖြင့် ရှောင်ရှား သင့်ကြောင်း ကလေးအထူးကု ဆရာဝန် ဒေါက်တာလှမျိုးက ပြောသည်။ နို့ဘူးတို့၊ ချိုလိမ်တို့ကို မိခင် တွေက ကလေးငြိမ်အောင်ဆိုပြီး ပါးစပ်ထဲထည့်ပေးကြတာ များ တယ်။ ဒီတော့ ဗက်တီးရီးယားရော ဂါပိုးက နှာခေါင်းအတွင်းကနေ နား အလယ်ပိုင်းကိုရောက်ပြီး နားအ လယ်ပိုင်းရောင်ရမ်းခြင်း ဝေဒနာကို ခံစားရတော့တာပဲဟု ၄င်းကပြော သည်။ ချိုလိမ်စို့သည့် ကလေးများ သည် အခြားသောကလေးငယ်များ နှင့်နှိုင်းယှဉ်ပါက နားတွင်ရောဂါပိုး ထပ်တလဲလဲကူးစက် ဝင်ရောက်ခြင်း ဝေဒနာခံစားရရန်...

ရှက်ရှက်မှာ ဖြစ်သော ကင်ဆာ

ရှက်ရှက် လို့ခေါ်တဲ့ မိန်းမကိုယ် မှာ ဖြစ်တဲ့ ကင်ဆာတွေဟာ မျိုးပွား အင်္ဂါနဲ့ ဆိုင်တဲ့ ကင်ဆာ တွေအား လုံး ထဲမှာ တကယ် တမ်းကျတော့အဖြစ် အနည်းဆုံး ကင်ဆာ တစ်မျိုးပေါ့။ အားလုံးရဲ့ ၅ ရာခိုင် နှုန်းလောက်ပဲရှိတယ်လို့ ဆိုကြတယ်။ များသောအားဖြင့်ကတော့ အသက်ကြီး ကြီးအမျိုးသမီးတွေမှာ ပိုဖြစ်ကြတယ်။ အ များဆုံးတွေ့ရတတ်တဲ့ အသက်အပိုင်း အခြားက ၅၀ နဲ့ ၇၅ နှစ်ကြားမှာလို့ ဆိုကြတော့ အတွေ့အများဆုံးပျှမ်းမျှအ သက်ကတော့ ၆၀ လို့ဆေးစာအုပ်တွေထဲ မှာတွေ့ရပါတယ်။ ဒါပေမဲ့ အစ်ကို တို့တွေ့ကြုံနေရ တဲ့ ပြင်ပ လက်တွေ့ ကမ္ဘာကြီးမှာတော့ ဒီကင် ဆာကို အသက်သိပ်မကြီးသေးတဲ့အမျိုး သမီးလတ်လတ်တွေ...

 

Blog Archive

လပ်ကီးမြို့တော်

Error loading feed.