သတင်းနှ့င့်ရသစုံလင်

လပ်ကီးမြို့တော်တွင် မြန်မာသတင်း၊နိုင်ငံတကာသတင်း၊ထူးဆန်းထွေလာ၊အားကစားသတင်း၊ကျန်းမာရေးကဏ္ဍ၊ဟာသလေးများ၊ကာတွန်းနှင့်ရုပ်ပြဟာသ၊ တရားတော်များ၊ဘာသာရေးကဏ္ဍ၊ချက်နည်းပြုတ်နည်း၊အလှအပနှင့်ဖက်ရှင်၊သရဲတစ္စေနာနာဘာဝ၊သိုင်းဝတ္ထုနှင့်စာအုပ်စာပေ၊gtalk custom message၊ ဗေဒင်ကဏ္ဍ၊ဗဟုသုတနှင့်အထွေထွေ..စသည်တို့ကို တစ်စုတစ်စည်းထဲ ဖတ်ရှုနိုင်ပါတယ်....

နည်းပညာများ

ကွန်ပျူတာနည်းပညာများ ANDROID ဖုန်း နည်းပညာများ APPLE (IOS) မိုးဘိုင်းဖုန်းနည်းပညာများ ကို နည်းပညာများနေရာမှာ ဖတ်ရှုနိုင်ပါတယ်

ဒေါင်းလုပ်သီချင်း

သီချင်းဒေါင်းချင်သူမျာအတွက် အသစ်ထွက်တဲ့သီချင်းတွေရော သီချင်းဟောင်လေးတွေပါ " MP3 ဒေါင်းလုပ်" နေရာမှာ ၀င်ဒေါင်းနိုင်ပါတယ် သီချင်းများကို album လိုက်စုစည်းပြီး တင်ပေးထားပါတယ်

ဂီတစက်ခန်း

ဂီတစက်ခန်း စိတ်ညစ်နေသူ...စိတ်ရှုပ်နေသူများ... စိတ်ထွက်ပေါက်ရှာချင်တယ်ဆိုရင် ဂီတစက်ခန်းထဲဝင်ပြီး ၀င်ကလိလိုက်ပါ... ဂီတစက်ခန်းမှာ ဂီတာ၊ဒရမ်၊စန္ဒယား၊တယော၊ဒီဂျေ အပြင်... ရောသမမွှေနိုင်တဲ့ တီးလုံးသံစဉ်လေးများကို အသုံးပြုနိုင်ပါတယ်...

အွန်လိုင်းဂိမ်း

အွန်လိုင်းဂိမ်းများကို အဆင်ပြေပြေနဲ့ အလွယ်တကူကစားချင်တယ်ဆိုရင် ဓါတ်ပုံပြင်ရန်အောက်က..အွန်လိုင်းဂိမ်းနေရာမှာ ၀င်ရောက်ကစားနိုင်ပါတယ်

www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Friday, May 24, 2013

ကြံနှုတ်ပါတယ် မြေဖုတ်ကလိုက်သတဲ့

ကျွန်တော်နေထိုင်သည့် နေရာနှင့် သင်္ချိုင်း(ကျွန်တော်တို့ မြို့မှာ ခေါ်တာတော့ ကြက်ပေါင်ခြံ)နဲ့က နီးနီးလေးဖြစ်သည်။ ကိုက်အနည်းငယ် ခြေလျင်လျှောက်လိုက်သည်နှင့် ကြက်ပေါင်ခြံ အ၀င်ဝကို မြင်နေရသည်။ ကျွန်တော်ဆိုသည်က လည်း ကိုယ့်ဒေသမဟုတ်သော်ငြားလည်း နေလာခဲ့သည်မှာ ကြာလာခဲ့သည်မို့ အမှုမဲ့အမှတ်မဲ့ပင် နေလာခဲ့သည်။ အနီးပါတ်ဝန်းကျင်ရှိ လူ(အသုဘ) မှန်သမျှ ကျွန်တော်လိုက်ပို့ပေးနေကြဖြစ်သည်။ အဲ့ဒီ ကြက်ပေါင်ခြံ အ၀င်ဝ ကနေ ကိုက် ၂၀၀ လောက်ဆိုရင် သုသာန်ပြင်ကို မြင်နေရပေမည်။ အုတ်ဂူ ဖွေးဖွေးများနှင့် မြေပုံ အများအပြားကို တွေ့မြင် နေရသည်။ အဲ့ဒီအနောက်ဘက်ပိုင်းမှာတော့ ကုန်းမြင့်နေရာများနှင့် ကြံခင်းစိုက်ပျိုးထားတတ်ကြသည်။(ရာသီအချိန်ဆိုရင် စိုက်ပျိုးထားကြသည်။)
ကျွန်တော်တို့ သူငယ်ချင်းတစ်စုက တော့ အမြဲတမ်းလိုလို ညပိုင်းလောက်ဆို အဖွဲ့ကြနေတတ်သည်။ သောက်ကြစားကြနှင့်အ ပျော်ကြီးပျော်ပြီးမှ ညမိုးစုပ်စုပ်ချုပ် မှ အိမ်ကို ပြန်ကြလေ့ရှိသည်။ နီးနီးလေးမို့ ဆိုင်ကယ်နှင့် မပြန်ကြဘဲ လမ်းလျှောက်ပြီးပြန်ကြတာများသည်။
အဲ့ဒီစုဝေးနေတတ်တဲ့ ခေါက်ဆွဲဆိုင်က ကြက်ပေါင်ခြံရှေ့ကဖြတ်ပြီ နည်းနည်းဆက်သွားလိုက်ရင် ဆိုင်ကိုရောက်သည်။ အဲပြောဖို့မေ့နေတယ်...အဲ့ဒီကြက်ပေါင်ခြံဆိုတာကလည်း မြို့ထဲကို သွားတဲ့ အဝေးပြေးလမ်းပေါ်မှာဘဲ ရှိတာ..ကျွန်တော်တို့ နေတဲ့ ရွာက မြို့ပြင်ဆိုတော့ မြို့ထဲဝင်တဲ့ ဂိတ်နဲ့ ကြက်ပေါင်ခြံနဲ့က နီးနီးလေး..ဒါကြောင့်ကျွန်တော်တို့နေတဲ့ နေရာက ကားလမ်းမဘေးမှာလို့ ပြောလို့ရတယ်..
ဒီလိုနဲ့ တစ်နေ့ ဘယ်လိုစိတ်ကူးပေါက်ပြီး စကားကြောရှည်မိသည်မသိဘူး..အဲ့ဒီကောင်တွေနဲ့ သင်္ချိုင်းရဲ့အနောက်ဘက်ခြမ်းကုန်းမြင့်ပေါ်က ကြံကို သွားခိုးကြမယ်ဆိုပြီး စကားစရာကနေသွားကြတာ..လူကလည်းခပ်ကောင်းကောင်းနဲ့ယိုင်ထိုးယိုင်းထိုး ဟိုလူကကို ဆွဲထူလိုက် ဒီလူကိုဆွဲထူလိုက်နဲ့ သွားကြတာ အုတ်ဂူတွေပေါ်ကလည်းဖြတ်လျှောက် မြေပုံပေါ်တွေမှာလည်း တက်နင်းပြီးသွားကြတာ..ကြံခင်းဘက်ရှိတဲ့ အခြမ်းဘက်ကိုရောက်ပါလေရော...လူတွေကိုကြည့်လိုက်လည်း...မှုန်ဝါးဝါး ညပိုင်းကလည်းဖြစ်ဆိုတော့ သွားလာလိုက်တာ ကျွန်တော်ဆို တစ်ကိုယ်လုံး ရွှံအလူးလူးနဲ့ ကန်သင်းရိုးတို့ ဘာတို့ပေါ်က သွားတာ ကျွန်တော်က မကျွမ်းကျင်တော့ ခဏခဏ ဗွက်မှာ လူးနေရတယ်လေ..ဒီလိုနဲ့ ရသလောက် တစ်ယောက်တစ်ချောင်းနှစ်ချောင်းလောက် ထမ်းပြီးပြန်လာခဲ့ကြတယ်..ပြန်တဲ့လမ်းကလည်း..အလာတုန်းကအတိုင်းဘဲ ကြံချောင်းတွေကလည်းပါတော့ လဲလိုက်ပြန်ထလိုက်နဲ့ ခေါက်ဆွဲဆိုင်ကို ပြန်ရောက်လာပါလေရော...
ပြန်ရောက်ကြတော့မှ ကျွန်တော်တို့လည်း လူစုခွဲပြီးအိမ်ပြန်သွားကြတာပေါ့..ကျွန်တော်လည်း အိမ်ကို လမ်းလျှောက်ပြန်တာ အဲ့ဒီကြက်ပေါင်ခြံအရှေ့ကဘဲ ဖြတ်ပြန်ရတာ..လမ်းကြားထဲရောက်တဲ့အထိက မထူးခြားသေးဘူး..အိမ်ရှေ့ရောက်တော့ ကျွန်တော့အမေကို ပြန်ရောက်ကြောင်းပြောပြီး ခြံအနောက်ဘက်ပိုင်းက ရေဘုံဘိုင်မှာ ခြေလက်ဆေး ကိုယ်လက်သုတ်သင်ပြီး အိမ်အနောက်ဘက်တံခါးမကြီးကနေ အိမ်ထဲကိုဝင်ပြီး ညစာအတွက် အမေပြင်ပေးထားတဲ့ ထမင်းဝိုင်းမှာထိုင်ခါမှ ရှိသေး ခြံတံခါးဝကို ကျော်တက်ပြီး ခုန်ချလိုက်တဲ့ အသံနဲ့ ပေ၅၀လောက်ရှိတဲ့ ခြံအနောက်ဘက်ခြမ်းကို ခြေလှမ်းသုံးလှမ်းဘဲလှမ်းလာတဲ့ အသံရယ် ပြီးတော့ အနောက်ဘက်တံခါးမကြီးကို သုံးချက်ရိုက်လိုက်တဲ့အသံက ကျွန်တော်နဲ့ ကျွန်တော့အမေ တော်တော်လေး တုန်လှုပ်သွားတယ်..ကျွန်တော်ဆို နားထင်ကြောတွေ တင်းသွားတယ်..နောက်မှကြောင်အမနေဘဲ အပေါ်ပြေးတက် ဓါးဆွဲပြီး ဘယ်သူလည်းလို့မေးတာ ပြန်မဖြေဘူး..အဲ့ဒီမှာ အမေကလည်း ကျွန်တော့ကို တိတ်တိတ်နေဖို့ အချက်ပြတာနဲ့ အမေနဲ့ကျွန်တော် ပြူတင်းပေါက် ကနေ ချောင်းကြည့်တော့ အိမ်ရှေ့ ခြံတံခါးက အရာတောင်မပျက်ဘူး.....ဒီလိုနဲ့ ခဏစောင့်ကြည့်ပြီး တံခါးမကြီးကို ဖွင့် လက်နှပ်ဓါတ်မီးနဲ့ ရှာတာ ဘာမှမတွေ့ရတော့ဘူး..ဒီလိုနဲ့မှ အမေက ကျွန်တော့ကို ဘယ်ကပြန်လာတာလည်းလို့မေးတော့မှ ကြက်ပေါင်ခြံက ပြန်လာတာပြောတော့မှ အမေက ထုပါလေရောလား.....အိမ်အောက်မှာ ထားတဲ့ ကြံချောင်းတွေကိုလည်း ပြလိုက်တယ်..အဲ့ဒီညကတော့ ဘာမှထပ်မဖြစ်ဘဲနဲ့ ပြီးသွားတယ်..မနက်ရောက်တော့မှ လမ်းထဲမှာ အသက်ကြီးတဲ့ လူကြီးသူမကို မေးကြည့်တော့မှ မြေဖုတ်ဘီလူး လိုက်လာတာလို့ပြောတယ်..ခြေရင်းအိမ်က အဒေါ်ကလည်း ညက ကျွန်တော်ပြန်လာတာ ခြေသံက အရင်ခြေသံနဲ့မတူဘူးဆိုပြီးစဉ်းစားနေတာတဲ့ အနောက်က ခြေသံတစ်ခုကိုပါထပ်ကြားနေရတယ်လို့ပြောတယ်..နောက်ပိုင်းကျွန်တော်လည်း..မသိတဲ့အရာကို မသိသလိုဘဲ နေလိုက်တော့မယ်လို့ စဉ်းစားရင်း......
မှတ်ချက်။ ။ အမှန်က သင်္ချိုင်းကို ညပိုင်းသွားရဲလားဆိုတဲ့ အနေအထားကနေဖြစ်လာခဲ့တာပါ။ ကြံပင်ကို လိုချင်လို့သွားကြတာမဟုတ်ပါ။


by facebook page

ဒေဝလား ယက္ခလား

စင်္ကာပူမှာကြုံခဲ့ရတဲ့အတွေ့အကြုံလေးတစ်ခုပါ။ကျွန်တော်စင်္ကာပူကို၂၀၀၈ နှစ်စပိုင်းလောက်မှာကိစ္စ
တစ်ခုနဲ့ရောက်ဖြစ်တယ်။ရောက်ခါစတော့ဟိုတယ်မှာပဲနေဖြစ်တယ်။နေရင်းနေရင်းတစ်လလောက်
ရှိလာကိစ္စကမပြတ်ဆိုတော့စရိတ်ထောင်းလာတယ်ဆိုရမှာပေါ့။ဒါနဲ့ပဲတူတူလာတဲ့သူငယ်ချင်းနဲ့
တိုင်ပင်ပြီးအခန်းတစ်ခန်းရှာကြတယ်။ ဒါနဲ့အခန်းရတော့နှစ်ယောက်သားပြောင်းကြတယ်ပေါ့ဗျာ။
အထပ်မြင့်ကွန်ဒို အခန်းပေါင်းလေးခန်းရှိတယ်။ နှစ်ခန်းကကျွန်တော်တို့မရောက်ခင်ကတည်းက
နေတဲ့သူတွေနေ နေကြတယ်ပေါ့။တစ်ခန်းကအိမ်ရှင်ပစ္စည်းတွေထားတဲ့စတိုခန်းပါ။ကျွန်တော်တို့
အခန်းကအဲ့ဒီစတိုနဲ့ကပ်ရပ်အခန်းဗျ။ စစခြင်းအိမ်ထဲကိုဝင်လိုက်တာနဲ့စိတ်ထဲမှာမသိုးမသန့်ကြီး
ခံစားမိတယ်။အရင်ရောက်နှင့်ပြီးတဲ့သူတွေကဒီအိမ်မှာသူရဲမနှစ်ယောက်ရှိတယ်ဆိုပြီးပြုံးစိစိနဲ့
ပြောကြတယ်။ကျွန်တော်တို့ကလည်းနောက်နေကျစကားပဲမှတ်ပြီးသရဲမချောချောလေးတွေလား?
ကောင်းတာပေါ့ဆိုပြီးပြန်နောက်ဖြစ်လိုက်တယ်။ ကိုယ့်အခန်းထဲရောက်တော့သူငယ်ချင်းနှစ
်ယောက်ပြောဖြစ်တာကဒီအိမ်ထဲဝင်တော့စိတ်ထဲမှာတစ်ခုခုခံစားရတယ်ပေါ့။ ဒါနဲ့ညနေ
ရောက်တော့နှစ်ယောက်သားထမင်းသွားစားကြတယ်။အခန်းပြန်ရောက်တော့နံရံမှာချိတ်ထားတဲ့
နာရီကြီးကကြမ်းပြင်မှာရောက်နေပါလေရော။ နာရီချိတ်တဲ့နေရာကနဲနဲမြင့်တယ်ဆိုရမယ်။
ချိတ်ပြုတ်ကျတယ်ဆိုရအောင်နံရံမှာချိတ်ကြီးကခိုင်ခိုင်ကြီးရယ်။ နာရီကျနေပုံကလည်း
နံရံမှာသေချာမှီထောင်ထားတဲ့ပုံစံ။အမှန်ဆိုအဲ့ဒီအမြင့်ကကျရင်နာရီမှန်ကွဲရင်ကွဲမကွဲရင်မှန်
အက်ရမဲ့အနေအထားပါ။ နာရီကပြုတ်ကျစရာကိုမရှိတာ။သူငယ်ချင်းနှစ်ယောက်ပြောဖြစ်ကြတယ်
။ထူးဆန်းတယ်ဆိုပြီးတော့။ကျွန်တော်အိပ်တဲ့ခေါင်းရင်းကချိတ်မှာကျန်တော်စိတ်နေကျပုတီးကို
ချိတ်တယ်ပေါ့နော့်။တရက်မိုးလင်းတော့ပုတီးကကြမ်းပြင်ပေါ်မှာရောက်နေတယ်။ပြုတ်ကျတယ်
ဆိုရင်လည်းချိတ်အောက်ကစားပွဲပေါ်ကိုကျနေသင့်တယ်။အကောင်လိုက်မမြင်ရပဲအဲ့ဒီလိုတွေဖြစ်တော့
အာရုံနောက်လာတာပေါ့။
ကျွန်တော်ဘုရားရှိခိုးရင်ဖယောင်းတိုင်မီးပူဇော်လေ့ရှိတယ်ဗျ။တစ်ညထုံးစံအတိုင်းဘုရားရှိခိုးဆီမီးပူဇော်ပြီး
ဆီမီးခွက်ကိုအံဆွဲလေးထဲပြန်သိမ်းပြီးအိပ်လိုက်တယ်။မိုးလင်းတော့သူငယ်ချင်းကအတင်းလာနှိုးပြီးပြတယ်
။သူ့အိပ်ရာခေါင်းရင်းတည့်တည့်မှာအဲ့ဒီဆီမီးခွက်ကရောက်နေတာကိုး။ကျွန်တော့်ကိုလာထားတာလားဆိုပြီး
မေးတယ်။ကျွန်တော်လည်းဘာကိစ္စနဲ့ထားရမှာတုံးဆိုပြီးပြောတော့သူငယ်ချင်းကဒါဆိုသရဲခြောက်တာ
သေခြာနေပြီလို့ပြောတယ်။အကောင်လိုက်မခြောက်ပဲဒါမျိုးတွေပဲဖြစ်ဖြစ်နေတယ်။
တစ်ရက်အိမ်ကလူတွေ အားလုံးအပြင်မှာရုပ်ရှင်ကြည့်နေရင်း အခန်ထဲမှာအားသွင်းထားတဲ့
phone ကနေ အပြင်က phone ကိုခေါ်လာတယ်။ ဘယ်သူမှလဲအခန်းထဲမှာမရှိဘူး။သွားကြည့်တော
့ phone ကမီးလင်းနေတယ်။ နောက်တော့ကျွန်တော်တို့လည်းခရီးထွက်ခဲ့တာမို့ ဘာဆက်ဖြစ်လဲမသိတော့ပါ
by facebook page

ငရဲခန်းနဲ့ လက်တစ်ကမ်းအကွာ

ဒီဇာတ်လမ်းကမြန်မာပြည်မှာတော.မဟုတ်ဘူး၊ဒါပေမဲ.တကယ်ဖြစ်ခဲ.တာလို.ပြောပြခဲသူတစ်ဦးကြောင်.
ကျမသိခဲ.ရတာပါ။ပြန်လည်မျှဝေရုံသက်သက်ပါ၊ယုံတာ၊မယုံတာကိုတော.ပေတပရိတ်သတ်ကြီးသဘောပါပဲ၊။။။။။
ရွာလေးတရွာမှာသူငယ်ချင်းနှစ်ယောက်ရှိတယ်၊တစ်ယောက်နဲ.တစ်ယောက်လည်းတော်တော်လေးသံ
ယောဇဉ်ကြီးကြတယ်၊တနေ.တော.သူငယ်ချင်းနှစ်ယောက်ထဲကတစ်ယောက်ကနေထိုင်မကောင်းဖြစ်ပြီး
သေသွားတယ်၊ဒါကြောင်.ကျန်ခဲ.တဲ.သူငယ်ချင်းကအသုဘချဖို.ကိစ္စအ၀၀ကိုမမောမပန်းလိုက်လုပ်
ရှာတယ်၊နောက်ဆုံးမြေချဖို.မြေကျွင်းကိုလည်းသူပဲတစ်ဦးထဲဒိုင်ခံပြီးတူးတယ်၊အဲ.ဒီမှာကျွင်းတူးနေတုန်
းအိပ်ကပ်ထဲကဖုန်းကပြုတ်ကျသွားတယ်၊သူလည်းမြင်လိုက်တယ်...ဒါပေမဲ.
လို.တွေးရင်းဆက်တူးတယ်၊နောက်တော.ပြီးစီသွားတော.အလောင်းကိုချလိုက်ပြီးမြေဖို.လိုက်ကြတယ်
၊သင်းချိုင်းကုန်းကနေအားလုံးလှည်.ပြန်ခဲ.ကြတယ်၊သူလည်းသူအိမ်သူပြန်လာပြီးရေချိုးဖို.လုပ်တော.
မှမြေတူးတုန်းကအောက်ကျသွားတဲ.ဖုံးကိုသွားသတိယတယ်၊သူလည်းချက်ချင်းပဲသင်းချိုင်းကိုပြန်ထွက်
ဖုံးကိုသွားသတိယတယ်၊သူလည်းချက်ချင်းပဲသင်းချိုင်းကိုပြန်ထွက်လာခဲ.ပြီးသူငယ်ချင်းမြေပုံကိုပြန်တူး
လိုက်တယ်တူးရင်းတူးရင်းနဲ.နောက်ဆုံးအလောင်းပေါ်လာတယ်ဒါပေမဲ.သူကဖုံးကိုရအောင်ရှာနေမိတယ
်နောက်အလောင်းရဲ.ကျောအောက်နားကနေပြန်တွေ.တယ်၊ဒါပေမဲ.သူကအချစ်ဆုံးသူငယ်ချင်းရဲ.မျက်နှာ
လေးကိုမြေပြန်မဖို.ခင်တချက်လောက်ဖွင်ကြည်.ခြင်သေးတာနဲ.အ၀တ်ဖြူနဲ.ဖုံးထားတဲ.သူငယ်ချင်းရဲ.
မျက်နှာကိုလှန်လိုက်တော.သူတွေ.လိုက်ရတာကတော.သူငယ်ချင်းရဲ.မျက်နှာကခုနကသူတို.
မြေချလိုက်တုန်းကမျက်နှာမဟုတ်တော.ဘဲသူ.ရဲ.လျှာကြီးကခေါင်းအနောက်ကနေပတ်ပြီးနဖူးပေါ်မှာ
သံချောင်းနဲ.ရိုက်ထားသတဲ.၊အဲ.ဒီလူလည်းနေရာမှာပဲသတိမေ.ပြီးလဲသွားတာမနည်းကိုနှာနှပ်ယူလိုက်ရ
တယ်နောက်အပျင်းဖျားပြီးငါးရက်မြောက်တော.အသက်ပါပါသွားတော.သတဲ.၊။။။။။။ဘာလို့လဲဆိုရင်
သူ ဘာသာရေးကျမ်းစာတွေထဲမှာပဲ ဖတ်ဖူးတဲ့ သေလွန်ခြင်းရဲ့ တစ်ခြားဘက်က ငရဲဒုက္ခဆိုတာကို
 မျက်ဝါးထင်ထင်မြင်လိုက်ရပြီး သည်းခြေပျက်သွားတာပါ..။ ဇာတ်လမ်းလေးကတော့ ဒါပါပဲ....။ ။

by facebook page

ကားနှင့်တူယှဉ် လိုက်ဖို့ပြင်သည်

အဲဒီ နေရာ က ကျွန်တော် တို့ ကျောက်ပန်း တောင်း ဘက်ကို မန္တလေး -ရန်ကုန် အမြန် လမ်း မ ကြီး ကနေ ဖြတ် ဆင်းပြီးတော့ သွား တဲ့ နားပေါ့ ။
 ဒီ ဟာ ရေး လို့ အဲဒီ နား က ဖြတ်သွား လို့ လည်း မကြောက်ကြ နဲ့ ဦး ။ တစ်ဦးနှင့် တစ်ဦး ကံ က လည်း မတူ နိုင်ပါဘူး ။
 ရန်ကုန် -မန္တလေး အမြန် လမ်း မ ကြီး ကေ န ဆင်းလိုက်ရင် ကျောက်ပန်း တောင်း ဘက်ကို သွား တဲ့ လမ်း အစ ပိုင်း မှာ ထမင်း ဆိုင်
 တွေရှိတယ် ဗျ ။ အဲဒါ နည်း နည်း ကျော်သွား ရင်း တိုး ဂိတ် ရှိတယ် ၊ အဲဒီ တိုးဂိတ် က နေ ဟို ဘက် ကို ဆက်သွားလျှင်
 (ကျောက်ပန်း တောင်းဘက် ) လမ်း မှာ က နည်းနည်းလူ ပြတ် တယ် ၊ အိမ် ယာ လည်းနည်းတယ် ၊ အနည်းဆုံး နာရီ
ဝက်လောက်မောင်း မှ ပြန် ပြီးတော့ လူ နေ အိမ်ခြေ ကိုပြန် တွေ့ ရတယ် ။ ခု ဖြစ် ပျက် ခဲ့ တာ က တော့ လွန်ခဲ့ တဲ့
 ခြောက်လပိုင်း လောက် က ကျွန်တော် မြန် မာ ပြည် ကို ခဏ ပြန်တော့ တွေ့ ကြုံခဲ့ ရ တာ လေး ပါ ။
မှတ် မှတ် ရ ရ ကျွန်တော် တို့ မြန် မာ ပြည် အလယ် ပိုင်း ဘုရားတွေ လှည့် ဖူးပြီးအပြန်ပေါ့ ။
အပြန် ဆို တာ ရန်ကုန် ကို တန်း ပြန် တာ မဟုတ်ဘူး ၊ မန္တလေး ကို အလျှင် ပြန်တယ် ။ ပြီး မှ ပြန် ပြီးတော့
ရန်ကုန်ကို ဆင်း တာ ပါ ။ အခု တော့ မန္တလေး ကို အပြန် ပေါ့ ။ အဲဒီရက်ပိုင်း က လေ ပြင်း တွေ တော်
 တော် လေး ကို တိုက်ပါတယ် ။ မှတ် မိ တဲ့လူတွေ မှတ်မိကြမှာပါ ။ ဒါနဲ့ ခု န က ပြော တဲ့ လမ်း အပိုင်းက
ို ကျွန်တော် တို့ ကား က ည ဘက် ဆယ် နာ ရီခွဲ လောက်မှာ ရောက်ပါတယ် ။ ကျောက်ပန်း တောင်း မှာ
ထမင်းဝင်စား တာ က ည ကိုးနာရီ ခွဲ ကျော်နေပြီ ။ ထမင်း စား ပြီး ပြန် ထွက်မယ် လုပ် မှ ဘီး က ထပြီးတော့ ပေါက်ပါတယ် ။
 ဒါနဲ့ နောက်တစ်ဘီး ကို လည်းပြီးတော့ ထပ်သွားတယ်။ အဲဒီ ဘီး ပါ ထပ်ပေါက်ပါတယ် ။ အဲဒီ အချိန်မှာ ဘယ် ကား
 ပြင် ဆိုင် ဘီးဖာဆိုင်မှမဖွင့် တော့ပါဘူး ။ ဒါနဲ့ကျွန်တော် တို့ လည်း ကြုံရာ ဆိုင်ကိုမေးပြီးတော့ မနည်း ကို အကူ အညီ
 တောင်းပြီးတော့ ဘီးဖာခိုင်းပြီး ပြန် ထွက်ခဲ့ ပါတယ် ။ ဒီ လောက်ဇာ တာ ကျ နေ တာ တော် တော် လေး ကို ကိုယ့်
ဘာ သာ ကိုယ် မရိပ် မိခဲ့ပါဘူး ။ဒီ လို နဲ့ ကား ဘီး နှစ်ခါဖာပြီးတော့ ဆက်ထွက်လာ ခဲ့ ပါတယ် ။ ခု န က ပြော တဲ
 လမ်း ပိုင်း နား ရောက်တော့ ည ၁၁ ထိုးပါတော့မယ် ။ အရှေ့ခန်း မှာ က ကား မောင်းတဲ့ အကို တစ်ယောက်ရယ်၊
 ဦးလေး ရယ် ထိုင်ပါတယ် ။ အနောက်မှာ က ကျွန်တော်ရယ် ၊ နောက်ထပ်ဦးလေး တစ်ယောက်ရယ် ၊ သူ့မိန်း မ ရယ်
၊ နောက် အမ နှစ်ယောက်ရယ် ၊ ကလေး လေး သုံးယောက် ပါ ပါ တယ် ၊ အားလုံး ဆယ် ယောက် ပါတယ် ကလေး တွေ
 ပါတွက် ရင်ပေါ့ ။ ဒါနဲ့ ကား လမ်း ပေါ်ကို သစ်ပင် တွေ အမြစ် က ကျွတ်ပြီးတော့ ကျ နေ တာ တွေလည်း ရှောင်မောင်း
 ရ သလို၊လေကလည်း တော်တော်လေး ကိုပြင်းပါတယ် ။တစ်ခါ တစ်လေ ကား ပါ လေ ထဲ စီးပါသွားသလိုပါပဲ။ကား က
 Hiace ပါ ။ အဲဒီ အချိန် မှာ ရှေ့ လမ်း ပေါ် က နေ လူ နှစ်ယောက် လှမ်းပြီးတော့ တား ပါတယ် ၊ သူတို့ ကိုကြည့်
ရ တာလည်း (နည်းနည်းစုတ်ပြတ် နေပါတယ် ) ။ လူ ကောင်းနဲ့လည်း မတူပါဘူ ။ ကျွန်တော် တို့ (အရိုးသားဆုံးဝန်ခံရရင်)
မောင်းပြေး ခဲ့ပါတယ် ၊ ကားပေါ်မှာလည်း မိန်းမသားတွေ ပါလို့ပါ ။ လူ လည်း အပြည့်ပါ သူတို့ကို ထပ်ပြီးတော့ တင်ပေး
 စရာ နေ ရာ မပိုပါဘူး ။ ပြီးတော့ တစ်ယောက်တည်းလည်း မဟုတ် ၊ နှစ်ယောက် ဆိုတော့ လူ ကောင်းလားလူဆိုးလား
ဝေခွဲမရလို့ပါ။ ထားပါတော့ ။ ဒါနဲ့ ကျွန်တော် တို့ ကား ဆက်မောင်း လာ ခဲ့ပါတယ် ။ကားပေါ်က လူ တွေအားလုံး
 အဲဒီ လူ နှစ်ယောက်ကို တွေ့ ခဲ့ပါတယ် ။ သူတို့ တွေ ကလမ်းလျှောက်နေရင်းလှမ်းတားတာပါ ။ ဘာ ဆိုင်ကယ် ၊
ဘာ ကား မှ သူတို့ နားမှာ မရှိပါဘူး ။ ဆက်မောင်းလာရင်း နောက်ထပ်ငါး မိနစ်လောက်နေ တော့ နောက်ထပ်လူ
နှစ်ယောက် ထပ်တားပြန်ပါတယ် ။ အမှုမဲ့အမှတ်မဲ့ နဲ့ပါ ၊အားလုံးက လေပြင်း တိုက်လို့ ဆိုင်ကယ်တွေ ပျက် တာ ၊
ကားပျက်တာ ဖြစ်နေလို့ များ ကားလာ တားတာလား လို့ ထင်မိပါသေးတယ် ။ မဟုတ်ပါဘူး ၊ ခု န က တားတဲ့လူ နှစ်ယောက်ပါပဲ ။
အဲဒါ ကို စ ပြီးသတိထားမိတာ က ကားမောင်း တဲ့ အကို ကြီး နဲ့ ကျွန်တော် နဲ့ ပါ ။ နောက်တော့ ဦးလေး ပါ သတိထားမိ ပါတယ် ။
 ဟို အကို ကြီး က တော့ လေပြင်း နေ တာ ကို တောင် မှ ကား က လမ်း ပေါ် ကနေ ဦး က ရွှေ့ ရွှေ့သွားတာ ကို ဂရု မစိုက်တော့ပါဘူး ။
 ကီလို ခုနစ်ဆယ်လောက်ထိ တင်လာ ပါပြီ ။ သူ က ဘေး လူ တွေ ကြောက်မှာစိုးလို့ဘာ မှမပြောပေမယ့် မျက်နှာမှာအထင်းသားပေါ်
နေ ပါတယ် ။ ကား မောင်းသမား က အရှိန်ထပ်မြှင့် တော့ ဦးလေး က အရှိန်လျှော့ခိုင်းပါတယ် ၊ အဲဒီ အကို ကြီး မလျှော့ပါဘူး ။
 ဒါနဲ့ အချင်း ချင်း အော်ဟစ် ငေါက် ငမ်းပြီးတော့ ကား ကို ချက်ချင်းရပ်ခိုင်းလိုက်ပါတယ် ။ ဦးလေး က တက်မောင်းပါတယ် ၊
 မှန် မှန်ပါပဲ ။ ဒါပေမယ့် တစ်ချက် တစ်ချက် မြန် မြန် သွားပါသေးတယ် ။ လီဗာ ကို နင်း နင်း လိုက်လို့ ပါ ။ ပုံမှန် မဟုတ်ပါဘူး ။
 အဲဒီ အချိန်မှာကားပေါ် က အမျိုးသမီးတွေ လည်း ဘုရားစာတွေ ရွတ်ကုန်ပါပြီ ။ သူတို့လည်းပါးစပ် က ထုတ် မပြောပေမယ့်
သဘောပေါက်ကြပါတယ် ။ကလေးတွေ က တော့ အိပ် ပျော်နေလို့ မသိကြပါဘူး ။ ဒါနဲ့ ည ၁၂ နာရီ မတ်တင်းမှာ အမြန်
လမ်းပေါ် တက် မိပါတယ် ။ အဲဒီ နောက်ပိုင်းကို ဦးလေး ပဲ ဆက်မောင်းပါတယ် ။ မနက် သုံးနာ ရီ ခွဲ လောက်မှာ မန္တလေးကို ရောက်ပါတယ် ။
ပင်ပန်းတာ တွေ နဲ့ အိပ်ချင်ပေမယ့် အားလုံး မအိပ်သေးပါဘူး ။ ခြေ လက် ရေဆေးပြီးတော့ အမျိုးသမီးတွေ အခန်းထဲဝင်သွားမှ
 ဦးလေး ရော ဟို အကို ကြီး ပါ ပြော ပါတယ် ။ ငါတို့ကား ကို တား တဲ့ ကောင်တွေ လူတွေ မဟုတ်ဘူးဟ ။ သိလား ၊ ပထမတားတယ် ။
နောက် တစ်ခါတားတယ် ။ နောက် ငါ တို့ ကား လည်း မောင်းပြေး ရော နောက် ကနေ ပြေး လိုက် လာ တာ ။ မင်း တို့ တော့ မသိဘူး ၊
 ငါ ကား ကီ လို ခုနစ်ဆယ် ရှစ်ဆယ်နဲ့မောင်းတာတောင်မှ မီ လာ တယ် ။ ငါလည်း ကြောက်တာနဲ့ အမြန် မောင်းတာ လို့ အကို ကြီး ကပြောပါတယ် ။
ဦးလေး က လည်း ငါ မောင်း တော့ ငါ ဘက်မှန် ထဲကနေ ပြေး လိုက် နေ တာ တွေ့ လို့ ဘုရားစာ ဆိုပြီးတော့ အရှိန်ကို တစ်ခါတစ်လေ
သတိလက်လွတ် တင်တင် မိသေးတယ်လို့ ပြောပါတယ် ။ ဒါပေမယ့် အမြန်လမ်းပေါ် တက် တဲ့အချိန်မှာတော့ လိုက် မလာ တော့ဘူးလို့ ဆိုပါတယ် ။
ကျွန်တော် က တော့ လိုက် လာ တာ မတွေ့ ခဲ့ပေမယ့် နှစ်ခါတိတိ ကား တား တာ ကို တော့ သေသေချာချာကြီးတွေ့ခဲ့ ရပါတယ် ။
 မြန် မာ လူ မျိုး ရုပ်တွေ ပါ ပဲ ။ ဘာ လို့ မကျွတ် မလွတ်လဲ တော့ ကျွန်တော် လည်း အဲဒီ နေ ရာ ကို ဖြတ်သွားဖြတ်လာ သာ လုပ်ခဲ့တဲ့အတွက် မသိခဲ့ပါဘူး ။
မြန် မာ ပြည် ပြန် တုန်း အမှတ် တရ လေးတစ်ခုပေါ့ ။
အားလုံးကို ကျေးဇူးတင်ပါတယ် ။

by facebook page

လက်သည်မပေါ်ပဲ အပြတ်ဆော်ခံထိတဲ့ည

အခုရေးမယ်.အကြောင်းကတော.ကျမအဖိုးဝမ်းကွဲရဲ.မိတ်ဆွေဦးလေးကြီးတရောက်ကပြောပြတဲ.သူရဲ.ကိုယ်တွေ.အကြောင်းလေးပါ။
သူကအရင်ရှစ်လေးလုံးပြီးတော.တောခိုတဲ.ထဲမှာပါသွားတယ်။KNUလား KIAလားတော.ကျမလည်းသိပ်မသိဘူး၊နောက်ပိုင်းဦးခင်ညွှန် .
လက်ထက်မှာလက်နက်နဲ. ငြိမ်း ချမ်းရေးလဲတော.သူတို.အဖွဲ.လဲပါတယ်။ သူကဒိတ္ထိ၊ဗုဒွဘာသာလဲမဟုတ်ဘူး၊ခရာစ္စယာန်လည်း
မဟုတ်ဘူး၊ဘာဘာသာမှမကိုးကွယ်ဘူးမယုံလို.တဲ.လေ၊ဘုရားတွေကိုမယုံသလိုသရဲ၊တစ္စေတွေရှိတယ်ဆိုတာကိုလည်းမယုံတဲ.သူပေါ.။
စကားပြောရတာသိပ်လက်ပေါက်ကပ်တယ်၊ဒါပေမဲ.ခင်စရာလည်းကောင်းတယ်အမြဲလိုလိုအထူးအစမ်းတွေပြောပြတတ်တယ်၊
သူမိန်းမကတော.သူတို.ဗိုလ်ကြီးရဲ.တစ်ဦးတည်းသောချစ်သမီးလေးဆိုတော...သူကသိတဲ.အတိုင်းဗိုလ်ကြီးပြီးရင်သူပဲပေါ.နော်။
ကျမကတော.အဲ.ဒီဦးလေးကြီးနဲ.တွေ.မှပဲသိတော.တယ်သူပုန်တွေကလည်းစာသင်ရတယ်တဲ.၊ဆေးပညာလည်းသင်ရတယ်ပေါ.နော်။
ဆေးပညာပို.ချတဲ.ဆရာသီးသန်.ရှိတယ်တဲ.။ကျမအတွက်တော.ထူးဆန်းပါပေ.ဆရာတွတ်ရယ်.....ပေါ.။အကြောင်းကစတာဒီလို။။။။။။။
သူတို.တောထဲတောင်ထဲမှာနေနေရတုန်း၊အဲ.တုန်းကအလင်းမ၀င်ရသေးဘူးတဲ.အဲ.ဒီမှာဆေးပညာသင်ပေးမဲ.ဆရာဝန်ကဗိုလ်ကြီးက
ိုအကြောင်းကြားလာတယ်သူ.ကျောင်းသားတွေသင်ကြားပို.ချချက်တွေကိုလက်တွေလေ.လာဖို...လူအရိုးခြောက်မှာအင်္ဂါမပြည်.စုံဘူး
လိုအပ်နေတဲ.အင်္ဂါအစိတ်အပိုင်းတွေကိုရှာပေးဖို.တဲ.။။ဗိုလ်ကြီးကသူ.ကိုတာဝန်ပေးလိုက်တယ်မင်းသွားတဲ။သူလည်းသူလက်အောက်
တရောက်ကိုခေါ်ပြီးသင်တန်းပို.ချမဲ.ဆရာနဲ.သွားတွေ.တော.ဆရာကအရိုးခြောက်မှာဘယ်လက်ဖျံရိုးတဘက်မရှိဘူး၊နောက်ခေါင်းကလည်း
ကျည်ဆံဖေါက်ထွက်ထားတာမို.လို.အကောင်းပကတိရှိတဲ.လူအရိုးခေါင်းသာလိုကြောင်းသူ.ကိုတင်ပြတယ်။ဒါနဲ.သူလည်းဗိုလ်ကြီးဆီထပ
်တင်ပြတော.မင်းတာဝန်ယူပြီးလုပ်ပေးလိုက်ဆိုတဲ.ယောက္ခထီးကြီးရဲ...အဲ.ယောင်လိုဗိုလ်ကြီးရဲ.အမိန်.ကြောင်.အလောင်းရှာတာရှာမရဖြစ်
နေရော.။ဒါနဲ.သူတို.တပ်ကနေတော်တော်လှမ်းတဲ.ရွာလေးတရွာကိုထွက်ခဲ.သတဲ.တပည်.တစ်ယောက်နဲ.ပေါ.နော်။အဲ.ဒီရွာကိုရောက်တော.
မိုးချုပ်နေပြီဒါနဲ.အိမ်တအိမ်မှာခွင်.တောင်းအိပ်ရင်းအိမ်ရှင်နဲ.စကားစပ်မိတော.အိမ်ရှင်ကသင်းချိုင်းကုန်းကို.ပြပေးနိုင်ကြောင်း၊ဒါပေမဲ.
အဲ.ဒီသင်းချိုင်းကုန်းကအရမ်းခြောက်လွန်းလို.သင်းချိုင်းအထိသူမလိုက်နိုင်ကြောင်းပြောတော.သူကရီတာပေါ.တဲ.ဒါနဲနောက်ရက်မှာတော.
ညအချိန်ရောက်ဖို.စောင်.နေသတဲ၊သူများရွာမှာသွားပြီးသင်းချိုင်းဖေါ်ဖို.ဆိုတာ.ဘယ်သူကသဘောတူမှာလဲ၊ဒါကြောင်.ညမိုးချုပ်မှပဲလုပ်လို.
ရမှာကိုးလူမသိသူမသိတဲ.အချိန်။ဒါနဲ..မိုးကလည်းတော်တော်ကြီးကိုချုပ်နေပြီဆိုတော.မှပဲသူတို.နှစ်ယောက်လည်းပေါက်တူး၊ပေါက်ပြားတေ
ွမြက်အိပ်တလုံးတည်းထဲ.ပြီးယူရင်ရွာခံလူပြတဲ.လမ်းအတိုင်းလျှောက်လားလိုက်ကြတာနာရီဝက်လောက်နေတော.လိုက်လာတဲ.ရွာခံလူက
လက်ညှိုးထိုးပြတယ်၊အဲ.ရှေ.ဆက်သွားရင်သင်းချိုင်းကုန်းရောက်ပြီသူကတော.ဆက်မလိုက်နိုင်တော.ဘူးလို.ပြောရင်းလှည်.ပြန်သွားသတဲ.၊
သူတို.နှစ်ယောက်ပဲကျန်နေခဲ.သတဲ.ဒါနဲ.ဆက်လျှောက်လာခဲရင်းအရှေ.မှာကုက္ကိုပင်ကြီးအကြီးကြီးတပင်ကိုတွေရော...အဲ.ဒီအပင်ကြီးရဲ.
အောက်မှာလည်းမြေပုံတွေတွေသတဲ.။အဲ.ဒီမှာပြသနာကသူကမကြောက်ပေမဲ.သူတပည်.လေးကတော.ချွေးစေးတွေပြန်နေပြီတဲ၊သူအနောက
်နားကနေပဲအသာလေးကပ်ပြီးလိုက်လာတယ်.။တချက်တချက်ဆွဲဆွဲငင်ငင်အူနေကြတဲခွေးအူသံကလွဲပြီးတိတ်ဆိတ်နေတာကိုး။။။။။။အဲ.တော.
သူကလည်းကဲသင်းချိုင်းကုန်းထဲအထိဝင်မနေတော.ဘူးကွာဒီအပင်အောက်ကမြေပုံတခုကိုပဲတူးမယ်လို.ပြောပြီးနည်းနည်းသစ်နေသေတဲ.
မြေပုံကိုစတူးကြပါလေရော။သူကလည်းကူပြီးတူးတယ်၊တအောင်.လောက်ကြာတော.အပုတ်နံထွက်လာပြီအလောင်းကောင်ကြီးပေါ်လာသတဲ.၊
မျက်လုံးကြီးကလည်းပွင်.ရက်ကြီးတဲ.အဲ.ဒီမှာသူတပည်.လေးကဘာမပြောညာမပြောနဲ.ပေါက်တူးကိုလွှတ်ချပြီးတဂျိုးထည်းပြေးပါလေရော၊
သူလည်းဘာလုပ်ရမှန်းကိုမသိတော.ဘူး။။။အလောင်းကပုတ်သာပုတ်နေတာပုံမပျက်သေးဘူးတဲ.အရေပြားတွေကလည်းပျော.တွဲနေပြီဒါနဲ.
သူလည်းမထူးတော.ဘူကွာဆိုပြီးမြေပုံပေါ်ဒူးထောက်ထိုင်ပြီးအလောင်းကောင်ကြီးရဲ.ခေါင်းကိုသူ.ရင်ခွင်ထဲပိုက်ပြီးဟိုဘက်လိမ်ချိုးလိုက်၊
ဒီဘက်လိမ်ချိုးလိုက်နဲ.ချိုးနေတာလည်းမရဘူးခေါင်းကမပြတ်ဘူးတဲ၊အရေပြားတွေကမပြတ်ဘူးတဲ.။နောက်အလောင်းကောင်ကြီးက
ဇက်ကြီးကကျိုးပြီးတွဲလောင်းကြီးဖြစ်နေပြီးတော.မျက်လုံးကြီးတွေကလည်းပွင်.နေပုံကသူ.ကိုကြည်.နေသလိုဖြစ်နေတော.သူလည်း
ဒီနားမှာငါနဲ.ဒီအလောင်းကြီးကလွဲရင်ဘယ်သူမှမရှိပါလားဆိုတဲ.အသိဝင်တော.မှကြက်သီးမွှေးညင်းတွေဖြန်းဖြန်းထပြီးကြောက်လာသတဲ။
ကြောက်ကြောက်နဲသူလည်းအလောင်းကောင်ကြီးရဲလည်ပင်ကိုတပတ်ပြီးတပတ်လှည်.နေလိုက်တာ.ဒါလည်းမပြတ်ဘူးတဲ.။
သူလည်းချွေးတွေပြန်လာပြီနောက်ဆုံးတော.ပေါက်တူးကိုယူရင်းမျက်လုံးကိုမှိတ်ပြီးတအားခုတ်လိုက်တယ်၊အလောင်းကြီးရဲ.မေးစေ
(မေးစိ)ကိုပေါက်တူးကသွားခုတ်မိသတဲ.၊ဒါနဲ.နောက်တချက်ထပ်ပြီးခုတ်လိုက်တော.မှပဲလည်ပင်းကြီးကပြတ်သွားသတဲ.။
ခေါင်းကြီးပြတ်သွားတော.ပိုဆိုသတဲ။ခေါင်းမပါပဲ.ကားယားကြီးဖြစ်နေတဲ.အလောင်းကြီးကို.ကြည်.ရင်းသူမှာနှလုံးခုန်တောင်ရပ်သွားသတဲ.။
နောက်သူလည်းကြောက်ပြီးတုန်နေပေမဲ.လက်တဘက်ကလည်းပေါက်တူးနဲ.ခုတ်ပြီးဖြတ်လိုက်သေးသတဲ.။ပြီးတော.မြက်အိပ်ထဲက
ိုဖြတ်ထားတဲ.ခေါင်းနဲ.လက်ကိုမြန်မြန်ကောက်ထည်.လိုက်ပြီးအဲ.ဒါကြီးကိုဒီအတိုင်ပဲထားပြီးသူလည်းပြေးပါလေရောအနောက်တောင
်လှည်.မကြည်.ရဲဘူးတဲ.။တည်းခိုတဲ.အိမ်လည်းရောက်ရောအဲ.ဒီအထုပ်ကြီးကိုအဲ.ဒီအိမ်ရှေ.ကရေကန်အဟောင်းကြီးထဲထည်.ထားလိုက်တယ်၊။
သူတပည်.လေးကတော.အရက်တွေပဲနင်းကန်သောက်နေတာပဲတဲ.ဒါနဲသူလည်းနည်းနည်းသောက်လိုက်တယ်အကြောက်ပြေပေါနော်။။။။။။
မအိပ်လည်းမအိပ်ရဲကြဘူးတဲ.၊စကားလည်းမပြောနိုင်ဘူးတဲ.။မိုးလင်းခါနီးမှအိပ်ပျော်သွားပြီးမနက်နေတော်တော်မြင်.မှပဲထကြတယ်။
မနက်မိုလင်းမှအဲ.ဒီအိမ်ကလူပြောလို.သိရတာသူဖေါ်ခဲ.တဲ.အလောင်းကကြိုးဆွဲချပြီးသေသွားတဲ.လူတယောက်ရဲ.အလောင်းဖြစ်နေတယ်။၊
ထူးဆန်းတာကသူ.မျက်နှာ၊လက်မောင်း၊ကျောတွေကိုတစ်ယောက်ယောက်ကရိုက်နှက်ထားသလိုပဲဖူးယောင်နေတာတဲ.၊သူတပည်.လေးကတော.
ဘာမှမဖြစ်ဘူး။ဒါနဲ.သူတို.ကဝေဖန်ကြတာကတော.မူးမူးနဲ.အိပ်ရင်းကိုယ်ကိုကိုယ်ယောင်ပြီးရိုက်မိတာနေမှာပါတဲ.။ဒါပေမဲ.သူမှာအဲ.လိုမူးပြီးအိပ်ရင်း
လုပ်တတ်တဲ.အကျင်.မရှိဘူးဆိုတာကိုကောင်းကောင်းသိနေတော.သူလည်းတော်တော်လေးအံသြနေခဲ.တယ်တဲ.။နောက်တော.သူညကယူလာတဲ.
ဟာတွေကိုထုပ်ပိုးပြီးသူတို.လည်းတပ်ကိုပြန်ခဲကြတယ်တဲ.။ယုံတာ၊မယုံတာတော.ကိုယ်.သဘောပါပဲ.။ကျမနားနဲ.ကြားခဲ.ရတဲ.အဲ.ဒီဦးလေးကြီး
ကိုယ်တိုင်ပြောပြတဲအကြောင်းလေးပါ။

by facebook page

တစ်ပွဲစား (ဇာတ်သိမ်း)


ဒီလိုနဲ့ ငါတို့ တောကြောင်ကို အမဲဖျက်ကြတယ်ဆိုပါတော့ ။ ပြီးတော့ ကိုရွှေသိုက်က ငါ့ကို လင့်မှာထားခဲ့ ပြီး သူ တောထဲဝင်သွားတယ်။ ပြန်လာတော့ … သူညက ပစ်လိုက်တဲ့ ဆတ်သေကြီးကို ထမ်းလာတယ်ကွ။ ငါလည်း တော်တော်လေး အံ့ သြသင့်သွားတယ်။ သေနတ်သံလည်း မကြား၊ ဘာလည်း မကြားနဲ့ ဒီဆတ်သေကို ထမ်းလာတယ်ပေါ့နော်။ အဲဒါနဲ့ … “ကိုရွှေသိုက် အဲဒီဆတ်သေဟာ မနေ့ က ပစ်လိုက်တာမလား? ဘယ်လိုပြန်ရလာတာလဲ? တကယ် ရှင်သွားတာလား? အဲဒီနေရာမှာပဲ သေနေသေးတာလား?” ဆိုပြီး မေးခွန်းတော်တော်များများ မေးဖစ်လိုက်တယ်။
ကိုရွှေသိုက် ဘယ်လို ပြန်ဖြေသလဲဆိုတော့ တုံးတိတိပဲနော်။
“ရှင်သွားတယ်။ ဒါပေ့ မယ် ဒီတော ဒီတောင်ဟာ ငါပိုင်နက်ဖြစ်သွားပြီ။ ငါလာရင် သူတို့ မပေးလို့ မရတော့ ဖူးလေ ဘသန်းရဲ့ ။ ဒါပေ့ မယ် ငါမင်းကို တစ်ခုတော့ ပြောထားမယ်။ ဒီကိစ္စကို ဘယ်မှ မပေါက်ကြားပါစေနဲ့ ။ ပေါက်ကြားရင် မင်းကို ငါလာသတ်မယ်။ မဟုတ်ရင် မင်းငါ့ကို အရင်လာသတ်။ ကြားလား ဘသန်း” ဆိုပြီး ပြောသွားတယ်။

အဲဒီကတည်းက ကိုရွှေသိုက်တစ်ယောက် နောက်တစ်ခါ တောထဲ တောင်ထဲသွားတိုင်း ငါ့ကို မခေါ်တော့ ဖူး။ သို့ ပေ့ မယ် သူသွားတိုင်းလည်း …. တောကောင်၊ သားကောင် ရလာခဲ့ တာချည်းပဲ။ မရတဲ့ နေဆိုတာကို မရှိခဲ့ ပါဖူးကွာ။ ငါကတော့ ကိုယ့် ဆရာအရင်းပေမို့ သူနဲ့ ပဲ လိုက်ချင်တာပ။ သို့ ပေ့ မယ်သူက အဲဒီကိစ္စဖြစ်ပြီးကတည်းက ငါ့ကို တစ်ရှောင်ရှောင်လုပ်သွားတယ်။ နောက်ဆုံး အဆက်ဖြတ်သွားတယ် ဆိုပါတော့ ကွာ။ ငါလည်း နောက်ပိုင်း သူနဲ့ အဆက်အသွယ်ပြတ်သွားတယ်။ ဒီဇာတ်လမ်းကိုတောင် ငဇူး မေးနေလို့ …. ဒါ ပထမဦးဆုံး ပြန်ပြောလိုက်တာ။
“၀ူး…. မောလိုက်တာကွာ”….. ဦးဘသန်းတစ်ယောက် အရက်တစ်ခွက်ကို ထပ်ငှဲ့ သောက်လိုက်တယ်။

ဦးဘသန်းရဲ့ စကားအဆုံးမှာ အနော်တို့ အားလုံး… အတွေးကိုယ်စီနဲ့ … ငြိမ်သက်သွားကြတယ်။ ကိုရွှေသိုက်နဲ့ လည်း ပြန်မဆုံဖြစ်တော့ ဖူးလို့ သူက ပြောလိုက်တော့ … ပြောစရာ စကားကလည်း ပြတ်သွားတယ်။ သို့ ပေ့ မယ် အနော်က ထပ်မေးမိတယ်။
“ဦးဘသန်း မရှင်းလို့ နော်။ ဒီလိုဗျာ။ အဲဒီဆော်ကြီးကို ဦးရွှေသိုက်က သတ်လိုက်တယ်။ ဒီတော့ … သူက တစ်ပွဲစားဖြစ်သွားရောလား? အဲဒီလိုပြောတာလား? ဟိုအသတ်ခံလိုက်၇တဲ့ ဆော်ကြီးက ဘာမို့ လဲ၊ အဲဒါ မရှင်းလို့ ပါ” ဆိုတော့ …။

သူက …
“ဒီလိုကွ၊ ငဇူးရ။ တောထဲ၊ တောင်ထဲမှာက အမှန်တကယ် အပိုင်စားတွေ ရှိကြတယ်။ ဒီတောကို စောင့်ေ၇ှာက်တဲ့ နတ်သဘောမျိုးပေါ့။ အဲဒီလိုနတ်တွေကလည်း တစ်ခါတစ်ရံတောထဲ တောင်ထဲကို လာပြီး မုဆိုးလုပ်နေတဲ့ သူတွေ၊ လမ်းမှားလာတဲ့ သူတွေကို ဖမ်းစားတတ်တယ်။ ခုန ကိုရွှေသိုက်ဆီက ဟိုတောင်စောင့်မက ဆေးလိပ်၊ ကွမ်းယာတောင်းတယ်ဆိုတာ… အကောင်းတောင်းတာမဟုတ်ဖူး။ သူတို့ က လူရဲ့ စိတ်ကို ဖမ်းစားလိုက်တာ။ မင့်ဆီက ကွမ်းရာကို မင်းပေးလိုက်တယ်။ သို့ ပေ့ မယ် ပေးတဲ့ အခါမှာ စိတ်ပါလို့ ပေးတာ၊ ဘယ်သူကမှ စိတ်မပါပဲ မပေးဖူး။ ဟုတ်တယ်မလား။ ဒီတော့ … မင်းတို့ ရဲ့ စိတ်ကို သူက ဖမ်းစားသွားနိုင်ပြီ။ မင်းက ခွင့်ပြုလိုက်တာကိုး။ ဒါကြောင့် သူတို့ က ဆေးလိပ်၊ ကွမ်းယာတောင်းတာ။ ဒါ အလွယ်ဆုံးနည်းကိုး။ ဒါကို ကိုရွှေသိုက်ကလည်း မုဆိုးသက်ရင့်နေတာက တစ်ကြောင်း။ ပြီးတော့ … အခြေအနေကို ရိပ်မိတာက တစ်ကြောင်း။ ဒါကြောင့် အလုံးစုံးကို ခြုံငုံသုံးသပ်ပြီး အကောင်းဆုံးဖြစ်အောင် လုပ်သွားနိုင်တာ။ သို့ ပေ့ မယ်…. မပျော်နဲ့ ။ အဲဒီ တောစောင့်မကို သတ်ပြီးပြီးဆိုရင်ဖြင့် တောစောင့်နေရာလွတ်သွားပါယောလား။ ဒီတော့ … အဲဒီနေရာမှာ သတ်ခဲ့ တဲ့ လူက ပြန်စောင့်ရတယ်မောင်။ မယုံမရှိနဲ့ ။ တစ်ပွဲစားဆိုတာ ဒီလိုပဲ။ လူဘ၀မှာတော့ … စားပေါ့။ အသားကုန်။ ဒီတောထဲက ရတဲ့ ပစ္စည်း ရသလောက်ယူပေတော့ ။ သေရင် ပြန်စောင့်ရမဲ့ အတူတူ မထူးပါဘူး။ မသေခင် ရိက္ခာပေးပြီး ရာထူးပေးပြီး အလုပ်ခန့် တဲ့ သဘောပါကွာ…… ဟား….ဟား…..ဟားး….ဟား……” ဆိုပြီး ပြောချပြီး ရယ်ချလိုက်တဲ့ သူ့ အသံဟာလေ။ အနော်တို့ ဖြင့် နှလုံးသွေးရပ်တန့် သွားမလားတောင် … ထင်ရပါတယ်ဗျာ။  တိတ်ဆိတ်နေတဲ့ ည ကွပ်ပျစ်ဝိုင်းတစ်ခုလုံး သူ့ အသံက ဟိန်းထွက်သွားတာ။
အဲဒီနေ့ ည စကားဝိုင်းကတော့ …. သူ့ ရီသံပီးနောက် ဘာမှ ထပ်မလာနိုင်တော့ ပါဘူး။ လူတွေအားလုံးက တိတ်ဆိတ်လို့ … အတွေးကိုယ်စီနဲ့ … အရက်ချည်း ဖိသောက်နေရပါကြောင်း……။ ။

ပြီး၏….။


by facebook page

“တစ်ပွဲစား”


“တစ်ပွဲစား”
ဒီ စကားလုံးကို အနော် ငယ်ငယ်ကတည်းက ရင်းရင်းနီးနီး ကြားဖူးတယ်ဗျ။ စိတ်လည်း စိတ်ဝင်စားတယ်။
သို့ ပေ့ မယ် ခလေးဘ၀တုန်းက တစ်ပွဲစား ကိုစံဖဲ ((ကိုစံမှဲ့ ဟု လည်းတွေ့ ရသည်။ အမည်နာမ သေသေချာချာ မသိပါ) ဆိုတဲ့ လူအကြောင်းကို ရုပ်၇ှင်ကားတစ်ကားမှာ ကြည့် ဖူးတယ်။ သူက အင်းသူကြီး၊ င်္သချိုင်းစောင့် မဖဲဝါရဲ့ အကို။ ဇာတ်လမ်း၊ ဇာတ်အိမ်ကိုတော့  သေသေချာချာ မမှတ်မိတော့ ပါဖူး။ သို့ ပေ့ မယ် … တစ်ပွဲစားထဲမှာ သူက ရေအပိုင်၊ အင်းအပိုင်၊ တစ်ပွဲစားဗျ။ သူရလိုက်တဲ့ အင်းတိုင်းဟာ မြတ်တယ်။ ငါးအရများတယ်ပေါ့ဗျာ။ သူကလည်း ရေကြော၊ မြေကြော နပ်တယ်။ ဘယ် အင်း ကို ဘယ်အချိန် ပိတ်ရင်.. ဘယ်လိုငါးမျိုး အချိန်ဘယ်လောက် ထွက်မယ်ဆိုတာက အစသိတယ်ဗျ။ ဒီလိုမျိုး။

နောက် အနော် ရှစ်တန်းနှစ်လောက်ကျပြန်တော့ … ဦးကျော်ဟိန်း ရိုက်တဲ့ … “တစ်ပွဲစား” ဆိုတဲ့ ကားကို ကြည့် လိုက်ရသေးတယ်။ အဲဒီမှာလည်း ဦးကျော်ဟိန်းက အင်းသူကြီးပဲ… သူလည်း ကိုစံဖဲလိုပဲ … ဘယ်အချိန်မှာ ဘယ်ငါး၊ ဘယ်မှာဖမ်း ကွက်တိမိ ဆိုတာမျိုးပေါ့။

အဲဒီနောက်ပိုင်းမှာ တစ်ပွဲစား ဇာတ်လမ်းတွေနဲ့ အနော် အဆက်ပြတ်သွားတယ်။ အနော် စိတ်ထဲမှာလည်း စွဲလာတယ်။
တစ်ပွဲစားဆိုတာ ရေအတွတ်ပဲ ရှိလိမ့် မယ်ဆိုပြီးလေ။ ကိုယ် ကြည့် ရှု့ ခဲ့ ရတဲ့ အပေါ်က ဇာတ်လမ်းနှစ်ခုလုံးက ရေထဲမှာ ငါးဖမ်းတဲ့ အလုပ်ဆိုတော့ .. အင်း၊ ရေ တစ်ပွဲစား ဆိုတာပဲ ရှိမယ်လို့ ထင်ခဲ့ မိတယ်။ အနော် ဆယ်တန်း မအောင်ခင် အထိပေါ့။

ဒီလိုနဲ့ အနော် ဆယ်တန်းအောင်တဲ့ နှစ်မှာ…. အနော်ဦးလေးတစ်ယောက်က တာချီလိတ်ဘက်မှာ တောခေါင်းရာထူးနဲ့ တာဝန်ထမ်းဆောင်နေတယ်ခင်ဗျ။ အနော်လည်း အားနေတာနဲ့ .. သူဆီကို အလည် အပတ် သွားလိုက်တယ်။ အနော် သူငယ်ချင်းတွေဖြစ်တဲ့ ဇောင်းကြီးတို့ …၊ ရှမ်းကြီးတို့ လည်း ပါလာကြတယ်။ ဦးလေးဆီရောက်သွားတော့ သူကလည်း နွေးနွေးထွေးထွေးကြိုဆိုပါတယ်။ ဦးလေးက သစ်တောရုံးရဲ့ ဘိုတဲ တစ်ခုမှာနေတယ်ခင်ဗျ။ ဘိုတဲ ကလည်း ခြေတံရှည် ဆောက်ထားတာရယ်။ ပြီးတော့ အပေါ်မှာ အခန်းက လေးခန်းရှိတယ်။ ကျန်တဲ့ သစ်တော အရာရှီတွေ အိပ်တဲ့ အခန်းသုံးခန်း၊ အနော် ဦးလေး အိပ်တဲ့ အခန်းက တစ်ခန်း၊ အရှေ့ မှာတော့ ဧည့် ခန်းလိုမျိုး အခန်းကျယ်ကြီးတစ်ခုရှိတယ်။
အဲဒီမှာ အနော်တို့ သူငယ်ချင်းတွေ အထုတ်အပိုးတွေ ချပြီး၊ စုပြုံပြီး အိပ်ကြရတယ်။ ဘိုတဲ အောက်မှာတော့ …. ကွပ်ပျစ်လေးတစ်ခုရှိတယ်။ ပြီးတော့ … နားနားနေနေထိုင်ဖို့ ခုံတန်းလေးတွေလည်းရှိတယ်။ သာသာယာယာပါပဲဗျာ။

အဲဒီမှာ ဘိုတဲမှာပဲ အနော်တို့ တစ်ပွဲစားဆိုတဲ့ မုဆိုးတစ်ဦးနဲ့ … မိတ်ဆွေဖြစ်ခဲ့ သဗျ။ ဒီလူနာမည်က “စောဘသန်း” ။ လူက ကရင်လူမျိုး၊ အောက်ပြည်ဘက်ကလို့ ပြောတယ်။ သူကလက်ရှိ မုဆိုး သေနတ်ပစ်လိုင်စင်ရထားတယ်။ တောခေါင်းတွေ၊ တောအုပ်တွေကလည်း ဒီလို မုဆိုးတွေနဲ့ ခင်မင်ရင်းနီးနေတာ မဆန်းပါဖူးလေ။ ဦးလေးတို့ ကလည်း အခါအခွင့်သင့်ရင် တောထဲကို သေနတ်ကိုင်ပီး ကိုစောဘသန်းနဲ့ … တောလည်လေ့ ရှိတယ်။ အနော်တို့ အဖွဲ့ ကတော့ … သူ့ ကို “ဦးဘသန်း” လို့ ပဲ ခေါ်သဗျ။ အသက်က ၃၅ နှစ်လောက်၊ အသားက နီစပ်စပ်နဲ့ ။ မျက်နှာက လေးထောင့်ရယ်။ မျက်နှာထားတော့  အလွန်ချိုတဲ့ လူ။ တစ်ချက် တစ်ချက်ရီလိုက်ရင် မျက်စိပါမှိတ်တယ်။ ရီရင်လည်း သူ့ ကွမ်းချေးတတ်နေတဲ့ … သွားတွေ ပေါ်အောင်ကို ရီတဲ့ မျိုးရယ်။ အမြဲတမ်း ကရင် အကျီကို ၀တ်ထားတတ်တယ်။ ပုဆိုးကိုလည်း ခပ်တိုတိုပဲ ၀တ်တတ်တယ်ဗျ။

ကိုစောဘသန်းနဲ့ အနော်တို့ အဖွဲ့ နဲ့ ကလည်း ဘယ်လို ဘယ်လို အဖွဲ့ ကျသွားလဲ မသိပါဖူး။ ရှမ်းကြီးနဲ့ ဇောင်းကြီးတို့ ကလည်း အနော်တို့ တွေ့ ခဲ့ ၊ကြုံခဲ့ ဖူးတဲ့ သရဲတစ္ဆေ ဇာတ်လမ်းတွေ ပြော၊ သူကလည်း… သူတောထဲ၊ တောင်ထဲမှာ တွေ့ ခဲ့ ဖူးတဲ့ ထူးဆန်းတဲ့ အရာတွေ အကြောင်းပြောနဲ့ … တာချီလိတ် သစ်တောဂိတ်မှာ အနော်နေခဲ့ တဲ့ ကာလ ၁ လလောက်မှာ ရက်တော်တော်များများက ဒီလူနဲ့ ပဲ အသားကျသွားတာပါပဲဗျာ။

ကျွန်တော်က ဒီလူဆီက အမြဲတမ်း တောဓလေ့ ၊ တောင်ဓလေ့ ကို၊ တော၇ိုးရာ၊ တောင်ရိုးရာ၊ ဆောင်ရန်၊ ရှောင်ရန်တွေကို မေးတတ်တယ်။ သူကလည်း စိတ်ရှည်လက်ရှည် ရှင်းပြပါတယ်။ တောထဲသွားရင် အပေါ့အပါးက အစ၊ အပြောအဆို၊ စသဖြင့်ပေါ့ဗျာ။ သူ ပြောပြလေ့ ရှိတယ်။

တစ်နေ့ ပေါ့ဗျာ။ အဲဒီနေ့ မှာ လကလည်း သာနေတယ်ဗျ။ အနော်တို့ … ဘိုတဲ အောက်မှာ ရှိတဲ့ ကွပ်ပျစ်မှာ ရှားရှားပါးပါး ရထားတဲ့ ဆတ်သားခြောက်ကို ဖုတ်၊ ပြီးတော့ ဆီဆမ်းပြီး အရက်နဲ့ မြည်းနေသဗျ။ ဦးဘသန်းကြီးလည်း ပါတယ်။ ပြောကြတဲ့ စကားတွေကတော့ …  တောအကြောင်း။ တောင် အကြောင်းပဲပေါ့ဗျာ။ ပြီးတော့ အနော်က ပရလောကသားတွေ အကြောင်းအဓိက ထားမေးဖြစ်တယ်။ ဦးဘသန်းက ပြန်ဖြေပေါ့။ အနော်တို့ ဝိုင်းကလေ ညဘက်ဆို ဆွေးနွေးတဲ့ ဝိုင်းလေးတစ်ခုလို ဖြစ်နေတယ်။ အငြင်းအခုံတွေလည်း ရှိတယ်။ ပြီးတော … အခြားသစ်တောအရာရှိတွေကလည်း အနော်တို့ ဒီလို ၀ိုင်းပြီဆိုတာနဲ့ ရောက်လာကြတယ်။ ဒီတော့ … ၀ိုင်းခလေးက စိုစိုပြေပြေ၊ စည်စည်ကားကားလေး ဖြစ်လာတာပေါ့ဗျာ။

အဲဒီမှာ ဇောင်းကြီးက ဦးဘသန်းကို ထမေးတယ်။
“ဦးဘသန်း… ဦးကို ဒီမှာ တော်တော်များများပြောကြတယ်။ တစ်ပွဲစားဆို၊ အဲဒါ ဟုတ်လား?” ဆိုပြီလေး။ အမှန်က အဲဒီလို သွားပြောရင် တစ်ပွဲစားတွေက နည်းနည်းတော့ စိတ်တိုတတ်တယ်ဗျ။ တော်တော်များများက သည်းမခံနိုင်ဝူး။ ဘာဖြစ်လို့ လဲဆိုတာတော့ အနော်လည်း သိပ်မတွေးတတ်ပါဖူး။ သို့ ပေ့ မယ်… စိတ်ရှည် သည်းခံတတ်တဲ့ ဦးဘသန်းက ဇောင်းကြီးကို … “မင့်ကို ဘယ်သူပြောတုန်း၊ ငါ့ က တစ်ပွဲစားလို့ ” ဆိုပြီးလေ။ အဲဒီအချိန်မှာ စကားဝိုင်းက တိတ်ဆိတ်သွားတယ်။ တစ်ဝိုင်းလုံးမှာ သူတို့ နှစ်ယောက် အသံပဲ ထွက်လာတာ။ အနော်အပါအ၀င် ကျန်တဲ့ သစ်တောအရာရှိတွေအားလုံးက ငြိမ်ငြိမ်လေးနေပီး ဒီ တစ်ပွဲစားဆိုတဲ့ အမေးအဖြေကို နားစွင့်နေကြတယ်။
“ဒီလိုပါပဲ၊ ပြီးတော့ … ဦးဘသန်း တောထဲ ၀င်ရင် ဘယ်တုန်းက လက်ဗလာ ပြန်လာခဲ့ ဖူးလို့ လဲ? သားကောင် ပါလာတာပဲ မဟုတ်ဖူးလား? တဲ့ ။ ဇောင်းကြီးက ဒီလိုမျိုး ဆိုလာတယ်။ ဇောင်းကြီး အဲဒီစကားကို အချိုသတ်ပြောနေတာနော်။ မျက်နှာချိုသွေးပြီး ပြောတာ။ အဲဒီလို ပြောနေတဲ့ အချိန်မှာ ဦးဘသန်း မျက်နှာက အရက်ကြောင့် ထင်ပါတယ်။ နီရဲတွတ်နေတာပဲ။ နဂိုကလည်း အသားက နီစပ်စပ်ဆိုတော့  :D မြင်မကောင်းဝူး။ စိတ်ဆိုးသလား တောင် ထင်ရတယ်။

ဦဘသန်းက ခပ်ကိုင်းကိုင်း ဖြစ်နေတဲ့ သူ့ ခါးကို တစ်ချက် မတ်လိုက်တယ်။ ပြီးတော့ လက်ထဲမှာ ကိုင်ထားတဲ့ မတ်ခွက်ထဲက အရက်ကို “ဂလွပ်” ဆိုပြီး အကုန် မော့ ချပလိုက်တယ်။ ပြီးတော့ … ကွပ်ပျစ်ဝိုင်းပေါ်မှာ ထိုင်နေတဲ့ လူအားလုံးကို တစ်ချက်ကြည့် လိုက်တယ်။ သူ့ အခုပြောမဲ့ စကားကို စိတ်ဝင်စားနေကြသလားပေါ့နော်။ စိတ်ဝင်စားမှ ဆက်ပြောမယ်ပေါ့၊ မ၀င်စားရင် မပြောတော့ ဖူးဆိုတဲ့ အထာနဲ့  :D ။ အားလုံးက သူ့ ဆီက ထွက်ကျလာမဲ့ အကြောင်းအရာကို ကြားချင်နေတဲ့ အထားလေးတွေ ဖြစ်နေတော့ … သူက စကားကို ဒီလိုလေးဆက်တယ်ဗျ။

“ဒီလိုရှိတယ်။ ဇောင်းကြီး။ မုဆိုးတစ်ယောက်ဟာ… တောထဲ၊ တောင်ထဲ သွားတိုင်း သားကောင် ရလာတာနဲ့ သူ့ ကို တစ်ပွဲစားလို့ ပြောလို့ မရဖူး။ ဥပမာ၊ ၊ မင်းတို့ အရွယ်ထဲက သူဟာ မုဆိုးလုပ်နေတာလည်း ဖြစ်နိုင်တယ်။ နေ့ စဉ်၊ နေ့ တိုင်း ဒီတော၊ ဒီတောင်ထဲမှာပဲ သူ မုဆိုးလုပ်တယ်။ ကြာလာတာနဲ့ အမျှ သူဟာ ဒီတောနဲ့ ရင်းနီးလာတယ်။ ဒီတောင်နဲ့ ရင်းနီးလာတယ်။ ဆိုကြပါစို့ …။ မင်းတို့ နေတဲ့ အိမ် ဘယ်မှာ ဘာရှိတယ်ဆိုတာ သိသလို၊ သူဟာလည်း သူ့ တော၊ သူ့ တောင်ထဲမှာ ဘယ်အချိန်မှာ ဘယ်နေရာကို သွားစောင့်ရင် ဘယ်လို သားကောင်မျိုး ရနိုင်တယ်ဆိုတာကို တွတ်လာနိုင်တယ်။ ပြီးတော့ မိုးရာသီဆို တောထဲက သဘာဝက ဘယ်လို၊ နွေရာသီဆို ဘယ်လို၊ ဆောင်းရာသီဆို ဘယ်လို အစရှိသည်ပေါ့ကွာ… တောသဘာဝကိုလည်း သူ သိလာတယ်။ ဒီလို ကျွမ်းကျင်လာတဲ့ မုဆိုးတစ်ယောက်ဟာလည်း တောထဲကို နေ့ စဉ် ၀င်တိုင်း သူဟာ သားကောင်တစ်ကောင် မဟုတ် တစ်ကောင် ရလာနိုင်တာပဲကွ။ ဒီတော့ … ငါဟာလည်း… မွေးကတည်းက မုဆိုးလုပ်နေတဲ့ လူပဲ။ ဘယ်အချိန် ဘယ်ကို သွားရင် ဘာကောင်မိမလဲ ငါသိတာပေါ့။ ဟုတ်တယ်မလား?။ ဥာဏ်လေး ဘာလေး သုံးပါ၊ ဇောင်းကြီးရယ်။ မင်းကလည်း အတင်းဇွတ် ငါ့ကို တစ်ပွဲစားမလုပ်ခိုင်းပါနဲ့ ကွ” ဆိုပြီး ရယ်ရယ် ပြုံးပြုံးနဲ့ ပြောတော်မူတယ်။

ဦးဘသန်း စကားပြောအပြီးမှာတော့ … ဘေးက နားထောင်နေတဲ့ လူတွေ ဆီက မှတ်ချက်ချသံတွေ ထွက်တယ်။
ဟုတ်တယ်နော်၊ ဦးဘသန်းပြောတာ ဖြစ်နိုင်တယ်။ ခုန မောင်ဇူးပြောနေတဲ့ … အင်း တစ်ပွဲစားတွေလည်း ဒီလိုပဲ ထင်တယ်နော်။ အဘ” ဘာညာနဲ့ ပေါ့ဗျာ။ ဇောင်းကြီးလည်း… ဦးဘသန်း ပြောပြသွားတာကို နားထောင်းရင်း “အင်း.. ဟုတ်သားပဲနော်” ဆိုပြီး ငြိမ်သွားတယ်။ အဲဒီနောက်မှာ လူတွေ အားလုံးက ကိုယ့် အတွေးနဲ့ ကိုယ် စဉ်းစားခန်းဖွင့်နေကြလေရဲ့ ။ စောင်ကြီးတွေ ခြုံပြီး လရောင်အောက်မှာ :D ။

အဲဒီထဲမှာ အငြိမ်မနေနိုင်တာက အနော်။ ဘာဖစ်လို့ လဲ မတိဝူးဗျာ။ လူက အရမ်းတော့ မမူးသေးဖူး။ သို့ ပေ့ မယ်… ဦးဘသန်းရဲ့ ဆင်ဝှေ့ ရန်ရှောင်စကားကို… မကျေနပ်ဖူးဖြစ်နေတယ်။ အနော်က ဒီလိုစဉ်းစားတာဗျ။ ဒီဦးဘသန်းဟာ ကရင်ပြည်နယ်သား၊ ပြီးတော့ … တာချီလိတ်ဘက်ကိုေ၇ာက်လာတာလည်း အနော် စုံစမ်းကြည့် ရသလောက်ဆိုရင်…
ငါးနှစ်တောင် မပြည့် သေးလောက်ဖူး။ ပြီးတော့ … အခု သူအမဲသွားလိုက်တိုင်းလည်း နေ့ စဉ်၊ နေ့ တိုင်း အမဲက ရနေတာပဲ။ အနော်တို့ ရှိနေတုန်းကတော့ … သူ ကျားသစ်နက်တစ်ကောင် မိလို့ ရောင်းထားတာ ဆိုတော့ … မကုန်မခြင်း နောက်ဆံမတင်းချင်ဖူးဆိုတဲ့ အထာနဲ့ တောထဲ သိပ်မ၀င်ဖူးဗျ။ အရေးဟဲ့ … အကြောင်းဟဲ့ … တောလည်စရာရှိမှ ဦးလေးတို့ နဲ့ လိုက်တာရယ်။ အနော်တို့ သွားလည်ချင်ရင်လည်း “ဦးဘသန်း ပါမှ သွားမှာနော်” ဘာညာနဲ့ ခေါ်သွားတာပဲ။
သို့ ပေ့ မယ်… သူက အနော်တို့ နဲ့ လူအုပ်နဲ့ သွားရင် ဘယ်တော့ မှ သားကောင်မပစ်ဖူး။ သူ ပြောတဲ့ စကားတစ်ခုရှိတယ်။
“ငါတို့ အခု တောလည်သွားမှာက ငှက်ပစ်မှာနော်၊ ကျန်တဲ့ ဟာ မပစ်နဲ့ ” ဒီလိုမျိုး။ ငှက်ပစ်သွားတဲ့ အခါဆို.. ဘာကောင်တွေ့ တွေ့ ပစ်ဖူးဗျ။ မပစ်ခိုင်းဖူး။ ဒီက လူက လက်ယားနေတာလေ။ ပြောမနေပါနဲ့  L ။ ဒူးလေး တစ်လက်နဲ့ ဆော်ထည့် လိုက်ချင်တာရယ်။ သို့ ပေ သော်ငြား.. သူက ဦးဆောင်သူ ဆိုတော့ … မကျေမနပ်လေသံ “ဟွန်း” ဘာဖစ်တယ်၊ ညာဖစ်တယ်။ ဆိုပြီး ဆက်သွားရတာပဲ။ အဲဒီလို လုပ်တဲ့ အခါဆို ဦးဘသန်းက ပြောတယ်။ “ငဇူး… မင်း နှယ့် ။ အားတိုင်း ပစ်မယ်၊ ခတ်မယ် မလုပ်နဲ့ ဟ။ တောစည်းကမ်း၊ တောင်စည်းကမ်း” ဆိုတာ ရှိတယ်။  ဘာညာပေါ့။
အယ်! သူ့ ဘာသာ သူတစ်ယောက်တည်း… တောထဲ ၀င်သွားလို့ ကတော့ …. ဘာကောင်ဖြစ်ဖြစ် အဲ(အဲ = ယူဆောင်လာသည်)  လိုက်တာပဲဗျ။ အဲဒီတော့ အနော်က တွေးတယ်။ မွေးကတည်းက ဒီတော ဒီတောင်ထဲ နေနေတာဆို ထားပါတော့ ။ သူ ကျွမ်းနေလို့ တောက။ အခုဟာက ရောက်တာမှ ငါးနှစ်တောင် မပြည့် သေးဖူး။ တောတောင်တွေကလည်း များပါဘိနဲ့ ။ အဲဒါကို သူ ၀င်သွားတိုင်း၊ ဆတ်၊ ဆိုင်၊ ပြောင်၊ စသဖြင့် အကောင်ကြီးပဲ တီးတီးလာတာဆိုတော့ .. သိပ်မရိုးချင်ဖူး။ အဲဒါကြောင့်လည်း လူတွေက သူ့ ကို “တစ်ပွဲစား” လို့ ပြောတာကိုးဗျ။ ဒီတော့ အနော်က သူ့ စကားကို အလို မကျဖူးလေ။ သို့ ပေသော်ငြား… ဒဲ့ မေးလို့ ကလည်း မကောင်းဖူး။ ကိုယ်ကလည်း သူ့ မှာ တစ်ပွဲစား ဇာတ်လမ်းရှိရင် ကြားချင်၊ သိချင်နေတာဆိုတော့ …. ဒီလိုပဲ မေးချလိုက်တော့ တယ်။
“ဦးဘသန်း၊ တစ်ပွဲစားအကြောင်းပြောလို့ နော်။ တစ်ပွဲစားတွေက လွယ်လွယ်နဲ့ တစ်ပွဲစား မဖြစ်ဖူးဆို ဟုတ်သလားဗျ။ အနော် သိပ်မရှင်းလို့ … ဦးဘသန်း ကြားဖူးတဲ့ … တစ်ပွဲစား ဇာတ်လမ်းလေးဘာလေး မရှိဖူးလား။ ရှိရင် နားထောင်ချင်လို့ ဗျ။ သိရင်လည်း ရှင်းပြပေးပါဦး ဘယ်လိုမျိုးလုပ်မှ တစ်ပွဲစား ဆိုပြီး နာမည်ထွက်တာဒုန်း? ” ဆိုပြီး ပွဲတောင်းလိုက်ရတယ်။

အဲဒီအချိန်မှာ သူက အနော် မျက်နှာကို သေသေချာချာ စိုက်ကြည့် တာဗျ။ ပြီးတော့  ဘာပြောသလဲဆိုတော့ …
“မင်းက တစ်ပွဲစား ဖြစ်ချင်နေလို့ နည်းလမ်း လာတောင်းနေသလား” တဲ့ ရီကျဲကျဲ နဲ့ ပြောတယ်။ အနော်က
“မဟုတ်ပါဖူးဗျာ။ ဇာတ်လမ်းလေး ဘာလေးရှိရင် သိရအောင်ပါ။ မဟုတ်ဘဲ ဝေေ၀၀ါးဝါး မသိချင်ဖူး။ ခုန ဦးဘသန်းပြောသလို ကျွမ်းကျင်တဲ့ လူတစ်ယောက်ဟာ တောထဲ ၀င်တိုင်း သားကောင်း ရနိုင်သလို၊ တစ်ပွဲစားတစ်ယောက်ဟာလည်း ရနိုင်တယ်လေ။ အဲဒီတော့ … သားကောင်ရနေတဲ့ လူတိုင်းကို ယုန်ထင်၊ ကြောင်ထင် တစ်ပွဲစားပါလို့ ဇွတ်မပြောချင်လို့ … တိတိကျကျ သိနိုင်မဲ့ နည်းလမ်းလေး ဘာလေးသိရမလားလို့ ပါဗျ” ဆိုပြီ ပြောချလိုက်တယ်။

ဦးဘသန်းက “အင်း…. အဲဒါတော့ ခက်တယ်ကွ၊ ငါလည်း တိတိကျကျတော့ … မပြောတတ်ဖူး။ သို့ ပေ့ မယ် မင်းသိချင်တယ်ဆိုတဲ့ တစ်ပွဲစား တစ်ယောက်အကြောင်းတော့  ငါပြောပြမယ်။ သူတစ်ပွဲစား ဖြစ်တဲ့ အချိန်မှာလည်း ငါရှိနေတယ်” တဲ့ ။ အဲဒီမှာ အားလုံး ငြိမ်သက်ပြီး နားထောင်နေရကနေ… “ဟမ်၊ ဦးဘသန်း ရှိနေတယ်။ ဟာ မြန်မြန် ပြောပြ ဘယ်လိုဖြစ်တာလဲ” ဘာညာတွေ ဖစ်ကုန်တယ်။ ဒီတော့ မှ ဦးဘသန်းက အရက်တစ်ခွကို ဂွတ်ခနဲ ထပ်မော့ လိုက်ပြီးတော့ … သူ တွေ့ ခဲ့ ရတဲ့ တစ်ပွဲစားမုဆိုး ဇာတ်လမ်းကို ဆက်ပြောပြတယ်။
“အဲဒီတုန်းက မင်းတို့ အရွယ်လောက်ပဲ ရှိသေးတယ်။ ငါ့ဆရာ မုဆိုးတစ်ယောက်ဆီမှာ ငါ မုဆိုးလက်သင် လုပ်နေတဲ့ အချိန်ပေါ့ကွာ။ အောက်ပြည်ဘက်မှာပါ။ ငါ့ဆရာမုဆိုးနာမည်က ဦးရွှေသိုက်တဲ့ ။ အသားဖြူဖြူ အရပ်မြင့်မြင့် ဗမာထဲမှာတော့ တော်တော်လေး ဒေါင်ကောင်းတဲ့ မျိုးဟေး။ ပြီးတော့ သူ့ မှာ မိန်းမနဲ့ … သား၊ သမီး သုံးယောက်ရှိတယ်။
သူနဲ့ ငါနဲ့ နေ့ တိုင်း တော လည် ဖြစ်တယ်။ တောကောင်ကလည်း ရတဲ့ အခါတွေလည်း ရှိသလို၊ မရလာတဲ့ နေ့ တွေလည်း ရှိတာပေါ့ကွာ။ တစ်နေ့ ကျတော့ … သူ မိန်းမ နောက်ကိုယ်ဝန် ထပ်ရှိလာတယ်။ သူကလည်း အဲဒီအချိန်မှာ သားကောင်ကြီးမပြောနဲ့ … ဒေါင်း တစ်ကောင်ရဖို့ တောင်… မနည်းရှာနေတဲ့ အခါ ဆိုတော့ … သူ့ စီးပွားရေး တော်တော်လေး ကသိလင်တ နိုင်နေတဲ့ အချိန်ပေါ့။  ပြီးတော့ တော၊ ရွာဆိုတော့ ကွာ… ငွေဆိုတာကလည်း သိတဲ့ အတိုင်းပဲ။ မနည်းရှာဖွေရတာကိုး။ ဒီတော့ … သူတောမလည်လို့ မရတော့ တဲ့ အခြေအနေရောက်လာတယ်ဆိုပါတော့ ။ ငွေက လိုပြီလေ။ သူ့ မိန်းမကလည်း မွှေးတော့ မှာကိုး။ အချိန်အခါကလည်း နွေအခါ သမယ ဆိုတော့ … တောလည်ပြီဆိုတာနဲ့ တောကောင်ကြီး တစ်ကောင်တော့ ရလောက်ပါတယ်ဆိုပြီး… သူနဲ့ ငါ တောထဲထွက်ဖြစ်ခဲ့ တယ်။
ကိုရွှေသိုက်ကတော့ … သူ့ မိန်းမကို ပြောထားခဲ့ တယ်။ သားကောင် မရရင် ငါ ပြန်မလာဖူး ဆိုပြီးလေ။ ငါတို့ လည်း သုံးလေးရက်စာ ရိက္ခာတွေထည့် ပြီး တောထဲကို ဒိုးရတာပေါ့ကွာ။

ဒီလိုနဲ့ … တောထဲသွားပြီ နေ့ လည် သုံးနာရီလောက်ကျတော့ … တောနက်နားကို နီးလာတယ်ကွ။ အဲဒီမှာ ငါတို့ လည်း ပထမတစ်ရက် စခန်းချလိုက်တယ်။ ဒုတိယ တစ်ရက်ကျတော့ …. တောနက်ထဲ လုံးလုံး ရောက်သွားပြီ။ တောထဲတောင်ထဲမှာက တောနက်ရင် ညဘက်ဆို မြေပြင်မှာ နေလို့ မကောင်းဖူးလေကွာ။ ဒီတော့ …  တို့ … အဲဒီအနီးအနားက အင်ကြင်ပင်ကြီးတွေပေါ်မှာ လင့်စင်ထိုးရတယ်။ ကိုရွှေသိုက်က အကွက်တော့ မြင်သားကွ။ သူ့ လင့်စင်ထိုးတဲ့ နေရာအနီးအနား မျက်စိတစ်ကမ်းမှာ ရေကန်ကြီး တစ်ကန်ရှိတယ်။ သူက ငါ့ကို လင့်စင့်မထိုးခင် ဘာပြောသလဲဆိုတော့ …. “ဘသန်း၊ ငါတို့ တော့ … သားကောင် ပင်ပင်ပန်းပန်း ရှာစရာမလိုတော့ ဖူးကွ၊ ဟိုရေကန်တွေ့ သလား? ည ရေလာသောက်တဲ့ ကောင် ငါတို့ အကောင်ပဲလို့ သာမှတ်လိုက်ကွာ” ဆိုပြီး ၀မ်းသာ အားရနဲ့ ပြောရှာတယ်။

ငါတို့ လင့်စင်ထိုးပြီး အဲဒီနေ့ ည လင့်ပေါ်မှာ တတ်အိပ်ကြတယ်ဆိုပါတော့ ကွာ။ ကိုရွှေသိုက်ကလည်း တောထဲမှာမို့ ထင်တယ်။ သူကဆေးလိပ် အင်မတန်ကြိုက်တဲ့ လူကွာ။ သို့ ပေ့ မယ်.. လုံးဝ မဖွာဖူးကောင်ရေ။ ဆေးလိပ်နံတွေကို တောကောင်တွေ ရသွားရင် မလာတော့ မှာ စိုးလို့ လေ။ မုဆိုးအလုပ်ကလည်း မလွယ်ပါဖူးကွာ။ ဇွဲ ကောင်းမှ။ မဟုတ်ရင် မလွယ်ဖူး။ ဒီလိုနဲ့ ညတော်တော် နက်သွားပါတယ်။ နွေ အခါ လသာသာ ဆိုတဲ့ အတိုင်းပဲ။ လရောင်အောက်မှာ မြေပြင်က ရှင်းရှင်းလင်းလင်း ထင်ထင်ရှားရှားကို မြင်နေရတယ်။ ရေကန်စပ်ကိုလည်း တော်တော်လေး ရှင်းအောင် မြင်နေရတာ။ ကိုရွှေသိုက်ကတော့ … သူ့ နှစ်လုံးပြူးလေးကို တိုက်ချွတ်ပြီး ကျည်ထည့် ပြီး သားကောင် အလာကိုပဲ စောင့်နေတာ။ ဖြစ်ချင်တော့ … ညတော်တော် နက်သွားတဲ့ အထိ၊ ရေကန်နားကို ဘာသားကောင်မှ မလာဖူးရယ်။ ပြီးတော့ တောကလည်း အရမ်းတိတ်ဆိတ်နေတယ်။ အရင်ကဆို ဒီလို ဘယ်ဟုတ်လိမ့် မလဲ။ တောထဲ ညအိပ်ပြီဆို ဘေးပတ်ဝန်းကျင်မှာ တောကောင် ဟိန်းသံ၊ ဟောက်သံ၊ ငှက်တွေ အော်သံ စသဖြင့်ပေါ့ကွာ။ ဆူညံနေအောင် ကြားနေရတဲ့ ဥစ္စာ။ အခုဟာက ထူးထူးခြားခြား အပ်ကျသံတောင် ကြားရအောင် တိတ်ဆိတ်နေတာဆိုတော့ .. ငါတို့ လည်း တော်တော်လေး ထူးဆန်းနေတယ်။ ကိုရွှေသိုက်ကတော့ … အဲဒီအဖြစ်အပျက်ကို သိပေ့ မယ်… သူက သူ့ ၇မဲ့ သားကောင်ကိုပဲ မြင်နေတယ် ထင်ပါတယ်။ ငါတော့ ဖြင့် တော်တော် အိပ်ငိုက်လာတာနဲ့ … ဒူးလေးကို မှီပြီး တစ်ချက် ငိုက်ခနဲ ဖြစ်သွားတယ်။

ဘယ်အချိန်လောက်ထိ ငိုက်သွားမှန်း မသိပါဖူး။ ငါ့ကို ကိုရွှေသိုက်လှုပ်နိုးတော့ မှ ငါလည်း နိုးလာတယ်။ ပြီးတော့ သူက ငါ့ကို “ရှူး” တိုးတိုး ဆိုပြီး ရေကန်ဘက်ကို လက်ညိုးထိုးပြတယ်။ ငါလည်း လရောင်အောက်မှာဆိုတော့ … အခုမှ မျက်စိက ပွင့်လာတာဆိုတော့  စစခြင်းတော့  ဘာမှ မမြင်ရ၀ူးဟေး။ နောက်မှ ထင်ထင်ရှားရှားမြင်လိုက်ရတာ “လားလား…နည်းတဲ့ ဆတ်ကြီး” မှ မဟုတ်တာ။ တော်တော်ကြီးတယ်ကွာ။ ဂျိုကြီးတွေများ ကားထွက်နေတာပဲ။ အဲဒီဆတ်ကတော့ သူ့ အန္တရာယ် သူမသိရှာဖူး။ ရေကန်က ရေကို ငုံသောက်လိုက်၊ ရေကန်ထဲက လရောင်ကို ကြည့် လိုက်လုပ်နေတာ။

အဲဒီအချိန်မှာ ကိုရွှေသိုက်လည်း သူ့ နှစ်လုံးပြူးပြောင်းကို သေသေချာချာ ချိန်ပြီး ငါ့ကို မီးထိုးခိုင်းတယ်။ ငါလည်း အသင့်ကိုင်ထားတဲ့ အောက်လင်းဓါတ်မီးကို ပစ်မှတ်ကို ကျအောင် ထိုးချပေးလိုက်တယ်။ အဲဒီအချိန်မှာ ဆတ်က မီးအလင်းရောင်ကို မြင်ပြီး အမ်း နေတုန်း ကိုရွှေသိုက် မောင်းဖြုတ်ချုလိုက်ပါယောလား။ “ဒိုင်း” “ရှီး” ဆိုတဲ့ အသံနဲ့ အတူ… ဆတ်ဟာလေ … အဲဒီနေရာမှာတင် ၀ုန်းခနဲ လဲကျသွားတာ။ ကိုရွှေသိုက်ကတော့ … ထီပေါက်သူ အလားပဲဝေး။
“ရပြီ… ဘသန်း၊ ငါအဖို့ ဒီလောက်ဆို ခိုင်လုံသွားပြီ။ မနက်မှ ဆင်းကောက်ရအောင်… အခုတော့ .. တရေး တစ်မော အိပ်လိုက်ကြဦးစို့ ” ဆိုပြီး တစ်ခါတည်း လဲတော့ တာပါပဲ။ ငါလည်း မှောင်မှောင်မည်းမည်းကြီးထဲမှာ…. ခုန ဆတ်သေကြီးကို လှမ်းကြည့် ရင်း ခဏလဲလိုက်တယ်။

သို့ ပေ့ မယ် အဲဒီညက ငါ့အဖို့ ထူးဆန်းနေတယ်။ ဆတ်က အော်သံလည်း မပေး၊ တောက်သံလည်း မပေးနဲ့ ရေကန်နားကို ရောက်လာတယ်။ တောကလည်း အလွန်အမင်း တိတ်ဆိတ်နေတယ်။ သေနတ်နဲ့ ပစ်လိုက်တော့ လည်း နာကျင်သံမထွက်လာဘဲ ၀ုန်းခနဲ လဲသွားတာရယ်။ အဲဒီတော့ ငါ့အတွေးတွေက ဘယ်လိုခေါ်မလဲ၊ တစ်ခုခုတော့ ဖြစ်နေတယ်။ ဘာဖစ်နေမှန်းတော့ မသိဖူးကွာ။ နောက်ဆုံး မထူးပါဘူး ဆိုပြီး ငါမျက်လုံးကို စုံမှိတ်လိုက်တဲ့ အချိန်မှာ….။
တောထဲကနေ ဘာသံထွက်လာတယ်ထင်ဒုန်း?
“ဝေါင်း” ခနဲ ဆိုပြီး ကျားဟိန်းသံတစ်ခုထွက်လာတယ်ကွ။ အဲဒီအသံကို ငါလည်းကြားတယ်။ ကိုရွှေသိုက်လည်း ကြားတယ်။ အဲဒါနဲ့ နှစ်ယောက်သား ဆတ်ခနဲ ပြိုင်တူ ထလိုက်ရတယ်။ ပြီးတော့ ကိုရွှေသိုက်ကလည်း တောကောင်ကြီးတွေ လာနေပြီ ဆိုတဲ့ အထာနဲ့ ငါ့ကို မေးဆတ်ပြတယ်။ သူက သူ့ နှစ်လုံးပြူးကိုလည်း ကျည်အသင့်ပြန်ထိုးထားတယ်။ ငါကလည်း ငါ့ဒူးလေးကို မောင်းတင်ပြီး မြှားထိုးထားလိုက်တယ်။
ကျားလာရင်လည်း ကျားပစ်မှာ။ အဲဒီနေ့ ညက ငါနဲ့ ရွှေသိုက် ဘာလာလာ လာသမျှ ပစ်ဖို့ ရည်ရွယ်ပြီးသား။

ဒီလိုနဲ့ … ငါတို့ လည်း စောင့်ပြီး တောထဲက ဟင်းမျိုးကြီး ထွက်အလာကို ကြည့် နေကြတယ်ပေါ့ကွာ။ တစ်ဖြည်းဖြည်းနဲ့ အဲဒီ ဟင်းမျိုးကြီးရဲ့ ဟိန်းသံက နီးလာတယ်။ ပြီးတော့ … အသံက ရေကန်ဘက်ကို သွားနေတဲ့ အသံ။ နောက်ဆုံး ထင်ထားတဲ့ အတိုင်းပဲ တောထဲက ဟင်းမျိုးကြီး ထွက်လာတယ်။ သို့ ပေ့ မယ်… သူ တစ်ကောင်တည်း မဟုတ်ဖူးနော်။ ငါတို့ မြင်လိုက်ရတဲ့ မြင်ကွင်းကို ကြည့် ပြီးတော့ … တော်တော်လေး ကြက်သေသေသွားတာ။ လုံးဝ မဖြစ်နိုင်တာချည်းကို။
ဟင်းမျိုးကြီး (ကျား) ထွက်လာတာတော့ မှန်တယ်။ သို့ ပေ့ မယ် သူ့ အပေါ်မှာ ခွစီးထားတဲ့ ပုံရိပ်တစ်ခုလည်း ပါလာသေးတယ်ကွ။ လရောင်က ရှင်းတယ်ဆိုပေ့ မယ်… နည်းနည်းလှမ်းနေတော့ … ဟင်းမျိုးကြီး ပေါ်မှာ ခွစီးထားတဲ့ အရာဟာ ဘာလဲဆိုတာ ငါတို့ လည်း မခွဲတတ်သေးဖူး။ သို့ ပေ့ မယ် နှစ်ယောက်သား အဲဒီအရာကို သေသေချာချာစိုက်ကြည့် နေကြတာရယ်။
ကျားက ဘယ်ကို သွားတယ်ထင်ဒုန်း။ ငါတို့ ပစ်ချထားလို့ လဲနေတဲ့ … ဆတ်သေနားကို သွားတာ။ ဆတ်သေနားရောက်တော့ ကျားက တုံခနဲ ရပ်သွားတယ်။ ပြီးတော့ ကျားပေါ်က အရာက ဆင်းလာတယ်။ ကျားကြီကလည်း နည်းတဲ့ ကျားမဟုတ်ဖူးကွာ။ ကိုးတောင် ကျော်မယ်။ ပြီးတော့ … ကျားပေါ်မှာ စီးလာတဲ့ အရာဟာလည်း လူတစ်ယောက်ကွ။ သူက ရေကန်အစပ်မှာ ရပ်နေတုန်း လရောင်အောက်မှာ ရှင်းရှင်းလင်းလင်း မြင်လိုက်ရတာ။ လူဆိုတာကလည်း ယောင်္ကျားမဟုတ်ဖူးနော်။ မိန်းမတစ်ယောက်ဖြစ်နေတယ်။ ဆံပင်အရှည်ကို ဖါးလျား ချထားတယ်။ ပြီးတော့ ၀တ်ထားတဲ့ အ၀တ်အစားကလည်း နန်းဝတ်၊ နန်းစားနဲ မောင်ရေ။ တို့ များ နှစ်ယောက်လောက် ကြောက်လိုက်တာ ပြောမနေပါနဲ့ တော့ ။ ငါဆို… သွားပြီး တောမှောက်ပြီဆိုပြီးတော့ ကို ကြောက်လန့် သွားတာ။ ဘယ်နှယ့် တောချည်းထဲ မိန်းမက ကျားကို စီးလာတယ်။ မမြင်ကောင်းတဲ့ အရာတွေ။ အဲဒီမိန်းမက ဘာလုပ်တယ်ထင်တုန်း။ သေနေတဲ့ ဆတ်နားကို သွားတယ်။ ပြီးတော့ ဆတ်သေရဲ့ ခေါင်းကို သူ့ လက်နဲ့ သုံးချက်လောက် ပွတ်သပ်လိုက်တာ။ ဆတ်သေဟာဖြင့်… ချက်ခြင်းကို အသက် ပြန်ဝင်သွားတော့ တာပါပဲကွာ။ ပြီးတောနဲ့ … တောထဲကို ကဆုန်ပေါက်ပြီး ပြေးဝင်သွားတာ။ ငါတို့ ဖြင့် အဲဒီမြင်ကွင်းကို မြင်ပြီး အသက်တောင် မရှူဝံ့ ဖူးရယ်။

နောက်ပိုဆိုးတာက ကျားစီးလာတဲ့ မိန်းမဟာ ဆတ်သေကို အသက်သွင်းပြီးတာနဲ့ … ငါတို့ လင့်ထိုးထားတဲ့ သစ်ပင်ဆီကို မော့ ကြည့် တော့ တာပါပဲ။ ပြီးတော့ …. သူ့ ကျားပေါ်ကို သူပြန်တတ်တယ်။ ငါတို့ ဆီကို ဦးတည်ပြီးလာနေတယ်။ ကျားကြီးကလည်း တစ်လှမ်းခြင်းစီလှမ်းလာတာနော်။ သူ့ အရောင် အသွေးတွေကလည်း လက်လက်ထနေတာပဲ။ ဟိုမိန်းမကလည်း သစ်ပင်ပေါ်ကိုမော့ ကြည့် နေတာကို မရွေ့ ဖူး။ စိမ်းစိမ်းကြီး ကြည့် ပြီးလာနေတာဖြင့်…နောက်ဆုံးတော့ ..ငါတို့ လင့်စင့်အောက်ကို ရောက်လာတော့ တာပါပဲ။

အဲဒီအချိန်မှ ငါနဲ့ ရွှေသိုက်တို့ နှစ်ယောက် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့် မိတယ်။ နှစ်ယောက်လုံးရဲ့ နဖူးတွေမှာ ထွက်နေတဲ့ ချွေးသီးချွေးပေါက်ဟာလေ… ဘူးသီးလောက်ရှိမယ် ဟေ့ ကောင်။ မယုံမရှိနဲ့ ။ ငါကလည်း အသက်က ငယ်သေးတဲ့ အချိန်ဆိုတော့ ပိုဆိုးတယ်။ ပြီးတော့ … ဒါက ငါ့ရဲ့ ပထမဦးဆုံးအတွေ့ အကြုံပဲ။ ကြောက်နေတာတော့ ပြောမနေပါနဲ့ တော့ ကွာ။ အဲဒီအချိန်မှာ… ကိုရွှေသိုက်က ငါ့ကို ဘာပြောသလဲဆိုတော့ ….
ဘသန်း… ဒီမိန်းမ ဘာမေးမေး၊ မင်းမဖြေနဲ့ နော်။ ငါဖြေမယ်။ မင်း ငါ့နောက်မှာနေစမ်း” ဆိုပြီးတော့  ပြောတယ်။
ငါလည်း သူ့ ကျောပြင်နောက်ကို နေရာရွေ့ လိုက်တယ်။ သူက ရှေ့ ကနေပြီး လင့်စင့်အောက်ကို ငုံကြည့် တယ်။
အောက်က မိန်းမကလည်း သူ့ ကို မော့ ကြည့် တယ်။ ပြီးတော့ … အောက်က မိန်းမက မေးတယ်။
“အပေါ်က လူတွေရှင့်၊ ကျမ တတ်လာခဲ့ လို့ ရတယ်မလား”  တဲ့ ။

ကိုရွှေသိုက်က… “အေး… နင် လာလူ လား၊ ပြန်လူ လား” တဲ့ ။ “လာလူ” ဆိုပြီး တစ်ခွန်းတည်း တုံးတိတိ ဖြေသဟ။ အသံကတော့ ချိုနေတာပဲ။ ဖြေပြီးတာနဲ့ သစ်ပင်ကို သူ့ လက်နဲ့ တစ်လှမ်းခြင်း ကိုင်ပြီးတတ်လာတော့ တာပါပဲ။ အဲဒီမှာ ကိုရွှေသိုက်ရော ငါရော၊ သောက်ကျိုးတွေ နည်းကုန်တာပါပဲဝေး။ ဘယ်နှယ့် ! လာလူ လို့ ပြောပြီးတတ်လာတာယော။
တောထဲ၊ တောင်ထဲမှာက ဒီလိုပဲ။ ကိုယ့် လူတွေ အချိန်မဟုတ် အခါမဟုတ် ပြန်လာလည်း ဒီလိုမေးရတယ်။ “ပြန်လူ” တော့  စိတ်ချရတယ်။ “လာလူ” ဆိုရင်တော့  မကောင်းဖူး။ အဲဒါ သေပြီးတော့ မှ နာနာဘာဝ အဖြစ် လင့်ကို ပြန်လာတယ်လို့ အဓိပ္ပါယ် ရှိတယ်။ အယူအဆ ရှိတယ်လေ။ အခုဟာက “လာလူ” ဆိုပြီးတော့ ကို တတ်လာတာဆိုတော့  ပြောမနေပါနဲ့ တော့ ကွာ။ ပြန်စဉ်းစားရင် အဲဒီညက ကျောချမ်းတယ်။
ဒီလိုနဲ့ … ဒီမိန်းမ တတ်လာတာ လင့်ပေါ်တောင် ရောက်လာရောပေါ့။ သူလည်း တတ်လာရော ငါဖြင့်… ကြောက်လို့ တုန်နေတာ နေစရာကို မရှိတော့ ပါဘူးဝေး။ သို့ ပေ့ မယ် ကိုရွှေသိုက်ကတော့ … အေးဆေးပဲ။ အံ့ ယော…. ဒီလူ သတ္တိနှယ်။ တကယ် ရှိပါဘိ။ ပြီးတော့ သူက ဆေးလိပ်ကောက်ဖွာနေသေးတယ်။ အေးရာ အေးကြောင်းဆိုတဲ့ အထာနဲ့ ဗျ။
လင့်ပေါ်ရောက်လာတဲ့ မိန်းမက ရောက်ရောက်ခြင်း ဒီလိုမေးတယ်။
“တောထဲ၊ တောင်ထဲ နေရတာကြာတော့ … လူတောဘက် သိပ်မလာနိုင်လို့ ၊ ကွမ်းလေး၊ ဘာလေး မပါဖူးလားရှင်၊ ပါရင် တစ်ယာလောက် ပေးပါလား” တဲ့ ။
“မပါဘူး”… ကိုရွှေသိုက်ကတော့ …. ခပ်တင်းတင်း ပြန်ပြောတယ်။
ဒီလိုပြောတော့ … ဒီမိန်းမက “ဟင်း” “ဟင်း” ဆိုပြီး ရီပါလေယောလား။ သူတို့ နှစ်ယောက် စကားပြောနေတာ လက်တစ်ကမ်းအကွာနော်။ ငါဖြင့် ဒီလို အချိန်ကြီးကွာ။ ကျားစီးလာတဲ့ မိန်းမကို ဒီလို ပြောဖို့ ဝေးလာဝေး။ ဆင်းပြေးမိမလားပဲ။ ကိုရွှေသိုက် ခံနေလို့ သာပေါ့။ နို့ မဟုတ်ရင် ပြေးမိမှာ။

ဒီလိုရီနေရင်းကနေ… မိန်းမ ထပ်ပြောတယ်ကွ။
“ဒါဆို ဆေးလိပ်လေးများ မပါဘူးလားရှင်၊ တကယ် ခံတွင်းချဉ်နေလို့ တစ်ဖွာလောက် ဖြစ်ဖြစ်” ဆိုပြီးလေ။ ကိုရွှေသိုက်ကလည်း သူ့ ကို ပဲ ကြည့် နေတာနော်။ မျက်စိ အလွတ်ကို မခံဖူးရယ်။ ဒီကောင်မ တစ်ခုခုလုပ်ရင် သူလည်း တစ်ခုခုပြန်လုပ်မဲ့ အထာပဲ။ သူလည်း ကြောက်နေမှာပေါ့။ အားမာန်တင်းထားတယ် ထင်ပါတယ်။ ဟိုမိန်းမကို ရွှေသိုက်က
ဆေးလိပ်ကတော့ … ဒါနောက်ဆုံးပဲ။ နင်သောက်ချင်တယ်ဆိုရင်တော့  ပါးစပ်ဟလေ။ ငါတေ့ ပေးမယ်။ ကိုယ့် ဘာသာ ဖွာ” ဆိုပြီး ပြောလိုက်တယ်။ ဟိုမိန်းမကလည်း “ကောင်းပါပြီ ရှင်” ဆိုပြီး ပါးစပ်ဟ ပေးလိုက်တယ်။

အဲဒီအချိန်မှာ….. ကိုရွှေသိုက်လုပ်လိုက်တဲ့ လုပ်ချက်ကတော့ … ငါဖြင့်… ထောင်ထဲ တန်းဝင်ရပါပီဆိုပြီး ဖြစ်သွားတယ်ကွာ။ ဘယ်နှယ့်! ဟိုမိန်းမ ပါးစပ်လည်း ဟရော၊ ဆေးလိပ်ထိုးထည့် ပေးမလိုလို ၊ ဘာလိုလိုနဲ့ အနားမှာချထားတဲ့ သူ့ နှစ်လုံးပြူးပြောင်းဝကို ပါးစပ်ထဲကို ထိုးထည့် ပြီး ခလုတ်ဆွဲချလိုက်တာကွာ မြင်လို့ တောင်းမကောင်းဖူး။ “ဒိုင်း” ခနဲ မြည်သံနဲ့ အတူ။ ကျားစီးတဲ့ မိန်းမရဲ့ .. ဦးနောက်ကနေပြီးတော့ ကျည်ဆံဟာ ခွဲထွက်သွားတယ်။ သွေးတွေကလည်း လင့်စင့်တစ်ဝှိုက် ပြန့် ကျဲသွားတယ်။ ပြီးတော့ …. ဟိုမိန်းမလည်း “အား”ခနဲ အော်ပြီး “ကား” ခနဲ လင့်စင့်အောက်ကို ပြုတ်ကျသွားတော့ တာပါပဲကွာ။

ထူးဆန်းတာတစ်ခုက အဲဒီမိန်းမ အား ခနဲ အော်လိုက်တဲ့ အသံဟာလေ တစ်တောလုံးများ အော်ထည့် လိုက်သလားမှတ်ရတယ်။ အရပ်ရှစ်မျက်နှာလုံးက အသံက ထွက်လာတာကိုး။ ပြီးတော့ အောက်က စောင့်နေတယ်။ စီးတော်ကျားကြီးကလည်း သူ့ သခင်မ ပြုတ်ကျလာတော့ … ဟိန်းဟောက်ပြီး လင့်ပေါ်ကို ကုတ်ဖဲ့ တတ်ဖို့ ကြိုးစားနေတာ။
ကိုရွှေသိုက်က အဲဒီကျားငနာကိုပါ သူ့ နှစ်လုံးပြူးနဲ့ နှစ်ချက် ပစ်ချပြီး ကိစ္စတုံးပေးလိုက်ရတယ်။ ဒီတော့ မှ ငြိမ်တော်မူတယ်။ ငါကတော့ … ကိုရွှေသိုက်ကို အပြစ်တင်နေတော့ တာပါပဲ။ ခင်ဗျားလုပ်လိုက်မှဖြင့် သောက်ရမ်းပဲ။
လူသတ်မှုဗျ။ အဲဒါ လူသတ်မှု။ ခင်ဗျား သိလား။ ကျွန်တော်တို့ တော့ … ထောင်နန်းစံရပါပီ၊ ဘာညာပေါ့ကွာ။
ကိုရွှေသိုက်ကတော့ …. တစ်ခွန်းပဲ ပြန်ပြောတယ်။
“ဘသန်း၊ အဲဒီလောက် မပူနဲ့ ။ ငါမှန်းတာ မလွဲရင် မနက်ကျရင် အဲဒီပြသနာ အားလုံးရှင်းသွားလိမ့် မယ်။ ခုအိပ်တော့ ” ..ဆိုပြီး သူက သူ့ နှစ်လုံးပြူးကို ခွပြီး အိပ်ချလိုက်သဗျ။ ငါ့မှာ နှလုံးခုန်နှုန်းဟာ မြန်နေတာကြောင့် တော်တော်နဲ့ ကိုအိပ်လို့ မပျော်ဖူးရယ်။ သို့ ပေ့ မယ်… ဘသားချော ရွှေသိုက် အိပ်နေတာကို ကြည့် ပြီး မထူးတော့ ပါဘူးဆိုပြီး ကိုယ်လည်း အိပ်ချလိုက်ရတယ်။

ဒီလိုနဲ့ လိုရင်းတိုရှင်းပြောရရင်တော့ ကွာ… မနက်မိုးလင်း နေရောင်ခြည်ဖြာတော့ … ငါတို့ လင့်စင်အောက် ဆင်းကြည့် တယ်ဆိုပါတော့ ။ အဲဒီအချိန်မှာ ညက ခေါင်းကို ပြောင်းမှန်လို့ သေထားတဲ့ မိန်းမက ပုတ်သတ်ညိုအကြီးကြီးတစ်ကောင်ဖြစ်နေတယ်ကွာ။ နောက် ကျားသေက တောကြောင် အကြီးကြီးတစ်ကောင်ဖြစ်နေတယ်။ တောကြောင်ကလည်း… ငါတို့ ခါးစောင်းလောက်ရှိတာကိုးကွ။ အဲဒီလို အဖြစ်အပျက်တွေကို ကိုရွှေသိုက်လည်း မြင်ယော…. ၀မ်းသာ အားရနဲ့ ဒီလို ကြုံးဝါးတယ်။
“အောင်ပြီကွ၊ အောင်ပြီ၊ ဒီတော၊ ဒီတောင် ငါပိုင်ပြီ။ ဒီနေ့ က စပြီး ငါ ရွှေသိုက်လာတာနဲ့ … အမဲမရတဲ့ နေ့ မရှိချင်ဘူးဟေး။ အောင်ပြီကွ၊ အောင်ပြီ” ဆိုပြီး လက်သီး၊ လက်မောင်းတန်း ကြွေးကြော်တော့ တာပါပဲ။
သူ အဲဒီလို အော်ဟစ်လိုက်တဲ့ အချိန်မှာ တစ်တောလုံး တစ်တောင်လုံးကလည်း “၀ူး” “၀ါး” စသဖြင့် တောခြောက်သလို ဆူညံသွားတာပါပဲကွာ။ ငါဖြင့် ကြက်သီးတွေ တစ်ဖြန်းဖြန်း ထလာတယ်။

ဒီလိုနဲ့ ငါတို့ တောကြောင်ကို အမဲဖျက်ကြတယ်ဆိုပါတော့ ။ ပြီးတော့ ကိုရွှေသိုက်က ငါ့ကို လင့်မှာထားခဲ့ ပြီး သူ တောထဲဝင်သွားတယ်။ ပြန်လာတော့ … သူညက ပစ်လိုက်တဲ့ ဆတ်သေကြီးကို ထမ်းလာတယ်ကွ။ ငါလည်း တော်တော်လေး အံ့ သြသင့်သွားတယ်။ သေနတ်သံလည်း မကြား၊ ဘာလည်း မကြားနဲ့ ဒီဆတ်သေကို ထမ်းလာတယ်ပေါ့နော်။ အဲဒါနဲ့ … “ကိုရွှေသိုက် အဲဒီဆတ်သေဟာ မနေ့ က ပစ်လိုက်တာမလား? ဘယ်လိုပြန်ရလာတာလဲ? တကယ် ရှင်သွားတာလား? အဲဒီေ�


by facebook page

ဂီတစက်ခန်း 15

ပင်မဂီတစက်ခန်း

  1. ရသစုံလင်

  2. ဒေါင်းလုပ်

  3. ဂီတစက်ခန်း

  4. မြို့တော်ဂိမ်း


Content on this page requires a newer version of Adobe Flash Player.

Get Adobe Flash player


အသုံးပြုလိုသော စက်ပေါ်သို့ ကလစ်ပြီး အသုံးပြုနိုင်သည်





အွန်လိုင်းဂိမ်းများ

party-van-madness လမ်းသရဲကား mech combats (စက်ရုပ်စစ်တိုက်) burning skies (လေယာဉ်ပစ်) လေယာဉ်ပစ် ကားပြိုင် orcs vs-humans age of war2 (စစ်ဆင်ရေး) microbike (တောင်တက်ဆိုင်ကယ်မောင်း) green beret castle assult ( သေနတ်ပစ်) Zombie rumble (အမြောက်ပစ်) raze (သေနတ်ပစ်) jungle siege (တောတင်းကလေးစစ်တိုက်) Plants Vs Zombie

 

လပ်ကီးမြို့တော်