www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Monday, May 20, 2013

အိပ်ခ်ျအိုင်ဗီ လူနာနဲ့ ခွဲစိတ်ခန်း


ံHIV ခွဲစိပ်မှုကမ္ဘာပေါ်မှာ ရှိသမျှ ဆရာဝန် တွေအားလုံး ဟာ ကမ္ဘာ့ ဆရာဝန် အသင်းကြီး က ထုတ်ပြန် ထားတဲ့ ဂျီနီ ဗာ ကြေညာစာတမ်းကြီးကို လေးစား လိုက်နာ ကြရ ပါတယ်။ ဒီကြေညာချက် မှာ ဆရာဝန်တိုင်းဟာ လူနာတိုင်းကို တန်းတူညီတူ အခွင့်အရေးတွေ ပေး ကြရပြီး သာတူညီမျှတဲ့ ကုသချက် တွေကို ပေးကြရတဲ့အတွက် ဘယ်လူ နာကိုမှ ခွဲခြားဆက်ဆံလို့မရနိုင်ပါဘူး။ လူနာဘက်ကကိုယ့်စိတ်တိုင်းကျ ဆရာ ဝန်နဲ့ ကုသဖို့ရွေးချယ်လို့ရနိုင်ပေမယ့် ဆရာဝန်ဘက်ကတော့ ဘယ်လူနာကို ဖြင့် မကုသနိုင်ဘူးလို့ ငြင်းပိုင်ခွင့် မရှိ ပါဘူး။ ဆရာဝန်တစ်ယောက်ဟာ ကိုယ့်အရည်အချင်းနဲ့ ကျွမ်းကျင်မှု ဘောင်အတွင်းမှာရှိတဲ့ ရောဂါမှန်သမျှ ကို ကုသပေးကြရမှာပဲဖြစ်ပါတယ်။ ကိုယ်မကျွမ်းကျင်တာကိုတော့ မကျွမ်း ကျင်တဲ့အကြောင်း ရှင်းပြပြီး လူနာကို ငြင်းပယ်ပိုင်ခွင့်ရရှိပါတယ်။
ကျွမ်းကျင် မှု ဘောင်ကို ကျော်လွန်ပြီး ကုသလို့ မရနိုင်ပါဘူး။ လူနာက အိုမင်းနေလို့၊ အသား မည်းနေလို့၊ အဝတ်အစားညစ်ပတ် ပေရေနေလို့ စသဖြင့် အဆင့်အတန်း ခွဲခြားပြီး ဆေးကုသပေးလို့လည်း မရ နိုင်ပါဘူး။ လူနာကိုးကွယ်တဲ့ ဘာသာ ပေါ် မူတည်ပြီး ခွဲခြားဆက်ဆံလို့လည်း မရတဲ့အတွက် ခရစ်ယာန်ဘာသာဝင် တွေ ဖွင့်လှစ်ထားတဲ့ ဆေးရုံတွေမှာ အစ္စလာမ်ဘာသာဝင်လူနာတွေကို ဆေးကုသပေးနေရကြရပြီး အစ္စလာမ် ဘာသာဝင်တွေ ဖွင့်လှစ်ထားတဲ့ ဆေးရုံတွေမှာလည်း ဗုဒ္ဓဘာသာဝင် သီလရှင်တွေ ဆေးကုသခံယူနေကြ တာကို တွေ့မြင်ရနိုင်ပါတယ်။
လူနာ တစ်ယောက်မှာ ကူးစက်ရောဂါစွဲကပ် နေရင်တောင်မှ အခြားလူနာတွေနည်း တူ သာတူညီမျှတဲ့ ဆေးကုသချက် တွေကို ဆရာဝန်ကပေးရမှာပဲဖြစ်ပါ တယ်။ ရောဂါကူးစက်လာမှာကိုစိုးရိမ် ပြီး ဆရာဝန်က လူနာကို ဆေးကုသ ဖို့ ငြင်းဆန်တာဟာ ကမ္ဘာ့ဆရာဝန် အသင်းကြီးရဲ့ ဂျီနီဗာကြေညာချက်ကို ချိုးဖောက်လိုက်တာပဲဖြစ်ပါတယ်။ ဆေးရုံတက်နေတဲ့ လူနာတစ် ယောက်မှာ အိပ်ခ်ျအိုင်ဗီပိုးတွေ့ရှိ လိုက်တာနဲ့ ဆုံးခန်းတိုင်အောင် ဆေးကုသမပေးတော့ဘဲ ဆေးရုံကနေ ဆင်းခိုင်းလိုက်ပြီး ဝေဘာဂီကူးစက် ရောဂါကုဆေးရုံကို ချက်ချင်းလွှဲပြောင်း ပေးတာတွေလည်း ရှိတတ်ပါတယ်။ ခွဲစိတ်တော့မယ့်လူနာကိုတောင်မှ ခွဲ စိတ်မပေးတော့ဘဲ လွှဲပြောင်းပေးလိုက် တာကို တွေ့ရတတ်ပါတယ်။
အိပ်ခ်ျ အိုင်ဗီပိုးရှိတဲ့ လူနာတစ်ယောက်ကို နှစ် သိမ့်ပေးရမယ့်အစား ခွဲခြားဆက်ဆံ တာဟာ ဆရာဝန်ကျင့်ဝတ်ကို ဖောက် ဖျက်တာလည်း ဖြစ်ပါတယ်။ အသက် ၄၀ အရွယ် လူနာ အမျိုးသမီးတစ်ယောက်ဟာ အနှိပ်ခံ ရင်းက အနှိပ်သည်ရဲ့ ကြမ်းကြမ်းတမ်း တမ်းကိုင်တွယ်နှိပ်စက်မှုကြောင့် တင် ပါးဆြွုံကက်သားမှာ ဒဏ်ဖြစ်ပြီး အတွင်းကြေ ပြည်တည်နာဖြစ်သွားခဲ့ ရပါတယ်။ မိသားစုဆရာဝန်က ပဋိ ဇီဝဆေးတွေနဲ့ ထိန်းချုပ်ကုသပေးပေ မယ့် ပြည်တည်နာကို ထိန်းချုပ်လို့ မရတဲ့အတွက် ပြည်တွေကို ခွဲစိတ် ဖောက်ထုတ်ပစ်ဖို့ ခွဲစိတ်ဆရာဝန်ကြီး တစ်ယောက်ဆီကို လွှဲပြောင်းပေးအပ် လိုက်ရပါတယ်။
ခွဲစိတ်ဆရာဝန်က စမ်းသပ်ကြည့်ရှုပြီး ပြည်တည်နာကို မဖောက်ဘဲထားရင် တင်ပါးဆုံရိုးကို စားသွားနိုင်တဲ့အကြောင်း လူနာကို ရှင်းပြပြီး နေ့ချင်းပြီး ခွဲစိတ်နိုင်ဖို့ လူနာကို ပြင်ပဆေးရုံတစ်ခုမှာ တင် ထားလိုက်ပါတော့တယ်။ ခွဲစိတ်ဖို့ ပြင် ဆင်နေရင်းက လူနာကို သွေးဖောက် စစ်ဆေးလိုက်တဲ့အခါမှာ အိပ်ခ်ျအိုင်ဗီပိုး ရှိနေတာကို သိရှိလိုက်ရတဲ့အတွက် ခွဲစိတ်ရမယ့်အချိန်မှာ ဆရာဝန်ကြီး ဟာ ခွဲစိတ်ခန်းကို ရောက်ရှိမလာတော့ ပါဘူး။
၁၀ ရက်ဆေးသောက်ဖို့ ဆေး ညွှန်းရေးပေးထားခဲ့ပြီး လူနာကို ဆေးရုံကနေ ဆင်းခိုင်းလိုက်ပါတော့ တယ်။ တင်ပါးတစ်ခုလုံး နာကျင် ကိုက်ခဲပြီး အဖျားတက်နေတဲ့လူနာ ဟာ ခွဲစိတ်ဆရာဝန်ကြီးပြောစကား ကြောင့် ပြည်တွေအရိုးကို စားသွားမှာ စိုးရိမ်ပြီး နောက်ထပ်ခွဲစိတ်ကုသပေး မယ့် ဆရာဝန်ကို အပြင်းအထန် ရှာ ဖွေရပါတော့တယ်။ ပုဂ္ဂလိကဆေးရုံ တွေကို တစ်ရုံဝင်တစ်ရုံထွက်နဲ့ ပြည် တည်နာ ဖောက်ပေမယ့် ဆရာဝန်ကို လှည့်ပတ်ရှာဖွေရပါတယ်။
ရောက်ဖို့ သွားတဲ့ဆေးရုံတိုင်းက လူနာရဲ့ သွေး စစ်ချက်မှတ်တမ်းကို ကြည့်ရှုပြီး အိပ်ခ်ျ အိုင်ဗီပိုးရှိနေတဲ့ လူနာကို လက်မခံရဲ ကြတော့ပါဘူး။ အကြောင်းပြချက်ကတော့ ဆေး ရုံပေါ်က ရှိရင်းစွဲ အခြားလူနာတွေကို ကူးစက်သွားမှာစိုးရိမ်လို့ လို့ဆိုကြပါ တယ်။ ကူးစက်သွားနိုင်တဲ့အတွက် လူ နာ အများစုကိုကာကွယ်နိုင်ဖို့ အိပ်ခ်ျ အိုင်ဗီပိုးရှိတဲ့လူနာကိုလက်မခံရတာလို့ ရှင်းပြကြပါတယ်။ ခွဲစိတ်ပေးတဲ့ ဆရာ ဝန်ကိုလည်း ရောဂါကူးစက်သွားနိုင် တယ်လို့ ဆိုလိုက်ပြန်ပါသေးတယ်။
ဆေးရုံအုပ်ကြီးတစ်ယောက်ကတော့ လူနာကို ခွဲစိတ်ပေးလိုက်ရင် ခွဲစိတ် ခန်းတစ်ခုလုံးကို ပြန်လည်ပိုက်စိပ်တိုက် ပိုးမွှားသန့်စင်ရတဲ့ စရိတ်က ကြီးမား လှတဲ့အတွက် သူတို့ဆေးရုံမှာ အိပ်ခ်ျ အိုင်ဗီလူနာကို ခွဲစိတ်မပေးနိုင်ဘူးလို့ ငြင်းဆိုလိုက်ပါတယ်။ နောက်ဆုံးမှာ တော့ လူနာဟာ ငွေကြေးနှစ်ဆပေး ပြီး ပုဂ္ဂလိကဆေးရုံကြီးတစ်ခုမှာ ပြည် ဖောက်ခွဲစိတ်ကုသတာကို ခံယူလိုက် ရပါတယ်။
လူနာခမျာ အိပ်ခ်ျအိုင်ဗီပိုး ရှိနေတာကို သိလိုက်ရပေမယ့် မစိုးရိမ် နိုင်ရှာဘဲ ပြည်တည်နာ ဖောက်ပေး လိုက်တဲ့ ဆေးရုံနဲ့ ဆရာဝန်ကို ကျေး ဇူးတင်မဆုံး ဖြစ်နေရပါသေးတယ်။ ခွဲစိတ်ခန်းဆိုတာဟာ ခွဲစိတ် ကုသခံယူတဲ့ လူနာရဲ့ ခန္ဓာကိုယ်ထဲ ကို ပြင်ပက ပိုးမွှားတွေ ဝင်ရောက် မသွားရအောင် လူနာတစ်ဦးစီအတွက် ခွဲစိတ်ဓား၊ ကတ်ကြေး၊ ညှပ်၊ ကိရိ ယာ တန်ဆာပလာကအစ၊ လူနာ အခင်း၊ လူနာကိုယ်ဖုံး၊ ဆရာဝန် ဝတ်ဆင်တဲ့ ကိုယ်ရုံ၊ လက်အိတ်၊ နှာ ခေါင်းစည်းစတာတွေ အကုန်လုံးကို ပေါင်းတင်စက်နဲ့ ပိုးသတ်ထားကြရပါ တယ်။ ဆရာဝန်ရဲ့ ဆံပင်ကို ပိုးသတ် ထားတဲ့ ဦးထုပ်နဲ့ စည်းထုပ်ထားရ ပြီး လူနာခုတင်၊ မီးဆလိုက်နဲ့ ခွဲစိတ် ခန်းသုံး ပရိဘောဂပစ္စည်းတွေကိုပါ ပိုးမွှားသန့်စင်ထားကြရပါတယ်။
ဘယ်ခွဲစိတ်ခန်းမဆို ဘယ်ရောဂါကိုပဲ ခွဲခွဲ၊ ပိုးမွှားသန့်စင်အောင် အမြဲ ပြု လုပ်ထားရတာဖြစ်တဲ့အတွက် အိပ်ခ်ျ အိုင်ဗီပိုးရှိတဲ့လူနာကို ခွဲစိတ်ပေးလိုက် ရလို့ ပိုးမွှားသန့်စင်စရိတ်တွေ ပိုမို ကုန်ကျသွားစရာအကြောင်းမရှိနိုင်ပါ ဘူး။ ခွဲစိတ်ဆရာဝန်တစ်ယောက်ဟာ လူနာကို မခွဲစိတ်ခင်မှာ တံတောင် ဆစ်ကနေ လက်ချောင်းအထိ ဆပ် ပြာနဲ့ အခါခါဆေးကြောရတဲ့အပြင် ပိုးသတ်ဆေးအဆင့်ဆင့်နဲ့ ဆေးကြော တိုက်ချွတ်ပြီးကာမှ လက်အိတ်စွပ်လို့ လူနာကို ခွဲစိတ်ရတာဖြစ်ပါတယ်။
ခွဲ စိတ်ပြီးသွားပြန်ရင်လည်း လူနာက ထွက်ရှိလာတဲ့ အညစ်အကြေးနဲ့ ပိုး မွှားတွေ ကပ်မတွယ်နိုင်အောင် လက် ကို ပြန်လည်ဆေးကြောသန့်စင်ကြ ရပါတယ်။ ခွဲစိတ်ခန်းသုံးပစ္စည်းတွေကို တစ်ခါသုံးပြီး စွန့်ပစ်ကြရတာတွေ လည်း ရှိပါတယ်။ ခွဲစိတ်ဖြတ်တောက် ထားတဲ့ လူနာရဲ့ ကိုယ်အင်္ဂါအစိတ် အပိုင်းနဲ့ ခွဲစိတ်ရင်းထွက်ကျလာတဲ့ လူနာရဲ့ သွေးနဲ့ပြည်တွေကို သီးသန့် သိမ်းဆည်းထားရပြီး မီးရှို့ဖျက်ဆီးပစ် ကြရပါတယ်။ ခွဲစိတ်ခန်းနည်းစနစ်တွေ ကို တိတိကျကျ လိုက်နာမယ်ဆိုရင် ခွဲစိတ်မှုခံယူတဲ့လူနာကို ပိုးမွှားတွေ မဝင်ရောက်နိုင်တဲ့အပြင် ခွဲစိတ်ပေး လိုက်တဲ့ ဆရာဝန်ကိုလည်း ရောဂါ ပိုးမွှားတွေကူးစက်မလာနိုင်တော့ပါဘူး။
ခွဲစိတ်နေရင်း လူနာကို ချုပ်တဲ့ အပ်နဲ့ ဆရာဝန်ကို မတော်တဆ စူး မိသွားတယ်ဆိုရင်တောင်မှ အကြိမ် ၁၀ဝ၀ စူးမိလို့ ၁ ကြိမ်သာလျှင် ကူးစက်ဖို့ အလားအလာရှိနေပါတယ်။ ခွဲစိတ်ရင်း ရောဂါပိုးကူးစက်ခံရတယ် ဆိုတာဟာ လူနာကြောင့်မဟုတ်ဘဲ ခွဲစိတ်ခန်းနည်းစနစ်တွေကို မလိုက်နာ လို့ပဲ ဖြစ်ရပါတယ်။ ခွဲစိတ်ခန်းတစ်ခု ရဲ့ ပိုးမွှားသန့်စင်တဲ့စနစ် ညံ့ဖျင်းနေရင် လည်း လူနာတွေကို ရောဂါပိုးမွှားတွေ ကူးစက်သွားရစေနိုင်ပါတယ်။
ကမ္ဘာ့ ဆရာဝန်အသင်းကြီးရဲ့ လမ်းညွှန်ချက် ထဲမှာ "လူနာတိုင်းဟာ ကျွမ်းကျင်တဲ့ ဆရာဝန်ရဲ့ ဆေးကုသမှုကို ခံယူပိုင် ခွင့်ရှိပြီး လူသားဂုဏ်သိက္ခာနှင့်အညီ အကြင်နာတရားနဲ့ အလေးထားဆက် ဆံမှုကို ခံယူထိုက်သည်"လို့ ပါရှိနေ ပါတယ်။ ဒါ့အပြင် "လူနာ့သွေးထဲမှာ အိပ်ခ်ျအိုင်ဗီပိုးတွေ့ရှိရရုံမျှနှင့် ဆေး ကုသဖို့ ငြင်းဆိုတာဟာ ဆရာဝန် ကျင့်ဝတ်နဲ့ မလျော်ညီဘူးလို့" သတ် မှတ်ထားတဲ့အတွက် ဆရာဝန်တိုင်း ဟာ လူနာတိုင်းကို တန်းတူညီတူ အခွင့်အရေးတွေပေးပြီး အလေးထား ဆက်ဆံပေးဖို့နဲ့ သာတူညီမျှတတဲ့ ကုသချက်တွေကို ပေးဖို့ လိုအပ်နေပါ တယ်။
ဆေးရုံအချို့မှာ အိပ်ခ်ျအိုင်ဗီ ပိုးရှိတဲ့လူနာတွေကို ခွဲစိတ်ကုသပေးဖို့ ငြင်းဆန်နေတာဟာ ဆရာဝန်ကျင့် ဝတ်ကို ဖောက်ဖျက်နေကြတာပဲဖြစ် ပါတယ်။ ဒါ့အပြင် အခကြေးငွေပိုမို တောင်းခံပြီး ခွဲစိတ်ကုသပေးနေတာ တွေဟာလည်း အိပ်ခ်ျအိုင်ဗီလူနာကို ခွဲခြားဆက်ဆံတာတွေဖြစ်တဲ့အတွက် တားဆီးအရေးယူပေးဖို့ လိုအပ်နေတဲ့ အကြောင်း ဆွေးနွေးတင်ဆက်လိုက်ရ ပါတယ်။

By Health Digest

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်