မျက်နှာ- ပြုံးဖို့ကြိုးစားတိုင်း မျက်နှာတစ်ခြမ်းက ရွဲ့သွားသလား။
လက်မောင်း- လက်တွေကို မြှောက်ဖို့ ကြိုးစားတဲ့အခါ လက်တစ်ဖက်က နိမ့်သွားသလား။
စကားပြောခြင်း- စကားတစ်ခွန်းကို ထပ်ခါတလဲလဲ ပြောနေသလား၊ ပြောတဲ့စကားက ဝါးနေသလား၊ မပီမသ ဖြစ်နေသလား။
အချိန်- လေဖြတ်တဲ့ အတောအတွင်း မိနစ်တိုင်းက အရေးကြီးပါတယ်။
ဆေးကုသမှု အမြန်ဆုံးရရှိဖို့ အကူအညီတောင်းပါ။ လေဖြတ်နိုင်ခြေများတဲ့ အချက်တွေက သွေးတိုးတာ၊ အရင်က လေဖြတ်ဖူးတာ၊ ဆေးလိပ်သောက်တာ၊ ဆီးချိုသွေးချိုရောဂါရှိတာနဲ့ နှလုံးရောဂါရှိတာ စတဲ့ အချက်တွေ ဖြစ်ပါတယ်။ အသက်ကြီးတာနဲ့အမျှ လေဖြတ်နိုင်ခြေ ပိုမြင့်တက်လာပါတယ်။
By Good Health
0 comments:
Post a Comment