www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Sunday, May 19, 2013

ပျော်ရွှင်စွာ ပြုံးလိုက်ကြဦးစို့

လက်ဖွဲ့လက်ဆောင်
မင်္ဂလာဆောင်လက်ဖွဲ့အဖြစ်.....
ယောက္ခမကြီးက နပန်းသတ်ပုတ်နည်းစာအုပ်နှင့် ဒဏ်ကြေဆေး သုံးပုလင်းအားလက်ဖွဲ့ခဲ့သည်။
ကျွန်တော့်အဖေကတော့ မေတ္တာသုတ်စာအုပ်နှင့် ကွာရှင်းပြတ်စဲနည်း၊ ဥပဒေကျမ်းတစ်
စောင်လက်ဖွဲ့ခဲ့သည်။  အမေကတော့ ချက်နည်းပြုတ်နည်းပေါင်းတစ်ထောင်နှင့်” နင်လားဟဲ့လောကဓံ”
ဆိုသည့်စာအုပ်ကိုလက်ဖွဲ့သည်။။

...........................
    
 ကတ်ဖဲ့ဆစ်တဲ့ဖိုးထောင်

ဘုန်းကြီး- ရေအကျိုးဆယ်ပါး မတောင်းပဲပြည့်တယ်တဲ့။
ဖိုးထောင်- အကြွင်းမဲ့ ပြောဆိုတာမျိုး မဖြစ်နိုင်ပါဘူး။
ဘုန်းကြီး- ဘာလို့လဲဒကာရဲ့
ဖိုးထောင်- ဒီခေတ်မှာ နွားနို့ကုလား၊ ကြက်သားသည် နဲ့အရက်ရောင်းတဲ့သူတွေကို ချန်ပြီးပြောတာနေ
              မှာပါ။
  

    
................................................
နှစ်ပါးသွားလေး ကရအောင်

 ဘတ်စ်ကားပေါ်အတက်။
ကျပ်သိပ်ရသည့်အထဲ၊ စပါယ်ရာက အထဲသို့ အတင်းတိုးခိုင်းနေသည်။
     ”အထဲမှာ ၀ါသနာပါရင် နှစ်ပါးသွား ဖင်ထောင်ကလို့ ရတယ်ဗျာ တိုးကြစမ်းပါ၊  အချောင်ကြီးပဲ”။ လူကြီးတစ်ယောက်က မခံချင်ဖြစ်လာကာ
  ”အဲဒါဆို နောက်နေ့ မင်းဂျီးဒေါ်ကို ပါခေါ်လာခဲ့၊ ငါလဲဇာတ်ခေါင်း
ကွဲလာတာနဲ့ အတော်ပဲ နှစ်ပါးသွားလေး ကရအောင်လေ”။ ဟုပြောရာ စပယ်ရာ ပါးစပ်တိတ်သွား၏။


သက်သေ
အတန်းထဲတွင်ဖြစ်သည်။ ဆရာမက မေးသည်။
“ငါးလိပ်ကျောက်ဟာ ဘာဖြစ်လို့  ပြားပြားကြီး ဖြစ်နေရတာလဲ”
ပီတာလေးက လက်ညှိုးထောင်ပြီး ဖြေသည်။
“ဝေလငါးနဲ့ အိပ်လို့”
“ပီတာ၊ အခန်းထဲက ချက်ချင်း ထွက်သွားစမ်း”
ဤသို့ အမိန့်ပေးပြီး ဆရာမက ဆက်မေးသည်။
“ကျောက်ပုစွန်ရဲ့ မျက်လုံးတွေ ဘာဖြစ်လို့ ပြူးထွက်နေရတာလဲ၊ ဘယ်သူ သိကြသလဲကွယ်”
ပီတာလေးက နောက်ပြန်လှည့်ပြီး အော်ပြောသည်။
“ဒါတွေအားလုံးကို သူမြင်မိလိုက်လို့”
 ................................................

ဈေးလျှော့ယူခြင်း

လူငယ်တစ်ယောက် မိမိအပ်ထားသော ဖိနပ်ကို လာရွေးသည်။
ဖိနပ်ပြင်သမားကပြောသည်။
“ပြင်ခ ၂၀၀ ကျပါတယ်”
“နည်းလှချည်လား၊ ကျွန်တော်လာအပ်တုန်းက လေးရာကျမယ်ဆို”
“ခင်ဗျား ဖိနပ်တစ်ဖက် ပျောက်သွားလို့ပါ”

....................................................................

လူစကား
လူစကားပြောတတ်သော ကြက်တူရွေးကြီးကို မိန်းမကြီး ၀ယ်လာသည်။အိမ်ရောက်ရောက်ချင်း ကြက်တူရွေးကို ပြောသည်။
“ငါပြောတဲ့အတိုင်း လိုက်ပြောစမ်း၊ ကျွန်ုပ်သည် လူဖြစ်သည်။ လူစကားပြောတတ်သည်လို့”
ကြက်တူရွေးက အံ့သြတကြီး ပြန်မေးသည်။
“ အလိုလေး..ခင်ဗျားကလည်း လူစကား ပြောတတ်တယ်..ဟုတ်လား”


.........................................

0 comments:

Post a Comment

 

Popular Posts

Blog Archive

လပ်ကီးမြို့တော်