(၁) သကြား
အချိုစာတွေနဲ့ အခွံချွတ်ထားတဲ့ ကာ ဗိုဟိုက်ဒရိတ်တွေက သွေးတွင်းသကြား ဓာတ်အဆင့်ကို မြှင့်တင်ပေးပြီး အရေ ပြားရဲ့ ကော်လာဂျင်နဲ့ အီလက်စတင် ပြန်လည် တည်ဆောက်မှုကို အနှောင့်အ ယှက်ဖြစ်စေပါတယ်။ အချိုရည်တွေ ဟာလည်း သကြားပါဝင်မှုများတဲ့ အရည် တွေ ဖြစ်လို့ ရှောင်သင့်ပါတယ်။
(၂) ပြည့်ဝဆီ
ပြည့်ဝဆီပါဝင်မှု မြင့်မားတဲ့ အစား အစာတွေက ရောင်ရမ်းမှုကို တိုးစေပြီး အသားအရေကို အိုမင်းစေနိုင်ပါတယ်။
(၃) အယ်လ်ကိုဟော
အယ်လ်ကိုဟောဟာ ခန္ဓာကိုယ် ကို ရေဓာတ်ခန်းခြောက်စေပြီး အရေ ပြားကို ခြောက်သွေ့နွမ်းခြောက်စေနိုင်ပါ တယ်။ အသည်းကလည်း အယ်လ်ကိုဟော ကို ချေဖျက်နေစဉ်မှာ အရေပြားကို အိုမင်း စေတဲ့ ဖရီးရယ်ဒီကယ်တွေ ထွက်လာစေ ပါတယ်။ တကယ်လို့ အရက်ကို ဆော်ဒါ အချိုရည်နဲ့ ရောသောက်ရင် အယ်လ်ကို ဟောနဲ့ သကြားဓာတ်ကို တစ်ပြိုင်နက် ရရှိစေတာကြောင့် အသားအရေကို နှစ်ဆ တိုးပြီး ထိခိုက်မှု ဖြစ်စေနိုင်ပါတယ်။
By Good Health









0 comments:
Post a Comment