www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Monday, May 13, 2013

အသိဉာဏ်မဲ့သော သူဋ္ဌေးသား

ရှေးရှေးက အလွန်ကြွယ်ဝချမ်းသာသော သူဋ္ဌေးကြီး ဇနီးမောင်နှံရှိသည်၊ ထိုသူဋ္ဌေးကြီး ဇနီးမောင်နှံတွင် လွန်စွာ ချောမော လှပသော သားတယောက် ရှိသည်။ သူဋ္ဌေးကြီး ဇနီးမောင်နှံသည် သားငယ်အတွက် လိုလေသေးမရှိ အလိုလိုက်ကြသည်။ သူဋ္ဌေးသားငယ် အရွယ်ရောက်လာသောအခါ သူဋ္ဌေးကြီး ဇနီးမောင်နှံသည် သားငယ်ကို ချမ်းသာသည့် မိသားစုမှ အမျိုးသမီးတဦးနှင့် လက်ထပ်ပေးသည်၊ ထိုသို့ အိမ်ထောင်ပြုပြီးနောက် သူဋ္ဌေးသား၏ ဇနီးမှ သားတယောက် ဖွားမြင်သည်၊ ထိုသားငယ် မွေးဖွားပြီး ၂-နှစ်ခန့်တွင် သူဋ္ဌေးကြီး ဇနီးမောင်နှံ ရှေ့ဆင့် နောက်ဆက့် ကွယ်လွန်သွားကြသည်။ ဆွေမျိုးများက သူဋ္ဌေးသားသည် ဥစ္စာရှိသော်လည်း ပညာမရှိလျှင် ကဲ့ရဲ့ဖွယ် ဖြစ်နိုင်သည်၊ ဥစ္စာပစ္စည်းများ ဆုံးရှုံးနိုင်သည်၊ ထို့ကြောင့် ပညာသင်ယူလျှင် ကောင်းမည်-ဟု အကြံပြုကြသည်။ သူဋ္ဌေးသားသည် ဆွေမျိုးများ၏ အကြံပေးမှုကို လက်ခံလိုက်ပြီး တက္ကသိုလ်တခုသို့ သွားရောက်၍ ပညာသင်ယူသည်၊ တက္ကသိုလ်၌ ၁၀-နှစ်ခန့်ကြာပြီးနောက် အိမ်သို့ပြန်လာခဲ့ရာ ညဥ့်နက် လူခြေတိတ်ချိန်မှ ရောက်လာသည်၊ သို့သော် သူဋ္ဌေးသားသည် လျှို့ဝှက်တံခါးများကို သိသဖြင့် အိမ်တော်တွင်းသို့ အလွယ်တကူပင် ရောက်ရှိသွားသည်။ သူဋ္ဌေးသားသည် ဇနီးသည်၏ အိပ်ခန်းသို့ ၀င်လာသောအခါ ဇနီးဖြစ်သူကို ခြင်ထောင်အတွင်း၌ ယောက်ျားတဦးနှင့် ဖက်လျက် နှစ်ခြိုက်စွာ အိပ်ပျော်နေသည်ကို တွေ့လိုက်ရသည်။ သူဋ္ဌေးသားသည် ကြာရှည်စွာ စဉ်းစားမနေတော့ဘဲ ဇနီးသည်နှင့် ထိုသူကို ဓားဖြင့် ခုတ်ပိုင်း သတ်လိုက်လေတော့သည်။ နံနက်လင်း၍ အစေခံများ နိုးလာသောအခါကျမှ မိမိ သတ်လိုက်သူများမှာ ဇနီးနှင့်သား ဖြစ်ကြောင်း သိလိုက်ရသည်။ မိခင် ဖက်အိပ်နေသည့် သားငယ်ကို သူဋ္ဌေးသားက လင်ငယ်ဟု ထင်မှတ်မိခြင်းသာ ဖြစ်သည်။ သူဋ္ဌေးသားသည် ပညာ သင်ယူခဲ့သော်လည်း အသိဉာဏ်မဲ့သောကြောင့် ဇနီးနှင့်သားငယ်ကို သတ်မိခြင်းပင်တည်း။

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်