www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Monday, May 20, 2013

ဟာသအတိုအထွာများ (၃)

စိတ်ကောင်းဝင်နေတယ်
အမျိုးသမီးတစ်ယောက်က သူ့သူငယ်ချင်းအား အခုလို ပြောသည်။ “ငါဒီနေ့အရမ်းကို စိတ်ကောင်းဝင်နေတယ်။ တောင်းတောင်းပန်ပန်နဲ့ ပိုက်ဆံတောင်းတဲ့ လူတစ်ယောက်ကို ၂၅ ဒေါ်လာ လာပေးပစ်လိုက်တယ်”
“ဟယ်ဘယ်လောက်စိတ်ကောင်းဝင်ဝင် ၂၅ ဒေါ်လာတော့များလွန်းတာပေါ့။ မင်းယောက်ျားက ဘာပြောလဲ” ဟု သူငယ်ချင်းကမေးရာ “ကျေးဇူးတင်ပါတယ်တဲ့”

အပြိုင်အဆိုင်
လမ်းတစ်လမ်းတည်းပေါ်တွင် စားသောက်ဆိုင်သုံးဆိုင်ရှိနေသည်။ တစ်ရက်တွင် စားသောက်ဆိုင်တစ်ဆိုင်က ယခုလို ဆိုင်းဘုတ်ထောင်သည်။
“ဤမြို့တွင် အကောင်းဆုံးစားသောက်ဆိုင်” နောက်တစ်နေ့တွင် ဒုတိယစားသောက်ဆိုင်က ယခုလိုဆိုင်းဘုတ်ထောင်သည်။
“ကမ္ဘာပေါ်တွင် အကောင်းဆုံးစားသောက်ဆိုင်” တတိယနေ့စားသောက်ဆိုင်ကမူ
“ဤလမ်းပေါ်တွင် အကောင်းဆုံးစားသောက်ဆိုင်” ဟူ၍သာ။

လက်ဆောင်
ဘန်နီနှင့် အယ်နီတို့သည် မန်ချက်စတာယူနိုက်တက်ဘောလုံးအသင်း၏ အမာခံပရိသတ်များဖြစ်သည်။ အပတ်စဉ် အထူးတန်းပွဲကြည့်စင်မှ ဘောလုံးပွဲများ လာရောက်ကြည့်ရှုကြရာ ထိုင်ခုံအမှတ် K-37 မှာ အမြဲတမ်းလွတ်နေသည်။ သို့ဖြင့် ယင်းထိုင်ခုံနေရာအား တစ်နှစ်စာ လက်မှတ်ဝယ်ယူလိုကြောင်း ဘန်နီက လက်မှတ်ကောင်တာတွင် သွားရောက်တောင်းဆိုရာ ယင်းနေရာမှာ တစ်နှစ်စာ ဝယ်ယူထားပြီးဖြစ်ကြောင်း သိရသည်။
ထူးထူးခြားခြား ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် ယင်းထိုင်ခုံအမှတ် K-37 တွင် လူတစ်ယောက်ထိုင်နေသည်ကို တွေ့ရ၍ ဘန်နီလည်း မနေနိုင်တော့ဘဲ “တစ်နှစ်လုံး ခင်ဗျားဘယ်ရောက်နေတာလဲ”ဟု စူးစမ်းရာ အမျိုးသားက “ပြောမနေပါနဲ့တော့ဗျာ”ဟုဆိုရင်း
“ကျုပ်မိန်းမပေါ့၊ တစ်နှစ်စာ လက်မှတ်ဝယ်ထားပြီး ခရစ္စမတ်နေ့ကျမှ အံ့အားသင့်သွားအောင် ဆိုပြီး ကျွန်တော့်ကို လက်မှတ်ထုတ်ပေးတယ်ဗျ” ဟု မကျေမချမ်းနှင့် ပြောပါတော့သည်။


လိုက်နာရန်
ဂျပန်နိုင်ငံတွင် ကုမ္ပဏီတစ်ခုက ၎င်း၏ ဝန်ထမ်းများ လိုက်နာရန် စည်းကမ်းချက်အသစ်တစ်ရပ်ထုတ်ပြန်လိုက်သည်။
“အလုပ်သမားများသည် ရေအိမ်များတွင် အလွန်အချိန်ဖြုန်းနေကြသည်။ ယခုအခါရေအိမ်များ အသုံးပြုချိန်ကို သုံးမိနစ်ကန့်သတ်လိုက်သည်။ သုံးမိနစ် ပြည့်ပါက အချက်ပေးသံမြည်လာမည်။ ရေအိမ်သုံးစက္ကူလိပ်အထဲ ပြန်ဝင်သွားမည်။ တစ်ချိန်တည်းမှာပင် ရေအိမ်တံခါးလည်း ပွင့်လာကာ ဓာတ်ပုံတစ်ပုံ ရိုက်ပြီးသားဖြစ်မည်။ ဒုတိယအကြိမ် စည်းကမ်းချိုးဖောက်သူများကို ကုမ္ပဏီစည်းကမ်း ဆိုးဆိုးရွားရွား မလိုက်နာသူအဖြစ် ပထမအကြိမ်ကရိုက်ထားသော ဓာတ်ပုံကို ကုမ္ပဏီ၏ နို့တစ်ဘုတ်တွင် ကပ်ထားမည်။

အလုပ်တစ်ဝက်
လူတစ်ဦး ကွန်ပျူတာဆိုင်ထဲသို့သွားရာ အရောင်းစာရေးက ကွန်ပျူတာအကြောင်း ရှင်းပြရင်း “ဒီကွန်ပျူတာလေးက ခင်ဗျားရဲ့ အလုပ်တစ်ဝက်ကို လုပ်ပေးပါလိမ့်မယ်” ဟု ပြောလိုက်သည်။
ဤတွင် ကွန်ပျူတာဝယ်မည့်သူက “ကောင်းပြီ။ ဒါဆိုရင် ကျုပ်ဘာမှလုပ်စရာမလိုအောင် အဲဒါမျိုးနှစ်လုံးပေးဗျာ”ဟု ဆိုပါတော့သည်။

သစ္စာတိုင်ခြင်း
ဘုရားကျောင်းတွင် လက်ထပ်မည့် စုံတွဲတစ်တွဲ အစမ်းလေ့ကျင့်လျက်ရှိရာ သတို့သားက ဘုန်းတော်ကြီးနားကပ်၍ ယခုလို ကမ်းလှမ်းသည်။
“လူကြီးမင်းအတွက် ဒီမှာ ဒေါ်လာတစ်ရာပါ။ ထိမ်းမြားခြင်း မင်္ဂလာပြုလို့ သစ္စာတိုင်ရမယ့်အချိန်မှာ ‘သူမအပေါ် တစ်သက်လုံး သစ္စာရှိပါမည်’ ဆိုတဲ့စာသားကို ချန်ပေးပါ”ဟု ပြောပါ၏။
ထိမ်းမြားမင်္ဂလာပြုသောနေ့တွင် ဘုန်းတော်ကြီးက သတို့သားနှင့် သတို့သမီးတို့အား သစ္စာတိုင်ပေးရာ၌ သတို့သားအလှည့်တွင် ဘုန်းတော်ကြီးက. . .
“သူမခိုင်းသမျှကို လုပ်ပေးပါမည်။ နံနက်စာကို သူမထံနေ့စဉ် အိပ်ရာထဲသို့ ယူလာပေးပါမည်။ နှစ်ဦးစလုံးအသက်ရှင်နေသရွေ့ မိမိမိန်းမမှ လွဲ၍ အခြားမိန်းကလေးတစ်ဦးကို ကြည့်ပင် မကြည့်ရန် သစ္စာဆိုပါသည်”ဟု တိုင်ပေးလိုက်ရာ သတို့သားက ဘုန်းတော်ကြီးနားကပ်၍. . .
“ကျွန်တော်တို့ နားလည်မှုရထားတယ်လို့ ထင်တာ”ဟု ပြောရာ ဘုန်းတော်ကြီးက ဒေါ်လာတစ်ရာတန်ကို အမျိုးသားလက်ထဲပြန်ပေးရင်း. . .
“မင်းမိန်းမရဲ့ ကမ်းလှမ်းမှုက ပိုကောင်းတယ်ကွ”ဟု ဆိုပါသည်။

အထိမ်းအမှတ်
မိခင်တစ်ဦးနှင့်သူ၏ သားငယ်လေးတို့ မင်္ဂလာဆောင်တစ်ခုသွားကြသည်။ ကလေးက မင်္ဂလာဆောင်ကို လျှောက်ပတ်ကြည့်ရင်း “မေမေသတို့သမီးက ဘာလို့ အဖြူရောင်ဝတ်စုံ ဝတ်ထားတာလဲဟင်” ဟုမေးရာ
“အော်. . . သတို့သမီးလေးက သူ့ဘဝမှာ အပျော်ဆုံး အထိမ်းအမှတ်နဲ့ အဖြူရောင်လေး ဝတ်ထားတာပေါ့ သားရယ်”ဟု အမေက သူ့သားအား ပြောပြပါသည်။
ထိုအခါ ကလေးငယ်က “ဒါဆို မေမေ သတို့သားကျတော့ ဘာလို့ အနက်ရောင်ဝတ်စုံ ဝတ်ထားရတာလဲ”ဟု မေးပါလေ၏။

နေ့အိပ်မက်
အသက်ကြီးကြီး အမျိုးသမီးကြီး နှစ်ဦး ကားမောင်းလာနေစဉ် လမ်းဆုံတစ်ခုအရောက်တွင် မီးပွိုင့် မီးနီနေသော်လည်း ကားမောင်းနေသော အမျိုးသမီးကြီးက မီးနီကို ဖြတ်မောင်းသွားသည်။ ဘေးမှလိုက်ပါလာသော အမျိုးသမီးကြီးက ‘ကက်သီတစ်ယောက် မီးနီဖြတ်မောင်းလိုက်ပြီနဲ့တူတယ်’ဟု စဉ်းစားနေသည်။
ထိုအချိန်မှာပင် ဒုတိယမီးပွိုင့်တစ်ခုရောက်လာသည်။ ကက်သီကလည်း မီးနီကို ဖြတ်မောင်းပြန်သည်။ မကြာမီမှာ နောက်ထပ်လမ်းဆုံတစ်ခု ရောက်လာ ပြန်ရာ ကက်သီကလည်း မသိသလိုပင် ဖြတ်မောင်းသွားတော့မှ ဘေးမှ အဖွားကြီးက ထိတ်ထိတ်ပျာပျာဖြစ်သွားပြီး ကက်သီလက်မောင်းကိုဆွဲကာ ‘ကက်သီ မင်းမီးနီတွေ ဖြတ်မောင်းတာ သုံးကြိမ်ရှိပြီ။ ငါတို့နှစ်ယောက်စလုံးသေကုန်တော့မှာပဲ’ဟု ဆိုလိုက်ခါမှ “ဟယ် မင်ဒီ ငါကားမောင်းနေတာလား။ ငါက မင်းနဲ့ ငါရဲ့ ကျောက်မျက်ရတာနာတွေ လိုက်ကြည့်နေတယ်ထင်တာ”ဟု ဆိုပါတော့သည်။


ထမင်းစားချိန်
ကုမ္ပဏီတစ်ခုက ထမင်းစားချိန်ကို အောက်ပါအတိုင်းသတ်မှတ်ထားသည်။ ပိန်ပိန်ကပ်ကပ်လူများအတွက် နေ့လယ်ထမင်းစားချိန်ကို မိနစ် ၃၀ သတ်မှတ်သည်။ အကြောင်းမှာ ကျန်းမာရေးကောင်းနေပုံပေါ်ရန် ၎င်းတို့ ပိုမိုစားသောက်ရန် လိုအပ်၍ ဖြစ်သည်။
ပုံမှန် ခန္ဓာကိုယ်အချိုးအစား ရှိသူများအတွက် ၁၅ မိနစ်သတ်မှတ်သည်။ ကျန်းမာရေးနှင့် ညီညွတ်သော အစားအစာများ စားသုံးရန် လုံလောက်သည့် အချိန်ဖြစ်သည်။
ဝဝဖိုင့်ဖိုင့် လူများအတွက် နေ့လယ်စာစားချိန်ကို ငါးမိနစ်သာ သတ်မှတ်သည်။ ၎င်းတို့မှာ သံပရာရည်တစ်ခွက် (သို့မဟုတ်) Slim Fast ဖျော်ရည် တစ်ခွက်သောက်ရန်သာ လိုအပ်သည်။

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်