သတင်းနှ့င့်ရသစုံလင်

လပ်ကီးမြို့တော်တွင် မြန်မာသတင်း၊နိုင်ငံတကာသတင်း၊ထူးဆန်းထွေလာ၊အားကစားသတင်း၊ကျန်းမာရေးကဏ္ဍ၊ဟာသလေးများ၊ကာတွန်းနှင့်ရုပ်ပြဟာသ၊ တရားတော်များ၊ဘာသာရေးကဏ္ဍ၊ချက်နည်းပြုတ်နည်း၊အလှအပနှင့်ဖက်ရှင်၊သရဲတစ္စေနာနာဘာဝ၊သိုင်းဝတ္ထုနှင့်စာအုပ်စာပေ၊gtalk custom message၊ ဗေဒင်ကဏ္ဍ၊ဗဟုသုတနှင့်အထွေထွေ..စသည်တို့ကို တစ်စုတစ်စည်းထဲ ဖတ်ရှုနိုင်ပါတယ်....

နည်းပညာများ

ကွန်ပျူတာနည်းပညာများ ANDROID ဖုန်း နည်းပညာများ APPLE (IOS) မိုးဘိုင်းဖုန်းနည်းပညာများ ကို နည်းပညာများနေရာမှာ ဖတ်ရှုနိုင်ပါတယ်

ဒေါင်းလုပ်သီချင်း

သီချင်းဒေါင်းချင်သူမျာအတွက် အသစ်ထွက်တဲ့သီချင်းတွေရော သီချင်းဟောင်လေးတွေပါ " MP3 ဒေါင်းလုပ်" နေရာမှာ ၀င်ဒေါင်းနိုင်ပါတယ် သီချင်းများကို album လိုက်စုစည်းပြီး တင်ပေးထားပါတယ်

ဂီတစက်ခန်း

ဂီတစက်ခန်း စိတ်ညစ်နေသူ...စိတ်ရှုပ်နေသူများ... စိတ်ထွက်ပေါက်ရှာချင်တယ်ဆိုရင် ဂီတစက်ခန်းထဲဝင်ပြီး ၀င်ကလိလိုက်ပါ... ဂီတစက်ခန်းမှာ ဂီတာ၊ဒရမ်၊စန္ဒယား၊တယော၊ဒီဂျေ အပြင်... ရောသမမွှေနိုင်တဲ့ တီးလုံးသံစဉ်လေးများကို အသုံးပြုနိုင်ပါတယ်...

အွန်လိုင်းဂိမ်း

အွန်လိုင်းဂိမ်းများကို အဆင်ပြေပြေနဲ့ အလွယ်တကူကစားချင်တယ်ဆိုရင် ဓါတ်ပုံပြင်ရန်အောက်က..အွန်လိုင်းဂိမ်းနေရာမှာ ၀င်ရောက်ကစားနိုင်ပါတယ်

www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Monday, May 13, 2013

စန်းပွင့်သူရဲ့ ချစ်သူအဖြစ် ရွေးချယ်ခံရဖို့.

အချို့သော အမျိုးသားဖြစ်စေ၊ အချို့သော အမျိုးသမီးဖြစ်စေ အချစ်ရေးမှာ ထူးထူးခြားခြား စန်းပွင့်တတ်ကြတယ်..ချစ်ချင်သူတွေ ၀ိုင်းဝိုင်းလည်နေပြီး တစ်ဦးတည်းမူပိုင်ချစ်သူအဖြစ် ရွေးချယ်ဖို့တောင် အတော်ခက်နေတတ်တယ်..အဲ့ဒီလို အယှဉ်အပြိုင်တွေ များတဲ့ကြားက မိမိကို ချစ်သူအဖြစ် အမြန်ဆုံးရွေးချယ်စေဖို့ အလိုရှိတယ်ဆိုရင် ဒီအစီအမံကို ယုံယုံကြည်ကြည်နဲ့ လုပ်ကြည့်ပါ..
 ဒီအစီအမံရဲ့ အဓိကလိုအပ်တဲ့ ပစ္စည်းကတော့ မြန်မာတိုင်းရင်းဆေးအခေါ် “ရှားစောင်းသိင်္ဂနိက်”၊ အပြင်အရပ်အခေါ် “ကစ်စ်မီကွစ်”(Kiss Me Quick)ရဲ့ အရွက်(၂)ရွက် ဖြစ်ပါတယ်..ကစ်စ်မီကွစ် အသေးစားရဲ့ အရွက်မဟုတ်ဘူး..အလတ်စားအရွက် ဖြစ်ပါတယ်..
 အဲ့ဒီအပင်ကို အိမ်တွေ၊ ပန်းခြံတွေ၊ ဘုန်းတော်ကြီးကျောင်းတွေမှာ ပန်းအလှစိုက်ပျိုးကြတဲ့အတွက် အသေးစား၊ အလတ်စား၊ အကြီးစားဆိုပြီး အမျိုးမျိုးရှိသလို အဲဒီပန်းပင်ရဲ့ အပွင့်ကလဲ အဖြူရောင်၊ အနီရောင်၊ အညိုရောင်၊ ပန်းရောင်စသည်ဖြင့် အရောင်အမျိုးမျိုး ရှိတယ်..အရွက်ကတော့ အစိမ်းရောင် ဖြစ်ပါတယ်..အပင်မှာ ဆူးတွေရှိတယ်..
 ခူးတဲ့အခါ ရွက်ညှာမှာ အဖြူရောင်အစေးတွေ ထွက်တဲ့အတွက် ခူးပြီးရင် ရေထဲမှာ ခဏစိမ်ထားရမယ်..
အစေးတွေကုန်သွားမှ ဆယ်ယူပြီး ခြောက်အောင် သုတ်ရမယ်..အရွက်ရဲ့ အကျယ်(အနံ)ဟာ (၂)လက်မခန့်ရှိပြီး အရွက်ရဲ့ အလျားဟာ (၅)လက်မခန့်ရှိရင် အနေတော်အကောင်းဆုံးဖြစ်ပါတယ်..(အပွင့်အနီရောင် သို့မဟုတ် ပန်းရောင်ပွင့်တဲ့ အပင်က အရွက်ကိုသာ ခူးပါ)
 ကစ်စ်မီကွစ်ရဲ့ အရွက်အတွင်းဘက် မျက်နှာပြင်မှာ ဘောလ်ပင်နဲ့ အောက်ပါစာတန်းကို ရေးရပါမယ်..
ပထမတစ်ရွက်ကို အညှာဘက်မှ စတင်ရေးရပြီး ဒုတိယစာရွက်ကို အဖျားဘက်မှ စတင်ရေးရမယ်.ပြီးရင် အဲဒီအရွက်ပြောင်းပြန်အတိုင်း အတွင်းဘက် မျက်နှာချင်းဆိုင် အရွက်ချင်းထပ်ရပါမယ်..
 ကိုယ်သုံးနေကျ လက်ကိုင်ပ၀ါတစ်ထည်နဲ့ အဲဒီအရွက်စုံတွဲကို ပတ်ပြီး ကိုယ်နဲ့မကွာ သွားလေရာ ယူဆောင်သွားပါ..ပိုက်ဆံအိတ်၊ လွယ်အိတ်၊ အင်္ကျီအိတ် အဆင်ပြေသလို ထည့်သွားလို့ရပါတယ်..ညအိပ်ချိန်မှာ ထုတ်ယူပြီး ခေါင်းအုံးအောက်မှာ ထည့်ထားပါ..
 နေ့စဉ် မနက်တစ်ကြိမ်၊ ညတစ်ကြိမ် အနည်းဆုံး တစ်နေ့နှစ်ကြိမ်လောက် အဲဒီအရွက်စုံတွဲပ၀ါထုတ်ကို ညာလက်မှာကိုင်ပြီး အရွက်ထဲမှာ ရေးထားတဲ့အတိုင်းနှုတ်က ရွတ်ဆိုဆုတောင်းပါ..အခြေအနေ အချိန်အခါပေးရင်တော့ တစ်နေ့ကို လေး.ငါး.ဆယ်ကြိမ် လုပ်နိုင်ပါတယ်..

အကြောင်းအားလျှော်စွာ အချင်းချင်းတွေ့ဆုံဖို့ရှိရင် ဒီအစီအမံပစ္စည်းကို ပါအောင်ယူဆောင်သွားဖို့ မမေ့ပါနဲ့..ပြီးတော့ အချစ်ရဲ့သင်္ကေတဖြစ်တဲ့ ပန်းနုရောင်၊ ပန်းဆီရောင်၊ အနီရောင် အ၀တ်အစား၊ အသုံးအဆောင် ဦးစားပေးဝတ်ဆင်သုံးစွဲပါ..
 မကြာခဏ တွေ့ဆုံမိအောင်လဲ ကြိုးစားနိုင်မယ်ဆိုရင် ပိုကောင်းပါတယ်..
 ကစ်စ်မီကွစ်အရွက်ပေါ်မှာ စာရေးရမယ့် နေ့ရက်အချိန်ကတော့ ဗုဒ္ဓဟူးညပိုင်း (၇)နာရီခွဲမှ (၉)နာရီအတွင်းဖြစ်ပါတယ်..
 လက်တွေ့မှာတော့ (၆)ရက်မှ (၆)ပတ်အတွင်း အောင်မြင်ကြတာ များပါတယ်..

by myooyinlay

လှတာချက်စားလို့ မရဘူး....

သားသမီးလေးယောက်တို့ ၏မိခင် အသက် ၄၀ အရွယ်ရှိ မီကယ်ရပ်ဖ်ဖီနယ်လီ အမည်ရှိအမျိုး
သမီးကြီးကတော့ ကမ္ဘာ့ အကြီးဆုံး တင် ရှိသူဖြစ်ပါတယ်...
မီကယ်ရဲ့ ရင်တုန်ပန်းတုန် တင်ပဆုံအတိုင်းအတာကတော့ ကြောက်ခမန်းလိလိ ၈ပေ (၉၆လက္မ)၊
(၂.၄ မီတာ) ရှိပါသတဲ့ ....
သူမရဲ့ ကိုယ်အလေးချိန်ကလည်း ပေါင် ၄၂၀ ( ကီလို ၁၉၀ ) ပါတဲ့ ခင်ဗျာ...
ကဲ...
ခြင်္သေ့ လည်ပြန်၊ သမင်လည်ပြန် ဆရာကြီးတို့ အတွက် အကောင်းဆုံးဆောင်းတွင်းအနွေးထည်
ပါပဲ...

40-year-old mother of four Mikel Ruffinelli has world's widest hips. Mikel’s hips measure a staggering 8 feet (2.4 meters) in circumference and she weighs in at 420 pounds (190 kg’s).


 အလှတွင် တင်တင်ဆင့် ပါလို့ ...

 နှမလင် ကြင်ကြင် မြင့် ပါတဲ့ ....

 ယဉ်ယဉ်တင့် ပါတဲ့ ခင်နှမရယ်...

 သြော်.... ဘ၀င်တင့် ပါတဲ့  သူဇာနွယ်...

 ခင်သန္တာသက်ချိုပြုံးရယ်လို့ ...

 ကြင်နာကာ သက်ဆယ်မမုန်းပြီမို့ ...

 အိုဘယ့် .... မောင့် သက်သက်လယ်....

ဘ၀င်တုန်ရင်ခုန်လို့ မဆုံး...

by kopeter

အသိဉာဏ်မဲ့သော သူဋ္ဌေးသား

ရှေးရှေးက အလွန်ကြွယ်ဝချမ်းသာသော သူဋ္ဌေးကြီး ဇနီးမောင်နှံရှိသည်၊ ထိုသူဋ္ဌေးကြီး ဇနီးမောင်နှံတွင် လွန်စွာ ချောမော လှပသော သားတယောက် ရှိသည်။ သူဋ္ဌေးကြီး ဇနီးမောင်နှံသည် သားငယ်အတွက် လိုလေသေးမရှိ အလိုလိုက်ကြသည်။ သူဋ္ဌေးသားငယ် အရွယ်ရောက်လာသောအခါ သူဋ္ဌေးကြီး ဇနီးမောင်နှံသည် သားငယ်ကို ချမ်းသာသည့် မိသားစုမှ အမျိုးသမီးတဦးနှင့် လက်ထပ်ပေးသည်၊ ထိုသို့ အိမ်ထောင်ပြုပြီးနောက် သူဋ္ဌေးသား၏ ဇနီးမှ သားတယောက် ဖွားမြင်သည်၊ ထိုသားငယ် မွေးဖွားပြီး ၂-နှစ်ခန့်တွင် သူဋ္ဌေးကြီး ဇနီးမောင်နှံ ရှေ့ဆင့် နောက်ဆက့် ကွယ်လွန်သွားကြသည်။ ဆွေမျိုးများက သူဋ္ဌေးသားသည် ဥစ္စာရှိသော်လည်း ပညာမရှိလျှင် ကဲ့ရဲ့ဖွယ် ဖြစ်နိုင်သည်၊ ဥစ္စာပစ္စည်းများ ဆုံးရှုံးနိုင်သည်၊ ထို့ကြောင့် ပညာသင်ယူလျှင် ကောင်းမည်-ဟု အကြံပြုကြသည်။ သူဋ္ဌေးသားသည် ဆွေမျိုးများ၏ အကြံပေးမှုကို လက်ခံလိုက်ပြီး တက္ကသိုလ်တခုသို့ သွားရောက်၍ ပညာသင်ယူသည်၊ တက္ကသိုလ်၌ ၁၀-နှစ်ခန့်ကြာပြီးနောက် အိမ်သို့ပြန်လာခဲ့ရာ ညဥ့်နက် လူခြေတိတ်ချိန်မှ ရောက်လာသည်၊ သို့သော် သူဋ္ဌေးသားသည် လျှို့ဝှက်တံခါးများကို သိသဖြင့် အိမ်တော်တွင်းသို့ အလွယ်တကူပင် ရောက်ရှိသွားသည်။ သူဋ္ဌေးသားသည် ဇနီးသည်၏ အိပ်ခန်းသို့ ၀င်လာသောအခါ ဇနီးဖြစ်သူကို ခြင်ထောင်အတွင်း၌ ယောက်ျားတဦးနှင့် ဖက်လျက် နှစ်ခြိုက်စွာ အိပ်ပျော်နေသည်ကို တွေ့လိုက်ရသည်။ သူဋ္ဌေးသားသည် ကြာရှည်စွာ စဉ်းစားမနေတော့ဘဲ ဇနီးသည်နှင့် ထိုသူကို ဓားဖြင့် ခုတ်ပိုင်း သတ်လိုက်လေတော့သည်။ နံနက်လင်း၍ အစေခံများ နိုးလာသောအခါကျမှ မိမိ သတ်လိုက်သူများမှာ ဇနီးနှင့်သား ဖြစ်ကြောင်း သိလိုက်ရသည်။ မိခင် ဖက်အိပ်နေသည့် သားငယ်ကို သူဋ္ဌေးသားက လင်ငယ်ဟု ထင်မှတ်မိခြင်းသာ ဖြစ်သည်။ သူဋ္ဌေးသားသည် ပညာ သင်ယူခဲ့သော်လည်း အသိဉာဏ်မဲ့သောကြောင့် ဇနီးနှင့်သားငယ်ကို သတ်မိခြင်းပင်တည်း။

အရက်သမားဖတ်စာ....

က ကလေးငယ် အမြည်းဝယ်..။ ခ ခရမ်းသီးအရက်မြည်း..။ ဂ ဂဏာန်းကြော်အရက်နဲ့ဆော်..။ င ငပိထောင်းမြည်းလို့ကောင်း..။ စ စခန်းမှာ မူးလိုပါ..။ ဆ ဆရာကြီး အရက်သမားကြီး..။ ဇ ဇရက်ကြော် ဂွတ်တယ်နော်..။ ည ညနေခင်း သောက်ပွဲဆင်း...။ တ တောအရက် မိုက်တဲ့ကွဲ့..။ ထ ထန်းရည် သောက်မပြေ..။ ဒ ဒညင်းကြော် မိုက်တယ်နော်...။ ဓ ဓနိရည် သောက်မယ်လေ..။ န နံကင် မြည်းလိုက်ချင်..။ ပ ပုစွန်သုတ် အမြည်းလုပ်...။ ဖ ဖဲထုတ် အဖော်လုပ်..။ ဗ ဗရာကြော် မြည်းမယ်နော်..။ ဘ ဘီယာ သောက်မယ်ကွာ..။ မ မရမ်းသီး မြည်းသာမြည်း..။ ယ ယုန်ဟင်း ပွဲတော်ခင်း..။ ရ ရိုးရာ သောက်ပွဲပါ..။ လ လူငယ် သောက်မယ်ကွယ်..။ ၀ ၀ီစကီ လွမ်းပါသည်..။ သ သူငယ်ချင်း အရက်သမားအသင်း..။ ဟ ဟားဟား အ အိမ်အပြန် မူးလို့အန်.... Lon Ely

နှလုံးသားရဲ့ တောင်းဆိုသံ

မုန်းတယ် မုန်းတယ် မုန်းတယ် ..... လို့ပြောချင်ပေမဲ့ တကယ်တမ်း ထွက်ကျလာတဲ့ စကားလုံးတွေက ချစ်တယ် ချစ်တယ် ချစ်တယ် ..........ဆိုတဲ့ စကားလုံးလေးတွေပါလား ........... ရက်စက်တယ် ရက်စက်တယ် ရက်စက်တယ် .....လို့ပြောချင်ပေမဲ့ တကယ်တမ်း ထွက်ကျလာတဲ့ စကားလုံးတွေက လွမ်းတယ် လွမ်းတယ် လွမ်းတယ် ......ဆိုတဲ့

အမြင့်ပေ ၂၀ ခန့် ရှည်သော ဒိုင်နိုဆောရုပ်ထုကို ပူစီဖောင်းများဖြင့် ပြုလုပ်

အမေရိကန်နိုင်ငံအရှေ့ပိုင်း ဗာဂျီးနီးယားပြည်နယ်ရှိ အမျိုးသားသမိုင်းပြတိုက်တွင် လာရီမော့စ် ဦးဆောင်သောကျောင်းသား၊ ကျောင်းသူများက အမြင့် ပေ ၂၀ခန့်ရှိသော ဒိုင်နိုဆောရုပ်တု ကို ပူစိဖောင်းများဖြင့် ပြုလုပ် ခဲ့ကြသည်။ ထိုရုပ်တုကို ပြုလုပ်ရန် ရက်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီး အစောပိုင်းတွင် ၎င်းနှင့် ကျောင်းသားအခိျု့သာ ပါဝင်ပြုလုပ်မည်ဟု ရည်ရွယ်ခဲ့သော် လည်းနောက်ပိုင်းတွင် ပါဝင်ကူညီသူ ကျောင်းသားဦးရေ ပိုမိုများပြားလာပြီး ပြင်ပမှ စေတနာ့ဝန်ထမ်းများက ၀ိုင်းဝန်းကူညီခဲ့ကြကြောင်း Airigami အဖွဲ့၏ ခေါင်းဆောင် လာရီမော့စ်က ပြောကြားသွားခဲ့သည်။ ဒိုင်နိုဆောရုပ်တုများကို ရှေးယခင်ကတည်းက ပူဖောင်းများဖြင့် ပုံဖော်ပြုလုပ်မှုများ ရှိခဲ့သော်လည်း ယခုတစ်ကြိမ်သည် ပထမဦးဆုံးအကြိမ်အဖြစ် အရိုးစုအစစ်၏ ဘေးနား တွင် ပြုလုပ်ကာ ထိုအရိုးစုကို နမူနာယူပြီး ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။ by swesonemedia

မန်ယူ ဆြာကြီး ဖာဂူဆန် အနားယူတော့မယ်

မန်ယူ ဆြာကြီး ဖာဂူဆန် အနားယူတော့မယ် မေလ ၈ရက် ၂၀၁၃ခုနှစ် အင်္ဂလန် ပရီးမီးယား လိဂ် ထိပ်တန်းအသင်းကြီး တသင်းဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက် နည်းပြ ဆြာ အဲလ်လက်စ် ဖာဂူဆန်ဟာ အခုဘောလုံးရာသီ အကုန်မှာ အနားယူတော့မှာ ဖြစ်ပါတယ်။ အသက် ၇၁ နှစ်အရွယ် နည်းပြ ဖာဂူဆန်ဟာ မန်ယူမှာ ၂၆ နှစ်ကြာ ကြီးကြပ် တာဝန် ယူလာခဲ့သူဖြစ်ပါတယ်။ သူ့ရဲ့ နည်းပြ သက်တမ်းမှာ မန်ယူအတွက် ဖလား ၃၈ ခုကို ရယူပေးခဲ့ပါတယ်။ သူ့အနေနဲ့က အနားယူချိန်ရောက်ပြီဖြစ်လို့ နားတော့မှာ ဖြစ်တယ်လို့ ဖာဂူဆန်က ပြောပါတယ်။ အသင်းအတွက်လည်း အကောင်းဆုံး အနေအထား ဖြစ်အောင် လုပ်ပေးထားခဲ့တယ်လို့ ယုံကြည်ကြောင်းကိုလည်း သူက ပြောပါတယ်။ Photo: မန်ယူ ဆြာကြီး ဖာဂူဆန် အနားယူတော့မယ် မေလ ၈ရက် ၂၀၁၃ခုနှစ် အင်္ဂလန် ပရီးမီးယား လိဂ် ထိပ်တန်းအသင်းကြီး တသင်းဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက် နည်းပြ ဆြာ အဲလ်လက်စ် ဖာဂူဆန်ဟာ အခုဘောလုံးရာသီ အကုန်မှာ အနားယူတော့မှာ ဖြစ်ပါတယ်။ အသက် ၇၁ နှစ်အရွယ် နည်းပြ ဖာဂူဆန်ဟာ မန်ယူမှာ ၂၆ နှစ်ကြာ ကြီးကြပ် တာဝန် ယူလာခဲ့သူဖြစ်ပါတယ်။ သူ့ရဲ့ နည်းပြ သက်တမ်းမှာ မန်ယူအတွက် ဖလား ၃၈ ခုကို ရယူပေးခဲ့ပါတယ်။ သူ့အနေနဲ့က အနားယူချိန်ရောက်ပြီဖြစ်လို့ နားတော့မှာ ဖြစ်တယ်လို့ ဖာဂူဆန်က ပြောပါတယ်။ အသင်းအတွက်လည်း အကောင်းဆုံး အနေအထား ဖြစ်အောင် လုပ်ပေးထားခဲ့တယ်လို့ ယုံကြည်ကြောင်းကိုလည်း သူက ပြောပါတယ်။ BBC News by BBC News

ဖုန်းနှစ်လုံးနဲ့ ဥတစ်လုံး ( အရေးကြီးပါတယ် )


အခုပြောမယ့်အကြောင်းအရာလေးကို ပေါ့ပေါ့ဆဆမတွေးပဲ သေချာ တွေးစေချင်ပါတယ် ။ ပြီးရင် ကိုယ်နဲ့ နီးစပ်ရာတွေကိုလည်း ပြန်လည်ြ ဖန့်ဝေပေးစေချင်ပါတယ် ။ အရင်ဆုံး စမ်းသပ်ချက်လေး တစ်ခုကို ပြော ဖို့လိုပါ တယ် ။ စမ်းသပ်ချက်ပြုလုပ်ဖို့အတွက် သင့်ဆီမှာ မိုဘိုင်းဖုန်း ၂ လုံးနဲ့ ကြက်ဥ သို့မဟုတ် ဘဲဥ တစ်လုံးရှိရပါမယ် ။ ပုံမှာပြထားတဲ့အတိုင်း ဖုန်းနှစ်လုံးအလယ်မှာ ဥ ကိုထားပြီး နေရာချထားလိုက်ပြီး ကျွန်တော်တို့ ဘာတွေ ဆက်ဖြစ် သလဲဆိုတာ လေ့လာကြည့်ကြရအောင် ။ ကဲ နေရာချထားပြီးပြီဆိုရင်တော့ ဖုန်းနှစ်လုံးကို ဆက်သွယ်မှု ( Call ) ကို စတင်လိုက်ပါ ပြီးရင် ၆၅ မိနစ်အထိ ထားပါ မယ် ။ ပထမဆုံး ၁၅ မိနစ်မှာတော့ ဘာမှမဖြစ်သေးပါဘူး ။ ၂၅ မိနစ်လောက်ကြာပြီးတဲ့အခါမှာတော့ ဥ ဟာ ပူစ ပြုလာပါပြီ ။ ၀ိုးးးးးးးး ၄၅ မိနစ်လောက်ရှိလာပြီဖြစ်တဲ့အခါ ဥ ဟာ အရမ်းကို ပူလာပါပြီ ။ သင်ဟာ ၆၅ မိနစ်အထိ ထားမယ် ဆို ရင်တော့ ဥဟာ စားသုံးလို့ရအောင်ကို ကျက်သွားပြီဖြစ်ပါတယ် ။ ကဲ သင်ဘာတွေ မြင်လိုက်ရသလဲ သင်ဘာတွေတွေးမိလိုက်ပါသလဲ ။ မိုဘိုင်းဖုန်းတွေရဲ့ radiation အသံ လှိုင်းတွေက အချိန်အမှတ်တစ်ခုရောက်ပြီဆိုရင်ဥထဲက ပရိုတိန်း တွေကို ကျက်သွားစေနိုင်ပါတယ် ။ ကဲ ဒါဆိုရင် ပရို တိန်းတွေနဲ့ ဖွဲ့စည်းထားတဲ့ သင့်ဦးနှောက်ကို ကပ်ပြီး ၄၅ မိနစ်ကျော်ကျော်လောက်ဖုန်းပြောရင် ဘာတွေ ဖြစ်နိုင်ပါသလဲ ။ အလွန်ကို အန္တရာယ်များပါတယ် ။ Nerve လို့ခေါ်တဲ့ အာရုံကြောတွေ ပျက်ဆီးနိုင်သလို မှတ်ဥာဏ်ပိုင်းဆိုရင်ရာ စနစ်တွေ ဟာလည်း radiation တွေကြောင့် ထိခိုက်နိုင်ပါတယ် ။ ဒါ့အပြင် ဒီမိုဘိုင်းဖုန်းတွေကထုတ်တဲ့ အသံ လှိုင်းတွေဟာ လိပ်ပြာတွေကို သေစေနိုင်ပါသတဲ့ ။ ကဲ ကျွန်တော်တို့အားလုံး ဖုန်းပြောမှု ကြာချိန် ကို လျော့ ချကြရအောင်လား ။ တတ်နိုင်သမျှ လိုအပ်သလောက်ပဲပြောဆိုကြပါစို့ ။ ဒီ မက်ဆေ့လေးကိုလည်း သင် ချစ်သော သူငယ်ချင်း နဲ့ ညီအကို မောင်နှမများကို ဝေမျှပေးလိုက်ပါ ။ ဖုန်းနှစ်လုံးနဲ့ ဥတစ်လုံး ( အရေးကြီးပါတယ် ) အခုပြောမယ့်အကြောင်းအရာလေးကို ပေါ့ပေါ့ဆဆမတွေးပဲ သေချာ တွေးစေချင်ပါတယ် ။ ပြီးရင် ကိုယ်နဲ့ နီးစပ်ရာတွေကိုလည်း ပြန်လည်ြ ဖန့်ဝေပေးစေချင်ပါတယ် ။ အရင်ဆုံး စမ်းသပ်ချက်လေး တစ်ခုကို ပြော ဖို့လိုပါ တယ် ။ စမ်းသပ်ချက်ပြုလုပ်ဖို့အတွက် သင့်ဆီမှာ မိုဘိုင်းဖုန်း ၂ လုံးနဲ့ ကြက်ဥ သို့မဟုတ် ဘဲဥ တစ်လုံးရှိရပါမယ် ။ ပုံမှာပြထားတဲ့အတိုင်း ဖုန်းနှစ်လုံးအလယ်မှာ ဥ ကိုထားပြီး နေရာချထားလိုက်ပြီး ကျွန်တော်တို့ ဘာတွေ ဆက်ဖြစ် သလဲဆိုတာ လေ့လာကြည့်ကြရအောင် ။ ကဲ နေရာချထားပြီးပြီဆိုရင်တော့ ဖုန်းနှစ်လုံးကို ဆက်သွယ်မှု ( Call ) ကို စတင်လိုက်ပါ ပြီးရင် ၆၅ မိနစ်အထိ ထားပါ မယ် ။ ပထမဆုံး ၁၅ မိနစ်မှာတော့ ဘာမှမဖြစ်သေးပါဘူး ။ ၂၅ မိနစ်လောက်ကြာပြီးတဲ့အခါမှာတော့ ဥ ဟာ ပူစ ပြုလာပါပြီ ။ ၀ိုးးးးးးးး ၄၅ မိနစ်လောက်ရှိလာပြီဖြစ်တဲ့အခါ ဥ ဟာ အရမ်းကို ပူလာပါပြီ ။ သင်ဟာ ၆၅ မိနစ်အထိ ထားမယ် ဆို ရင်တော့ ဥဟာ စားသုံးလို့ရအောင်ကို ကျက်သွားပြီဖြစ်ပါတယ် ။ ကဲ သင်ဘာတွေ မြင်လိုက်ရသလဲ သင်ဘာတွေတွေးမိလိုက်ပါသလဲ ။ မိုဘိုင်းဖုန်းတွေရဲ့ radiation အသံ လှိုင်းတွေက အချိန်အမှတ်တစ်ခုရောက်ပြီဆိုရင် ဥထဲက ပရိုတိန်း တွေကို ကျက်သွားစေနိုင်ပါတယ် ။ ကဲ ဒါဆိုရင် ပရို တိန်းတွေနဲ့ ဖွဲ့စည်းထားတဲ့ သင့်ဦးနှောက်ကို ကပ်ပြီး ၄၅ မိနစ်ကျော်ကျော်လောက်ဖုန်းပြောရင် ဘာတွေ ဖြစ်နိုင်ပါသလဲ ။ အလွန်ကို အန္တရာယ်များပါတယ် ။ Nerve လို့ခေါ်တဲ့ အာရုံကြောတွေ ပျက်ဆီးနိုင်သလို မှတ်ဥာဏ်ပိုင်းဆိုရင်ရာ စနစ်တွေ ဟာလည်း radiation တွေကြောင့် ထိခိုက်နိုင်ပါတယ် ။ ဒါ့အပြင် ဒီမိုဘိုင်းဖုန်းတွေကထုတ်တဲ့ အသံ လှိုင်းတွေဟာ လိပ်ပြာတွေကို သေစေနိုင်ပါသတဲ့ ။ ကဲ ကျွန်တော်တို့အားလုံး ဖုန်းပြောမှု ကြာချိန် ကို လျော့ ချကြရအောင်လား ။ တတ်နိုင်သမျှ လိုအပ်သလောက်ပဲပြောဆိုကြပါစို့ ။ ဒီ မက်ဆေ့လေးကိုလည်း သင် ချစ်သော သူငယ်ချင်း နဲ့ ညီအကို မောင်နှမများကို ဝေမျှပေးလိုက်ပါ ။ ကိုသက်တန့် ဆီမှ ကူးယူဖော်ပြပါသည်။ Ref:It Group by myawady news

ရုပ်ချောလို့ နယ်နှင်ဒဏ်အပေးခံရသူ

obarOmar Borkan Al Gala လို့အမည်ရတဲ့ ယူအေအီးနိုင်ငံ လူငယ်လေးပါ။ ဒူဘိုင်း မြို့ မှာ နေပါတယ်။
သူ့ရဲ့  ရုပ်ရည်ချောမောပြေပြစ်မှုကြောင့် နယ်နှင်ဒဏ်အပေးခံရတယ်ဆိုရင် ယုံမှာလား။ တကယ်လုပ်ပါတယ်။ အာရပ်စော်ဘွားနိုင်ငံ ဖြစ်တဲ့ ယူအေးအီးမှာ ယင်းဥပဒေ ရှိပါတယ်။ ရပ်အရမ်းချောလွန်း တဲ့ ယောင်္ကျားတွေကို တရားဥပဒေအတိုင်း အရေးယူလို့ ရပါတယ်။ ပစ်မှု ကတော့ စွဲဆောင်မှု ရှိလွန်းလို့ ဖြစ်ပါတယ်။
ယူအေအီးမှာ အမျိုးသမီးများအပေါ် ကန့်သတ်တဲ့ ဥပဒေက အင်မတန် ပြင်း ထန် ပါတယ်။ယခုလည်း ပုံမှာ မြင်တွေ့ရတဲ့ အမျိုးသားဟာ ရုပ်ရည်ချောမော တဲ့အတွက် ဘယ်နေရာ သွားသွား အမျိုးသမီးများရဲ့  ကြည့်ရှုခြင်းကို ခံရသတဲ့။ အထူးသဖြင့် သူနေတဲ့ ပတ်ဝန်းကျင်မှာဆိုရင် တကယ့် နှင်းဆီခိုင်ပါပဲ။ အိမ်ထောင်ရှင် အမျိုးသမီးတွေတောင် စိတ်ဝင်စားခံ လာရတဲ့ Omar Borkan Al Gala ရဲ့  သတင်းက လွန်ကဲလာတော့ သူ့ကြောင့် အိမ်ထောင်ရေးဖောက်ပြန်တဲ့ မှုခင်းတွေ ဖြစ်လာမှာစိုးလို့ ဆိုပြီး တရားရုံးပေါ်တင်ပြီး တရားစွဲလိုက်ပါတယ်။ အမျိုးသားထု အချင်းချင်း တရားစွဲတာပါ။
ဒါနဲ့ပဲ ဒူဘိုင်းမြို့ ကနေ နယ်နှင်ဒဏ်ခံရပါတယ်။ အခြား လူနည်းတဲ့ မြို့ ငယ်လေး တစ်ခုကိုပါ။ သူနဲ့အတူ အခြား ရုပ်ရည်ချောမောတဲ့ အမျိုးသား ၂ ဦး ပါဝင်ပါသေးတယ်။ အိမ်ထောင်ရေးနဲ့ ပက်သက်လို့ ယူအေအီးမှာ စည်းကမ်း အင်မတန်တင်းကြပ်ပါတယ်။
ယင်းဖြစ်ရပ်လေးကြောင့် ဒူဘိုင်းရဲ့  တင်းကြပ်သော ဥပဒေကို ကမ္ဘာက သိစေခဲ့ကြောင်း သိရပါတယ်။

by yoyarlay

မဟာစင် မုန်တိုင်း လာပြီ သတိရှိကြ

မုန်တိုင်းလာပြီ သတိရှိကြ………………………… ၁ဝ-၅-၂ဝ၁၃ ရက် ညနေပိုင်း လောက်မှစ၍ ရုပ်မြင် သံကြားဌာန များမှ ဘင်္ဂလား ပင်လယ်အော် အရှေ့တောင်ပိုင်းတွင် မုန်တိုင်းငယ် တစ်ခု ဖြစ်ပေါ်နေကြောင်း စတင် သတင်း ထုတ်လွှင့်ခဲ့သည်။ မုန်တိုင်းမှာ အဝါရောင်အဆင့် သာဖြစ်ပြီး မြန်မာနိုင်ငံသို့ ဦးတည်ရွေ့လျားမည့် အခြေအနေ မရှိကြောင်း နောက်နေ့ထုတ် သတင်းစာများတွင် ဖတ်ရှုခဲ့ရသည်။ သို့သော် ၁၁- ၅- ၂ဝ၁၃ ညနေပိုင်း ရုပ်မြင်သံကြား သတင်းများက ပထမ ခန့်မှန်းချက်များကို ချေဖျက်ကာ မြန်မာနိုင်ငံ အနောက်ဘက်ပိုင်း မောင်တောမြို့နယ်နှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံ အကြား မှ ဖြတ်သန်းနိုင်ကြောင်း ထုတ်လွှင့်ခဲ့သည်။ အဆိုပါ ဆိုင်ကလုန်း မုန်တိုင်းငယ်သည် မူလက အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားလိမ့်မည်ဟု ခန့်မှန်း ခဲ့သော်လည်း နောက်ပိုင်းတွင် လမ်းကြောင်း ပြောင်းသွားသည်။
 ပထမလမ်းကြောင်းအတိုင်း သွားပါက အိန္ဒိယနိုင်ငံကို ဖြတ်ကျော် ဝင်ရောက်သွားနိုင်သည်။ မေ ၁၄ ရက် နံနက်ပိုင်းမှ စတင်၍ အရှေ့မြောက်ဘက်သို့ ကွေ့ပြီး မေ ၁၆ ရက် ညနေပိုင်း ခန့်တွင် ကမ်းခြေသို့ ဝင်ရောက်မည်ဟု ခန့်မှန်းထားသဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းမြို့ကို တိုက်ရိုက်ဝင်ကာ မြန်မာနိုင်ငံ ရခိုင်ပြည်နယ် မောင်တောမြို့နယ် ကိုပါ တိုက်ခတ်ဖြတ် သန်းနိုင် ခြင်းဖြစ်သည်။ ယခုအချိန်တွင် မုန်တိုင်းငယ်သည် ပိုမိုအားကောင်း လာသည်။ မုန်တိုင်းအမည်ကိုလည်း မဟာစင်ဟု ကင်ပွန်းတပ်ခဲ့ပြီ။ မဟာစင်သည် လောလောဆယ် ခန့်မှန်းထားသလို အရှေ့မြောက်အတိုင်း ဆက်လက်ရွေ့လျားလျှင် ထိခိုက်မည့် ဧရိယာ နည်းပါး နိုင်သည်။ ထိုသို့မဟုတ်ဘဲ……ထပ်၍ ကွေ့ချိုးကာ ဘင်္ဂလား ပင်လယ်အော် အတွင်းမှ အရှေ့ဘက်သို့ ရွေ့လျား ခဲ့သည်ရှိသော်………….ပန်းပွင့်လေး နာဂစ် ၂ဝဝ၈ ခုနှစ်က ပန်းပွင့်လေးဟု အမည်ရသည့် ဆိုင်ကလုန်းမုန်တိုင်း နာဂစ်က မြန်မာပြည်သူတွေကို သင်ခန်းစာ အကြီးကြီး တစ်ခုပေးခဲ့သည်။ မြစ်ဝကျွန်းပေါ်ဒေသနှင့် ရန်ကုန်တိုင်း ဒေသကြီးတို့ အလူးအလဲ ခံစားခဲ့သည်။ ရန်ကုန်ကို နာဂစ်လာလည်သည့် အချိန်က ညဘက် ၁ဝ နာရီ လောက်ဖြစ်သည်။ ပန်းပွင့်လေးက မလာမီကပင် အကြိုထောက်သည့် အနေဖြင့် မိုးသက် လေညင်းလေးများကို အရင်ဆုံးပို့သည်။ ဆက်၍ အလုံးအရင်းဖြင့် မိုးသည်းသည်းလည်း ရောက်လာသည်။ နောက်တော့ သူမကိုယ်တိုင် ………….ကိုယ်ထင်ပြသည်။ နာဂစ်ဆိုသော ပန်းပွင့်လေး အကြောင်းကို မသိသော၊ မည်မျှ အရည်အချင်းရှိသည်ကို မသိသော၊ ဘာသိဘာသာ နေတတ်သော ရန်ကုန်မြို့ကြီး သားတို့ အလူးအလဲ မျက်ကလူး ဆန်ပျာ ဖြစ်ခဲ့ကြရသည်။ စာရေးသူ တစ်သက်တွင် မိုးကြီးလေကြီး ရွာသည်မှအပ မုန်တိုင်းဆိုသည်မှာ ကြားဖူးသည့် ဝေါဟာရ တစ်လုံးသာ ဖြစ်သည်။ အခုတော့ လက်တွေ့ ကြုံရပြီ---။ ထိုညက မိသားစုလုပ်ငန်းမှ အလုပ်များကို လုပ်ဆောင်ရင်း မုန်တိုင်းသတင်း နားထောင်ရင်း မုန်တိုင်းဆိုသည်မှာ ဘာလဲ ဟု အသေအချာ သိလိုက်ရသည်။ နာဂစ်သည် သူတွေ့သမျှကို လေဖြင့်မှုတ်ထုတ်သည်။ သူမြင်သမျှ အိမ်ခေါင်မိုးများကို ဆွဲလှန်သည်။ သူ့လမ်းကြောင်း တစ်လျှောက် ထိုးထိုးထောင်ထောင် ရှိနေသည့် သစ်ပင်များကို ဆွဲလှဲသည်။ အမြစ်မှလှန်သည်။ ခါးမှချိုးသည်။ လူနေ အိမ် အများအပြားကို ဖျက်ဆီးဖြိုလှဲသည်။ မုန်တိုင်းအကြောင်း သိလိုသော၊ မုန်တိုင်းတိုက်တာ ဘယ်လိုလဲ ဆိုတာ သိလိုသော စာရေးသူမှာ တစ်ညလုံး မအိပ်ပါ။ မှန်တံခါးလေး ဆွဲဖွင့်ကြည့်လိုက်၊ ရေရော လေပါ အလုံးအရင်းဖြင့် ဝင်လာ၍ ပြန်ပိတ်လိုက်နှင့် ဂနာမငြိမ် ဖြစ်နေသည်။ အိပ်ပျော်နေသော သမီးငယ်ကို အတင်းနှိုး၍ မုန်တိုင်းဆိုတာ ဒီလိုသမီးရဲ့ဟု ပြလိုက်သေး၏။ ဇနီးသည်ကလည်း အိပ်ရာထဲ ဝင်အိပ်လိုက်၊ စာရေးသူနှင့်ထ စကားပြောလိုက်နှင့် သူလည်းအိပ်ရေး ဝပုံမပေါ်။ မိုးစင်စင်လင်းတော့မှ လေပြင်းက အရှိန်လျော့သွားသည်။ အမ္ဗုန်မောင်မိုးမင်းကလည်း လေသံပျော့၍ မိုးစက်ချဖို့ အားနည်းသွားသည်။ နံနက် ၈ နာရီကျော် ၉ နာရီလောက်တွင် မိုးလုံးဝတိတ်သွားသည်။ အိမ်ရှေ့ လမ်းတစ်လျှောက်တွင် ပလတ်စတစ် အမှိုက်များ၊ အိမ်မိုးသွပ်များ၊ အခြား အမှိုက် များဖြင့် ပြည့်နေသည်။ အပြင်ထွက်၍ လမ်းမကြီးများပေါ် လျှောက်ကြည့်မည်ဟု ထွက်လာတော့ လမ်းလျှောက်လို့ ခက်နေသည်။ လမ်းမများ ပေါ်တွင် လက်ကျန် သစ်ပင်ကြီးတွေက အတုံးအရုံးလဲ နေကြသည်။ နာဂစ်သည် မည်သည့် အရာကိုမျှ မျက်နှာမလိုက်၊ တွေ့သမျှ မြင်သမျှကို ဖျက်ဆီးသွားခဲ့သည်မှာ မြန်မာ့မုန်တိုင်း သမိုင်းသာမက ကမ္ဘာ့မုန်တိုင်း သမိုင်းကိုပါ ရိုင်းစေတော့ သည်။ တစ်နိုင်ငံလုံး အလုပ်ရှုပ်သွားသည်။ ကယ်ဆယ်ရေး၊ နေရာ ပြန်လည်ချထားရေး၊ စားရေးသောက်ရေး၊ အဝတ်အစား၊ ကျန်းမာရေး၊ ပြန်လည် ထူထောင်ရေး လုပ်ငန်းများ လုပ်ဆောင်ရတော့သည်။ အစိုးရက ဦးဆောင်သည်။ ပြည်သူ လူထု က ဝိုင်းဝန်းသည်။ အစိုးရ မဟုတ်သော ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်းများက ကူညီပံ့ပိုး ပေးသည်။ နိုင်ငံတကာ အစိုးရ များက ထောက်ပံ့ပေးသည်။ ရုပ်မြင်သံကြား ဌာနများကလည်း ပျက်စီး ဆုံးရှုံးမှုများ၊ ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင် ရွက် နေပုံများကို အချိန်ပြည့်ပြသ နေသဖြင့် မြင်တွေ့နေရသည်။ ကိုယ်တွေ့ဖျာပုံ နာဂစ်လာပြီး တစ်ပတ်ခန့် အကြာတွင် ညီမ၏ ခင်ပွန်းဖြစ်သူ ငါးဖမ်းစက်လှေ ပဲ့နင်းကြီး ဖျာပုံမြို့တွင် ပျောက်ဆုံး နေသည်ဟု သိရသဖြင့် ညီမနှင့်အတူ ဖျာပုံမြို့သို့ သွားခဲ့ကြသည်။ အဝေးပြေးလမ်းမှ သွားလျှင် ရသော်လည်း မြန်မြန် ရောက်ရန်အတွက် ဒလဘက်ကမ်း ကူးသည်။ တက္ကစီတစ်စီး ငှားလိုက်သည်။ ဒလမြို့မှ ကော့မှူး၊ ကွမ်းခြံကုန်း၊ ဒေးဒရဲနှင့် ဖျာပုံသို့ လမ်းကောင်းစဉ်က တိုက်ရိုက် ခရီးပေါက်သည်။ ဒေးဒရဲတံတား၊ ဖျာပုံတံတားတို့ကလည်း ဆောက်လုပ် ဖွင့်လှစ်ထားသည်မှာ သိပ်မကြာသေး။ သတင်းများအရ တံတားကြီးများ ထိခိုက်မှု မရှိဟု ကြားသိပြီးဖြစ်သည်။ ဒလမှအထွက် ကားလမ်းမပေါ်တွင် ရှင်းလင်းနေသည်။ ဒလအလွန် ရွာတွေဖြတ်သွားတော့ အပျက်အစီး သိပ်မတွေ့ရသေး။ ကံဘက်ရွာမှ ထွက်၍ ကော့မှူး၊ ကွမ်းခြံကုန်းမြို့နယ်အထိ လမ်းတစ်လျှောက် ရွာတွေ က ပျက်စီးနေသည်မှာ မြင်မကောင်း၊ ဖြတ်သွားသော ကားတိုင်းကို ကြည့်၍ အကူအညီ တောင်းခံနေသော မျက်လုံး များ၏ ဒဏ်က တော်တော်ပြင်းသည်။ ကိုယ့်ကိစ္စမေ့ပြီး သူတို့ကိုကြည့်၍ ရင်ထဲဆို့နင့် နေအောင် ခံစားရသည်။ ကားပေါ် ပါလာသူ အားလုံး မျက်နှာမကောင်း၊ ကွမ်းခြံကုန်းမြို့ လွန်တော့ ပိုဆိုးသည်။ လမ်းဘေးဝဲယာတွင် ကျွဲသေ၊ နွားသေ များက အစုလိုက် အပြုံလိုက်၊ ဟိုးခပ်လှမ်းလှမ်း လယ်ကွင်းတွေမှာ လူသေအလောင်းများ မကယ်ဆယ်နိုင်၊ မဖယ်ရှား နိုင်သေး။ ကွမ်းခြံကုန်းဘက်ကမ်း ဒေးဒရဲတံတား မရောက်မီ ချောင်းကူး တံတားငယ် အရောက်တွင် ကားဆက်သွား၍ မရတော့ ပေ။ တံတား ပျက်စီးနေပြီ။ ဟိုဘက်ကမ်းတွင် ဆိုင်ကယ်နှစ်စီး ငှားလိုက်သည်။ ဒေးဒရဲ တံတားပေါ်မှဖြတ်၍ ဒေးဒရဲမြို့ သို့ ရောက်သည်။ ဒေးဒရဲလည်း အပျက်အစီး မနည်းသည်ကို တံတားပေါ်မှ တွေ့ရသည်။ သို့နှင့် ဖျာပုံတံတားကို ကျော်၍ ဖျာပုံမြို့သို့ ရောက်သည်။ ဖျာပုံမြို့က မုန်တိုင်းဗဟို တည့်တည့်ကျလေ သလားမသိ။ မြို့ပျက်ကြီး လိုဖြစ်နေသည်။ ဤသည်ပင်လျှင် အတော်အတန် ပြုပြင်ပြင်ဆင် ထားကြောင်း သိရသည်။ ဒုက္ခသည်စခန်း များတွင် ဒုက္ခသည်များ အပြည့်၊ ဒေသ အာဏာပိုင်များနှင့် အလှူရှင်များ၏ လှူဒါန်းမှုများကိုလည်း တွေ့နေရသည်။ ကိုယ်ကလည်း ကိုယ့်ဒုက္ခနှင့် ကိုယ်မို့ ထိုစခန်းများ အတွင်းသို့ မဝင်နိုင်ခဲ့၊ ယောက်ဖ ဖြစ်သူ၏ ငါးဖမ်းစက်လှေမှာ ဖျာပုံမြစ် အတွင်းပိုင်းတွင် ခိုဝင်နေရင်း စက်လှေအစင်း ၂ဝ ခန့် တွဲထားသည့်ကြားမှ နစ်မြုပ်သွားကြောင်း ဖျာပုံခရိုင် ငါးလုပ်ငန်း ဦးစီးဌာနမှ တာဝန် ရှိသူများက ပြောပြသည်။ နံနက် ၁၁ နာရီခန့်က ရန်ကုန်မှ ထွက်လာသည်။ ညနေ ၃ နာရီကျော်တော့ ဖျာပုံရောက်သည်။ စက်လှေငှား၍ မြစ်အတွင်း လှည့်လည်ကြည့်သည်။ ဖျာပုံမြစ်အတွင်း ရောက်တော့ စောစောက လမ်းတစ်လျှောက် ကြုံရသည့် ခံစားရ မှုများထက် ပိုဆိုးသည်။ ဖျာပုံမြို့၏ ဘေးတွင် စီးဆင်းနေသော ဖျာပုံမြစ်အတွင်း ကျွဲသေ၊ နွားသေများ၊ လူသေ အလောင်းများ အစုန်အဆန် မျောပါနေကြသည်။ မြစ်ဝတွင် နစ်မြုပ်သည့် စက်လှေများတွင် ယောက်ဖ စက်လှေ မတွေ့၍ မြစ်ညာသို့ ဆန်တက်ကြသည်။ တံတားအလွန် အကွေ့တစ်ကွေ့တွင် ယောက်ဖစက်လှေကို တွေ့ရသည်။ ပဲ့ပိုင်းမြုပ်၍ ဦးပိုင်း ထောင်နေသည်။ ထိုစက်လှေကို ဆယ်ယူနေသော အခြားစက် လှေတစ်စင်းလည်း ရှိနေသည်။ စက်လှေပိုင်ရှင် ရှိသည်။ ငါးဆရာရှိသည်။ ငါးဖမ်း သမားများ ရှိသည်။ သို့သော်ယောက်ဖနှင့် အခြားလေးငါးယောက် မရှိ၊ သူတို့ကတော့ ပျောက်နေသည်။ ပျောက်ဆုံး စာရင်း ဖွင့်ထားသည်ဟု ဆိုသည်။ သို့နှင့် ညီမကိုခေါ်၍ ဖျာပုံမြို့ပေါ် ပြန်တက်လာသည်။ ဒီညဖျာပုံတွင် အိပ်မည်။ မြစ်ကိုမြင်ရသော ကမ်းနားလမ်းရှိ ဟိုတယ်တစ်ခုတွင် တည်းသည်။ တစ်နေကုန် နေပူမိုးရွာထဲ လာခဲ့ရသဖြင့် ရေချိုးခန်းထဲတွင် ရေချိုးသည်။ ရေကဝါ ကြန့်ကြန့် ဖြစ်နေသည်။ ကိစ္စမရှိ ဆပ်ပြာတိုက်မည်၊ သန့်ရှင်းလျှင် တော်ပြီ။ ရေမိုးချိုးပြီး ဧည့်ခန်းတွင် ထိုင်သည်။ ဖျာပုံတွင် နာဂစ်၏ ဘယာနက အစွမ်းမည်မျှပြခဲ့ သည်ကို ပြောဆို ဆွေးနွေး မိကြသည်။ ဟိုတယ် မန်နေဂျာလည်း ပါသည်။ သို့နှင့်ရေ ကိစ္စ ရောက်သွားသည်။ သောက်ရေလုံလောက်လားလို့ မေးရင်း ဒီမှာ ချိုးရေကော ဘယ်ကရသလဲ ဆိုတော့…….. မြစ်ထဲကပါတဲ့……….တဲ့၊ သွားပြီ ကိုယ်ကတော့ သန့်ရှင်း အောင် ရေချိုးခဲ့တာ၊ ချိုးရတဲ့ရေက မြစ်ထဲကတဲ့…………..၊ မြစ်ထဲမှာက………………ယောက်ဖ ကိစ္စက အလောင်း မတွေ့သဖြင့် ပျောက်ဆုံးစာရင်း ဝင်နေသည်။ အချို့ငါးဖမ်းသမားများက ပဲ့နင်းကြီး အလောင်းကို ရေထဲ မျောတုန်း တွေ့လိုက်တယ်။ ဝါးလုံးနဲ့ လှန်ကြည့်တော့ ဟုတ်နေတယ်……………..၊ စက်လှေငှားပြီး လိုက်ရှာတော့ နေစောင်း သွား လို့ ရှာမတွေ့ဘူးဟု ပြောသူလည်း ရှိသည်။ ထားတော့……………ရန်ကုန်ရောက်မှ ရှင်းတော့မည်။ သို့နှင့်ဖျာပုံမှ အဝေးပြေး ကားဖြင့် နောက်တစ်နေ့ နံနက်ပိုင်း ပြန်ဖြစ်သည်။ ပြောချင်သည်က………………….ဆိုင်ကလုန်းမုန်တိုင်း နာဂစ်ဆိုသော………….ပန်းပွင့်လေး အကြောင်းဖြစ်သည်။ နာဂစ် သည် အမည်လှသလောက် ရက်စက်မှု အပေါင်းတွင် သရဖူ ဆောင်းခဲ့ဖူးသည် ဆိုသည့် အကြောင်းဖြစ်သည်။ ယခုလည်း……………ဆိုင်ကလုန်း မုန်တိုင်းပါပဲ………….၊ နာဂစ်လို အမျိုးသမီး နာမည်တော့ မဟုတ်………၊ မဟာစင်တဲ့ အမျိုးသား နာမည်ဖြစ်နိုင်သည်။ မိန်းကလေး နာဂစ်သည် သူ၏အစွမ်းကို အလုံးစုံ ထုတ်ပြ သွားခဲ့သည်။ ယခု……………..သူ၏အစ်ကိုလား၊ မောင်လား …………… မဟာစင်ကရော…………………..ကဲ……….အားလုံးပဲ သတိ ရှိကြဖို့၊ ပြင်ဆင် ထားကြဖို့ အကျိုးမျှော် ကာ နှိုးဆော် လိုက်ပါသည်။ ။ ဆောင်းပါးရှင်-ကိုဦးမြင့် by myawady

 

လပ်ကီးမြို့တော်