www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Monday, May 20, 2013

ဟာသတိုများ

သူ့နေရာသူပြန်သွား

" ဟောဒီခွက်ထဲက ကျောက်ခဲလေးတွေဘယ်ရောက်ကုန်ပြီ လဲ "
" ဪ ..... အဲဒါကျောက်တုံးလေးတွေလား၊ ကျွန်တော်ကသောက်ရမယ့်ဆေးမှတ်လို့ ခုနကပဲသောက်လိုက်မိပြီ ဆရာမ "
" ဟောတော် ဒုက္ခပါပဲ။ အဲဒါရှင်သတိရလာရင် ပြဖို့ထားတာ။ ရှင့်ဆီးအိမ်ထဲက ခွဲထုတ်ထားတဲ့ဟာတွေရှင့် "




မေးမှသိတယ်

" မင်းတို့လင်မယား ပြန်ပေါင်းထုပ်သွားကြပြီလို့ကြားရတာ ၀မ်းသာတယ်ကွာ၊ နေ့ခင်းတုန်းကတောင် မင်းတို့အိမ်ရှေ့က ဖြတ်လျှောက်တော့ မင်းတို့လင်မယားနှစ်ယောက် ထင်းတွေအတူတူခွဲနေကြတာ တွေ့မိသေးတယ်ကွာ "
" ထင်းမဟုတ်ဘူး သူငယ်ချင်းရဲ့ ၊ အိမ်ထောင်ပရိဘောဂတွေ "



စနစ်တကျအသုံးပြုနည်း

" မနက်က၀ယ်သွားတဲ့ ယပ်တောင်က တစ်ခါနှစ်ခါပဲခတ်ရသေးတယ် စုတ်သွားပြီ ၊ ဘယ်လိုဖြစ်တာရတာလဲ "
" အသုံးပြုပုံမှားလို့ဖြစ်ပါလိမ့် မယ် ၊ ကျွန်တော်တို့ရောင်းတဲ့ ယပ်တောင်ဟာ လက်နဲ့ငြိမ်ငြိမ်လေးကိုင်ထားပြီး ခပ်စေချင်တဲ့အရာဝတ္တုကို ယပ်တောင်ရှေ့မှာ ဟိုဖက်ဒီဖက် ခပ်မြန်မြန်လှည့်ပေးရပါတယ်ခင်ဗျား "


ဟိုတစ်မျိုး ဒီတစ်မျိုး

" မောင်မင်းအနေနဲ့ ဘာပြောချင်သေးလဲ "
" ကျွန်တော်မျိုး ဘာပြောရတော့မှာလဲ တရားသူကြီးမင်းခင်ဗျာ ။ သူ့အခန်းထဲ ၀င်ခိုးတုန်းက တရားလိုဟာ အိပ်မောကျနေတာပါ ။ အခုကျတော့ သူ့အိမ်ထဲဝင်ခိုးတာ သေသေချာချာမြင်ပါတယ်လို့ ထွက်ဆိုနေပါတယ် "



ထင်တာကတခြား

" တရားခံက သူငယ်မကို ပွဲခင်းထဲက ခေါ်ထုတ်သွားပြီး လူရှင်းတဲ့နေရာရောက်မှ ပါသမျှလုယက်သွားတယ်ဆိုတာ ဟုတ်သလား "
" ဟုတ်ပါတယ် ၊ တရားသူကြီးမင်း "
" ဒါဖြင့်ရင် ပွဲခင်းပရိသတ်ထဲမှာတုန်းက ဘာဖြစ်လို့အော်ဟစ်အကူအညီ မတောင်းခဲ့တာလဲ "
" ကျွန်မနားကိုအသာကပ်ပြီး လက်ကုတ်ခေါ်သွားတုန်းက ဒီလိုလုပ်လိမ့်မယ် မထင်ခဲ့မိလို့ပါရှင် "



သိချင်လို့

" ဗျို့ အိမ်ရှင်တို့ ၊ တစ်ဆိတ်လောက်ခွေးကြည့်ပေးပါ "
" မစိုးရိမ်ပါနဲ့ ရဲရဲသာလာခဲ့ပါ "
" ခင်ဗျားခွေးက မကိုက်တတ်ဖူးလားဗျ "
" ကျွန်တော်လည်း အဲဒါကိုသိချင်နေတာ ၊ ဒီကောင်ကအခုမနက်မှ ၀ယ်လာတာလေ "


ပြင်ပအစားအစာ

" ဗျို့ဆရာသမား ၊ ဟိုလူသူ့မိန်းမကို မိကျောင်းကန်ထဲ တွန်းချနေတယ် ။ မြန်မြန်သွားကယ်ကြရအောင် "
" ဟင်း ..... တယ်ခက်တဲ့လူပဲ ၊ မိကျောင်းမွေးမြူရေးစခန်းမှာ ပြင်ပအစားအစာတွေ လုံးဝကျွေးခွင့် မရှိတာကို သူမသိလို့ထင်တယ် "


မပြောရဲလို့

တခါက သူငယ်ချင်း ၃ယောာက်ဟာ နယူးယောက်မြို့သို့ သွားလည်ကြသတဲ့ ..........

ဒီတော့ တည်းဖို့အတွက် ဟိုတယ်တစ်ခုရဲ့ ထပ် ၆၀ မှာ အခန်းတစ်ခု ဌားလိုက်ကြပါတယ်။

သူတို့တည်းတဲ့ ဟိုတယ်ရဲ့ စည်းကမ်းတစ်ခုက ည ၁၂ နာရီ ကျော်တာနဲ့ ဓာတ်လှေခါးပိတ်တယ်။

ဒီလိုနဲ့ သူငယ်ချင်း ၃ယောက်ဟာ တစ်နေ့တော့ ကားတစ်စီး ဌားပြီး မြို့ပြင်အထိ
လျောက်လည်ကြပါလေရော ရုပ်ရှင်ကြည့်ကြ၊ စတိတ်ရှိုးသွားကြ စသည်ဖြင့်
တစ်နေကုန် ပျော်ကြတာပေါ့။

ဒီလိုနဲ့ ညနက်လာတော့ သူတို့ ဟိုတယ်ကို ညသန်းခေါင်မကျော်မီ ပြန်မှ
ဓါတ်လှေခါးမီမယ်ဆိုတာ သတိရလာကြတယ်။

ဒါပေမယ့် အချိန်က နှောင်းသွားပြီ၊ သူတို့ ပြန်ရောက်ရောက်တော့ ည ၁၂နာရီ ကျော်နေပြီ။

ဒီတော့သူတို့အခန်းရှိရာ သူတို့ထဲက အထပ် ၆၀ ကိုရိုးရိုးလှေခါးက
တက်ဖို့ကလွဲလို့ တခြားနည်းလမ်းမရှိတော့ပါဘူး။

ဒီတော့ သူတို့အထဲက တစ်ယောက်ကအကြံပေးတယ်။

ဒီအတိုင်းလှေခါးက တက်နေတာ ထက်စာလျှင် ပထမအထပ် ၂၀ အထိ တစ်ယောက်က
ရယ်စရာပုံပြင် တွေပြော၊ နောက် အထပ် ၂၀ အထိ နောက်တစ်ယောက်က အသိအလိမ္မာ
တိုးပွားမယ့် ပုံပြင်တွေပြော၊ နောက် အထပ် ၂၀ အထိ နောက်တစ်ယောက်က
ဝမ်းနည်းစရာ ကောင်းတဲ့ ပုံပြင်တွေကို ပြောရင်း တက်သွားကြရအောင်လို့
အကြံပေးတော့ အားလုံး သဘောတူကြတယ်။

ဒါနဲ့ ပထမတစ်ယောက် ရယ်စရာပုံပြင်တွေပြောပြီး ရယ်ရင်းမောရင်းနဲ့ အထပ် ၂၀
အထိ ရောက်သွားတယ်။

နောက်တစ်ယောက်ကလည်း အသိအလိမ္မာတိုးပွားမယ့် ပုံပြင်တွေဆက်ပြောရင်းနဲ့ အထပ်
၄၀ ရောက်တဲ့အထိ ဘဲ၊ အခုတော့ နောက်ဆုံး ကျန်တဲ့သူက ဝမ်းနည်းစရာတွေ
ပြောရတော့မယ့် အလှည့်ပေါ့။

ဒီတော့ သူက အခုလို စပြောတယ် .............................. .

''ငါပထမဆုံး ပြောချင်တဲ့ ဝမ်းနည်းစရာ တခုကတော့ ငါတို့ အခန်းသော့ကို
ငါ့ကားထဲမှာ မေ့ကျန်ခဲ့တယ်'' တဲ့။

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်