www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Sunday, May 19, 2013

ကပ်ပါးရောဂါပိုး တစ်မျိုးကြောင့် မျက်ကပ် မှန် တပ်ဆင်သူများတွင် မျက်စိကွယ်နိုင်


ကပ်ပါးရောဂါပိုး တစ်မျိုးကြောင့် မျက်ကပ်မှန် တပ်ဆင်သူများတွင် မျက်စိကွယ်နိုင်မျက်ကပ်မှန် တပ်ဆင် သူတွေ အနေနဲ့ ဘုံဘိုင်ခေါင်းမှာ ရေတွင် ပါဝင် ရှိတတ်တဲ့ ကပ်ပါးပိုး တစ်မျိုးကြောင့် မျက်စိအမြင်အာရုံ ဆုံးရှုံးနိုင်ကြောင်း  သိပ္ပံ ပညာရှင်တွေက သတိပေးလိုက်ပါတယ်။
Acantha-moeba ခေါ်တဲ့ ကပ်ပါးရောဂါပိုးဟာ သုံးရေ၊ ချိုးရေ၊ ရေကူးကန်၊ ဖုန်မှုန့်နဲ့ ပင်လယ်ထဲမှာ တွေ့ရှိနိုင်ပြီး ဗြိတိန်နိုင်ငံသား ၃ ဒသမ ၇ သန်း အပါအဝင် တစ်ကမ္ဘာလုံးက မျက်ကပ်မှန် တပ်ဆင်သူတွေဟာ ကူးစက် ခံနေရပြီး နှစ်စဉ်နှစ်တိုင်း တချို့မှာ မျက်စိကွယ်သွားတယ်လို့ သိရပါတယ်။ အဲဒီကပ်ပါး ပိုးကောင်ဟာ မျက်ကပ်မှန်နဲ့ မျက်ကပ်မှန်ထည့်တဲ့ ဘူးထဲက ဘက်တီးရီးယားတွေပေါ်မှာ မှီခိုနေတတ်ပါတယ်။
ကပ်ပါးပိုးရှိတဲ့ မျက်ကပ်မှန်ကို မျက်လုံးထဲ ထည့်မိရင် မျက်ကြည်လွှာကို စားသွားပြီး ရောဂါပိုးတွေ ပေါက်ဖွားနိုင်ပါတယ်။ ရောဂါလက္ခဏာတွေ အနေနဲ့ မျက်စိ ယားတာ၊ မျက်ရည် ထွက်တာ၊ အမြင်ဝါးတာ၊ အလင်းရောင်ဒဏ် မခံနိုင်တာ၊ အပေါ်ပိုင်း မျက်ခွံမို့တာနဲ့ အလွန်အမင်း နာကျင်ကိုက်ခဲတာတွေ ပြတတ်ပါတယ်။ ရက်သတ္တပတ် အတွင်းမှာ အမြင်အာရုံ ပျက်စီးသွားနိုင်ပါတယ်။
မျက်ကြည်လွှာကို စားသွားတာကြောင့် မျက်ကြည် လွှာမှာ အမာရွတ်တွေ ဖြစ်ပေါ်လာပြီး မျက်စိရှေ့မှာ မြူနှင်းကျနေသလိုမျိုး မြင်တွေ့ရာမှ တဖြည်းဖြည်း မျက်စိ ကွယ်သွားနိုင်ပါတယ်။ မျက်ကြည်လွှာ ထည့်တဲ့ဘူးက ရေဘုံပိုင်ခေါင်းက ရေနဲ့ ဆေးကြောတာ ဒါမှမဟုတ် မျက်ကပ်မှန်ကို ရိုးရိုးရေနဲ့ ဆေးကြောတာ၊ မျက်ကပ်မှန်တပ်ပြီး ရေကူးတာ ဒါမှမဟုတ် ရေချိုးတာတွေဟာ ကပ်ပါးပိုး ဝင်ရောက်နိုင်ခြေ များစေနိုင်ပါတယ်။
မျက်ကြည်လွှာမှာ အမီးဘားရောဂါပိုး ကူးစက်တာမှ ကာကွယ်နိုင်အောင် မျက်ကပ်မှန်နဲ့ မျက်ကပ်မှန် ထည့်တဲ့ဘူးကို သန့်ရှင်းစွာ ထားရပါမယ်။ ပုံမှန်အသစ် လဲပေး ရပါမယ်။ အကယ်၍ မျက်ကပ်မှန်တပ်ပြီး ရေချိုးခဲ့မယ် ဆိုရင် မျက်လုံးကို အတင်း ပိတ်ထားသင့်တယ်လို့ ကျွမ်းကျင်သူတွေက အကြံပေးထားပါတယ်။



By Good Health

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်