www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Saturday, May 18, 2013

နေ့အလိုက် အချစ်ဗေဒင်

တနင်္ဂနွေ သားသမီး
ချစ်သူနဲ့ ညှိရနှိုင်းရ ခက်နေလား။ စိတ်ရှည်စမ်းပါ။ သူက ကိုယ့်ဘက်မှာ ရှိပြီးသားပါ။ သူလည်း နည်းနည် မူချင်တာပေါ့။ လွတ်လပ်စွာ မူခွင့်ပေးလိုက်နော်။ ကိုယ့်ဆန္ဒကို သူမုချ လိုက်လျောပါမယ်။ ကိုယ်က ထစ်ကနဲဆို စိတ်က ထွက်ပြီးသား။လုပ်ဆိုရင် ပြီးသွားမှ ကြိုက်တာ။ သူက ခပ်လေးလေး ရယ် အူကို ယားနေတာပဲ။ စိတ်ထိန်းနော်။လွှတ်မပေးလိုက်နဲ့။ သူက လူအေး လူနှေး ကိုယ်စိတ်တိုလည်း သူပြင်မှာ မဟုတ်ဘူး။သူ့လို အေးအေး လူလူ နေတတ်အောင် ကျင့်ပါ။ သူက စိတ်အေးလက်အေး နေတတ်သူ။ စဉ်းစားလွန်းသူ။ ကိုယ့်လို ရေဆို ခပ်ပြီးသားမှ ကြိုက်တဲ့ သူနဲ့က ရေရှည်မှာ ဘယ်နှယ့် လုပ်မလဲ။ သူ့အလိုအတိုင်း နေပြီး ကိုယ်ကြိုက်သလို နေမှ အဆင်ပြေမှာ။ ချစ်သူက တကယ် ချစ်ပါတယ်။ အေးတိအေးစက် နိုင်တာကို ပြင်ဖို့ မကြိုးစားနဲ့။ ကိုယ့်ကို ပိုပိုပြီး ချစ်ဖို့က ရွှေအိုရောင် အင်္ကျီလေး ၀တ်ပြီး ငါးမုန့် ကြော်စားရင်း ချစ်စကားလေးတွေ တ၀ကြီး ပြောပါ။ ကိုယ့်စကားကို နားထောင်ဖို့ အနောက်တောင် အရပ်ကို မျက်နှာမူလို့ ပီကေလေး ၀ါးပြီး ပြောပါ။ ကိုယ်မှ ကိုယ်ပဲ ဖြစ်နေပါလိမ့်မယ်။
ယတြာ။ ။ ချော့ကလက် တစ်တောင့်ကို နှစ်ယောက် အတူစားပါ။

တနင်္လာသားသမီး
ချစ်သူက အရမ်း ကြိုးကိုင်ချင်လို့ စိတ်ညစ်နေလား။ ဘာမဆို သူ့သြဇာ သက်ရောက်စေချင် နေတာပဲ။ ကိုယ့်ကို လွှမ်းမိုးဖို့ အမြဲ ကြိုးစားနေတယ်ဆိုတာ သိပြီးသားပါ။ ကိုယ်ကလည်း စကားနည်း ရန်စဲ အဖြစ်နေတာပါ။ သူပြောတာ အားလုံး နားထောင်ဖို့ ဆိုတာ ဖြစ်မှ မဖြစ်နိုင်တာ။ ကိုယ်ရူးချင် ယောင်ဆောင်တာ သူသိပါတယ်။ နဂါးမှန်း သိအောင် အမောက်လေးတော့ ထောင်ပြလိုက်ပါဦး။ နို့မို့ဆို သူက ကိုယ့်ကို အေးဆေးပါ ဆိုတဲ့ စာရင်းထဲ ထည့်ထားတာ။ သူက ကိုယ့်ကို ခေါက်ပြီး အိတ်ထဲ ထည့်ထားချင်တာ။ သူဘာပဲလုပ်လုပ် ထောက်ခံတာပဲ လိုချင်သူပါ။ သူက အတ္တသမား အစစ်နော်။ ကိုယ်နဲ့ ရေရှည်တော့ သိပ်မလွယ်တာ အမှန်ပါ။ ကိုယ်က ကိုယ့်အာရုံနဲ့ ကိုယ်နေရတာ ကြိုက်ပြီး သူက ရေရေလည်လည် လိုင်းပူး တတ်သူပါ။ သူလိုင်းပူးပေမယ့် ကိုယ်မပါဖို့ဘဲ လိုတာပါ။ ကဲ ချစ်သူနဲ့ ကျောချင်းကပ်ရာက ရင်ချင်းအပ်လို့ ချစ်ဖို့ လိုပြီနော်။ ဖါလူဒါလေး တစ်ခွက်ကို နှစ်ယောက်အတူ သောက်ရင်း စကားချိုချိုလေးတွေ ပြောပါ။ ကိုယ့်စကားနားထောင်ဖို့က အပွင့်နုပ်နုပ်လေးတွေပါတဲ့ အင်္ကျီလေး ၀တ်ပြီး မြောက်အရပ်ကို မျက်နှာမူပြီး စကားပြောပါ။ယတြာ။ ။ လက်စွပ်ဆင်တူလေး ၀တ်ပါ။

အင်္ဂါသားသမီး
ခရီးဝေး သွားနေတဲ့ ချစ်သူနဲ့ အဆက်အသွယ်ပြန်ရပါမယ်။ အဆက်အသွယ် မရလို့ စိတ်ညစ်နေ ရမှာပါ။ စိတ်ထဲမှာလည်း ဒွိဟဖြစ်ပြီး တွေးနေမိပါမယ်။ တောင်စဉ်ရေမရ လျှောက်စဉ်းစားတာ များလို့ အိပ်ရေးပျက်ပေါင်းလည်း များပါပြီ။ ဟိုလူက ဟိုဟာအကြံပေး၊ ဒီလူက ဒီဟာ အကြံပေးနဲ့ ဘာလုပ်ရမှန်းကို မသိတော့ပါဘူး။ ခုမှပဲ စိတ်ချမ်းသာရတာပါ။ ချစ်သူက သစ္စာရှိတာ ဟုတ်၊ မဟုတ်ကတော့ စောင့်ကြည့်ရပါဦးမယ်။ ယာယီစိတ်အေးတာလား။ အမြဲတမ်းအတွက် စဉ်းစားတာလား သိဖို့လိုပါပြီ။ ကိုယ်ကလည်း တစ်အုံနွေးနွေးနေရတာကို အူယားတာနဲ့တော့ ဟုတ်နေပါပြီ။ စိတ်တွေ သိပ်ပူမနေပါနဲ့။ အချိန်တန်ရင် အဖြေ ထွက်လာမှာပါပဲ။ ချစ်သူက နေစိမ့်တာပဲ ဖြစ်ပါတယ်။ ချစ်သူရဲ့ အချစ်တွေကို အဆုံးရှုံး မခံနိုင် ဘူးဆိုရင် အ၀ါနုရောင် စက္ကူလေးနဲ့ သူ့ကို စာရေးလိုက်ပါ။ ကော်ဖီလေး သောက်ရင်း ရေးဖို့ မမေ့ပါနဲ့။ ကိုယ့်စကား နားထောင်ဖို့က ရေမွှေးဘူးလေး လက်ဆောင်ပေးလိုက်နော်။
ယတြာ။ ။ မုန့်လင်မယား တစ်ခုကို တစ်ယောက် တစ်ခြမ်းစားပါ။

ဗုဒ္ဓဟူးသားသမီး
ချစ်သူကို စိတ်ပျက်ရမယ့် အချိန်ပါပဲ။ ရည်ရွယ်ချက်၊ ရည်မှန်းချက် ကင်းမဲ့ပြီး ပျော်သလို နေတတ်သူပါ။ ကတိတွေ လွယ်လွယ် ပေးတတ်သလို လွယ်လွယ်မေ့တတ်တော့ စိတ်ပျက် ရပါတယ်။ ကိုယ့်စိတ်က အမြဲတမ်း ကြိုးစားနေတာကိုပဲ လိုချင်တာပါ။ ဟိုယောင်ယောင်၊ ဒီယောင်ယောင် လုပ်တာကို သိပ်အူယားပါတယ်။ သူက အပြောတစ်မျိုး၊ အလုပ်တစ်မျိုးဆို တော့ ဘယ်လို နားလည်ရမှန်း မသိတော့ပါဘူး။ အခြေအနေလေး တိုးတက်လာမလားလို့ သူ့ကို ဆွဲဆောင်ကြည့်တာလည်း အလကားပါပဲ။ ကိုယ်ပြောရင်တော့ တစ်ခါမှ ခေါင်းမခါ ခဲ့ပါဘူး။ ဘယ်တော့မှလည်း လေးလေးစားစား မလုပ်ပါဘူး။ ရေရှည်ကို ဘယ်လို လက်တွဲ ရမှာပါလိမ့်။ မလွယ်တော့ မလွယ်ဘူးနော်။ ကိုယ်က ရည်မှန်းချက် ပန်းတိုင် ထားတတ်သူ။ သူက ပေါ့ပေါ့ နေတတ်သူ။ ခံစားချက်၊ ခံယူချက်ချင်း မတူပါဘူး။ ကဲ ချစ်သူလေးနဲ့ ကြည်နူးမှုတွေ ဝေဖြာနေဖို့ အနီရောင် အင်္ကျီလေးဝ တ်ပြီး ပဲပြုတ်၊ နံပြား အတူတူစားရမယ် နော်။ ကိုယ့်စကားကို နားထောင်ပြီးရင်း နားထောင်ဖို့က သနပ်ခါး ဘူးလေး လက်ဆောင် ပေးလိုက်ပါ။ ယတြာ။ ။ ချစ်တီးတိုရှည်တစ်ချပ်ကို နှစ်ယောက်အတူစားပါ။



ကြာသာပတေးသားသမီး
မျှော်လင့်ထားတဲ့ တစ်ယောက်က ချစ်ခွင့်ပန်လာလို့ အရမ်း ပျော်ရွှင် ကျေနပ်ရပါမယ်။ သူက ကိုယ့်ဘ၀အတွက် လမ်းပြကောင်းပါ။ ကိုယ့်ဘ၀ကို မြင့်သထက်မြင့်အောင် ဆွဲငင် ခေါ်ယူနိုင်စွမ်း ရှိသူဖြစ်လို့ မျှော်လင့်ခဲ့ရတာပါ။ ခုမှပဲ လောကကြီးရဲ့ ပန်းရောင်စုံလေးတွေ ပွင့်သွားတော့တယ်။ ချစ်သူရဲ့ ဖေးမမှုနဲ့ကိုယ့်အနာဂတ်ကို ပုံဆောင်ဖို့ တွေးပြီးပျော်နေမိမယ်။ အင်မတန် စည်းစနစ်ကျပြီး အရည်အချင်း ပြည်ဝတဲ့ ချစ်သူကို လေးစားနေမိတာ ကြာပါပြီ။ ရည်ရွယ်ချက်ကြီးကြီးနဲ့ ကြိုးစားတတ်သူဖြစ်လို့ သူပြောမယ့် အချိန်ကို စောင့်မျှော် နေခဲ့မိတာပါ။ ကိုယ် သူ့အပေါ် မေတ္တာရှိ တာလည်း သူသိပါတယ်။ ဘ၀ရဲ့ တန်ဖိုး အထားရဆုံး အရာလေးပါပဲ။ ကဲ ချစ်သူက ချစ်ပြီးရင်း ချစ်နေဖို့တော့ လိုတယ်နော်။ အဲဒီအတွက် အရှေ့အရပ်ကို မျက်နှာမူပြီး ချစ်သူနဲ့အတူ နို့အေးလေး အတူ သောက်ပေးပါ။ ခရမ်းနုရောင် အင်္ကျီလေးဝတ်လို့ နှင်းဆီပန်းလေးဆောင်ထားပြီး မြောက်ဘက် အရပ်က ဘုရားမှာ ချစ်စကားလေးတွေ တ၀ကြီး ပြောပေးရင် ချစ်သူက ကိုယ့်စကားကိုမှ နားထောင်ချင်ပါတယ်လို့ ဖြစ်သွားပါလိမ့်မယ်။ယတြာ။ ။ ချစ်သူရဲ့အင်္ကျီ ကြယ်သီးလေးကို ကူတပ်ပေးပါ။

သောကြာသားသမီး
ခဲလေသမျှ သဲရေကျရတဲ့ အဖြစ်ပါ။ ကိုယ်ကတော့ မျက်စိစုံမှိတ်လို့ ချစ်လိုက်ရတာ။ သူက လူရွေးပွဲ ကျင်းပနေတာပါ။ဟိုတစ်ယောက်ကိုလည်း လက်မလွှတ်၊ ဒီတစ်ယောက်ကိုလည်း စဉ်းစား၊ ကိုယ့်ကိုလည်း မျှောထားနဲ့ တစ်ခုမှကို လက်မလွတ်ပါဘူး။ ကိုယ်ကတော့ အဟုတ်ကြီး မှတ်လို့ မျှော်လင့် စောင့်စားနေတာ။ သူများ သတင်းပေးတုန်းက ထင်မထားမိခဲ့ဘူး။ ကိုယ်တိုင်တွေ့မှပဲ ယုံလိုက်ရတော့တယ်။ သူ့လို လူအတွက် လုံးဝ မခံစားပါနဲ့။ ကိုယ်က မေတ္တာစစ်နဲ့ ချစ်တတ်သူပါ။ သူ့ကိုလည်း ကိုယ့်လိုပဲ ယူဆခဲ့မိတာပါ။ ခုတော့ သူက သူငယ်ချင်းလိုလို၊ မိတ်ဆွေလိုလိုနဲ့ ကိုယ့်ကို ကပ်လိုက်ခွာလိုက် လုပ်နေပါမယ်။ မျှော်လင့်ချက်တွေ တစ်ပြုံကြီးပေးတုန်းကလည်း သူပါပဲ။ မသိသလို သိသလို လုပ်နေတာလည်း သူပါပဲ။ အခုတော့ သဲသဲကွဲကွဲ သိရပါပြီ။ အချစ် က မီးလိုပူတယ်လို့ ယူဆထားတဲ့သူပါ။ ခုချိန်မှာ သောကဖြာ နေရပေမယ့် ရေရှည်မှာတော့ စိတ်ချမ်းသာရပါမယ်။ ချစ်သူက ချစ်သထက်ချစ်နေစေဖို့ သာကူယိုကို နှစ်ယောက်အတူစားပေးပါ။ ကိုယ်ပြောတဲ့ စကားတွေကို တသဝေမတိမ်း နားထောင်ဖို့က တောင်အရပ်ကို မျက်နှာမူပြီး ဇီးယို စားပြီး စကားပြောပါ။ ယတြာ။ ။ နှစ်ခွက်ပေါင်းမှ တစ်ခွက်ဖြစ်တဲ့ေ<ကခွက်ကို တစ်ယောက် တစ်ခွက်စီ ခွဲသုံးပေးပါ။

စနေသားသမီး
ကိုယ်စဉ်းစားနေတဲ့ သူက လူလွတ် မဟုတ်မှန်းသိလို့ အံ့သြသွားလား။ ကိုယ့်ကိုယ်လည်း သူက စိတ်ဝင်စား နေတာပါ။ ကိုယ့်ဆီကို စင်ကူးဖို့ ကြိုးစားနေသူပါ။ ဒါပေမယ့် ကိုယ်က ဒါမျိုးကို လုံးဝ လက်မခံတတ်တဲ့ သူမှန်း သူမသိလို့ပါ။ ရိုးသားမှုကို အင်မတန် မြတ်နိုးတတ်တဲ့ ကိုယ့်အတွက် သူ့အကြောင်းကို သိတဲ့နေ့က စပြီး ရင်ထဲက ထုတ်ပစ်ဖို့ ကြိုးစားမိမှာပါပဲ။ ကိုယ့်ပတ်ဝန်းကျင်မှာ ကိုယ့်ကို နှစ်သက်တဲ့ တခြားသူတွေ ရှိနေပါသေးတယ်။ ကြိုက်ရာကို ရွေးယူလို့ ရပေမယ့် ကိုယ့်မူရင်း စိတ်က ကိုယ့်ရင်က လှုပ်ရှားသူကိုပဲ ခံစားမိပါမယ်။ ခုတော့ အချစ်က ယိုင်နဲ့နဲ့လေးပဲ ကျန်ပါတော့တယ်။ သူ့ကို မတွေ့မိအောင် ဂရုစိုက်ပြီး ရှောင်နေပေမယ့် စိတ်ကတော့ တားဆီး ပိတ်ပင်ဖို့ ခက်နေပါမယ်။ သူ့ကို ရင်ထဲက နှစ်သက်ခဲ့မိတဲ့ အတွက် ရှက်လည်းရှက်၊ ၀မ်းလည်း နည်းမိပါတယ်။ မုန်းဖို့ထက် မေ့ဖို့ကိုပဲ ကြိုးစားနေမိမှာပါ။ အနောက်တောင် အရပ်ကို မျက်နှာမူပြီး မု့န်ဟင်းခါး အ၀စားပေးပါ။ သူ့ကိုမေ့လို့ ရလာပါမယ်။ အဖြူရောင် အင်္ကျီဝတ်ပြီး ဗုဒ္ဓဟူးနံ၊ အင်္ဂါနံပါတဲ့ ဘုရားကို သွားပြီး အဓိဋ္ဌာန်တင်ပါ။
ယတြာ။ ။ ပါပလာ ၃ ချပ် ၀ယ်စားပါ။

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်