www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Saturday, May 18, 2013

ပိုက်သာဂိုးရပ်စ်၏ နာမည် ဂဏန်းဟော ကိန်း

SATURDAY, 26 NOVEMBER 2011 00:00 HEALTHCAREပိုက်သာဂိုးရပ်စ်၏ နာမည် ဂဏန်းဟော ကိန်း
1=A,J,S
2=B,K,T
3=C,L,U
4=D,M,V
5=E,N,W
6=F,O,X
7=G,P,Y
8=H,Q,Z
9=I,R
ဥပမာ- "Dဖြိုး"ရဲ့ နာမည် ဂဏန်းကို ရှာမယ်ဆိုပါတော့။
D PHYOE
4 78765
4 33
4 + 6=10=1
“Dဖြိုး” ရဲ့နာမည်ဟာ ပိုက်သာ ဂိုးရပ်စ်ဂဏန်းတန်ဖိုးအရ (၁) ဂဏန်း ဖြစ်တယ်။
နာမည်ဂဏန်း(၁) စိတ်ကူးယဉ်မှုတွေ သိပ်များနေချိန် အပြောအဆို မှားယွင်းမှုတွေ ဖြစ်တတ် တာ ဂရုစိုက်။ လုပ်ငန်းတူပြိုင်ဘက်တွေ များနေမယ်။ မထင်မှတ်ထားတဲ့ ငွေတွေ ရတတ်တယ်။ ပြောင်းရွှေ့မှုမတင်မကျ ဖြစ်နေမယ်။ ကျန်းမာရေးအတွက် အင်္ဂါ နေ့နှင့် တနင်္ဂနွေနေ့မျိုးတွင် ဆံပင်ညှပ် ခြင်း၊ လက်သည်းညှပ်ခြင်းပြုလုပ်။ ထို ညှပ်စ၊ ဖြတ်စများကို အိမ်၏အနောက် အရပ်တွင် စွန့်ပစ်။ အချစ်ရေးကောင်း တယ်။
ယတြာ- ရဟန်းသံဃာများကို ဒံပေါက်ကပ်လှူ။
လာဘ်ရွှင်ဂဏန်း- ၄၊ ဝ၊ ၂။
နာမည်ဂဏန်း(၂)
လိုလျှင်ကြံဆနည်းလမ်းရတတ်ချိန်။ လုပ်ငန်းတူပြိုင်ဘက်တွေကြောင့် စိတ် ညစ်စရာကြုံမယ်။ လုပ်ငန်းသစ်ပြောင်းလဲ လိုတဲ့ဆန္ဒဖြစ်ပေါ်နေမယ်။ ဥပဒေနဲ့ မလွတ် ကင်းတဲ့ကိစ္စကို ရှောင်သင့်တယ်။ ကျန်းမာရေးညံ့နေတယ်။ အစားအစာများ ကို ရှောင်။ အစားမကြူးပါနှင့်။ တူနှစ် ကိုယ် နီးဖို့တော့ စောင့်ရဦးမယ်။ ယတြာ- လူကြီးမိဘများကို ကူညီ။ လာဘ်ရွှင်ဂဏန်း- ၃၊ ၁၊ ၂။
နာမည်ဂဏန်း(၃)
ဆင်ဖြူတော်မှီပြီး ကြံစုပ်ရချိန်။ ထူးခြားတဲ့ ကံဇာတာကြုံမယ်။ လူအများ ရဲ့ အာရုံစူးစိုက်မှုရရှိမယ်။ သိပ်ကံကောင်း လို့ မနာလိုသူတွေကြုံမယ်။ ဘာသာရေး ယုံကြည်ကိုးကွယ်မှု ပိုလုပ်။ ကျန်းမာရေး သင့်တယ်။ ကျန်းမာရေးကောင်းသည် ထက် ကောင်းစေဖို့ စောစောအိပ်။ စိတ် ရှည်ရှည်နေထိုင်စားသောက်သည့် အမူ အကျင့်ကို ပြုလုပ်။ နွားနို့သောက်သုံးပေး သင့်တယ်။ ဂဂျီဂဂျောင်ကျတဲ့ ချစ်သူနဲ့ ဆုံမယ်။
ယတြာ- သီလရှင်တစ်ပါးကို ဖိနပ် လှူ။
လာဘ်ရွှင်ဂဏန်း- ၂၊ ၁၊ ၃။
နာမည်ဂဏန်း(၄)
ပွင့်ပွင့်လင်းလင်းပြောဆို လုပ်ကိုင် တတ်ချိန်။ အောင်မြင်မလိုနဲ့ အဖျားရှူး သွားတတ်တယ်။ စိတ်ရှည်ရှည်ထားပြီး လုပ်သင့်တယ်။ လုပ်ငန်းသစ်၊ စိတ်ကူး သစ်တွေရရှိမယ်။ ရပ်ဝေးသွားလာမှု အဆင်ပြေမယ်။ ဖျားနာမှုကြုံပါက ချက်ချင်းကုသမှုခံယူ။ ဝေဒနာသေးသည် ဆိုပြီး ပေါ့လျော့မှု မပြုပါနှင့်။ ဆေးမြီးတို နှင့် ကုသခြင်းကိုရှောင်။ တတ်သိနားလည် သူနှင့် ပြသ။ ချစ်သူရဲ့ မပြတ်သားမှုကို ခံရမယ်။
ယတြာ- ကလေး (၃)ဦးကို မုန့် ကျွေး။
လာဘ်ရွှင်ဂဏန်း- ၁၊ ၂၊ ၄။
နာမည်ဂဏန်း(၅)
ရင်းနှီးခင်မင်ထားသူတွေရဲ့ အထင် ကြီး လေးစားမှုခံရချိန်။ တန်ဖိုးကြီးပစ္စည်း တစ်ခုကောက်ရလိမ့်မယ်။ စီးပွားဥစ္စာတိုး တက်ဖို့ လူမျိုးခြားတစ်ဦးကူညီလိမ့်မယ်။ ရပ်ဝေးဒေသက လက်ဆောင်ရလိမ့်မယ်။ ကျန်းမာရေးပိုမိုကောင်းမွန်စေဖို့ အရည် ရွှမ်းတဲ့ အသီးအနှံများစား။ သက်သတ် လွတ် ၃ ရက် ဆက်စားကြည့်။ ဆီး၊ ဝမ်းမှန်အောင် ဂရုစိုက်။ ကျန်းမာရေးသင့် တယ်။ အချစ်သစ်နဲ့ ရုတ်တရက်ကြုံမယ်။
ယတြာ- ခွေးစာ၊ ကြောင်စာကျွေး။
လာဘ်ရွှင်ဂဏန်း- ဝ၊ ၃၊ ၅။
နာမည်ဂဏန်း(၆)
မိုးသောက်ပန်းလေးတွေ ဖူးပွင့်ဝေ ချိန်၊ ပြိုင်ဆိုင်မှုကြားက အောင်မြင်မယ်။ မထင်မှတ်တဲ့ပြောင်းလဲမှုကြုံမယ်။ လူမျိုး ခြား ဘာသာခြား သတိထားဆက်ဆံ။ ဆင်ခြေကန်ပြီး အငြင်းသန်မှုကိုရှောင်။ ခေါင်းကိုက်၊ ဇက်ထိုးအကြောတက် ဝေဒနာမျိုး ခံစားရနိုင်တယ်။ ကျန်းမာရေး ကိစ္စလျှော့မတွက်နှင့်။ သေချာစွာ ဆေးဝါး ကုသ။ ကျန်းမာရေးအတွက် အလုပ်ကို ခြေမနိုင်၊ လက်မနိုင်လုပ်ခြင်းကိုရှောင်။ အချစ်ရေးသင့်တယ်။
ယတြာ- ကျောင်းကန်၊ ဇရပ် သန့်ရှင်းရေးပြုလုပ်။
လာဘ်ရွှင်ဂဏန်း- ၉၊ ၄၊ ၆။
နာမည်ဂဏန်း(၇)
ချီတုံချတုံကိစ္စရပ်များ ကြုံတွေ့ရချိန်။လုပ်ငန်းနှစ်မျိုး၊ သုံးမျိုး တစ်ပြိုင်တည်း လုပ်ရမယ်။ ရည်မှန်းချက်တွေ နှောင့်နှေး ပြီးမှ အောင်မြင်မယ်။ ဟိုလုပ်ချင်၊ သည် လုပ်ချင် ဖြစ်နေမယ်။ ခေါင်းအေးအေးထား ပြီး ဆုံးဖြတ်ရမယ်။ ကျန်းမာရေးညံ့နေ တယ်။ (အ) အသံထွက်သော ဆေးခန်း (သို့မဟုတ်) သမားတော်နှင့် ပြသ။ လတ် ဆတ် ပူနွေးသော အစားအစာကို သင့်တင့် ရုံစား။ တစ်ကိုယ်ကောင်းဆန်တဲ့ ချစ်သူနဲ့ လွဲပြီး လှပထူးဆန်းတဲ့ ချစ်ကမ္ဘာနဲ့ ကြုံ မယ်။
ယတြာ- တရားစာအုပ် (၃) အုပ် ပေးလှူ။
လာဘ်ရွှင်ဂဏန်း- ၈၊ ၅၊ ၇။
နာမည်ဂဏန်း(၈)
ဘဝ၏ အဓိပ္ပာယ်ကို ဖွင့်ဆိုရချိန်။ ဘဝအတွက် အောင်မြင်ပျော်ရွှင်မှုရဲ့ လျှို့ဝှက်ချက်ကို ဖွေရှာတွေ့ရှိမယ်။ သင့် အောင်မြင်မှုကို လူတကာထင်ကြေးအမျိုး မျိုး ပေးနေမယ်။ ကြိုးစားအားထုတ်မှုရဲ့ ရုပ်လုံးပေါ်လာမယ်။ ကျန်းမာရေးအတွက် ဘာသာရေးပိုလုပ်။ ဘာသာတရားကြောင့် ရောဂါကြီးကြီးမားမားမဖြစ်နိုင်။ လတ်ဆတ် တဲ့ ဟင်းသီးဟင်းရွက်စား။ မိသားစု ကျန်းမာရေးဂရုစိုက်။ အချစ်အတွက် စိတ်ပူရတတ်တယ်။
ယတြာ- သီလရှင်များကို ဆန်လှူ။
လာဘ်ရွှင်ဂဏန်း- ၇၊ ၆၊ ၈။
နာမည်ဂဏန်း(၉)
မျှော်လင့်ချက်များ ပြည့်ဝအောင်မြင် ချိန်။ အမြင်ကျယ်တဲ့အတွေးသစ်တွေရ မယ်။ ထူးခြားဆန်းပြားတဲ့ ကံတရားနဲ့ကြုံ မယ်။ ဘာသာရေးအဓိဋ္ဌာန်တစ်ခုလုပ်။ စကားပြောဆိုရာမှာ တိုးတိုးနဲ့မှန်မှန်ပြော။ကျန်းမာရေးအတွက် လမ်းလျှောက်။ အရိုးပါစားနိုင်တဲ့ငါးကလေးများစား။ အငံ၊ အစပ်လျှော့စား။ လူကြီးမိဘ၊ အကြီးအကဲ ဆရာသမားတစ်ဦး၏ ကျန်းမာရေးကို ဂရုစိုက်သင့်တယ်။ အချစ်ရေးမှာ နောင်တ ရစရာတွေနဲ့ ကြုံတွေ့ရလိမ့်မယ်။
ယတြာ- ပန်းသီး (၃) လုံးကပ်လှူ။
လာဘ်ရွှင်ဂဏန်း- ၆၊ ၇၊ ၉။

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်