www.luckymyotaw.com သို့

photobucket ဒီဆိုဒ်ကို အလည်ရောက်လာကြတဲ့သူငယ်ချင်းများခင်ဗျာ..ဒီဆိုဒ်မှာက ပို့စ်အသစ်တွေ သိပ်မတင်ဖြစ်တော့ဘူး...ပို့စ်အသစ်တွေ ဖတ်ချင်တယ်ဆိုရင်..www.luckymyotaw.com မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်....

Monday, May 20, 2013

ယောက်ျားလျာများ နှင့် စိတ်ကျန်းမာရေး


ယောက်ျားလျာများ နှင့် စိတ်ကျန်းမာရေးအမျိုး သမီး တစ်ယောက်ဟာ အခြား အမျိုးသမီး တစ်ယောက်ကို ကြိုက်နှစ် သက်တာ၊ အခြား အမျိုး သမီးတစ်ယောက်နဲ့ လိင်ဆက်ဆံ တာဟာ သဘာဝလွန်ဖြစ်ရပ်တစ်ခု မဟုတ်ပါဘူး။ သင့်ရဲ့လိင်ပိုင်းဆိုင်ရာ Orientation ကို သင်သိရှိပြီးသွားရင် ဒါကို သင်လက်ခံရမှာပါ။ မိမိဘယ် လိုလူမျိုးလဲဆိုတာ အရင်လက်ခံပြီး အဲဒီလိုလူစားမျိုးဖြစ်ရတဲ့အတွက် ဂုဏ်ယူလိုက်မယ်ဆိုရင် ယောကျာ်း လျာတစ်ယောက်ရဲ့ဘဝဟာ နေလို့ ထိုင်လို့ကောင်းသွားပါလိမ့်မယ်။ ယောကျာ်းလျာတွေဟာ များသော အားဖြင့် ဘေးပတ်ဝန်းကျင်များရဲ့ဖိ အားပေးခြင်းကို ခံရလေ့ရှိပါတယ်။
အဲဒီဖိအားတွေဟာ မိမိကိုယ်ကို ယောကျာ်းလျာဖြစ်တယ်ဆိုတာ လက် ခံဖို့ အနှောင့်အယှက်ဖြစ်စေနိုင်ပါ တယ်။ အဲဒီဖိအားတွေ ကျော်လွှား ပြီး မိမိကိုယ်မိမိလက်ခံရာတွင် အကျိုးပြုနိုင်မယ့် အကြံ ပေးချက်အချို့ကို ဖော်ပြ လိုက်ရပါတယ်။ ကမ္ဘာပေါ်မှာရှိ တဲ့ လူတိုင်းက ခေတ် မီအမြင်ကျယ်ကြတာ မဟုတ်ပါဘူး။ ယောကျာ်း၊ မိန်းမမဟုတ်ဘဲနဲ့ ယောကျာ်းလျာဆိုတာ ကို လူတိုင်း လက်ခံ နိုင်ကြမှာမဟုတ်ပါ။ ဒါ့ ကြောင့်သင်ဟာယောကျာ်း လျာတစ်ယောက် ဖြစ်တယ် ဆိုတာကို သင့်ရဲ့အသိုင်းအဝိုင်း ထဲမှာ ဖြန့်လိုက်ဖို့မလိုအပ်ပါ။ သင် နဲ့သိတဲ့လူတိုင်းကိုလည်း လိုက်လံ ပြောပြနေစရာမလိုပါ။
သင့်ရဲ့ဘေး ပတ်ဝန်းကျင်မှာ သဘောထားသေး တဲ့သူတွေများတယ်ဆိုရင် သင့်အနေ နဲ့ စိတ်ပိုင်းဆိုင်ရာရော ခန္ဓာကိုယ် ပိုင်းဆိုင်ရာပါ ထိခိုက်နိုင်လို့ဖြစ်ပါ တယ်။ သင်ဟာ ယောကျာ်းလျာဖြစ် တယ်ဆိုတာက သင့်ကိစ္စပါ။ သင့် ကိုယ်သင် ရှာဖွေတွေ့ရှိနားလည်ဖို့ သာအရေးကြီးပါတယ်။ အခြားသူများ လက်မခံတာက သူတို့ကိစ္စသာဖြစ်ပါ တယ်။ သင့်ကို အရမ်းထိခိုက်လာ ပြီဆိုရင်တော့ သင့်ကိုလက်ခံနိုင်မယ့် အသိုင်းအဝိုင်းသို့ ပြောင်းရန် စဉ်းစား နိုင်ပါတယ်။
သင်ယောကျာ်းလျာဖြစ်ကြောင်း ကို လက်ခံပေးနိုင်မယ့် မိဘများရှိ တယ်ဆိုရင်တောင် ထုတ်ဖော်ပြောပြ ဖို့ အချိန်ကောင်းရွေးချယ်ရန် လိုအပ် ပါတယ်။ သူတို့ကို မှီခိုနေထိုင်နေရ တဲ့အသက်အရွယ်မှာ အဖြစ်မှန်ကို ဝန်ခံဖို့မသင့်ဘဲ မိမိခြေထောက်ပေါ် မိမိ ရပ်နိုင်တဲ့အချိန်ကျမှ ယောကျာ်း လျာဖြစ်ကြောင်း အသိပေးဖို့ ကျွမ်း ကျင်သူများက အကြံပေးထားကြပါ တယ်။ သဘာဝအတိုင်း ယောကျာ်း၊ မိန်းမတွေ ပေါများတဲ့ လောကကြီး မှာ ယောကျာ်းလျာအဖြစ် နေထိုင် အသက်ရှင်ရတာ တစ်ခါတစ်ရံမှာ သီး သန့်ခွဲထွက်နေသလို ခံစားရတတ်ပါ တယ်။ ငါ့ကျမှ ဘာလို့ထူးခြားနေရ တာလဲလို့ တွေးမိပြီး မိမိအဖြစ်ကို ဝမ်းနည်းနေနိုင်ပါတယ်။
လုံခြုံမှု၊ ပျော်ရွှင်ချမ်းမြေ့မှုကို ခံစားရဖို့ သင်ဟာ မိန်းမတစ်ယောက် အဖြစ် ပြန်လည်ပြောင်းလဲနေ ထိုင်နိုင်ခွင့် သင့်မှာ အပြည့်အဝ ရှိပါတယ်။ အမှန်တကယ်တော့ နေထိုင်ရာပတ်ဝန်းကျင်ရဲ့လက်ခံ မှု၊ လက်မခံမှုပေါ်မူတည်ပြီး လိုက်လံပြောင်းလဲရတာ မလွယ် ကူနိုင်ပါဘူး။ အခြားနိုင်ငံတွေ မှာတော့ မိမိကိုယ်ကို လက်ခံလာ အောင်၊ ယောကျာ်းလျာ တစ် ယောက်အဖြစ် အသက်ရှင်နေ ထိုင်နိုင်ရန် ကူညီပေးတဲ့ အဖွဲ့ အစည်းတွေ များစွာရှိပါတယ်။
လူ့အဖွဲ့အစည်းထဲမှာ ယောကျာ်းလျာတွေ၊ မိန်းမလျာတွေ အများကြီးရှိတယ်ဆိုတာကို သတိရပါ။ သင်နဲ့ အခြေအနေတူတွေဟာ သင့် ကို ကူညီဖေးမပေးနိုင်ပါတယ်။ အုပ် စုအဖွဲ့လိုက်ဖြစ်စေ၊ အကြံÓဏ် ပေးသူထံကိုဖြစ်စေ ခံစားချက်တွေကို ဖွင့်ဟပြနိုင်တဲ့ နေရာတွေ အခြား နိုင်ငံတွေမှာ ရှိပါတယ်။ အဲလိုမရှိရင် မိမိကို နားလည်ပေးနိုင်မယ့်လူ၊ ထောက်ပံ့အားပေးမယ့်လူတွေကို သင့် ရဲ့ခံစားချက်တွေ ရင်ဖွင့်မယ်ဆိုရင် အခက်အခဲတွေကို ကျော်လွှားရတာ လွယ်ကူသွားပါလိမ့်မယ်။
ယောကျာ်းလျာတစ်ယောက် ကို မိန်းမဖြစ်အောင် ပြန်လည်ကုသ ခြင်း ကုထုံးများကတော့ ကျန်းမာ ရေးနှင့် မညီညွတ်သည့်အပြင် အ္တရာယ်ရှိနိုင်တယ်လို့ အမေရိကန် စိတ်ကျန်းမာရေးအဖွဲ့အစည်း ကြီးက ကြေညာထားပါ တယ်။ စိတ်ခံစားမှု တွေကို ဖိနှိပ်ချုပ် တည်းထားခြင်း ဟာ စိတ်ပိုင်း ဆိုင်ရာရောခန္ဓာ ကိုယ်ပိုင်း ဆိုင် ရာမှာပါထိခိုက် မှုတွေ ဖြစ်စေ နိုင်ပါတယ်။ ဒါပေမယ့် မိမိ ဘဝကို မိမိ ဆုံး ဖြတ်ပိုင်ခွင့်ရှိတယ် လို့လည်း အငြင်း ပွားကြသူများ ရှိပါသေး တယ်။
By Health Digest

0 comments:

Post a Comment

 

Blog Archive

လပ်ကီးမြို့တော်