www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Saturday, May 18, 2013

အလွယ်ဆုံး ဗေဒင်မေးနည်း

မျဉ်းကြောင်းမပါတဲ့ စာရွက်အဖြူ တစ်ရွက်ကိုယူပြီး အဲဒီစာရွက်ကနေ() လက်မ ပတ်လည်လောက် တိတိကျကျ ဖြတ်ထားတဲ့ စာရွက်ကလေး ()ရွက်ကို အရင်လုပ်လိုက်ပါ။ နောက်ပြီး ပထမစာရွက်မှာ ရေးချလိုက် ။ မောင်နီ နဲ့ လက်ထပ်ရင် အဆင်ပြေလိမ့်မယ် . . . လို့ ရေး။ ဒုတိယ စာရွက်မှာ မောင်ဖြူနဲ့ လက်ထပ်ရင် အဆင်ပြေလိမ့်မယ် . . . လို့ ရေး။ တတိယ စာရွက်မှာ ဘာမှ မရေးဘဲထား။ ပြီးရင် စာရွက်တွေ အားလုံးကို တိတိကျကျ “မဲလိပ်” ဖြစ်သွားအောင် လိပ်လိုက်။ ပြီးရင် သန့်ရှင်းတဲ့ ဗူး ၊ ခွက်တစ်ခုထဲမှာ အားလုံးကိုထည့်။ ဘုရားစင်ရှေ့ကိုသွားပြီး “မှန်ကန်သော အဖြေကျပါစေ” လို့ ဆုတောင်း။ (စကားဖြတ် ပြောရဦးမယ် ၊ ဘုရားကို ဗေဒင်မေးတယ်လို့တော့ သွားမလုပ်လိုက်နဲ့နော်။ မြင့်မြတ်တဲ့ နေရာတစ်ခုကို ရွေးချယ်ဖို့က လိုရင်းဖြစ်တယ် ၊ အမှန်ကတော့ ဘယ်နေရာမှာ လုပ်လုပ် ဖြစ်တယ်။ ဒါပေမယ့် အိမ်သာထဲ လုပ်တာနဲ့ ဘုရားစင်ရှေ့လုပ်တာ ဘယ်ဟာပိုကောင်းလဲ) ဆုတောင်းပြီးရင် စာလိပ်တွေ ထည့်ထားတဲ့ ဗူးအ၀ကို လက်နဲ့ ပိတ်ပြီး အထက်အောက် အခါ ()ကြိမ်တိတိ လှုပ်ပြီး အထဲက စာလိပ်တစ်လိပ်ကို နှိုက်ပြီး ဖွင့်ကြည့်လိုက်ပါ။ အဲဒါ ခင်ဗျား သိချင်တဲ့ အဖြေပါဘဲ။ မောင်နီ နဲ့ သင့်ရင် မောင်နီ ထွက်လာမယ်။ မောင်ဖြူ နဲ့ သင့်ရင် မောင်ဖြူ ထွက်လာမယ်။ ဘယ်သူနဲ့မှ မသင့်ရင် စာရွက်အလွတ် ထွက်လာမယ်။ မလွယ်ဘူးလား။ ဒီထက် လွယ်တာတော့ မရှိတော့ဘူး။ ကလေး ကစားစရာလောက်ဘဲ ရှိတယ်။ ဒါပေမယ့် ကလေး ကစား စရာလို့ ထင်ရင် ကလေးကစားစရာဘဲ ဖြစ်သွားမယ်။ တကယ်ယုံကြည်ရင် တစ်ကယ်မှန်မယ်။ ဒီလို နည်းလမ်းနဲ့ - - ဒီနှစ်ထဲမှာ နိုင်ငံခြားထွက်ရင် ဟိုမှာ အဆင်ပြေမလား ၊ မပြေဘူးလား . . . ဆိုတာမျိုး။ - ဒီလူ့ကို ငွေချေးလိုက်ရင် ပြန်ရမလား ၊ မရဘူးလားဆိုတာမျိုး။ - လက်ရှိ အလုပ်ကနေ နောက်အလုပ်ကို ပြောင်းလိုက်ရင် ကောင်းမလား ၊ မကောင်းဘူးလား ဆိုတာမျိုး။ - အခုဖြစ်နေတဲ့ ကိစ္စဟာ ပေါ့ပေါ့ပါးပါး နဲ့ ပြီးသွားမလား ၊ ပြဿနာ ပိုကြီးလာမလား ဆိုတာမျိုး။ - အခု ကြည့်ထားတဲ့ အိမ် ၊ တိုက်ခန်း ၊ မြေကွက်တွေကို ၀ယ်သင့်မ၀ယ်သင့် ဆိုတာမျိုးတွေကို ကိုယ် ဉာဏ်သွားရင် သွားသလို မေးနိုင်ပါတယ်။ မေးတဲ့ အခါတိုင်း မေးခွန်း () နဲ့ စာရွက် အလွတ်တစ်ခု အမြဲပါရပါမယ်။ စာရွက်အလွတ်ကျရင် အခုကိစ္စဟာ မေးပုံမေးနည်း မမှန်ကန်တာကြောင့် ဖြစ်ချင်ဖြစ်မယ်။ ဒါမှမဟုတ် အခုလောလောဆယ် အချိန်မကျသေးတဲ့အခါမျိုး ဖြစ်တတ် ပါတယ်။ နောက်()ရက် ()ရက် ခွာပြီး ပြန်မေးရပါမယ်။ လုပ်ရတာ လွယ်တယ်ကွ” ဆိုပြီး ခဏခဏ မေးလို့တော့ မရဘူးနော်။ တစ်ရက်ကို မေးခွန်းတစ်ခုဘဲ မေးခွင့် ရှိပါတယ်။ တစ်ခါတစ်လေ မေးခွန်းတစ်ခုက ဆက်တိုက်မေးဖို့ လိုတာမျိုး ရှိတတ်ပါတယ်။ ဥပမာ - သူနဲ့ လက်ထပ်ရင် ကောင်း/မကောင်း ကို မေးကြည့်တာ ကောင်းတယ်လို့ အဖြေထွက်တယ်ဆိုပါစို့။ ဆက်ပြီး သိချင်တာက “ဒီနှစ်ထဲမှာ လက်ထပ်ရင် ကောင်းလား ၊ နောင်နှစ်မှာ မှ ကောင်းမလား” ဆိုတာ ဆက်မေးချင်ပေမယ့် “အောင့်” ထားပါ။ နောက်နေ့မှ ဆက်မေးပါ။ “လေးလေးနက်နက် သဘောထားမှ လေးလေးနက်နက် ဖြစ်ပါမယ်” ။ ပေါ့ရွှတ်ရွှတ် လုပ်ရင် ပေါ့သွပ်သွပ်ဘဲ ဖြစ်သွားပါမယ်။ ကဲ ဒါကတော့ ကိုယ်ဘဲဗေဒင်ဆရာ ၊ ကိုယ်ဘဲ ဗေဒင်မေးသူ ဖြစ်တဲ့ အလွယ်ဆုံး ကိုယ်တိုင် “စာချ” နည်းပါဘဲ။ ဘယ် ဘုံကျောင်း ၊ ဘုရားကျောင်းမှ သွားဖို့ မလိုတဲ့ နည်းပေါ့။ သွယ်ဝိုက်ပြီး အဖြေရှာစရာ မလိုဘဲ ကိုယ်သိချင်တာကို တိုက်ရိုက် သိနိုင်တဲ့ နည်းပေါ့။ လက်တွေ့ သုံးကြည့် ။ မှန်/မမှန် အမြန်ဆုံး သိနိုင်တဲ့ နည်းတစ်ခုခုနဲ့ စမ်းကြည့်။ မှန်/မမှန် လက်တွေ့ သိလိမ့်မယ်။ ဒါနဲ့ ပတ်သက်ပြီး ပြောရဦးမယ်။ ကျွန်တော့်ရဲ့ “လျှပ်တစ်ပြက်ဗေဒင်” ဗေဒင် အခန်းကဏ္ဍမှာ လူတစ်ယောက် ကွန်းမန့်ဝင်ရေးသွားဘူးပါတယ်။ ဆရာ့ဟာက မွေးသက္ကရာဇ်တွေမပါတော့ “မဲလိပ်နှိုက်သလို” ကျချင်ရာ ကျသလို ဖြစ်နေတာပေါ့ တဲ့။ ဟုတ်ပါပြီ။ ဒီတော့ ကျွန်တော်က ပြန်ဖြေ လိုက်ပါမယ်။ ကံစမ်းမဲဖောက်တဲ့ ပွဲတစ်ခုမှာ “ပထမ” ဆု မဲလိပ်ကို နှိုက်မိသွားတဲ့သူဟာ (ရမ်းသမ်းပြီး နှိုက်လိုက်တာ မှန်ပေမယ့်) ကံကောင်းမယ့် သူမို့ ဒီမဲလိပ်ကို ရသွားတာ မဟုတ်ဘူးလားဗျာ။ ကံမကောင်းမယ့်လူက ဒီမဲလိပ်ကို နှိုက်မိနိုင်ပါ့မလား။ မဲပေါက်ဖို့ကံ လုံးဝမရှိတဲ့လူက ပထမဆု မဲလိပ်ကို ဘယ်လိုနှိုက်နှိုက် မရနိုင်ပါဘူး။ နားလည်မယ် ထင်ပါတယ်။ အရာအားလုံးဟာ သူ့ဟာနဲ့သူ အနာဂါတ် အဖြေရှိပြီးသားပါ။ ဘာဖြစ်ရမယ်ဆိုတာ ကြိုတင် သတ်မှတ်ပြီးသားပါ။ ဒါကို နည်းလမ်းတစ်ခုခုနဲ့ ဖော်ထုတ်ကြတာပါဘဲ။ တစ်ချို့နည်းလမ်းတွေက ခက်ခဲတယ်။ တစ်ချို့လွယ်ကူတယ်။ လွယ်လွယ် / ခက်ခက် အဖြေမှန်ရဖို့က လိုရင်းပါ။ ကြိုက်ရင်သုံး ။ မကြိုက်ရင် မသုံးနဲ့ ။ ယုံကြည်ရင် သုံး ။ မယုံကြည်ရင် မသုံးနဲ့ ။ ကျွန်တော်ကိုယ်တိုင် “ဂြိုဟ်တွေ ၊ နက္ခတ်တွေ ၊ ဂဏန်းသင်္ချာတွေ” နဲ့ အဖြေရှာလို့မရဘဲ “အူချာလည်” နေတဲ့ အခါမျိုးမှာ ဒီနည်းလမ်းကို သုံးပါတယ်။ သူက ရှင်းလင်းပြတ်သားတဲ့ အဖြေကို ပေးနိုင်လို့လေ။

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်