www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Sunday, May 19, 2013

နွားနို့စစ်စစ် လုံးဝ ရေမရောပါဘူးဗျာ

ဦးလေး ဘမောင်တစ်ယောက် ရွာစဉ်လှည့်လည်ပြီး နွားနို့ညှစ်ကာ မြို့ကဒိုင်မှာသွင်းရင် ရတဲ့ ငွေးလေးနဲ့မိသားစုကို ရှာဖွေကြွေးမွေးခဲ့သည်။ ဦးလေးဘမောင်အနေနဲ့ တစ်မနက်လုံး ရွာစဉ်လှည့်ပြိး နွားနို့ညှစ်မှ နို့ပုံးတစ်ဝက်သာသာလေးသာရတတ်သည်။ ဒါပေမဲ့ နွားနို့ပို့သမားတိုင်းလုပ်နေကြ သဘာဝအတိုင်း ရေလေးရောလိုက်ရင်ဖြစ် နို့ပုံးတစ်လုံးဟာ အသားလေးရစမြဲပေါ့။ ရေရောတယ်ဆိုပေမဲ့လည်း သူ့အချိုးအစားနဲ့သူ ရောရခြင်းမျိုးသာဖြစ်သည်။
          ဒီလိုနဲ့တစ်နေ့ ဦးလေးဘမောင် နွားနို့ညှစ်ပြီးပြန်အလာမှာတော့ တော်တော်လေး နေမကောင်းဖြစ်နေခဲ့တယ် .. ဦးလေး အနေနဲ့ဘယ်လိုမှ မြို့ကို မသွားနိုင်တဲ့အဆုံး တူတော်မောင် မောင်ဂျစ်တူး တစ်ယောက် ဦးလေးဘမောင်ပြောသည့်အတိုင်း နို့ပုံးကိုယူပြီးမြို့ကိုထွက်လာလိုက်တယ်။ လမ်းမှာ ကြည်လင်နေတဲ့ ရေကန်ကိုအရောက် ဦးလေးဘမောင်မှာလိုက်သည့်အတိုင်းပဲ ကန်ထဲဆင်းပြိး ရေ ၅ ခွက်ရောလိုက်သည်။ ပြိးတာနှင့် မြို့ကိုဆက်ထွက်လာခဲ့သည်။
          နွားနို့ဒိုင်အရောက်မှာ နို့ပုံးကိုထိုးပေးရင် ဦးလေးဘမောင်လွက်လိုက်သည်အကြောင်း ပြောကြာရသည်။ သို့ပါသော်လည်း နို့ဒိုင်ကဦးလေးကြီးက လူသစ်ဖြစ်နေ၍ရစ်နေတော့သည်။
          “မောင်ရင် မင်းနွားနို့က စစ်ကောစစ်ရဲ့လား ”
          “စစ်ပါတယ် ခင်ဗျ .. ရေလုံးဝကို မရောထားပါဘူး … နွားမကြီးက ညှစ်လို့ ရတဲ့ နို့အတိုင်းပဲ ယူလာတာပါ ခင်ဗျာ”
          “ဟား နွားမကြီးက ညှစ်လို့ရတဲ့အတိုင်းဆိုပါလား ကွ”
          ဒီအချိန်မှာပဲ နို့ချိန်နေတဲ့ကုလားလေးက …..
          “အကိုကြီး … အကိုကြီး နွားနို့ ပုံးထဲမှာ ငါးခုံးမနှစ်ကောင်ပါလာတယ် ….”
ဦးလေးကြီး မျက်လုံးပြူးသွားတယ် ….
          “ဟေ မောင်ရင် မင်းပြောတော့ နွားမကြီးကရတဲ့အတိုင်းယူလာတာဆို … ငါးခုံးမကကော နွားမကြီး ဗိုက်ထဲကလဲ ပါလာတာလား ”
          “အော် ဒါက ဒီလိုရှိပါတယ် ခင်ဗျာ ကျွန်တော်က လမ်းမှာ ချောင်းတွေကို ဖြတ်လာရတော့ ရေ၀င်ပြီး ငါးပါ .. ပါလာတာဖြစ်မှာပါ .”
          “အော် ဒါဖြင့် မောင့်ရင့်နွားတို့ကတော့ အစစ်ပဲပေါ့နော် ”
“ဟုတ်ကဲ့ အစစ်ပါပဲ ငါးခုံးမပါလာတာက လွဲရင်ပေါ့  အဟီး “

0 comments:

Post a Comment

 

Popular Posts

Blog Archive

လပ်ကီးမြို့တော်