www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Tuesday, May 14, 2013

Gtalk Custom Message အလန်းလေးများ (၆)


♥♥♥ I ................. You ♥♥♥  
(a)♠ hate ♠
(b)♠ love♠
(c)♠ miss ♠
(d)♠ want ♠
(e)♠ like ♠  ♦ ♦ ♦             
what do u want fill this blank ?


ဗလတောင့်တယ်....
ရုပ်ဖြောင့်တယ်....
ရှုရှုးပေါက်ရင် အဝေးကြီးရောက်တယ်....:)


ရူးလောက်အောင်ငါချစ်ခဲ့ပေမဲ့...
မှူးနောက်အောင်နင်လာလုတ်ရင်တော့..
..ဒူးထေားက်ခိုင်းပြီး.နင့်ကိုနားရင်းပိတ်တီးပစ်မယ်  ......



  ခေတ်ကိုအမီလိုက်နိုင်ဖို့သင့်တင့်တဲ့နည်းပညာတွေလိုမယ်
    ပညာကို ကိုယ့်ဆီလက်ဆင့်ကမ်းနိုင်မဲ့လူတွေလိုတယ်
    အဲဒီပတ်ဝန်းကျင်ဟာ အချို့ အတွက်အလိုအလျောက်၇ှိနေပြီး
    အချို့ အတွက်တော့ကိုယ်တိုင်အားထုတ်ဖန်တီးမှ၇တယ်
    ပညာကကိုယ့်ဆီမလာ၇င်ကိုယ်ကပညာဆီသွား၇မှာပဲ


နင်ကငါ့ကို မျက်ရည်ကျအောင်လုပ်တယ်~~~
ဟုတ်လား တစ်သက်လုံးမကျေနပ်ဖူး ~~
ငါ့မင်္ဂလာဆောင် ကြရင် နင့်ကိုကြက်သွန်နီခွာခိုင်းမယ် he he~ xP


မုန်းပြီးဆိုရင် 1500 ကို 3000 ပေးလည်း
လှည့်မကြည့်ဘူး အချစ်ဆိုတာ BUS ကားလိုပဲ ထွက်သွားတဲ့
ကားနောက်ပြေးမလိုက်နဲ့မောတယ်ခဏစောင့် လိုက်
နောက်တစ်စီးလာလိမ့် မယ်..............ဟီး...စတာနော်......:P


အဖြူမြင်တိုင်း ထမင်မထင်နဲ
အ၀ါမြင်တိုင်ေ၇ွှမထင်နဲ
ပင်လယ်မှာ ခရု၇ိုသလို အချစ်မှာလည်း အတု၇ိုတယ်  ///


စာပို့သမားလေး G.mail ဟာ …….
စာပို့ရာတွင်အလွန်သေချာ ကိုသာဇံ Software သမား …………
Download လုပ်ဖို့သူကြိုးစား ....
ရဲသားကြီးက Kaspersky ……….
လူဆိုးဖမ်းရာတွင်တာဝန်ကျေသည်..
ဦးသာထူးက Hardware ဆရာ ………… နည်းပညာသစ်တွေသူလေ့လာ တိ.........
ပကတိတံတားကအ၇ပ်ဒေသတွေကို ဆက်သွယ်ပေးတယ် မေတ္တာတံတားက
နှလုံးသားတွေကိုပေါင်းကူးပေးတယ် မေတ္တာစိတ်ကိုယ်စီနဲ့
သတိ၇နေကြမယ်ဆို၇င် တစ်ယောက်နဲ့တစ်ယောက် ဘယ်လောက်ဝေးဝေး နီးနီးလေးပါဘဲကွယ်.....


ဘဲလား မနေ့ကပဲဆုံးတယ်....ဟင်...
ရည်းစား ဟုတ်လား...မနက်ဖန်ရက်လည်လေ....
ချစ်သူကိုတော့မမေးနဲ့....သူများတွေလုမှာစိုးလို့...ေ၇ခဲတိုက်ထဲမှာ..
.လုံလုံခြုံခြုံထားထားတယ်........
ဘာနင်ကငါ့ကိုချစ်လို့ဟုတ်လား ///////


ကြွေကျသွားတဲ.ပန်းကို
အရင်တိုင်းပြန်မရတော့လို.
ငါမုန်းသွားတဲ.နင်.ကိုဘယ်လိုလုပ်ပြန်ချစ်နိင်မှာလဲ??

ငါ့ကောင်းကင်ပြိုမှ.........
မင်းဘဝလှမယ်ဆိုရင်..........
ရင်ကိုစတေး..........
အရှုံးခံရင်း..........
မင်းပျော်ဖို့အတွက်.........
အလွမ်းမိုးတွေ......ရွာပေးအုံးမှာပါ။။။။။။။။။။။။။

၁၅၀၀ လည်းစိတ်မပါဘူး
၅၂၈ လည်းစိတ်မပါဘူး
၅၀၀၀တန်ပဲစိတ်ဝင်စားတယ်......ဟီးး

မိန်းမတွေကိုစိတ်ကုန်သွားပြီ
ဖေဖေ့လိုလူပျိုကြီးပဲလုပ်တော.မယ်...:P


ငါမသိ ငါမ၇ှိပါ လာကြည့် ငါ့မာတိကာ


ချစ်သူမရှိတော့ဘူး
အသစ်ရှာမချစ်တော့ဘူး
နောက်ထပ်မတွေ့တော့ဘူး
နင်စိတ်ချမ်းသာဖို့ရည်ဆူး . .. ။



မင်းရင်ခွင်သာဆိပ်ကမ်းတစ်ခုဆိုရင်
အပြီးအပိုင်ဒိုင်ဗင်ထိုးဆင်းလိုက်မယ်.........
နစ်လိုကနစ်တော့သေလိုကသေတော့အသက်မထွက်ရင်ကျေနပ်ပြီး.........




လူတိုင်းမှာအားနည်းချက်တွေရှိတယ်ပေါ့။
ဒါပေ မယ့်လေ အကောင်းဆုံးမဟုတ်တောင်
အဖြည့်ခံလေးဆိုကျေနပ်ပါတယ်လေ။ မယုံချင်နေပါပျက်ရယ်မပြုပါနဲ့လေ။



.ပြောကြပါပြောကြပါ ပြောမဲ့သူမရှိတော့စိတ်ညစ်တယ်စိတ်ညစ်တယ်............


အလွမ်းပြေမလားလို့ သူ့နာမည်လေး တိုးတိုးတိတ်တိတ်
ရေရွတ်လိုက်မိပါတယ်
ရင်ဘတ်တစ်ခုလုံး ၀ုန်းဒိုင်းကြဲအောင် ပို လွမ်းသွားတယ်


ဆုတောင်းတိုင်းသာပြည့်မယ်စိုရင်လေ...........
လိမ်လည်မာယာများသောသူများနှင့် ကွေ့ကွင်းရပြီး အဖြူရောင်
နှစ်လုံးသားပိုင်ရှင်များနှင့်သာ တွေ့ဆုံရပါလို၏ အရှင်ဘုရား


လူတွေကပြောတယ် ကမ္ဘာပေါ်မှာ အချစ်..
ရှိမှပြည့်စုံမယ်တဲ့.. ငါ…အင်္ဂါဂြိုလ်မှာသွားနေရင်ကောင်းမလား…
လူသားအားလုံးကပြောတယ် အချစ်ကဘ၀မှာ မရှိမဖြစ်တဲ့..
ငါ…ကျောက်ရုပ်တစ်ရုပ်ပဲဖြစ်လိုက်ချင်တော..........


.တ်ာပြီဘာမှမေ၇းတော့ဘူး......   :p


အဟားးးးးးးးးးးငါဒီနေ့ သိပ်ပျော်နေတယ်........ငိုနေရလို့ .......


ငါနင့်ကိုချိုးရအောင် နင်ကသစ်ကိုင်းလား?
အသည်းကွဲရအောင် ငါက ရင်ခွဲရုံကလည်းမဟုတ်ဘူး
မြူဆွယ်တိုင်းပါရအောင် နင်ဦးနှောက်မရှိဘူးလား?
ရင်ခုန်လားတဲ့ ရင်မခုန်ရင်သေမှာပေါ့ နင်ရူးနေလား?


၁ နဲ  ၁ ပေါင်းတော့ ၂ ဖြင်တယ်
မင်းနဲံ ငါနဲ ပေါင်းတော့ ဘာလို ၃ ဖြင်သွားတာလဲဟ ..
စဉ်းစားကျနေပါလား....? :P



နိဟောင် … ကြည့်ရှောင် … တွေးပူချိ …
ဘေးလူသိ … ရှဲရှဲနီ … အသည်းစွဲသည် …
ကမ်းပေး … အလှမ်းမဝေး” “ဝဲလ်ကမ်း …
အကဲစမ်း … ဟောင်းဒူး ယူဒူး …
မတောင်းဘူး မယူဘူး … သင့်ခ်ယူ …
နင့် အပူ စီးယူ ဂွတ်ဘိုင်”


နေ့မှာ.....နေမင်း......
ညမှာ.......လမင်း.......
ငါ့ရဲ့g.talkမှာ......မင်း


လွမ်းပြေမလားလို့ သူ့နာမည်လေး
တိုးတိုးတိတ်တိတ် ရေရွတ်လိုက်မိပါတယ်
ရင်ဘတ်တစ်ခုလုံး ၀ုန်းဒိုင်းကြဲအောင် ပို လွမ်းသွားတယ်


ငါအနားက လူ
အယောက်(၁၀၀၀)ဖြတ်သွားရင်တောင်
မင်းခြေသံကိုမှတ်မိနေတုန်းပဲ
ဘာဖြစ်လို့ဆိုတော့ (၉၉၉)ယောက်က
မြေကြီးကိုနင်းသွားပြီး.....
မင်းကတော့ ငါ့ရင်ဘတ်ကို နင်းသွားလို့ပဲ.........


မရဘူးကွာ..ချစ်မှာပဲ...
အသည်းကွဲလည်းချစ်မှာပဲ...
ရည်းစားရှိရင်ခေါက်ထားလိုက်...
စေ့စပ်ထားရင်ဖျက်သိမ်းလိုက်...
လက်ထပ်ထားရင် ကွာရှင်းလိုက်....
ကိုယ်ဝန်ရှိရင်ဖျက်ချလိုက်..............
ကလေးရှိရင်ပြန်ပေးလိုက်.....................



အခုရှင်းစရာ၇ှိတာကို ခဏလေးမှ၇ှင်း
ခဏလေးမမှ ရှင်းစရာ၇ှိတာကို  နောက်မှရှင်း
နောက်မှ၇ှင်းစရာ၇ှိတာကို ၇ှင်းချင်မှ၇ှင်း
လေတွေသမဖောနဲ သောကများလို
စောမြတောင် ခံနိုင်မှာမဟုက်ဘူး


အမ..အမ...
အမက အပျိုလားဟင်..
“အင်”.... ပေါ့မောင်လေးရယ်....ခိခိ



ဟုက်လိုလား ဟုက်ရဲ့ လား
ရိုးရိုး ရှင်းရှင်းပြောပါ ကွာ
နင်မကြေးနပ်တော့ရင် ထာခဲ့လိုက်ပါ
ကြည့်ဖြူနေမှာပါ
ငါနင်လို ရည်စားများများမထက်ခဲ့တော့
စာတွေမတတ်လဲဘဲ
ငါမင်းကို ရူးရူးမှုးမှုး ချစ်ခဲ့တာပါ




မိုက်လား မိုက်လား မိုက်လား မိုက်လား
မိုက်တယ်  မိုက်တယ်  မိုက်တယ် မိုက်တယ်
စွတ်မိုက်မနေနဲ လွတ်ပါလိုက်မယ်
စောက်ရမ်း ခဲံပြီဲး အလိုက်မသိတဲ့မင်းကို
နှစ်ပိုင်ချိုးပြီး သွားကြားထိုကြည့်မယ်
အ၇ှင်ပြေလို  လာမ၇ိလိုက်နဲ့ 
ဆွဲဖိလိုက်လို မ၇ီးတောင် ခံနိုင်မှာမဟုက်ဘူး



ပိုးဖလန်လို လူမျိုးက
မီးကိုမကြောက်ပေမဲ့
မင်းလို မိန်းကလေးမျိုးက
ယောကျာင်္တွေကိုမကြောက်ဘူးပေါ့
ကြည့်လဲ လုပ်ပါအုန်း
တော်ကြာ အုပ်လိုက်တတ်လာလို
စုက်ပျက်သက် သွားအုန်းမယ်



x-----xx----xx---xx- ဘာမှမရေးထားဘူး
ဆက်မဖတ်နေတဲ့ အူကြောင်ကြောင်နဲ
ဘာကောင်မှန်းကိုမသိဘူး.............


ငါနှစ်လုံးသားရဲ့  တစ်နေရာမှာ chatting  ထိုင်ပြီး
ငါရဲ့ အချစ်တွေကို  download ဆွဲပြီင်္း
မင်းလိုချင်တာ၇မှ ချန်ခဲ့တာမျိုးကျတော့
မင်းအရမ်းရက်စက်တယ်ကွာ...............
ပိုက်ဆံချေးပြီး ပြန်ဆပ်ရန်မလိုသည့် သူငယ်ချင်းများ အလိုရှိသည်။


(တစ်) ယောက်တည်းကိုပဲ ချစ်တယ်။
(နှစ်) ယောက်မရှိတဲ့ အချစ်မျိုးနဲ့ပေါ့။
(သုံး) နေကျစကား မဟုတ်ဘူးနော်။
(လေး) လေးနက်နက်နဲ့ကို ချစ်တာပါကွာ။
(ငါး) ဆူမြောက်ဘုရား ပွင့်တဲ့အထိလည်း ချစ်နေဦးမှာပါ။
(ခြောက်) ကပ်နေတဲ့ ကိုယ့်ဘ၀ထဲမှာ
(ခုနစ်) ရက်ပတ်လုံး လွမ်းနေရလို့
(ရှစ်) ခိုးတဲ့ အချိန်လေးမှာတောင် သတိရမိနေပါတယ်
(ကိုး) ကွယ်တာကလည်း အချစ်မှ အချစ်တစ်ခုတည်းပါ။
(တစ်ဆယ်) သက်တစ်ဆယ်ကမာ ချစ်သွားမယ်ဆိုတာကို ယုံကြည်ပေးလိုက်ပါကွာ။


အချစ်ဆိုတာ...
သိပ်နူးညံ့ပြီး ဆန်းကြယ်တယ်
တစ်စုံတစ်ယောက်ကို ချစ်မိသွားတဲ့အခါ အဲဒီခံစားမှုက ဘာနဲ့မှ မတူဘူး။
သူ့မျက်နှာကို နောက်ဆုံးမြင်ယောင်ပြီးမှ အိပ်စက်ခြင်းကို ရောက်သလို သူ့မျက်နှာကို အရင်ဆုံးသတိရပြီးမှ နိုးထတဲ့အဖြစ်ဟာ
အချစ်မှာပဲ ရှိတယ်။


သင်ဟာ ငြိမ်းချမ်းနေတယ်။ ပျော်ရွှင်နေတယ်။ ကြည်လင်ရွှင်လန်းနေတယ်။ ကိုယ်ချစ်တဲ့ အလုပ်ကို လုပ်နေတယ်ဆိုရင် သင်ဟာ အောင်မြင်နေတဲ့သူပါ။


မြင်တိုင်း လာလာ Add ကြပြီး မေးတော့ မဖြေချင်ကြဘူး။
ဘယ်သူလဲလို့ မေးရင် လူလေ လူလေနဲ့
ဒီမှာဟေ့ကောင်..... ဘယ်တိရစ္ဆာန်မှ Online မတက်ဘူးကွ။
မေးတာ မကျေနပ်ရင် Block သာလုပ်လိုက် ၀မ်းမနည်းဘူး။
လူပါးလာမဝနဲ့။


ကျလိုက်တဲ့ ကွန်နက်ရှင်း
စိတ်ဓာတ်နဲ့ အပြိုင်ပါပဲလား။


သတိ... နတ်ကြီးသည်။
ဂွကြီးကြီးနှင့် ကျပ်ပါ။
မကျပ်တတ်လျှင် နတ်ပြုံးမည်။
နတ်ပြုံးလျှင် ပြန်ရယ်ပြလိုက်ပါ။


အကြောင်းမညီညွတ်လို့ နှာခေါင်းဆီဆွတ်ကာ ဘောင်းဘီချွတ်ပြီး ဒီစာကို ရေးလိုက်ပါတယ်။


အဆင်ပြေလို့ စိတ်ချမ်းသာနေတာ မဟုတ်ဘူး။
စိတ်ချမ်းသာလို့ အဆင်ပြေနေတာ။


အင်တာနက် ကွန်နက်ရှင်းတွေ ကောင်းတဲ့နေ့မှာ မင်းကို ချစ်တယ်လို့ ဖွင့်ပြောမယ်။

အိပ်မက် တစ်ပွဲပေးပါ..
မျှော်လင့်ချက် များများထည့်…
အတိတ်ဆိုးတွေ မထည့်နဲ့…
အနာဂတ် ရွှဲရွှဲလေးဆမ်းကွာ…
ခံစားချက်ကိုထည့်ရင် ဒီအတိုင်းမထည့်နဲ့…
ကတ်ကြေးနဲ့ ပါးပါးလေးညှပ်ထည့်…
ကဲ… ဘယ်လောက်ကျလဲ???


သူရဲ့အပြောမှာ ရင်ခုန်သည်…
တစ်နေ့လုံး ဒီအတိုင်း Chat ချင်သည်…
အကြင်နာချစ်စကား ပြောခွင့်ပေးပါ အတည်….
သူ Block မှာလည်း စိုးရိမ်သည်….
သူ Sign Out မှာ သိပ်ကြောက်သည်…
အခုတော့သိပြီ သူ့ကို Q မိပြီ….။


ထမင်းကလွဲရင် အကုန်ချက်တယ်…
Gtalk နဲ့ Chat မယ်…
G-mail နဲ့ Chat မယ်…
Yahoo နဲ့ Chat မယ်….
VZO နဲ့ Chat မယ်….
Pfingo ပြောမယ်…


ဒီမယ် မောင်ရင်…
ဒါ မြန်မာပြည်ကွဲ့… မင်းဘာသာမင်း အဌာရသ ၁၈ ရပ်ကို မိုးပျံအောင်ပဲတတ်နေပါစေ…
ဂွင်ရယ်… လမ်းကြောင်းရယ်… အထာရယ် သဘောမပေါက်လို့ကတော့ ဘိန်းမုန့်တောင် ဖုတ်ရောင်းလို့ မရဘူးမှတ်။


စကြာဝဠာကြီး ပျက်စီးသွားမယ်ဆိုရင်တောင် မင်းနာမည်စာလုံးလေးတွေက
ကိုယ့်နှလုံးထက်မှာ မပျောက်မပျက်ဘဲ ကျန်ရစ်နေခဲ့ပါလိမ့်မယ်…


အပျော်ကြိုက်ရင် ရင်ခုန်စရာမကောင်းဘူး…
အတည်ကြိုက်ရင် အသည်းကွဲတယ်…
ဖြစ်နိုင်မယ်ဆိုရင် အရာအားလုံးကို ကျောခိုင်းထားချင်တယ်….



ငါတို့က…
မလုပ်ဘူးဟေ့ဆိုရင် အစကတည်းက လုံးဝ မလုပ်ဘူးပဲ…
လုပ်ပြီဟေ့ဆိုရင်လည်း အိယောင်ဝါးပဲ….။


စိတ်ညစ်ပါ၏ အဘယ်ကြောင့်မသိ
အဖြေရှာကြည့်တော့ ဝေဒနာအတိ
သေချာညှိ အဆင်မပြေမှုတွေများပါဘိ
သေရွာကိုပဲ သွားချင်မိ။


အလွမ်းတွေကိုသာ ဆေးအဖြစ် သုတ်လို့ရမယ်ဆိုရင် ဒီကမ္ဘာကြီးတစ်ခုလုံးဟာ မင်းကိုလွမ်းတဲ့ အလွမ်းတွေနဲ့ ပြည့်နေတဲ့ကမ္ဘာကြီး ဖြစ်နေပါလိမ့်မယ်။ အာကာသထဲကနေ မင်းလှမ်းကြည့်တဲ့အခါ ကမ္ဘာကြီးပေါ်မှာ မင်းနာမည်ကိုတောင် မြင်တွေ့နိုင်မယ်ထင်ပါရဲ့။


ချစ်(ခြစ်)တာက ခဲတံ။
ခံစားတာက ပန်းကန်ပြား။
ကြေကွဲတာက ကြက်ဥ။
နာကျင်တာက ဓာတ်လိုက်လို့။
ရင်နာတာက မှောက်အိပ်လို့။
ကိုရင်တွေခုန်နေတာက ဘုန်းကြီးကျောင်းမှာပေါ့....။ :P

အတွေးစာသား (၂)
အချစ်နဲ့ အမုန်းဆိုတာ...
သုံးနဲ့လေးလို၊ ခေါင်းနဲ့ပန်းလို...
အမြဲဒွန်တွဲနေတတ်တာ အမှန်ပါ...
အချစ်ပြီးရင် အမုန်းလာမှာ အသေအချာပါပဲ...။

အတွေးစာသား (၃)
အခုတလော...
ငါ့အိပ်မက်တွေ အရမ်းထူးဆန်းတယ်။
မင်းမျက်နှာကို ကြွေးရှင်အမှတ်နဲ့ ညတိုင်း လန့်လန့်ပြီး နိုးနေမိတယ်။
ငါ့ရဲ့အချစ်ကြွေးတွေ မကျေသေးဘူးလားကွယ်...။

အတွေးစာသား (၄)
အချစ်တစ်ခုပဲ လိုတယ်တဲ့။
ဗိုက်ဆာတဲ့အခါ ငါတို့ ဘာစားကြမှာလဲ။

အတွေးစာသား (၅)
လျှို့ဝှက်တယ်ဆိုတာ မကောင်းပေမယ့် သိုသိပ်နိုင်ရတယ်....။
ဟန်ဆောင်တယ်ဆိုတာ မကောင်းပေမယ့် ထိန်းချုပ်တတ်ရတယ်....။
အေးစက်တယ်ဆိုတာ မကောင်းပေမယ့် တည်ငြိမ်ရမယ်လေ....။

အတွေးစာသား (၆)
လူတစ်ယောက်ကို မုန်းဖို့အတွက် သတ္တိလိုတယ်....။
ချစ်ဖို့အတွက်တော့ ရေစက်လိုတယ်....။
မေ့ဖို့အတွက်ဆိုရင်တော့ အချိန်တွေလိုတယ်....။

အတွေးစာသား (၇)
တိရစ္ဆာန်ရုံက မျောက်တွေများ... လုံးဝကို အငြိမ်မနေတတ်ကြဘူး။
ဟိုအကိုင်း ဒီအကိုင်း ကူးလိုက်၊ သန်းရှာလိုက်နဲ့ အလုပ်ကို ရှုပ်နေတာပဲ။
ဟော... အခုလည်း ကြည့်ဦး၊ ဒီစာကို ဖတ်နေပြန်ပြီလေ။

အတွေးစာသား (၈)
ငါဆိုတဲ့ကောင်ဟာ....
ရင်ဘတ်ကိုဖိရင် "I LOVE YOU" လို့ အော်တတ်တဲ့ အရုပ်ကလေးတစ်ရုပ်ပါပဲ။
အသက်တစ်ခါရှူလိုက်တိုင်း ငါ့ရင်ထဲမှာ "မင်းကိုချစ်တယ်" လို့ပဲ အော်နေမိတယ်။

အတွေးစာသား (၉)
ပိုက်ဆံချေးပြီး ပြန်ဆပ်ရန်မလိုသော သူငယ်ချင်းများ အလိုရှိသည်။

အတွေးစာသား (၁၀)
မင်းကိုလွမ်းလို့ ကျတဲ့မျက်ရည်တွေကို တမံဆည်လုပ်ပြီး ရေအားလျှပ်စစ်ထုတ်မယ်ဆိုရင် မင်းနေတဲ့အရပ် တစ်သက်လုံး မီးလင်းနေမှာပါ။

မင်းနဲ့ငါ ညှိလို့မရ၊ ရည်းစားသစ်ရှိလို့လား။
အပြင်သွားရင် သတိနဲ့သွား သတိနဲ့လာပြီး သတိနဲ့စား
စိတ်ပူတယ်သိရဲ့လား။
ငါ့ဘက်ကိုမကြည့်နဲ့ထား
မင်းပျော်ရင် ငါကျေနပ်တယ်၊
သေမလောက်ချစ်တာ သိရဲ့လား ........။

(၂)
လွမ်းလွန်လွန်းလို့
မျက်ရည်နဲ့ရိုက်တဲ့ ပါးပြင်တွေ
ဘယ်လောက်နာနေပြီဆိုတာ....
ချစ်သူတစ်ယောက် သိမှသိပါလေစကွယ် .........။

(၃)
အမှတ်တရ ဆိုသည်မှာ....
သိမ်းထားတတ်သူအတွက် အလွမ်းများသာ ဖြစ်သည်။

(၄)
နင်က ဂေါက်သီး၊
နင့်ရည်းစားက ဂေါက်တံ၊
နင့်အဖေက ဂေါက်အိတ်၊
နင့်အမေက ဂေါက်ကျင်း၊
နင်တို့တစ်အိမ်လုံး ဂေါက်ကွင်း။

(၅)
ပါးတိုင်းလည်း မနမ်းဖူးသလို
ညတိုင်းလည်း မလွမ်းမိဘူး။
လွမ်းမိတဲ့ညမှာ နမ်းမိတဲ့ပါးလေးကို
သတိရတယ်။

(၆)
ပြီးဆုံးသင့်လို့ အဆုံးသတ်ခဲ့ပေမယ့်....
တစ်ခန်းမရပ်နိုင်သေးတဲ့ ငါ့အချစ်တွေက....
တစ်ပင်တိုင်အလွမ်းနဲ့ နောက်ပိုင်းဇာတ်ထုပ်ကို....
မနိုင်မနင်း "က" လို့.....။

(၇)
အက်ဒီဆင်ကို ကျေးဇူးမတင်နိုင်ပါဘူး။
အခုလောလောဆယ် ဖရောင်းတိုင် တီထွင်ခဲ့သူကို ကျေးဇူးတွေ တင်နေရပါတယ်။

(၈)
ကိုယ့်ကို နားလည်တဲ့လူတစ်ယောက်ကို ရှာဖို့
ကိုယ်က သူ့နားလည်နိုင်တဲ့လူဖြစ်အောင် အရင်ဆုံး လုပ်ရလိမ့်မယ်။

(၉)
ချစ်နေတာက (၁) ယောက်၊
ကြိုက်နေတာက (၂) ယောက်၊
အိပ်မက်ထဲမှာက (၃) ယောက်၊
ကျူနေတာက (၁၀) ယောက်၊
ဒါပေမယ့် ဘယ်သူမေးမေး (မရှိဘူး)ပဲ....။

(၁၀)
အင်ဒိုနီးရှား........
မလေးရှား..........
ငါတို့နိုင်ငံကိုလည်း အမည်ပြောင်းမယ်.....
ရေမီးရှား။

(၁၁)
လောကကြီးမှာ ကြောက်စရာအကောင်းဆုံးက မိမိချစ်သူ၏ လိမ်ညာခြင်းကို ခံရသည့်အချိန် ဖြစ်သည်။
ထိုအချိန်တွင် အမုန်းသင့်ဆုံးသူသည် အညာခံရသော မိမိကိုယ်တိုင်ပင် ဖြစ်သည်။

(၁၂)
ငါသတိရတဲ့အချိန် မင်းလွမ်းချင်မှ လွမ်းမယ်။
ငါရူးလောက်အောင် သတိရတဲ့အချိန် မင်းအိပ်ချင် အိပ်နေလိမ့်မယ်။
ငါအရမ်းကို တွေ့ချင်နေတဲ့အချိန် မင်း အခြားတစ်ယောက်နဲ့ တွေ့ချင်တွေ့နေမှာပါ။

(၁၃)
အဆိုးများထဲက အကောင်းတော့ ရှိနိုင်မယ်။
အမြဲတမ်းကြီးတော့ မဆိုးနိုင်ပါဘူး။

(၁၄)
အားပေးဖော်ဆိုတာက အားငယ်တတ်သူတွေအတွက်ပါ။
ငါလိုအပ်တာက.....
ပေးဆပ်သူမဟုတ်ဘူး.....
မျှဝေတတ်သူပဲဖြစ်တယ်။

(၁၅)
နင်လေ... သတိရရင် ဖုန်းဆက်ပါအချိန်တိုင်း။
ညညဆိုဖုန်းမဆက်ပါနဲ့ မေမေဆူလိမ့်မယ်။


(၁)
အာဒမ်က ရွေးစရာမရှိလို့ ဧ၀ကိုချစ်တာပါ...
ငါက ရွေးစရာတွေ အများကြီးထဲက နင့်ကို ချစ်တာပါ...။

(၂)
မောင်ရေ....
အထင်တော့မလွဲလိုက်ပါနဲ့
E-mail စာများ ရောက်မလာခဲ့ရင်
မ ကိုလေ မငြိုငြင်ပါနဲ့နော်
မ တို့ မိန်းမသားဘ၀မှာ online တက်နိုင်ဖို့ရာ
connection ကောင်းဖို့ ဆုတောင်းနေရတာ။

(၃)
ဒီမှာဟေ့ကောင်...
မြင်တိုင်း လာလာ add ပြီး
မေးတော့လည်း မဖြေဘူး
တလူလူနဲ့
ဘယ်တိရစ္ဆာန်မှ အွန်လိုင်း မတက်ဘူး....။

(၄)
ချစ်သူအတွက်နော်...
1 ယောက်ထဲကို
2 လုံးသားနဲ့
3 သပ်ပြီး
4 နက်တဲ့
5 အချစ်ကို
6 သွေ့တဲ့
7 အားနဲ့
အ 8 ကို
9 ကွယ်ပြီး
10 ကမ္ဘာတိုင်အောင် ချစ်သွားမှာပါ....။

(၅)
မရသုခ သူ့ကိုများ
လူတိုင်းမေးကြ မကောင်းလှ
စိတ်ကိုထိခိုက် လူကိုသတ်
သူ့ရဲ့လက်နဲ့ ဘာမဆိုနှိုက်
နှိုက်တာက အသက်နော်
ဟဲ.. ဟဲ.... မှားမှာစိုးလို့။

(၆)
စာမှန်မှန်ကျက် ဦးနှောက်ပျက်
စာမှန်မှန်ကြည့် လေးလုံးဖြစ်
ကျောင်းမှန်မှန်တက် စာတွေခက်
ကျောင်းမှန်မှန်ပြေး စာမရေး
မတတ်ရင်ခိုးချ ပထမရ
ကျောင်းမှန်မှန်တက် ပိုက်ဆံထွက်...။

(၇)
အချစ်ဆိုတာ ကင်ဆာလိုပဲ...။
ရှိနေမှန်းမသိရဘူး။
သိတဲ့အချိန်ကျတော့ အမြစ်တွယ်နေပြီလေ။

(၈)
တစ်ယောက်နဲ့တစ်ယောက် မငဲ့ညှာရင်
အတူနေတဲ့ ဘ၀တစ်လျှောက်မှာ
ခရီးဆက်ဖို့မဖြစ်နိုင်ပါ။
တစ်ယောက်နဲ့တစ်ယောက် နားလည်ရင်
ဘာတွေပဲဖြစ်ဖြစ်
အတူကျော်ဖြတ်သွားနိုင်မှာပါ။

(၉)
မိန်းမကောင်းတော့ ယောက်ျားတစ်ထောင်၊
ရည်းစားတစ်ထောင် လင်ကောင်တစ်ယောက်၊
မေ မ-chat မေသာငတ် မေ့နေရာ လူမလပ်၊
မောင် မ-chat မောင်သာငတ် မောင့်နေရာ လူမလပ်၊
အဲဒါ အွန်လိုင်းဇာတ်....။

(၁၀)
ထာဝရထက် မင်းကိုငါ တစ်ရက်ပိုချစ်တယ်။
ဘယ်အချိန်ပဲဖြစ်ဖြစ် နင့်ကိုငါ လွမ်းတယ်။
နင့်ဘေးမှာ ငါမရှိပေမယ့်
ငါ့အလွမ်းထဲမှာ နင်အမြဲရှိတယ်။
ငါ့နှလုံးသားထဲမှာ နင်နေရာအပြည့်ယူထားတယ်။
(မှတ်ချက် - အပေါ်က စာသားတွေရဲ့ဘေးမှာ တင်ထားတဲ့ပုံက ဘီယာခွက်နဲ့ ဘီယာဘူးပုံ ဖြစ်ပါသည်)

(၁၁)
ဘေးနားမှာ ချစ်ရမယ့်လူ မရှိတော့တဲ့ အချိန်ကျမှ
အချစ်ဆိုတာကို နားလည်လာရတယ်။

(၁၂)
ကိုယ့်အနားရှိစေချင် ပေမယ့်
နီးနီးလေးနဲ့ ဝေး နေရတယ်နော်။
အရင်ကဇာတ်လမ်းလေး အတိုင်း
လမ်းဆုံ မှာ ရပ်နေတဲ့အခါ
ကြင်နာသူနှစ်ဦးဆုံနိုင်ရန် သီချင်းကိုဆိုကြမယ်။
လမ်းမခွဲကြေး ဆိုပေမယ့်
သံယောဇဉ် ကို ဖြတ်ကြရဦးမယ်။
ပျော်ရွှင်ခြင်းနိုင်ငံ ကို အတူသွားချင်ပေမယ့်
ဘာကြောင့်လဲ ဆိုတဲ့ မေးခွန်းတွေနဲ့အတူ
ရွက်လွှင့်ခြင်း လုပ်နေရဦးမယ်။
တကယ်ဆိုရင် အချစ်ပဲလိုတယ် ဆိုပေမယ့်
မင်းနဲ့ငါ ဟာ
လမင်းနဲ့ ပင်လယ် ပါ။


(၁)
ချစ်သူဆီကအပြန်
ဖိနပ်မှတ်လို့ ကောက်စီးလာတာ
ငါ့မာနတွေ ဖြစ်နေတယ်
တော်တော်တောင် ပါးနေပြီပဲ
ရှိပါစေတော့ ချစ်နေတာကို....။

(၂)
အရည်အသွေး မပြောင်သေးခင်
ကလေးက လှောင်
ခွေးက ဟောင်သည်
အမောင်ဒီတွက် စိတ်မပျက်နှင့်
ရှေ့ဆက်ပြီးတော့ အလုပ်လုပ်....။
(အရှင် သုမင်္ဂလာလင်္ကာရ)

(၃)
Where ever you go ...
where never you do ..
I wait you right here waiting for you .....!

(၄)
အလန်းဆုံးည
အလင်းဆုံးကြယ်
ဘဝရဲ့နယ်ပယ်ကျယ်ထဲ
မကြောက်တမ်းပဲ လျှောက်ခဲ့တယ်
မလျှော့သော ဇွဲလုံ့လနဲ့
အောင်မြင်မှုပန်းတိုင်ကို
လှမ်းကိုင်အနိုင်ရတဲ့အချိန်မှာ
နွေးထွေးတဲ့ လက်တစ်စုံနဲ့
ဘဝကိုရင်ခုန်
ရသစုံကိုခံစား
ခဏလောက်တော့နားပါကွယ်....။

(၅)
All actions you do on everything is your morality.

(၆)
လူတစ်ယောက်မှာ နှလုံးသားဆိုတာ တစ်ခုပဲရှိတယ်၊
အချစ်ဆိုတာလည်း တစ်ယောက်တည်းအတွက်ပါပဲ....။

(၇)
ကျလိုက်တဲ့ငွေဈေး
ကုန်ဈေးနှုန်းလေးများ အဲဒီလို ကျလိုက်ပါလားကွယ်။

(၈)
အချစ်ဆိုတာ DOTA ခုတ်တာလောက် ပျော်ဖို့ ကောင်းလို့ လား.............?
NEED 4 SPEED လောက်ရော ရင်ခုန်ရလို့ လား.......................?
COUNTER STRIKE လောက် ပြင်းထန်လို့ လား........................?
နေစမ်းပါ....
LOVER လုပ်မယ့်အစား
GAMER ပဲ လုပ်တော့မယ်........။

(၉)
မင်းသိသလိုမထင်ပါနဲ့
မင်းတွေးသလိုမမြင်ပါနဲ့
ယိုင်နဲ့သွားမယ့် အချစ်မဟုတ်ဘူး...။

(၁၀)
ှငါ့ထက် ခွင့်လွှတ်တတ်သူကို တွေ့ခဲ့ရင်
ငါ့ကို..... စွန့်ခွာသွားပါ။
ငါ့ထက် တမ်းတတတ်သူနဲ့ ဆုံမိခဲ့ရင်
ငါ့ကို..... မေ့ထားခဲ့ပါ။
ငါ့ထက် သံယောဇဉ်ကြီးသူကို ခလုတ်တိုက်မိခဲ့ရင်
ငါ့ကို..... ချန်ထားခဲ့ပါ။

(၁၁)
အချစ်ဆိုတာကို စာလုံးပေါင်းတတ်ဖို့နေနေသာသာ
အချစ်ဆိုတဲ့ စကားလုံးကိုတောင် မင်းနဲ့တွေ့မှ
ပထမဆုံး ကြားဖူးခဲ့ရတာပါ....။

(၁၂)
အချို့သောအရာတွေမှာ...
အရာအားလုံးကို သိနားလည်တာထက်
ဘာမှမသိတာမျိုးက ပိုကောင်းတတ်ပါတယ်။
အဲ... မသိချင်ယောင် ဆောင်နေရတာမျိုးကတော့ နည်းနည်းကသိကအောက် နိုင်တာပေါ့ဗျာ။

(၁၃)
Gtalk သာမရှိခဲ့ရင်...
မင်းနှလုံးသားနဲ့ ငါ့နှလုံးသားကို
ဘယ်တံတားနဲ့ ဆက်သွယ်ရမလဲလို့ တွေးနေမိတယ်။

(၁၄)
ချစ်ရမှာကို ကြောက်တယ်တဲ့လား?
ကြောက်လို့တော့ မချစ်လိုက်ပါနဲ့နော်...။

(၁၅)
လိပ်လိုနှေးတဲ့ အင်တာနက်ကိုစီးပြီး ကမ္ဘာ့ရွာကိုပတ်နေရတာ ဖြစ်တဲ့အတွက် မင်းဆီအရောက် နောက်ကျနေခဲ့ရင် နားလည်ပေးပါနော်


(၁)
ကုန်းကောက်ခေတ်တွင်
စာဆိုရှင်ဂေါက်ကြီးသည်
ခွေးဇာတ်ခင်းကဗျာကို
ဗရမ်းဗတာရေးဖွဲ့ကာ
ပေါက်လွတ်ပဲစားဂုဏ်တို့ဖြင့်
ကျက်သရေတုံးစွာ စီကုံးရေးဖွဲ့ထားပါသည်....။

(၂)
နားလည်ပေးရလွန်းလို့လည်း.......
နားရွက်တောင် ရှာမတွေ့တော့ဘူး .....။

(၃)
တကယ်ပြောတာ...
ရည်းစားတစ်ယောက် အလိုရှိပါသည်။
အရည်အချင်းကတော့ ချစ်တတ်ရမည်.....

(၄)
စာဆိုရင် မုန်းလွန်းလို့
ငါ့အိမ်ခေါင်မိုးပေါ်က စာသိုက်ကိုတောင်
တုတ်နဲ့ ထိုးချပစ်လိုက်တယ်...
အေးရော..........။

(၅)
မင်းတို့အလှည့်
မိုးတွေရွာထား
ငါ့အလှည့်ကျ
မိုးကြိုးပါ ပစ်ချမယ်....။

(၆)
အမာသည် အပျော့မဟုတ်
အဖြူသည် အမည်းမဟုတ်
အဖြောင့်သည် အကောက်မဟုတ်........။
အမာကိုလည်း မပျော့စေနဲ့
အဖြူကိုလည်း မမည်းစေနဲ့
အဖြောင့်ကိုလည်း မကောက်စေနဲ့.........။

(၇)
လွမ်းလွန်လွန်းလို့
လွမ်းကဗျာတစ်ပုဒ်ကိုရေးမိ
လွမ်းကြောင်းမပီပြင်
လွမ်းရသမမြောက်ပေမယ့်
လွမ်းလို့စပ်တဲ့ကဗျာ
လွမ်းတာကိုသိစေကြောင်းမို့
လွမ်းနေတာကို
လွမ်းရသူတစ်ယောက်သိရင်
လွမ်းရကျိုးနပ်ပါပြီ။

(၈)
ခွဲခွါချိန်မရောက်ခင်
ကွဲကွာခဲ့ရတော့......
ပျော်ရွှင်မှုတွေ ဆိတ်သုန်းသွားတယ် ...။

(၉)
လာပါအချစ်ရယ်.....
ဖဲသွားရိုက်မယ်...
ဘောပွဲလောင်းမယ်...
၂လုံးထီထိုးမယ် ကြည်နူးဖွယ်...
ထီကြီးပေါက်ဖို့ ရည်စူးရွယ်ကာ ဘုရားကိုတက်.....
ကန်ဘောင်မှာ တူတူထိုင်ကာ ၃လုံးကိုတွက်......
Oh Yes, Oh Yes.

(၁၀)
ကျွန်တော်တို့က ကိုယ်လုပ်နေတဲ့အလုပ်ကို
ဒါပြီးသွားရင် ငါ့တာဝန်ကျေပြီလို့ပဲ
လွယ်လွယ်ကူကူ သတ်မှတ်လိုက်ကြတယ်...
ကိုယ် လုပ်ပေးလိုက်တဲ့အလုပ်ကို တစ်ဘက်လူက
ကျေနပ်နှစ်သက်မှု အပြည့်အ၀ရှိရဲ့လား ဆိုတာကိုတော့
ပြန်လည်ဆန်းစစ်ဖို့ သတိမရတတ်ကြဘူး.....။

(၁၁)
အချိန်တန် ပြန်သွားလည်း
ကိုယ်တိုင်က ဒီအတိုင်းပဲ
လူဆိုတာက ဧည့်သည်တွေပဲလေ
ဆုံလာချိန် ခဏလေးထဲ မငြိုငြင်ရက်ဘူးကွယ်
(ကိုယ်မငိုချင်ပါဘူးကွယ်)
ကိုယ်နိုင်သလောက် အလျှော့ပေး ချစ်ချင်တယ်....။

(၁၂)
ဥုံ
Money Money
Come Come....

(၁၃)
နာကျင်တယ်ဆိုတာ....
ဒဏ်ရာ အကြီးအသေးပေါ်မှာ မူမတည်ပါဘူး။
ဘယ်လောက် ရင်းနှီးမြှုပ်နှံထားသလဲဆိုတဲ့ အပေါ်မှာပဲ မူတည်ပါတယ်.....။

(၁၄)
သင့်ဖက်ကသာ အစစ်အမှန်တွေကို ပေးမယ်ဆိုရင်....
ကံတရားကလဲ သင့်ကို ချန်ထားမှာမဟုတ်ပါဘူး.....။

(၁၅)
အခွန်မဆောင်ရတိုင်း လာမကြောင်နဲ့။
ပါမစ်မတင်ရတိုင်း လာမရစ်နဲ့။
လေပေါတယ်ဆိုတိုင်း လာမဖောနဲ့။
ကူညီသလိုလိုနဲ့ လာမကျူနဲ့။
မကျေနပ်လို့ တိုင်လိုက်ရင် နတ်ကိုင်လိမ့်မယ်။
(မှတ်ချက်။ အင်တာနတ်)



မြန်မာပြည်သည် အလွန်ပျော်စရာကောင်းသော နိုင်ငံတစ်ခုဖြစ်ပါသည်။
မီးလာလျှင် ပျော်ရသည်။
ရေလာလျှင် ပျော်ရသည်။
အင်တာနက်ကွန်နက်ရှင်း ကောင်းလျှင်လည်း ပျော်ရသည်။

ချောတာတွေ လိုချင်ရင်
မင်းသားတွေ ရှိတယ်.....
ပိုက်ဆံရှိတာ လိုချင်ရင်
သူဌေးသားတွေ ရှိတယ်.....
အပြောချိုတာ လိုချင်ရင်
ပွဲစားတွေရှိတယ်.....
ချစ်တာကိုမှ လိုချင်ရင်
ငါပဲ ရှိလိမ့်မယ်ချစ်သူ.....။

နောက်ထပ် ထပ်မဆုံချင်သူများကို block ပါမည် ..
ဆုံဆည်းသည့်ကံ ကုန်သည်ဟု သဘောထားပေးပါ ....။

Money grows on tree.
(လိုက်ဆို... အကြိမ် ၃၀၀၀၊ ကျွန်န်ုပ်တို့သည် မြန်မာပြည်တွင်နေသည့် မြန်မာများပီပီ... မြန်မာပြည်အင်တာနက်ကို သည်းခံ၍သုံးစွဲပါမည်)

အခြားတစ်ယောက်နဲ့ Q နေလို့ Busy ပြထားတာကို မသိဘူးမှတ်မနေနဲ့။း(

ချစ်တယ်လို့ ပြောတာကို စိတ်ဆိုးသလား။
အဲဒါဆိုလည်း နင့်ကို မုန်းတယ်... မုန်းတယ်.... မုန်းတယ်။ အကြိမ်တစ်ထောင် မုန်းတယ်။
အခုတော့ နင်ပျော်သွားပြီလား။း)

1 comments:

 

လပ်ကီးမြို့တော်