ဒီလိုနဲ့ ငါတို့ တောကြောင်ကို အမဲဖျက်ကြတယ်ဆိုပါတော့ ။ ပြီးတော့ ကိုရွှေသိုက်က ငါ့ကို လင့်မှာထားခဲ့ ပြီး သူ တောထဲဝင်သွားတယ်။ ပြန်လာတော့ … သူညက ပစ်လိုက်တဲ့ ဆတ်သေကြီးကို ထမ်းလာတယ်ကွ။ ငါလည်း တော်တော်လေး အံ့ သြသင့်သွားတယ်။ သေနတ်သံလည်း မကြား၊ ဘာလည်း မကြားနဲ့ ဒီဆတ်သေကို ထမ်းလာတယ်ပေါ့နော်။ အဲဒါနဲ့ … “ကိုရွှေသိုက် အဲဒီဆတ်သေဟာ မနေ့ က ပစ်လိုက်တာမလား? ဘယ်လိုပြန်ရလာတာလဲ? တကယ် ရှင်သွားတာလား? အဲဒီနေရာမှာပဲ သေနေသေးတာလား?” ဆိုပြီး မေးခွန်းတော်တော်များများ မေးဖစ်လိုက်တယ်။
ကိုရွှေသိုက် ဘယ်လို ပြန်ဖြေသလဲဆိုတော့ တုံးတိတိပဲနော်။
“ရှင်သွားတယ်။ ဒါပေ့ မယ် ဒီတော ဒီတောင်ဟာ ငါပိုင်နက်ဖြစ်သွားပြီ။ ငါလာရင် သူတို့ မပေးလို့ မရတော့ ဖူးလေ ဘသန်းရဲ့ ။ ဒါပေ့ မယ် ငါမင်းကို တစ်ခုတော့ ပြောထားမယ်။ ဒီကိစ္စကို ဘယ်မှ မပေါက်ကြားပါစေနဲ့ ။ ပေါက်ကြားရင် မင်းကို ငါလာသတ်မယ်။ မဟုတ်ရင် မင်းငါ့ကို အရင်လာသတ်။ ကြားလား ဘသန်း” ဆိုပြီး ပြောသွားတယ်။
အဲဒီကတည်းက ကိုရွှေသိုက်တစ်ယောက် နောက်တစ်ခါ တောထဲ တောင်ထဲသွားတိုင်း ငါ့ကို မခေါ်တော့ ဖူး။ သို့ ပေ့ မယ် သူသွားတိုင်းလည်း …. တောကောင်၊ သားကောင် ရလာခဲ့ တာချည်းပဲ။ မရတဲ့ နေဆိုတာကို မရှိခဲ့ ပါဖူးကွာ။ ငါကတော့ ကိုယ့် ဆရာအရင်းပေမို့ သူနဲ့ ပဲ လိုက်ချင်တာပ။ သို့ ပေ့ မယ်သူက အဲဒီကိစ္စဖြစ်ပြီးကတည်းက ငါ့ကို တစ်ရှောင်ရှောင်လုပ်သွားတယ်။ နောက်ဆုံး အဆက်ဖြတ်သွားတယ် ဆိုပါတော့ ကွာ။ ငါလည်း နောက်ပိုင်း သူနဲ့ အဆက်အသွယ်ပြတ်သွားတယ်။ ဒီဇာတ်လမ်းကိုတောင် ငဇူး မေးနေလို့ …. ဒါ ပထမဦးဆုံး ပြန်ပြောလိုက်တာ။
“၀ူး…. မောလိုက်တာကွာ”….. ဦးဘသန်းတစ်ယောက် အရက်တစ်ခွက်ကို ထပ်ငှဲ့ သောက်လိုက်တယ်။
ဦးဘသန်းရဲ့ စကားအဆုံးမှာ အနော်တို့ အားလုံး… အတွေးကိုယ်စီနဲ့ … ငြိမ်သက်သွားကြတယ်။ ကိုရွှေသိုက်နဲ့ လည်း ပြန်မဆုံဖြစ်တော့ ဖူးလို့ သူက ပြောလိုက်တော့ … ပြောစရာ စကားကလည်း ပြတ်သွားတယ်။ သို့ ပေ့ မယ် အနော်က ထပ်မေးမိတယ်။
“ဦးဘသန်း မရှင်းလို့ နော်။ ဒီလိုဗျာ။ အဲဒီဆော်ကြီးကို ဦးရွှေသိုက်က သတ်လိုက်တယ်။ ဒီတော့ … သူက တစ်ပွဲစားဖြစ်သွားရောလား? အဲဒီလိုပြောတာလား? ဟိုအသတ်ခံလိုက်၇တဲ့ ဆော်ကြီးက ဘာမို့ လဲ၊ အဲဒါ မရှင်းလို့ ပါ” ဆိုတော့ …။
သူက …
“ဒီလိုကွ၊ ငဇူးရ။ တောထဲ၊ တောင်ထဲမှာက အမှန်တကယ် အပိုင်စားတွေ ရှိကြတယ်။ ဒီတောကို စောင့်ေ၇ှာက်တဲ့ နတ်သဘောမျိုးပေါ့။ အဲဒီလိုနတ်တွေကလည်း တစ်ခါတစ်ရံတောထဲ တောင်ထဲကို လာပြီး မုဆိုးလုပ်နေတဲ့ သူတွေ၊ လမ်းမှားလာတဲ့ သူတွေကို ဖမ်းစားတတ်တယ်။ ခုန ကိုရွှေသိုက်ဆီက ဟိုတောင်စောင့်မက ဆေးလိပ်၊ ကွမ်းယာတောင်းတယ်ဆိုတာ… အကောင်းတောင်းတာမဟုတ်ဖူး။ သူတို့ က လူရဲ့ စိတ်ကို ဖမ်းစားလိုက်တာ။ မင့်ဆီက ကွမ်းရာကို မင်းပေးလိုက်တယ်။ သို့ ပေ့ မယ် ပေးတဲ့ အခါမှာ စိတ်ပါလို့ ပေးတာ၊ ဘယ်သူကမှ စိတ်မပါပဲ မပေးဖူး။ ဟုတ်တယ်မလား။ ဒီတော့ … မင်းတို့ ရဲ့ စိတ်ကို သူက ဖမ်းစားသွားနိုင်ပြီ။ မင်းက ခွင့်ပြုလိုက်တာကိုး။ ဒါကြောင့် သူတို့ က ဆေးလိပ်၊ ကွမ်းယာတောင်းတာ။ ဒါ အလွယ်ဆုံးနည်းကိုး။ ဒါကို ကိုရွှေသိုက်ကလည်း မုဆိုးသက်ရင့်နေတာက တစ်ကြောင်း။ ပြီးတော့ … အခြေအနေကို ရိပ်မိတာက တစ်ကြောင်း။ ဒါကြောင့် အလုံးစုံးကို ခြုံငုံသုံးသပ်ပြီး အကောင်းဆုံးဖြစ်အောင် လုပ်သွားနိုင်တာ။ သို့ ပေ့ မယ်…. မပျော်နဲ့ ။ အဲဒီ တောစောင့်မကို သတ်ပြီးပြီးဆိုရင်ဖြင့် တောစောင့်နေရာလွတ်သွားပါယောလား။ ဒီတော့ … အဲဒီနေရာမှာ သတ်ခဲ့ တဲ့ လူက ပြန်စောင့်ရတယ်မောင်။ မယုံမရှိနဲ့ ။ တစ်ပွဲစားဆိုတာ ဒီလိုပဲ။ လူဘ၀မှာတော့ … စားပေါ့။ အသားကုန်။ ဒီတောထဲက ရတဲ့ ပစ္စည်း ရသလောက်ယူပေတော့ ။ သေရင် ပြန်စောင့်ရမဲ့ အတူတူ မထူးပါဘူး။ မသေခင် ရိက္ခာပေးပြီး ရာထူးပေးပြီး အလုပ်ခန့် တဲ့ သဘောပါကွာ…… ဟား….ဟား…..ဟားး….ဟား……” ဆိုပြီး ပြောချပြီး ရယ်ချလိုက်တဲ့ သူ့ အသံဟာလေ။ အနော်တို့ ဖြင့် နှလုံးသွေးရပ်တန့် သွားမလားတောင် … ထင်ရပါတယ်ဗျာ။ တိတ်ဆိတ်နေတဲ့ ည ကွပ်ပျစ်ဝိုင်းတစ်ခုလုံး သူ့ အသံက ဟိန်းထွက်သွားတာ။
အဲဒီနေ့ ည စကားဝိုင်းကတော့ …. သူ့ ရီသံပီးနောက် ဘာမှ ထပ်မလာနိုင်တော့ ပါဘူး။ လူတွေအားလုံးက တိတ်ဆိတ်လို့ … အတွေးကိုယ်စီနဲ့ … အရက်ချည်း ဖိသောက်နေရပါကြောင်း……။ ။
ပြီး၏….။
by facebook page
0 comments:
Post a Comment