မိန်းမအမျိုးအစား
ကွန်ပျူတာနည်းပညာရှင်တစ်ဦးနှင့် အမေးအဖြေ
၁ ။ အင်တာနက်နှင့်တူသော
မိန်းမ
Accesss လုပ်ခွင့်ရဖို့
ခက်ခက်ခဲခဲ ကြိုးစားရပါလိမ့်မယ် ။
၂ ။ CD
ROM နဲ့တူသော မိန်းမ
သူမဟာ အရမ်းမြန်ပါတယ်
။ သိပ်မြန်တယ် ။ ကုန်ကုန်ပြောရရင် ခင်ဗျားကို ဖြတ်သွားတာတောင်မြန်တယ် ။
၃ ။ အီးမေးလ်နှင့်တူသော
မိန်းမ
အကြောင်းအရာ
၁၀ ခုပြောပြပါလိမ့်မယ် ။ အဲ့မှာ ၈ ခုလောက်က အရေးမကြီးတာ (အကြောင်းအရာထပ်နေတယ် ) ။
၎ ။ Ram နှင့်တူသော
မိန်းမ
သူမကိုမျက်ကွယ်ပြုလိုက်တာနဲ့
သူမက မေ့ပစ်ပါလိမ့်မယ် ။
၅ ။ ဗိုင်းရပ်စ်နှင့်တူသော
မိန်းမ
ဇနီးဟုလည်းခေါ်သည်
။ သူမဇာသာ install လုပ်နိုင်းပြီး သင့်ရဲ့ resource ရင်းမြစ်တွေအားလုံးကို အသုံးပြုလိမ့်မယ်
။
တကယ်လို့
သူမကို Uninstall လုပ်ရင် တစ်ခုခုကို ဆုံးရှုံးရလိမ့်မယ် ။
တကယ်လို့
Uninstall မလုပ်ရင်လည်း အရာအားလုံးဆုံးရှုံးရလိမ့်မယ် ။
ကွန်ပျူတာနည်းပညာရှင်တစ်ဦးနှင့် အမေးအဖြေ
မေး ။ ကွန်ပျူတာထဲမှာပါတဲ့
ရမ်ဆိုတာ ဘာပါလဲဟင်
ဖြေ ။ ကွန်ပျူတာအတွက်
ရမ်ပုလင်းပါ ။
မေး ။ တစ်ဂစ်မှာ
ဘယ်နှစ်ဘိုက်ရှိပါသလဲ
ဖြေ ။ ဂစ်လို့အော်တဲ့
ငှက်တစ်ကောင်မှာ တစ်ဗိုက်ပဲရှိပါတယ် ။
မေး ။ ကွန်ပျူတာထဲမှာ
ဗိုင်းရပ်စ်ဝင်ရင် ဖြေရှင်းပုံလေး အသေးစိတ် ပြောပြနိုင်မလား
ဖြေ ။ ဟုတ်ကဲ့
ရပါတယ် ။
၁ ။ System ပုံးကို အရင်ဖွင့်ပါ ။
၂ ။ ရှိရှိသမျှ Harddisk ၊ Motherboard ရှိသမျှကတ်တွေကို
အကုန်ဖြုတ်ပါ ။
၃ ။ ပြီးရင်တော့ ဆပ်ပြာမှုန့်များများနဲ့ ဖျော်ထားတဲ့
ဇလုံထဲကိုထည့်ပြီး Decogen နဲ့တစ်ညစိမ်ပါ ။
၎။ နောက်တစ်နေ့ကျရင် ပြန်ဆေးကြောပြီး နေပူပူမှာ
လှမ်းပါ ။
၅ ။ ခြောက်သွေ့သွားသောအခါ ပစ္စည်းများကို နေရာတကျပြန်တပ်ပါ
။
၆ ။ စက်ကိုပြန်ဖွင့်သောအခါ ဗိုင်းရပ်စ်မရှိတော့ကြောင်းပျော်ရွှင်ဖွယ်တွေ့မြင်ရပါလိမ့်မယ်
။
၇ ။ နောက်ပိုင်းသုံးရင် System ပုံးကို ဗိုင်းရပ်စ်ထပ်မ၀င်အောင်
နေပူထဲထားကာ အသုံးပြုပါ ။
မေး ။ ပို့လိုက်တဲ့အီးမေးလ်
ဟိုဘက်ရောက်မရောက် ဘယ်လိုသိနိုင်မလဲ
ဖြေ ။ ဖုန်းဆက်ပြီးမေးကြည့်လိုက်ပါ
။
မေး ။ ကွန်ပျူတာအရမ်းလေးနေလို့
ဘာလုပ်ရမှန်းမသိဘူး
ဖြေ ။ အရင်ဆုံး
harddisk ဖြုတ်ထားလိုက်ပါ ။ ဒါမှထက်လေးနေရင် power supply ပါထပ်ဖြုတ်လိုက်ပါ ။ အရမ်းပေါ့သွားပါလိမ့်မယ်
ဆေးခိုင်းပြီးပြီ
အစ်ကိုဖြစ်သူက
ညီဖြစ်သူကို ကွန်ပြူတာသင်ပေးရင်း စိတ်မရှည်တော့သဖြင့် အော်၍…
"ဟေ့ကောင်
Cancel လုပ်ဖို့ပြောနေတာ Cancel Cancel !!!!…"
ထိုစဉ် အိမ်ရှေ့ခန်းတွင်
သတင်းစာဖတ်နေသော အဖေဖြစ်သူက…
"သားကြီးရေ
ညီလေးကို အဲ့ဒီလောက်ထိ မခိုင်းပါနဲ့ကွာ မနေ့ကဘဲ မောင်ပုကို
ကန်ထဲကနွံတွေရော
အကုန်ဆယ်ပြီး ဆေးခိုင်းလိုက်ပြီးပြီ။"
ကာကွယ်ပါ
ကွန်ပြူတာတက်နေသော
ကျောင်းသားကို သူ့အမေကစိတ်ပူသော အသံဖြင့်…
"သားရေ
ကွန်ပြူတာသုံးရင် နှာခေါင်းအုပ်လေးဘာလေး အုပ်ပြီးသုံးနော်
ကွန်ပြူတာပိုးတွေ
သောင်းကျန်းနေတယ်ဆိုလားဘဲ အမေဈေးထဲကကြားခဲ့လို့။
သည်လိုငါ.သား
ကလေး ၊ ဖေဖေ၊
သားကို ဘယ်လိုမွေးလာတာလဲဟင်
ဖခင် ၊ အေး၊
ငါ.သား။ မင်းတစ်နေ.နေ.မှာသည်လိုမေးမှာပဲ
လို.
ငါတွက်ထားတာကွ၊
ဒီလိုကွာ။
မင်းအမေနဲ.ဖေဖေ chat room မှာ chatting
လုပ်ရင်းသိခဲ့ကြတယ်။
နောက်
cyber cafe ဆိုင်တွေကနေ email တွေအပြန်အလှန်ပို.ကြတယ်၊
ဒီလိုနဲ.နောက်ဆုံးမင်းအမေက
ဖေဖေ.ကို download လုပ်နိုင်တယ်လို.
ခွင့်ပြူတယ်။
သူကလည်းဖေဖေ.ကို uploaded ပြန်လုပ်တယ်၊
ဖေဖေတို.နှစ်ယောက်လုံး
firewall ချမထားမိဖူး၊ ပြီးတော့ delete button
ကိုလည်းမနှိပ်မိဖူး၊
နောက် ကိုးလကြာတော. မင်းကိုရလာတာပေါ.၊
အဲသည်အချိန်ကvirous
အကိုက်မခံလိုက်ရတာလည်းပါတာပေါ.၊ current ကလည်းလုံးဝမှန်နေခဲ.တာ၊
မင်းကံကောင်းတယ်ငါ.သား၊
အခြေအတင်
အခြေအတင်
တစ်ခါက လင်မယားနှစ်ယောက်
စကားအချေအတင်ပြောကြသတဲ့။
အဲ ယောက်ျား ဖြစ်သူကcomputer crazy
မိန်းမဖြစ်တဲ့သူကတော့ ဒီယောက်ျား ငါ့ကိုတော့ ကွန်ပျူတာလောက်
အလေးမထားဘူးဆိုပြီး
စကားနာထိုးတဲ့ စကားစစ်ပွဲတစ်ခု ဖန်တီးတဲ့အကြောင်းအရာလေး
ဖြစ်ပါတယ်။
ကဲ... သူတို့
နှစ်ယောက်ပြောတဲ့ စကား တွေကို ကြည့်ကြပါဦးနော်။
မိန်းမ။ ။
ရှင်က ကျွန်မကို ဖုတ်လေတဲ့ငါးပိ ရှိတယ်လို့တောင် မထင်ဘူး။
ယောက်ျား။
။ Set Default
မိန်းမ။ ။
ကျွန်မကို crazy အင်္ကျီလှလှလေးဝယ်ပေးမယ်ဆိုပြီး အခု
မမှတ်မိတော့ဘူးလား။
ယောက်ျား။
။ Bad command or file name
မိန်းမ။ ။
ရှင်နဲ့ ကျွန်မ ရုပ်ရှင်အတူတူ သွားမကြည့်တာလည်း ကြာပြီ။
ဒီကွန်ပျူတာ
ရှေ့မှာပဲ အချိန်ဖြုန်းနေတာပဲ။
ဒါပဲနော်
နောက်တစ်ပတ်ကျရင် ရုပ်ရှင်သွားကြည့် ကြမယ်။
ယောက်ျား။
။ Drive not ready
မိန်းမ။ ။
ထမင်းလက်ဆုံမစားရတာလဲ ကြာပြီ။ လင်မယားဆိုတာ
ထမင်း အတူတူစားတော့ပိုစားဝင်တာပေါ့။
ယောက်ျား။
။ Access denied
မိန်းမ။ ။
ကျွန်မအမေကတောင် ယောက်ျားအပေါ်မှာ
ဒီလောက် အလျှော့
ပေးရမလားဆိုပြီးကျွန်မကို ဆူနေပြီ။
ယောက်ျား။
။ Divide Over Flow
မိန်းမ။ ။
ရှင်စဉ်းစားကြည့်စမ်း။
ကျွန်မတို့
အိမ်ထောင်သက် ဘယ်လောက် ရှိပြီလဲဆိုတာ။
ယောက်ျား။
။ Not enough memory
မိန်းမ။ ။
ကဲ အခုဆိုရင် ကျွန်မအမေ၊ ရှင့်ယောက္ခမက ရှင့်ကို အနိုင်ယူတဲ့ နည်းလမ်း တွေသင်ပေးဖို့
ကျွန်မတို့အိမ်ကို
၂ လ ၃ လ လောက် လာနေမယ်တဲ့။
ယောက်ျား။
။ Insufficient disk space
အဲဒီအချိန်မှာ
မိန်းမက အရမ်းစိတ်ဆိုးသွားပြီး အနားမှာရှိတဲ့ ပန်းကန်နဲ့
ယောက်ျားကို
လှမ်းပစ်လိုက်ရာ နဖူးသို့ တိုက်ရိုက်ထိလေတော့သည်။
ဒီအချိန်မှာ
ယောက်ျားက Now Save to turn off your computer လို့
အားရပါးရအော်ပြီး
လဲကျသွားပါလေတော့သည်။
ဒါတောင် အားမပါသေးဘူး
ကွန်ပျူတာ
စာသင်ခန်းတစ်ခုတွင် သင်တန်းဆရာက မြန်မာစာလက်ကွက်ရိုက်နည်း စသင်မည့်နေ့တစ်နေ့တွင် ဖြစ်သည်။
“အားလုံးနားထောင်ပါ။ Microsoft Word ထဲမှာ မြန်မာစာရိုက်ဖို့
Font ပြောင်းပြီးရင် Caps Lock Key ကို ပိတ်ရိုက်ရမယ်။ ကဲ…စရအောင်”
ထိုအချိန်တွင်
အခန်းနောက်ဆုံးတွင် ထိုင်နေသော ကျောင်းသားတစ်ယောက်ဆီမှ …
“ဖြောင်း”ဟူသော အသံတစ်ခုကြားလိုက်ရာ သင်တန်းဆရာက
ထိတ်လန့်သောအသံဖြင့်…
“ဟေ့ ဟိုနောက်ဆုံးက ဘာဖြစ်တာလဲ”
ကျောင်းသားက
ပြန်ပြောလိုက်တာကတော့…
“ဆရာက Caps Lock Key ကို ပိတ်ရိုက်ဆိုလို့ ရိုက်လိုက်တာပါ။
ဒါတောင် အားမပါသေးဘူး ဆရာ”
မျက်မှောက်ခေတ်အင်တာနက်နှင့်
မြန်မာစကားပုံ
(1) ကျားနေမြဲ ပိုနေမြဲ - Gateway များပြုပြင်ပြီးသွားသောအခါ နဂိုအတိုင်းပြန်ဖြစ်သွားသော ကွန်နက်ရှင်ကို ဆိုလိုသည်။
(2)ကိုယ့်ဖင်မနိုင်ဘဲ
ပဲကြီးဟင်း သောက်ချင် - Connection မကောင်းလျက်နဲ့ Facebook ဗီဒီယိုများကြည့်လိုခြင်းကို ဆိုလိုသည်။
(3) ခင်ရာဆွေမျိုး
မြိန်ရာဟင်းကောင်း - Connection ကောင်းရာ လိုင်း
အင်တာနက်ဆိုင် ကိုပြောင်းသုံးသည်။
(4) ဂါထာပေး
တေးဖြစ် - မြန်မာနိုင်ငံတွင် MS Office 2007, 2010 စသည်တို့ကို ဖောဖောသီသီ သုံးစွဲခြင်းကိုဆိုလိုသည်။
(5) ငါးစိမ်းမြင်
ငါးကင်ပစ် - ပထမ Dial-up, နောက် Broad Band, ADSL, IP star, WiMax, CDMA 800Hz,
McWiLL,Sky Net, FTTX စသည်ဖြင့် အဆင့်ဆင့်
ပြောင်းလဲ ခြင်း
(6) စိန်ကောင်း
ကျောက်ကောင်းရောင်းဝယ်ရာ ဆေးရိုးသည်ကန့်လန့် - ဆေးရိုးသည် =Access Denied Page
(7) ဆင့်ပါးစပ်
နှမ်းပက် - ဆင့်ပါးစပ် = Internet Users နှမ်း=
Internet Bandwidth
(8) ညောင်ဦးကမ်းပါးပြို
စမ္မနဂိုက နွားမပေါင်ကျိုး - မိုးခြိမ်းသဖြင့် အင်တာနက်လိုင်းကျသွားသည်....
(9) တစ်ခါသေဖူး
ပျဉ်ဖိုးနားလည် - ဒုတိယအကြိမ် ကွန်ပျူတာသွားဝယ်ခြင်း
(10) တစ်ရွာ
တစ်ကျီဆောက်သည် - ရောက်ရာ ဆိုဒ်၊ ရောက်ရာ နေရာတွင် အကောင့်များစွာဖွင့်သည်
(11) ထိုင်နေရင်အကောင်း
ထသွားမှ ကျိုးမှန်းသိသည် - ကောင်းမလားလို့ Windows 7(64-bits) ပြောင်းတင်ကာမှ Drivers ရှာမရတာနဲ့ တိုးနေသည်။
(12) ဒူးလောက်တင်မှ
ရင်လောက်ကျသည် - Download ဆွဲနေစဉ် ကြာမည့်အချိန်တွင် ပေါ်သော နာရီဂဏန်းကို ဆိုလိုသည်။
(13) နဂိုရှိမှ
နကိုင်းထွက်သည် - Laptop အဟောင်းကို ပစ္စည်းထည့်၊ မွမ်းမံနေရုံဖြင့် သိသိသာသာ ပိုမမြန်နိုင်၊
ပိုကောင်းသာ အသစ်ဝယ်မှရမည်။
(15)ပန်းထိမ်မတတ်ခင်
ရွှေခိုးသင် (ဝမရှိပဲ ဝိလုပ်သည်) - မြန်မာစာလက်ကွက်ကို ကောင်းစွာ မရိုက်တတ်သေးပဲ ချက်တင်ပွားချင်သူများကို
ဆိုလိုသည်။
(16) ဝက်ဖြစ်မှ
မစင်မကြောက်နှင့် - အင်တာနက်သုံးမှတော့ ထိုင်စောင့်ရမှာ မကြောက်ပါနဲ့။
(17) သန်းခေါင်ထက်
ညဥ့်တိုးမနက် - Connection Speed ဟူသည် 0KB/s သာရှိသည်။ -5KB/s ဟူ၍ မရှိပါ။
(18) သေချင်တဲ့ကျား၊
တောပြောင်း - မြန်သည်ဟုပြော၍ EVDO ပြောင်းသုံးကာမှ လိုင်းကျတာနဲ့ချည်းတိုးနေသည်။
(19) အုတ်ရောရော
ကျောက်ရောရော - Facebook News Feed များကို ဆိုလိုသည်။ အရေးကြီးတာရော၊ မကြီးတာရော၊
Spam များပါ တက်လာလေ့ရှိသည်။
(20) အရေးကြီးတော့
သွေးနီးရာ - အင်တာနက်သုံးသူအချင်းချင်း ကောင်းတာလေးတွေ၊Proxy, softwares စသည်ဖြင့်
မျှဝေသည်။
(21) အငိုလွယ်လျက်
အရှိုက်ခက်သည် - download လွယ်သလောက် Upload ခက်သည်။
(22) အရူးမီးဝိုင်းသလို
- တပြိုင်တည်း G-talk 20 ဦး ခန့် ကိုပြောခြင်း
(23)ပျက်အစဉ်
ပြင်ခဏ - MPT (ဟိုတလောက လိုင်းတွေပြင်တုန်းက အင်တာနက်အရမ်းကောင်းသည်)
(24)ဖိုးသူတော်လဲတောင်ဝှေးမထူနိုင် - ဘန်းဆိုက်များကို proxy ဆိုဒ်ဖြင့်ကျော်ကြည့်နိုင်သော်လည်း
ထို proxy ဆိုဒ်ကိုပါ ပိတ်ထားသောအခါ...
(25) ဗူးကောင်းမှစင်ခံ၊
လင်ကောင်းမှစံ - ကွန်နက်ရှင်ကောင်းမှ အင်တာနက်အရသာကိုသိနိုင်သည်။
(26)ဘုရားလည်းဖူးရင်း
လိပ်ဥလည်းတူးရင်း - ဒေါင်းလုပ်ဆွဲထားရင်း ချက်တင်ပွားခြင်း
(27) မမှားသောရှေ့နေ၊
မသေသောဆေးသမား - မကျဖူးသော ကွန်နက်ရှင်လိုင်း....
(28) မရွယ်ဘဲနှင့်
စော်ကဲမင်းဖြစ်သည် - နေ့လည်ပိုင်းကြီးကွန်နက်ရှင်ကောင်းနေခြင်းကို ဆိုလိုသည်။
(29)ရှင်ဘုရင့်ပုဆိုး
ပိုးချည်းပဲ - Mac Book Air, Pro, iPad 2, iPhone 5
(30)လင်းတလောက်တော့
ငှက်တိုင်းလှသည် - လင်းတ = မြန်မာပြည် ကွန်နက်ရှင်
(31) လယ်ထွန်သွား
နွားမေ့ - အင်တာနက်သုံးရန်သွားရာ Facebook, G-mail account Password များမေ့နေခြင်းကို
ဆိုလိုသည်။
(32) လသာတုန်းဗိုင်းငင်
(မိုးရွာတုန်းရေခံ၊ အချိန်ရှိခိုက် လုံ့လစိုက်၊အချိန်နှင့် ဒီရေသည် လူကို မစောင့်)
- ညဥ့်နက်သန်းခေါင် လူများအိပ်ချိန် ဒေါင်းလုပ် ထဆွဲခြင်းကို ဆိုလိုသည်။ လင်းကြက်တွန်လျှင်လိုင်းပြန်ကျတော့မည်။
(ကွန်နက်ရှင် လဲ သရဲကားထဲက သရဲတွေလိုပဲ။နေ့ပိုင်းပျောက်နေ။ ညပိုင်းပေါ်လာ.. မိုးလင်းလျှင်
မရှိတော့)
မိန်းကလေးတွေ
ဘာကြောင့် ကွန်ပျူတာဗိုင်းရပ်စ်နဲ့တူရတာလဲ
၁ ။ သူတို့ဟာ
ခင်ဗျားရဲ့ဘ၀ကို Enter (ခေါက်ပြီး) ၀င်လာပါလိမ့်မယ် ။
၂ ။ ခင်ဗျားရဲ့
Pocket (အိပ်တွေ)ကို လုပ်ပါလိမ့်မယ်။
၃ ။ ခင်ဗျားရဲ့
Memory ကို Transfer လုပ်ပါလိမ့်မယ် ။
၎ ။ ခင်ဗျားရဲ့စိတ်ကို
Edit လုပ်ပါလိမ့်မယ် ။
၅ ။ သူတို့ရဲ့
ပြဿနာတွေကို ချပြီး ခင်ဗျားကို လုပ်ပြပါလိမ့်မယ် ။
၆ ။ အဲ့ဒီအတွက်
ခင်ဗျားရဲ့အပြုံးတွေဟာ လုပ်ပြီးသားဖြစ်သွားပါလိမ့်မယ် ။
ဒါကြောင့်
နီးစပ်ရာဆိုင်မှာ မိန်းမ မ၀င်ရ ( Saynotogirls.exe ) ဖိုင်ကိုဝယ်ယူပြီး
နှလုံးသားရဲ့
Harddisk မှာ Crash ဖြစ်မှုတွေကို ကုစားသွားပါ ။
a0�p
>��ss=MsoNormal>
“ဟေ့ ဟိုနောက်ဆုံးက ဘာဖြစ်တာလဲ”
ကျောင်းသားက
ပြန်ပြောလိုက်တာကတော့…
“ဆရာက Caps Lock Key ကို ပိတ်ရိုက်ဆိုလို့ ရိုက်လိုက်တာပါ။
ဒါတောင် အားမပါသေးဘူး ဆရာ”
0 comments:
Post a Comment