www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Saturday, May 18, 2013

ရသေ့ဗေဒင်

ရသေ့ဗေဒင်တဲ့ သူငယ်ချင်းတို့ရေ အပျော် စမ်းကြည့်ပေါ့...ဥာဏ်စမ်းလေး အတိုင်းပဲ တွက်ရတာ ပျော်စရာကောင်းပါတယ်...
ပုံပြင်စာအုပ်တစ်ခုထဲမှာ တွေ့လို့ အဆင်ပြေသလို ပြန်ကူးရေးတင်ပေးထားတာပါ...ဖတ်ကြည့်လိုက်ပေါ့နော်..
ကိုလပ်ကီးက ကော်ပီကြီးများ ကူးတင်တယ်လို့ အပြစ်ပြောလည်း ခံရမှာပဲ….ကျွန်တော်က ဗေဒင်ဆရာမဟုတ်တော့ ဗေဒင်လည်း မတွက်တတ်ပါဘူး…သူများရေးထားတဲ့ဟာလေးတွေကိုပဲ အဆင်ပြေသလို ပြန်ရေးတင်ပေးရတာပါ….

အိမ်နေကိုပျိုး
ထမ်းပို့တက်လေ
ငါးတွေကိုနှောက်
မြှောက်လော့မေတ္တာ
ထိုခါနှောဦး
ဆတ်သွားဖူးနှင့်
အထူးလျှို့ဝှက်
လူ့အသက်တည့်။
တစ်ချက်ထို့နောင်
နံသင့်ဆောင်၍
သင့်အောင်ပေါင်းနှုတ်
ကြိုးအားထုတ်မှု
အဟုတ်အမှန်
ထွက်လိမ့်တည်း

1.    အိမ်နေကိုပျိုး ဆိုခြင်းကြောင့် အိမ်မှာ ရှိနေတဲ့ အရေအတွက်နဲ့ စတင်ပြီး လုပ်ရမယ်.....
ကျောင်းသား ဆိုရင် အတန်းထဲမှာ ရှိတဲ့ ကျောင်းသား အရေအတွက်နဲ့ စမ်းပေါ့….(ဒါမှ ပိုပျော်ဖို့ကောင်းမှာ)
အခု အတန်းထဲမှာ ကျောင်းသား 45 ယောက်အနေနဲ့ စမ်းပြမယ်နော်….

2. ထမ်းပို့တက်လေ ဆိုခြင်းကြောင့်  ရေးထားတဲ့ဂဏန်းကို နှစ်ဆလုပ် (လေးဆိုရင် ရှစ်၊ ရှစ်ဆိုရင် 16 ပေါ့)
အပေါ်မှာ 45 နဲ့ စမ်းပြမှာဆိုတော့ 45 နှစ်ဆ ဆိုတော့ 90 ပေါ့…..

3. ငါးတွေကိုနှောက်ဆိုခြင်းကြောင့်  ငါးဂဏန်း ပေါင်းထည့်…
စောစောက 90 ကို ငါးပေါင်းတော့ …95…

4. မြှောက်လော့မေတ္တာ ဆိုခြင်းကြောင့် မေတ္တာနှင့်မြှောက်…(“မေတ္တာ” ဆိုတဲ့ အက္ခရာက ကြာသပတေးဆိုတော့ 5 “တ” ဆိုတဲ့ အက္ခရာက စနေဆိုတော့ 0 …နှစ်ခုပေါင်းတော့ …50 )
95 ကို 50 နှင့်မြောက်တော့ 4750…

5. ထိုခါနှောဦး၊ ဆက်သွားဖူး ဆိုခြင်းကြောင့် ဆက်သွားဖူးဆိုတဲ့ 365 ဂဏန်း နှင့် ပေါင်း
4750 ကို 365 နှင့်ထပ်ပေါင်းတော့ 5115

6. အထူးလျှို့ဝှက်၊ လူ့အသက်တည့်။ ဆိုခြင်းကြောင့် မိမိရဲ့ အသက်နဲ့ပေါင်း
အခုတော့ အသက်12 နဲ့ ပဲ တွက်ပြမယ်…
5115 ကို 12 ပေါင်းတော့ 5127

7. တစ်ချက်တို့နောင်၊ နံသင့်ဆောင်၍၊ သင့်အောင်ပေါင်းနှုတ် ဆိုခြင်းကြောင့် 615 ကို နှုတ်
အပေါ်မှာ ရထားတဲ့ 5127 ထဲက 615 ကိုနှုတ်တော့  4512 ရတယ်…
အရှေ့မှာ ရှိတဲ့ 45 က အတန်းထဲမှာ ရှိတဲ့ ကျောင်းသားဦးရေပေါ့…အနောက်က 12 ကတော့ အသက်…

ကဲ သူငယ်ချင်းတို့ရေ…မိမိရဲ့ သူငယ်ချင်းတွေကို…ငါ မင်းအတန်းမှာ  ရှိတဲ့ ကျောင်းသားဦးရေနဲ့….မင်းအသက်ကို..မင်းမပြောပဲနဲ့ တွက်ပြမယ် ဒါမှ မဟုတ် မင်းအိမ်မှာ ရှိတဲ့ လူဦးရေနဲ့ မင်းအသက်ကို မင်းမပြောပဲနဲ့ တွက်ပြမယ်ဆိုပြီး…..ဒီနည်းလေးနဲ့ တွက်ပြီး ပညာပြကြည့်ပေါ့လေ….
ကျွန်တော်ကတော့ ကျွန်တော့ အကျင့်အတိုင်း လေရှည်ပြီးတော့ သေချာရှင်းပြထားတယ်….ပျော်ချင်တဲ့ သူငယ်ချင်းတွေ ဒါလေးတွက်ပြီး ပျော်ပျော် တွက်ကြည့်ပေါ့လေ…

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်